ဂရုစိုက်ပါ ကျွန်တော် လိုက်မပို့တော့ဘူး။
Vol. 21 Ch. 315
“ကိုယ် နားမလည်ဘူး” ချင်မင်ဟုန်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းဖွဖွချလာသည်။
“ကိုယ် ဘယ်တုန်းကမှ ကြိုက်နှစ်သက်မှုခံရဖို့ မင်ယောင်နဲ့ မယှဉ်ပြိုင်ချင်ခဲ့ဖူးဘူး၊ တကယ်တော့ ကိုယ်က မင်ယောင်ကိုတောင် အရမ်း အားကျနေခဲ့ရတာပါ၊ ဒါပေမယ့် သူမက ကိုယ့်ကို သည်းမခံနိုင်ဘဲ သူမရဲ့ လမ်းခရီးမှာ ဆူးငြောင့်ခလုတ်အဖြစ်နဲ့ ကိုယ့်ကို သဘောထားခဲ့တယ်၊ အခု အဖေက သူမကို ကွာရှင်းတော့မယ်…. ကိုယ် နည်းနည်းမှ မပျော်မိဘူး၊ ကိုယ် နည်းနည်း စိတ်ဓာတ်ကျသလိုတောင် ခံစားရတယ်”
“မတူညီတဲ့နေရာမှာဆို မတူညီတဲ့အတွေး တွေးမိမှာပါဘဲ၊ ခင်ဗျားတို့က ရေစက်မပါကြမှတော့ ဘာလို့ အတင်းတွန်းအားပေးနေဦးမှာလဲ” ရှန်းယောင်သည် ဖြေးဖြေးချင်း သိမ်မွေ့စွာပြောသည်။
“လူသားတွေရဲ့ သဘာ၀ကိုက တစ်ကိုယ်ကောင်းဆန်ကြပါတယ်၊ ဘာလို့ မတွေးမိရတာလဲ…. ခင်ဗျား အမေသာ အသက်ရှင်နေသေးရင် သခင်မလျို့ရဲ့ ချစ်မြတ်နိုးမှုကို မျှော်လင့်နေဦးမှာလား”
ချင်မင်ဟုန်သည် တိတ်ဆိတ်သွားမိသည်။
သူ့အမေသာ အသက်ရှင်နေသေးပါက သခင်မလျို့အား အရိုးထဲမှ သူမုန်းနေလောက်ပေမည်။
“ချင်မိသားစုရဲ့ အကြီးဆုံးသားမှာ မျိုးရိုးဆက်ခံဖို့ သားသမီး မရှိကြဘူး၊ ဒုတိယသားကသာ ခင်ဗျားနဲ့ ချင်မင်ယောင်ကို မွေးဖွားပေးခဲ့တာ” ရှန်းယောင်သည် တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်ပေသည်။
“ခင်ဗျားမိထွေးရဲ့ မျက်လုံးထဲမှာ ချင်မိသားစုက အရာအားလုံးက သူမသားရဲ့ လက်ထဲကို ရောက်သင့်တယ်လို့ မြင်နေတာလေ၊ ဒါမှသာ သူမက အခက်အခဲမရှိ အလွယ်တကူ ရှိနိုင်မှာလေ”
“ခင်ဗျားရဲ့ ဦးရီးတော်က စတုတ္ထအဆင့် စစ်သူကြီးဖြစ်ပြီးတော့ များစွာသော စစ်ရေးဆိုင်ရာ အောင်မြင်မှုတွေ ရထားသလို လက်ရှိဘုရင်မင်းမြတ်ရှေ့မှာတောင် မြင့်မြင့်မားမား ရပ်နေနိုင်တယ်၊ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်ခန့်က ဖေးမြစ်ကမ်း တိုက်ပွဲမှာ ပျောက်ကွယ်သွားတာက တကယ်ကို စိတ်မကောင်းစရာပါဘဲ” ရှန်းယောင်သည် သူ့မျက်လုံးထဲသို့ ကြည့်ကာ လေးလေးနက်နက် ပိုင်းခြားစိတ်ဖြာ ပြလိုက်သည်။
“ခင်ဗျားရဲ့ အဒေါ်ကလည်း ဂုဏ်သရေရှိ ကျော်ကြားတဲ့ မိသားစုတစ်ခုက လာတာပေမဲ့ ခင်ဗျား မိထွေးက သူမရဲ့ နေရာကို သူ မသိလို့ အဆုံးမှာ ကွာရှင်းခံလိုက်ရတာ မထူးဆန်းလှပါဘူး”
