← Chapters

အရိပ်မင်းသား

Vol. 8 Ch. 9

အရိပ်မင်းသား

Vol. 8 Ch. 9

လီယွမ်က မြူခိုးများထဲသို့ တိုးဝင်သွားသည်နှင့် နတ်ဆိုးများနှင့် နယ်စပ်တပ်ဖွဲ့များမှာ သူတို့ လှည့်စားခံလိုက်ရပြီး အာရုံလွှဲသည့် နည်းလမ်းတစ်ခု၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

နောက်ကွယ်မှ ကြိုးကိုင်နေသူက ဤနေရာသို့ ခိုးဝင်လာပြီ ဖြစ်ကြောင်း သေချာ၏။

"ကြည့်ရတာ တတိယအဖွဲ့အစည်းတစ်ခု ဝင်ရောက်လာပုံပဲ.."

နယ်စပ်တပ်ဖွဲ့မှ တပ်မှူးက တွေးတောနေသည်။

နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့တွင် စစ်သူကြီးချုပ်၏ လက်အောက်ရှိ နယ်စပ်တပ်ဖွဲ့များနှင့် ညဇီးကွက်ဘုရင်၏ လက်အောက်ရှိ ညဇီးကွက်အစောင့်တပ်ဖွဲ့ဟူ၍ အဖွဲ့နှစ်ဖွဲ့ ပါဝင်သည်။

ပထမအဖွဲ့က တိုက်ပွဲများကို တာဝန်ယူပြီး ဒုတိယအဖွဲ့ကတော့ သတင်းအချက်အလက်များ ထောက်ပံ့ပေးခြင်းနှင့် စစ်ပွဲများကို ကြီးကြပ်ကွပ်ကဲခြင်းတို့ကို တာဝန်ယူသည်။

အချိန်အနည်းငယ် အကြာတွင် မျက်နှာဖုံးတပ်ထားသော ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်တစ်ဦး ပြန်လည်ရောက်ရှိလာသည်။

"အဲဒါ နဝမဂူစံအိမ်တော်က ခိုးဝင်လာတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်ရမယ်.. ခုနက ဆူပူမှုက ကူကောင်တွေကြောင့် ဖြစ်သွားတာပဲ.."

ညဇီးကွက်အစောင့်တပ်ဖွဲ့တွင် အလယ်ပိုင်းဒေသ ရှစ်ခုမှ ကိစ္စရပ်အားလုံးကို တာဝန်ယူရသည့် တပ်မှူးရှစ်ယောက်ရှိပြီး အင်အားစုအားလုံးကို ချိန်ခွင်လျှာညှိရန် နယ်စပ်ဂိတ် ရှစ်ခုတွင် တပ်ဖြန့်ထားသော စစ်သူကြီး ရှစ်ယောက်လည်း ရှိသည်။

ဤလူမှာ တောင်ပိုင်းနယ်စပ်ဒေသတွင် တပ်ဖြန့်ထားသော စစ်သူကြီးရှစ်ယောက်ထဲမှ တစ်ဦး.. လျှို့ဝှက်အမည် 'ကျီးကန်း' ဟု ခေါ်၏။

"တောင်ပိုင်းနယ်စပ်ဒေသ တစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုရင် ဒီအချိန်မှာ နယ်စပ်ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ရဲတာ နဝမဂူစံအိမ်တော်ပဲ ရှိတယ်.."

နယ်စပ်စစ်သူကြီး လဲ့ဟန်က မေးလိုက်သည်။

"ဒီကိုလာတဲ့သူက ဒီလိုလှည့်ကွက်မျိုးကို သုံးတယ်ဆိုတော့ ရတနာက ဘယ်မှာရှိလဲဆိုတာကို သူ သိထားရမယ်.. သူ့ရဲ့ ခြေရာကို ဘာလို့ သွားမရှာတာလဲ"

"မလောပါနဲ့.."

