အခန်း (၆၁၃-၆၁၅)
Vol. 41 Ch. 613-615
အပိုင်း ၆၁၃ : သူက ငါတို့သူဌေးပဲ
ခြေတံရှည်အလှလေးမှာ အပြင်ဘက်ရှိ သားနားထည်ဝါစွာ ပြင်ဆင်ထားသော ဧည့်ခံရေးအကြိုအဆိုကို မြင်ပြီး မှင်တက်သွားသည်။
"ဝိုး... ဒါတွေအားလုံးက ရှင့်အတွက်လား"
လော့ဖေးက ခေါင်းပြညိတ်လိုက်၏။
"ဟုတ်တယ်။ ဒါပေမဲ့ ဒါက သာမန်မြင်ကွင်းတစ်ခုပါ။ ကိုယ်က သူတို့ကို သာမန်ပဲနေကြပါလို့ ပြောထားပေမဲ့ သူတို့က နားမထောင်ကြဘူးလေ"
ထို့နောက် လော့ဖေးက ခြေတံရှည်အလှလေးအား ဆက်ကြွားလုံးထုတ်နေပြန်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် ကိုယ် ဒူဘိုင်းကိုသွားတုန်းကဆိုရင် ရဟတ်ယာဉ်နဲ့ လာကြိုကြတာ။ အခုလိုမြင်ကွင်းမျိုးက အဲဒီတုန်းကနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး"
ခြေတံရှည်အလှလေးခမျာ နားထောင်ရင်း မျက်လုံးများ အရောင်လက်လာချေသည်။
"လာ... ဗီအိုင်ပီဝန်ဆောင်မှုဆိုတာ ဘာမှန်း ကိုယ်ပြမယ်"
ထိုသို့ပြောပြီးနောက် လော့ဖေးက သူ့ခရီးဆောင်အိတ်ကိုဆွဲ၍ ခြေတံရှည်အလှလေးနှင့်အတူ လေယာဉ်ပေါ်က ဆောင့်ကြွားကြွားဆင်းလာလေသည်။
လော့ဖေးလည်း ခြေတံရှည်အလှလေးကို ဂျော့ခ်ျရှေ့သို့ ခေါ်လာခဲ့သည်။
သူက ဂျော့ခ်ျကို ပြုံးပြလိုက်၏။
"ဥက္ကဋ္ဌဂျော့ခ်ျ... ကျွန်တော့်ကို လေဆိပ်အထိ ကိုယ်တိုင်လာကြိုမယ်လို့ မထင်ထားဘူး"
ဂျော့ခ်ျမှာ နားမလည်နိုင်ဖြစ်သွားပြီး ခဏအကြာမှ မေးလိုက်လေသည်။
"ခင်ဗျားက ဘယ်သူလဲ"
လော့ဖေး : ...
ခြေတံရှည်အလှလေး : ...
အလွန်နေရခက်သွားလေသည်။
လော့ဖေးမှာ အစတုန်းက ဟန်ရေးပြပြီး ကြွားလုံးထုတ်ချင်ခဲ့သော်လည်း ဂျော့ခ်ျက သူ့ကို ဘယ်သူမှန်း လုံးဝမသိဘဲ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တကယ်တမ်းတွင် လော့ဖေး၏ ဖခင်ဖြစ်သူ
အဘိုးကြီးလော့က သူ့သား အတ္တလန်တိတ်သို့ လာရောက်မည့်ခရီးစဉ်တွင် သေချာဂရုစိုက်ပေးရန် ဂျော့ခ်ျကို ဖုန်းဆက်၍ ပြောထားသည်။
သို့သော် သူဌေးလာမည်ဖြစ်သောကြောင့် ဂျော့ခ်ျမှာ အလုပ်များနေပြီး ထိုကိစ္စကို လုံးဝ သတိမရတော့ပေ။
မည်သို့ပင်ဖြစ်စေ လော့ဖေး၏ အဖေက ဒါရိုက်တာအဖွဲ့၏ ရှယ်ယာ၁ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားသူဖြစ်ရာ ဂျော့ခ်ျအနေနှင့် အရေးတယူဂရုစိုက်ရန် မလိုအပ်လှပေ။
ထိုအချိန်ကျမှသာ လော့ဖေး သဘောပေါက်သွားတော့သည်။
ဒါဆို ဒီပြင်ဆင်မှုတွေအားလုံးက ငါ့ကို ကြိုဆိုဖို့ မဟုတ်ဘူးပေါ့လေ...
သူက ကြွားလုံးထုတ်ချင်ခဲ့သော်လည်း အဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ်သာ အရှက်ခွဲမိသည်။
နေရခက်လိုက်တာ....
လော့ဖေးမှာ အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်က လော့ဖေးလေ။ ကျွန်တော့်အဖေက ရော်ဘင်ပါ"
"ဪ... ဒါဆို မင်းက ရှောင်လော့ဖေးပေါ့"
ဂျော့ခ်ျက ဂရုမစိုက်လေဟန် လေသံဖြင့် ပြောလိုက်သည်။
ဂျော့ခ်ျ၏ အရေးမစိုက်လေဟန် အမူအရာကို မြင်သောအခါ လော့ဖေး ဒေါသထွက်သွားသည်။
"ကျွန်တော်မှန်း သိနေတာတောင် မြန်မြန်မကြိုဆိုသေးဘူးလား"
ဂျော့ခ်ျကမူ ခေါင်းခါပြလိုက်၏။
"ရှောင်လော့ဖေး.. ငါက အရေးကြီးပုဂ္ဂိုလ်ကို ကြိုဆိုနေတာ။ ကျေးဇူးပြုပြီး ပြဿနာမရှာပါနဲ့။ လေဆိပ်အဝင်ဝမှာ တက္ကစီတွေ ရှိတယ်။ အဲဒါငှားပြီး ဟိုတယ်ကိုသွားလိုက်"
"ဘာ.. ကျွန်တော်က ရှယ်ယာရှင်တစ်ယောက်ရဲ့ သားလေ။ ခင်ဗျားက ကျွန်တော့်ကို တက္ကစီငှားစီးခိုင်းတယ်ပေါ့"
ဂျော့ခ်ျက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"မင်းအဖေက ရှယ်ယာ၁ရာခိုင်နှုန်းလောက်ပဲ ပိုင်တာလေ။ ဒီလိုအသေးစားရှယ်ယာရှင်မျိုးက ကုမ္ပဏီရဲ့ဗီအိုင်ပီဝန်ဆောင်မှုတွေကို ခံစားလို့မရဘူး"
သူ့ဘေးရှိ အလှလေးမှာ လော့ဖေး၏ မျက်နှာဖုံး ကွာကျသွားသည်ကို ကြည့်ရင်း ရုတ်တရက် သဘောပေါက်သွားသည်။
ဒီတော့ သူက အရမ်းချမ်းသာတဲ့ သူဌေးသားမဟုတ်ဘဲ ဟန်ဆောင်နေတဲ့လူ တစ်ယောက်ကိုး။
ရှယ်ယာ၁ရာခိုင်နှုန်း ဟုတ်လား။ စောစောကတင် သူ့အဖေက အတ္တလန်တိတ်၏ အကြီးဆုံးရှယ်ယာရှင်ပါဟု ကြွားနေခဲ့သည်မဟုတ်လော။
ဂျော့ခ်ျက သူ့လိမ်ညာမှုကို ဖော်ထုတ်လိုက်သောအခါ လော့ဖေး အလွန်အမင်း ရှက်ရွံ့သွားသည်။
"ကိုယ်ပြောတာ နားထောင်ပါဦး အလှလေးရယ်"
သို့သော် ထိုအချိန်တွင် အလှလေး၏ မျက်နှာကား မည်းမှောင်နေလေပြီ။
ရှက်စရာကောင်းလိုက်တာ။
ဂျော့ခ်ျက ဆို၏။
"မစ္စတာလော့ဖေး... ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်သွားပေးပါ။ ဗီအိုင်ပီဧည့်သည်ကို နေရာချပေးပြီးမှ မင်းဆီကို လာခဲ့မယ်။ လမ်းလာမပိတ်ပါနဲ့"
လော့ဖေးခမျာ ဒေါသပေါက်ကွဲလုမတတ် ဖြစ်သွားချေသည်။
တခြားတစ်ယောက်အတွက် ဒီလိုပြင်ဆင်မှုတွေ အကြီးအကျယ်လုပ်ပေးထားပြီးတော့ သူ့ကိုကျ ဟိုတယ်ကို ကားငှားသွားခိုင်းတယ်ဆိုတာ လွန်လွန်းပါတယ်။
"ဘယ်သူကများ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ပြင်ဆင်မှုတွေနဲ့ ထိုက်တန်နေလို့လဲ"
လော့ဖေးက မကျေမနပ်ဖြင့် မေးမြန်းလိုက်သည်။
သူ့ဘေးရှိ အလှလေးမှာမူ ထိုကြွားလုံးဘုရင်ကို လုံးဝစိတ်ပျက်သွားပြီဖြစ်၏။
ဘာကို ဒိတ်ဒိတ်ကြဲလဲ။ ဘာကို ရဟတ်ယာဉ်နဲ့ လာကြိုတာလဲ။
သူက လူလိမ်အကြီးစားတစ်ယောက်အဆင့်ပဲရှိတာ...
