← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃)

ချင်စီယောင်က ရှောင်မိုကို တွဲကာ ဒုတိယမင်းသား၏ အိမ်တော်ထဲမှ ထွက်လာခဲ့လေ၏။

ချင်စီယောင်က ရှောင်မိုကို မြင်းလှည်းပေါ်သို့ တင်ပေးတော့မည့် အချိန်လေးမှာပင် ရှောင်မိုက သူ့ကို ရစ်ပတ်နေသော အရက်နံ့များကို ခါထုတ်လိုက်လေသည်။

အရင်က မူးယစ်ဝေဝါးနေခဲ့သော သူ၏မျက်လုံးများမှာ ယခုအခါတွင် ရုတ်တရက် ကြည်လင်လာခဲ့ချေပြီ။

"ကျွန်တော့်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီးလေး"

ရှောင်မိုက ချင်စီယောင်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

ပထမမင်းသား ယူဆောင်လာသော သေရည်မှာ တကယ်ကို ပြင်းလွန်းလှပေ၏။

ရှောင်မိုက သူသာ ဒီလို ဆက်သောက်နေမည်ဆိုပါက သေချာပေါက် မူးသွားလိမ့်မည်ဟု ခံစားလိုက်ရသည်။

"နင် မသောက်ချင်ရင် မသောက်နဲ့ပေါ့" ချင်စီယောင်က အနည်းငယ် နှုတ်ခမ်းဆူလိုက်လေ၏။ "နင်တို့ ယောက်ျားတွေက အရမ်းထူးဆန်းတာပဲ။ ဘာလို့ ခံနိုင်ရည်ရှိသလို ဟန်ဆောင်နေရတာလဲ"

"တစ်ခါတလေကျရင် မသောက်ချင်ရင်တောင်မှ ငြင်းလို့မရတဲ့ အခြေအနေမျိုးတွေ ရှိတတ်တယ်လေ" ရှောင်မိုက ပြုံးလျက် ခေါင်းယမ်းလိုက်ပြီး သူ၏ လေသံတွင် ကူကယ်ရာမဲ့မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။

"ဒါဆို နောက်ဆို နင် သောက်တဲ့အခါတိုင်း ငါ့ကို ခေါ်သွား။ ငါ နင့်ဘေးမှာ ရှိနေသရွေ့ နင် မသောက်ချင်ရင် ဘယ်သူမှ အတင်းတိုက်လို့ မရစေရဘူး" ချင်စီယောင်က သူမ၏ ခါးလေးကို ထောက်ကာ ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်လေ၏။

"ကောင်းပါပြီ" ရှောင်မိုက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "ဒါဆိုလည်း ကျေးဇူးတင်ပါတယ် မင်းသမီးလေး"

"ရပါတယ်" ချင်စီယောင်က သူမ၏ မေးစေ့လေးကို ဂုဏ်ယူစွာ မော့လိုက်လေ၏။

ချင်စီယောင်၏ ဆွဲဆောင်မှုရှိပြီး အနည်းငယ် ချစ်စရာကောင်းကာ အပြစ်ကင်းစင်သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ရှောင်မိုမှာ သူမကို ထပ်မံ၍ မကြည့်ဘဲ မနေနိုင်တော့ချေ။ ထို့နောက် သူက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တောက်ပနေသော လမင်းကြီးကို မော့ကြည့်ကာ မေးလိုက်သည်။ "ဒီနေ့ ညရှုခင်းက အရမ်းလှတာပဲ။ မင်းသမီးလေး အတူတူ လမ်းလျှောက်ချင်လား။ ကျွန်တော်လည်း အမူးပြေသွားအောင်လို့ပါ"

"ကောင်းပြီလေ လမ်းလျှောက်တာပေါ့"

ရှောင်မိုက သူမနှင့်အတူ လမ်းလျှောက်ချင်သည်ကို ကြားလိုက်ရသောအခါ ချင်စီယောင်က လမ်းမဘက်သို့ သူမ၏ ခြေတံရှည်လေးများဖြင့် ပျော်ရွှင်စွာ လျှောက်သွားလေ၏။

ရှောင်မိုက သူမ၏ဘေးမှ လိုက်ပါသွားသည်။ သူတို့နှစ်ဦးသည် လရောင်အောက်တွင် ယှဉ်တွဲလျက် လမ်းလျှောက်နေကြပြီး သူတို့၏ အရိပ်လေးများမှာ ပေါင်းစပ်သွားခဲ့လေသည်။

အစေခံမလေး ဟွာရှန်းက နှင်းနင်းမြင်းကို ဆွဲကာ သူတို့နှစ်ဦး၏အနောက် တစ်ကျန်းခန့်အကွာမှ လိုက်ပါလာခဲ့ပြီး ဤလူငယ်စုံတွဲလေးအတွက် နေရာလွတ် အလုံအလောက် ပေးထားခဲ့ပေသည်။

