← Chapters

ကိုယ့်ကျောက်ကျောက်လေးက အရမ်းအလိုက်သိပါပေရဲ့ဗျာ

Vol. 21 Ch. 309

ကိုယ့်ကျောက်ကျောက်လေးက အရမ်းအလိုက်သိပါပေရဲ့ဗျာ

Vol. 21 Ch. 309

ချင်မင်ဟုန်သည် မသိစိတ်မှ သူ့လက်ထဲရှိ ခေါက်ယပ်တောင်အား ယမ်းလိုက်ကာ ညင်သာစွာ ပြုံး၍ ပြောသည်။ “မင်းတို့နှစ်ယောက်မှာ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိတာကို ကိုယ် သိပေမဲ့ မင်းက အရမ်း ကာကွယ်ပေးလွန်းမနေဘူးလား။”

“ရှန်းယောင်က ကျွန်မ ခင်ပွန်းပဲလေ…. ကျွန်မရှေ့မှာ အခြားသူတွေ သူ့ မကောင်းကြောင်း ပြောတာကို မကြိုက်ဘူးရှင့်” ကျီကျောက်သည် ပြုံးလိုက်ရင်း ဖိတ်စာအား လက်ခံလိုက်ပေသည်။ “ဒါပေမယ့် ကျွန်မတို့တွေ အစ်ကိုချင်ရဲ့ ဂုဏ်ပြုမွေးနေ့ပွဲကို တက်ရောက်ဖို့ လာခဲ့ပါ့မယ်”

“ကိုယ် မင်းတို့ကို ကြိုဖို့ တစ်ယောက်ယောက် လွှတ်ပေးရမလား” ချင်မင်ဟုန်က နူးညံ့စွာ အကြံပြုသည်။

“မလိုပါဘူးရှင်” ကျီကျောက်သည် အပြုံးလေးဖြင့် ငြင်းလိုက်သည်။ “ဒါပေမယ့် အစ်ကိုချင် စိတ်မပူပါနဲ့…. ရှန်းယောင်နဲ့ ကျွန်မ အစ်ကိုချင် မွေးနေ့ပွဲကို အချိန်မှီ လာခဲ့ပါ့မယ်”

“အာ့ထောင်…. ကိုယ် မင်းကို ရဲတင်းစွာနဲ့ တစ်ခုလောက် တောင်းဆိုချင်လို့ပါ” ချင်မင်ဟုန်က ခဏလောက် တွေးလိုက်ကာ စိတ်ရင်းဖြင့် တောင်းဆိုလာသည်။

“မင်း နှုတ်မြိန်စာ တချို့ လုပ်ပေးလို့ ရမလား”

“နှုတ်မြိန်စာလား….”

ကျီကျောက် အနည်းငယ် သိချင်စိတ် ဖြစ်သွားသည်။

“အစ်ကိုချင် ဘာကို ဆိုလိုချင်တာလဲရှင့်”

“အာ့ထောင် ဒီအကြောင်းကို ကြားပြီးလောက်မှာပါ…. မကြာသေးခင်က ကိုယ့်အဒေါ်က ဘေးဖက်ခြံ၀န်းကနေ အိမ်တော်ထဲကို ပြောင်းရွှေ့လာတယ် ဆိုပေမဲ့ သူမရဲ့ အစာစားချင်စိတ်က မကောင်းတာကြောင့် ကိုယ် နည်းနည်း စိတ်ပူမိတယ်” ချင်မင်ဟုန်က တိုးတိုးလေး ရှင်းပြသည်။ “အာ့ထောင်…. မင်းကတော့ ဒီအကြောင်း သိလောက်မှာ မဟုတ်ဘူး။ ကိုယ် ငယ်ငယ်တုန်းက ကိုယ့်အဒေါ်က ကိုယ့်ကို တိတ်တဆိတ် စောင့်ရှောက်ပေးခဲ့တာလေ။ မဟုတ်ရင် ကိုယ် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်မှာ မဟုတ်လောက်ဘူး။”

“သခင်မကြီးချင်ကို အစ်ကိုချင်က ကျေးဇူးကြွေးတင်နေတာလား” ကျီကျောက်သည် သူမ၏ မျက်ခုံးအား အသာပင့်ကာ သိချင်စိတ်ပိုဖြစ်လာသည်။

