အခန်း (၁၄၈-၁၅၀)
Vol. 10 Ch. 148-150
အပိုင်း ( 148 )
မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်နေတာက တရားဥပဒေကို ချိုးဖောက်နေလို့လား
နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းဒေသ၏ အပြင်ပိုင်းတွင်၊ မည်သူမှ ရှိမနေခဲ့ပေ။
လုချန်ရှန်းသည် တောင်ထိပ်တစ်ခုအပေါ်တွင်၊ မတ်တပ်ရပ်နေလျက်ရှိပြီး၊ ချူယင်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်၊ အထက်မှအောက်သို့ ငုံ့ကြည့်နေခဲ့၏။
သူသည် လုချန်ရှန်း၏ စကားကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူ၏စိတ်စွမ်းအားသည် ဘက်ပေါင်းစုံသို့၊ ပျံ့လွင့်သွားပြီး၊ အနီးအနားတွင် မည်သူမှ မရှိဘူးဆိုသည်ကို၊ အတည်ပြုနိုင်ခဲ့သည်။ သူသည် ထိုသတ္တိက မည်သည့်နေရာမှ ရောက်လာလဲဆိုသည်ကို၊ နားမလည်နိုင် ဖြစ်သွားခဲ့သည်။
“ မင်းဆီမှာ လှည့်ကွက်တွေ အများကြီး ရှိနေတယ်ဆိုတာကို ငါသိတယ်၊ အဲ့တာကြောင့် ငါမင်းကို အချိန်ဆွဲခွင့် ပြုမှာမဟုတ်ဘူး “
ထို့နောက်တွင်၊ ချူယင်မှ သူ၏လက်ကို မြှောက်လိုက်ရာ၊ အဆုံးမဲ့ မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ များပြားလွန်းလှသည့် အသေသတ် တိုက်ခိုက်မှုများအဖြစ်၊ ပြောင်းလဲသွားကာ၊ ကျဆင်းလာခဲ့သည်။
ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု အဆက်မပြတ် ပျံ့လွင့်လာခဲ့ပြီး၊ ကျောက်တုံးများ ပြိုကွဲသွားကာ၊ အပင်များ ပျံသန်းနေလျက်ရှိပြီး၊ ကမ္ဘာမြေ လှုပ်ရမ်းနေတော့သည်။
မွေးရာပါ ဝိညာဥ်အဆင့်၈ ပညာရှင်တစ်ဦး၏ အင်အားအပြည့်နှင့် တိုက်ခိုက်မှုက၊ လူတိုင်းကို စိတ်ပျက်အားလျော့သွားစေမည် ဖြစ်သည်။ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦးကို မဆိုထားနှင့်၊ မွေးရာပါ ဝိညာဥ်အဆင့်၆(သို့) အဆင့်၇ ပညာရှင်များကပင်၊ သူတို့၏ အသက်များကို ကယ်တင်ရန်အတွက်၊ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရုံသာ ပြုလုပ်နိုင်ကြမည် ဖြစ်သည်။
မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ခြေချနိုင်သည်နှင့်တစ်ပြိုင်နက်၊ အဆင့်သေးတစ်ခုချင်းစီတိုင်းက၊ တစ်ဆင့်ပိုမြင့်သွားခြင်းဖြစ်ပြီး၊ ကွာဟချက်က အဆက်မပြတ် ကြီးမားလာမည် ဖြစ်သည်။ အဆင့်၇နှင့် အဆင့်၈ကြားရှိ ကွာဟချက်ကပင်၊ တိုင်းတာ၍ မရသော ချောက်နက်တစ်ခုအလား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ သတ် “
စူးရှကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားတော့၏။
လုချန်ရှန်းသည် တဝုန်းဝုန်း အော်မြည်သံများ၏ အလယ်ဗဟိုတွင်၊ အေးအေးလူလူ မတ်တပ်ရပ်နေလျက်ရှိ၏။ သူ၏ဘေးပတ်ပတ်လည်တွင် ရှိနေသည့် အရာအားလုံး ဖျက်စီးခံနေခဲ့ရပြီး၊ မြင့်မားသော တောင်တန်းများ ချက်ချင်းပြိုကျလာခဲ့ကာ၊ ကြီးမားသော ကျောက်တုံးကြီးများ လိမ့်ဆင်းလာပြီး၊ ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကြီးမားသော စွမ်းအားတစ်ခုက၊ ဤနယ်မြေကို ဖုံးလွှမ်းကာ၊ အရာအားလုံးကို ဖျက်စီးနေခဲ့၏။
ပေတစ်ထောင် မြင့်မားသော ဖုန်ထုကြီးတစ်ခု၊ လှိုက်တက်လာခဲ့ပြီး၊ အရာအားလုံးကို ဖုံးအုပ်သွားခဲ့သည်။
ထိုအချိန်တွင်၊ ရှောင်ဟေး ရောက်ရှိလာခဲ့ပြီး၊ ကမ္ဘာကြီးတစ်ခုလုံး မှုန်ဝါးတွး ဖြစ်နေကာ၊ ချီလည်ပတ်မှုများ ပုံပျက်ပန်းပျက်ဖြစ်နေသည်ကို၊ မြင်တွေ့သွား၏။
ချူယင်သည် လေထုအတွင်းတွင် မတ်တပ်ရပ်နေလျက်ရှိပြီး၊ သေစေနိုင်သော တိုက်ခိုက်မှုများကို၊ ဆက်တိုက်ထုတ်လွှတ်ကာ၊ ပတ်ဝန်းကျင်ကို လှုပ်ရမ်းစေနေလျက်ရှိ၏။
၎င်းသည် သူက လုချန်ရှန်းအား၊ ဘာကိုပင် ပေးဆပ်ရပါစေ၊ မရရအောင် သတ်ဖြတ်မည်ဖြစ်ကြောင်းကို၊ သက်သေပြုနေခဲ့သည်။
သို့ရာပ၊ အရာအားလုံး ရှင်းလင်းသွားသည့် အချိန်တွင်၊ ချူယင်၏ အမူအရာ အေးစက်နေစဲဖြစ်ပြီး၊ အကြည့်များ စူးရှနေကာ၊ အခြေအနေကြောင့်၊ မည်သို့မျှ စိတ်မလှုပ်ရှားသွားဘဲ၊ သူ၏စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်တစ်ခုတည်းသာလျှင် ကျန်နေခဲ့၏။
“ မင်းက ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းနေပါစေ၊ ငါ့ရဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို၊ ဒီလိုမျိုး ရန်မစခဲ့သင့်ဘူး။ အဲ့လိုစော်ကားမှုမျိုးနဲ့ အရှက်ခွဲမှုမျိုးတွေကြောင့်၊ ဒီလိုဖြစ်လာရတဲ့အတွက်၊ မင်းကိုယ်မင်းပဲ အပြစ်တင်သင့်တယ် “
အေးစက်မှုအပြည့် ဖြစ်နေသည့်၊ ချူယင်၏အသံပေါ်ထွက်လာခဲ့သည်။
ရှောင်ဟေးသည် အလိုလို မျက်မှောင်ကြုတ်သွားခဲ့သည်။
သို့ရာတွင် လှုပ်ခတ်မှုက ဖြည်းဖြည်းချင်း ငြိမ်ကျသွားပြီး၊ တောင်တန်းများ ဖျက်စီးခံလိုက်ရကာ၊ သစ်ပင်များ ကျိုးပဲ့သွားပြီး၊ အရာအားလုံး ပြာဖြစ်သွားခဲ့သည်။
ကောင်းကင်ယံအထိ ထောင်တက်နေသည့် ဖုန်မှုန့်များ လျော့ပါးသွားပြီး၊ မြင့်မားသော တောင်တန်းများ ပျောက်ကွယ်နေလျက်ရှိ၏။
အရာအားလုံး ပြီးဆုံးသွားသည့်အလား ဖြစ်နေသည့် အချိန်မှာပင်၊ လုချန်ရှန်း၏ အသံ ပေါ်ထွက်လာခဲ့သည်။
“ ငါက တစ်ခြားလူတွေကို အပြစ်မတင်ပါဘူး၊ ကိုယ့်ကိုကိုယ် အပြစ်တင်သင့်တာလား။ တကယ်လို့ အဲ့တာက အလုပ်မဖြစ်ဘူးဆိုရင်တော့၊ ကံမကောင်းတဲ့ မင်းရဲ့သားကိုပဲ အပြစ်တင်လိုက်တော့။ ပန်မျိုးနွယ်စုကို ဖားယားချင်တာနဲ့၊ ငါ့ကိုလာ ရန်စခဲ့တယ်လေ။ အဲ့ဒီကပ်ဘေးကို သူကိုယ်တိုင် ယူလာခဲ့တာ၊ အဲ့တာကြောင့်၊ အပိုစကားတွေ ပြောနေစရာ မလိုဘူး “
ဟမ်
ချူယင်၏ မျက်ဝန်းများ လှုပ်ခတ်သွားကာ၊ အရှေ့သို့ ငေးကြည့်လာခဲ့ပြီး၊ ချက်ချင်းမျက်မှောင်ကြုတ်သွားခဲ့သည်။
လူငယ်တစ်ဦးသည် တောင်တန်းများ ပြိုကျသွားသည့်နေရာမှာပင်၊ ကျောက်ချထားသည့်အလား၊ မတ်တပ်ရပ်နေသေးကာ၊ တစ်လက်မလေးပင် မရွေ့သွားခဲ့ပေ။ သူသည် လေထုအတွင်းတွင် မတ်တပ်ရပ်နေလျက်ရှိပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဓားချီတစ်ခု လည်ပတ်နေကာ၊ သူ့ကို ကာကွယ်ပေးနေခဲ့၏။
“ မင်းမသေဘူး “
ချူယင် အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူက အင်အားအပြည့် ထုတ်သုံး၍ ပွဲကြမ်းခဲ့သော်လည်း၊ ပြိုင်ဘက်က မည်သို့မျှ မထိခိုက်သွားခဲ့ပေ။