အချိန်မှာ ဇီနာရီ (ည ၁၁ နာရီမှ ၁ နာရီအတွင်း) ရောက်နေပြီဖြစ်ရာ မီးရောင်များ ထိန်လင်းနေဆဲဖြစ်သော ပြည့်တန်ဆာအိမ်များမှလွဲ၍ မြို့တော်၏ လမ်းမများမှာ ရှင်းလင်းနေပြီး သာမန်ပြည်သူအများစုမှာ အိပ်ရာဝင်နေကြပြီ ဖြစ်လေ၏။

မြို့တော်၏ အထက်တွင် တစ်ခုလုံးသော ညကောင်းကင်ကြီးက မှင်ရောင် ပိုးသားနုနု စာလိပ်ကြီးတစ်ခုကို ဖြည်းဖြည်းချင်း ဖြန့်ကျက်ထားသည့်အလား ဖြစ်နေပြီး ကြည်လင်တောက်ပသော လပြည့်ဝန်းကြီးက ၎င်းအပေါ်သို့ ညင်သာစွာ ဖြာကျနေပေသည်။

တောက်ပသော လရောင်က မရေမတွက်နိုင်သော နန်းဆောင်များ၊ တိတ်ဆိတ်နေသော မျှော်စင်များ၊ အပေါ်သို့ကော့တက်နေသော ခေါင်မိုးစွန်းများရှိ ဝမ်ရှိုး ရုပ်တုများနှင့် ထောင့်ချွန်းများမှ တွဲလောင်းကျနေသော မီးအိမ်များကို ညင်သာစွာ လွှမ်းခြုံထားခဲ့လေ၏။

ဤလောကရှိ အရာအားလုံးက ဤညင်သာသော အလင်းရောင်ကြောင့် ၎င်းတို့၏ ကြမ်းတမ်းသော အစွန်းအထောင့်များ ပျော့ပျောင်းသွားပြီး အိပ်မက်တစ်ခု၏ အစွန်းတစ်ဖက်ရှိ တိတ်ဆိတ်သော အရိပ်အယောင်များအဖြစ် ပြောင်းလဲသွားသည့်အလား ရှိနေပေသည်။

အေးမြသော ညလေပြေလေးတစ်ခု တိုက်ခတ်လာပြီး ဘေးနားရှိ မိန်းမပျိုလေးထံမှ သင်းပျံ့သော ရနံ့လေးကို သယ်ဆောင်လာကာ ရှောင်မို၏ နှာခေါင်းဝတွင် ရစ်ဝဲနေခဲ့ရာ ညအချိန်လေးကို သိသိသာသာ ပျော့ပျောင်းသွားစေသယောင် ဖြစ်နေလေ၏။

"ဒီည ပထမမင်းသားနဲ့ ဒုတိယမင်းသားတို့ဆီက လက်ဆောင်ကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးခဲ့တဲ့အတွက်လည်း မင်းသမီးလေးကို ကျေးဇူးတင်ပါတယ်" ရှောင်မိုက ဘေးရှိ မိန်းမပျိုလေးကို ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ရှောင်မိုက အဘယ်ကြောင့် ချင်စီယောင်က နှင်းနင်းမြင်းနှင့် နဂါးကြေးခွံ သံချပ်ကာတို့ကို တောင်းဆိုခဲ့ပြီးမှ သူ့ကို ပြန်ပေးရသနည်း ဆိုသည်ကို သိရှိထားပေသည်။ စီယောင်သည် သူ၏ အခက်အခဲကို သိမြင်သွားသောကြောင့်သာ ဤသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ထိုမင်းသားများကို ကျေးဇူးတင်စရာ မလိုချင်သလို သူတို့နှင့် အလွန်အမင်း နက်နက်ရှိုင်းရှိုင်း ပတ်သက်ချင်ခြင်းလည်း မရှိခဲ့ပေ။

အမှန်တကယ်ပင် ရှောင်မို၏ နှလုံးသားထဲ၌ ချင်စီယောင်၏ ကျေးဇူးကို တင်ရှိနေခြင်းက သူမ၏ အစ်ကိုနှစ်ယောက်၏ ကျေးဇူးကို တင်ရှိနေခြင်းထက် များစွာ ပိုကောင်းလှပေသည်။

"ငါ့ကို ဘာများ ကျေးဇူးတင်စရာရှိလို့လဲ" ချင်စီယောင်က လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရှောင်မိုကို ကြည့်လိုက်လေ၏။ "ဒါပေမဲ့ ဒီည ဒီမင်းသမီးလေးက နင့်ကို နှင်းနင်းမြင်းတစ်ကောင်နဲ့ နဂါးကြေးခွံ သံချပ်ကာတစ်စုံ ပေးခဲ့တယ်နော်။ နင်က ဒီမင်းသမီးလေးကို ဘယ်လို ကျေးဇူးပြန်ဆပ်မှာလဲ"

ရှောင်မိုက ပြုံးလျက် ပြောလိုက်သည်။ "မင်းသမီးလေးက ဘယ်လိုလက်ဆောင်မျိုးကို အလိုရှိပါသလဲ။ ကျွန်တော် တတ်နိုင်သမျှ သေချာပေါက် လုပ်ပေးပါ့မယ်"

