← Chapters

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အပိုင်း ၆၀၄ : လမင်းကို ကဗျာဖွဲ့ခြင်း

ယဲ့ချန်းက တက္ကသိုလ်ကျောင်းအုပ်ကြီးများတွေ့ဆုံပွဲဖိတ်စာကို တစ်ချက်ကြည့်လိုက်သည်။

တက္ကသိုလ်ကျောင်းအုပ်ကြီးများတွေ့ဆုံပွဲကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိသည်။

တကယ်တမ်းတွင်မူ တက္ကသိုလ်ကျောင်းအုပ်ကြီးများ စုဝေးပြီး သူတို့၏ စာပေအနုပညာစွမ်းရည်ကို ထုတ်ဖော်ပြသရန်၊ ကဗျာစပ်ပြိုင်ရန်နှင့် သူတို့၏ယဉ်ကျေးမှုအဆင့်အတန်းကို ကြွားလုံးထုတ်ရုံသက်သက်ပင်။

ထို့ပြင် ဤတွေ့ဆုံပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသလေ့ရှိပြီး တက္ကသိုလ်တစ်ခုချင်းစီ၏ ခမ်းနားထည်ဝါမှုကို ပြသကြသည်။

မူလကတော့ စတားတက္ကသိုလ်မှာ တက်ရောက်ရန် အရည်အချင်းမပြည့်မီခဲ့သော်ငြား လတ်တလော စတားတက္ကသိုလ်မှာ အလွန်ရေပန်းစားလာသည်။

ဟွားချင်းတက္ကသိုလ်နှင့်ပင် ယှဉ်နိုင်သော ဂုဏ်သိက္ခာရှိကျောင်းတစ်ကျောင်း ဖြစ်လာသည့်အတွက် ယဲ့ချန်းကလည်း ဖိတ်ကြားခံရသူများစာရင်းထဲတွင် ပါဝင်လာခဲ့သည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။ သူ့အနေနှင့် ဤသို့သော တွေ့ဆုံပွဲမျိုးကို တကယ်မကြောက်ပေ။

ကဗျာရေးရုံသက်သက်ပဲ မဟုတ်ဘူးလား။

ခေတ်ပေါ်ကဗျာပင်ဖြစ်စေ၊ ရှေးဟောင်းကဗျာပင်ဖြစ်စေ ယခင်ဘဝက ကျောင်းတက်တုန်းက ယဲ့ချန်း အတော်များများကို အလွတ်ကျက်မှတ်ခဲ့ဖူးသည်။

ဤကမ္ဘာတွင်မူ ထိုကဗျာများ မရှိသည့်အတွက် ယဲ့ချန်း သုံးနေသရွေ့ သူ့ကိုယ်ပိုင်ကဗျာများ ဖြစ်နေမည်သာ။

သူနှင့် ယဉ်ကျေးမှုစွမ်းရည်ချင်း လာယှဉ်ပြိုင်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခံရအောင် လုပ်နေသလိုပင်။

ယခုအချိန်တွင် စတားတက္ကသိုလ်က အလွန်နာမည်ကြီးနေသည့်အတွက် လူအများအပြားက သဘောမကျဖြစ်နေကြကြောင်း ယဲ့ချန်း နားလည်ထားသည်။

ဤတစ်ခေါက်တွင်မူ လူတော်တော်များများက ပွဲကြည့်ပရိသတ်လုပ်ရုံသက်သက် ဖိတ်ကြားခံခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ စတားတက္ကသိုလ်ရှိ ယဲ့ချန်း၏ပညာရေးစနစ်က အလွန်ခေတ်ရှေ့ပြေးနေသောကြောင့် အခြားကျောင်းများက လိုက်မမီနိုင်ကြပေ။

တချို့ကျောင်းများဆိုလျှင် စတားတက္ကသိုလ်၏ အောင်မြင်မှုကို အခွင့်ကောင်းယူမှုသက်သက်ဟုသာ သတ်မှတ်ထားကြသည်။

ကျောင်းအုပ်ဖြစ်သူ ယဲ့ချန်းကိုလည်း လူတော်တော်များများက ပို၍ပင်အထင်သေးကြသေးသည်။

မကြာသေးခင်ကမှ ဘွဲ့ရထားသော ကျောင်းသားလေးတစ်ယောက်က ဘယ်လိုယဉ်ကျေးမှုအမွေအနှစ်မျိုး ရှိနိုင်မည်နည်း။

ယဲ့ချန်းက လင်းရှစ်ယင်ကို ပြောလိုက်သည်။

"ရှစ်ယင်... အကြောင်းပြန်စာပို့လိုက်။ ငါ ပွဲတက်မယ်လို့"

ယဲ့ချန်း တက်ရောက်မည့်အကြောင်း ကြားသော် လင်းရှစ်ယင်လည်း အနည်းငယ် စိုးရိမ်သွားသည်။

"ကျောင်းအုပ်ယဲ့... အခုအချိန်မှာ တက္ကသိုလ်ကျောင်းအုပ်တော်တော်များများက ရှင့်အပေါ် အမြင်မကြည်ကြဘူး။ အဲဒါကြောင့် သတိထားပါ"

ယဲ့ချန်းက ခပ်ဖွဖွ ပြုံးလိုက်၏။

"သူတို့က ငါ့ကို ဝါးစားပစ်နိုင်လို့လား။ ငါ့ရှေ့မှာတော့ သူတို့က အမှိုက်တွေပါပဲ။ စိတ်မပူနဲ့"

အခြားလူတစ်ယောက်သာဆိုလျှင် ယဲ့ချန်းကို ကြွားလုံးထုတ်နေသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း လင်းရှစ်ယင်ကတော့ ထိုသို့လုံးဝမထင်ပေ။

သူ(မ)က ယဲ့ချန်း၏ ယုံကြည်မှုအပြည့်ရှိသော အကြည့့်များနှင့် အသားကျနေချေပြီ။ ယဲ့ချန်းက အဆင်ပြေသည်ဟုဆိုလျှင် သေချာပေါက် အဆင်ပြေလိမ့်မည်။

ဤတက္ကသိုလ်ကျောင်းအုပ်ကြီးများတွေ့ဆုံပွဲကို မိုတုတက္ကသိုလ်တွင် ကျင်းပလေသည်။ ကျောင်းသားများကို ကြိုတင်ကျောင်းပိတ်ရက် ပေးထားသည့်အတွက် ကျောင်းတစ်ခုလုံးဝယ် ဧည့်သည်များနှင့် ကျောင်းဝန်ထမ်းများသာ ရှိ၏။

ယဲ့ချန်း ကျောင်းထဲသို့ ဝင်လာချိန်မှာပင် အပေါက်ဝရှိ လုံခြုံရေးထံမှ အတားခံလိုက်ရသည်။

"လူကြီးမင်း... ဝင်ခွင့်ကတ်ပြပါဗျ"

ယဲ့ချန်း အံ့အားသင့်သွားလေသည်။

"ဝင်ခွင့်ကတ်လား။ ကျွန်တော့်ဆီမှာ ဝင်ခွင့်ကတ်မရှိပါဘူး"

တကယ်တော့ သူတို့က အကြောင်းကြားစာကိုသာ ပို့လိုက်ပြီး ဝင်ခွင့်ကတ်ကိုမူ မပို့ပေးခဲ့ချေ။

လုံခြုံရေးက ခေါင်းခါပြလေသည်။

"တောင်းပန်ပါတယ်။ ဝင်ခွင့်ကတ်မပါရင် ဝင်ခွင့်မပြုနိုင်ပါဘူး"

ယဲ့ချန်း၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ငါ့ကို ဖိတ်တုန်းကဖိတ်ထားပြီး ဝင်ခွင့်ကတ်ကျတော့ မပို့ပေးဘူး။ ဒီကောင်တွေက ငါ့ကို သက်သက်မဲ့ပြဿနာရှာချင်နေတာပဲ"

"ကျွန်တော်က ဖိတ်ကြားခံထားရတဲ့ စတားတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးပါ။ သူတို့ ဝင်ခွင့်ကတ်ပို့ပေးဖို့ မေ့သွားတာ ဖြစ်ပါလိမ့်မယ်"