ထိုအချိန်တွင် ဇိမ်ခံကိုယ်ပိုင်လေယာဉ်တစ်စင်း ဖြည်းညင်းစွာ ဆင်းသက်လာသည်။
လေယာဉ်ကို မြင်လိုက်ရသောအခါ ဂျော့ခ်ျ၏ မျက်လုံးများ တည်ကြည်သွားသည်။
"အားလုံး အဆင်သင့်ပြင်ထားကြ။ သူဌေး ရောက်လာပြီ"
ထိုအချိန်တွင် အတ္တလန်တိတ်မှ အဆင့်မြင့်ဝန်ထမ်းများနှင့် ဧည့်ကြိုဝန်ထမ်းများအားလုံးလည်း ဖြည်းညင်းစွာ ဆင်းသက်လာသော ဂပ်ဖ်စထရင်ကိုယ်ပိုင်လေယာဉ်ကို လှမ်းကြည့်လိုက်ကြသည်။
သိပ်အထင်ကြီးဖို့ကောင်းတာပဲ...
ဤသည်မှာ ဒဏ္ဍာရီလာ အထင်ကရပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်ရမည်။
သို့သော် ဂျော့ခ်ျကိုယ်တိုင် အလွန်အမင်း အာရုံစိုက်နေရသော ဤအရေးကြီးဧည့်သည်မှာ မည်သူဖြစ်ကြောင်း သူတို့ အလွန်သိချင်နေကြသည်။
လေယာဉ်ခန်းတံခါး ပွင့်လာသည်။
ရုပ်ရည်ရမှတ်ကိုးဆယ်ခန့်ရှိသော လေယာဉ်မယ်ဆယ်ယောက်က တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။ အလွန်ချောမောသော လူငယ်တစ်ဦးကမူ ရုပ်ရည်ရမှတ်ကိုးဆယ်ရှိသော အလှလေးတစ်ယောက်၏ လက်ကိုဆွဲ၍ လှေကားပေါ်မှ ဆင်းလာခဲ့သည်။
ယဲ့ချန်းက နေကာမျက်မှန်နှင့် ကိုယ်တိုင်းယူ၍ ချုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားလေရာ အံ့မခန်းချောမောပြီး ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် မိမိုက်နေပေသည်။
လေယာဉ်ကွင်းပြေးလမ်းပေါ်သို့ ရောက်သောအခါ ယဲ့ချန်းမှာ တည်ငြိမ်စွာဖြင့် သက်သောင့်သက်သာ လျှောက်လှမ်းလာခဲ့သည်။
ဤပုဂ္ဂိုလ်ကို ဖော်ပြနိုင်သည့် စကားလုံးက တစ်လုံးတည်းသာ ရှိ၏။
"ချောလိုက်တာ"
အလှလေးဆယ်ယောက်က တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြသည်။
"ကောင်းကောင်းသွားပါ သူဌေး...အရှေ့ပိုင်းလေကြောင်းလိုင်းကနေ ထပ်နှုတ်ဆက်ပါရစေ"
လေယာဉ်မယ်အလှပဂေးလေးများ၏ အသံကား ကြည်လင်ပြတ်သားပြီး သူတို့ အတူတကွ အရိုအသေပေးလိုက်သည့် မြင်ကွင်းကလည်း စင်စစ်ဩဇာကြီးမားလွန်းလှသည်။
ပြီးတော့ သူတို့ ဘာပြောလိုက်တာပါလိမ့်။
သူဌေး ဟုတ်လား။
ယဲ့ချန်းက အရှေ့ပိုင်းလေကြောင်းလိုင်း၏ ဒဏ္ဍာရီလာသူဌေး ဖြစ်နေလေသလား။
လေယာဉ်ပေါ်ကဆင်းခါစ အခြားခရီးသည်များမှာ ဤမြင်ကွင်းကြောင့် အံ့သြသွားကြသည်။
"ဝိုး... ဟိုလူက အရမ်းချောတာပဲ"
"ဒီမြင်ကွင်းက အံ့မခန်းပဲဟေ့"
မေးနေစရာပင်မလိုချေ။ ဤသည်မှာ အလွန်တရာ အာဏာစက်ပြင်းလှသော စီအီးအိုတစ်ယောက်ပင် ဖြစ်ရမည်။
ယဲ့ချန်းကို မြင်လိုက်ရသောအခါ ဂျော့ခ်ျ၏ အမူအရာလည်း တောင့်ခဲသွားသည်။
သူဌေးဖြစ်ထိုက်ပါပေသည်။ အထင်ကြီးလောက်စရာပင်။
ဂျော့ခ်ျက လော့ဖေးကို ဘေးသို့ တွန်းဖယ်ပြီး ယဲ့ချန်းထံသို့ အမြန်လျှောက်သွားလေသည်။
"စန်းယာမြို့က ကြိုဆိုပါတယ် သူဌေး"
လော့ဖေးခမျာ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။
သူ မထနိုင်သေးခင်မှာပင် မန်နေဂျာများနှင့် လူထုဆက်ဆံရေးအလှလေးများအဖွဲ့က ယဲ့ချန်းထံသို့ ဒီရေလှိုင်းလုံးကြီးအလား ပြေးသွားကြသည်ကို မြင်လိုက်ရ၏။
မထနိုင်သေးခင်မှာပင် လော့ဖေးခမျာ လူအများ၏ နင်းဖြတ်ခြင်းကို ခံလိုက်ရသဖြင့် ခြေရာများ အလူးလူးပေကျံကာ ဖရိုဖရဲဖြစ်သွားလေသည်။
လူထုဆက်ဆံရေးအလှလေးများမှာ ယဲ့ချန်း၏ရှေ့တွင် ရပ်ကာ တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြသည်။
"အတ္တလန်တိတ်ကို လာရောက်လမ်းညွှန်ပြသပေးတဲ့အတွက် စန်းယာမြို့ကနေ ကြိုဆိုပါတယ် သူဌေး"
ထိုဩဇာအာဏာမှာ လက်ဖျားခါလောက်သည်။ ထိုနေရာရှိ လူအားလုံး ကြက်သီးမွေးညင်းထသွားရသည်။
ဤသည်မှာ အထင်ကြီးလောက်စရာကောင်းသည်ဟူသော အဓိပ္ပာယ်ပင်။ ဤသည်ကသာ ဒိတ်ဒိတ်ကြဲသူဌေးဟု ခေါ်ရပေမည်။
ယဲ့ချန်းက လူတိုင်းကို လက်ပြနှုတ်ဆက်လိုက်သည်။
"အားလုံး ပင်ပန်းသွားကြပြီ။ ကျေးဇူးပါ"
"သူဌေးအတွက် လုပ်ပေးရတာ မပင်ပန်းပါဘူး"
လေယာဉ်မယ်များနှင့် ဧည့်ကြိုဝန်ထမ်းများလည်း အတူပြန်ဖြေလိုက်ကြသည်။
ထိုအခိုက်အတန့်ဝယ် လူတိုင်းမှာ အံ့အားသင့်နေကြသည်။
ဤအထင်ကရပုဂ္ဂိုလ်က ဘယ်သူများလဲ။
အထင်ကြီးဖို့ကောင်းလိုက်လေခြင်း...