"အင်း" ချင်စီယောင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး "ဒါဆိုလည်း ငါနဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့ပါ"

"ဘယ်နေရာလဲ" ရှောင်မိုက စပ်စုစွာဖြင့် မေးလိုက်သည်။

"နင် ငါ့နောက်ကို လိုက်ခဲ့ရင် သိမှာပေါ့။ မြင်းပေါ်တက်"

ချင်စီယောင်က နှင်းနင်းမြင်း၏ဘေးသို့ ပြေးသွားကာ မြင်းကျောကို သူမ၏ လက်သေးသေးလေးဖြင့် ပုတ်လိုက်လေ၏။

ရှောင်မိုက အစေခံမလေး ဟွာရှန်းကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

ဟွာရှန်းက ပြုံးရုံသာ ပြုံးလိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်သွားလေ၏။ "ကျွန်မ ဘာမှမသိဘူး" ဟု ပြောနေသည့်အလားပင်။

ရှောင်မိုက မြင်းပေါ်သို့ တက်လိုက်ရုံမှတစ်ပါး အခြားမရှိခဲ့ချေ။ ချင်စီယောင်ကလည်း မြင်းပေါ်သို့ တက်လာပြီး ရှောင်မို၏အရှေ့တွင် ဝင်ထိုင်လိုက်လေသည်။

သူ၏ ရင်ခွင်ထဲရှိ မိန်းမပျိုလေး၏ နူးညံ့ပျော့ပျောင်းသော ကိုယ်လုံးလေးကို ခံစားလိုက်ရသောအခါ ရှောင်မိုမှာ ခေတ္တမျှ မှင်တက်သွားခဲ့ရပေသည်။

"နင် ဘာလို့ ငေးနေတာလဲ။ မြန်မြန်သွားလေ" ချင်စီယောင်က ရှောင်မိုကို ပျော်ရွှင်စွာ တိုက်တွန်းလိုက်လေ၏။

"ဟီးဟီး..."

ရှောင်မိုက မြင်းကို ခြေထောက်ဖြင့် ညှပ်လိုက်ရာ နှင်းနင်းမြင်းက မြို့ပြင်သို့ ဒုန်းစိုင်းပြေးထွက်သွားလေတော့သည်။

မကြာမီမှာပင် ချင်စီယောင်နှင့် ရှောင်မိုတို့သည် မြို့ရိုးပြင်ပသို့ ရောက်ရှိသွားခဲ့ကြသည်။

ချင်စီယောင်၏ လမ်းညွှန်မှုဖြင့် ရှောင်မိုက မြင်းဇက်ကြိုးကိုဆွဲကာ ညအမှောင်ထုထဲသို့ ဒုန်းစိုင်းစီးနှင်သွားလေ၏။

ချင်စီယောင်သည် မြင်းကိုစီးရင်း ရှောင်မို၏ ရင်ခွင်ထဲသို့ မှီချထားကာ ညလေပြေကို ခံစားနေခဲ့ပေသည်။

ရှောင်မို၏ ခိုင်မာသော ရင်အုပ်ကို ခံစားမိလိုက်သောအခါ မိန်းမပျိုလေးက သူမသည် ရှောင်မိုနှင့် အတော်လေး နီးကပ်နေကြောင်း ရုတ်တရက် သတိပြုမိသွားခဲ့လေ၏။

ချင်စီယောင်အတွက်မူ အမျိုးသားတစ်ဦးနှင့် ဤမျှနီးကပ်စွာ ရှိနေဖူးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။

ချင်စီယောင်၏ ပါးပြင်လေးများက အနည်းငယ် နီမြန်းသွားခဲ့သည်။ သူမက လှပသော ခေါင်းလေးကို မော့ကာ ရှောင်မိုကို တစ်ချက် ခိုးကြည့်လိုက်လေ၏။

ရှောင်မို၏ တည်ငြိမ်အေးချမ်းနေသော အမူအရာကို မြင်လိုက်ရသောအခါ မိန်းမပျိုလေးမှာ ရုတ်တရက် အနည်းငယ် ဒေါသထွက်သွားသလို အနည်းငယ် မကျေမနပ်ဖြစ်သွားသလို ခံစားလိုက်ရသည်။

သို့သော် သူ၏ ရင်ခွင်ထဲတွင် ရှိနေရခြင်းက သူမကို အနည်းငယ် ပျော်ရွှင်သွားစေခဲ့ပေသည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်အကြာတွင် ချင်စီယောင်၏ အော်သံကြောင့် ရှောင်မိုက နှင်းနင်းမြင်းကို ရပ်တန့်လိုက်လေ၏။

သူတို့နှစ်ဦးသည် ကြီးမားကျယ်ပြန့်လှသော ရေကန်ကြီးတစ်ခု၏ အစွန်းသို့ ရောက်ရှိလာခဲ့ကြသည်။