ယဲ့ချန်းလည်း ရှင်းပြလိုက်သည်။

"တောင်းပန်ပါတယ်။ ဝင်ခွင့်ကတ် မပါဘဲနဲ့တော့ ဝင်ခွင့်မပြုနိုင်ပါဘူး"

လုံခြုံရေးက ပြောလေသည်။

ယဲ့ချန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ့ကို ပေးမဝင်ချင်လေလေ သူက ပိုဝင်ချင်လေလေပင်။

အကယ်၍ သူသာ မသွားပါက သူသည် ပေါ်မလာရဲလောက်အောင် ကြောက်နေသည်ဟု သူတို့တစ်သိုက် အကြီးအကျယ် သတင်းလွှင့်ကြလိမ့်မည်ဖြစ်ကြောင်း သူ အတပ်သိသည်။

ယဲ့ချန်းလည်း လင်းရှစ်ယင်ဆီသို့ ဖုန်းဆက်လိုက်သည်။

လင်းရှစ်ယင်က ဆို၏။

"ဒီလူတွေ အရမ်းလွန်လွန်းတယ်။ ကျွန်မ သူတို့ကို ချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်"

မကြာခင်မှာပင် လင်းရှစ်ယင်ထံမှ ဖုန်းပြန်ဝင်လာသည်။

"သူတို့ကို ဆက်သွယ်လို့မရဘူး"

"ကောင်းပြီလေ။ ငါ နားလည်ပြီ။

ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ သေချာပေါက် ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်ကြောင်း သူ သေချာပေါက် သိထားသည်။

တကယ်တမ်းတွင်မူ သူတို့က သူ့ကို မလာစေချင်ကြချေ။

မဟုတ်ပါက သူ့ဆီသို့ ဘာကြောင့်များ ဝင်ခွင့်ကတ် မပို့ဘဲ နေရမည်နည်း။

ယဲ့ချန်း နောက်ဖေးဘက်သို့ လှည့်ထွက်လာခဲ့လိုက်သည်။

မိုတုတက္ကသိုလ်၏ တံတိုင်းများမှာ သိပ်မမြင့်လှသော်ငြား ဤအမြင့်က သာမန်လူများအဖို့ တွယ်တက်ရန် ခက်ခဲလှ၏။

ယဲ့ချန်းကတော့ သာမန်လူမဟုတ်ပေ။

အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ပြီး တံတိုင်းပေါ်သို့ ခုန်တက်လိုက်သည်။

မင်းတို့က ငါ့ကို အဝင်မခံမှတော့ ငါက အတင်းဝင်လာရတော့တာပေါ့...

ယဲ့ချန်းလည်း အစည်းအဝေးခန်းမဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။

ယခုအချိန်တွင် ဧည့်သည်အမြောက်အများ ရောက်ရှိနေကြသည်။

ယဲ့ချန်းလည်း ရင်းနှီးနေသော မျက်နှာတော်တော်များများကို မြင်လိုက်ရ၏။

ထိုအထဲတွင် ယခင်က သူ ဉာဏ်ဆင်၍အနိုင်ယူခဲ့သည် ထိပ်တန်းကျောင်းကြီးရှစ်ကျောင်း၏ ကျောင်းအုပ်ကြီးများလည်း ပါဝင်လေသည်။

ထိုအချိန်မှာပင် မိုတုတက္ကသိုလ်ကျောင်းအုပ်ရှန်ချန်းက ယဲ့ချန်းကို မြင်သွားသဖြင့် ခေတ္တမျှ လှုပ်ရှားမှုရပ်တန့်သွားသည်။

တစ်ဖက်လူ၏အကြည့်အရ ဤလူ့တွင် သေချာပေါက် ပြဿနာရှိကြောင်း ယဲ့ချန်း သိလိုက်သည်။

ရှန်ချန်းက နေရခက်စွာ ပြုံးပြလိုက်သည်။

"ကျောင်းအုပ်ယဲ့... ကြိုဆိုပါတယ်"

သို့သော် ယဲ့ချန်းကမူ ထူးမခြားနားဟန်ဖြင့် ပြောလိုက်၏။

"ကြိုဆိုတယ် ဟုတ်လား။ ခင်ဗျားတို့ သိပ်ကြိုဆိုချင်ပုံမရဘူးလို့ ကျွန်တော် ခံစားမိတယ်။ အပေါက်ဝမှာ လုံခြုံရေးက ကျွန်တော့်ကို အဝင်မခံဘူးလေ"

"အာ... ဘယ်လိုဖြစ်ရတာလဲ။ ဝင်ခွင့်ကတ် မပါဘူးလား"

ရှန်ချန်းက မသိချင်ယောင်ဆောင်နေလေသည်။

ယဲ့ချန်းက ခပ်ပေါ့ပေါ့ပင် ပြန်ပြော၏။

"ဝင်ခွင့်ကတ် ဟုတ်လား။ ကျွန်တော်က ဖိတ်စာပဲ ရခဲ့တာ။ဝင်ခွင့်ကတ် မရဘူး"

"ဘယ်လိုဖြစ်ရတာလဲ။ ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ ပေါ့ဆမှုပဲဖြစ်ရမယ်။ တောင်းပန်ပါတယ်"

ရှန်ချန်းက ဆက်ဟန်ဆောင်၍ ပြောလိုက်သည်။

ယဲ့ချန်းလည်း ရယ်မောလိုက်၏။

"ကိစ္စမရှိပါဘူး။ ကျွန်တော်လည်း အထဲရောက်နေပြီပဲဟာကို"

ရှန်ချန်းက နေရခက်ဟန်ဖြင့် မေးလိုက်လေသည်။

"ကျောင်းအုပ်ယဲ့... ဘယ်လိုဝင်လာခဲ့တာလဲဆိုတာ မေးလို့ရမလား"

ယဲ့ချန်းက အနောက်ဘက်တံတိုင်းကို လက်ညိုးထိုးပြလိုက်၏။

"ဪ...ကျော်တက်လာခဲ့တာလေ။ ကျွန်တော် လာချင်ပြီဆိုရင် ဘယ်သူမှတားလို့မရဘူး"

ထိုအချိန်တွင် အနောက်ဘက်မှ ရယ်မောသံကြီးတစ်သံ ထွက်ပေါ်လာသည်။

"ကျောင်းအုပ်ယဲ့... ကျုပ်တို့ ပြန်တွေ့ကြပြန်ပြီနော်"

စကားပြောလိုက်သူမှာ ကျန်းစုတက္ကသိုလ်ကျောင်းအုပ်ကြီး ကျိုးခွန်းပင်။

ပြီးခဲ့သည့်အကြိမ်တုန်းက သူသည် သူ့ကျောင်းရှိ အတော်ဆုံးလူရည်ချွန်ငါးယောက်ကို စတားတက္ကသိုလ်သို့ စေလွှတ်ခဲ့သည်။

မူလက တိတ်တဆိတ် သွားရောက်လေ့လာခိုင်းရန် ရည်ရွယ်ခဲ့သော်ငြား ခွေးပါးစပ်ထဲသို့ ဖက်ထုပ်ရောက်သွားသလို အပြီးအပိုင် ပျောက်ကွယ်သွားခဲ့သဖြင့် ကျိုးခွန်းခမျာ ရင်ကျိုးမတတ် ခံစားခဲ့ရသည်။

ယခု ယဲ့ချန်းကို မြင်လိုက်ရချိန်ဝယ် ကျိုးခွန်း၏ရင်ထဲ လက်စားချေချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ကျောင်းအုပ်ကျိုး...ခင်ဗျားကို ကျေးဇူးတင်ရဦးမယ်။ ခင်ဗျား ကျွန်တော်တို့ကျောင်းကို လွှတ်လိုက်တဲ့ ကျောင်းသားတွေက တော်တော်ထူးချွန်တာပဲ။ ပရောဂျက်အတော်များများမှာ အဓိကအဖွဲ့ဝင်တွေတောင် ဖြစ်နေကြပြီ"

ကျိုးခွန်းမှာ ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားသည်။

ဤသည်မှာ သူ့ပျော့ကွက်ပင်တည်း။

ထိုလူရည်ချွန်ငါးယောက်ကို ဆုံးရှုံးသွားခြင်းကြောင့် ကျိုးခွန်းခမျာ လဝက်ကျော်ခန့် ရင်နာခဲ့ရသည်။ ယခုမှ မေ့ခါစရှိသေးသော်လည်း ယဲ့ချန်းက အနာကို ပြန်ဆွလိုက်ပြန်လေပြီ။

