← Chapters

သူ့ဖခင်ထက် ပိုသန်မာတယ်။

Vol. 21 Ch. 313

သူ့ဖခင်ထက် ပိုသန်မာတယ်။

Vol. 21 Ch. 313

ထိုစကားအားကြားပြီးနောက် ကျီကျောက်သည် အနည်းငယ် သိချင်စိတ်ဖြစ်မိသွားသည်။ “စားဖိုဆောင်လား”

“အင်း….” ရှန်းယောင်သည် ပြုံးလိုက်ပြီး သူမအား စားဖိုဆောင်ထဲသို့ ခေါ်ဆောင်သွားသည်။

စားဖိုဆောင်မှာ အရမ်းမကြီးပေမဲ့ မီးဖိုအပူရော မီးဖိုအအေးရော ရှိပေသည်။ ထို့အပြင် ပေါင်းအိုးများနှင့် ဒယ်အိုးများမှာ ကြောင်အိမ်စင်မြောက်ဖက်တွင် သေသပ်စွာ စီရီထားသည်မှာ ရိုးရှင်းကာ သန့်ရှင်းနေပေသည်။ သူမ စားဖိုဆောင်ထဲသို့ ခြေလှမ်းလှမ်းလိုက်ချင်းမှာဘဲ ကျီကျောက်သည် သူမ၏ မျက်နှာပေါ်သို့ လေပြေအေးတစ်ချက် ဝှေ့တိုက်သွားသလို ခံစားရပေသည်။

“အထဲမှာ ထူးထူးခြားခြားကို အေးမြပုံရတယ်”

“ကျောက်ကျောက် ကြည့်ပါဦး” ရှန်းယောင် လက်ချောင်းနောက် လိုက်ကြည့်လိုက်ရာ ကျီကျောက်သည် တောင်ဖက်နံရံပေါ်တွင် ပြတင်းပေါက်တစ်ခုရှိသည်ကို သတိထားလိုက်မိသည်။ ပြတင်းပေါက်မှာ အရမ်းမကြီးသော်ငြား အလင်းရောင်မှာ အတော်လေး တောက်ပပေသည်။ ပိုပြီးအရေးကြီးသည့်အချက်မှာ ပြတင်းပေါက်မှတဆင့် တိုက်ခတ်လာသည့် လေအေးလေးမှာ ထူးခြားစွာ အေးမြနေပေသည်။

“ကိုယ့်နောက် လိုက်ခဲ့ပါဦး” ရှန်းယောင်သည် သူမအား ပြတင်းပေါက်ဆီသို့ ခေါ်သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထောင့်တစ်ခုရှိ လူ့ကိုယ်တစ်၀က်စာရှိသည့် ဆန်အိုးအား ညွှန်ပြလိုက်ကာ မည်သည့်စကားမျှ မပြောဘဲ ပြုံးပြသည်။

“ရေခဲအိမ်လား” ကျီကျောက်သည် ချက်ချင်းပင် မီးဖိုချောင်ထဲရှိ ဆန်းကြယ်လှသည့် လျှို့ဝှက်အရာအား လက်ညှိုးထိုးပြလိုက်သည်။

“စားဖိုဆောင်ထဲမှာ တကယ်ပဲ ရေခဲအိမ် ရှိနေတာလား”

“အင်း” ရှန်းယောင်သည် သူမ အလျင်အမြန်ဘဲ ခန့်မှန်းနိုင်လိမ့်မည်ဟု မထင်ထားမိပေ။

“တကယ်တော့ အရင်က ကိုယ်အခြားအိမ်တချို့ကိုလည်း ကြည့်ခဲ့ဖူးပေမဲ့ ဒီအိမ်ကိုတော့ အကြိုက်ဆုံးပဲလေ၊ ကိုယ်ကြားတာတော့ အရင်အိမ်ပိုင်ရှင်က မြောက်ဖက်ပိုင်းက လက်မှုပညာရှင်တစ်ယောက်ဖြစ်ပြီး အပူဒဏ်ကို ကြောက်တာကြောင့် သူတို့က မီးဖိုချောင်ရဲ့ အောက်ခြေမှာ ရေခဲအိမ်တစ်ခု တူးပြီး တည်ဆောက်ထားတာတဲ့လေ၊ ပထမအချက်ကတော့ အသီးအရွက်တွေ သိုလှောင်နိုင်ဖို့နဲ့ နောက်တစ်ချက်ကတော့ အပူရှိန် လျော့ချစေဖို့တဲ့လေ”