ရေကန်ကြီးမှာ အလွန်ကျယ်ပြန့်ပြီး ကမ်းစပ်တစ်လျှောက်တွင် မိုးမခပင်များ စီတန်းပေါက်ရောက်နေကာ ကြည်လင်နေသော ရေပြင်က တောက်ပသော လမင်းနှင့် ကြယ်များကို ရောင်ပြန်ဟပ်နေခဲ့ပေသည်။

ကြီးကျယ်ခမ်းနားသော ပန်းချီဆရာတစ်ဦးက တစ်ခုလုံးသော ညကောင်းကင်ကြီးကို ဤကြည်လင်သော ရေကန်ပြင်ပေါ်သို့ ကူးယူဆွဲချယ်ထားသည့်အလား ထင်မှတ်ရလေ၏။

ရှောင်မိုက မြင်းပေါ်မှ ဆင်းလိုက်ပြီးနောက် ချင်စီယောင်ကို ဆင်းရန် ကူညီပေးလိုက်သည်။

မိန်းမပျိုလေးက ရေကန်ဘေးရှိ တောင်ကုန်းငယ်လေးတစ်ခုပေါ်သို့ ပျော်ရွှင်စွာ ပြေးတက်သွားပြီး ရှောင်မိုအား အော်ခေါ်လိုက်လေ၏။ "ရှောင်မို မြန်မြန်လာခဲ့လေ"

"လာပါပြီ"

ရှောင်မိုက နှင်းနင်းမြင်းကို ချည်နှောင်ထားခဲ့ပြီးနောက် တောင်ကုန်းငယ်လေးပေါ်သို့ တက်ကာ မိန်းမပျိုလေး၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

မော့ကြည့်လိုက်သောအခါ သဲပွင့်လေးများပမာ ကြယ်လေးများနှင့် မြင့်မားစွာ တွဲလောင်းကျနေသော လမင်းလှေလေးကို မြင်တွေ့ရပေသည်။

ငုံ့ကြည့်လိုက်သောအခါ ကြယ်လေးများနှင့် တောက်ပသော လမင်းကြီးက ရေကန်ထဲတွင်လည်း ထွင်းထုထားသကဲ့သို့ ပေါ်လွင်နေလေ၏။

အထက်နှင့်အောက် ကြည့်လိုက်ပါက သူသည် ဤတောက်ပနေသော ကြယ်မြစ်ကြီးထဲတွင် ဆိုင်းငံ့နေသလို ခံစားရပြီး လောကကြီး၏ တည်ရှိမှုကိုပင် မေ့ပျောက်သွားစေတော့သည်။

"ငါ ဒီနေရာကို တစ်ခါက တိုက်ဆိုင်စွာနဲ့ တွေ့ခဲ့တာ"

ချင်စီယောင်က သူမ၏ ဒူးခေါင်းလေးများကို ဖက်ကာ ဖြည်းညင်းစွာ ပြောလိုက်လေ၏။

"တစ်ခါတလေ ငါ ပျင်းတဲ့အခါ ဒါမှမဟုတ် ခမည်းတော် ဒါမှမဟုတ် မယ်တော်က ငါ့ကို ဒေါသထွက်အောင် လုပ်တဲ့အခါတိုင်း ဒီကို လာလေ့ရှိတယ်။

ဒီနေရာလေးမှာ ရှိနေရုံနဲ့တင် ငါက ကြယ်တစ်သောင်းရဲ့ ရစ်ပတ်မှုကို ခံထားရသလိုပဲ ခံစားရတယ်။

အဲဒီတုန်းက ငါတွေးခဲ့မိတယ်... နင် ပြန်လာတာနဲ့ နင့်ကို ဒီနေရာကို သေချာပေါက် ခေါ်လာရမယ်လို့လေ"

ထိုသို့ပြောရင်း ချင်စီယောင်က ခေါင်းလှည့်ကာ ရှောင်မိုကို ပြုံးပြလိုက်လေ၏။ "ဘယ်လိုလဲ ဆီးနှင်းမင်းသား... စစ်သူကြီးရှောင်။ ငါ့ရဲ့ ဒီလျှို့ဝှက်နေရာလေးက ဘယ်လိုနေလဲ။ မဆိုးဘူးမလား"

"လှပါတယ်" ရှောင်မိုက ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ ငါ့ဆီမှာ ဒါထက်ပိုလှသွားအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်"

"ဘာနည်းလမ်းလဲ" ချင်စီယောင်က စပ်စုစွာဖြင့် မေးလိုက်သည်။

ရှောင်မိုက ပြုံးလိုက်ပြီး သူ၏ လှံရှည်ကို ထုတ်ယူကာ ရေကန်ပြင်ဆီသို့ ချိန်ရွယ်လိုက်ပြီးနောက် အပေါ်သို့ လှန်တင်လိုက်လေ၏။