ကျိုးခွန်းက နေရခက်စွာ ပြုံးလိုက်ပြန်သည်။

"ကျောင်းအုပ်ယဲ့... အဲဒါတော့ မပြောပါနဲ့တော့။ ခင်ဗျားပြောလိုက်တိုင်း ကျုပ် ရင်နာရတယ်။ ဒါနဲ့ ဒီတွေ့ဆုံပွဲရဲ့ အဓိကအကြောင်းအရာက ကဗျာပြိုင်ပွဲလေ။ စတားတက္ကသိုလ်ကျောင်းအုပ်ရဲ့ ခမ်းနားတဲ့ စွမ်းရည်တွေကို ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ ကြည့်ကြရအောင်"

ကျိုးခွန်း၏စကားကို ကြားသော် အခြားကျောင်းအုပ်များအားလုံး ခပ်သဲ့သဲ့ပြုံးလိုက်ကြသည်။

သူတို့ကျောင်းသားဘဝတုန်းက ရှေးဟောင်းစာပေများကို အလွန်တန်ဖိုးထားခဲ့ကြပြီး ကဗျာစပ်ရာတွင်လည်း အောင်မြင်မှုတချို့ ရခဲ့ကြသည်။

ယဲ့ချန်းကတော့ မတူပါချေ။ အသက်နှစ်ဆယ်ကျော်အရွယ်လေးနှင့် ရှေးဟောင်းကဗျာများကို ဘယ်လောက်ကျွမ်းကျင်နိုင်မည်နည်း။ ယဲ့ချန်း ပွဲလာတက်ခြင်းမှာ အရှက်ကွဲရုံသာရှိပေမည်။

မကြာခင်မှာပင် တက္ကသိုလ်ကျောင်းအုပ်များတွေ့ဆုံပွဲကို စတင်လိုက်သည်။

ဤတွေ့ဆုံပွဲက ယခင်ကထက် ပိုခမ်းနားကြီးကျယ်ပေသည်။

ဟွားနိုင်ငံတစ်ဝန်းကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသော ပလက်ဖောင်းများပင် ရှိနေချေသည်။

တက္ကသိုလ်ကျောင်းသား အများအပြားကလည်း သူတို့ကျောင်းအုပ်များ၏ ခမ်းနားလှသော စွမ်းရည်များကို မြင်ချင်လှသောကြောင့် ကွန်ပျူတာရှေ့မှာ ထိုင်စောင့်နေကြသည်။

ချန်းမုက စင်မြင့်ပေါ်သို့ လျှောက်လာလေသည်။

"အားလုံးပဲ တိတ်တိတ်နေပေးကြပါ။ ဒီနေ့ ကျောင်းအုပ်ကြီးများတွေ့ဆုံပွဲရဲ့ အဓိကအကြောင်းအရာက ကဗျာပါပဲဗျ။ ကျွန်တော်တို့ ခေါင်းစဉ်တစ်ခုကို မဲနှိုက်ရွေးချယ်မယ်။ ပြီးရင် တက္ကသိုလ်ကျောင်းအုပ်တစ်ယောက်ချင်းစီက လက်တန်းကဗျာစပ်ဆိုရပါမယ်။ ရေးစပ်ထားတဲ့ ကဗျာတွေကို မဲပေးဖို့အတွက် ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာ ဖော်ပြပေးသွားမယ်။ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ အမျိုးသားယဉ်ကျေးမှုကို မြှင့်တင်ဖို့ပါ။ ပြိုင်ပွဲက ပထမ။ ခင်မင်ရင်းနှီးမှုက ဒုတိယပါပဲ"

အိမ်ရှင်ဖြစ်သူ ရှန်ချန်းက ဘူးတစ်ဘူးနားသို့ ချဉ်းကပ်သွားသည်။

သူက ပြုံးလျက် ပြောလိုက်၏။

"ဒီဘူးထဲမှာ ခေါင်းစဉ်ဆယ်ခု ပါပါတယ်။ အခု ကျွန်တော် တစ်ခုကို မဲနှိုက်ရွေးချယ်ပါတော့မယ်"

ထိုသို့ပြောရင်း ရှန်ချန်းက ဘူးထဲကို လက်နှိုက်ကာ တမင်တကာ မွှေနှောက်လိုက်သည်။

ယဲ့ချန်းကမူ အေးစက်စက် နှာမှုတ်လိုက်သည်။

သရဲတွေကို လာလှည့်စားနေတာပဲ။ အိမ်ရှင်ဖြစ်တဲ့သူက လှည့်စားထားတာတွေကို ဘယ်သူကများ သိနိုင်မှာလဲ။

နောက်ဆုံးမှာတော့ ရှန်ချန်းက စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ဖွင့်ဖတ်ကာ ပြုံးလိုက်လေသည်။

"အားလုံးပဲ... ဒီနေ့အတွက် ကဗျာခေါင်းစဉ်ကတော့ 'လမင်း' ပဲ ဖြစ်ပါတယ်။ လမင်းကို အခြေခံပြီး ကဗျာစပ်ဆိုရမှာပါ။ တိုက်ဆိုင်ချင်တော့ လာမယ့်ဆောင်းဦးလယ်ပွဲတော်ရဲ့ အငွေ့အသက်နဲ့လည်း လိုက်ဖက်နေပါတယ်"

•••••••••••••••••••••••••

အပိုင်း ၆၀၅ : လူငယ်တွေမှာ စာပေယဉ်ကျေးမှု အခြေခံရှိသင့်တယ်

အကြောင်းအရာ ခေါင်းစဉ်ပေးပြီးသည်နှင့် ကျောင်းအုပ်ကြီးများမှာ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ကဗျာများကို ပြင်ဆင်ကြပါတော့သည်။

တချို့က ခေါင်းငုံ့ပြီး နက်နက်နဲနဲ စဉ်းစားနေကြသလို တချို့ကမူ မျက်စိမှိတ်ပြီး ကဗျာကို ပုံဖော်နေကြသည်။

သို့သော် ရှန်ချန်းနှင့်အတူ ရင်းနှီးသူတချို့မှာ ခေါင်းစဉ်ရရချင်းမှာပင် ချက်ချင်းရေးနေကြကြောင်း ယဲ့ချန်း သတိထားမိလိုက်၏။

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့တွေ ဒီခေါင်းစဉ်ကို ကြိုသိထားကြတာ အသိသာကြီး....

ကဗျာစပ်ရန် အချိန်က နာရီဝက်သာ ကန့်သတ်ထားသောကြောင့် ကြိုတင်ပြင်ဆင်ထားသည့် သူတို့အတွက်မူ သိသိသာသာ တစ်ပန်းသာချေသည်။

ထိုအချိန်မှာပင် ယဲ့ချန်းလည်း ဗိုက်ထဲရစ်လာသလို ခံစားရသောကြောင့် သန့်စင်ခန်းဘက်ကို ခဏ ထွက်လာခဲ့လိုက်၏။

ထိုအချိန်မှာပင် တက္ကသိုလ်ကျောင်းအုပ်တော်တော်များများက သူတို့၏ကဗျာများကို ရေးပြီးသွားကြပြီဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် ဝေဖန်အကဲဖြတ်နေကြသည်။

"လောင်ကျိုး... ခင်ဗျားရဲ့ကဗျာက အဓိပ္ပာယ် တော်တော်နက်နဲတာပဲ"

"ဟားဟား... အပျော်သဘော ရေးလိုက်တာပါဗျာ။ လောင်ရှန်း... ခင်ဗျားရဲ့ ကဗျာကမှ အရမ်းလှတာ"

...