“အင်း” ချင်မင်ဟုန်က တုန့်ဆိုင်းမှု မရှိပဲ ခေါင်းညိမ့်ပြလိုက်သည်။ “ဒါကြောင့်မို့ အဒေ့ါ်အတွက် ကိုယ် တစ်ခုခု လုပ်ပေးချင်လို့လေ…. အထိန်းတော်ဝူဆီက ကြားရသလောက်တော့ မကြာသေးခင်ကစပြီး အဒေါ်က စားချင်စိတ် ဆုံးရှုံးသွားတယ်တဲ့လေ…. ဒါကြောင့် ကိုယ် မင်းကို လန်းဆန်းတဲ့ နှုတ်မြိန်စာလေးတွေ လုပ်ပေးစေချင်တာပါ”

“ပထမသခင်မ မစားတဲ့ အရာ တစ်ခုခုများ ရှိလား သိချင်ပါတယ်”

“အကြီးဆုံး‌အဒေါ်က ထွေထွေထူးထူး မစားတာမျိုး မရှိပါဘူး…. သူမက အချိုစားရ‌တာတော့ ကြိုက်တယ်” ချင်မင်ဟုန်သည် သူ ငယ်ငယ်ကအကြောင်းကို ပြန်အမှတ်ရမိသည်။ အကြီး‌ဆုံးအဒေါ်မှ ဝေရွေ့အိမ်တော်ကို ပို့လိုက်သည့် ယိုမုန့်များမှာ အလွန်အချိုကဲလှပေသည်။

“ကျွန်မ သိပြီ” ကျီကျောက်သည် ဉာဏ်အလင်း‌ရသွားသည်။ “သခင်မကြီးချင်က ကျွန်မရဲ့ နှင်းပွင့်ကိတ်မုန့်ကို တခဲနက်ချီးကျူးတာ အံ့ဩစရာ မရှိဘူးပဲ”

“အာ့ထောင်…. မင်း ကိုယ့်အဒေါ်နဲ့ တွေ့ခဲ့ဖူးတာလား” ချင်မင်ဟုန်က အလွန်အံ့ဩသွားမိသည်။

“ကျွန်မတို့ လိုက်ကာနောက်ကနေ တဆင့်ပဲ တွေ့ခဲ့ဖူးတာပါ” ကျီကျောက်က ထိုအကြောင်းအား အကျဉ်းချုပ် ရှင်းပြပြီးနောက် ချင်မင်ဟုန် ပို၍ပင် အံ့ဩသွားမိသည်။ နတ်ဆေးသမားတော် ရှန်းဟယ်နှင့် သူ့အဒေါ်တို့က မိတ်ဆွေဟောင်းတွေ ဖြစ်ကြသည်အား သူ တကယ် မသိခဲ့ပေ။

“အစ်ကိုချင်….. ကျွန်မ တစ်ခုခု စဉ်းစားလို့ ရသွားပြီ” ကျီကျောက်က တဖြည်းဖြည်း အကြံပေါ်လာခဲ့ပေသည်။ “ဒီလိုဆို ဘယ်လိုလဲရှင့်…. အခု ကျွန်မ စားဖိုဆောင်ထဲ သွားတော့မယ်။ ကျွန်မ ပြီးစီးသွားတဲ့အခါ အစ်ကိုချင် ကျွန်မလုပ်ထားတဲ့ ဟင်းပွဲတွေကို သခင်မကြီးချင် မြည်းကြည့်ဖို့ ယူသွားပေးနိုင်မလား”

“ကောင်းပါပြီဗျ” ချင်မင်ဟုန်က ကျေးဇူးတင်သည့် အပြုံးဖြင့်ပြုံးပြသည်။ “အာ့ထောင်…. ကျေးဇူးပါကွာ”

“အစ်ကိုချင် ယဉ်ကျေးလွန်းနေပါပြီရှင်” ကျီကျောက်သည် အမှုမထားသလို ပြုံးလိုက်သည်။ ချင်မင်ဟုန်သည် ထိုအကြောင်းအား တွေးလျက် စားဖိုဆောင်ထဲသို့ သူမ နောက်မှ လိုက်ပါလာခဲ့သည်။

“အာ့ထောင် ကိုယ် ကူညီပေးနိုင်တာ တစ်ခုခုများ ရှိမလား”

ကျီကျောက်သည် ခဏလောက် စဉ်းစားပြီးနောက် ကြာစွယ် ခပ်ထူထူ နှစ်ခုအား ရွေးချယ်လိုက်ကာ သူ့အား ကမ်းပေးလိုက်သည်။