“ရှန်းယောင်…. ဒီခြံ၀န်းလေးက တကယ့်ကို ကောင်းတာပဲရှင့်” ကျီကျောက်သည် ခြံ၀န်းအပေါ် သူမ၏ သဘောကျစိတ်အား ဖော်ပြလိုက်သည်။ သို့ပေမယ့် သူမသည် တခဏလောက် တွေးပြီးနောက် ပြောလိုက်သည်။

“ကျွန်မလက်ထဲမှာ ငွေသားတချို့ ရှိနေသေးတယ်…. ရှင့်ပန်းချီကားတွေကို ပြန်ဝယ်ကြရအောင်လား”

“အရူးမလေး…. ပန်းချီကားချပ်တိုင်းက လူတွေ သဘောကျနှစ်ခြိုက်စေဖို့ ဆွဲထားတာပဲလေ” ရှန်းယောင်သည် ပြုံးလိုက်ကာ သူမ၏ ခေါင်းလေးအား ပွတ်သပ်လိုက်ပြီး အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။

“ဒါဆိုလည်း အနာဂတ်ကျရင် အဲ့လို မလုပ်တော့နဲ့ ဟုတ်ပြီလား” ကျီကျောက်သည် ခဏလောက် စဉ်းစားလိုက်ပြီး လေးနက်သည့်အကြည့်ဖြင့် ပြောသည်။

“ကျွန်မမျက်လုံးထဲမှာတော့လေ ရှင့်ပန်းချီကားတွေက ရွှေတုံးထောင်ချီ တန်တယ်ရှင့်၊ ဒါကြောင့်မို့လေ အနာဂတ်မှာ ကျွန်မခွင့်ပြုချက်မရှိပဲ ရှင့်ပန်းချီကားကို ရောင်းချခွင့် မပြုဘူး။”

“ကိုယ် မင်းရဲ့ အမိန့်ကို လိုက်နာပါ့မယ်ဗျား” ရှန်းယောင်သည် ညင်သာစွာခေါင်းညိမ့်ပြကာ သူမ၏ ပုခုံးပေါ်သို့ သူ့ခေါင်းအား မှီလိုက်ကာ အသံတိုးတိုးဖြင့်ပြောသည်။ “မိန်းမရေ ကိုယ် ဗိုက်နည်းနည်းဆာတယ်”

“ရှင် ဘာစားချင်လဲ” ကျီကျောက်သည် သူမလည်ပင်းလေးအား ကျုံ့လိုက်ကာ ပြုံးလိုက်သည်။

“ကိုယ့်ဇနီးလေးချက်တဲ့ စားသောက်ဖွယ်တွေ အကုန်လုံး ကိုယ်ကြိုက်တယ်”

“မီးမွှေးပေးပါရှင့်၊ ကျွန်မ ချက်ပေးမယ်” ကျီကျောက်သည် သူ့လက်မောင်းထဲမှ တွန်းထွက်လိုက်ကာ အပြုံးလေးဖြင့် ပြောသည်။

“ကောင်းပါပြီဗျ”

ကျီကျောက်တို့လင်မယား၏ နွေးထွေးသည့် အသိုက်အမြုံအိမ်လေးနှင့် ယှဉ်ပါက ချင်အိမ်တော်သည် ၀ရုန်းသုန်းကား ဖြစ်နေသည်ဟု ပြောနိုင်ပေသည်။