သူတို့တစ်သိုက် တစ်ယောက်ကိုတစ်ယောက် မြှောက်ပင့်ပြောဆိုနေကြသည်။

ထိုအချိန်မှာပင် ကျိုးခွန်းက ပတ်ဝန်းကျင်ကို ရုတ်တရက် ဝေ့ကြည့်လိုက်၏။

"ယဲ့ချန်း ဘယ်ရောက်သွားတာလဲ"

"ခုနလေးတင် သူ ခိုးထွက်သွားတာတွေ့လိုက်တယ်"

"ဟားဟား... ကဗျာမစပ်တတ်လို့ အရှက်ကွဲမှာကြောက်ပြီး ထွက်ပြေးသွားတာဖြစ်မှာပေါ့"

"အခုခေတ်လူငယ်တွေကတော့ တကယ့်အပေါ်ယံပါပဲဗျာ"

ယဲ့ချန်းက ကဗျာမစပ်တတ်၍ ထွက်သွားသည်ဟု အားလုံးက တွေးထင်နေကြသည်။

သန့်စင်ခန်းထဲတွင်မူ ယဲ့ချန်းသည် အိမ်သာထိုင်ရင်း ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားပြီးသားကဗျာများကို ဖုန်းထဲကတစ်ဆင့် လိုက်ကြည့်နေချေသည်။

ပိုင်ဟယ်တက္ကသိုလ်ကျောင်းအုပ်၏ ကဗျာက :

"ကောင်းကင်ယံက လမင်းဝိုင်းဝိုင်း

နှလုံးသားထဲ ဆွဲထားသည့်နှယ်

ငါသွားလေရာ လိုက်ပါလို့

ကမ္ဘာမြေနဲ့ ငါ့ရင်ကို အလင်းဆောင်တယ်..."

နန်ဟယ်တက္ကသိုလ်ကျောင်းအုပ်ကြီးကမူ...

"လမင်းဝိုင်းဝိုင်း ပန်းချီကားလို လှတယ်

လမုန့်က ပိုလို့တောင် ဝိုင်းသေးတယ်

လမုန့်စားရင်း လသာတာ ကြည့်မယ်..."

ထိုအချိန်မှာပင်အွန်လိုင်းအသုံးပြုသူများက မဲပေးနေကြလေသည်။

မဲပေးသူအများစုက တက္ကသိုလ်ကျောင်းသားများဖြစ်လေရာ သူတို့၏ ကျောင်းအုပ်များကို မဲပေးနေကြခြင်းပင်။

ယဲ့ချန်း သန့်စင်ခန်းထဲမှ အစည်းအဝေးခန်းမထဲသို့ ပြန်ရောက်လာချိန်ဝယ် ကျောင်းအုပ်တချို့က သူ့အကြောင်း ပြောနေသည်ကို ကြားလိုက်ရ၏။

"ယဲ့ချန်းက ဟာသပဲ။ သူက ကဗျာရေးတတ်လို့လား"

"အခုခေတ်လူငယ်ဘယ်နှယောက်ကများ ကဗျာစပ်တတ်လို့လဲ။ ဘိုးဘွားတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေကို ဒီလူငယ်တွေက အမှိုက်လို ပစ်ပယ်ထားကြတာ"

"ဟုတ်ပဗျာ။ သူ ဘာရေးရေး ကြည့်ချင်စရာရှိမှာမဟုတ်ဘူးလို့ ကျုပ် လောင်းရဲတယ်"

ဤစကားကိုကြားသော် ယဲ့ချန်း မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

ငါက ကဗျာမစပ်တတ်ဘူး ဟုတ်လား။ ငါရေးတာကို ကြည့်လို့မရဘူး ဟုတ်လား။

ယဲ့ချန်းကတော့ ဤအချက်ကို လုံးဝလက်မခံပေ။

ငါ့ဆီမှာ 'ထန်ကဗျာပေါင်းချုပ်သုံးရာ'တောင် ရှိတာပဲ။ မင်းတို့နဲ့ ဘာလို့ မယှဉ်နိုင်ရမှာလဲ။

ယဲ့ချန်းမှာ အစတုန်းက ကဗျာတစ်ပုဒ်ရေးချင်ခဲ့သော်ငြား ဤနေရာတွင် အင်တာနက်လိုင်းမရှိကြောင်း သတိပြုမိလိုက်၏။

ထားလိုက်ပါတော့လေ။

ပထမဆုရလျှင်ပင် ဟန်ပြသက်သက်ဖြစ်လေရာ ယဲ့ချန်းကတော့ ဤကျောင်းအုပ်များနှင့် အပြိုင်အဆိုင်ကြွားလုံးထုတ်ရန် စိတ်မပါချေ။

ယဲ့ချန်းမှာ စာမရိုက်ချင်သောကြောင့် ကဗျာရေးဖို့ လက်လျှော့လိုက်၏။

နာရီဝက် ပြည့်သွားချိန်ဝယ် တွေ့ဆုံပွဲ၏ တရားဝင်အစီအစဉ်ကို စတင်လိုက်သည်။

စင်ပေါ်သို့ ချောမောလှပသော အမျိုးသမီးအစီအစဉ်တင်ဆက်သူတစ်ဦး တက်လာပြီး ပြုံးလျက် ပြောလိုက်၏။

"ကျောင်းအုပ်ကြီးများအားလုံး မင်္ဂလာပါ။ မိုတုမြို့က ကြိုဆိုပါတယ်။ ဒီနေ့ ကျွန်မတို့ရဲ့တွေ့ဆုံပွဲခေါင်းစဉ်ကတော့ ကဗျာပဲ ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးတွေ ရေးထားတဲ့ ကဗျာတွေဟာ အရမ်းထမ်းနားလှပတာကို စင်နောက်မှာ ကျွန်မ တွေ့ခဲ့ရပါတယ်။ အခုတော့ မဲအများဆုံးရထားတဲ့ ထိပ်ဆုံးကျောင်းအုပ်ဆယ်ယောက်ကို စင်ပေါ်ကို ဖိတ်ခေါ်ချင်ပါတယ်"

ရှန်ချန်းက ပထမဆုံး စင်ပေါ်တက်လာပြီး ပြုံးလျက် ပြောလိုက်၏။

"မိတ်ဆွေကျောင်းအုပ်ကြီးများခင်ဗျား..ကျွန်တော်က အိမ်ရှင်ဖြစ်တဲ့အတွက် ရှက်ရှက်နဲ့ပဲ အရင်စလိုက်ပါ့မယ်"

"လေးဖက်လေးတန် လရိပ်ခြုံသည်

ကမ္ဘာမြေကို ငွေရောင်လွှမ်း

ရေပြင်ထက်ဝယ် လရောင်သမ်း

လေပြေဟာ မိုးမခကိုင်းတွေကို ချော့မြှူလျက်ပေါ့"

ရှန်ချန်း၏ ကဗျာက လက်ခုပ်သံတဖြောင်းဖြောင်း ရရှိလိုက်သည်။

"ကျောင်းအုပ်ရှန်ရဲ့ကဗျာက အရမ်းလှတာပဲ"

"ဟုတ်တယ်။ လရောင်ရဲ့ခံစားချက်ကို အပြည့်အဝ ဖော်ကျူးနိုင်တယ်"

"တကယ့်ကို ကဗျာကောင်းတစ်ပုဒ်ပါပဲ"

လူတိုင်း၏ မြှောက်ပင့်စကားများကို နားထောင်ရင်း ရှန်ချန်းက ပြုံးပြုံးကြီး လက်အုပ်ချီ နှုတ်ဆက်၍ စင်ပေါ်က ဆင်းသွားလေသည်။

ကျိုးခွန်းလည်း မပြောဘဲ မနေနိုင်တော့ပေ။

"ကျောင်းအုပ်ရှန်... ခင်ဗျားရဲ့ကဗျာက အဓိပ္ပာယ်ပိုနက်ရှိုင်းလာတယ်နော်"

ရှန်ချန်းက နှိမ့်ချစွာ ဆိုလိုက်၏။

"မဟုတ်ပါဘူးဗျာ။ အကြီးအကဲကျိုးရဲ့ ကဗျာကမှ တကယ့်အနှစ်သာရရှိတာ"

ထို့နောက် အခြားကျောင်းအုပ်ကြီးတချို့လည်း စင်ပေါ်သို့ တက်လာကြသည်။

နောက်ဆုံးတွင်မူ လက်ခုပ်သံများအကြား ကျိုးခွန်း စင်ပေါ်သို့ တက်လာခဲ့သည်။

ကျိုးခွန်းကို 'ကဗျာသူတော်စင်လေး'ဟုပင် ခေါ်ဆိုကြသည်။

သူ့တွင် ကိုယ်ပိုင်ကဗျာပေါင်းချုပ်လည်း ရှိ၏။

ယခု မဲပေးရာတွင်လည်း ကျိုးခွန်း၏ကဗျာက နံပါတ်တစ် ရနေပေသည်။

စင်ပေါ်သို့ ရောက်သောအခါ ကျိုးခွန်းက ချောင်းတစ်ချက်ဟန့်ပြီး သူ့ကဗျာကို စရွတ်ဆိုပါတော့သည်။

"လမင်းဝိုင်းဝိုင်း ထွက်ပေါ်လာ

တောင်ပိုင်းတောင်ကုန်းမှာ...