“အစ်ကိုချင်…. အရေးမပါတဲ့ တစ်စုံတစ်ယောက်အတွက် ၀မ်းနည်းနေမဲ့အစား ကိုယ့်အနာဂတ်ကိုယ် ဘာလို့ တွေးမနေတာလဲဗျ”
ခဏကြာပြီးနောက်မှာတေ့ာ ချင်မင်ဟုန်သည် ရှန်းယောင်အား ကြည့်လျက် အပြုံးလေးဖြင့် သူ့ဖန်ခွက်အား ပင့်မြှောက်လာသည်။
“မင်းရဲ့ စကားတွေကို နားထောင်ရတာက ဆယ်နှစ်လောက် စာလေ့လာရတာထက် ပိုကောင်းပါပေတယ်”
“မြှောက်ပင့်နေပါပြီဗျ” ရှန်းယောင်သည် ပြုံးလိုက်ကာ ပြောသည်။
“အရမ်း နောက်ကျနေပြီ၊ အစ်ကိုချင် အိမ်တော်ကို မြန်မြန်ပြန်ပြီး စောစော အနားယူပါတော့ဗျ”
“ကိုယ့်မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်” ချင်မင်ဟုန်သည် ထိုအကြောင်းအား တွေးလိုက်မိ၍ မေးသည်။
“အကယ်လို့ တစ်ရက်မှာ ကိုယ့်မျိုးရိုးက ချင်မဟုတ်တော့ဘူးဆိုရင်လေ….”
“မျိုးရိုးနာမည်ဆိုတာ ခေါင်းစီးတစ်ခုပါပဲဗျာ” ရှန်းယောင်သည် ရိုးသားစွာ ပြောလာသည်။
“အကယ်၍ ခင်ဗျားမျိုးရိုးနာမည်က ကျိုးဖြစ်နေရင် ကျောက်ကျောက်နဲ့ ကျွန်တော်က အစ်ကိုကျိုးလို့ခေါ်မှာဖြစ်သလို ခင်ဗျားမျိုးရိုးနာမည်က ဝူဆိုရင်လဲ ကျွန်တော်တို့တွေက အစ်ကိုဝူလို့ခေါ်မှာပဲဗျ…. ခင်ဗျားရဲ့ မျိုးရိုးနာမည်က အရေးမကြီးပါဘူး၊ ဘာက အရေးကြီးလဲဆိုတော့ ခင်ဗျားက ခင်ဗျားဖြစ်နေဖို့ပါဘဲ”
“ကိုယ်က ကိုယ်ဖြစ်နေဖို့ပဲလား” ချင်မင်ဟုန်သည် ထိုစကားလုံးများအား ဂရုတစိုက် တွေးလိုက်ပြီးနောက် သဘောပေါက်သွားခဲ့သည်။
“ဒါပေါ့ ကိုယ်က ကိုယ်ပဲလေ….. ကိုယ့်မျိုးရိုးနာမည်က ကိုယ်နဲ့ ဘာမှ မသက်ဆိုင်ဘူး။”
“နှုတ်ဆက်ပါတယ်ဗျ” သူ၏ ၀င်းလက်လာသည့်အမူအရာအား မြင်ပြီးနောက် ရှန်းယောင်သည် မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ ပေါ်လာခဲ့သည်။
မီးဖိုချောင်ထဲတွင် ပုစွန်အမြည်းအား ပြင်ဆင်ပြီးသဖြင့် ယူပြီးထွက်လာမည့်ဆဲဆဲတွင် ရှန်းယောင်သည် ရုတ်တရက် ၀င်လာခဲ့ပေသည်။
“အယ်... ရှင် ဘာလို့ ၀င်လာတာလဲ” ကျီကျောက်သည် မျက်တောင်ခတ်လိုက်ကာ သိချင်စိတ်ဖြင့် မေးသည်။
“အစ်ကိုချင်ရော ဘယ်မှာလဲ”
“သူ အိမ်ပြန်သွားပြီ”
“ဟမ်” ကျီကျောက်သည် ပို၍ပင် စိတ်ရှုပ်သွားပေသည်။
“ဒါပေမယ့် သူ ပုစွန်အမြည်း မမြည်းရသေးဘူးမဟုတ်လား…. သူ အခု စိတ်အခြေအနေ ပိုကောင်းသွားပြီလား”
“သူ အဆင်ပြေသွားပါပြီ” ရုတ်တရက် ရှန်းယောင်သည် သူမပုခုံးပေါ်သို့ လက်တင်လိုက်ကာ သူမျက်လုံးများအား အောက်စိုက်၍ သူမ၏ မျက်လုံးထဲသို့ ကြည့်ကာ နစ်နာသလို ပြောသည်။