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းက မျက်မှောင်ကြုတ်၍၊ တုံ့ပြန်လာခဲ့၏ “ ကျပန်းတိုက်ခိုက်မှုလေးတွေနဲ့၊ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား။ မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲကွ “
ချူယင်သည် လေကုန်ခံမနေဘဲ၊ လျင်မြန်စွာ လှုပ်ရှားလာခဲ့ပြီး၊ သူ၏အမြန်နှုန်းက အထွတ်အထိပ်အခြေအနေအထိ၊ ရောက်ရှိနေခဲ့သည်။ သူ၏ပုံရိပ်သည် ပုံရိပ်ယောင်တစ်ခုအလား၊ ရွေ့လျားနေကာ၊ လုချန်ရှန်း၏ ဘေးဘက်သို့ ရောက်ရှိလာခဲ့သည်။ သူသည် အချိန်မဖြုန်းချင်သကဲ့သို့၊ မထင်မှတ်ထားသော အပြောင်းအလဲများပါ ဖြစ်ပေါ်လာခွင့်မပြုဘဲ၊ ရန်သူကို တစ်ကွက်တည်းဖြင့်၊ သတ်ဖြတ်ချင်နေခဲ့၏။
သို့သော် သူလှုပ်ရှားရန် ပြင်လိုက်သည့် အချိန်တွင်၊ သူသည် ဧရာမ လက်ကြီးတစ်ဖက်က၊ ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့်၊ သူ့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်လိုက်ရ၏။ ရိုက်ချက်တစ်ချက်သည် သူ၏ဦးခေါင်းအနောက်သို့ ကျဆင်းလာခဲ့သည်။
ဖပ်
၎င်းသည် တောင်တစ်လုံး ပြိုကျလာသကဲ့သို့၊ အားပါပြင်းထန်သည့် ရိုက်ချက်တစ်ခု ဖြစ်နေခဲ့သည်။ ချူယင်သည် ယိုင်နဲ့နဲ့ဖြင့်၊ လေထုအတွင်းမှ ပြုတ်ကျလုမတတ် ဖြစ်သွားကာ၊ ပေဒါဇင်ပေါင်းများစွာအထိ နောက်ဆုတ်သွားခဲ့ရသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
ချူယင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူသည် သူ၏ဦးခေါင်းက ပေါက်ကွဲလုမတတ် ဖြစ်နေသည်ဟု၊ ခံစားလိုက်ရပြီး၊ အတွေးများ ချာချာလည်နေသည့် အချိန်မှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက၊ သူ၏စိတ်အတွင်းသို့ တိုးဝင်လာခဲ့၏။
“ မင်းက မွေးရာပါ ဝိညာဥ်နယ်ပယ်ကို တကယ်ကြီး ရောက်နေတာပဲ “
အံ့ဩတကြီး ဖြစ်နေသည့် အော်သံတစ်သံ၊ ဟိန်းထွက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ် တုန်ရင်သွားခဲ့သည်။ လုချန်ရှန်း၏ အရှိန်အဝါမှာလည်း ပေါက်ထွက်လာခဲ့သည်။
၎င်းက အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်၏ အရှိန်အဝါမျိုး မဟုတ်ဘဲ၊ မွေးရာပါ ဝိညာဥ်နယ်ပယ်တွင်သာ ရှိနေခဲ့သည်၊ ထို့အပြင် ၎င်းက မွေးရာပါ ဝိညာဥ် အဆင့်၁ထပ်၊ အဆပေါင်းများစွာ သာလွန်အားကောင်းနေလျက်ရှိ၏။
အဆုံးတွင်၊ သူသည် ဤလူငယ်လေး၏ အာရုံခံနိုင်စွမ်းနှင့် တုံ့ပြန်မှုအမြန်နှုန်းက၊ မည်သည့်အတွက်ကြောင့် အလွန်တရာ မြန်ဆန်နေရလဲဆိုသည်ကို၊ နားလည်သွားခဲ့သည်။
“ အဲ့တာက ဘာအမူအရာကြီးလဲ။ မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်နေတာက၊ နိယာမတွေကို ဆန့်ကျင်နေလို့လား။ တရားဥပဒေကို ချိုးဖောက်နေလို့လား “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ မေးမြန်းလိုက်သည်။
ချူယင်သည် စိတ်ထဲတွင်၊ အလွန်တရာ တုန်လှုပ်သွားခဲ့သည်။ အသက်နှစ်ဆယ်ပင်၊ မပြည့်သေးသည့် လူငယ်တစ်ဦးက၊ မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံရေးအထက် ကျင့်ကြံရေးကို၊ ပိုင်ဆိုင်ထားသည်က မည်မျှအံ့ဖွယ်ကောင်းလိုက်သနည်း။ မြင့်မြတ်နယ်မြေများက သူတော်စင်များကပင်၊ သူ့ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
“ မင်းသေကို သေမှဖြစ်မယ်၊ ငါမင်းကို အသက်ရှင်ခွင့် မပေးဘူး “
“ ဒီလောက်တောင် ယုံကြည်ချက်ရှိတာလား “ ဟု လုချန်ရှန်းမှ မေးခွန်းထုတ်လိုက်၏။
ချူယင်မှ တုံ့ပြန်လာခဲ့သည် “ မင်းရဲ့ အရှိန်အဝါအရဆိုရင်၊ မင်းက မွေးရာပါ ဝိညာဥ်အဆင့်၄ ပတ်လည်လောက်မှာပဲ။ အဆင့်လေးဆင့် ကွာခြားချက်က မင်းကိုသတ်ဖို့ မဖြစ်နိုင်ဘူးလား “
“ အဲ့လိုလား “
ချက်ချင်းဆိုသလိုပင်၊ ချူယင်မှ ထပ်မံ၍ တိုက်ခိုက်လာခဲ့၏။ သူ၏လက်ထဲတွင် လှံရှည်တစ်လက် ပေါ်လာခဲ့ပြီး၊ ၎င်းနှင့်အတူ ကြမ်းကြုတ်၊ စူးရှသော အရှိန်အဝါတစ်ခု အဖော်ပြုလိုက်ပါလာခဲ့သည်။
“ အဲ့ဒီမှော်ပစ္စည်းက တကယ်ကို ကောင်းတာပဲ “ လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ မင်းက တော်တော်ကြီးကို အိုနေပြီလေ၊ အဲ့တာကို မနိုင်ပါ့မလား “
“ ကောင်စုတ်လေး၊ အရမ်းမောက်မာမနေနဲ့ “
ဒေါသတကြီး တုံ့ပြန်မှုတစ်ခု ပေါ်ထွက်လာခဲ့သည်။ ချူယင်သည် မျက်လုံးများ နီရဲလာခဲ့ပြီး၊ လှံရှည်ကို အကြမ်းပတမ်း လွှဲရမ်းလာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်နေကာ၊ အရှေ့သို့ ပြေးတက်လာခဲ့၏။
ဝှစ်
လုချန်ရှန်းမှာလည်း သူနှင့်အတူ ခုန်တက်လာခဲ့ပြီး၊ သူ၏ပတ်ပတ်လည်တွင် ဓားချီ လည်ပတ်နေကာ၊ လှိုင်းထန်သော ပင်လယ်ပြင်တစ်ခုကဲ့သို့၊ ပေါ်ထွက်လာခဲ့သည်။
သူ၏လက်ကို မြှောက်ကာ အောက်သို့ ကျလာခဲ့သည့် အချိန်တွင်၊ ဓားချီမှာ ရေစီးကြောင်းတစ်ခုသဖွယ် ဖြစ်လာခဲ့ပြီး၊ သူအလိုရှိသည့်အတိုင်း ရွေ့လျားကာ၊ အရှေ့သို့ ခုတ်ပိုင်းနေတော့၏။
ဘုမ်းးး
တိုက်ခိုက်မှုနှစ်ခု ထိတွေ့သွားပြီး၊ အလွန်တရာ ကျယ်လောင်သော၊ ဟိန်းဟောက်သံများ အဆက်မပြတ် ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။ ချူယင်သည် လှံရှည်ကို ကိုင်ဆောင်ကာ၊ ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ရမ်းသွားစေပြီး၊ ဓားချီအားလုံးကို ပိတ်ဆို့သွားခဲ့သည်။
လူနှစ်ဦးတိုက်ခိုက်နေသည်နှင့်အမျှ၊ လုချန်ရှန်းသည် ချူယင်၏ တိုက်ခိုက်ရေး စွမ်းအားက ဆက်တိုက် မြင့်တက်လာသည်ကို သတိပြုမိသွားကာ၊ အံ့အားသင့်သွားခဲ့သည်။ ကြက်သွေးရောင် အလင်းတန်းက သူ့ကို ဖုံးလွှမ်းနေလျက်ရှိပြီး၊ သူ၏ ကိုယ်ပိုင်စွမ်းအားမှာလည်း မြင့်တက်နေခဲ့သည်။
“ တကယ် ထူးဆန်းတယ် “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
ရှောင်ဟေး စကားဝင်ပြောလာခဲ့သည် “ အဲ့တာက ကြမ်းကြုတ်တဲ့လက်နက်တစ်ခုပဲ။ အဲ့တာက အသုံးပြုတဲ့ တိုက်ခိုက်ရေး စွမ်းအားကို၊ ကြီးကြီးမားမား တိုးမြင့်ပေးနိုင်တယ်။ တကယ်လို့ လူတစ်ယောက်က သူ့ရဲ့ သွေးအဆီအနှစ်ကို၊ လောင်ကျွမ်းပြီးတော့၊ စတေးလိုက်မယ်ဆိုရင်၊ ပိုအားကောင်းတဲ့ စွမ်းအားကို ချေးယူနိုင်တယ်။ အဲ့တာကြောင့် အထင်မသေးသင့်ဘူး “