နှင်းမြူတွေကြား မိုးတွေကြား

မိုင်ပေါင်းထောင်ချီ လေပြင်းကြား

လရိပ်တွယ်ချိတ် ယွီမင်ဂိတ်"

ကျိုးခွန်း၏ ကဗျာကို ကြားပြီးနောက် ပရိသတ်များထံမှ မိုးခြိမ်းသံအလား လက်ခုပ်သံများ ထွက်ပေါ်လာသည်။

"ကျောင်းအုပ်ကျိုး ဆိုတဲ့အတိုင်းပါပဲ။ တကယ့်ကဗျာကောင်းပဲ"

"သေချာပေါက် ပထမဆုရပြီပဲ"

ကျိုးခွန်း၏ကဗျာက စင်စစ်ကောင်းလွန်းလှသောကြောင့် လူတိုင်း အံ့ဩသွားကြသည်။

အစီအစဉ်တင်ဆက်သူကလည်း စင်ပေါ်တက်လာလေသည်။

"အကြီးအကဲကျိုးရဲ့ ကဗျာက အံ့ဩဖို့ကောင်းလိုက်တာ။ ကဗျာသရုပ်ဖော်ပုံက အရမ်းလှတယ်"

ကျိုးခွန်း ခပ်ဖွဖွပြုံးလိုက်သည်။

"အမှတ်မထင် ရေးလိုက်တာပါ။ သာမန်ပါပဲ"

"အပျော်ရေးတာတောင် ဒီလောက်ကောင်းတာ။ ကျောင်းအုပ်ကျိုးကတော့ ပြောင်မြောက်လွန်းပါတယ်"

ထိုအချိန်မှာမူ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင်လည်း အုန်းအုန်းကျက်ကျက်ဖြစ်နေချေသည်။

"ငါတို့ကျောင်းအုပ်ကျိုးကတော့ အလန်းပဲ"

"ဒီကဗျာကို ဘယ်သူယှဉ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

"ဒါက ရာစုနှစ်နဲ့ချီပြီး သက်တမ်းရှိတဲ့ ကျောင်းတော်ရဲ့ အမွေအနှစ်ပဲ။ ဟိုစတားတက္ကသိုလ်ထက် အများကြီးသာတယ်"

စတားတက္ကသိုလ်ကို တိုက်ခိုက်နေကြောင်း မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည့် စတားတက္ကသိုလ်ကျောင်းသားများလည်း မခံမရပ်နိုင်ဖြစ်သွားသည်။

"ငါတို့စတားတက္ကသိုလ်က ဘာဖြစ်နေလို့လဲ။ ရာစုနှစ်နဲ့ချီပြီး သက်တမ်းရှိတော့ရော ဘာဖြစ်လဲ။ ခေတ်တွေက ပြောင်းလဲနေပြီ"

"မင်းတို့ စတားတက္ကသိုလ်ကျောင်းအုပ်ရဲ့ ကဗျာက ဘယ်မှာလဲ။ အဆင့်တစ်ရာထဲတောင် မပါဘူးထင်တယ်။ သူ ကဗျာမစပ်တတ်တာ သိသာပါတယ်ကွာ"

စတားတက္ကသိုလ် ကျောင်းသားများမှာ ရုတ်တရက် ဆွံ့အသွားလေသည်။

သူတို့ အဆင့်သတ်မှတ်ချက်များကို လိုက်ကြည့်ထားသော်ငြား ယဲ့ချန်းရေးထားသည့် ကဗျာတစ်ပုဒ်မှပင် မတွေ့ရပါချေ။

ကျိုးခွန်းကမူ ယခုအချိန်တွင် စကားကြီးစကားကျယ်များ ပြောနေဆဲပင်။

"တချို့တက္ကသိုလ်ကျောင်းအုပ်တွေက ရိုးရာယဉ်ကျေးမှုကို တန်ဖိုးမထားဘဲ လှည့်ကွက်တွေနဲ့ပဲ အလုပ်လုပ်ချင်ကြတယ်။ အဲဒီလိုလူငယ်တွေကို ကျုပ် အကြံပေးချင်တာက အမျိုးသားစာပေတွေကို ပိုဖတ်ကြဖို့၊ ယဉ်ကျေးမှုအသိပညာတိုးအောင်လုပ်ကြဖို့နဲ့ ခဏတာအောင်မြင်မှုကို ကြည့်ပြီး မာနမကြီးကြဖို့ပါပဲ"

ယဲ့ချန်းခမျာ ပြောစရာစကားလုံးပင် ပျောက်သွားလေသည်။

သေစမ်း... ငါက သူ့ကို ဘာသွားလုပ်မိလို့လဲ။ ဒါက ငါ့ကို သက်သက်ပစ်မှတ်ထားပြီး ပြောနေတာပဲ။

ထိုနေရာရှိ ကျောင်းအုပ်များမှာ အသက်လေးဆယ်ကျော်များချည်းသာ။ အသက်နှစ်ဆယ်ကျော်ဟူ၍ ယဲ့ချန်းတစ်ယောက်တည်းသာ ရှိသောကြောင့် မည်သူ့ကို ပြောနေသလဲဆိုသည်မှာ အထူးထင်ရှားလှသည်။

ကျိုးခွန်း၏ စကားများကို ကြားသော် စတားတက္ကသိုလ်ကျောင်းသားများလည်း လုံးဝ မကျေမနပ် ဖြစ်သွားကြသည်။

"ကျန်းစုတက္ကသိုလ်ကျောင်းအုပ်ကြီးက ဘာသဘောလဲ"

"ဟုတ်တယ်။ ကဗျာနည်းနည်းရေးတတ်တာနဲ့ပဲ ဒီလောက် ဖြစ်နေရလား"

"ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာလေ။ သူများကျောင်းအုပ်ကြီးကို လူပုံအလယ်မှာ ပေါ်တင် ဝေဖန်တာကတော့ လွန်လွန်းတယ်"

စတားတက္ကသိုလ်ကျောင်းသား တော်တော်များများဟာ မခံမရပ်နိုင်ဖြစ်ပြီး ဒေါသတကြီး ဖြစ်နေကြ၏။

သို့သော် ယဲ့ချန်းက အဆင့်စာရင်းထဲတွင် တကယ်

မပါသည့်အတွက် သူတို့မှာ ဒေါသထွက်နေရုံကလွဲလို့ ပြန်မချေပနိုင်ချေ။

ကျိုးခွန်းက အလွန်ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်ခြင်းပင်။ ဤအခွင့်အရေးကို အသုံးချပြီး ယဲ့ချန်းကို ကောင်းကောင်း ပညာပေးချင်နေခြင်းသာ။

မင်း ငါ့ဆီက လူရည်ချွန်ငါးယောက်ကို ဆွဲခေါ်သွားပြီး ငါတို့ကျန်းစုတက္ကသိုလ်ကို အဆင့်သုံးဆင့်လောက် ကျသွားစေခဲ့တယ်။ ငါက မင်းကို အေးအေးဆေးဆေး နေခွင့်ပေးမယ်များ ထင်နေလား။

ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လိုက်လေသည်။

"ကျားက မဟိန်းဟောက်တာနဲ့ပဲ ခွေးက လာအထင်သေးနေတော့တာ။ ငါ့ကို ဟယ်လိုကစ်တီလေးများမှတ်နေလား"

ထိုအချိန်မှာပင် မိုတုတက္ကသိုလ်ကျောင်းအုပ်ရှန်ချန်းက ဘေးက ဝင်ထောက်ခံလိုက်၏။

"ဟုတ်တယ်။ အမျိုးသားစာပေဆိုတာ ငါတို့ရဲ့ အနှစ်သာရပဲ။ ကျောင်းအုပ်တချို့က အထူးသဖြင့် လူငယ်တချို့အနေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပိုလေ့လာသင့်ပါတယ်။ ကဗျာတစ်ပုဒ်တောင် မစပ်တတ်တာကတော့ တကယ်ရှက်စရာပဲ"

သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ထောက်ခံအားပေးပြီး ပြောနေကြသည်။ နာမည်တပ်မပြောသော်ငြား ယဲ့ချန်းကို ရည်ရွယ်ပြောနေကြောင်း လူတိုင်း သိကြသည်။

သူတို့၏ရည်ရွယ်ချက်ကို လူအများက နားလည်ကြသော်ငြား တချို့ကတော့ မကြည့်ရက်ကြပါချေ။

ယဲ့ချန်း၏ဘေးတွင် ရပ်နေသော ချန်းမုက ပြောလိုက်လေသည်။

"ရှောင်ယဲ့... ဒီလိုစာပေသမားတွေက ဒီလိုပါပဲ။ စိတ်မဆိုးပါနဲ့"

ယဲ့ချန်းက ပြုံးလျက် ဆိုလိုက်လေသည်။

"ကျွန်တော် အဆင်ပြေပါတယ်။ သူတို့က ကျွန်တော့်ကို ကဗျာတစ်ပုဒ် စပ်စေချင်နေမှတော့ ကျွန်တော် စပ်ပေးရမှာပေါ့"

ထို့နောက် ယဲ့ချန်းက စင်ပေါ်ကို ဦးတည်၍ လျှောက်သွားပါတော့သည်။

ချန်းမုလည်း သူ့ကို မတားနိုင်လိုက်ပေ။

"ယဲ့ချန်း... စိတ်လိုက်မာန်ပါမလုပ်နဲ့နော်"

ယဲ့ချန်းသည် ကျောင်း၏ မျက်နှာစာဖြစ်နေသဖြင့် စိတ်လိုက်မာန်ပါ လုပ်မိပြီး စင်ပေါ်မှာ ဟားတိုက်ခံရမည့် ကဗျာမျိုးရေးမိလျှင် အကြီးအကျယ် အရှက်ကွဲသွားနိုင်သည်။

•••••••••••••••••••••••••

အပိုင်း ၆၀၆ : ယဲ့ချန်း၏ ကဗျာ

ယဲ့ချန်း စင်မြင့်ပေါ်သို့ တက်လှမ်းသွားချိန်တွင်မူ အခမ်းအနားတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

တကယ်တမ်းတွင် ကျိုးခွန်းပြောသွားသည့် လူငယ်က ဘယ်သူလဲဆိုသည်ကို လူတိုင်းသိကြသည်။

သို့သော်လည်း ယဲ့ချန်းက စင်ပေါ်သို့ တက်ရဲလိမ့်မည်မဟုတ်ဟု လူအများက ထင်ထားခဲ့ကြသည်။

သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် ယဲ့ချန်းက စင်မြင့်ဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားခဲ့သည်။

ဒါက ဘာသဘောလဲ။

ယဲ့ချန်းက လက်တုံ့ပြန်ဖို့ ရည်ရွယ်နေတာများလား။

လူအများ၏ မျက်လုံးထဲတွင်မူ မျှော်လင့်စောင့်စားနေသည့် အရိပ်အယောင်များ လင်းလက်နေချေသည်။

အချို့ဆိုလျှင် နောက်ပြောင်လေဟန်ဖြင့် လှမ်းအော်လိုက်သေးသည်။

"ကျောင်းအုပ်ယဲ့..ခင်ဗျားလည်း ကဗျာတစ်ပုဒ်လောက် ရေးပါလား"

မြင်ကွင်းကား အနည်းငယ် ပွက်လောရိုက်သွားသည်။

လူတိုင်း၏ အကြည့်များအောက်မှာပင် ယဲ့ချန်းက စင်မြင့်ထက်သို့ တစ်လှမ်းချင်းစီ လျှောက်သွားချေသည်။

ထိုအချိန်မှာ လူအတော်များများ အံ့အားသင့်သွားကြသည်။

တကယ်တော့ ယခုလိုအချိန်မျိုးမှာ ယဲ့ချန်းအတွက် အကောင်းဆုံးရွေးချယ်မှုက စင်အောက်တွင် မသိချင်ယောင်ဆောင်နေရန်ပင်။

မည်သို့ပင်ဖြစ်စေ ကျိုးခွန်း၏ကဗျာက ယခုဆိုလျှင် အဆင့်တစ်နေရာသို့ ရောက်နေပြီမဟုတ်လော။

ယဲ့ချန်း၏ စွမ်းဆောင်ရည်ကသာ တစ်ဖက်လူလောက် မကောင်းခဲ့ပါက အရှက်ကွဲရုံသာ ရှိလိမ့်မည်။

ယဲ့ချန်း စင်ပေါ်ရောက်လာသည်ကို မြင်သော် အစီအစဉ်တင်ဆက်သူလည်း အံ့အားသင့်သွားပြီး နေရခက်စွာ မေးလိုက်၏။

"မစ္စတာယဲ့... ရှင်ရော ကဗျာစပ်ဖို့ အစီအစဉ်ရှိလို့လား"

လက်ရှိအချိန်မှာ ယဲ့ချန်းက ပညာရေးလောကတွင် အလွန်ရေပန်းစားနေသည့်အတွက် လူတော်တော်များများက မနာလိုဝန်တိုပြီး အငြိုးအတေးများ ထားနေကြသည်။

ယဲ့ချန်းကမူ စည်းဘောင်ကို သိဟန်မတူချေ။

ကျိုးခွန်းဆိုသည်မှာ ဟွားနိုင်ငံစာရေးဆရာများအသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကဗျာဆရာများအသင်း၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်၏။

ယဲ့ချန်းက မည်မျှအရည်အချင်းရှိနေပါစေ။ သူ့ကဗျာက ကျိုးခွန်း၏ ကဗျာထက် ပိုကောင်းနိုင်မည်လော။

ယဲ့ချန်း စင်ပေါ်တက်သွားခြင်းမှာ သူ့ကိုယ်သူ အရှက်ခွဲဖို့သက်သက်သာဖြစ်သည်ဟု လူတော်တော်များများက ယုံကြည်နေကြသည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"အားလုံးက ကဗျာစပ်နေကြမှတော့ ကျွန်တော်ပါ တစ်ပုဒ်လောက် ဝင်မရေးရင် လူရာမဝင်သလို ဖြစ်မနေဘူးလား"

ယဲ့ချန်း၏စကားကို ကြားသော် အစီအစဉ်တင်ဆက်သူက နေရခက်ဟန်ဖြင့် ရယ်မောလိုက်သည်။

"ဒါဆိုရင် မစ္စတာယဲ့ချန်းရဲ့ကဗျာကို တင်ဆက်ပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်"

လူအုပ်ကြီး၏ အနည်းငယ် အံ့အားသင့်နေသော အကြည့်များအောက်မှာပင် ယဲ့ချန်းက စင်မြင့်အလယ်သို့ လျှောက်သွားလေသည်။

စလိုက်မီးက ယဲ့ချန်းအပေါ် ကျရောက်လာချိန်ဝယ် မျက်လုံးကို ညင်သာစွာ မှိတ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားလိုက်သည်။

ချက်ချင်းဆိုသလိုပင် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ယဲ့ချန်း၏ ပုံရိပ်က အပြစ်ဆိုဖွယ်ရာ မရှိလောက်အောင် ပြည့်စုံလွန်းလှသည်။ စင်မြင့်အလယ်တွင် ရပ်နေသော သူသည် ရှင်သန်ပြန်ထမြောက်လာတဲ့ ကဗျာနတ်မင်းတစ်ပါးအလား နတ်ဘုရားနှယ် သာလွန်မြင့်မြတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

သူအရှက်ကွဲသည်ကို ကြည့်ချင်နေကြသော လူအုပ်ကြီးကို ငုံ့ကြည့်ရင်း ယဲ့ချန်း၏ နှုတ်ခမ်းတစ်ဖက်ကား တွန့်ကွေးသွားသည်။

