← Chapters

လွဲချော်မှုမှတစ်ဆင့် ဆင့်ကဲပြောင်းလဲခြင်း

Vol. 8 Ch. 104

လွဲချော်မှုမှတစ်ဆင့် ဆင့်ကဲပြောင်းလဲခြင်း

Vol. 8 Ch. 104

“ရှားပါးကူကောင် နွေဦးနှင့်ဆောင်းဦးပိုးတောင့် (၆) ကြိမ်မြောက် အသွင်ပြောင်းခြင်းဟာ ပုံစံပြောင်းလဲသွားပြီး အချိန်စီးဆင်းအလင်းဖလံအဖြစ်သို့ ဆင့်ကဲတိုးတက်သွားပါတယ်”

စနစ်၏ အသိပေးချက်ကြောင့် လီယွမ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။

'ကျရှုံးသွားတာလား...'

တိတိကျကျ ပြောရလျှင် ၎င်းမှာ ကျရှုံးခြင်း မဟုတ်ဘဲ မမျှော်လင့်ထားသော လမ်းကြောင်းတစ်ခုသို့ ဆင့်ကဲပြောင်းလဲသွားခြင်းသာ ဖြစ်ချေသည်။ ဤအခြေအနေသည် အချိန်စီးဆင်းအလင်းဖလံအား နွေဦးနှင့်ဆောင်းဦးပိုးတောင့်၏ မူလအခြေအနေသို့ ပြန်လည်ပြောင်းလဲရန် အလွန်တရာ ခက်ခဲသွားပြီဖြစ်ကြောင်း ဖော်ပြနေသည်။

မူလအခြေအနေသို့ မည်သို့ ပြန်ပြောင်းရမည်ဆိုသည်မှာ ခေါင်းခဲစရာ ပြဿနာကြီးတစ်ခုပင် ဖြစ်တော့၏။

ပြောင်းပြန်ဆင့်ကဲပြောင်းလဲခြင်းအတွက် စမ်းသပ်ရမည့် တန်ဖိုးမှာ အလွန်ပင် မြင့်မားလှ၏။ စီနီယာများ၏ အတွေ့အကြုံ အထောက်အပံ့များ မပါရှိဘဲ မိမိဘာသာ ကျင့်ကြံသည့် လုပ်ငန်းစဉ်ကို တိုတောင်းအောင် လုပ်နိုင်လျှင်ပင် ကြီးမားလှသော အားစိုက်ထုတ်မှုနှင့် ငွေကြေးဓနများစွာ လိုအပ်မည်သာ ဖြစ်၏။

လီယွမ်သည် အလောတကြီး ထပ်မံ၍ စမ်းသပ်ခြင်း မပြုဘဲ အမည်းရောင်အိုးအတွင်းသို့သာ အာရုံစူးစိုက်ကာ ကြည့်နေမိသည်။

ထိုအချိန်စီးဆင်းအလင်းဖလံမှာ တစ်ကိုယ်လုံး ကြယ်တာရာပင်လယ်ကဲ့သို့ ပြာလဲ့နေပြီး အတောင်ပံတစ်ဖက်မှာ အမည်းရောင် တစ်ဖက်မှာ အဖြူရောင် ဖြစ်နေသည်။ ၎င်း၏ ကျောပေါ်တွင်တော့ အချိန်များကို ဝါးမြိုနိုင်စွမ်း ရှိသည့်အလား ရစ်ပတ်နေသော ပုံစံတစ်ခု ပါရှိနေချေသည်။

အရေးကြီးဆုံးအချက်မှာ လီယွမ်၏ မှတ်ဉာဏ်ထဲတွင် ဤအချိန်စီးဆင်းအလင်းဖလံဆိုသော ကူကောင်မျိုးကို တစ်ခါမျှ မမြင်ဖူးခြင်းပင် ဖြစ်၏။

ဒီနှစ်တွေအတွင်း သူသည် ကူကောင်ကျမ်းပေါင်းစုံကို ဖတ်ရှုခဲ့ပြီးဖြစ်ရာ လမ်းလျှောက်နေသော ကူကောင်စွယ်စုံကျမ်းကြီးဟုပင် ဆိုနိုင်သည်။ ထို့ပြင် သူသည် နယ်မြေအဆင့် နှောင်းပိုင်း၏ စိတ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး မြင်သမျှကို မမေ့တမ်း မှတ်သားနိုင်စွမ်းလည်း ရှိသည်။