“ဒါ‌ဆိုရင် ဒီကြာစွယ်နှစ်ခုကို ဆေးကြောပေးဖို့ အစ်ကိုချင်ကို ဒုက္ခပေးရတော့မှာပဲ”

“ကောင်းပါပြီ”

ကျီကျောက်သည် ကြာစွယ်အေး တစ်ပွဲနှင့် အအေးအမဲသားဟင်းလျာ နှစ်ပွဲတို့အား ပြုလုပ်နေ‌သည်။

အအေးဟင်းလျာများသည် ဟင်းအပူများထက် စားချင်စိတ်ပိုဖြစ်စေသည်ဟု သူမ ခံစားရပေသည်။

အုတ်အော်သောင်းကျန်းနေသည့် တစ်နေ့တာ အဆုံးသတ်ချိန်တွင် အအေးဟင်းလျာမှာ ပို၍ သက်တောင့်သက်သာ စားချင်စိတ်ဖြစ်ပေသည်။

ထို့အပြင် ယင်ချွမ်စားသောက်ဆိုင်မှ ချင်အိမ်တော်ထိ ခရီးလမ်းအကွာအဝေးကိုလဲ သူမ ချင့်ချိန်စဉ်းစားခဲ့ပေသည်။ အကယ်၍ သူမသာ ဟင်းပူပူနှစ်ပွဲအား ပြုလုပ်၍ ချင်မင်ဟုန်အား ယူဆောင်သွားစေပါက သခင်မကြီးချင် မမြည်းနိုင်ခင်မှာတင် ဟင်းပွဲများမှာ အေးသွားလောက်သည်။

ဒီလို အကျိုးဆက်များအား ချင့်ချိန်စဉ်းစားပြီးသည့်နောက် ကျီကျောက် အအေးဟင်းလျာနှစ်ပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပေသည်။

ကြွယ်စွယ်အေးနှင့်ယှဉ်လျှင် အအေးအမဲသားဟင်းလျာမှာ ပို၍ ရှုပ်ထွေးလှပေသည်။ စားသောက်ဆိုင် စားဖိုဆောင်ထဲတွင် အမဲနှပ်တချို့ရှိသော်ငြား ထိုအမဲနှပ်အရသာမှာ သာမန်ဆန်လှသည်ဟု ကျီကျောက် ခံစားရပေသည်။

သူမ ခဏလောက် တွေးလိုက်ကာ အမဲသားနှပ် အသစ် ထပ်လုပ်ရန် ဆုံးဖြတ်လိုက်ပေသည်။ သူမသည် အမဲသားနှပ် ထပ်လုပ်ရာတွင် အထူးလျို့ဝှက်ဟင်းအနှစ်အား အသုံးပြုသည်။ သူမ လိုချင်သည့် အရသာနှင့် ထပ်တူကျပြီးနောက် သူမ အအေးအမဲသားဟင်းလျာ စတင်ပြုလုပ်ပေသည်။

“မွှေးနေတာပဲ”

လေထုထဲ၌ ပြည့်နှက်နေသည့် မွှေးရနံ့များမှာ တစ်ယောက်ယောက်အား သွားရည်ပင် ကျစေနိုင်သည်။

ချင်မင်ဟုန်တစ်ယောက် တံတွေးမြိုချမိသည်။

“ပြုတ်ထားတဲ့ အမဲသားကို မလှီးဖြတ်ခင်မှာ လုံးဝ အေးသွားအောင် အအေးခံထားရမယ်” ကျီကျောက်သည် အသားအား ပိုင်းဖြတ်နေရာမှ ချင်မင်ဟုန်၏ အသံအား ကြားလိုက်ရသဖြင့် အပြုံးဖြင့် ရှင်းပြလိုက်သည်။

“ဒီလိုမှ အမဲသားက မပြဲသွားမှာလေ”

“အတိတ်မှာတုန်းက ကမ္ဘာပေါ်မှာ အရသာရှိတဲ့ ဟင်းပွဲတွေ အများကြီးရှိတာ သိခဲ့ပေမဲ့ ပုံမှန်ဟင်းပွဲလို့ ထင်ရတဲ့ ဒီဟင်းပွဲတွေထဲက လျှို့ဝှက်နည်းလမ်းတွေ အများကြီး ရှိနေတာကိုတေ့ာ မသိခဲ့ဘူး”