ယဲ့ချန်းနှင့် စုဝမ်ယိတို့က ဧည့်ကြိုဝန်ထမ်းများထံမှ ပန်းများကို လက်ခံလိုက်ကြသည်။
ထိုအချိန်တွင် စုဝမ်ယိကိုယ်တိုင်ပင် ဤမြင်ကွင်းကြောင့် အံ့သြသွားသည်။
သို့သော် အလှလေးတစ်သိုက်ကို မြင်လိုက်ရချိန်ဝယ် သူ(မ)၏ရင်ထဲတွင် အနည်းငယ်အန္တရာယ်ရှိသည်ဟု မခံစားဘဲ မနေနိုင်ပေ။
အကြောင်းမှာ ထိုအလှလေးများ၏ မျက်ဝန်းထဲရှိ အကြည့်ကား ဝံပုလွေများနှင့် ကျားများအလား ဖြစ်နေကြောင်း သူ(မ) အတပ်သိသည်။
သူ(မ)၏ ယောကျ်ားက အလွန်ချောမောပြီး ချမ်းသာနေသည်ဖြစ်ရာ သူ(မ)အနေနှင့် အနီးကပ်စောင့်ကြည့်ထားရပေမည်။
ဂျော့ခ်ျကလည်း ယဲ့ချန်းထံသို့ လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်လိုက်၏။
"ကျွန်တော်တို့ရဲ့ အလုပ်တွေကို လမ်းညွှန်ပြသပေးဖို့အတွက် မစ္စတာယဲ့ကို ကြိုဆိုပါတယ်"
ထိုအချိန်တွင် ယာရှီလုပ်ငန်းစုရှိ အခြားဝန်ထမ်းများလည်း လေယာဉ်ပေါ်က ဆင်းလာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့လည်း လန့်ဖျပ်သွားကြသည်။
ဥက္ကဋ္ဌစုက သူတို့နှင့်အတူ လေယာဉ်မစီးသည်မှာ မဆန်းပါချေ။ တကယ်တမ်းတွင် သူ(မ)က သူ(မ)၏ချစ်သူနှင့် ကိုယ်ပိုင်လေယာဉ်ပေါ်တွင် အတူရှိနေခဲ့သည်မဟုတ်ပါလော။
လူကုံထံများအတွက် သီးသန့်ထုတ်ထားသော ဂပ်ဖ်စထရင်လေယာဉ်ပါလား။
ထို့နောက် ယဲ့ချန်းနှင့် စုဝမ်ယိတို့ကို နှုတ်ဆက်ကြိုဆိုနေသည့် မြင်ကွင်းကို သူတို့ မြင်လိုက်ရသည်။
ချက်ချင်းပင် သူတို့ ဆွံ့အသွားကြသည်။
ဥက္ကဋ္ဌစုရဲ့ချစ်သူက ဒီလောက်တောင် အထင်ကြီးစရာကောင်တာကိုး...
ဒါက ဘယ်လိုအဆင့်အတန်းမျိုးလဲ။
ဤလူများမှာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းများကို မြင်ဖူးကြသည်။
သို့သော် ယနေ့လို မြင်ကွင်းကိုမူ တကယ်မကြုံဖူးခဲ့ဖူးပေ။
တကယ်အထင်ကြီးစရာပါပဲဟုသာ သူတို့ ပြောနိုင်တော့သည်။
ဥက္ကဋ္ဌစုရရဲ့ ချစ်သူက ဒီလောက်တောင် အထင်ကြီးစရာကောင်းတာကိုး။
သူတို့ စင်စစ် ကြက်သေသေသွားရသည်။
ဥက္ကဋ္ဌစုက ဘာကြောင့် သူတို့နှင့်အတူ လေယာဉ်မစီးရသလဲဆိုသည်ကို ယခု သူတို့ နားလည်လိုက်ပြီဖြစ်၏။
သူ(မ)က သူ(မ)ချစ်သူ၏ ကိုယ်ပိုင်လေယာဉ်ဖြင့် လိုက်ပါလာရုံသက်သက်သာ။
ဥက္ကဋ္ဌစုက ဘဝ၏ အောင်နိုင်သူစစ်စစ်ပင်။
စီးပွားရေးလောကတွင် ထူးချွန်ပြောင်မြောက်ရုံသာမက သူ(မ)၏ချစ်သူကပါ ဤမျှအထိ အထင်ကြီးချင်စရာကောင်းနေပေသည်။
ချမ်းသာပြီး အာဏာရှိ၏။ ထို့ပြင် ရုပ်ရည်ကလည်း ချောမောသေးသည်။
ဤချစ်သူမျိုးကို ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထိုအချိန်တွင် လော့ဖေးက မြေပြင်ပေါ်က ကုန်းထလာပြီး ဆွံ့အနေတော့သည်။
"ခင်ဗျားတို့ အရမ်းလွန်လွန်းနေပြီ။ ကျွန်တော့်ထက် ပိုကောင်းတဲ့ ဝန်ဆောင်မှာကို ခံရတဲ့ ဒီလူက ဘယ်သူလဲ။ ကျွန်တော်က ရှယ်ယာရှင်တစ်ယောက်ရဲ့ သားနော်"
ဂျော့ခ်ျက လော့ဖေးကို ငတုံးတစ်ယောက်ကို ကြည့်သလို အမူအရာမျိုးဖြင့် ကြည့်လိုက်သည်။
"သူက ဘယ်သူလဲ ဟုတ်လား။ သူက ငါတို့သူဌေးပဲ"
•••••••••••••••••••••••••••••
အပိုင်း ၆၁၄ : အလွန်အမင်း ခမ်းနားထည်ဝါသော ဟိုတယ်
အနည်းငယ်စိတ်လှုပ်ရှားနေသော ဂျော့ခ်ျက ယဲ့ချန်းထံသို့ ချဉ်းကပ်လာသည်။
"သူဌေး... တကယ်တောင်းပန်ပါတယ်။ ကျွန်တော်တို့ ရဟတ်ယာဉ်တစ်စင်း စီစဉ်ပေးခဲ့သင့်တာပါ။ ဒါပေမဲ့ လေကြောင်းထိန်းချုပ်ရေးဆီက ခွင့်ပြုချက်ရဖို့ ခက်ခဲနေလို့ ကားနဲ့ပဲ သွားရမှာမို့ သူဌေး ပင်ပန်းတော့မှာပဲ"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ အခုအချိန်မှာ ရဟတ်ယာဉ်စီးတာက သိပ်မလုံခြုံဘူးလေ။ ကားနဲ့ပဲ အဆင်ပြေပါတယ်"
ဂျော့ခ်ျ၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း ပို၍ပင် အံ့အားသင့်သွားကြသည်။
သောက်ကျိုးနည်း... ရဟတ်ယာဉ်အထိတောင် ပြောနေကြတာဆိုတော့ ဒါက တော်တော်ကြီးကျယ်တဲ့ ကိစ္စပဲ...