သူ ဖတ်ရှုခဲ့သမျှ ကူလမ်းစဉ် စာအုပ်များထဲတွင် “အချိန်စီးဆင်းအလင်းဖလံ” ဟူသော အမည်ကို လုံးဝ မတွေ့ခဲ့ရပေ။

တစ်နည်းဆိုရသော် ဤရှားပါးကူဖလံမှာ လုံးဝ မျိုးစိတ်သစ်တစ်ခု ဖြစ်နိုင်ချေ ရှိနေသည်။ အနည်းဆုံးတော့ ထျန်းယွမ်တိုက်ကြီးတွင် ဤသို့ပင် ဖြစ်ပေလိမ့်မည်။

'ရှားပါးကူကောင် အသစ်ဖြစ်နေတာကြောင့် အတိတ်က အတွေ့အကြုံတွေကို ကိုးကားဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး.. ကျင့်ကြံရမယ့် လမ်းကြောင်းကလည်း မရေမရာ ဖြစ်နေတော့ စမ်းသပ်ရမယ့် တန်ဖိုးက အဆမတန် မြင့်တက်သွားပြီပေါ့...'

လီယွမ်မှာ အကျပ်ရိုက်သွားရသည်။ သူ တွေးမိသမျှ တစ်ခုတည်းသော အကျိုးကျေးဇူးမှာ ဤရှားပါးကူကောင်အသစ်သည် ထူးခြားကူကောင်အသစ်အဖြစ်သို့ ပြောင်းလဲသွားနိုင်ခြင်းပင် ဖြစ်ချေသည်။

'ဆရာ့ဆီမှာ အကြံဉာဏ် သွားတောင်းရင်ရော ဘယ်လိုနေမလဲ...'

အချို့သောအရာများကို စာအုပ်များတွင် မှတ်တမ်းတင်ထားခြင်း မရှိသော်လည်း အတွေ့အကြုံရင့်ကျက်သည့် ကူသခင်ကြီးများသည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ဖူးကောင်း ကြုံတွေ့ဖူးနိုင်ပြီး မည်သို့ကိုင်တွယ်ရမည်ကို ပို၍ သိနိုင်ပေလိမ့်မည်။

ထိုသို့ တွေးမိသည်နှင့် လီယွမ်သည် ချက်ချင်းပင် စာတစ်စောင်ရေးသားကာ နဝမဂူစံအိမ်တော်၏ အတွင်းစည်းသို့ ပေးပို့လိုက်၏။ သူ ကိုယ်တိုင်ကိုယ်ကျ မသွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဓားနတ်သမီးသည် သူနှင့် အလွန်အမင်း ဝေးကွာသွား၍ မရသောကြောင့်ပင် ဖြစ်၏။ မဟုတ်ပါက အရာရာက ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားပေလိမ့်မည်။

လက်ရှိ အခြေအနေတွင် ဓားနတ်သမီးကို ခေါ်ဆောင်သွားခြင်းကလည်း ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလော။

တစ်လခွဲခန့် အကြာတွင်..

ယွီဟန်ချွမ်းသည် (၁၂) ဂူစံအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာသည်။

“ဆရာ... မတွေ့ရတာ ကြာပါပြီ”

လီယွမ်က ဝါးတောလေးထဲတွင် စားပွဲသောက်ပွဲတစ်ခု ပြင်ဆင်၍ ကြိုဆိုလိုက်၏။

“နှစ်သစ်ထဲမှာ ဆရာ့ကို ကြည့်ရတာ စိတ်ဓာတ်တွေရော၊ ခွန်အားတွေရော ပြည့်ဝနေပုံပဲနော်”

“ဟားဟားဟား”