“ကိုယ်ကတော့ အဆင်မပြေဘူး”
“ဘာလို့လဲ”
“မင်း ဘယ်လိုထင်လဲ”
ကျီကျောက်သည် သူမ၏ မျက်ခုံးအား ဖြည်းညှင်းစွာပင့်လိုက်ကာ ခြေဖျားထောက်၍ သူ့ပါးပြင်အား နမ်းလိုက်သည်။
“အခုရောဘယ်လိုလဲ နေလို့ပိုကောင်းလာပြီလား ကိုရှာလကာရည်အိုးကြီးရှင့်…”
“မရသေးဘူး” ရှန်းယောင်သည် ညင်သာစွာပြုံးလျက် သူမ သတိလွတ်နေချိန်တွေ ကောက်မကာ အိမ်ခန်းအတွင်းသို့ လှည့်ထွက်သွားသည်။
ညလေညှင်းမှာ ဖြည်းညှင်းစွာ အေးစိမ့်လာပြီး ဖယောင်းတိုင်မီးမှာ မှိတ်တုပ်မှိတ်တုပ် လင်းနေပေသည်။ အဆက်မပြတ် ရွာနေသည့် မိုးဖွဲလေးအောက်တွင် အနီရောင် အိပ်ရာခင်းအစမှာ လူးလွန့်နေပေသည်။
တစ်ကြိမ်ပြီးတစ်ကြိမ် ပြင်းပြမှုများဖြင့် နောက်ထပ်ညတစ်ခုမှာ အရုဏ်တက်ချိန်မှ ပြီးဆုံးသွားခဲ့သည်။
အရုဏ်တက်ချိန်ကျော်လွန်ပြီးနောက် မိုးများရွာသွန်းလာပေသည်။
အိပ်ငိုက်နေသည့်ကျီကျောက်သည် သူမဘေးရှိသူအား ပျင်းရိစွာမေးသည်။ “ရှန်းယောင် ဘယ်အချိန်ရှိနေပြီလဲ”
“ ( ၁၀ )နာရီ ထိုးနေပြီလေ”
“အိုး” ကျီကျောက်သည် တိတ်ဆိတ်စွာ ပြန်ဖြေသည်။ သူမသည် သူလက်မောင်းထဲတွင် သက်တောင့်သက်သာ အနေအထားအား တွေ့ရှိသွားပြီး သူမ၏ မျက်လုံးများအား မှိတ်လိုက်သည်။
ခဏကြာပြီးနောက် ရုတ်တရက် သူမ၏ မျက်လုံးများအား ဖွင့်ကြည့်လိုက်မိသည်။
“ဆယ်နာရီတောင် ထိုးနေပြီလားရှင့်…. ဒီနေ့ ကျွန်မတို့ ချင်အိမ်တော်ကို မွေးနေ့ပွဲ သွားရဦးမယ် မဟုတ်လား”
“သွားဖို့ မလိုတော့ဘူးလေ” ရှန်းယောင်သည် သူမပုခုံးပေါ်ကျနေသည့် အနက်ရောင်ဆံမျှင်လေးအား ဆော့ကစားလျက် ညင်သာစွာ ရှင်းပြသည်။
“မနေ့ညက အစ်ကိုချင်ပြောတာတော့ မွေးနေ့ပွဲကို ဖျက်သိမ်းလိုက်ပြီတဲ့လေ”
“ဖျက်သိမ်းလိုက်တာလား။ ဘာလို့လဲ။”
“ချင်မိသားစုရဲ့ ဒုတိယသခင်ကြီးက သူ့မိန်းမကို ကွာရှင်းချင်နေတယ်လို့ ကိုယ်ကြားတယ်” ရှန်းယောင်သည် သူမ၏ နှာခေါင်းထိပ်လေးအား ချစ်မြတ်နိုးစွာ တို့ထိလိုက်ပေသည်။
“ဒီအကြောင်းကို မပြောကြရအောင်၊ အပြင်မှာမိုးရွာနေတုန်းပဲ မင်း နည်းနည်းလောက် ထပ်အိပ်ဦးမလား”
“ဒါဆို ရှင် ကျွန်မကို အဖော်ပြုပေးမှာလား”
“မင်း သေချာလို့လား” ရှန်းယောင်သည် သူ့မျက်ခုံးအားပင့်၍ သူမအားကြည့်လိုက်ပေသည်။ သူ့မျက်လုံးထဲမှာ အလင်းများမှာ သိသာထင်ရှားလှပေသည်။