ချင်ချန်သည် သူနှင့်အတူ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် တစ်အိပ်ရာထဲ အတူအိပ်လာခဲ့သည့် သခင်မလျို့မှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့်သူ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“အကယ်၍ မရီးကသာ ကျုပ်ရှေ့မှာ သက်သေတွေ မချပြထားဘူးဆိုရင် မင်း မင်ဟုန်ကို မကောင်းတာတွေကြံစည်ဖို့ နည်းလမ်းတွေအများကြီး အသုံးပြုခဲ့တယ်ဆိုတာ ကျုပ်ဘယ်တုန်းကမှ ယုံကြည်မိမှာ မဟုတ်ဘူး”

ချင်ချန်သည် ခန်းမထဲ၌ နာကျင်သည့်အမူအရာဖြင့် တိတ်တဆိတ် ဒူးထောက်နေသည့် လျို့ဖျောင်ရွှယ်အား ကြည့်လျက် သူ့နှလုံးသားထဲတွင် မခံမရပ်နိုင်နာကြည်းမှုများ ပူဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“သခင်ကြီး…. ရှင်က ချန်ဖန့်ရုန်ရဲ့ စကားကို အဲ့လောက်တောင် ယုံကြည်သလားရှင့်” သခင်မလျို့သည် ဒေါသထွက်ကာ နစ်နာသလို ဟန်ဆောင်လျက် ပြောသည်။

“ကျွန်မ ချင်မိသားစုထဲကို လက်ထပ်၀င်ရောက်လာထဲက ကျွန်မ ခင်ပွန်းသည်နဲ့ ကလေးတွေကို ဂရုစိုက်ပေးခဲ့သလို မကျေနပ်တဲ့ စကားတစ်ခွန်းတောင် ကျွန်မ မပြောခဲ့ဖူးပါဘူး၊ ဒါပေမယ့် အခုတော့…. ရှင်က အကြီးဆုံးမရီးရဲ့ တစ်ဖက်သတ်စကားတွေပေါ် အခြေပြုပြီးတော့လေ….. သခင်ကြီးရှင့် ရှင် ကျွန်မကို ရက်စက်တဲ့မိထွေးလို့ တကယ်ထင်တာလား…. တကယ်လို့ ကျွန်မသာ မင်ဟုန်ကို နာကျင်စေချင်ရင် သူ ကျန်းကျန်းမာမာ အရွယ်ရောက်လာနိုင်မယ်လို့ သခင်ကြီး ထင်လားရှင့်”

“ကျွန်မတို့တွေ လက်ထပ်ပြီးတဲ့နောက်မှာ သခင်ကြီးက တိုင်းပြည်ရေးရာတွေအပေါ်မှာပဲ ကြိုးကြိုးစားစား အာရုံစိုက်နေခဲ့တာလေ၊ ဘယ်တုန်းကများ အိမ်တော်ရဲ့ အတွင်းရေး ပြဿနာတွေပေါ်မှာ ဂရုစိုက်ခဲ့ဖူးလဲရှင့်၊ ဒီမိသားစုမှာ အစေခံတွေအများကြီးရှိသလို ကိစ္စရပ် တစ်ခုစီတိုင်းကလည်း ဂရုတစိုက် တွက်ချက်လုပ်ကိုင်ကြရတယ်၊ ကျွန်မ ပင်ပန်းနေလားဆိုတာတောင် ရှင်ဂရုစိုက်လို့လား၊ အခုတော့ အစားအသောက်စာရင်းတစ်ခုနဲ့ ရှင်က ကျွန်မကို သေဒဏ်စီရင်ချင်နေပြီပေါ့လေ၊ မင်ဟုန်က ကျွန်မရဲ့ သားအရင်း မဟု‌တ်ပေမဲ့ ဒီကလေး ငယ်ငယ်ထဲက ကျွန်မ ပြုစုပျိုးထောင်ပေးခဲ့တာပါ၊ သခင်ကြီးရဲ့ မျက်လုံးထဲမှာ ကျွန်မက အဲ့လောက်တောင် ရက်စက်ဆိုးယုတ်နေတာလားရှင့်”