ယွီဟန်ချွမ်းက ကျယ်လောင်စွာ ရယ်လိုက်၏။ သူ၏ ခြေလှမ်းများမှာ နဂါးကဲ့သို့ ခန့်ညားပြီး ကျားကဲ့သို့ ထည်ဝါလျက် ရှိနေကာ ချီနှင့် သွေးစွမ်းအင်များလည်း ပြည့်လျှံနေချေသည်။ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး သေလုနီးပါး ဖြစ်ခဲ့ဖူးသော လက္ခဏာများ လုံးဝ မရှိတော့ပေ။

“ဒါတွေ အားလုံးက မင်းကြောင့်ပါပဲကွာ.. မင်းက ငါ့ဆီကို အဖိုးတန် ဆေးဝါးတွေ ခဏခဏ ပို့ပေးမနေရင် ဒီအဘိုးကြီးက မြေကြီးထဲ ခြေတစ်ဖက် ရောက်နေလောက်ပြီ”

ထိုစဉ်က ယွီဟန်ချွမ်းမှာ အလွန်ပင် စိတ်ဓာတ်ကျခဲ့ရသည်။ သူ၏ ပင်မကူကောင်ကို ဆုံးရှုံးလိုက်ရသဖြင့် သူသည် အသုံးမကျသော လူတစ်ယောက် ဖြစ်သွားခဲ့ပြီး သူ၏ စွဲလမ်းမှုတစ်ခုတည်းဖြင့်သာ အသက်ကို ဖက်တွယ်ထားခဲ့ရခြင်း ဖြစ်၏။

နာတာရှည် လူမမာ၏ အိပ်ရာနားတွင် သားသမီးမရှိဟူသော စကားအတိုင်း သူသည် မိမိကိုယ်ကိုယ် အသုံးမကျတော့ဟု ခံစားခဲ့ရပြီး ဆိုးရွားသော အိုမင်းခြင်းနှင့် ကြုံတွေ့ရမည်ဟုသာ ထင်မှတ်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ တပည့် သုံးဦးစလုံးက သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသည်။

အထူးသဖြင့် တပည့်ငယ် လီယွမ်က သူ့အား အဖိုးတန်ဆေးဝါးများ လက်ဆောင်ပေးခဲ့သဖြင့် သူ၏ ဒဏ်ရာများ သက်သာသွားရုံသာမက စွမ်းအင်များလည်း ပြန်လည်ရရှိခဲ့သည်။ အချိန်တစ်ခု ပေးမည်ဆိုပါက သူသည် ကူလမ်းစဉ်ပေါ်သို့ တစ်ကျော့ပြန် ဝင်ရောက်နိုင်မည့် အလားအလာများပင် ရှိနေချေပြီ..။

“ဆရာကလည်း အားနာစရာတွေ ပြောနေပြန်ပြီ.. ဆရာက ကျွန်တော့်အပေါ် အရမ်း ကြင်နာခဲ့တာပါ.. ကူလမ်းစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို လမ်းပြပေးခဲ့တဲ့ ကျေးဇူးတွေက အဖိုးဖြတ်လို့ မရပါဘူး ဆရာ”

လီယွမ်က ပြုံးလျက် ပြန်လည် ပြောဆိုလိုက်၏။

“မင်း စာထဲမှာ ရေးထားတာက ထူးခြားကူကောင် အိပ်မက်ပိုးကောင်ကို သန့်စင်နေတုန်း တစ်ခုခု လွဲချော်သွားတယ် ဆိုတာလား.. ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို အသေးစိတ် ရှင်းပြပါဦး”

ယွီဟန်ချွမ်းသည် အသက်ကြီးသော်လည်း အတွေ့အကြုံများမှာ ကျန်ရှိနေဆဲ ဖြစ်ရာ လီယွမ်အား နယ်ပယ်အသီးသီးတွင် လမ်းညွှန်မှု ပေးနိုင်သည်။

“အဲဒါက ဒီလိုပါ ဆရာ...”