ငါ့မှာ ယဉ်ကျေးမှုအသိပညာ မရှိဘူးလို့ မင်းတို့ ပြောခဲ့ကြတယ်မလား။

လူငယ်တွေက ပညာဆက်သင်ဖို့ လိုသေးတယ်လို့ မင်းတို့ ပြောခဲ့ကြတယ်မလား။

ဒါဆိုရင် ယဉ်ကျေးမှုအသိပညာဆိုတာ ဘာလဲဆိုတာကို ငါ ပြပေးမယ်။

တကယ်တမ်း ပညာဆက်သင်ဖို့ လိုအပ်နေတာ ဘယ်သူလဲဆိုတာကို မင်းတို့ကို နားလည်အောင် လုပ်ပြမယ်။

အစီအစဉ်တင်ဆက်သူပင် ယဲ့ချန်းကြောင့် အံ့ဩမှင်တက်သွားသည်။

အကြောင်းမှာ စင်မြင့်ပေါ်ရှိ ယဲ့ချန်း၏တည်ရှိမှုက အလွန်ပြီးပြည့်စုံလွန်းလှသောကြောင့်ပင်။

ယဉ်ကျေးသိမ်မွေ့ပြီး ယုံကြည်မှုအပြည့်ရှိနေသည်ဖြစ်ရာ ရင်ခုန်သွားစေနိုင်သည်။

အစီအစဉ်တင်ဆက်သူက ထောက်ထားညှာတာစွာဖြင့် ပြောလိုက်၏။

"မစ္စတာယဲ့... ကဗျာဖန်တီးဖို့အတွက် အချိန်ငါးမိနစ်ပေးလို့ရပါတယ်"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"မလိုပါဘူး"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ အစီအစဉ်တင်ဆက်သူလည်း ဆွံ့အသွားသည်။

ကျိုးခွန်းက အေးစက်စက် နှာမှုတ်လိုက်၏။

"ဟန်ရေးပြနေတာပါကွာ"

ရှန်ချန်း၏ နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးတစ်ပွင့် ရှိနေချေသည်။

"သူ ဘယ်လိုကဗျာမျိုး ရေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

ယဲ့ချန်းက လမင်းကို အဓိကထားသည့် အကြောင်းအရာခေါင်းစဉ်ကို ကြည့်လိုက်သည်။

ယခင်ဘဝက ကဗျာဆရာများမှာ လမင်းနှင့်ပတ်သက်သည့် ကဗျာများကို ရေးစပ်ခဲ့ကြသည်။

သို့သော် နာမည်အကြီးဆုံးကတော့ "ရေပြင်တေးသွားကဗျာ"ပင်။

ခင်ဗျားတို့က အရှက်ကွဲချင်နေမှတော့ ဒီကဗျာကိုသုံးပြီး ခင်ဗျားတို့မျက်နှာတွေကို ရောင်ကိုင်းသွားတဲ့အထိ ရိုက်ချပေးရတာပေါ့။

ထိုအချိန်တွင်မူ ပရိသတ်များက ယဲ့ချန်းကို ကြည့်နေကြသည်။ တချို့က လှောင်ပြောင်ချင်နေကြပြီး အချို့ကမူ အများကြီးမျှော်လင့်နေကြသည်။ အထူးသဖြင့် စတားတက္ကသိုလ်က ကျောင်းသားများကမူ ယဲ့ချန်းအတွက် စိုးရိမ်ပူပန်နေကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့၏ကျောင်းအုပ်ကြီး ကဗျာစပ်သည်ဟုလည်း တစ်ခါမှ မကြားဖူးခဲ့ကြချေ။

ယဲ့ချန်းကမူ မျက်လုံးမှိတ်ပြီး ခဏစဉ်းစားပြီးနောက် ကဗျာကို စတင်ရွတ်ဆိုလိုက်သည်။

"ဘယ်အချိန် စန္ဒာလမင်း ကြွမြန်းလာမလဲ

ဝိုင်ခွက်တစ်ဖက်နဲ့

မိုးပြာရောင်ကောင်းကင်ကို

မေးမိပါရဲ့...

ကောင်းကင်နန်းတော်မှာ

ိိဒီညဟာ ဘယ်နှစ်လဲဆိုတာ သိချင်စမ်းပါဘိ"

ယဲ့ချန်း ကဗျာစရွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဘုရားရေ... ဒီကဗျာက တကယ်ထူးချွန်ပြောင်မြောက်လွန်းတယ်။

သူတို့ကိုယ်သူတို့ စာပေအနုပညာမှာ အရည်အချင်းရှိသည်ဟု ယုံကြည်ထားကြသော ကျောင်းအုပ်ကြီးများပင် ယဲ့ချန်း၏ ပထမဆုံး စာကြောင်းကို ကြားလိုက်ရသောအခါ လက်ဖျားခါလောက်အောင် အံ့ဩမှင်တက်သော ခံစားချက်မျိုး ဖြစ်သွားကြသည်။

ယဲ့ချန်းက ကဗျာကို ဆက်လက်ရွတ်ဆိုနေချေသည်။

"လေဟုန်စီးပြီး ပြန်သွားချင်ပေမဲ့

သလင်းကျောက်ရဲတိုက်တွေနဲ့ ကျောက်စိမ်းခန်းမဆောင်တွေကို ငါ ကြောက်ရွံ့မိတယ်။

ဟိုးအမြင့်ကြီးမှာဆိုတော့ အအေးဒဏ်လည်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလေ"

ထိုအချိန်မှာတော့ ယဲ့ချန်းကို အထင်သေးခဲ့ကြသူအားလုံး ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်နေကြသည်။

ယဲ့ချန်းကမူ ကဗျာဆက်ရွတ်နေသည်။

"အနီရောင်စံအိမ်တော်ကို လှည့်ပတ်ဖြတ်သန်း..

ထွင်းထုထားတဲ့ ပြတင်းပေါက်တွေအောက် ဝင်ရောက်ရင်း..

အိပ်မပျော်သူများအပေါ် အလင်းဖြာကျလေရဲ့။ အငြိုးအတေးတွေ မရှိသင့်ပါဘူးလေ...

ဒါပေမဲ့ ခွဲခွာရတဲ့ အချိန်တွေမှာမှ သူက ဘာလို့ အမြဲတမ်းပြည့်ဝန်းနေရတာလဲ"

...

"လူတွေ အသက်ရှည်ဖို့ ငါ မျှော်လင့်ပါတယ်

မိုင်ပေါင်းထောင်ချီ ကွာဝေးနေပေမဲ့

လမင်းသော်တာရဲ့ အလှတရားကို

အတူတကွ မျှဝေခံစားနိုင်ကြပါစေ"

နောက်ဆုံးစာကြောင်းကို ရွတ်ဆိုပြီးသွားသောအခါတွင်မူ ခန်းမတစ်ခုလုံး ပေါက်ကွဲထွက်မတတ် ဆူညံသွားခဲ့သည်။

လူတိုင်းက ယဲ့ချန်း၏ကဗျာကြောင့် လုံးဝအံ့ဩမှင်တက်သွားသည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ မှတ်ချက်များပင် ချက်ချင်း ရှင်းလင်းသွားသည်။

ဘေးနားရှိ အမျိုးသမီးအစီအစဉ်တင်ဆက်သူလည်း ဆွံ့အသွားလေသည်။ ယဲ့ချန်း၏ကဗျာကြောင့် သူ(မ) လုံးဝစိတ်လှုပ်ရှားသွားသည်။

ဤကဗျာက စင်စစ်ထူးချွန်ပြောင်မြောက်လွန်းလှသည်။

နောက်ဆုံးတွင်မူ မည်သူ စလိုက်မှန်းမသိသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။

ထို့နောက် မိုးခြိမ်းသံအလား လက်ခုပ်သံများက ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"ကျောင်းအုပ်ယဲ့က အံ့ဩစရာကောင်းလိုက်တာ"

"ကျောင်းအုပ်ယဲ့ရဲ့ကဗျာက ကောင်းလိုက်တာ"

"ဒီကဗျာက အရမ်းလှပလွန်းတယ်"

"ဒီကဗျာကြောင့် ငါ ရင်တောင်ခုန်သွားတယ်"

ပရိသတ်ထဲရှိ လင်းရှစ်ယင်လည်း လုံးဝအံ့ဩမှင်သက်သွားသည်။

ဤသည်မှာ ယဲ့ချန်း ကဗျာစပ်သည်ကို သူ(မ) ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