“ အို့ “
လုချန်ရှန်းသည် ထိုစကားကို ကြားကာ၊ တစ်ခဏခန့် မှင်သက်သွားခဲ့သည်။
ချူယင်သည် နောက်လှည့်ကြည့်လာခဲ့ပြီး၊ ရှောင်ဟေးကို မြင်တွေ့သွားကာ၊ သူ၏မျက်လုံးများအတွင်းတွင်၊ အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။
သို့သော် သူသည် လျစ်လျူရှုထားခဲ့ပြီး၊ အရှေ့သို့သာ ဆက်လက်၍ ပြေးတက်သွား၏။ တစ်စုံတစ်ခုက ပိုမိုရှားပါးလေလေ၊ ပို၍ဈေးကြီးလေလေ ဖြစ်သည်။
သူသည် လုချန်ရှန်းကို မည်သို့မျှ လျှော့တွက်မထားခဲ့ပေ။ သူသည် ထိုလူက၊ ဓားနှလုံးသား သန့်စင်မှုကို ပိုင်ဆိုင်ထားကြောင်းကို သိနေခဲ့သည်၊ ထို့ကြောင့် သူသည် ကြမ်းကြုတ်သော လက်နက်ကို ချက်ချင်းထုတ်ယူကာ၊ သူ၏စွမ်းအားကို အမြင့်ဆုံး ထုတ်သုံးနေခဲ့၏။
သို့ရာတွင်၊ လုချန်ရှန်းကမူ စောင့်ကြည့်နေရင်းဖြင့်၊ မျက်လုံးများ အသာအယာ လှုပ်ခတ်နေ၏။ သူ၏လက်များကို လှုပ်ရှား၍၊ လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ၊ အဆုံးမဲ့ ဓားချီများ ပေါက်ထွက်လာခဲ့ပြီး၊ အရှေ့ဘက်သို့ ချက်ချင်းပိုင်းဖြတ်သွားသည်။
ဇွီ
လေထုဆုတ်ပြဲနေသည့် အဆုံးမဲ့အသံများ အဆက်မပြတ် ပေါ်ထွက်နေလျက်ရှိပြီး၊ သူသည် ချူယင်ကို တိုက်ခိုက်ကာ၊ ကြက်သွေးရောင် အလင်းတန်းကို ပိုင်းဖြတ်နေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ချူယင်၏ အတွေးများ ဂယောက်ဂယက် ဖြစ်သွားခဲ့သည်။ သူသည် ဓားချီ၏ ပိတ်ဆို့မှုကို ခံလိုက်ရပြီး၊ တစ်လက်မလေးပင် မလှုပ်ရှားနိုင်တော့ပေ။ ထိုလူငယ်၏ စွမ်းရည်က အလွန်တရာ ထူးခြားသည်ကို သူဝန်ခံရမည်ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်ဖြင့်၊ မွေးရာပါ ဝိညာဥ် အဆင့်၄တွင် ရှိနေကာ၊ သူ၏ဓားတာအိုမှာလည်း အံ့ဖွယ်ကောင်းနေခဲ့သည်။
သို့သော် ထိုကောင်လေး၏ စွမ်းရည်က ပိုမိုထူးခြားလေလေ၊ သူ၏ သတ်ဖြတ်လိုစိတ်က ပိုမိုအားကောင်းလာလေလေ ဖြစ်နေခဲ့သည်။ အကယ်၍ ယခုလက်ရှိ အချိန်တွင်၊ သူ့ကို မသတ်လိုက်ဘူးဆိုပါက၊ ၎င်းက နောင်အနာဂတ်တွင် ကြီးမားသော ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
“ ချိုးဖျက် “
ထိုစဥ်၊ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့၏။ ချူယင်မှ မှန်တစ်ချပ်ကို ပစ်လွှတ်လိုက်ရာ၊ ၎င်းက လေထုအတွင်းတွင်၊ မျောလွင့်နေတော့သည်။
ချက်ချင်းဆိုသလိုပင်၊ အလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး၊ ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ စီးဆင်းနေသော ဓားချီ ရပ်တန့်သွားပြီး၊ သူသည် သူ၏ လှံရှည်ကို ဝေ့ရမ်းကာ၊ ထပ်မံ၍ တိုက်ခိုက်လာခဲ့ပြန်သည်။
" မင်းတို့၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က ဒီလောက်ကြီးအထိ ချမ်းသာနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ အဲ့တာ နှစ်ခုစလုံးက ဘုရင်အဆင့် ပစ္စည်းတွေဆိုပင်မဲ့၊ တစ်ခြားပစ္စည်းတွေထပ်၊ အများကြီး ပိုစျေးကြီးတယ် "
လုချန်ရှန်းသည် ယခုလက်ရှိ အခြေအနေကို လျစ်လျူရှုထားပြီး၊ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည့်၊ လက်နက်ကိုသာ စူးစမ်းလေ့လာနေလျက်ရှိ၏။
သူက တစ်ခြားသော နယ်ပယ်များတွင်၊ ကျွမ်းကျင်မှုသိပ်မရှိသော်လည်း၊ ရတနများကို ရာဖြတ်ရာတွင်၊ အတွေ့အကြုံတစ်ချို့ရှိနေခဲ့သည်။ တစ်ခြားသော ပစ္စည်းများက၊ ဝိညာဥ်ကျောက်တုံး သိန်းဂဏန်းမျှသာ တန်ကြေးရှိသည့်အချိန်တွင်၊ အဆိုပါ ပစ္စည်းများကမူ သန်းဂဏန်းအထိပင် ရောက်ရှိနေနိုင်ပေသည်။
ချူယင်မှာလည်း သူ့ကို လျစ်လျူရှူထားပြီး၊ သူ၏ သွေးအဆီအနှစ်များကို စတေးကာ၊ ကြမ်းကြုတ်သော လက်နက်ကို အားဖြည့်ပေး၍၊ တစ်ကွက်တည်းဖြင့်၊ ပြတ်ပြတ်သားသား သတ်ဖြတ်ရန် ကြံရွယ်ထားခဲ့သည်။
သူချဥ်းကပ်လာသည်နှင့်အမျှ၊ ဓားချီက အချုပ်နှောင်ခံလိုက်ရပုံပေါ်ကာ၊ စီးဆင်းမှုမှာလည်း အလွန်တရာ နှေးကျသွား၏။
လုချန်ရှန်းသည် သူ၏စိတ်အာရုံကို ပြန်လည်စုစည်းကာ၊ စကားလှမ်းပြောလိုက်၏ " မေ့လိုက်တော့၊ ငါက တောင်တန်းဒေသဆီ ပြန်ပြီးတော့၊ အခွင့်အလမ်းတွေကို သိမ်းပိုက်ရဦးမယ်။ ပွဲမြန်မြန် ဖြတ်လိုက်တာပေါ့ကွာ "
ချူယင် မျက်မှောင်ကြုတ်သွားကာ၊ သူ၏ဆိုလိုရင်းကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။
သို့ရာ၌ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်၊ လုချန်ရှန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ၊ ရွေ့လျားလာခဲဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ရမ်းသွားပြီး၊ ဓားချီများ ချက်ချင်းမြင့်တက်ကာ၊ ရောယှက်လာခဲ့၏။
အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်လာခဲ့ပြီး၊ ဓားချီသည် အနက်ရောင် ငှက်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီး၊ ၎င်း၏ တောင်ပံများကို ခတ်ကာ၊ ကောင်းကင်ယံတွင် ရွေ့လျားနေတော့သည်။ ထို့နောက်တွင် ၎င်းသည် ၎င်း၏ပါးစပ်ကို ဖွင့်ကာ၊ မှန်ကို မျိုချလိုက်သည်။
" ဘာကြီး "
ချူယင်၏ စိတ်နှလုံးသား တုန်ရင်သွားခဲ့သည်၊ သို့သော် ထို့နောက်တွင်၊ သူသည် ငှက်ကြီးက သူ့ဆီသို့ ထိုးသုတ်လာခဲ့ကာ၊ ခုခံကာကွယ်မှုတို့အား ဆုတ်ဖြဲနေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းက သူ၏ အသက်စွမ်းအားကိုပင်၊ ပျောက်ကွယ်သွားစေပုံရ၏။
" ဓားချီ အသွင်ပြောင်းခြင်း ......... "
ထိုအချိန်၌၊ သူ၏ မျက်လုံးများအတွင်းတွင်၊ အံ့သြတုန်လှုပ်မှုများ ပေါက်ထွက်လာခဲ့၏။
သူတစ်ဦးတည်းသာလျှင် မဟုတ်ဘဲ၊ ရှောင်ဟေး၏ အမူအရာပါ ပြောင်းလဲသွားခဲ့သည်။ ဓားချီက ယခုလေးတင် အသွင်ပြောင်းလိုက်သည့် အရာမှာ၊ ကောင်းကင်ဝါးမျိုငှက်မှတစ်ပါး၊ တစ်ခြားသော အရာမဟုတ်ပေ။
---
..........................................................................................................................................................