ကြည်လင်သော မြစ်ရေများက လေထဲတွင် မျဉ်းကြောင်းတစ်ခုအဖြစ် ထွက်ပေါ်လာပြီး လမင်းနှင့် ကြယ်များ၏ အလင်းရောင်အောက်တွင် အလင်းစက်လေးများအဖြစ် တလက်လက် တောက်ပနေခဲ့ရာ မရေမတွက်နိုင်သော စိန်ပွင့်ကွဲလေးများနှင့် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးထားသော ကြယ်လေးများအလား သို့မဟုတ် ကြယ်ရောင်စုံ ကောင်းကင်ယံမှ ကျဆင်းလာကာ လောကကြီးကို အရောင်ဆိုးပေးနေသည့် နဂါးငွေ့တန်း ဂလက်ဆီတစ်ခုအလား ထင်မှတ်ရလေသည်။

မိန်းမပျိုလေးမှာ သူမ၏ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်သွားပြီး စကားပင် မပြောနိုင်တော့ချေ။

"ဘယ်လိုလဲ" ရှောင်မိုက ပြုံးလျက် မေးလိုက်သည်။ "လှရဲ့လား"

ရှောင်မို၏ အမေးစကားကို ကြားလိုက်ရသောအခါ မိန်းမပျိုလေး၏ အကြည့်များက နဂါးငွေ့တန်း ဂလက်ဆီထံမှ ဖြည်းဖြည်းချင်း ခွာသွားပြီး ရှောင်မို၏ ဘေးတိုက်မျက်နှာလေးပေါ်သို့ ကျရောက်သွားလေ၏။

"အင်း"

သူ၏ ဘေးတိုက်မျက်နှာလေးကို ကြည့်ရင်း မိန်းမပျိုလေးက ခေါင်းညိတ်လိုက်ရာ သူမ၏ နှလုံးခုန်နှုန်းမှာ တဖြည်းဖြည်း မြန်ဆန်လာခဲ့ပေသည်။ သူမက သူမ၏ ရင်ဘတ်ကို အလိုအလျောက် ဖိကိုင်လိုက်မိပြီး သူမ၏ မျက်လုံးလေးများက အနည်းငယ် တုန်ယင်နေခဲ့လေသည်။

"အရမ်းလှတာပဲ"

အခန်း (၃၆၄)

မြို့တော်သို့ ပြန်လည်ရောက်ရှိပြီး သုံးရက်မြောက်နေ့တွင် ရှောင်မိုအတွက် ဆီးနှင်းမင်းသားအိမ်တော်ကို စီစဉ်ပေးပြီးဖြစ်လေသည်။

ချင်တိုင်းပြည်ရဲ့ဘုရင်ကပင် နန်းတော်ထဲသို့စဝင်လာသည့် ကောင်းစွာ လေ့ကျင့်သင်ကြားထားသော နန်းတွင်းအစေခံမလေး တစ်သုတ်ကို ရှောင်မိုထံသို့ ပေးပို့ခဲ့လေသည်။

ရှောင်မိုအနေဖြင့် မည်သည့်အရာကိုမျှ ပူပန်နေစရာ မလိုတော့ပေ။ ဤအစေခံမလေးများက သူ့အတွက် အရာအားလုံးကို ဂရုစိုက်ပေးမည် ဖြစ်သည်။

ရှောင်မိုသည် မူလက သူ၏မိခင်ကို ဆီးနှင်းမင်းသားအိမ်တော်သို့ ခေါ်ဆောင်လာချင်ခဲ့၏။

သို့သော် ကျိုးရူရှီးက ငြင်းဆန်ခဲ့လေသည်။

ကျိုးရူရှီး၏ အမြင်တွင် သူမ၏ သားဖြစ်သူမှာ အမှန်တကယ်ပင် အလားအလာကောင်းသူဖြစ်သော်ငြား မည်သို့ပင်ဖြစ်စေ သူမသည် ရှောင်အိမ်တော်၏ ချွေးမတစ်ဦး ဖြစ်နေဆဲဖြစ်ရာ ရှောင်အိမ်တော်ထဲမှ ပြောင်းရွှေ့သွားရန် အကြောင်းပြချက် မရှိခဲ့ပေ။

ကျိုးရူရှီးသည် ပထမအဆင့် နန်းတွင်းအသိအမှတ်ပြု သခင်မကြီးဘွဲ့ကို ချီးမြှင့်ခံရပြီးနောက်တွင်ပင် ရှောင်အိမ်တော်က သူမအား ပိုမိုကြီးမားသော ခြံဝင်းနှင့် အစေခံမလေးများ ပိုမိုပေးအပ်ချင်ခဲ့သော်လည်း ကျိုးရူရှီးက ယခုလက်ရှိအတိုင်း နေထိုင်ရသည်မှာ အတော်လေး ကောင်းမွန်နေပြီဟု ခံစားရသဖြင့် ငြင်းဆန်ခဲ့လေသည်။

သူ၏ မိခင်ဖြစ်သူ၏ တင်းခံနေမှုနှင့် ပတ်သက်၍ ရှောင်မိုက သိပ်ပြီး မပြောနိုင်ခဲ့ချေ။

သူ၏ မိခင်အမြင်တွင် သူမည်မျှပင် ကြီးမားသော အောင်မြင်မှုများ ရရှိပါစေ အတူတူပင်ဖြစ်ကြောင်း ရှောင်မို သိရှိထားပေသည်။ သူမက သူ ဘေးကင်းရန်သာ မျှော်လင့်ပြီး အေးချမ်းသော ဘဝကိုသာ ဖြတ်သန်းချင်ခဲ့လေ၏။