“မင်း….” ချင်ချန်သည် သခင်မလျို့ ဒီလောက် လျှာစောင်းထက်ခြင်းကို မမြင်ဖူးခဲ့သဖြင့် တခဏလောက် သူပြောစရာမဲ့သွားခဲ့သည်။

တစ်ဖက်မှာတော့ ဘေးဖက်တွင် ထိုင်ကာ နားထောင်နေသည့် သခင်မကြီးချင်မှာ ရီလိုက်မိသည်။

“ဒုတိယမတ်လေး သခင်မလျို့နဲ့ လက်ထပ်ထိမ်းမြားပေးဖို့ မင်းအစ်ကိုကြီးရှေ့မှာ ဒူးထောက်ပြီး ပြောခဲ့တာတွေကို မင်းမှတ်မိသေးလားကွယ့်” သခင်မချင်သည် ဖြည်းညင်းစွာ မော့ကြည့်လိုက်ရင်း သူမ၏ မျက်၀န်းများထဲ၌ ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နေသည်။

“မင်ဟုန်ရဲ့ အမေရင်းက မင်ဟုန်ကို မွေးပြီးပြီးချင်း သိပ်မကြာခင်မှာ ကွယ်လွန်သွားရတဲ့ အကြောင်းရင်းကို မင်းကောင်းကောင်းသိပြီးသားပါ၊ မင်းအမြဲထင်နေခဲ့တာက မင်ဟုန်အမေက လက်မှုပညာရှင်မိသားစုက ဆင်းသက်လာတာမို့ ကဗျာနဲ့ သီချင်းတွေကို မသိတာကြောင့် သူမက မင်းနဲ့ မကိုက်ညီနိုင်ဘူးလို့လေ၊ ဒါပေမယ့် သခင်မလျို့ကတော့ သိမ်မွေ့တယ် ယဉ်ကျေးတယ် ပညာတတ်တယ် အကျိုးကြောင်းခိုင်လုံတယ်လို့လေ ဒါပေမယ့် အခုကရော…. မင်းနှလုံးသားထဲက သခင်မလျို့က တကယ်ပဲ လူကောင်းတစ်ယောက်ပါလို့ မင်းထင်နေတုန်းပဲလား”

“ချန်ဖန့်ရုန်….. ပါးစပ်ပိတ်ထားစမ်း” သခင်မလျို့သည် ဒေါသတကြီး အပြစ်တင်ဆဲဆိုလာပေသည်။

“ ရှင်က ဒါ‌တွေအားလုံးကို သွေးထိုးလှုံ့ဆော်တဲ့သူဆိုတာ ကျွန်မ မသိဘူးလို့ ရှင်မထင်နဲ့၊ ရှင့်အာဏာကို ပြန်ယူချင်တယ်ဆို ပြန်ယူသွားပါရှင်… ဘာလို့ ကျွန်မကို ချောက်ချရတာလဲရှင့်၊ ကျွန်မတို့ လင်မယားဆက်ဆံရေးကို ဖျက်ဆီးရမှပဲ ရှင်ကျေနပ်နိုင်မှာလား”

“ဒါမှမဟုတ်ရင်…. ရှင်က တစ်ခုလပ်တစ်ယောက် ဖြစ်တာနဲ့ဘဲ သူများလင်မယားတွေ အဆင်ပြေနေတာကို မကြည့်နေနိုင်တာများလား။”

ဖြောင်း*

မမျှော်လင့်ထားစွာဖြင့် သူမ ထိုစကားပြောပြီးနောက် ချင်ချန်သည် သူမအား ကျယ်လောင်လှသည့် ရိုက်ချက်အား ပေးလာခဲ့သည်။

“ရှင်…. ရှင်…. တကယ်ဘဲ ဒီမိန်းမကြောင့် ကျွန်မကို ရိုက်တယ်ပေါ့လေ” သခင်မလျို့သည် အမျက်ချောင်းချောင်းထွက်လျက် ငိုကြီးချက်မ ပြောလာသည်။