ကျီးကန်းက ခေါင်းခါလိုက်၏

"ဒီလိုရတနာမျိုး မွေးဖွားလာပြီဆိုရင် ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာပြီး အငွေ့အသက်တွေ ယူစိမ့်လာမှာ သေချာတယ်.. သူ တစ်ယောက်တည်းတော့ ဒါကို အပိုင်စီးလို့ မရပါဘူး"

"ဒါလည်း ဟုတ်တာပဲ.."

ယခင်က ရတနာနှင့် ပတ်သက်သော အချက်အလက်များက တစ်ခဏသာ ဖျတ်ခနဲ ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၎င်းသည် နယ်စပ်တောင်တန်းများတွင် ရှိနေဆဲဖြစ်ကြောင်း သေချာသည်။ အကယ်၍ ၎င်းကို ထပ်မံ ချိတ်ပိတ်ခံရမည်ဆိုပါက လျှို့ဝှက်ထားရန် မဖြစ်နိုင်တော့ပေ။

"ကြီးကျယ်ခမ်းနားတဲ့ ခေတ်သစ်တစ်ခု ရောက်လာတော့မယ့် အထိမ်းအမှတ်အဖြစ် အရှင်မင်းသား ပြန်ရောက်လာကတည်းက ထူးဆန်းတဲ့ အရာတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေတယ်.. တကယ့်ကို ခေတ်သစ်တစ်ခု စတင်တော့မယ်ဆိုတာ အရမ်းကို သေချာနေပြီ.."

ကျီးကန်းက ပြောဆိုလိုက်၏။

"ကူအင်မော်တယ်ရဲ့ သမီး ရုပ်အလောင်း ပျောက်ဆုံးသွားတဲ့ ကိစ္စကို ခင်ဗျား ကြားပြီးလောက်ပြီ.. နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ နဝမဂူစံအိမ်တော်မှာ ဒီလို အပြောင်းအလဲကြီး ဖြစ်ပေါ်လာတာ ဒါ ပထမဆုံးအကြိမ်ပဲ"

"ဟုတ်တယ်.. သီးသန့်နေတတ်တဲ့ ကူသခင်တွေတောင်မှ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ.. အခု နတ်ဘုရားတွေရဲ့ ရတနာတစ်ခု ထပ်မံ ပေါ်ထွက်လာပြီဆိုတော့ အနာဂတ်မှာ ဘယ်လို ထူးဆန်းတဲ့ အရာတွေ ထပ်ဖြစ်လာဦးမလဲဆိုတာ ဘယ်သူသိမှာလဲ"

လဲ့ဟန် သက်ပြင်းချလိုက်သည်။

"တောင်ပိုင်းနယ်စပ်မှာတင် မဟုတ်ဘူး အနောက်ပိုင်းဒေသမှာလည်း ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်နေတယ်.. နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့ နေလဂိုဏ်းက ပြန်လည်ပေါ်ထွက်လာပြီး သူတို့ရဲ့ ရန်သူဟောင်းဖြစ်တဲ့ ရှုရှန်းဂိုဏ်းနဲ့ အတိအကျ သွားတိုးတော့တာပဲ.."

"နေလဂိုဏ်းရဲ့ သန့်စင်သောမိန်းမပျိုနဲ့ ရှုရှန်းတောင်က မဟာသခင် ရွှီရှောင်ယောင်တို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပြီး သရေကျသွားတယ်.."

"ညဇီးကွက်အစောင့်တပ်က ရရှိထားတဲ့ သတင်းတွေအရဆိုရင် နေလဂိုဏ်းရဲ့ ခေါင်းဆောင်က သူ့ရဲ့ နတ်ဘုရားသိုင်းပညာကို ပြီးပြည့်စုံအောင် အောင်မြင်သွားပြီး ပြန်လည်နုပျိုလာပြီး ပြန်လည်မွေးဖွားလာတယ်လို့ ထင်ရတယ်.."