လီယွမ်သည် အမည်းရောင်အိုး၏ စွမ်းရည်များကို ထုတ်ဖော်မပြဘဲ အိပ်မက်ပိုးကောင်အား သန့်စင်သည့် လုပ်ငန်းစဉ်ကိုသာ အကြမ်းဖျင်း ရှင်းပြလိုက်၏။

ထို့နောက် အချိန်စီးဆင်းအလင်းဖလံ ရှိနေသော အမည်းရောင်အိုးကို ထုတ်ယူလိုက်၏။

“ဆရာ... ဒါကို ကြည့်ကြည့်ပါဦး.. ဒါက နွေဦးနှင့်ဆောင်းဦးပိုးတောင့်ကနေ ပုံစံပြောင်းသွားတဲ့ ရှားပါးကူကောင်ပါပဲ.. စာအုပ်တွေထဲမှာလည်း တစ်ခါမှ မှတ်တမ်းမတင်ဖူးတော့ ကျွန်တော်ကတော့ အချိန်စီးဆင်းအလင်းဖလံလို့ပဲ နာမည်ပေးထားလိုက်တယ်”

အမည်းရောင်အိုးအတွင်း၌ ဖလံလေးမှာ လှုပ်ရှားနေပြီး ကြယ်တာရာပင်လယ်ပြင်ကြီး လှိုင်းထနေသကဲ့သို့ အမှုန်အမွှားများမှာလည်း လွင့်ပျံနေကာ အိပ်မက်ဆန်ဆန် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည်။

“နာမည်က တကယ်ကို လိုက်ဖက်တာပဲ”

ယွီဟန်ချွမ်းက သေသေချာချာ စစ်ဆေးပြီးနောက် လေးနက်သော အသံဖြင့် ဆိုလိုက်၏။

“ကူလမ်းစဉ်ရဲ့ သမိုင်းတစ်လျှောက်မှာ လွဲချော်မှုကြောင့် ပုံစံပြောင်းသွားတဲ့ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ဖူးတယ်.. ဒါပေမဲ့ မတော်တဆ ကျင့်ကြံမိတဲ့ ရှားပါးကူကောင် အများစုက နောက်တစ်ကြိမ် ထပ်မံ ဖန်တီးဖို့ မဖြစ်နိုင်တော့တာကြောင့် လူသိမများခဲ့ဘဲ နှစ်တွေကြာလာတဲ့အခါမှာ ပျောက်ကွယ်သွားခဲ့ကြတာ များတယ်”

“ဒါဆို ကျွန်တော် ဘာဆက်လုပ်သင့်လဲ ဆရာ...”

လီယွမ်က ဝေခွဲမရ ဖြစ်နေသည်။

“အချိန်စီးဆင်းအလင်းဖလံကို နွေဦးနှင့်ဆောင်းဦးပိုးတောင့် ဖြစ်အောင် ပြောင်းပြန်ဆင့်ကဲပြောင်းလဲမှု လုပ်ခိုင်းရမလား.. ဒါမှမဟုတ် လမ်းကြောင်းသစ်တစ်ခုအတိုင်းပဲ ဆက်ပြီး ကျင့်ကြံရမလားဟေ”

“လမ်းကြောင်းသစ်အတိုင်းပဲ ကျင့်ကြံဖို့ ငါ အကြံပေးချင်တယ်”

ယွီဟန်ချွမ်းက သက်ပြင်းချလိုက်၏။

“အိပ်မက်ပိုးကောင်ဆိုတာ ငါ့ရဲ့ တစ်သက်တာ ဆန္ဒတစ်ခု စွဲလမ်းမှုတစ်ခု ဖြစ်ပေမယ့်လည်း ပြောင်းပြန်ဆင့်ကဲပြောင်းလဲမှုက အရမ်းခက်ခဲလွန်းတယ်.. ကျရှုံးဖို့လည်း အလားအလာ များတာကြောင့် မင်းရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန် အလဟဿ ဖြစ်သွားနိုင်တယ်”

“ငါ နန်းတော်သခင် အတော်များများနဲ့ ဆွေးနွေးဖူးသလောက်တော့ သူတို့အားလုံးက ပြောင်းပြန်ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းကို စမ်းသပ်ခဲ့ကြပေမယ့် အောင်မြင်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်သလောက်ပဲ.. အဲဒီအစား လမ်းကြောင်းသစ်တစ်ခုဆီကိုပဲ ဦးတည်ပြီး ကျင့်ကြံလိုက်တာကမှ ပိုကောင်းဦးမယ်.. ဖြစ်နိုင်ရင် လုံးဝ မျိုးစိတ်သစ်ဖြစ်တဲ့ ရှားပါးကူကောင် ဒါမှမဟုတ် ထူးခြားကူကောင်အသစ်တစ်ခုကိုတောင် ဖန်တီးနိုင်ပြီး ကူလမ်းစဉ်ရဲ့ သမိုင်းမှာ မင်းရဲ့အမည်ကို မှတ်တမ်းတင်နိုင်လိမ့်မယ်”