ယခုတစ်ကြိမ် ယဲ့ချန်းနောက်သို့ လိုက်လာခြင်းမှာ ဤမျှအထိ ကြီးကျယ်ခမ်းနားသည့် ပြင်ဆင်မှုမျိုးနှင့် ကြုံရလိမ့်မည်ဟု စုဝမ်ယိ မထင်ထားခဲ့ပေ။
ဤသည်မှာ သူ(မ)ကို အနည်းငယ်နေရခက်စေသည်။
ယဲ့ချန်းက တဟားဟားရယ်မောလိုက်၏။
"ကဲ... သွားကြစို့။ လူတွေအများကြီး ကြည့်နေကြတာဆိုတော့ သိပ်မသင့်တော်ဘူး"
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ"
မလှမ်းမကမ်းရှိ ဇိမ်ခံကိုယ်ပိုင်လေယာဉ်ကို ကြည့်ရင်း ဂျော့ခ်ျခမျာ လျှို့ဝှက်ဆန်းကြယ်သော ဤသူဌေးအပေါ် အလွန်အမင်း ရိုသေလေးစားသွားသည်။
ထိုလေယာဉ်မယ်များ ယဲ့ချန်းကို 'သူဌေး' ဟု ခေါ်နေကြကြောင်း သူကြားခဲ့သည်။
အဲဒါက ဘာကိုဆိုလိုတာလဲ။
ယဲ့ချန်းက အရှေ့ပိုင်းလေကြောင်းလိုင်း၏ သူဌေးပင်။
သူသည် အတ္တလန်တိတ်ကို ပိုင်ဆိုင်ရုံသာမက လေကြောင်းလိုင်းကုမ္ပဏီတစ်ခုကိုပါ ပိုင်ဆိုင်ထားသည်။ သူ့သူဌေးမှာ စင်စစ်ခန့်မှန်းရခက်လွန်းလှသည်။
ဤသည်မှာ အမှန်တကယ် သြဇာညောင်းသည့် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး၏ ပုံစံပင်။
ယဲ့ချန်းလည်း ရိုးလ်ရွိုက်စ်စီးပွားရေးသုံးကားပေါ်သို့ တက်လိုက်ပြီး ယာရှီလုပ်ငန်းစု၏ ဝန်ထမ်းများမှာမူ ဘတ်စ်ကားပေါ်သို့ တက်ကာ အတ္တလန်တိတ်ဟိုတယ်သို့ ဦးတည်သွားကြသည်။
ယာဉ်တန်းကြီး ထွက်ခွာသွားချိန်ဝယ် လော့ဖေးလည်း ခရီးဆောင်အိတ်ကို ဆွဲ၍ စိတ်ပျက်လက်ပျက်ဖြင့် တရွတ်တိုက် လျှောက်လာလေသည်။
ခေတ်မီပုံကျလှသော သူ့ဝတ်စုံမှာ ဖိနပ်ရာများဖြင့် ပေကျံနေသဖြင့် ကြည့်ရသည်မှာ အလွန်သနားစရာကောင်းနေတော့သည်။
ယာဉ်တန်းကြီး ထွက်ခွာသွားသည်ကို ကြည့်ရင်း လော့ဖေးခမျာ မျက်ရည်ကျလုမတတ် ဖြစ်နေချေသည်။
"ငါ့ကို ခဏလောက်စောင့်ပြီး လိုက်ခွင့်ပေးလို့ မရဘူးလား။ မရရင်လည်း ငါ ဘတ်စ်ကားနဲ့ပဲ လိုက်မှာပေါ့"
လော့ဖေးမှာ ဒေါသပေါက်ကွဲလုမတတ်ပင်။
အဲဒီလူကျတော့ ဘာလို့ အလှလေးတွေက နွေးနွေးထွေးထွေး ကြိုဆိုပြီး ဇိမ်ခံကားတွေနဲ့ လာကြိုကြတာလဲ။ ငါကျတော့ အခုထိ တက္ကစီငှားနေရတုန်းပဲ။
သူသည် အနားရှိ ခြေတံရှည်အလှလေးအား တစ်ခုခုရှင်းပြရန် အစက ကြံရွယ်ထားသော်လည်း ထိုအလှလေးမှာ အစအနပင် မကျန်အောင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
မကြာခင်မှာပင် ဘတ်စ်ကားက အတ္တလန်တိတ်ဟိုတယ်သို့ ရောက်ရှိလာသည်။
ဤနေရာမှာ ဟွားနိုင်ငံ၏ ထိပ်တန်းခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုဟု ပြောရပေမည်။
အတ္တလန်တိတ်ဟိုတယ်မှာ ဟွားနိုင်ငံ၏ နံပါတ်တစ် ကြယ်ခုနစ်ပွင့်အဆင့် ဟိုတယ်ဖြစ်သည်။
ကားပေါ်က ဆင်းလိုက်သည်နှင့် လူတိုင်းမှာ ခမ်းနားလှသည့် ဟိုတယ်ကြီးကို ကြည့်ပြီး အလွန်အမင်း အံ့ဩမှင်တက်သွားကြသည်။
အထဲသို့လျှောက်လာစဉ် ဟိုတယ်၏ ထည်ဝါခမ်းနားမှုကြောင့် ကြက်သေသေကုန်ကြသည်။
"ဝိုး... ဧည့်ခန်းမဆောင်မှာတောင် ငါးပြတိုက်ကို မြင်နေရတာပဲ"
"အရမ်းခမ်းနားတာပဲ။ ဒဏ္ဍာရီထဲက နတ်သမီးပုံပြင်ကမ္ဘာထဲကို ခြေချလိုက်ရသလို ခံစားရတယ်"
"ဝိုး... ဒီက ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေကလည်း အကုန်လှတယ်နော်"
နတ်သမီးပုံပြင်ထဲရှိ နန်းတော်တစ်ခုထဲသို့ ရောက်သွားသလို လူတိုင်း ခံစားလိုက်ရသည်။ ဟိုတယ်၏ နေရာတိုင်းမှာ အံ့မခန်းဖွယ်ရာများဖြင့် ပြည့်နှက်နေသည်။
အထူးသဖြင့် လေးထပ်အမြင့်ရှိသည့် ငါးပြတိုက်ကြီးမှာ အလွန်အမင်း အံ့သြတုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
ဤသည်မှာ ဟိုတယ်တစ်ခုသက်သက်မဟုတ်ပါဘဲ ကြီးမားလှသော ငါးပြတိုက်ကြီးတစ်ခုနှင့်ပင် တူနေတော့သည်။
ဤမှန်ချပ်၏ အပြင်ဘက်တွင် သမုဒ္ဒရာကမ္ဘာကြီး ရှိနေပေသည်။
အမျိုးမျိုးသော ပင်လယ်ရေနေသတ္တဝါများအပြင် ငါးမန်းဖြူကြီးများပင် ရှိနေသည်။
ဟွားနိုင်ငံ၏ ကျော်ကြားလှသော ကြယ်ခုနစ်ပွင့်အဆင့် ဟိုတယ်ဖြစ်သည့်အတိုင်း အလွန်အမင်း ထည်ဝါလှသည်ဟု ဆိုရပေမည်။
ထိုမျှမကပါဘဲ အပြင်ဘက်တွင် အတ္တလန်တိတ်ဟိုတယ်၏ ရေပန်းဥယျာဉ်ကြီးလည်း ရှိနေသေးသည်။
ဟိုတယ်၏ပုံစံမှာ အလွန်ရင်သပ်ရှုမောဖွယ်ရာ ကောင်းလွန်းလှသည်။
ဤနေရာကို ကမ္ဘာမြေပေါ်ရှိ နိဗ္ဗာန်ဘုံဟု တင်စားလျှင်လည်း မမှားနိုင်ပေ။
လူတိုင်းကို ပိုမှင်တက်သွားစေသည့် အရာမှာ ယဲ့ချန်းက ဤမျှခမ်းနားထည်ဝါလှသော ဟိုတယ်ကြီးကို ပိုင်ဆိုင်ထားခြင်းပင်။
စင်စစ်မယုံနိုင်စရာပင်။
စုဝမ်ယိလည်း အနည်းငယ် အံ့အားသင့်သွားသည်။
"ယဲ့ချန်း... ရှင် ဒီဟိုတယ်ကို ဘယ်တုန်းက ဝယ်လိုက်တာလဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"အခုလေးတင်ပဲ... ဘယ်လိုလဲ။ အဆင်ပြေရဲ့လား"