"မြောက်ပိုင်းကတော့ လုံးဝကို ကမောက်ကမ ဖြစ်နေပြီ.. ပထမဆုံး မြောက်ဘက်အစွန်အဖျား ရေခဲပြင်မျိုးနွယ်စုရဲ့ ချီလင်ဘုရင်က ချီလင်နတ်ဘုရားကို ကိုးကွယ်တဲ့ ယဇ်ပူဇော်ပွဲကို ကျင်းပခဲ့ပြီး အဲဒီနောက် အရင် မင်းဆက်က အကြွင်းအကျန်တွေက အနှစ်တစ်ထောင်ကြာပြီးမှ ပြန်ပေါ်ထွက်လာတယ်.."

"အရှေ့ဘက်ကလည်း မငြိမ်းချမ်းဘူး.. ပင်လယ်ရပ်ခြားက လူပုလေးတွေက ပြဿနာရှာနေကြပြီး အလယ်ပိုင်းဒေသကို သိမ်းပိုက်ဖို့ ဒီအခွင့်အရေးကို အသုံးချချင်နေကြတယ်လို့ ကြားတယ်.."

"ကျွန်တော်တို့ ညဇီးကွက်အစောင့်တပ်မှာတောင် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ခဲ့တယ်.."

ကျီးကန်းက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။

"ဪ"

"ညဇီးကွက်အစောင့်တပ်က ဘယ်လို အရေးကြီးတဲ့ ကိစ္စကို ဆုံးဖြတ်လိုက်တာလဲ"

လဲ့ဟန်က အလွန် စူးစမ်းချင်စိတ် ဖြစ်သွားကာ မေးလိုက်၏။

လက်ရှိ နိုင်ငံအခြေအနေကို ညဇီးကွက်အစောင့်တပ်က ထိန်းချုပ်ထားသည်ဟု ပြောမည်ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ညဇီးကွက်အစောင့်တပ်၏ ကြီးမားသော အဖြစ်အပျက်များက လောကကြီးကို အမှန်တကယ် လွှမ်းမိုးနိုင်သော အရာများ ဖြစ်သည်။

"အင်း"

ကျီးကန်းက ထပ်မံ သက်ပြင်းချလိုက်၏။

"ခင်ဗျား သိမှာပါ.. ဘုရင်မင်းမြတ်အပြင် ညဇီးကွက်အစောင့်တပ်မှာ အလွန်ထူးခြားတဲ့ အဆင့်အတန်းရှိတဲ့ အရိပ်မင်းသား နှစ်ပါး ရှိတယ်ဆိုတာကိုလေ"

"သိပါတယ်"

လဲ့ဟန်က ၎င်းနှင့်ပတ်သက်ပြီး တစ်ခုခုတော့ ကြားဖူးထားသည်။

"အရိပ်မင်းသားဆိုတာ နောက်ထပ် ညဇီးကွက်ဘုရင် ဖြစ်လာမယ့် ဆက်ခံသူပဲလေ"

"မှန်တယ်"

ကျီးကန်းက ပြောလိုက်၏။

"မူလက ညဇီးကွက်အစောင့်တပ်မှာ အရိပ်မင်းသား တစ်ပါးပဲ ရှိခဲ့ပြီး နောက်ထပ် အရိပ်မင်းသားနေရာက လစ်လပ်နေခဲ့တာလေ ကျွန်တော်တို့ နယ်စပ်စစ်သူကြီး ရှစ်ယောက်နဲ့ တပ်မှူး ရှစ်ယောက်စလုံးက အဲဒီနေရာအတွက် ယှဉ်ပြိုင်ခွင့် ရှိကြတယ်"

"ဒါပေမဲ့ မကြာသေးခင်က ဘုရင်မင်းမြတ်က ဒုတိယမြောက် အရိပ်မင်းသားကို ရွေးချယ်လိုက်ပြီလို့ ရုတ်တရက် ကြေညာခဲ့တယ်.. အဲဒီလူက နယ်စပ်စစ်သူကြီး ရှစ်ယောက်ထဲကလည်း မဟုတ်သလို တပ်မှူး ရှစ်ယောက်ထဲကလည်း မဟုတ်ဘူး.."

