အခန်း (၁၃၇-၁၃၈)
Vol. 9 Ch. 137-138
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 137
အခန်း ၁၃၇ ။ အရာအားလုံး အဆုံးသတ်သွားခြင်း
အလင်းနှစ် ထောင်ပေါင်းများစွာ ကွာဝေးသော နေရာတစ်ခုတွင်၊ လော့ယင် တစ်ခါမျှ မမြင်ဖူးသော အဆင့်မြင့်ဇွန်ဘီများစွာသည် တင်ပျဉ်ခွေထိုင်ကာ၊ 'မတုန်မလှုပ် အခြေခံ လက်ဟန်' ကို ပြုလုပ်လျက် ကျမ်းစာများကို ရွတ်ဆိုနေကြသည်။
"အရိပ်ဘုရင် ဗုဒ္ဓသည် ကမ္ဘာသုံးထောင်၏ အရှင်သခင် ဖြစ်တော်မူ၏။ အဆုံးအစမရှိသော တရားဓမ္မများကို သက်သေပြပြီး ဗျာဒိတ်တော်ကို ရရှိခဲ့၏... ငါ အရိပ်ဘုရင် ဗုဒ္ဓရဲ့ တုံ့ပြန်မှုကို ခံစားရပြီ!"
ဇွန်ဘီတစ်ကောင်က ဝမ်းသာအားရ ပြောလိုက်သည် - "ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း အဲ့ဒီလို ခံစားရတယ်။"
"ငါတို့တွေ အသိဉာဏ်မဲ့စွာ နေထိုင်ခဲ့ရတာကို အရိပ်ဘုရင် ဗုဒ္ဓရဲ့ တမန်တော်က ငါတို့ကို အသိဉာဏ် ပွင့်လင်းစေခဲ့တယ်။ ငါတို့တွေ စိတ်ရင်းမှန်နဲ့ ကျမ်းစာတွေကို ရွတ်ဖတ်ပြီး၊ ကိုယ်တော်ရဲ့ ကြီးမြတ်မှုကို ချီးမွမ်းကြရမယ်။"
ကျမ်းစာရွတ်ဆိုသံများမှာ ပိုမို ကျယ်လောင်လာပြီး၊ စကြဝဠာတစ်ခုလုံးသို့ပင် ပဲ့တင်ထပ်သွားမည့်အလား ဖြစ်နေသည်။
လက်ရှိတွင် အဆင့် ၄နှင့်အထက် ဇွန်ဘီများကသာ အရိပ်ဘုရင် ဗုဒ္ဓကို ယုံကြည်ကိုးကွယ်နေကြသေးသည်။ အကယ်၍ ဇွန်ဘီ အားလုံးကသာ ယုံကြည်ကိုးကွယ်လာမည်ဆိုပါက... လော့ယင်၏ အဆင့်မှာ ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်လောက်လေးတင် ရပ်တန့်နေမည် မဟုတ်ပေ။
ယုံကြည်မှု စွမ်းအားဆိုသည်မှာ ယုံကြည်သူများ၏ အဆင့်နှင့် မသက်ဆိုင်ဘဲ၊ အရေအတွက်နှင့် ယုံကြည်မှု ပြင်းထန်မှုအပေါ်တွင်သာ မူတည်သည်။
...