အပိုင်း ( 149 )
အမှန်တရားကို ပြော
ချက်ချင်းဆိုသလိုပင်၊ ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံး၊ တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ အရပ်မျက်နှာ ရှစ်ခုစလုံးတွင်၊ တိတ်ဆိတ်မှုသာလျှင် ကျန်ရှိနေခဲ့သည်။
ဓားချီမှ ဖွဲ့စည်းထားသည့်၊ ကောင်းကင်ဝါးမျိုငှက်သည် ချူယင်၏ ခန္ဓာကိုယ်ကို၊ ထိုးဖောက်သွားကာ၊ သူ၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေခဲ့၏။
လုချန်ရှန်းသည် လေထုကို နင်းလျှောက်ကာ၊ ကြမ်းကြုတ်သော လက်နက်ကို ဆွဲယူလိုက်သည်။ လွှဲရမ်းချက် တစ်ချက်နှင့်အတူ၊ သွေးများ သုံးပေအထိ လွင့်စင်သွားကာ၊ သူ့အရှေ့တွင် ရှိနေသည့်လူအား၊ အပြည့်အဝ သုတ်သင်ရှင်းလင်းလိုက်၏။
ချူယင်ကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် တစ်ချက်မှ မကြည့်ရှုဘဲ၊ ထိုလူ့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ပစ္စည်းအားလုံးကို သိမ်းယူလိုက်ကာ၊ အလောင်းကို မီးရှို့ပြာချလိုက်ပြီး၊ ထို့နောက်တွင် ကြမ်းကြုတ်သော လက်နက်ကို၊ အေးအေးလူလူ ကြည့်ရှုစစ်ဆေးနေတော့၏။
ကောင်းကင်ဝါးမျိုငှက်ပါ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ၎င်းပျောက်ကွယ်သွားသည့် အချိန်၌၊ သူ၏လက်အတွင်းသို့ မှန်တစ်ချပ် ကျဆင်းလာခဲ့သည်။
“ ထင်ထားတဲ့ အတိုင်း၊ ပစ္စည်းကောင်းလေးတွေ ဖြစ်နေတာပဲဟ၊ တကယ်ကို ထူးခြားတယ် “
လုချန်ရှန်းသည် စကားပြောဆိုနေရင်းဖြင့်၊ ၎င်းတို့ကို အလွန်တရာ ချီးကျူးနေတော့သည်။ ၎င်းတို့က သူ၏လက်အတွင်းသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် အဆိုပါ ပစ္စည်းနှစ်ခုစလုံးက ဘုရင်အဆင့် လက်နက်များဖြစ်ပြီး၊ ၎င်းတို့က အတော်လေး ထူးခြားကြောင်းကို နားလည်သွားခဲ့သည်။
တစ်ခုက ကြမ်းကြုတ်သော လက်နက်ဖြစ်ပြီး၊ သွေးနှင့် အသက်အဆီအနှစ်ကဲ့သို့သော၊ အရာများကို စတေးကာ၊ ကြီးမားသော စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည်၊ မှန်ကမူ ဟင်းလင်းပြင်စွမ်းအား အပိုင်းအစ ပါဝင်နေပုံရကာ၊ ၎င်း၏ ပတ်ပတ်လည်တွင် ရှိနေသည့် အရာအားလုံးကို၊ ပေါင်းစည်းပေးနိုင်စွမ်းရှိ၏။
အကယ်၍ ၎င်းတို့ကို ရောင်းချလိုက်မည်ဆိုပါက၊ အနိမ့်ဆုံးအနေဖြင့် ဝိညာဥ်ကျောက်တုံး ၁.၅သန်းအထိ ရရှိနိုင်ပေသည်။
သို့ရာတွင်၊ မှန်က သူ့အတွက်၊ အနည်းငယ်မျှ အသုံးဝင်နေသေးသည်၊ သို့သော် ကြမ်းကြုတ်သော လက်နက်ကမူ မည်သို့မျှ အသုံးမဝင်ပေ။
သူက် ငယ်ရွယ်သေးသော်လည်း၊ သူ၏ အသက်အဆီအနှစ်ကို၊ လောင်ကျွမ်းရလောက်သည်အထိ၊ ရူးသွပ်နေမည် မဟုတ်ပေ။
ထို့အပြင်၊ ဂရုတစိုက် ကြည့်ရှုစစ်ဆေးခဲ့ပြီးသည့်နောက်တွင်၊ သူသည် တစ်ခြားသော ပစ္စည်းများက၊ များများစားစား အဖိုးမတန်သော်လည်း၊ အဆိုပါ လက်နက်နှစ်ခုတည်းဖြင့်၊ ဝိညာဥ်ကျောက်တုံး သုံးသန်းကျော်နေပြီဆိုသည်ကို၊ သိရှိသွားခဲ့သည်။
“ တကယ်လို့ နည်းနည်းလောက်သာ ထပ်သတ်နိုင်မယ်ဆိုရင်၊ ငါက သိသိသာသာ တိုးတက်သွားမှာ မဟုတ်ဘူးလား “ လုချန်ရှန်း အပျော်လွန်သွားတော့၏။
သို့ရာတွင်၊ ရှောင်ဟေးက အေးအေးလူလူ၊ စကားထပ်ပြောလာခဲ့သည် “ အဲ့လိုဖြစ်မှာ မဟုတ်ဘူး “
“ ဘာဖြစ်လို့လဲ “
“ ချူယင်က တစ်ခြားလူတွေနဲ့ မတူဘူး၊ သူ့ရဲ့ အဆင့်အတန်းက မြင့်တယ်။ သူက ချူလျူရှန်းရဲ့ ဦးလေးလေ၊ အဲ့တာကြောင့် သူ့ဆီမှာ ပစ္စည်းတွေ အများကြီးရှိနေတာ။ သာမန်မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူတွေအတွက်ကတော့၊ ဝိညာဥ်ကျောက်တုံး သိန်းဂဏန်းလောက် ရှာတွေ့တာကတင်၊ တော်တော်လေးကို ကောင်းနေပြီလို့၊ သတ်မှတ်လို့ရတယ် “
ရှောင်ဟေးသည် စကားပြောနေရင်းဖြင့်၊ ထိုလူက အတွေးလွန်နေသည်ဟု၊ ခံစားနေခဲ့ရ၏။
“ ဘယ်လောက်တောင် နှမြောဖို့ကောင်းလိုက်လဲ “
လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည်။
သို့ရာတွင် ရှောင်ဟေးမှာ ဂဏာမငြိမ် ဖြစ်နေလျက်ရှိသည်။ သူသည် လုချန်ရှန်းက အစွမ်းထက်သည်ဆိုသည်ကို၊ သိနေခဲ့သော်လည်း၊ ဤမျှလောက်အထိ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ ၎င်းက သူ၏အမြင်ကို ထပ်မံ၍၊ ဆန်းသစ်သွားစေခဲ့ပြန်သည်။
ပြိုင်ဘက်က မွေးရာပါ ဝိညာဥ်အဆင့်၈ ဖြစ်ကာ၊ အဆင့်သေးလေးဆင့် ကွာဟနေခဲ့သော်လည်း၊ သူသည် လုချန်ရှန်းက ထိုလူ့ကို၊ သတ်ဖြတ်နိုင်သည်ကို သိနေခဲ့သည်။
သို့သော် လွယ်လွယ်ကူကူဖြင့်၊ ပေါ့ပေါ့ပါးပါး သတ်ဖြတ်နိုင်ခဲ့လိမ့်မည်ဟု၊ သူမမျှော်လင့်ထားခဲ့ပေ။
၎င်းသာလျှင် မဟုတ်ဘဲ၊ သူသည် ထိုကောင်ဖန်တီးခဲ့သည့် ကောင်းကင်ဝါးမျိုးငှက်ထံတွင်၊ နတ်အငွေ့အသက်များ ရှိနေသည်ကို၊ ခံစားနေခဲ့ရသည်။
သို့ရာ၌၊ သူတို့၏ အကြည့်များ ဆုံသွားသည့် အချိန်တွင်၊ လုချန်ရှန်းသည် ရှောင်ဟေးကို၊ ဦးခေါင်းမှ ခြေဖျားအထိ အကဲခတ်ကြည့်ရှုနေခဲ့သည်။
“ မင်းဘာလုပ်ချင်နေတာလဲ “
ရှောင်ဟေးသည် သတိတကြီးဖြစ်သွားကာ၊ အလိုအလျောက် ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ မင်းက ငါ့ကို မယုံကြည်ဘူးလား။ ငါမင်းကို ချက်မစားပါဘူးဟ “
“ မင်းဘာတွေကြံနေလဲဆိုတာကို ဘယ်သူက သိမှာလဲ။ ငါ့ရဲ့ မျိုးနွယ်စုမှာ မင်းကို ထိခိုက်အောင်လုပ်ဖို့အတွက်၊ ဝိညာဥ်ကျောက်တုံး အများကြီး မရှိဘူး “
“ ရှောင်ဟေး၊ ငါတို့က သေမတူရှင်မကွာရှိခဲ့ကြတဲ့ သူငယ်ချင်းတွေလေ။ မင်းက ငါ့ကို ဘယ်လိုလုပ် မယုံကြည်ရတာလဲ “
“ ဟုတ်တယ် “ ရှောင်ဟေးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ တုံ့ပြန်လိုက်သည်။ တစ်ချို့သော က
ဏ္ဍများတွင်မူ၊ သူသည် ထိုအကောင်ကို မည်သို့မျှ မယုံကြည်ပေ။
“ ဟူးးး “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည် “ စိတ်မပူပါနဲ့၊ ငါက မင်းတို့ရဲ့ ဝိညာဥ်ကျောက်တုံးတွေကို၊ ထပ်ပြီးတော့ မထိတော့ဘူး “
“ တကယ်လား “
“ ဒါပေါ့ “
အာမခံချက်ကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ဟေးသည် စိတ်သက်သာရာရစွာဖြင့်၊ သက်ပြင်းချနေခဲ့ပြီးမှ၊ ထပ်မံ၍ မေးမြန်းလာခဲ့၏ “ မင်းကသာ ငါ့ရဲ့ဝိညာဥ်ကျောက်တုံးတွေ မလိမ်သွားသရွေ့၊ ဘာမဆို အဆင်ပြေတယ် “
“ ဒါဆိုရင် ငါမင်းကို ထိလို့ရလား “
“ ဘာဖြစ်တယ် “
လုချန်ရှန်းမှ အလောတကြီး ပြန်ပြောလာခဲ့၏ “ အထင်မလွဲပါနဲ့၊ ငါက ဓားချီကို သုံးပြီးတော့၊ ကောင်းကင်ဝါးမျိုငှက်ကို ဖန်တီးခဲ့တယ်လေ၊ ဒါပင်မဲ့ အဲ့တာက အသွင်အပြင်ပဲ ရသေးတယ်၊ အစစ်အမှန် အနှစ်သာရကို မရလိုက်ဘူး။ အဲ့တာကြောင့် ငါက ကောင်းကင်ဝါးမျိုငှက်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာချင်လို့ “