"ဘုရင်မင်းမြတ်ကို ဒီလောက်တောင် သဘောကျစေတဲ့သူက ဘယ်သူလဲဆိုတာကို ကျွန်တော် နားမလည်နိုင်ဘူး.. စကားတစ်ခွန်းမှ မဟဘဲ အရိပ်မင်းသားဘွဲ့ကို တိုက်ရိုက် ပေးသနားလိုက်တယ်ဆိုတော့"

ကျီးကန်းမှာ အလွန် စိတ်ဓာတ်ကျနေသည်။

အရိပ်မင်းသား ရာထူးကို သတ်မှတ်ပြီးသွားသည်နှင့် ကြီးမားသော ပြစ်မှုတစ်ခုခု မကျူးလွန်ပါက ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။

ဆိုလိုသည်မှာ သူသည် နောက်ထပ် ညဇီးကွက်ဘုရင်အဖြစ် ဆက်ခံရန် မျှော်လင့်ချက် မရှိတော့ခြင်းပင် ဖြစ်၏။

"ပိုပြီး အကောင်းမြင်အောင် ကြိုးစားကြည့်ပါ ကျီးကန်းရယ်"

လဲ့ဟန်က ခပ်ဟဟ ရယ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ခင်ဗျားက အရိပ်မင်းသား 'တိမ်လင်းယွီန်' ကို ဘယ်လိုမှ အနိုင်မယူနိုင်ပါဘူး.. ပြီးတော့ တခြား အရိပ်မင်းသားကလည်း တိမ်လင်းယွီန်ထက် မညံ့လောက်ဘူး"

"ခင်ဗျာ....."

ကျီးကန်း၏ မျက်နှာက နီရဲသွားသည်။

"ဘာလို့ ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောနေရတာလဲ ကျွန်တော့်မှာ မျက်နှာမရှိဘူးလို့ ထင်နေတာလား.."

အရိပ်မင်းသား 'တိမ်လင်းယွီန်' ကို မနိုင်တာ မဆိုထားနှင့် တောင်ပိုင်းတပ်မှူး 'ပညာရှိငှက်' ဆိုသော အမျိုးသမီးကိုတောင် သူ မနိုင်ခဲ့ပေ။

"ငါတို့က အတူတူ အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီပဲ.. မင်းအကြောင်း ငါ မသိဘဲ နေပါ့မလား.."

လဲ့ဟန်က ပို၍ပို၍ ပျော်ရွှင်စွာ ရယ်လိုက်ပြီး ပြောလိုက်၏။

"မင်းကို အရိပ်မင်းသား ဖြစ်စေချင်ပေမယ့် တကယ်ဖြစ်သွားရင် ငါ စိတ်ဓာတ်ကျသွားမှာကိုတောင် စိုးရိမ်မိတယ်"

"သွားစမ်းပါ.."

ကျီးကန်းက လဲ့ဟန်အား ခြေထောက်ဖြင့် တစ်ချက်ကန်ကာ ပျံသန်းထွက်ခွာသွားသည်။

မူလက လေးလံနေသော လေထုမှာ ရုတ်တရက် ရွှင်လန်းတက်ကြွသွားလေ၏။

...

နတ်ဆိုးနှိမ်နင်းရေး ချောက်နက် အောက်တွင်..

လီယွမ်က ထူထပ်သော မြူခိုးများထဲသို့ ကျဆင်းသွားပြီး တစ္ဆေများနှင့် ဝံပုလွေများ၏ ဟိန်းဟောက်သံများကို နားထောင်နေသည်။

"ဒီယင်ချီစွမ်းအင်တွေက အရမ်းကို များပြားလွန်းတယ်.. ငရဲပြည်ထဲကို ဆင်းသွားရသလိုပဲ.."

ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် အမည်းရောင် မကောင်းဆိုးဝါး ချီစွမ်းအင်များ လွင့်မျောနေသည်ကို မြင်တွေ့နိုင်သည်။ ယင်ချီစွမ်းအင်က အတိုင်းအတာတစ်ခုအထိ စုစည်းမိသွားသောကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် လီယွမ်တွင် ဧရာမဝိညာဉ် ပင်မကူကောင် ရှိနေသည့်အတွက် ပေါများသော ချီစွမ်းအင်များနှင့် လုံလောက်သည့် ယန်ချီစွမ်းအင်များ ရှိနေသဖြင့် မည်သည့်တစ္ဆေကမှ သူ၏လည်ပင်းကို လာမဖမ်းရဲပေ။

ဓားနတ်သမီးထံမှ အလင်းရောင်များ ထွက်ပေါ်နေပြီး မြူခိုးများက အလိုအလျောက် ဆုတ်ခွာသွားကြသည်။

သူတို့က အောက်သို့ ဆက်တိုက် ဆင်းသက်လာခဲ့ကြ၏။

ကောင်းကင်နှင့် မြေကြီးကို မမြင်ရသော မြူခိုးများ၏ နက်ရှိုင်းသော နေရာတွင် ကျယ်ပြန့်သော ချောက်ကမ်းပါး နံရံပေါ်၌ ထူထပ်စွာ စီတန်းနေသော မည်းမှောင်နေသည့် လိုဏ်ဂူပေါက်များ ပေါ်ထွက်လာသည်။

"ဓားနတ်သမီး... ဓားသန္ဓေသားလောင်းက ဘယ်လိုဏ်ဂူထဲမှာ ရှိလဲဆိုတာ မင်း ခံစားလို့ရလား.."

လီယွမ်က မေးလိုက်၏။

ထိုအခါ.. ဓားနတ်သမီးက သူမ၏ သွယ်လျသော လက်ညှိုးကို မြှောက်ကာ အမည်မသိ လိုဏ်ဂူပေါက်များထဲမှ တစ်ခုကို ညွှန်ပြလိုက်သည်။

"သွားကြစို့"

လီယွမ်က ချက်ချင်းပင် လိုဏ်ဂူထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

"ဒီလို မှောင်မိုက်တဲ့ နေရာမျိုးမှာ လင်းရှောင်ဓားသေတ္တာရဲ့ လမ်းညွှန်မှုသာ မရှိခဲ့ရင် ကျိုးဝူပင်း အပါအဝင် သူတို့သုံးယောက်က တစ်သက်လုံး ရှာတွေ့နိုင်မှာ မဟုတ်ဘူး.."

သောင်းနှင့်ချီသော မည်းမှောင်နေသည့် ရှေးဟောင်းလိုဏ်ဂူများသည် ချောက်ကမ်းပါး နံရံတွင် မြှုပ်နှံထားသော အခေါင်းတောင်းများကဲ့သို့ ထူထပ်စွာ စီတန်းနေပြီး လူတစ်ဦး၏ ဦးရေပြားကိုပင် ထုံကျင်သွားစေနိုင်၏။

ဓားနတ်သမီး၏ အာရုံခံနိုင်စွမ်းသာ မရှိခဲ့လျှင် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကဲ့သို့သော နတ်ဘုရားပစ္စည်းတစ်ခုက ဤမျှ မှောင်မိုက် ညို့မှိုင်းပြီး ညစ်ညမ်းသော ပတ်ဝန်းကျင်မျိုးတွင် မွေးဖွားလာနိုင်လိမ့်မည်ဟု လီယွမ် မတွေးဝံ့ပေ။