စုဝမ်ယိမှာ စကားမဟနိုင်တော့ပေ။ အဆင်ပြေရုံသာမက အလွန်ခမ်းနားလှပလွန်းလှသည်။
ယဲ့ချန်းသည် စုဝမ်ယိအတွက် အမြဲတမ်း ပဟေဠိတစ်ခုလို ဖြစ်နေပြီး သူ(မ)ကိုလည်း မယုံနိုင်စရာကောင်းသည့် အံ့သြစရာများကို အမြဲပေးစွမ်းလေ့ရှိသည်။
ထိုအချိန်တွင် ယာရှီလုပ်ငန်းစု၏ ဝန်ထမ်းများလည်း အလွန်ပျော်ရွှင်နေကြသည်။
သူတို့က ခရီးထွက်လာကြခြင်းဖြစ်လေရာ ပတ်ဝန်းကျင်က ပိုကောင်းလေလေ သူတို့ ပိုပျော်ရလေလေပင်။
စုဝမ်ယိမှာမူ ပျော်ရွှင်နေသော ဝန်ထမ်းများကို ကြည့်ပြီး ဝမ်းသာပီတိ ဖြစ်နေမိသည်။
ဤဝန်ထမ်းများမှာ ကုမ္ပဏီ၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်၏။ သူတို့သာ ပျော်ပျော်ရွှင်ရွှင် အနားယူနိုင်လျှင် ပြန်ရောက်သည့်အခါ အလုပ်ကို ပိုကြိုးစားလုပ်ကိုင်ကြလိမ့်မည်။
ဂျော့ခ်ျက ယဲ့ချန်း၏ ဘေးနားက ဝင်ပြောလိုက်၏။
"သူဌေး... ကျွန်တော် သူဌေးအတွက် ဟိုတယ်က ပိုဆိုက်ဒန်အခန်းကို စီစဉ်ပေးထားပါတယ်။ သူဌေး ဒီမှာ ပျော်ပျော်ရွှင်ရွှင်တည်းနိုင်ဖို့ မျှော်လင့်ပါတယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"အင်း... ကောင်းပြီ။ အရင်ဆုံး အခန်းသွားကြည့်ကြတာပေါ့"
ပိုဆိုက်ဒန်အခန်း၏ နံရံများမှာ ဖောက်ထွင်းမြင်နိုင်ပြီး ငါးပြတိုက်ကြီးတစ်ခုလုံးကို မြင်နေရသည်ဟု ဆိုကြသည်။
ယဲ့ချန်းလည်း အလွန်စိတ်ဝင်စားမိသည်။
စုဝမ်ယိခမျာ ယဲ့ချန်း၏စကားကို နားထောင်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
သူတို့နှစ်ယောက် အတူတည်းခိုရန် လေယာဉ်ပေါ်ကတည်းက သဘောတူထားပြီးသားပင်။
သူ(မ)လည်း ဤအခန်းအကြောင်း ကြားဖူးသော်ငြား ယနေ့ ထိုအခန်းထဲမှာ တည်းရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
ဂျော့ခ်ျကိုယ်တိုင် ယဲ့ချန်းနှင့် စုဝမ်ယိတို့ကို ပိုဆိုက်ဒန်အခန်းဆီသို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့နှစ်ယောက်သား ခမ်းနားလှသည့် ဟိုတယ်ကြီးအတွင်း လျှောက်သွားရင်း မှင်တက်သွားသည်။
အခန်းထဲသို့ ရောက်သောအခါ အခန်း၏ အနေအထားကြောင့် ပို၍ပင် အံ့သြသွားကြရပြန်သည်။
ဤအခန်းမှာ ရေအောက်ကမ္ဘာကြီးဖြင့် လုံးဝဝန်းရံထားသည်။
ပြတင်းပေါက်ကတစ်ဆင့် တစ်ဖက်ရှိ သမုဒ္ဒရာကမ္ဘာကြီးတစ်ခုလုံးကို မြင်တွေ့နိုင်သည်။
ယဲ့ချန်းလည်း ဇိမ်ကျလှသည့် ဤအခန်းကို အလွန်သဘောကျသွားသည်။
အာ... ဒါဟာ လူကုံထံသူဌေးတွေရဲ့ နေထိုင်မှုပုံစံပါလား...
ထိုအချိန်တွင် စင်္ကြံလမ်းတစ်ခု၌ ဝဖိုင့်ဖိုင့်အမျိုးသားတစ်ယောက်က အလှလေးသုံးယောက်ကို ကြွားလုံးထုတ်နေပေသည်။
"မင်းတို့ မသိပါဘူး။ ဒီဟိုတယ်က ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် ဟိုတယ်ပဲ။ တစ်ညကို တစ်သောင်းတောင် ပေးရတာ"
ထိုအမျိုးသား၏ စကားကို ကြားသောအခါ အလှလေးသုံးယောက်လည်း အလွန်စိတ်လှုပ်ရှားသွားသည်။
"ဥက္ကဋ္ဌဝူက အရမ်းမိုက်တာပဲ"
ဤဝဖိုင့်ဖိုင့်အမျိုးသားမှာ ဒေသခံအိမ်ခြံမြေ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဝူဝေ့ပင်။
သူသည် ကျွန်းပေါ်တွင် အိမ်များဆောက်လုပ်ခြင်းဖြင့် နှစ်အတော်ကြာအောင် ပိုက်ဆံများစွာ ရှာဖွေခဲ့သူပင်။
ယခုအခါ သူသည် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး ယခုတစ်ခေါက်လည်း အတ္တလန်တိတ်ဟိုတယ်သို့ သူ့မယားငယ်သုံးယောက်နှင့်အတူ အပန်းဖြေခရီး ထွက်လာခြင်းပင်။
ဝူဝေ့၏စကားကို နားထောင်ပြီးနောက် အလှလေးသုံးယောက်၏ မျက်လုံးများမှာ အရောင်တောက်သွားချေသည်။
ဝူဝေ့က ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်ပြန်သည်။
"ဟားဟား... ဒါက လူတိုင်းတည်းနိုင်တဲ့ အခန်းမျိုး မဟုတ်ဘူး။ ဒီညတော့ မင်းတို့ ကံကောင်းပြီပေါ့ကွာ။ ဒါပေမဲ့ ငါ့ကိုတော့ သေချာပြုစုရမယ်နော်"
"စိတ်မပူပါနဲ့ ဒယ်ဒီရဲ့"
"ဒယ်ဒီ... ကျွန်မ ဒယ်ဒီ့ကို ကောင်းကောင်း ပြုစုပေးပါ့မယ်"
သူတို့၏ မြှောက်ပင့်စကားများကို ကြားပြီးနောက် ဝူဝေ့က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
ထိုစဉ် သူ့ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။ ခေါ်ဆိုသူမှာ အတွင်းရေးမှူးဖြစ်၏။
"တောင်းပန်ပါတယ် သူဌေး... သူဌေး ဘိုကင်လုပ်ထားတဲ့ အခန်းကို တခြားတစ်ယောက် ယူသွားပါပြီ"
"ဘာ... ယူသွားပြီ ဟုတ်လား"
ဝူဝေ့၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
သူသည် မယားငယ်သုံးယောက်ကို စောစောလေးကတင် ကြွားလုံးထုတ်ထားသည်။ ယခုမူ အခန်းက ငှားသွားပြီဆိုပြန်လေရာ ဤသည်မှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