“ကျွန်မ ဟိုးအရင်ထဲက ရှင်တို့နှစ်ယောက်ကြားက မရှင်းမလင်းဆက်ဆံရေးကို သံသယရှိနေခဲ့တာ၊ ဘာလဲ ကျွန်မ ရှင်တို့ကို ဖော်ထုတ်မိလို့လား…. ရှင်တို့ အရှက်ရလို့ ဒေါသထွက်နေကြတာလား”

“စကားကို ဘယ်လိုပြောရမယ်ဆိုတာ မသိရင် မင်း ဒီလို ယုတ်ညံ့တဲ့ လျှာမျိုး ရှိနေဖို့ မလိုအပ်ဘူး” သခင်မကြီးချင်သည် သူမ၏ မျက်လုံးများအား ပင့်လိုက်ကာ သူမ၏ အေးစက်လှသည့် အကြည့်မှာ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေကာ လူတွေအား အကြောက်တရားဖြင့် တုန်လှုပ်စေသည်။

သခင်မလျို့လည်း ခက်ထန်လှသည့် အကြည့်ကြောင့် မှင်သက်သွားသည်။

“ချင်မိသားစုအတွက် မင်ယောင်ကို မင်းမွေးပေးခဲ့တာကို ထောက်ပြီးတော့ မင်း အခုပြောခဲ့တာတွေကို တို့မကြားချင်ယောင် ဆောင်ပေးလိုက်မယ်၊ ဒါပေမယ့် နောက်ထပ် အခြေအမြစ်မရှိတဲ့ စကားတွေကို ထပ်ပြောရဲရင် မင်းလျှာကို တို့ ဆွဲထုတ်ပစ်မိမှာကို အပြစ်မတင်နဲ့”

“ဒုတိယမတ်လေး သခင်မလျို့က မင်ဟုန်ရဲ့ အသက်ကို ထိခိုက်စေချင်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး” သခင်မကြီးချင်သည် ဖြေးညှင်းစွာ မတ်တပ်ရပ်လိုက်ကာ မထူးမခြား ပြောသည်။

“တရားနည်းကျကျ ပြောရမယ်ဆို ဒါက မင်းရဲ့ အိမ်တွင်းရေးပြဿနာပါ၊ မင်းရဲ့ မရီးအနေနဲ့ တို့အများကြီး ဝင်စွက်ဖက်ဖို့ မသင့်ပေမဲ့ မင်းအစ်ကိုကြီးရှေ့မှာ မင်းကျိန်ခဲ့တဲ့ ကျမ်းသစ္စာစကားတွေကို မမေ့လိုက်ပါနဲ့”

“မင်းကျိန်ဆိုခဲ့ဖူးသလိုပဲ မင်းသာ ဆိုးယုတ်တဲ့မိန်းမတစ်ယောက်ကို လက်ထပ်ခဲ့မိရင် မျိုးဆက် သုံးဆက်ကို ဘေးအန္တရာယ်တွေနဲ့ ကြုံရစေလိမ့်မယ်”

ထိုစကားအားပြောပြီးနောက် သခင်မကြီးချင်သည် ကျောက်ဟွေ့ခန်းမဆောင်ထဲမှ ထွက်သွားပေသည်။

ထိုအချိန်တွင် ချင်ချန်သည် ချွေးအေးများဖြင့် ပြည့်နေခဲ့သည်။ သူဘယ်လိုများ သူ့အစ်ကိုကြီးရှေ့မှာ ကျိန်ဆိုခဲ့တဲ့ ကျမ်းသစ္စာစကားကို မေ့လျော့နိုင်ရတာလဲ။

သူဖုန်းစားအဆင့်ကနေ အခြားသူများရဲ့ သခင်ကြီးချင်လို့ အခေါ်ခံရသည့် အကြောင်းရင်းမှာ သူ့မျိုးရိုးနာမည်မှာ ချင်ဖြစ်နေခြင်းကြောင့်ဖြစ်ပေသည်။

သူ့အစ်ကိုကြီးမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည်ဆိုသော်ငြား သူ့မရီးမှာ အရူးတစ်ယောက် မဟုတ်ပေ။