သို့ရာတွင် သူ၏မိခင်က ရှောင်အိမ်တော်မှ ထွက်မသွားသောကြောင့် ရှောင်မိုသည် သူမထံသို့ မကြာခဏ သွားရောက်လည်ပတ်လေ့ရှိပေသည်။

မြို့တော်သို့ ပြန်လည်ရောက်ရှိပြီး သတ္တမမြောက်နေ့တွင် ဖြစ်ပေသည်။

သံမဏိကျားတပ်မတော် စခန်းတွင် လေ့ကျင့်ခဲ့ရသော နှစ်များနှင့် စစ်မြေပြင်သို့ ထွက်ခွာခဲ့ရသော နှစ်များကို ပေါင်းစပ်ရေတွက်ကြည့်မည်ဆိုလျှင် သံမဏိကျားတပ်မတော်တွင် ရှောင်မို တာဝန်ထမ်းဆောင်ခဲ့သည်မှာ ခုနစ်နှစ်တိတိ ရှိနေခဲ့ပြီဖြစ်လေသည်။

ယခုအချိန်တွင် ရှောင်မိုနှင့် ကျောက်ဝေ့တို့သည် သံမဏိကျားတပ်မတော် စခန်းသို့ သွားရောက်ရန် မလိုအပ်တော့ပေ။

ကျောက်ဝေ့နှင့် အခြားသူများက ဝေ့တိုင်းပြည်ကို ဖျက်ဆီးသည့် မဟာစစ်ပွဲကြီးတွင် ပါဝင်ခဲ့ကြပြီး ကြီးမားသော ရဲစွမ်းသတ္တိများကို ပြသနိုင်ခဲ့သောကြောင့် ဧကရာဇ်ကိုယ်ရံတော်တပ်နှင့် အခြားသော ပင်မတပ်မတော်ကြီးများတွင် စစ်သူကြီးများအဖြစ် အသီးသီး တာဝန်ပေးအပ်ခြင်း ခံခဲ့ရလေသည်။

ရှောင်မို တစ်ဦးတည်းသာလျှင် ကျန်ရှိနေသေးသည်။

သို့သော် ရှောင်မိုက အလျင်စလို မဖြစ်နေခဲ့ချေ။

ချင်တိုင်းပြည်ရဲ့ဘုရင်က သူ့ကို ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် အနားယူသည့်ဘဝမျိုး စတင်ရန် မြို့တော်ထဲတွင် ထာဝရ နေထိုင်ခွင့်ပြုထားမည် မဟုတ်ကြောင်းကို သူ ယုံကြည်ထားလေသည်။

သူက စောင့်ဆိုင်းနေရန်သာ လိုအပ်ပေသည်။

မသိလိုက်မသိဘာပင် နောက်ထပ် တစ်လ ကုန်လွန်သွားခဲ့လေ၏။

ဤကာလအတွင်း။

နန်းတွင်းအမတ်များစွာက ရှောင်မိုထံသို့ လာရောက်လည်ပတ်ခဲ့ကြသည်။

ထိုအမတ်အများစုမှာ ရှောင်မိုကို စေ့စပ်ကြောင်းလမ်းရန် လာရောက်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဤအမတ်များ၏ အမြင်တွင် ရှောင်မိုသည် စာပေရော သိုင်းပညာပါ ကျွမ်းကျင်ပြီး ပါရမီနှင့် ရုပ်ရည်သွင်ပြင်မှာလည်း ထူးကဲပြောင်မြောက်ကာ ငယ်ရွယ်စဉ်မှာပင် မင်းသားတစ်ပါးအဖြစ် ချီးမြှင့်ခံထားရရုံသာမက အရှင်မင်းကြီးက သူ့ကို အထူးအားထားရန် ရည်ရွယ်ထားကြောင်း သိသာထင်ရှားနေပေသည်။

ထို့ကြောင့် ရှောင်မိုကို သူတို့၏ သမက်အဖြစ် မည်သူကများ မရချင်ဘဲ နေမည်နည်း။

သဘာဝကျကျပင် အမတ်များစွာကလည်း ကိုယ့်ကိုယ်ကိုယ် သိရှိကြပြီး ရှောင်မိုက သူတို့၏ သမီးများကို အမှန်တကယ် သဘောကျမည်မဟုတ်ကြောင်း သိထားကြသဖြင့် ရှောင်မိုထံသို့ လက်ထပ်ရန် ကမ်းလှမ်းဖို့ မလိုအပ်ဟု ခံစားခဲ့ကြလေသည်။