“ မင်းအိမ်မက်မက်နေတာပဲ “ ရှောင်ဟေးသည် ပြတ်ပြတ်သားသား၊ ငြင်းပယ်လာခဲ့၏။
“ ဝိညာဥကျောက်တုံးတွေ မလိမ်ဘူးဆိုရင်၊ ကျန်တာအားလုံး အဆင်ပြေတယ်လို့၊ မင်းပြောခဲ့တာ မဟုတ်ဘူးလား။ မင်းက ကတိပြန်ဖျက်မလို့လား “
“ မင်းက ငါတို့ ကောင်းကင်ဝါးမျိုးငှက် မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေကို သိချင်နေတာမလား။ အဲ့တာကို ကတိဖျက်တယ်လို့ ပြောလို့ရလို့လား “
လုချန်ရှန်းသည် သူ၏ဦးခေါင်းကို ခါယမ်းပြကာ၊ တုံ့ပြန်လာခဲ့သည် “ ရှောင်ဟေး၊ ငါက ဒါကို မင်းရဲ့ ကောင်းကျိုးအတွက်ပါ၊ လုပ်နေတာလေ။ ငါတို့က အတူတူ တိုးတက်ကြမယ်လေ “
ရှောင်ဟေးမှ နှာခေါင်းရှုံ့လာခဲ့၏ “ ငါ့မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေကို၊ ဖော်ထုတ်ဖို့ ကြိုးစားနေတာက၊ မဖြစ်နိုင်ဘူး “
“ ဒါဆိုရင်လည်း မေ့လိုက်တော့ “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည် “ မင်းတို့ရဲ့ ဝိညာဥ်ကျောက်တုံးတွေကိုပဲ၊ လိမ်ယူတော့မယ် “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ရှောင်ဟေးသည် မီတာ သုံးရာအကွာအထိ၊ နောက်ဆုတ်သွားခဲ့ပြီး ဖြစ်သည်။
တစ်ခဏအကြာတွင်၊ လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့၏ “ သွားကြစို့၊ အရင်ပြန်ကြမယ် “
“ အင်း “
ရှောင်ဟေးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် မထင်မှတ်ထားစွာဖြင့်၊ ကောင်းကင်ဝါးမျိုငှက်တစ်ကောင်က ၎င်း၏ တောင်ပံများကို ဖြန့်၍၊ အဝေးမှ ပျံသန်းလာနေလျက်ရှိပြီး၊ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင်၊ လေထုတုန်ခါနေကာ၊ လေပြင်းများ တိုက်ခတ်နေလျက်ရှိ၏။
“ မင်းက ဘာလို့ ဒီကိုရောက်လာရတာလဲ “ ရှောင်ဟေး မျက်မှောင်ကြုတ်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း သူ့ကို ငေးကြည့်ကာ၊ အတွေးနက်သွားခဲ့သည် “ သူက လက်စားလာချေတာများလား “
သို့ရာတွင် ထိုလူမှ တလေးတစား ပြောဆိုလာခဲ့သောကြောင့်၊ လူတိုင်းမှင်သက်သွားရသည် “ အစ်ကိုချင်းယီ၊ ကျုပ်နာမည်က ယဲ့လန်ပါ၊ ကျုပ်က မီထျန်းရဲ့ မျိုးနွယ်တူညီပါ။ အရင်က ခင်ဗျားက ဒီလိုပါရမီရှင်မျိုးဆိုတာကို မသိခဲ့တဲ့အတွက်၊ ကျုပ်ရိုင်းပြခဲ့မိပါတယ်၊ ကျေးဇူးပြုပြီးတော့ ဗွေမယူပါနဲ့ “
“ အဆင်ပြေပါတယ်။ ငါမင်းကို ခွင့်လွှတ်ထားပြီးသား “ လုချန်ရှန်းသည် မည်သို့မျှ ဂရုမစိုက်ဘဲ၊ လက်ဝေ့ယမ်းပြလိုက်သည်။
ယဲ့လန်သည် တအံ့တဩဖြစ်သွားခဲ့သည် “ ဒီလိုဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ အစ်ကိုချင်းယီက တကယ်ကို၊ သဘောထားကြီးတာပဲ။ အရင်တုန်းက ကိစ္စက ကျွန်တော့်ရဲ့ မသိနားမလည်မှုကြောင့်ပါ၊ အစ်ကို၊ ခင်ဗျားကို တကယ်လေးစားတယ်ဗျာ “
“ ငါကလား “ လုချန်ရှန်းသည် မျက်တောင်တဖျပ်ဖျပ် ဖြစ်သွားပြီး၊ သူ၏လက်ကို ဝေ့ရမ်းကာ၊ ရယ်ရယ်မောမောဖြင့် တုံ့ပြန်လာခဲ့သည် “ မဆိုးပါဘူး၊ အဲ့လိုပါပဲ “
ရှောင်ဟေး : “ … “
ရှောင်ဟေးသည် သူ၏ မျိုးနွယ်တူညီကို၊ မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့်၊ ငေးကြည့်နေခဲ့ပြီး၊ ထို့နောက်တွင်၊ လုချန်ရှန်းကို ကြည့်ကာ၊ သူ၏အမူအရာတစ်ခုလုံး ရှုံ့မဲ့သွား၏။
သူက တစ်ခြားလူများအကြောင်း မပြောရဲသော်လည်း၊ လုချန်ရှန်းက သူသိသမျှလူများထဲတွင် သဘောထား အသေးသိမ်ဆုံးနှင့်၊ အကောက်ကျစ်ဆုံး လူဆိုသည်ကို၊ သေချာနေခဲ့သည်။ တစ်ခြားလူများကို ရန်စခြင်းက၊ ကပ်ဘေးကို ရှောင်လွှားရန်၊ ငွေများဆုံးရှုံးရသည်ဟု ဆိုလိုနေခြင်းဖြစ်ပြီး၊ ထိုအကောင့်ကို ဆန့်ကျင်ခြင်းကမူ၊ ကပ်ဘေးကို ရှောင်လွှားရန်အတွက်၊ ဒေဝါလီခံရလိမ့်မည် ဖြစ်သည်။
ပြီးတော့၊ အဲ့ကိစ္စက ငါဝိညာဥ်ကျောက်တုံး နှစ်သိန်းပေးလိုက်လို့၊ ပြီးသွားခဲ့တာ မဟုတ်ဘူလား
ဘယ်လိုလုပ် ငါနဲ့ ဘာမှမဆိုင်ဘဲ၊ လုချန်ရှန်းက စိတ်သဘောကြီးလို့ဆိုပြီး ဖြစ်သွားရတာလဲ
“ မင်းကန်းနေတာလား “
ရှောင်ဟေးသည် ယဲ့လန်ကို ကြည့်ကာ၊ မေးမြန်းလိုက်သည်။
ယဲ့လန်သည် မျက်မှောင်ကြုတ်သွားကာ၊ တုံ့ပြန်လာခဲ့၏ “ မီထျန်း၊ မင်းဘာကို ပြောနေတာလဲ။ ငါက အစ်ကိုချင်းယီနဲ့၊ အဆင်ပြေသွားပြီလေ၊ ငါက ဘယ်လိုလုပ် ကန်းနေရမှာလဲ “
လုချန်ရှန်းမှာလည်း ကပ်စီးနဲမနေခဲ့ဘဲ၊ ယဲ့လန်ကို ကြည့်ကာ၊ ရယ်မောနေတော့သည် “ ညီအစ်ကို ယဲ့လန်ရဲ့ စရိုက်ကလည်း တော်တော်လေးကို ထူးခြားတယ်လို့၊ ငါထင်တယ်၊ အဲ့တာက တော်တော်ကို ရှားတယ် “
“ အို့။ အဲ့လိုဆိုရင်၊ ခင်ဗျားနဲ့ ကျွန်တော်က သူငယ်ချင်းတွေ ဖြစ်သွားပြီပေါ့ “
“ ဒါပေါ့၊ မင်းအပြင်ထွက်တဲ့ အချိန်ကျရင်၊ သူငယ်ချင်း တစ်ယောက် ပိုရှိနေတာက၊ လမ်းကြောင်းတစ်ခု ပိုနေတာပဲ “ လုချန်ရှန်းမှာလည်း ထိုစကားကို၊ ပွင့်ပွင့်လင်းလင်း ထောက်ခံနေခဲ့၏။
ရှောင်ဟေး မှင်သက်သွားတော့သည်။ လုချန်ရှန်းနဲ့ တွေ့ရတာက၊ မိတ်ဆွေတစ်ယောက် တိုးပြီးတော့၊ လမ်းကြောင်းတစ်ခု တိုးလာတာလား။ သူ့အတွက်က ကြွယ်ဝချမ်းသာခြင်း၊ တံခါးပေါက် တစ်ခု တိုးသွားတာကွ
၎င်းတို့အားလုံးကို စောင့်ကြည့်နေရင်းဖြင့်၊ သူသည် ယဲ့လန်က ဘာလုပ်ချင်နေလဲဆိုသည်ကို၊ နားမလည်နိုင် ဖြစ်သွားခဲ့သည်။
သို့ရာတွင် ယဲ့လန်ကမူ မျက်လုံးများ တောက်ပသွားကာ၊ ပြန်ပြောလာခဲ့သည် “ ကျုပ်တို့က သူငယ်ချင်းတွေ ဖြစ်သွားပြီဆိုမှတော့၊ ချုံပုတ်ကို ပတ်ရိုက်မနေတော့ဘူးဗျာ။ အရိုးသားဆုံးပြောရမယ်ဆိုရင်၊ ခုနက တွေ့ခဲ့ရတဲ့ အနက်ရောင် ဝတ်စုံအကြောင်းကို မေးချင်နေတာဗျ “
“ အနက်ရောင် ဝတ်စုံလား “ လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
“ ဟုတ်ပါတယ် “ ယဲ့လန်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။
“ အနက်ရောင် ဝတ်စုံအကြောင်း ဘာမေးစရာရှိလို့လဲ “
ယဲ့လန်မှ စကားထပ်ပြောလာခဲ့၏ “ ကျွန်တော်က အဲ့တာကို၊ အတော်လေး စိတ်ဝင်စားနေလို့ပါ။ တကယ်လို့ ရှိသေးရင်၊ ကျွန်တော့်ကို ပေးလို့ရမလားဗျ “
ရှောင်ဟေးသည် ထပ်မံ၍ အံ့ဩသွားခဲ့သည်၊ ဘာတွေတုန်းဟ
လုချန်ရှန်းကမူ မျက်မှောင်ကြုတ်ကာ၊ ပြန်ပြောလာခဲ့သည် “ ရိုးရိုးသားသား ပြောရမယ်ဆိုရင်၊ ငါ့ဆီမှာ တစ်ခုတည်းရှိတာ။ အဲ့တာက ငါ့ဂျူနီယာညီမလေးရဲ့ လက်ဆောင်လေ။ တကယ်လို့ အဲ့တာကို ကြိုက်တယ်ဆိုရင်၊ တစ်ယောက်ယောက်ကို ရှာပြီးတော့၊ နည်းနည်းလောက်လုပ်ခိုင်းလိုက်ပေါ့၊ အတူတူပါပဲ “