ချင်မိသားစုသာ သူ့လက်ထပ်ရောက်မှ ပြိုကွဲသွားမည်ဆိုပါက သူ့သေခြင်းတရားမှာ သနားစရာကောင်းလောက်အောင်ပင် ထိုက်တန်မည် မဟုတ်ပေ။

“သခင်မလျို့…. ကျုပ်တို့ရဲ့ လင်မယားဆက်ဆံရေးကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့” ချင်ချန်သည် စဉ်းစားဆုံးဖြတ်မှုတချို့ ပြုလုပ်ပြီးနောက် သူ့ဇနီးအား ကွာရှင်းရန် ဆုံးဖြတ်လိုက်ပေသည်။

“မဟုတ်ဘူး….. ချင်ချန်…. ကျွန်မ သဘောမတူနိုင်ဘူးရှင့်” သခင်မလျို့သည် ရှိုက်ကြီးတငင် အော်ငိုလာခဲ့သည်။

“ကျွန်မ မကွာပေးနိုင်ဘူး။ ရှင်လည်း မကွာရှင်းရဘူးရှင့်”

“ကျုပ် စိတ်ပိုင်းဖြတ်ပြီးပါပြီ” သူသည် သူမအား တည်ငြိမ်စွာ ကြည့်လျက် သူ့လေသံမှာ မထူးမခြားမနား ပြောလာသည်။

“မင်း မင်ဟုန်ကို သည်းမခံနိုင်တော့တဲ့ အချိန်မှာပဲ ကျုပ်တို့တွေ သိပ်မကြာခင်မှာဘဲ အဆက်သွယ်ဖြတ်ရမယ်ဆိုတာ မင်းသိခဲ့သင့်တယ်”

“မဟုတ်ဘူး…. ကျွန်မ မကွာပေးနိုင်ဘူးလို့…”

ချင်ချန်သည် ရှိုက်ကြီးတငင်ငိုနေသည့် သခင်မလျို့အား လျစ်လျူရှုလျက် ကျောက်ဟွေ့ခန်းမမှာ လှည့်ထွက်သွားသည်။

ဖန်းကွေ့ခန်းမဆောင်။

ချင်ချန်၏ ကွာရှင်းပြတ်ဆဲမည့် သတင်းအား ကြားရပြီးနောက် သခင်မချင်၏ အမူအရာမှာ အရင်တိုင်း တည်ငြိမ်နေပေသည်။

မှင်သွေးနေသည့် အထိန်းတော်ဝူမှ သက်ပြင်းဖျော့ဖျော့ချလျက် ပြောလာသည်။ “သခင်မလျို့ကတော့ သူ့အကျိုးဆက်ကို သူပြန်ခံစားရတာပါပဲ”

“လောကမှာရှိတဲ့လူအများစုက ကိုယ်ကျိုးစီးပွားကို ဦးစားပေးတတ်ကြတယ်၊ ဒုတိယမတ်လေးတောင်မှ ချွင်းချက် မဟုတ်နေဘူး‌” သခင်မကြီးချင်သည် မထူးခြားစွာ ပြောသည်။

“သူ့မျိုးရိုးနာမည်ကို ချင်အဖြစ် ဆက်နေချင်သေးရင် သပွတ်အူလိုက်နေမဲ့ ပြဿနာအထုံးကို ဖြတ်ချပြီး ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းသင့်တာပါဘဲလေ”

“သခင်မ…. သခင်လေးမင်ဟုန်သာ သူ့နောက်ခံအကြောင်းကို ရှာတွေ့သွားခဲ့ရင်ရော….”

“အဆင်ပြေမှာပါကွယ်” သခင်မချင်သည် မခြားမနား ပြုံးပြလိုက်ပြန်သည်။

“မင်ဟုန်က ဉာဏ်ကောင်းပါတယ်…. သူ့ဖခင်ထက်တောင် ဉာဏ်ပိုကောင်းဦးမယ်”

***

All Chapters