"မင်းတို့ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ။ ငတုံးတွေ"
ဝူဝေ့လည်း ဒေါသတကြီး ဖုန်းချလိုက်သည်။
"ဘာဖြစ်လို့လဲ ဒယ်ဒီ"
အလှလေးတစ်ယောက်က မေးလိုက်သည်။
"ငါတို့ အဲဒီအခန်းမှာ တည်းလို့ရတော့မယ်မထင်ဘူး။ တစ်ယောက်ယောက်က ဘိုကင်လုပ်သွားပြီတဲ့"
ဝူဝေ့ သက်ပြင်းချလိုက်လေသည်။
"ဒယ်ဒီ... ကျွန်မက အဲဒီမှာ တည်းချင်နေတာ"
"ဟုတ်တယ်... ကျွန်မလည်း သူငယ်ချင်းတွေကို ကြွားထားပြီးပြီ။ သူတို့က ကျွန်မ တင်မယ့်ပို့စ်ကို စောင့်နေကြတာ"
"ဒယ်ဒီ... ကျွန်မတို့ အဲဒီမှာတည်းချင်တယ်လို့"
ဝူဝေ့လည်း အသက်ဝဝရှူသွင်းလိုက်၏။
"စိတ်မပူကြနဲ့။ မင်းတို့ ပိုဆိုက်ဒန်အခန်းမှာ တည်းခွင့်ရအောင် ငါ သေချာပေါက်လုပ်ပေးပါ့မယ်"
ထိုသို့ပြောပြီး ဝူဝေ့က ဖုန်းကောက်ကိုင်၍ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
သူ့ဘေးရှိ မယားငယ်သုံးယောက်ကလည်း စိတ်လှုပ်ရှားစွာ ဝင်ပြောကြလေသည်။
"ဒယ်ဒီက အရမ်းတော်တာပဲ"
"ဒယ်ဒီက အရမ်းမိုက်တယ်"
ကျွန်းပေါ်တွင် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည့်အားလျော်စွာ ဝူဝေ့တွင် အဆက်အသွယ်တချို့ ရှိသည်။
ထို့ကြောင့် သူငယ်ချင်းတစ်ယောက်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
"ဥက္ကဋ္ဌချန်းလား... ကျွန်တော် ဝူဝေ့ပါ။ ခင်ဗျားက အတ္တလန်တိတ်ဟိုတယ်မှာ ရှယ်ယာဝင်ထားတယ်လို့ ကြားမိလို့။ ကျွန်တော် ပိုဆိုက်ဒန်အခန်းမှာ တည်းချင်ပေမဲ့ ဘိုကင်တွေ ပြည့်နေလို့တဲ့။ ခင်ဗျား ကူညီပေးလို့ ရမလား"
"ဥက္ကဋ္ဌဝူက အပျော်မယားလေးတွေနဲ့ အပျော်ခရီးထွက်လာပြန်ပြီပေါ့ ဟုတ်လား။ ဟားဟား... ပြဿနာမရှိပါဘူးဗျာ။ ကျွန်တော့်ကိုသာ အားကိုးလိုက်"
ဖုန်းချလိုက်ပြီးနောက် ဝူဝေ့မှာ ဂုဏ်ယူဝင့်ကြွားနေတော့သည်။
"စိတ်မပူကြနဲ့... ငါ့သူငယ်ချင်းက အတ္တလန်တိတ်ဟိုတယ်ရဲ့ ရှယ်ယာရှင်ပဲ။ ဖုန်းတစ်ချက်ဆက်ရုံနဲ့တင် အကုန်အဆင်ပြေတယ်"
••••••••••••••••••••••••
အပိုင်း ၆၁၅ : ငါက ပိုက်ဆံပြတ်နေလို့လား
ဥက္ကဋ္ဌချန်းလည်း ဂျော့ခ်ျ၏ဖုန်းကို လှမ်းခေါ်လိုက်သည်။
“ဂျော့ခ်ျ... ငါ့သူငယ်ချင်းတစ်ယောက်က ပိုဆိုက်ဒန်အခန်းမှာ တည်းချင်လို့တဲ့။ အဆင်ပြေအောင် စီစဉ်ပေးလို့ ရမလား”
ဂျော့ခ်ျကလည်း ပြန်ဖြေလိုက်၏။
"ဥက္ကဋ္ဌချန်း.... တောင်းပန်ပါတယ်။ ဒီကိစ္စကိုတော့ ကျွန်တော် မကူညီနိုင်ဘူးဗျ”
“ဘာ... ဂျော့ခ်ျ မင်းက ငါ့မျက်နှာကို မထောက်ဘူးပေါ့လေ။ မင်း နည်းနည်းများရောင့်တက်နေသလားလို့"
ဂျော့ခ်ျက ဆိုလိုက်လေသည်။
"ဥက္ကဋ္ဌချန်း... တခြားအချိန်ဆိုရင်တော့ ကျွန်တော် မျက်နှာထောက်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ဒီနေ့ ပိုဆိုက်ဒန်အခန်းမှာ တည်းတဲ့ဧည့်သည်က နည်းနည်းထူးခြားနေလို့ပါ"
ထိုစကားကို ကြားလိုက်ရသောအခါ ဥက္ကဋ္ဌချန်း မျက်မှောင်ကြုတ်မိသည်။
ဂျော့ခ်ျ၏စရိုက်ကို သူ ကောင်းကောင်းသိသည်။
ဂျော့ခ်ျသာ လိုက်လျောပေးနိုင်မည်ဆိုပါက ဥက္ကဋ္ဌချန်းကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်မည်မဟုတ်ပေ။
ရှယ်ယာရှင်တစ်ဦး ဖြစ်သော်လည်း ဥက္ကဋ္ဌချန်း၏ ရှယ်ယာပိုင်ဆိုင်မှုမှာ ၂ရာခိုင်နှုန်းသာ ရှိသဖြင့် သြဇာအာဏာကလည်း အကန့်အသတ်ရှိသည်။
ဂျော့ခ်ျက သူ့ကို မလေးမစားလုပ်လျှင်ပင် ဥက္ကဋ္ဌချန်းအနေနှင့် သူ့ကို ဘာမှလုပ်နိုင်စွမ်း မရှိပေ။
ထို့ပြင် ဤကိစ္စကို အတင်းအကျပ် ဆက်လုပ်နေပါက သူတို့ကြားက ဆက်ဆံရေးကို ထိခိုက်ပျက်စီးသွားစေနိုင်သည်။
ဝူဝေ့ဆိုသည်မှာ သာမန်သူငယ်ချင်းတစ်ယောက်သာ ဖြစ်ပြီး သူ့အတွက်နှင့် ဂျော့ခ်ျနှင့်သူ့ကြားရှိ ဆက်ဆံရေးကို ပျက်ပြားခံရန် မထိုက်တန်ပေ။
ထို့ကြောင့် ဥက္ကဋ္ဌချန်းလည်း ခေါင်းညိတ်လိုက်၏။
"ဒါဆို ထားလိုက်ပါတော့"
သို့သော် ဥက္ကဋ္ဌချန်းက စိတ်ထဲမှာတော့ မှတ်ထားလိုက်သည်။
ရှယ်ယာရှင်များ အစည်းအဝေးတွင် ဂျော့ခ်ျကို လက်စားချေရန် အခွင့်အရေးရှာတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ဂျော့ခ်ျကတော့ ကြောက်မနေပေ။
မည်မျှပင် မျက်နှာထောက်စရာများ ရှိပါစေ။ သူ့သူဌေးမျက်နှာထက် ပိုကြီးသည့်အရာ မရှိပေ။
ဥက္ကဋ္ဌချန်းမှာ ဝူဝေ့ကို ဖုန်းခေါ်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
"ဥက္ကဋ္ဌဝူ... တောင်းပန်ပါတယ်။ ပိုဆိုက်ဒန်အခန်းမှာ တည်းနေတဲ့လူက တော်တော်ထူးခြားပုံရတယ်။ အခန်းကို ရအောင် မလုပ်ပေးနိုင်ခဲ့ဘူး။ ကျွန်တော် ပင်လယ်မြင်ကွင်းရတဲ့ တခြားအခန်းတစ်ခန်း စီစဉ်ပေးရင်ရော ဘယ်လိုလဲ”
“ဘာ...”