သို့သော် ကူကယ်ရာမဲ့စွာဖြင့်ပင် သူတို့၏ သမီးများက အဆက်မပြတ် ပူဆာနေခဲ့ကြရာ၊

ဤဖခင်များမှာလည်း သူတို့၏ နှလုံးသားထဲတွင် အလွန်ပင် ကူကယ်ရာမဲ့နေခဲ့ကြရပေသည်။

မည်သို့ပင်ဆိုစေ ရှောင်မိုက အမတ်များထံမှ ဤစေ့စပ်ကြောင်းလမ်းမှု အားလုံးကို သဘာဝကျကျပင် ငြင်းပယ်ခဲ့လေ၏။

သို့သော် မကြာမီမှာပင် ရှောင်မိုသည် သူ၏အိမ်တော်သို့ စာအိတ်များ မကြာခဏ ပစ်သွင်းခံရကြောင်း တွေ့ရှိလိုက်ရသည်။

ဤစာအိတ်များအားလုံးက နာမည်ကြီး မိသားစုများမှ မိန်းမပျိုလေးများ၏ ချစ်မေတ္တာဖော်ပြချက်များသာ ဖြစ်နေပေသည်။

ရှောင်မိုသည် အိမ်တော်အပြင်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် နာမည်ကြီး မိသားစုများမှ မိန်းမပျိုလေးများစွာက လမ်းထောင့်များတွင် ပုန်းကွယ်နေကြသည်ကိုဖြစ်စေ၊ တစ်နေရာရာမှနေ၍ သူ့ကို ခိုးကြည့်နေကြသည်ကိုဖြစ်စေ မြင်တွေ့နိုင်လေသည်။

ထိုသို့သောအချိန်များတွင် ရှောင်မိုထံသို့ မကြာခဏ လာရောက်လေ့ရှိသော ချင်စီယောင်က ထိုချစ်သဝဏ်လွှာများ အားလုံးကို စုဆောင်းကာ လွှင့်ပစ်လေ့ရှိပေသည်။

တစ်စုံတစ်ယောက်က ရှောင်မိုကို ခိုးကြည့်နေပါက ချင်စီယောင်သည် ရှောင်မိုအနီးသို့ တိုးကပ်သွားပြီးနောက် ထိုသူကို မျက်စောင်းထိုးကာ မောင်းထုတ်လေ့ရှိလေ၏။

သို့သော် ချင်စီယောင်၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်နေဆဲပင် ဖြစ်သည်။

ရှောင်မိုထံသို့ လက်ထပ်ရန် ကမ်းလှမ်းလာသူများ ပို၍ပို၍ များပြားလာရာ ရှောင်မိုက ထိုမိန်းကလေးများထဲမှ တစ်ယောက်ယောက်ကို တကယ် သဘောကျသွားလျှင် ဘယ်လိုလုပ်မည်နည်း။

မည်သို့ပင်ဖြစ်စေ ရှောင်မိုက သွေးဆူလွယ်သော လူငယ်လေးတစ်ယောက် ဖြစ်သည်။ အရှက်မရှိသော မိန်းမတစ်ယောက်က သူ့ကို မြှူဆွယ်ပြီး သူက သွေးဆောင်ဖြားယောင်းမှုကို မခံနိုင်ဘဲ ပါသွားလျှင် ဘယ်လိုလုပ်မည်နည်း။

တွေးလေလေ ချင်စီယောင်မှာ ပို၍ စိုးရိမ်ပူပန်လာလေလေ ဖြစ်တော့သည်။

ချင်စီယောင်သည် ရှောင်မိုကို သူမ၏ဘေးတွင် အသေအချာ သော့ခတ်ထားချင်စိတ်ပင် ပေါက်လာခဲ့ပေသည်။

ထို့အပြင် ချင်စီယောင်သည် သူမနှင့် ရှောင်မိုတို့ အတူတကွ ညရှုခင်းကို ခံစားခဲ့ကြသော ညမှစ၍ သူမကိုယ်သူမ အနည်းငယ် ထူးဆန်းနေကြောင်းကိုလည်း ရှာဖွေတွေ့ရှိသွားခဲ့လေသည်။

ဆိုလိုသည်မှာ သူမ ထမင်းစားသောအခါတွင်လည်း ရှောင်မိုကို တွေးနေမိသည်။

ရေချိုးသောအခါတွင်လည်း ရှောင်မိုကို တွေးနေမိသည်။

အိပ်စက်သောအခါတွင်လည်း ရှောင်မိုကို တွေးနေမိပြန်သည်။

သူမ ဘာပဲလုပ်လုပ် ရှောင်မိုကို တွေးနေမိသည့်အလား ဖြစ်နေပေသည်။

သူမက ရှောင်မိုကို ခဏလောက် မတွေ့ရလျှင်ပင် တစ်စုံတစ်ခု လိုအပ်နေသလို နှလုံးသားထဲတွင် ဟာတာတာကြီး ဖြစ်နေသလို ခံစားရလေသည်။

ရှောင်မို သူမ၏ရှေ့တွင် ပေါ်လာသောအခါ သူက ဘာမှမလုပ်လျှင်ပင် သူမက အလွန် ပျော်ရွှင်နေမိပေသည်။