လီယွမ်က တဖြည်းဖြည်း ချဉ်းကပ်သွားသည်။

ရုတ်တရက် အမှောင်ထဲမှ ဧရာမ လင်းနို့ကြီးတစ်ကောင် ထွက်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ရုပ်ဆိုးအကျည်းတန်သော လူသားမျက်နှာတစ်ခုကဲ့သို့ တွန့်လိမ်နေသည်။ ၎င်း၏ အတောင်ပံများ ခတ်လိုက်မှုက အေးစက်သော လေပြင်းကို ဖြစ်ပေါ်စေခဲ့၏။

“ရွှပ်”

လီယွမ် လှုပ်ရှားခြင်း မပြုမီမှာပင် ဓားနတ်သမီးက ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ လူသားမျက်နှာနှင့် လင်းနို့မှာ သွေးမြှုပ်များအဖြစ် ပြောင်းလဲသွားပြီး မြူခိုးများနှင့်အတူ လွင့်မျောသွားသည်။

"ပထမအကြိမ် ကြည့်လိုက်တုန်းက ငါ ဘယ်လိုလုပ် သတိမထားမိခဲ့တာလဲ"

လီယွမ် အံ့အားသင့်သွားရသည်။

မြူခိုးများက စိတ်စွမ်းအား စူးစမ်းရှာဖွေမှု အတိုင်းအတာကို ကန့်သတ်ထားရုံသာမက ဤနေရာရှိ သတ္တဝါများက ပတ်ဝန်းကျင်နှင့် လုံးဝ တစ်သားတည်း ဖြစ်နေသောကြောင့် ခွဲခြားသိမြင်ရန် ခက်ခဲလှ၏။

ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ အန္တရာယ်ရှိသော သတ္တဝါ မဟုတ်ပေ။

"ဝူမေ့... ဒေသခံ သူငယ်ချင်းတချို့ကို ရှေ့ကနေ စူးစမ်းဖို့ ထပ်လွှတ်လိုက်ဦး"

လူသားမျက်နှာနှင့် လင်းနို့၏ လှုံ့ဆော်မှုကြောင့် လီယွမ်၏ ၈၀၁ ခုမြောက် အတွေးက ပေါ်ထွက်လာပြီး ပင့်ကူဘုရင်မကူကောင်ကို ဆက်လက် စူးစမ်းရှာဖွေရန် တွန်းအားပေးလိုက်၏။

"ကျွီ ကျွီ"

အချိန်တိုအတွင်းမှာပင် လိုဏ်ဂူထဲတွင် အန္တရာယ်မရှိကြောင်း ဝူမေ့က သတင်းပို့လာသည်။

လီယွမ်လည်း စိတ်သက်သာရာ ရသွားပြီး ဓားနတ်သမီးကို ဦးဆောင်ကာ ရှေးဟောင်းလိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်။

"အလင်းရောင်ကူကောင်"

သူက အပြင်ဘက်ရှိ အရာများကို အာရုံမစိုက်မိစေရန် အသံများလွန်းခြင်းကို ရှောင်ရှားရင်း လိုဏ်ဂူကို အနည်းငယ် လင်းထိန်စေရန်နှင့် အမှောင်ထုကို ဖယ်ရှားရန်အတွက် အလင်းရောင်ကူကောင် အနည်းငယ်ကို လွှတ်ပေးလိုက်၏။

ဤနေရာသို့ ရောက်ရှိလာချိန်တွင် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ နက်ရှိုင်းသော ဓားစိတ်ဆန္ဒတစ်ခုကို သူ ခံစားလိုက်ရသည်။

ဓားနတ်သမီး၏ ဓားဖြစ်သော နှင်းကျဓားက တဝီဝီ မြည်သံများ ဆက်တိုက် ထွက်ပေါ်နေသည်။

နှင်းကျဓားနှင့် ဤအညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို အမြွှာများအဖြစ် သတ်မှတ်နိုင်သလား။

လီယွမ် တွေးမိသည်။

မိခင်တစ်ဦးတည်းမှ မွေးဖွားလာသော်လည်း နှစ်ပေါင်းသုံးထောင် ကွာဟနေသော အမြွှာများ လား။

All Chapters