ယွီဟန်ချွမ်းက လီယွမ်အား အိပ်မက်ပိုးကောင်အား ကျင့်ကြံမည့် အစီအစဉ်ကိုပင် စွန့်လွှတ်ရန် တိုက်တွန်းနေသည်။

“ကောင်းပါပြီ ဆရာ”

လီယွမ်က ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို ထပ်မံ၍ စိတ်မပူတော့ပေ။ လမ်းကြောင်းသစ်တစ်ခုအတိုင်းသာ ကျင့်ကြံလိုက်တော့မည်။ အဆိုးဆုံးဖြစ်ခဲ့လျှင်လည်း အစမှ ပြန်စနိုင်သည် မဟုတ်ပါလော။

“ငါ့အမြင်မှာတော့ မင်းရဲ့ ပါရမီက ‘နှလုံးသားမေးခွန်းကူကောင်’ ကို သန့်စင်ခဲ့တဲ့ မင်းသမီးလေးထက် မညံ့တဲ့အပြင် ပိုတောင် သာလွန်နိုင်သေးတယ်.. အချိန်တစ်ခု ရမယ်ဆိုရင် မင်းက သမိုင်းသစ်တစ်ခုကို သေချာပေါက် ရေးထိုးနိုင်မှာပါ”

ယွီဟန်ချွမ်းသည် ဤတပည့်ငယ်အပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိသည်။ သူက လူအများနှင့် ရောနှောနေထိုင်ရန် ဝန်လေးပြီး အပြင်ထွက်ရန် ဝါသနာမပါသည်မှအပ ကျန်သည့်အချက်များမှာ အပြစ်ပြောစရာ မရှိပေ။

မင်းသမီးလေးအကြောင်း ပြောရင်း လီယွမ်က မေးခွန်းတစ်ခုကို သတိရသွားသည်။

“ဆရာ... ချန်းလန်ဘုရင်က အပြင်းအထန် ဒဏ်ရာရပြီး နာလန်မထူနိုင်ဘူးဆို အခု အခြေအနေက ဘယ်လိုရှိလဲ”

ဤကဲ့သို့သော အချက်အလက်များကို အထက်တန်းလွှာများသာ သိရှိနိုင်သည်။

“တော်တော်လေး ဆိုးရွားတယ်”

ယွီဟန်ချွမ်းက ရှင်းပြသည်။

“နန်းတော်သခင်က ငါ့ကို ပြောပြတာတော့ ချန်းလန်ဘုရင်က နောက်ထပ် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ပဲ တောင့်ခံနိုင်တော့မယ်တဲ့ အဲဒီအချိန်ကျရင် တောင်ပိုင်းနယ်စပ်ရဲ့ အခြေအနေက အလှုပ်ခတ်ဆုံး ဖြစ်လာလိမ့်မယ်”

“နန်းတော်သခင်တောင်မှ ဘာမှ မတတ်နိုင်ဘူးလား ဆရာ”

လီယွမ်သည် ချန်းလန်ဘုရင်အား မသေစေလိုပေ။ နယ်စပ်ရှိ ဘုရင်ငါးပါးအနက် တာ့ယန်တော်ဝင်မိသားစုအား ပြတ်ပြတ်သားသား ထောက်ခံအားပေးသည့် တစ်ဦးတည်းသောသူ ဖြစ်ပြီး တစ်နည်းအားဖြင့် သူ၏ ထောက်ခံသူများထဲမှ တစ်ဦးလည်း ဖြစ်နေသောကြောင့်ပင်။