ရှောင်မို မရှိဘဲ ဘယ်လို ရှင်သန်နေထိုင်ရမလဲဆိုတာ မသိတော့လောက်အောင် ရောဂါတစ်ခု စွဲကပ်နေသကဲ့သို့ ချင်စီယောင် ခံစားလိုက်ရလေသည်။

ယနေ့တွင်ပုံမှန်အတိုင်းပင် ချင်စီယောင်က ရှောင်မို၏ အိမ်တော်သို့ သွားရောက်ခဲ့သည်။

ချင်စီယောင်က ရှောင်မို စားရန်အတွက် မုန့်အချို့ကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်လာခဲ့လေ၏။

သို့သော် ချင်စီယောင်သည် ဆီးနှင်းမင်းသားအိမ်တော်သို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်မိုက နာမည်ကြီး မိသားစုများမှ မိန်းမပျိုလေး အချို့နှင့်အတူ ရယ်မောကာ စကားပြောနေသည်ကို မြင်တွေ့လိုက်ရသည်။

ရှောင်မိုက ဤမိန်းကလေးများနှင့် ပျော်ရွှင်စွာ ဆက်ဆံနေသည်ကို ကြည့်ကာ ချင်စီယောင်၏ နှလုံးသားထဲတွင် ချဉ်စူးစူး ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး သူမ၏ နှလုံးသားကို ဖဲကြိုးတစ်ချောင်းဖြင့် တင်းကျပ်စွာ ချည်နှောင်ထားခံရသည့်အလား ခံစားလိုက်ရကာ မိန်းမပျိုလေးမှာ နောက်လှည့်၍ ပြေးထွက်သွားလေတော့သည်။

သူမ၏ ကိုယ်ပိုင်အိမ်တော်သို့ ပြန်ရောက်သောအခါ ချင်စီယောင်က သူမ၏ အခန်းထဲသို့ တိုက်ရိုက် ပြေးဝင်သွားပြီး ကုတင်ပေါ်တွင် လှဲချကာ သူမ၏ ပန်းနုရောင် လက်သီးဆုပ်လေးများဖြင့် စောင်ကို အဆက်မပြတ် ထုနှက်လျက် ထပ်တလဲလဲ အော်ဟစ်နေခဲ့သည်။

အစေခံမလေး ဟွာရှန်းက မင်းသမီးလေးမှာ အလွန် ဝမ်းနည်းနေပုံရသည်ကို မြင်လိုက်ရသဖြင့် အခန်းထဲသို့ ဝင်လာပြီး ညင်သာစွာ မေးလိုက်လေသည်။

ချင်စီယောင်က နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်သွားခဲ့၏။

သူမ၏ အတွေးများ ဖွင့်ဟခံလိုက်ရသည်ကို ကြားလိုက်ရသောအခါ ချင်စီယောင်၏ နူးညံ့သော ကိုယ်လုံးလေးက အနည်းငယ် တုန်ယင်သွားပြီး သူမ၏ လက်သေးသေးလေးက ဂါဝန်စွန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ သူမ၏ ပါးလွှာသော နှုတ်ခမ်းလေးများကို တင်းကျပ်စွာ စေ့ထားလိုက်လေသည်။

ချင်စီယောင်က ခေါင်းညိတ်လိုက်ပြီး ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒီတစ်ခါတည်း မဟုတ်ဘူး။

ရှောင်မိုကို တစ်ယောက်ယောက်က လက်ထပ်ဖို့ ကမ်းလှမ်းလာတိုင်း ငါက အများကြီး တွေးမိပြီး ရှောင်မိုက သဘောတူလိုက်မှာကို စိုးရိမ်နေမိတာ။

ငါနဲ့ မဆိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိနေပြီး ရှောင်မိုက အိမ်ထောင်ပြုတာကလည်း ပုံမှန်ကိစ္စတစ်ခုပါပဲ။

ဒါပေမဲ့ ငါက မပျော်ဘူး။ တခြားမိန်းကလေးတွေ သူ့အနားကို ကပ်သွားတာကို ငါ မလိုချင်ဘူး။

အစ်မဟွာရှန်း... ငါကများ... ရောဂါရနေပြီလား"

ချင်စီယောင်၏ စကားများကို နားထောင်ပြီးနောက် ဟွာရှန်းမှာ အနည်းငယ် မှင်တက်သွားခဲ့ပြီး ချင်စီယောင်ကို အရူးမလေးတစ်ယောက်လို ကြည့်လိုက်ကာ အလေးအနက်ထားသယောင် ဟန်ဆောင်လိုက်လေသည်။

"သဘာဝကျကျပဲ ရှောင်မိုပေါ့"

ဟွာရှန်းက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်ပြီး မိန်းမပျိုလေး၏ ဖြူဖွေးသော နဖူးလေးကို ညင်သာစွာ ခေါက်လိုက်လေ၏။

"မင်းသမီးလေးရဲ့ ရောဂါကို အချစ်မှာ ကျရှုံးခြင်းလို့ ခေါ်တယ်"

All Chapters