“ဟင်းချက်တာပဲဖြစ်ဖြစ် စီးပွားရေးလုပ်တာပဲဖြစ်ဖြစ် နည်းလမ်းသာ သိသွားရင် မခက်တော့ဘူး” ကျီကျောက်သည် ပြုံးလျက်ပြောသည်။ “ဆီရောင်းတဲ့သူပြောဖူးသလိုပေါ့ ရင်းနှီးကျွမ်း၀င်မှုထက် ပိုသာတဲ့ လျို့ဝှက်နည်းလမ်း မရှိဘူး။”

“အာ့ထောင်….. ကိုယ်သာ မင်းကို ရှန်းယောင် လက်မထပ်ခဲ့ခင်ထဲက သိခဲ့ရရင် ဘယ်လောက် ကောင်းလိုက်မလဲ” ချင်မင်ဟုန်က ပြုံးလိုက်ရင်း သက်ပြင်းချလိုက်ပေသည်။ “တကယ်လို့ ကိုယ်သာ မင်းကို အရင်သိခဲ့ရင် ကိုယ် မင်းကို ပျော်ရွှင်အောင်ထားပြီး လက်ထပ်မိမှာ သေချာတယ်။”

“အစ်ကိုချင်…. ကျွန်မ ရှင့်ကို လက်ထပ်ပါ့မယ်လို့ အဲ့လောက်တောင် ယုံကြည်ချက်ရှိတာလား…” ကျီကျောက်သည် သူမ၏ မျက်ခုံးများအား ပင့်လိုက်ကာ မပြောပြတတ်သည့် အကြည့်ဖြင့် ကြည့်သည်။

“လက်မထပ်ဖြစ်လောက်ဘူးလား….” ချင်မင်ဟုန်က နာကျင်နေသည့် အမူအရာဖြင့် မေးသည်။

“လက်မထပ်ဖြစ်လောက်ဘူး” ကျီကျောက်က အလွန်ရိုးသားစွာ ပြုံးပြလိုက်သည်။

“ကျွန်မ ခင်ပွန်းက ဘယ်သူမှ မယှဉ်နိုင်လောက်အောင် ခန့်ညားချောမောလွန်းတယ်….. အစ်ကိုချင်က ခန့်ညားတယ်လို့ ယူဆလို့ရတယ်ဆိုပေမဲ့ ကျွန်မတို့ရှန်းယောင်နဲ့ဆို ကွာနေသေးတယ်လေ။”

“အာ့ထောင် ဆက်မပြောပါနဲ့တော့ကွာ” ချင်မင်ဟုန်သည် သူ့ရင်ဘတ်အား ဖုံးကွယ်ယောင်ဆောင်ကာ ၀မ်းနည်းစွာ ပြောသည်။

“မင်း ဆက်ပြောမယ်ဆို…. ကိုယ်တော့ ဒီည ညစာမစားနိုင်လောက်တော့ဘူး။”

ကျီကျောက်သည် ပြုံးလျက် ဘာမှ ထပ်မပြောတော့ပေ။

တစ်နာရီခန့်ကြာပြီးနောက် ချင်မင်ဟုန်သည် အစားအစာသေတ္တာအား သယ်ဆောင်လျက် သူ မထွက်သွားခင် ကျီကျောက်အား ကျေးဇူးထပ်တင်ခဲ့ပေသည်။

“အာ့ထောင် ကျေးဇူး အများကြီး တင်ပါတယ်။”

“အစ်ကိုချင် စိတ်မကောင်းသလို ခံစားရရင် ရှန်းယောင် စာမေးပွဲပြီးတဲ့အခါ ကျွန်မတို့နဲ့အတူ ဆိုင်ခန်းတချို့ ကူရှာပေးလေ” ကျီကျောက်သည် အပြုံးဖြင့် ပြောသည်။ “ကျွန်မ ချွင်းဖုန့်ဆိုင်အတွက် ဆိုင်ခန်းနေရာ အမြန်ဆုံး ရှာထားချင်လို့ပါ”

“ဟုတ်ပါပြီ”

ချင်မင်ဟုန် စားသောက်ဆိုင်ထဲမှ ထွက်သွားပြီးနောက် ကျီကျောက် မမျှော်လင့်ထားသည့် နောက်ထပ် ဧည့်သည်အား ကြိုဆိုလိုက်ရသည်။ လုဟုန်ရှန်သည် အဖြူရောင် ဇာပုဝါအား ၀တ်ဆင်လျက် ကျီကျောက်အား အမုန်းတရားများဖြင့် စိုက်ကြည့်ကာ ပြောသည်။