ဥက္ကဋ္ဌဝူ မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် ယခုလေးတင် မယားငယ်သုံးယောက်ရှေ့တွင် လေလုံးထွားထားသည်။
ယခုမူ လက်စွမ်းမပြနိုင်တော့သဖြင့် သူ တော်တော်လေး အရှက်ရသွားသည်။
ထို့ပြင် ထိုမိန်းကလေးသုံးယောက်ကလည်း ပိုဆိုက်ဒန်အခန်းမှာ တည်းခွင့်ရအောင် လုပ်ပေးနိုင်လျှင် သူ့ကို ကောင်းကောင်းပြုစုမည်ဟု အစောကပင် သဘောတူထားကြသည်။
အကယ်၍ ထိုအခန်းမှာ မတည်းရပါက ထိုမိန်းကလေးသုံးယောက်လည်း ပျော်ရွှင်ကြမည်မဟုတ်သလို ယနေ့ညလည်း သာယာတော့မည်မဟုတ်ပေ။
ထိုအချိန်တွင် ထိုမိန်းကလေးသုံးယောက်မှာ အနည်းငယ် မကျေမနပ်ဖြစ်နေကြောင်း သူ တွေ့လိုက်ရသည်။
ဥက္ကဋ္ဌဝူခမျာ အလွန်အမင်း နေရခက်သွားသည်။
"ဒယ်ဒီ... အတင်းအကျပ် မလုပ်ပါနဲ့တော့"
"ကိုယ့်ထက်ပိုသာတဲ့ လူတစ်ယောက်တော့ ရှိတတ်တာပါပဲ။ အတင်းကြီး မလုပ်ပါနဲ့"
"ဒယ်ဒီ... ဒီကျွန်းပေါ်မှာ ဒယ်ဒီက ဘုရင်တစ်ဆူလိုပဲလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ အခန်းတစ်ခန်းတောင် ဘိုကင်မလုပ်နိုင်ရတာလဲ"
…
ထိုမိန်းကလေးသုံးယောက်မှာ ဟန်ပြအားပေးစကား ဆိုနေကြသော်လည်း အမှန်တကယ်တွင်မူ စိတ်ဓာတ်ကို ထိုးနှက်နေကြခြင်းပင်။
ဤမိန်းကလေးသုံးယောက်မှာ 'ငွေမက်သူ'ဆန်ဆန် ပြုမူရာတွင် ကျွမ်းကျင်သူများဖြစ်၏။ သူတို့၏ စကားများက ဥက္ကဋ္ဌဝူ၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားသည်။
"ဒီနေ့မှ အခန်းမရဘူးဆိုတာ ငါ မယုံနိုင်ဘူး"
ဝူဝေ့ခမျာ ဒေါသတကြီးဖြင့် ပိုဆိုက်ဒန်အခန်းတံခါးဝသို့ သွားလိုက်သည်။
မည်သို့ပင်ဖြစ်စေ ယနေ့ ဤအခန်းကို ရအောင်ယူမည်ဟု သူ ဆုံးဖြတ်ချက်ချလိုက်သည်။
ဤသည်မှာ သူ့မယားငယ်သုံးယောက်ရှေ့တွင် သူ့သိက္ခာကို ပြန်အဖတ်ဆည်ရမည့်ကိစ္စပင်။
ဒေါက်... ဒေါက်... ဒေါက်...
တံခါးခေါက်သံ ကြားသောအခါ ယဲ့ချန်း တံခါးဖွင့်ပေးလိုက်သည်။
"တစ်ခုခုလိုအပ်လို့လား"
တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသည့် မိန်းကလေးသုံးယောက်နှင့်အတူ လူလတ်ပိုင်း အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ယဲ့ချန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဝူဝေ့ခမျာ ယဲ့ချန်းကို မြင်လိုက်ရသောအခါ မှင်တက်သွားသည်။ ဤလူငယ်က အလွန်တရာချောမောလှသည်။
သို့သော် ဤမျှငယ်ရွယ်နေသဖြင့် သူ့နောက်ခံမှာ သိပ်ကြီးကျယ်လှမည်မဟုတ်ဟု ဝူဝေ့ ယူဆလိုက်သည်။
ထို့ကြောင့် ဝူဝေ့က မောက်မာစွာ စကားဆိုလိုက်သည်။
"လူကြီးမင်း... ငါ့ကို ကူညီတဲ့အနေနဲ့ မင်းရဲ့အခန်းမှာ ငါ့ကို တည်းခွင့်ပေးမလား။ ကြိုက်သလောက် ဈေးခေါ်လိုက်ပါ"
ယဲ့ချန်းက ရယ်မောလိုက်သည်။
"ကျွန်တော်က ပိုက်ဆံမရှိတဲ့ ငမွဲတစ်ယောက်နဲ့ တူနေလို့လား"
ဝူဝေ့လည်း ခဏတုံ့ဆိုင်းသွားသည်။
အမှန်ပင်။ တစ်ညကို တစ်သောင်းတန်သည့် အခန်းမှာ တည်းနိုင်သူတစ်ယောက်က ပိုက်ဆံမရှိဘဲ နေပါ့မလား။
သို့သော် ဝူဝေ့က လက်မလျှော့ပေ။
"လူကြီးမင်း... ငါက ယူနီဗာဆယ်အိမ်ခြံမြေလုပ်ငန်းက ဝူဝေ့ပါ။ ဒီကျွန်းပေါ်မှာတော့ အတော်လေး နာမည်ရှိပါတယ်။ ဒီည ဒီအခန်းကို ငါ တကယ်လိုချင်လို့ပါ။ ငါ့မျက်နှာကို ထောက်ပြီး ပေးလိုက်ပါ။ မဟုတ်ရင်တော့...”
ဝူဝေ့က စကားစကို ခဏရပ်လိုက်သည်။
ယဲ့ချန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"မဟုတ်ရင် ဘာဖြစ်လဲ။ ခင်ဗျားက ကျွန်တော့်ကို ကိုက်မလို့လား"
ဝူဝေ့ : "..."
ဤလူငယ်မှာ တကယ်ရိုင်းစိုင်းလှသည်။ ဤကျွန်းပေါ်မှာ ဝူဝေ့ကို မျက်နှာမထောက်ဝံ့သူ ဘယ်သူရှိသလဲ။
ဤလူငယ်ကတော့ လုံးဝမျက်နှာမထောက်ပေ။
ယဲ့ချန်းက ခပ်အေးအေးပင် ဆိုလိုက်သည်။
"ကဲ... ဒါဆိုလည်း တခြားဘာကိစ္စမှမရှိရင် သွားတော့မယ်နော်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်း တံခါးပိတ်ရန် ပြင်လိုက်သည်။
သို့သော် ဝူဝေ့က တံခါးပိတ်မရအောင် ဇွတ်တားထားလိုက်သည်။
"ဒီလိုလုပ်... မင်း ငါ့ကို အခန်းပေးမယ်ဆိုရင် ငါ အခန်းခရဲ့ဆယ်ဆပေးမယ်"
ဤသည်မှာ ယဲ့ချန်းက တစ်သောင်းသုံးထားလျှင် ဝူဝေ့က တစ်သိန်းပေးရန် ဆန္ဒရှိသည်ဟု ဆိုလိုခြင်းပင်။
ဆယ်ဆအထိ ပေးထားသည်ဖြစ်ရာ သာမန်လူဆိုလျှင် သေချာပေါက် စိတ်လှုပ်ရှားသွားပေလိမ့်မည်။
ကံဆိုးချင်တော့ သူသည် ပိုက်ဆံအပေါဆုံး ယဲ့ချန်းနှင့် လာတိုးနေခြင်းပင်။
"စိတ်မဝင်စားဘူး"
"နှစ်သိန်း"
"မရဘူး"
"သုံးသိန်း"
ဝူဝေ့ကတော့ အလျှော့မပေးဘဲ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားသည်။ ယနေ့ ဤအခန်းကို ရအောင်ယူရပေမည်။
ဤသည်မှာ အဆသုံးဆယ်ပင် ဖြစ်နေချေပြီ။ ပိုက်ဆံဘယ်လောက်ကုန်ကုန် အလှလေးသုံးယောက်နှင့်အတူ ဤအခန်းမှာ သူ တည်းရမှ ဖြစ်မည်။
သို့သော် ယဲ့ချန်းက ခေါင်းယမ်းလိုက်၏။
"ခင်ဗျား... ကျွန်တော့်အချိန်တွေကို လာမဖြုန်းပါနဲ့တော့။ ကျွန်တော့်အချိန်တွေက အရမ်းတန်ဖိုးရှိတယ်"
"မင်း..."