သို့သော် ဤကဗျာက စင်စစ်အံ့မခန်းပင်။

အထူးသဖြင့် နောက်ဆုံးစာကြောင်းဖြစ်သည့် "လူတွေ အသက်ရှည်ရှည်နေနိုင်ဖို့"နှင့် "လမင်းရဲ့အလှတရားကို အတူတကွမျှဝေခံစားကြဖို့"ဆိုသည်မှာ ထာဝရဆန်သော ဂန္တဝင်မြောက်လက်ရာပင်။

စတားတက္ကသိုလ်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကျောင်းသားများမှာ လုံးဝရူးသွပ်သွားကြသည်။

"ဝိုး... ကျောင်းအုပ်ယဲ့... ခင်ဗျားက အရမ်းအရည်အချင်းရှိတာပဲ"

"အံ့ဩဖို့ကောင်းလိုက်တာ ကျွန်တော့်ရဲ့ ကျောင်းအုပ်ယဲ့ရေ... ခင်ဗျားအတွက် အရမ်းဂုဏ်ယူတာပဲ"

"ငါတို့စတားတက္ကသိုလ်က ယဉ်ကျေးမှုအသိပညာ မရှိဘူးလို့ ခုနက ဘယ်သူပြောလိုက်တာလဲ"

"ကျောင်းအုပ်ယဲ့က ကဗျာနတ်ဘုရားတစ်ပါးပဲ"

...

ပြောရမည်ဆိုလျှင် ဤကဗျာက ဤကမ္ဘာမှာပင် ယုံမှားသံသယမရှိလောက်အောင် ဂန္တဝင်မြောက်လှသော ကဗျာတစ်ပုဒ်ပင်။

ဤကဗျာ၏ ပြောင်မြောက်မှုက စာကြောင်းတိုင်းကို နတ်ဘုရားများ ဖန်တီးထားသည့်နှယ် ကောင်းကင်ဘုံလက်ရာများဖြစ်နေပြီး ဤသို့သော အနုပညာဖန်တီးနိုင်စွမ်းကား သာမန်လူများ လက်လှမ်းမမီနိုင်သော အရာဖြစ်သည်ဟု ဆိုနိုင်သည်။

ဤကဗျာကို ပြီးပြည့်စုံလွန်းသော အရာတစ်ခုအဖြစ်ပင် ဖော်ပြနိုင်သည်ဟု ဆိုနိုင်လေသည်။

ထိုအချိန်ဝယ် အစပိုင်းတုန်းက ယဲ့ချန်းကို အထင်မကြီးခဲ့ကြသော အချို့ကျောင်းအုပ်ကြီးများလည်း အမြင်လုံးဝပြောင်းသွားချေပြီ။

သူတို့က ယဲ့ချန်းကို ထိတ်လန့်အံ့ဩမှုများအပြင် အံ့မခန်းဖြစ်နေလေဟန် အမူအရာများဖြင့် ကြည့်နေကြသည်။

ရှန်ချန်းလည်း လုံးဝကြောင်အသွားသည်။

သူ့ကဗျာမှာ သူ ရက်ပေါင်းများစွာ စဉ်းစားခဲ့ရခြင်းပင်။ ယဲ့ချန်း၏ကဗျာကမူ ဤနေရာတင် ချက်ချင်း စပ်ဆိုခြင်းဖြစ်ချေသည်။

အရေးအကြီးဆုံးကမူ ယဲ့ချန်း၏ကဗျာထဲရှိ အနုပညာဖန်တီးမှုစိတ်ကူးက စင်စစ်လှပလွန်းသည်။

ဤသို့သော စာပေအနုပညာစွမ်းရည်မျိုးက ဟွားနိုင်ငံ၏ ကဗျာလောကတစ်ခုလုံးမှာပင် ရှာတွေ့ရန် ခက်ခဲလှသည်။

"ကျောင်းအုပ်ယဲ့က အံ့ဩဖို့ကောင်းလိုက်တာ"

"ကျောင်းအုပ်ယဲ့ရဲ့ကဗျာက အရမ်းလှတာပဲ"

"ကျောင်းအုပ်ယဲ့ရဲ့ကဗျာကို ကြားပြီးတဲ့နောက် အရင်ကဗျာတွေအကုန်လုံး အမှိုက်ဖြစ်သွားသလိုပဲ"

ထိုအချိန်ဝယ် တိုက်ရိုက်ထုတ်လွှင့်ရေး ပလက်ဖောင်းပေါ်ရှိ မှတ်ချက်များမှာ လျင်မြန်စွာ ပြေးလွှားနေတော့သည်။

စတားတက္ကသိုလ်တစ်ခုတည်းသာမက အခြားတက္ကသိုလ်များရှိ ကျောင်းသားများပင် ယဲ့ချန်းကို ကြိုက်နှစ်သက်ကြောင်း ပြသနေကြသည်။

ထိုအထဲတွင် ကျန်းစုတက္ကသိုလ်ရှိ ကျောင်းသားများပင် ပါဝင်နေသေးသည်။

အဓိကကတော့ ကျိုးခွန်းသည် အစပိုင်းတုန်းက အလွန်ဘဝင်မြင့်လွန်းနေသောကြောင့်ပင်။

သူသည် အထက်စီးက ဆရာလုပ်သည့် လေသံမျိုးနှင့် အမြဲပြောဆိုတတ်သည်။

ယခု ယဲ့ချန်း လှုပ်ရှားလိုက်ချိန်ဝယ် သူက တစ်ဆင့်ပိုမြင့်နေကြောင်း ထင်ရှားသွားသည်။

တကယ်တော့ အစောတုန်းက ကျိုးခွန်း၏ စကားများမှာ နည်းနည်းလွန်သွားသည်ဟု လူတော်တော်များများ ထင်ကြသည်။

မည်သို့ပင်ဖြစ်စေ ကျောင်းအုပ်ကြီးများနှင့် ဟွားနိုင်ငံရှိ ကျောင်းသားထုတစ်ရပ်လုံးနီးပါး၏ ရှေ့မှောက်တွင် ယဲ့ချန်းကို ဝေဖန်ခဲ့ခြင်းကား အနိုင်ကျင့်နေခြင်းဖြစ်ကြောင်း သိသာလှသည်။

သို့သော် ချက်ချင်းဆိုသလိုပင် ယဲ့ချန်းက နတ်ဘုရားတစ်ပါး၏ လက်ရာနှယ် ကောင်းမွန်လှသော ကဗျာတစ်ပုဒ်နှင့် တစ်ဖက်လူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချနိုင်ခဲ့သည်။

ဤခံစားချက်မျိုးက ငယ်ရွယ်နုပျိုသော ကျောင်းသားများကို မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားစေသည်။

ထိုအချိန်မှာ အစီအစဉ်တင်ဆက်သူကလည်း သတိပြန်ဝင်လာပြီး ပြောလိုက်၏။

"ကျောင်းအုပ်ယဲ့ရဲ့ကဗျာက အရမ်းအံ့ဩဖို့ကောင်းလွန်းတယ်။ ကျွန်မတို့ကို ဒီ 'ရေပြင်တေးသွားကဗျာ'ကို တင်ဆက်ပေးခဲ့တဲ့ မစ္စတာယဲ့ကို ကျေးဇူးတင်ပါတယ်။ ကဲ အဆင့်သတ်မှတ်ချက်တွေကို ထပ်ကြည့်လိုက်ကြရအောင်"

အဆင့်သတ်မှတ်ချက်များက ဖန်သားပြင်ကြီးပေါ်မှာ ပေါ်လာသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

အကြောင်းမှာ အဆင့်သတ်မှတ်ချက်များ ပြောင်းလဲသွားပြီး ယဲ့ချန်းက မဲအရေအတွက် ၂၈၀၀၀၀နှင့် ပထမနေရာကို ခုန်တက်ကာ ဒုတိယနေရာရှိ ကျိုးခွန်းကမူ မဲအရေအတွက် ၂၀၀၀၀သာ ရရှိခဲ့သည်။

ယဲ့ချန်းက ကျိုးခွန်းကို အပြတ်အသတ်အနိုင်ပိုင်းပစ်လိုက်ခြင်းပင်။

ကျိုးခွန်း၏ မျက်နှာမှာမူ ဖြူရော်သွားပြီး အလွန်အမင်း မကျေမနပ်ဖြစ်နေဟန်ပင်။

•••••••••••••••••••••••••••

All Chapters