“အဆိပ်ဖြေဆေး ထုတ်ပေးစမ်း”

“သခင်မလေးလု ဘာကိုပြောချင်တာပါလဲ မသိဘူး” ကျီကျောက်သည် စိတ်ရှုပ်ချင် ယောင်ဆောင်လိုက်ကာ မျက်တောင်ခတ်ပြလိုက်သည်။

“ဘာဖြေဆေးလဲရှင့်”

“ဟန်ဆောင်ရဲသေးတယ်ပေါ့လေ” လုဟုန်ရှန်သည် ဒေါသထွက်လျက် သူမ၏ မျက်လုံးများမှာ နီရဲနေပေသည်။ “မင်းက အဲ့လောက်ထိ သွားချင်တယ်လို့ တို့ကို မပြောနဲ့။”

“တကယ့်ကို သခင်မလေးလု ဘာကို ဆိုလိုတယ်ဆိုတာ ကျွန်မ နားမလည်ဘူးရှင့်” ကျီကျောက်သည် သူမ၏ နှုတ်ခမ်းအား ကွေးညွတ်ကာ ပြုံးလိုက်သည်။ “ဒါပေမယ့် သခင်မလေးလု စကားပုံတစ်ခု ကြားဖူးလောက်တယ်မလား ‘ကိုယ်တိုက်တဲ့ဆေးခါး ကိုယ်ပြန်သောက်ရတတ်တယ်’ ‘ကိုယ်ပြုတဲ့ဒဏ် ကိုယ်ခံရတတ်တယ်’တဲ့လေ”

“ကျီအာ့ထောင်…. တို့ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်…. ဖြေဆေးပေးမလား မင်းသေဖို့ဆန္ဒရှိတဲ့အထိ တို့ လုပ်ရမလား” လုဟုန်ရှန်သည် အံတင်းတင်းကြိတ်လျက် ဒေါသကြီးစွာ စိုက်ကြည့်နေသည်။

“စိတ်မရှိပါနဲ့ရှင့်….. ကျွန်မ ရှင်နဲ့ အဖော်ပြုမပေးနိုင်တော့ဘူး” ကျီကျောက်သည် ခွေးရူးတစ်ကောင်လို ပြုမူနေသည့် လုဟုန်ရှန်နှင့် စကားဆက်မပြောချင်တော့သဖြင့် စားဖိုဆောင်ထဲသွားပြီး ရှန်းယောင် ပြန်လာတဲ့အခါ အတူစားသောက်ရန် အမဲသားခေါက်ဆွဲချက်ပြုတ်ဖို့ ပြင်ဆင်နေခဲ့သည်။

လုဟုန်ရှန်သည် သူမ နောက်လှည့်မကြည့်စတမ်း ထွက်သွားသည်အား မြင်ပြီးနောက် အမျက်ချောင်းချောင်း ထွက်လာသည်။

စားသောက်ဆိုင်ထဲမှာ လူတွေအများကြီး ရှိသည့်အတွက် လုဟုန်ရှန်သည် သူမ၏ ဒေါသအား နှလုံးသားထဲ၌ ဖိနှိပ်ထားရန် အကောင်းဆုံး ကြိုးစားလိုက်ကာ လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

သူမ ကျီအာ့ထောင်ရဲ့ ဂုဏ်သတင်းကို မဖျက်ဆီးနိုင်ရင် သူမ ဘ၀ ရှင်လျက် ငရဲကျအောင် မလုပ်နိုင်ရင် သူမနာမည် လုဟုန်ရှန်း မဟုတ်တော့ဘူး။

ကောင်းကင်သည် မှောင်မဲလာကာ နေ၀င်ရီတရော ဖြစ်လာပေသည်။

ရှန်းယောင် စားသောက်ဆိုင်သို့ ပြန်ရောက်သည့်အခါ ကျီကျောက်သည် အပြုံးလေးဖြင့် သူ့နံဘေးသို့ မွှေးကြိုင်လှသည့် အမဲသားခေါက်ဆွဲ တစ်ပန်းကန်ဖြင့် ရောက်လာသည်။

“ကိုယ့်ကျောက်ကျောက်က အလိုက်သိပါပေရဲ့ဗျာ” ရှန်းယောင်သည် ညင်သာစွာပြုံးလျက် သူ့မျက်လုံးများမှာ နူးညံ့သိမ်မွေ့မှုများဖြင့် ပြည့်နေခဲ့သည်။

***

All Chapters