ဝူဝေ့သည် ပိုက်ဆံနှင့် ဝယ်မရသည့်အရာဟူ၍ မရှိဘူးဟု အမြဲယုံကြည်ထားသူဖြစ်၏။
သို့သော် ယနေ့ ယဲ့ချန်းနှင့် တွေ့သောအခါတွင်မူ သူ အတွက်မှားသွားလေပြီ။
ဝူဝေ့လည်း အေးစက်ခက်ထန်စွာ အံတင်းတင်းကြိတ်လိုက်သည်။
"ကောင်လေး... သေချာစဉ်းစားဦး။ ငါ့ကို စော်ကားမိရင် ဖြစ်လာမယ့် အကျိုးဆက်က အရမ်းဆိုးလိမ့်မယ်နော်"
ယဲ့ချန်းက ဟိတ်ဟန်ထုတ်နေသော ဝူဝေ့ကို တစ်ချက်ကြည့်ပြီး စကားနှစ်လုံးတည်း ပြောလိုက်သည်။
"ငတုံး"
“မင်း... မင်းတော့ သေပြီသာမှတ်”
ဤလူ့ဘက်က မပြီးနိုင်မစီးနိုင်ဖြစ်နေသည်ကို မြင်သောအခါ ယဲ့ချန်းလည်း စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ဂျော့ခ်ျကို ဖုန်းခေါ်လိုက်သည်။
ဂျော့ခ်ျကလည်း ချက်ချင်းပင် အပြေးအလွှား ရောက်ချလာသည်။
“ဥက္ကဋ္ဌချောင်း... ကိုယ့်ဘာသာ ဟိုတယ်မှာ တည်းနေတာကို ပေါ်တင်ကြီး ခြိမ်းခြောက်ခံနေရတယ်။ ခင်ဗျား ဟိုတယ်ကို ဒီလိုပဲ စီမံခန့်ခွဲနေတာလား"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ဂျော့ခ်ျ၏မျက်နှာမှာ ချက်ချင်းပျက်သွားသည်။
သူ အကြောက်ဆုံးအရာကား ဖြစ်ပျက်သွားခဲ့လေပြီ။
ထို့ကြောင့် သူ ဝူဝေ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ဝူဝေ့ကတော့ မောက်မာလှသော မျက်နှာထားဖြင့် စကားဆိုလေသည်။
"ဪ... မင်းက ဟိုတယ်ဥက္ကဋ္ဌပေါ့ ဟုတ်လား။ ငါ ပြောလိုက်မယ်... ငါ ဒီမှာ သန်းနဲ့ချီပြီး သုံးထားတာ။ ငါက ဗီအိုင်ပီဖောက်သည်ပဲ"
ဂျော့ခ်ျကမူ ဝူဝေ့ကို အေးစက်စက်စိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
"ခင်ဗျားက ဟိုတယ်ရဲ့စည်းကမ်းကို ချိုးဖောက်ခဲ့တယ်။ ဒါကြောင့် အခုကစပြီး ခင်ဗျားရဲ့ဗီအိုင်ပီကတ်ကို ပယ်ဖျက်လိုက်ပြီ။ ခင်ဗျားသွင်းထားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်အမ်းလိုက်မယ်။ လုံခြုံရေးတွေ... သူတို့ကို အပြင်မောင်းထုတ်လိုက်”
လုံခြုံရေးဝန်ထမ်းတစ်သိုက် ချက်ချင်းရောက်လာကြသည်။
ဂျော့ခ်ျက အေးစက်ခက်ထန်စွာ ပြောလိုက်လေသည်။
"ဒီလူကြီးမင်းက ကျုပ်တို့အတ္တလန်တိတ်ဟိုတယ်ရဲ့ အလေးထားရဆုံး ဧည့်သည်တော်ပဲ။ ဘယ်သူပဲဖြစ်ဖြစ် သူ အနားယူနေတာကို နှောင့်ယှက်ရင် ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကို ကျူးလွန်တာပဲ"
ဝူဝေ့ မှင်တက်သွားသည်။
သူ ဟိုတယ်မှာ သန်းနှင့်ချီ၍ သုံးထားသည့်တိုင် ဤလူငယ်တစ်ယောက်နှင့် မယှဉ်နိုင်ဘူးဆိုသည်ကို မယုံနိုင်လောက်အောင် ဖြစ်ရသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
"လူယုတ်မာ... မင်းက ငါ့ကို မောင်းထုတ်ရဲတယ်ပေါ့။ ငါ ဘယ်သူလဲဆိုတာ မင်းသိလား"
ဂျော့ခ်ျက နှာခေါင်းရှုံ့လိုက်၏။
"ခင်ဗျားဘာသာ ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ခင်ဗျားကို ဒီနေရာက ကြိုဆိုမှာမဟုတ်တော့ဘူး"
ထိုသို့ပြောပြီးနောက် ဂျော့ခ်ျက လက်ယမ်းလိုက်သည်။
"ဒီလူ့ကို အပြင်ဆွဲထုတ်လိုက်”
လုံခြုံရေးများက ဝူဝေ့နှင့် သူ့မယားငယ်သုံးယောက်ကို အပြင်သို့ မောင်းထုတ်လိုက်ကြသည်။
ဟိုတယ်အပြင်ဘက်ရှိ မြေပြင်ပေါ်က သူတို့၏ အိတ်များကို ကြည့်ရင်း ဝူဝေ့နှင့် မယားငယ်သုံးယောက်ခမျာ စိတ်ပျက်အားငယ်နေကြသည်။
အခြေအနေမှာ အလွန်နေရခက်လှသည်။
သူ့ခမျာ ကြွားလုံးမထုတ်နိုင်ခဲ့ရုံသာမက ဟိုတယ်ကပါ မောင်းထုတ်ခံလိုက်ရသည်။
ဝူဝေ့သည် သူက ဤကျွန်းပေါ်တွင် ဘုရင်တစ်ဆူလိုပဲဟု ကြွားလုံးထုတ်ခဲ့သည်။
သို့တိုင် ယခုမူ ဤသို့နှယ် မောင်းထုတ်ခံလိုက်ရလေပြီ။
ဝူဝေ့ ရူးမတတ်ဖြစ်သွားသည်။
အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်က သူ့ထက် ပိုသြဇာညောင်းနေသည်ဆိုခြင်းမှာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။
သူ့အတွက်တော့ ဤသည်မှာ စင်စစ်အရှက်ရစရာပင်။
မည်သို့ပင်ဖြစ်စေ သူ လက်စားချေရမည်။
ဝူဝေ့က ဥက္ကဋ္ဌချန်းထံသို့ တိုင်တန်းရန် ဖုန်းကောက်ကိုင်လိုက်သည်။
သူသည် ဂျော့ခ်ျအား သူ့အစွမ်းကို ထုတ်ပြရန် ဆုံးဖြတ်ချက်ချလိုက်သည်။
•••••••••••••••••••••••••