“ ဘယ်လိုလုပ် တူမှာလဲဗျ။ စိတ်မပူပါနဲ့၊ ကျွန်တော်က အလကား မတောင်းပါဘူး။ ဝိညာဥ်ကျောက်တုံး ငါးသိန်းပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော့်ကို ပေးလို့ရမလားဗျ “ ယဲ့လန်သည် လေးလေးနက်နက် ဖြစ်နေသော လေသံများဖြင့်၊ လုချန်ရှန်းကို ကြည့်လာခဲ့သည်။
လုချန်ရှန်း၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။
ရှောင်ဟေးသည် အံ့ဩတကြီးဖြင့်၊ အော်ပြောလာခဲ့သည် “ ငါးသိန်း၊ မင်းရူးနေတာလား “
“ မီထျန်း၊ မင်းနားမလည်ပါဘူး “
“ ငါနားမလည်တာလား။ စိတ်ကို တည်ငြိမ်အောင်ထားဖို့၊ ငါမင်းကို အကြံပေးလိုက်မယ် “ ဒီကောင့်ကို ငါလောက်နားလည်တဲ့ လူက၊ ဒီကမ္ဘာမှာ ရှိလို့လား
ယဲ့လန်သည် သူ့ကို လျစ်လျူရှုထားကာ၊ လုချန်ရှန်းကိုသာ စကားဆက်ပြောနေခဲ့၏ “ ငါးသိန်းက နည်းနည်းလေး နည်းနေတယ်ဆိုတာကို၊ ကျွန်တော်သိပါတယ်။ ဒါပင်မဲ့ အဲ့တာက ကျွန်တော်ရဲ့ စုဆောင်းမှု အကုန်ပါပဲ၊ အဲ့တာကြောင့် …….. “
“ ငါနားလည်ပြီ “
လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်၏။
ရှောင်ဟေးသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့်၊ တားဆီးချင်နေခဲ့၏၊ သို့သော် ထိုအကောင်မှာ သူ၏စကားကို နားမထောင်ဘဲ၊ အမေကျော်၍ ဒွေးတော်ကို လွမ်းနေခဲ့၏။
သူသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ၊ ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေပြီး၊ လုချန်ရှန်းထံတွင် အသိတရား အနည်းငယ်မျှ ရှိနေကာ၊ သူ၏ မျိုးနွယ်စုဝင်များကို၊ ငွေမလိမ်ပါစေနှင့်ဟုသာ၊ ဆုတောင်းနေရတော့သည်။
လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့၏ “ အစကတော့ အဲ့တာက ငါ့ဂျူနီယာ ညီမလေးရဲ့ လက်ဆောင်ဖြစ်ခဲ့တာလေ၊ ဒါပင်မဲ့ ညီလေးယဲ့လန်က အဲ့တာကို သဘောကျနေတယ်ဆိုမှတော့၊ အဲ့တာကို ပေးလိုက်ဖို့က၊ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပင်မဲ့ ငါးသိန်းက တကယ်ကို များနေတယ်။ တစ်သိန်းလောက်ဆို ရပါပြီကွာ “
“ တကယ်လားဗျ “
“ ဒါပေါ့ “
ထိုစကားများကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ဟေးမှာ ဘာပြောရမှန်းမသိဖြစ်ကာ၊ ဆွံ့အသွားခဲ့သည်။
အစတွင် သူသည် သူ၏မျှော်လင့်ချက်ကို၊ လုချန်ရှန်းအပေါ်တွင်သာ ပုံအောထားခဲ့ပြီး၊ ထိုလူ့တွင် အသိတရား ရှိနေလိမ့်မည်ဟု၊ ထင်နေခဲ့၏။ အဆုံး၌ ထိုလူ့ထံတွင် အမှန်ပင် အသိတရား ရှိနေခဲ့သည်၊ သို့သော် ၎င်းက အနည်းငယ်မျှ(သို့) ရှိသည်ဆိုရုံလောက်သာ ဖြစ်နေခဲ့၏။
---
…………………………………………………………………………………………………………………………………..
အပိုင်း ( 150 )
သူက လက်မှတ်လိုချင်နေတာလား
ရှောင်ဟေး၏ မျက်လုံးများ အရှေ့တွင်၊ မြင်ကွင်းများ တစ်ခုပြီးတစ်ခု၊ ဖြစ်တည်လာခဲ့သည်။
ယဲ့လန်ကမူ အပျော်လွန်နေလျက်ရှိပြီး၊ အနက်ရောင် ဝတ်စုံကို ယူကာ၊ လုချန်ရှန်းက ပြန်တောင်းမည်ကို၊ ကြောက်ရွံ့နေသကဲ့သို့၊ တစ်ချက်လေးပင် ပြန်လှည့်မကြည့်ဘဲ၊ ချက်ချင်းလှည့်ထွက်သွားတော့သည်။
ရှောင်ဟေးကမူ ဘေးတစ်ဖက်တွင် မတ်တပ်ရပ်ကာ၊ ပါးစပ်အဟောင်းသား ဖြစ်နေလျက်ရှိ၏။
လုချန်ရှန်းသည် ထိုလူက အမြင်အာရုံ အတွင်းမှ၊ လုံးဝပျောက်ကွယ်သွားပြီး၊ သူရရှိခဲ့သည့် ဝိညာဥ်ကျောက်တုံးများကို၊ စစ်ဆေးနေရင်းဖြင့်၊ အံ့ဩတကြီး အော်ပြောလာခဲ့သည်၊ ရှောင်ဟေးသည် ထိုအချိန်မှသာလျှင် သတိပြန်ဝင်လာခဲ့သည်။
“ ရှောင်ဟေး၊ မင်းရဲ့ညီက ငါ့ကို တော်တော်ကြီး လေးစားနေလိမ့်မယ်လို့၊ ငါမထင်ထားခဲ့မိဘူး “
ရှောင်ဟေး : “ … ”
လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့၏ “ သူက ငါဝတ်ခဲ့ဖူးတဲ့ ဝတ်စုံကို စုဆောင်းဖို့၊ ဈေးမြင့်မြင့်နဲ့ ကမ်းလှမ်းခဲ့တာကွ။ သူက ငါ့ကို ဘယ်လောက်တောင် လေးစားနေတာလဲကွာ “
ရှောင်ဟေး : “ … ”
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် တစ်စုံတစ်ခုကို၊ အမှတ်ရသွားကာ၊ စကားထပ်ပြောလာခဲ့၏ “ အို့၊ ဟုတ်သားပဲ၊ ရှောင်ဟေး၊ သူက ငါ့လက်မှတ်လိုချင်လားလို့၊ မေးလိုက်ရမလား “
“ လုချန်ရှန်း “
“ ဟမ် “
“ လူကောင်းတစ်ယောက်အဖြစ်ပဲ နေစမ်းပါ။ ငါ့ကို လှည့်စားတာက ကိစ္စတစ်ခုဆိုပင်မဲ့၊ ငါ့ရဲ့ မျိုးနွယ်စုဝင်တွေကိုတောင်၊ အလွတ်မပေးဘူးပေါ့ “
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ တုံ့ပြန်လိုက်သည် “ ငါက သူ့ကို ဘယ်အချိန်တုန်းက လှည့်စားခဲ့မိလို့လဲ။ သူက ငါ့ရဲ့ ဝတ်စုံကို စုဆောင်းချင်နေတာ မဟုတ်ဘူးလား ”
“ စုဆောင်းတာလား ”
“ ဟုတ်တယ် “
ရှောင်ဟေးမှ ပြန်ပြောလိုက်၏ “ မင်းရဲ့ ဉာဏ်နီဉာဏ်နက်တွေနဲ့တောင်၊ သူက အဲ့ဒီဝတ်စုံကို ဘာလို့လိုချင်နေရတာလဲဆိုတာကို မပြောနိုင်ဘူးလား ”
“ သူက ငါ့ကို တော်တော်ကြီး လေးစားနေတာကြောင့် မဟုတ်ဘူးလား “
“ ဖွီ “
ရှောင်ဟေးသည် သည်းမခံနိုင်တော့ဘဲ၊ မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်သည်။
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့၏။ တစ်ယောက်ယောက်က ငါ့ကို၊ တော်တော်လေး လေးစားနေပြီးတော့၊ ပစ္စည်းတစ်ခု စုဆောင်းချင်နေတာက၊ ဘာမှားနေလို့လဲဟ။ ငါက ရုပ်ချောပြီး၊ နှစ်လိုဖွယ်ကောင်းတော့၊ အဲ့တာတွေအတွက်၊ အပြစ်တင်ခံနေရမှာလား
ဟူး
ရှောင်ဟေးသည် ငြိမ်ငြိမ်သက်သက်၊ မတ်တပ်ရပ်နေခဲ့ပြီး၊ သက်ပြင်းချကာ၊ စကားထပ်ပြောလာခဲ့သည် “ မိုးကြိုးငှက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အချိန်တုန်းက၊ အဲ့ဟာက မိုးကြိုးကို ပိတ်ဆို့တားဆီးနိုင်တဲ့၊ ပစ္စည်းလို့ မင်းမပြောခဲ့ဘူးဆိုရင်၊ သူက အဲ့လိုဖြစ်နေမှာမို့လို့လား “
“ သူက အဲ့တာကို ယုံနေတာလား “
“ သူက အဲ့တာအတွက်မလာလို့၊ ဘယ်ဟာအတွက် ရောက်လာရမှာလဲ “ ဟု ရှောင်ဟေးမှ ခွန်းတုံ့ပြန်လိုက်၏။
လုချန်ရှန်းမှ ပြန်ပြောလာခဲ့၏ “ အဲ့တာဆိုရင် သူက လူ့စိတ်ရဲ့ လှည့်စားတတ်တဲ့ သဘာဝကို မသိဘူးပေါ့ “
“ သူတစ်ယောက်တည်း အဲ့တာကို မသိတာ မဟုတ်ဘူး “
“ ဘာကိုဆိုလိုတာလဲ “
“ ငါ့မျိုးနွယ်စု တစ်ခုလုံးက အဲ့တာကို ယုံနေကြတာ “
“ မင်းတို့ …… “
လုချန်ရှန်းသည် စကားပြောရန်၊ တွေဝေတုံ့ဆိုင်းသွားတော့သည်။
“ ဟူးးးး “
ရှောင်ဟေးသည် အသာအယာ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ သူက ထိုလူများကို အပြစ်တင်၍ မရပေ။ ထိုကောင်ပြောခဲ့သည့် စကားများက ချီးကျူးမှုများဖြင့်၊ ပြည့်နှက်နေပြီး၊ သူ၏အထောက်အထားမှာလည်း ထူးခြားနေသောကြောင့် …..