“ရှင် အဖော်မလုပ်ပေးတာပဲ ကောင်းပါတယ်ရှင်” ကျီကျောက်သည် သူမ ရှုံးနိမ့်ကြောင်း ချက်ချင်း လက်ခံလိုက်ကာ သူမကိုယ်ပေါ်သို့ တိတ်တဆိတ် စောင်ပါးတစ်ထည် ဆွဲခြုံလိုက်ပေသည်။
“ကျွန်မ အိပ်ရာထတဲ့အခါ အသားခေါက်ဆွဲမျှင်စားချင်တယ်”
“ကောင်းပါပြီဗျ”
နေ့လည်အချိန်ရောက်မှ မိုးတိတ်သွားခဲ့ပေသည်။
ကျီကျောက်သည် အိပ်ရာမှ ခက်ခက်ခဲခဲဖြင့် ထလိုက်ရသည်။ သူမ၏ ရောင်ရမ်းနေသည့်ခါးအား ပွတ်လျက် ရှန်းယောင်အား သူမနှလုံးသားထဲမှ အကြိမ်ထောင်ပေါင်းများစွာ ဆဲဆိုလိုက်မိသည်။
ဒီလူက တကယ့်ကို ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်ပဲ။
“မြည်းကြည့်ပါဦး” ရှန်းယောင်သည် သူမဘေးသို့ ပန်းကန်လုံးနှင့် တူတစ်စုံဖြင့် လျှောက်လာကာ နူးညံ့စွာ ပြောသည်။
“ကိုယ့်ရဲ့ အချက်အပြုတ်စွမ်းရည်က မင်းလောက် မကောင်းတာကြောင့် မြည်းကြည့်ပါဦး”
“အရမ်းမွှေးတာပဲ” ကျီကျောက်သည် စိတ်အားထက်သန်စွာ မြှောက်ပင့်လိုက်ရင်း အသားခေါက်ဆွဲပန်းကန်လုံးမှ အမွှေးနံ့အား အနံ့ခံနေသည်။
ပန်းကန်လုံးနှင့် တူအား ယူရန် သူမ၏ လက်လှမ်းလိုက်ချိန်မှာဘဲ ရှန်းယောင်သည် သူမအား ဟန့်တားလိုက်သည်။
“အမ်….”
“ကိုယ် မင်းကို ခွံ့ကျွေးမယ်”
“နည်းနည်းလေး မပိုလွန်းနေဘူးလား…” ကျီကျောက်သည် ရှေ့နောက်မစဉ်းစားမိဘဲ ပြောချလိုက်မိသည်။
“မင်း ကြိုးစားကြည့်လေ”
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ကျီကျောက်သည် ဒေါသတကြီးဖြင့် သူ့အား တူလှမ်းပေးလိုက်သည်။
“ကျွန်မ မစားတော့ဘူး”
တကယ်ကို ရှက်စရာကောင်းလှသည်။ စုံတွဲတွေ၏ တူနှစ်ကိုယ်ဆက်ဆံမှု နောက်ဆက်တွဲ အကျိုးသက်ရောက်မှုမှာ သူမတူကိုပင် သေသေချာချာ မကိုင်နိုင်ဖြစ်လောက်သည်ထိ ပြင်းထန်လိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ။
“ကိုယ့်အမှားတွေပါ။ ကျောက်ကျောက် ဒေါသမထွက်ပါနဲ့တော့ကွာ။ ဟုတ်ပြီလား။”
ရှန်းယောင်သည် သူမအား ချော့မြူလိုက်ကာ သူမ၏ နှုတ်ခမ်းနားသို့ ခေါက်ဆွဲပန်းကန် တေ့ပေးလိုက်သည်။
နတ်ဆေးသမားတော် ရှန်းဟယ်မှ ခြံ၀င်းထဲသို့ အပြေးရောက်လာချိန်တွင် နှစ်ဦးသား ကလူမြူနေကြသည့် မြင်ကွင်းအား မြင်လိုက်ရပေသည်။
“ဆရာ…. ဒီကို ဘာလို့ရောက်လာတာလဲ” ကျီကျောက်သည် သူ့အား အပြုံးလေးဖြင့် ကြိုဆိုလိုက်ပေမဲ့ နတ်ဆေးသမားတော် ရှန်းဟယ်မှ သူမ နဖူးအား ဆတ်ခနဲတောက်လိုက်သည်။