နောင်တစ်ချိန်တွင် သူသည် လီယွမ်အတွက် အားကိုးရာတစ်ခု ဖြစ်လာနိုင်၏။

ထို့ပြင် ချန်းလန်ဘုရင် ကွယ်လွန်သွားပါက တောင်ပိုင်းနယ်စပ်မှာ ပရမ်းပတာ ဖြစ်သွားမည်ဖြစ်ရာ ၎င်းက (၁၂) ဂူစံအိမ်အတွက် ဆိုးကျိုးများသာ ယူဆောင်လာပေလိမ့်မည်။ ဤသည်မှာ သူ လုံးဝ မလိုလားသော အရာပင် ဖြစ်တော့၏။

“ဘာမှ လုပ်လို့ မရတော့ဘူး”

ယွီဟန်ချွမ်း၏ မျက်နှာက လေးနက်နေသည်။

“ချန်းလန်ဘုရင်က နတ်ဆိုးမျိုးနွယ်စုရဲ့ အပြင်းထန်ဆုံး အဆိပ်မိထားတာလေ သူက သေတာထက် ပိုဆိုးတဲ့ ဝေဒနာကို ခံစားနေရတာ ကုသမယ့် ဆေးလည်း မရှိဘူး.. ဒီနှစ်တွေအတွင်း သူ ဒီလောက်ထိ တောင့်ခံထားနိုင်တာကိုက အံ့သြစရာပဲ”

သူသည်လည်း ထိုသူ မသေသင့်ကြောင်း သိထားသည်။

“အိမ်ရှေ့မင်းသား ရှောင်လဲ့နဲ့ မင်းသမီး ရှောင်ချင်အာတို့ ကြီးပြင်းလာတဲ့အထိ စောင့်ရမယ်.. ဒါမှမဟုတ်ရင် ရှောင်မိသားစု တစ်ခုလုံး ကောင်းမွန်တဲ့ နိဂုံးနဲ့ ကြုံရမှာ မဟုတ်ဘူး”

လောကကြီးက တကယ်ကို ရက်စက်လွန်းလှ၏။

“အင်း...”

လီယွမ်က ဘာပြောရမှန်းမသိဘဲ တိုးညင်းစွာ သက်ပြင်းချလိုက်မိသည်။

“နန်းတော်သခင်က ရှောင်ချင်အာကို ချန်းလန်နယ်မြေဆီ ခေါ်သွားပြီးပြီ.. သမိုင်းက ပြန်လည်ပတ်နေတာလည်း ဖြစ်နိုင်တာပဲ” ယွီဟန်ချွမ်းက ဆိုလိုက်၏။

အကယ်၍ ချန်းလန်ဘုရင်သာ ကွယ်လွန်ခဲ့လျှင် သူ၏ လက်အောက်ငယ်သားများမှာလည်း အုပ်စုကွဲသွားနိုင်ချေ ရှိသည်။

'တပ်မတော်တစ်ခုလုံး ဆုတ်ခွာပြီး တောင်ပိုင်းနယ်စပ်ကို စွန့်လွှတ်ကာ ချန်းလန်နယ်မြေကို အသေခံ ကာကွယ်ရမည်လား.. သို့မဟုတ် တောင်ပိုင်းနယ်စပ်တွင် ဆက်နေပြီး နတ်ဆိုးများနှင့် ယူဘုရင်၏ တပ်မတော်ကို အသေခံ တိုက်ခိုက်ရမည်လား..'

အနာဂတ် အခြေအနေက မည်သို့ ဖြစ်လာမည်ကို မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ကြပေ။

သို့သော် ကူသခင်များအနေဖြင့် လီယွမ်နှင့် ယွီဟန်ချွမ်းတို့ နှစ်ဦးစလုံး သေချာပေါက် သိနေသည့် အချက်တစ်ချက် ရှိသည်။

၎င်းမှာ နှလုံးသားမေးခွန်းကူကောင်ကို ပိုင်ဆိုင်ထားသော ရှောင်ချင်အာသည် သူမ၏ မူလရည်ရွယ်ချက်ကို ဘယ်တော့မှ ပြောင်းလဲမည် မဟုတ်ဘဲ သူမ လုပ်ဆောင်လိုသည့် အရာကို ထိုစဉ်က ချန်းလန်ဘုရင်ကဲ့သို့ပင် ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည်သာ ဖြစ်တော့၏။

All Chapters