“ အကုသိုလ်ကြီးလိုက်တာ “
လုချန်ရှန်းမှ တုံ့ပြန်လာခဲ့၏ “ ဟေး၊ ရှောင်ဟေး၊ မင်းအဲ့လို ပြောလိုက်လို့ မရဘူးလေ “
“ ဒါဆိုရင် ငါဘယ်လိုပြောသင့်တာလဲ။ သူက လူမှားတွေ့မိသွားတယ်လို့လား။ ဒါမှမဟုတ် ကန်းနေကြတဲ့အတွက်၊ သူတို့ကို အပြစ်တင်ရမှာလား “
“ အမ် ….. “
“ မေ့လိုက်တော့၊ သူက သင်ခန်းစာတစ်ခု ရဖို့အတွက်၊ ငွေတစ်သိန်းသုံးလိုက်ရတယ်လို့ပဲ၊ ပြောကြတာပေါ့ “
“ ဟုတ်သားပဲ၊ ပန်မျိုးနွယ်စုကလည်း ပန်ဘုရင်လေးအတွက် ငွေငါးသိန်းသုံးခဲ့ပြီးတော့၊ ငါ့ဆီကနေ သင်ခန်းစာတစ်ခု ဝယ်ခဲ့ဖူးတယ်လေ။ အခု သူက တစ်သိန်းပဲ သုံးလိုက်ရတာဆိုတော့၊ တော်တော်လေးကို မြတ်သွားတာပေါ့ကွ “
ရှောင်ဟေးသည် သူ့ကို မျက်စောင်းထိုးကာ၊ စကားထပ်ပြောလိုက်သည် “ ရိုးချင်ယောင်ဆောင်နေတာ ရပ်လိုက်လို့မရဘူးလား “
“ အဲ့တာက အမှန်တရာလေး “
“ အဲ့တာက သူက မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်ခါနီးနေပြီးတော့၊ ယုံကြည်ချက်မရှိတာကြောင့်၊ မင်းရဲ့ ပေါက်ကရတွေကို ယုံကြည်သွားတာ။ အဲ့တာကို ရခဲ့တဲ့ အချိန်မှာ၊ သေသေချာချာတောင် မစစ်ဆေးခဲ့ဘူး “
လုချန်ရှန်းသည် စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်သည်။ ၎င်းက သူနှင့်အနည်းငယ် သက်ဆိုင်နေခဲ့သည်။ သူသည် သူ၏ ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး၊ တောင်တန်းဒေသဆီသို့ ပြန်သွားရန် ပြင်လိုက်သည်၊ သို့သော် သူသည် တစ်စုံတစ်ခုကို မှတ်မိသွားကာ၊ စကားထပ်ပြောလိုက်၏ “ အို့၊ ဟုတ်သားပဲ၊ မင်းက ဘာလို့ ရောက်လာခဲ့ရတာလဲ။ မင်းက ငါ့ကို စိတ်ပူနေတာလား “
“ မင်းအတွေးလွန်နေတာပဲ “
“ ဒါဆိုရင် အတူတူ အပျော်ရှာဖို့လား “
ရှောင်ဟေးမှ တုံ့ပြန်လိုက်၏ “ ဘာတွေဖြစ်နေလဲဆိုတာကို၊ နားမလည်လို့ပဲ။ မင်းက အေးအေးဆေးဆေး ထွက်သွားရရက်နဲ့၊ ဘာကိစ္စ အဲ့နေရာမှာပဲ အတင်းအကြပ် ဆက်နေနေရတာလဲ “
“ ဘာလို့လဲဆိုတော့ …. “
“ ဘာလို့လဲ “
“ အရိုက်ခံချင်လို့လေ “
ရှောင်ဟေး “ @#%%#$^ …… “
( error မဟုတ်ပါ )
ဒီကောင်က အမှန်တရားကို တစ်ခါမှ မပြောဘူးပဲ။ သိချင်လို့လိုက်လာတဲ့ဟာကို၊ ဒီကောင့်ပါးစပ်က ပေါက်ကရတွေချည်းပဲ ထွက်နေတယ်
လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့၏ “ သူတို့ကို အသုံးချပြီးတော့၊ မိုးကြိုးတာအိုကို နားလည်မလားဆိုတာကို၊ စမ်းကြည့်ချင်လို့ပါကွာ “
“ ဝက်တွေ ပျံနိုင်တဲ့ အချိန်ကျရင်၊ မင်းပြောတာကို ငါယုံပေးမယ် “
ရှောင်ဟေး ဆွံ့အသွား၏။
“ တကယ်လို့ ငါစကားမပြောဘူးဆိုရင်၊ မင်းက ငါ့ကိုဆဲတယ်။ စကားပြောပြန်တော့လည်း၊ မင်းက ငါ့ကို မယုံဘူး။ မင်းက ငါ့ကို တစ်စက်ကလေးမှ မယုံဘူးကိုး “
“ မင်းက သရဲတွေကိုတောင် လိမ်မဲ့ကောင်လေ။ တကယ်လို့ မိုးကြိုးပစ်ခံတာက၊ မိုးကြိုးတာအိုကို နားလည်စေနိုင်တယ်ဆိုရင်၊ အရင်တုန်းက၊ မင်းက မိုးကြိုးကပ်ဘေးတွေကို၊ အများကြီး ကျော်ဖြတ်ခဲ့တယ် မဟုတ်ဘူးလား၊ မိုးကြိုးငှက်ရဲ့လက်ကို ငှားဖို့ လိုအပ်လို့လား “
“ ကောင်းပြီလေ “
ရှောင်ဟေးက မယုံကြည်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် မည်သည့်စကားမှ ထပ်ပြောမနေတော့ပေ။
ထို့နောက်တွင်၊ လူနှင့်ငှက်တစ်ကောင်တို့သည်၊ နတ်ဘုရား မြုပ်နှံခြင်းတောင်တန်းဆီသို့၊ အလောတကြီး ပြန်သွားကြသည်။ သို့ရာ၌၊ လမ်းပေါ်တွင် ရှောင်ဟေး၏ လှုပ်ရှားမှုအားလုံး၊ ရပ်တန့်သွားခဲ့သည်။
“ ဘာဖြစ်တာလဲ “
ရှောင်ဟေးမှ တုံ့ပြန်လာခဲ့၏ “ သွေးမျိုးဆက် စွမ်းအားကို အာရုံခံမိတယ် “
“ ဘာသွေးမျိုးဆက် စွမ်းအားလဲ “
လုချန်ရှန်း မှင်သက်သွား၏။
ရှောင်ဟေးသည် အဝေးသို့ ကြည့်ကာ၊ ပြန်ပြောလာခဲ့သည် “ အရင်က ငါပြောခဲ့ဖူးတယ်လေ၊ နတ်ဘုရား မြုပ်နှံခြင်းတောင်တန်းဆီကို၊ ထွက်ပြေးသွားတဲ့လူပဲ။ ငါက သူ့ရဲ့ တည်ရှိမှုကို အာရုံခံမိတယ် “
“ အဲ့ဒီသွေးနှောလား “
“ ဟုတ်တယ် “
ရှောင်ဟေးသည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ကာ၊ ဂရုတစိုက် အာရုံခံနေခဲ့ပြီး၊ ၎င်းကို အတည်ပြုလိုက်သည်။
“ အဲ့တာက သူက အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာလား “
“ ငါမသိဘူး “ ရှောင်ဟေးမှ ခေါင်းခါပြလာခဲ့၏။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ တကယ်လို့ မင်းမသိဘူးဆိုရင်၊ မင်းက သူ့ကို ဘယ်လိုလုပ် အာရုံခံမိတာလဲ “
“ တကယ်လို့ သူသေသွားမယ်ဆိုရင်တောင်မှ၊ သူ့ရဲ့ နတ်စွမ်းအင်က အပြည့်အဝ မပျောက်ကွယ်သွားဘူးဆိုရင်၊ ငါသူ့ကို အာရုံခံနိုင်သေးတယ်။ နှစ်ငါးရာလောက်ပဲ ရှိသေးတယ်၊ အဲ့တာကြောင့် နတ်စွမ်းအားတစ်ချို့ ရှိနေဦးမှာပဲ။ ဒါပင်မဲ့ သူကတော့ သေဖို့များတယ် “
“ ဘာဖြစ်လို့လဲ “
“ ဒီနေရာက နတ်ဘုရား မြုပ်နှံခြင်းတောင်တန်းလေ။ အရင်တုန်းက နတ်ဘုရားအများအပြားက ဒီနေရာကို ရောက်လာခဲ့ကြပြီးတော့၊ ကျမ်းစာတွေကို သိမ်းယူချင်နေခဲ့ကြတယ်၊ ဒါပင်မဲ့၊ သူတို့အားလုံး ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။ နတ်ဘုရားတွေကတောင် မရှင်နိုင်ဘူးဆိုမှတော့၊ သူကလည်း ရှင်နိုင်မှာ မဟုတ်ဘူး “
“ ငါနားလည်ပြီ “ လုချန်ရှန်းမှ ခေါင်းငြိ့မ်ပြလိုက်၏၊ သူ၏အတွေးထဲတွင် အစီအစဥ်တစ်ခု ဖွဲ့တည်လာခဲ့သည်။