ကျီကျောက်သည် တိတ်တဆိတ် သူမ နဖူးလေးအားကိုင်လျက် နစ်နာသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ “ဆရာ ဘာလို့ အဲ့လိုလုပ်တာလဲ”
“မင်းမျက်လုံးထဲမှာ ငါ့ကို ဆရာအဖြစ်ရော ရှိသေးရဲ့လားကွ” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမ၏ ခေါင်းလေးအား ဒေါသတကြီး ပုတ်လိုက်သည်။
“မင်းတို့နှစ်ယောက်က ငါ့ကို ဘာတစ်ခွန်းမှ မပြောဘဲ စားသောက်ဆိုင်ကနေ တိတ်တဆိတ် ပြောင်းရွှေ့သွားကြတယ်”
မှားမှန်း သိသွားသည့် ကျီကျောက်တစ်ယောက်သည် သူမ၏ ခေါင်းလေးအား အောက်စိုက်လျက် ချက်ချင်းပင် သူမ၏ အမှားအား ၀င်ခံလိုက်ပေသည်။ “တပည့် ကိုယ့်အမှား ကိုယ်သိပါပြီ”
“ဆရာကြီး ကျောက်ကျောက် အမှားပဲ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့်ပါဗျ။” ရှန်းယောင်သည် ကျီကျောက်အား သူ့နောက်တွင် စိတ်ဒုက္ခရောက်စွာဖြင့် ကာလျက် စိတ်ရင်းဖြင့် ရှင်းပြလိုက်သည်။
“အစကတော့ ကျွန်တော်တို့ အခြေကျပြီးမှပဲ ဆရာကြီးကို ပြောပြမလို့ပါဗျ၊ ပြီးတော့ ဒီခြံ၀င်းလေးက အနည်းငယ် ရိုးရှင်းပြီးတော့ စားသောက်ဆိုင်လို သက်တောင့်သက်သာ ရှိမနေလို့ပါဗျ”
“ဟမ့်” နတ်ဆေးသမားတော် ရှန်းဟယ်သည့် သူ့အား မျက်ဖြူလှန်ပြလာသည်။
“မင်း ဘာတွေးနေတယ်ဆိုတာ ငါ မသိဘူးများထင်နေလား၊ မင်းက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲကွ”
ဒါပေမဲ့ ဒီကောင်စုတ်လေးက ငယ်ပါသေးတယ်။
သူ့တပည့်လိမ္မာလေးကို ဒီကောင်စုတ်လေး အနိုင်ကျင့်မှာကို သူ ကြည့်မနေနိုင်ဘူး။
“ကျုပ် အခုပဲ စားသောက်ဆိုင်ကနေ မြန်မြန်ထွက်လာခဲ့ရတာ နေ့လည်စာစားဖို့ အချိန်မရခဲ့ဘူး”
“ဒါဆို ဆရာ ဘာစားချင်တာရှိလဲ။ တပည့် လုပ်ပေးပါ့မယ်။” ကျီကျောက်သည် အလျင်အမြန် ပြောလာသည်။ သူမ မတ်တပ်ထရပ်ကာ မီးဖိုချောင်ထဲသို့ သွားဖို့လုပ်နေချိန်တွင် သူမ၏ ခြေထောက်များမှာ ပျော့ခွေကျသွားကာ မြေကြီးပေါ်သို့ လဲကျသွားသည်။
ကံကောင်းစွာဖြင့် ရှန်းယောင်မှ သူမအား အလျင်အမြန် ဖမ်းထိန်းထားနိုင်လိုက်ပေသည်။
“မင်းကိုယ်မင်းတောင် သေသေချာချာ မရပ်နိုင်တာကို မင်းက ဘာကို ချက်ပြုတ်ပေးချင်သေးတာလဲ” နတ်ဆေးသမားတော် ရှန်းဟယ်သည် ဒေါသထွက်ကာ ၀မ်းနည်းပူဆွေးသလို ခံစားလိုက်ရသဖြင့် သူသည် ရှန်းယောင်အား ဒေါသတကြီး လက်ညှိုးထိုးကာ ပြောသည်။
“သွား... နောက်ထပ် ခေါက်ဆွဲတစ်ပန်းကန် ပြင်လာခဲ့စမ်း။”
“သိပါပြီဗျ။ ခဏလောက် စောင့်ပေးပါဦး။”
***