ထိုလူက အံ့ဖွယ်ကောင်းသော ဓားတာအို ကျမ်းစာကို နားလည်တတ်ကျွမ်းထားသည်ဟု၊ သူကြားထားခဲ့ရသည်။ အကယ်၍ သူကသာ ထိုလူ၏ တည်နေရာကို ရှာနိုင်ခဲ့မည်ဆိုပါက၊ သူသည် သူ့အတွက်၊ အလွန်တရာ အသုံးဝင်သည့် ကျမ်းစာကို၊ ရရှိသွားနိုင်ပေသည်။
“ အဲ့တာဆိုရင်၊ အခုမင်းဘာလုပ်မှာလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။
ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ ငါအဲ့တာကို အာရုံခံနိုင်တယ်၊ မိုးကြိုးငှက်တွေကလည်း၊ အဲ့တာကို အာရုံခံနိုင်မှာပဲ။ တကယ်လို့ သူတို့နဲ့တွေ့ရမယ်ဆိုရင်၊ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ် “
“ ဆိုတော့၊ အဲ့တာက တော်တော်လေးကို အန္တရာယ်များတယ်မလား “
“ အင်းး “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းမှ ချက်ချင်းတုံ့ပြန်လာခဲ့၏ “ အန္တရာယ်များတာကြောင့်၊ မင်းနောက်ကို လိုက်လာခဲ့မယ်။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ၊ မင်းကို ကူညီပေးလို့ရတာပေါ့ “
ရှောင်ဟေး၏ မျက်ဝန်းများ လည်ထွက်သွားခဲ့သည်။ မင်းဘာတွေးနေလဲဆိုတာကို၊ သရဲတောင်သိတယ်
“ ငါမင်းကို ကူညီပေးနိုင်တယ်၊ ဒါပင်မဲ့ ကျမ်းစာကို ရလာခဲ့ရင်၊ မင်းတစ်ယောက်တည်းအတွက်၊ သိမ်းထားလို့မရဘူး၊ ငါနဲ့မျှဝေရမယ် “
“ ဟူး၊ ငါ့ရဲ့ စိတ်နှလုံးသားကို မင်းအတွက်၊ ကမ်းပေးထားတာလေ၊ အဆုံးမှာတော့ နောက်ထပ်အရောင်းအဝယ်တစ်ခုပဲ ထပ်ဖြစ်နေခဲ့တာပဲ “ လုချန်ရှန်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
ရှောင်ဟေးမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့၏ “ သွားမှာလား၊ မသွားဘူးလား “
“ သွားမယ် “
သူ၏ တုံ့ပြန်မှုက တွေဝေတုံ့ဆိုင်းမှု မရှိဘဲ၊ ပြတ်သားနေခဲ့သည်။
ထိုနှစ်ဦးသည် နတ်ဘုရား မြုပ်နှံခြင်းတောင်တန်းသို့ ရောက်လာခဲ့ပြီး၊ မဟာတောရိုင်း ခန်းမမှ လူများကို ချက်ချင်းရှာတွေ့သွားကြသည်။
လုချန်ရှန်းက လုံခြုံဘေးကင်းနေသည်ကို၊ မြင်လိုက်ရသောအခါတွင်၊ သူတို့သည် စိတ်သက်သာရာရာစွာဖြင့် သက်ပြင်းချနေကြတော့သည်။ ထို့နောက်တွင် သူတို့သည် ရှောင်ဟေးကို မြင်တွေ့သွားကာ၊ အဆိုပါ မျိုးနွယ်စုက သူတို့၏ ပြဿနာများကို ဖြေရှင်းပေးခဲ့သည်ဟု၊ ထင်သွားကြသည်။
“ မိတ်ဆွေလေးက ကောင်းကင်ဝါးမျိုငှက်တွေနဲ့၊ ရင်းနှီးတာလား “ အကြီးအကဲ ဝူယန်မှ စကားစပြောလာခဲ့၏။
လုချန်ရှန်းသည် ရှောင်ဟေး၏ ပခုံးကို လက်တစ်ဖက်ဖြင့်၊ ဖက်ကာ တုံ့ပြန်လိုက်သည် “ သူနဲ့ ကျုပ်က ညီအစ်ကိုကောင်းတွေလေ “
“ ငါသိပြီ “
ရှောင်ဟေးသည် မောက်မောက်မာမာ မပြုမူခဲ့ဘဲ၊ ရှေ့ထွက်ကာ နှုတ်ဆက်လိုက်သည်။ မဟာတောရိုင်း ခန်းမဆိုသည်မှာ၊ သူတို့ကပင် အထင်သေး၍ မရသော၊ အင်အားစုတစ်ခု ဖြစ်သည်။
အင်အားစုနှစ်ခု အကြားတွင်၊ နက်ရှိုင်းသော ဆက်ဆံရေးမရှိသကဲ့သို့၊ မည်သည့်ရန်ငြှိုးမှ ရှိမနေခဲ့ပေ။
“ သွားကြစို့၊ အဲ့ဒီ နတ်တောင်တန်းက လှုပ်ရှားနေပြီ “ ဟု အကြီးအကဲ ဝူယန်မှ စကားဆက်ပြောလာခဲ့၏။
သူတို့သည် ထိုနေရာဆီသို့ ချဥ်းကပ်သွားကြတော့သည်။
နတ်တောင်၏ အပြင်ပိုင်းတွင်၊ အနက်ရောင် ရေများက ၎င်းကို၊ လှည့်ပတ်ဝိုင်းရံနေလျက်ရှိပြီး၊ ၎င်း၏ပတ်ပတ်လည်တွင်လည်း တောင်တန်းများစွာ ရှိနေခဲ့သည်။ ၎င်းတို့၏ အရှိန်အဝါများမှာ ခမ်းနား ထည်ဝါနေလျက်ရှိ၏။
သိပ်မကြာခင် အချိန်ကမှ၊ တစ်စုံတစ်ဦးက၊ ထိုနေရာတွင် ဆုံးပါးသွားသည့်၊ နတ်ဘုရား နယ်ပယ် ကျင့်ကြံသူက ချန်ထားခဲ့သည့်၊ အခွင့်အလမ်းကြီးတစ်ခု ရရှိခဲ့သည်ဟု၊ အကြီးအကဲဝူယန်မှ လုချန်ရှန်းကို ပြောပြခဲ့၏။
ထိုသတင်းက လူတိုင်းကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်၊ သို့သော် နတ်တောင်ဆီသို့ ချဥ်းကပ်သွားသည့် အချိန်မှာပင်၊ အမြင်အာရုံအတွင်းသို့ ကျောက်နံရံတစ်ခု ဝင်ရောက်လာခဲ့သည်။ အဆုံးမဲ့ မှော်စွမ်းအားများ ပေါက်ထွက်နေကာ၊ ၎င်းကို အဆက်မပြတ် တိုက်ခိုက်နေလျက်ရှိ၏။
သူတို့တိုက်ခိုက်နေသည်နှင့်အမျှ၊ ကမ္ဘာမြေက တိုးညှင်းစွာ မြည်ဟီးကာ၊ တောင်နံရံ လှုပ်ခါသွားပြီး၊ ၎င်းထံမှ အလင်းတန်းလေးများ စိမ့်ထွက်လာခဲ့၏။
၎င်းတို့ကို မြင်လိုက်ရသောအခါတွင်၊ ထိုလူအားလုံး ပိုမိုစိတ်လှုပ်ရှားသွားကြသည်။
“ သူတို့က ဘာလုပ်နေကြတာလဲ “ လုချန်ရှန်းမှ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့်၊ မေးမြန်းလိုက်၏။
အကြီးအကဲ ဝူယန်မှ ပြောပြလာခဲ့၏ “ အဲ့တောင်နံရံရဲ့နောက်မှာ စွမ်းအင်တစ်ခုရှိတယ်။ သူတို့က အဲ့တာကို ရဖို့အတွက် ကြိုးစားနေကြတာ “
“ အဲ့တာက ဘာအသုံးဝင်လို့လဲ “
“ အဲ့ဒီစွမ်းအင်က အနက်ရောင်ရေ ကျိန်စာကို ဖြေရှင်းပေးနိုင်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်း ရုတ်တရုက် နားလည်သွားခဲ့တယ် “ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က လူတွေက၊ တော်တော်လေးကို ကြိုးစားနေကြတာက၊ အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
လူတော်တော်များများက ဤနေရာတွင် တိုက်ခိုက်နေလျက်ရှိ၏၊ သို့သော် သူသည် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများကိုသာ၊ မှတ်မိနေခဲ့သည်။ သူကိုယ်တိုင်ကလည်း လူတော်တော်များက ကျိန်စာသင့်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့်၊ ၎င်းက သူနှင့်မည်သို့မျှ သက်ဆိုင်မနေခဲ့ပေ။
---
……………………………………………………………………………………………………………………………