"ဒီဝေလငါးက ထူးခြားနေပြီး ရုတ်တရက် အဆင့်တက်သွားလို့ပဲလေ။"
ကျန်းလီက သက်ပြင်းချလိုက်သည်။ သူ အစက ဤနည်းလမ်းကို အသုံးမပြုချင်ခဲ့ပေ။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ယုံကြည်မှု စွမ်းအားများကို ထိတွေ့ခြင်းက မကောင်းပေ။ မှီခိုချင်စိတ်များ ဖြစ်ပေါ်လာပြီး နောင်တွင် ကျင့်ကြံမှု တိုးတက်ရန် အခက်အခဲ ရှိနိုင်သောကြောင့် ဖြစ်သည်။ သို့သော် မတတ်နိုင်ပေ၊ မမျှော်လင့်ထားသော ကိစ္စများက အမြဲတမ်း ဖြစ်ပေါ်လာတတ်သည် မဟုတ်လား။
"ဘယ်လိုပဲဖြစ်ဖြစ် အားလုံး ဘေးကင်းသွားတာပဲ။ ဝမ်းသာစရာပါပဲ။" ကျန်းလီက ခြောက်ကပ်ကပ်ဖြင့် လက်ခုပ်တီးလိုက်သည်။
ဗြဟ္မာမျှော်စင်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည် - "အဲ့ဒီ ကျမ်းစာတွေ အကုန်လုံးက နတ်ဘုရားဘုံက ဆရာတော်ကြီးတွေ၊ ဘုရားလောင်းတွေ ရေးထားခဲ့တာတွေလေ။ မင်းက အဲ့ဒီလို ပိုင်ရှင်နာမည်ကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလိုက်တာ... သူတို့ ဆင်းလာပြီး စာရင်းရှင်းမှာကို မကြောက်ဘူးလား။"
ကျန်းလီက လုံးဝ ဂရုမစိုက်ပေ - "သူတို့သာ ဆင်းလာနိုင်ရင်... နတ်ဘုရားဘုံကို သွားတဲ့လမ်း ဘယ်လိုသွားရမလဲဆိုတာ မေးလိုက်လို့ရတာပေါ့။ ပြီးတော့ ဒါက လူသန်းပေါင်းရာချီရဲ့ အသက်ကို ကယ်တင်တဲ့ ကောင်းမှုကုသိုလ်ကြီးပဲလေ၊ သူတို့လည်း နားလည်ပေးမှာပါ။"
"ဒီအရှိန်နဲ့ပဲ ဇွန်ဘီတွေ အကုန်လုံးကို ရှင်းပစ်လိုက်ကြစို့။"
လော့ယင်လည်း ဆက်မညည်းတွားတော့ပေ။ တကယ်တမ်း စဉ်းစားကြည့်လျှင် သူ၏ ကိုးကွယ်ယုံကြည်သူများက ဇွန်ဘီတွေ ဖြစ်နေသည်မှလွဲ၍ အခြားဆုံးရှုံးမှု ဘာမှမရှိပေ။ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်၏ စွမ်းအားကို ရရှိလိုက်ခြင်းမှာ လူမည်မျှလောက်က အလိုချင်ဆုံး အရာလဲ။
ဤသည်မှာ ယာယီစွမ်းအား မဟုတ်ပေ။ ဇွန်ဘီများက သူ့ကို ဆက်လက် ယုံကြည်ကိုးကွယ်နေသရွေ့ သူသည် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တွင် အမြဲတမ်း ရပ်တည်နေနိုင်မည် ဖြစ်သည်။ ဤဂြိုဟ်ပေါ်တွင် သူသည် လောကကြီးကို စိတ်ကြိုက် ပြောင်းလဲနိုင်စွမ်းရှိသော ရှင်ဘုရင်တစ်ပါး ဖြစ်လာပြီ ဖြစ်သည်။
ကျန်းလီ၏ နတ်ဘုရားအာရုံအောက်တွင်၊ မြေကြီးအောက်တွင် ပုန်းနေသည်ဖြစ်စေ၊ သမုဒ္ဒရာ အနက်ရှိုင်းဆုံးတွင် ပုန်းနေသည်ဖြစ်စေ ဇွန်ဘီများ အားလုံး လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အကယ်၍ လော့ယင်သာ အဆင့် ၂ စွမ်းရည်မြှင့်လူသားဘဝတွင် ရှိနေသေးမည်ဆိုပါက၊ သမုဒ္ဒရာ အနက်ရှိုင်းဆုံးသို့ သွားရောက်ရန်အတွက် ကျန်းလီက သူ့ကို 'ရေခွဲမန္တန်' သင်ပေးရဦးမည်ဖြစ်ရာ အလုပ်အတော် ရှုပ်ပေလိမ့်မည်။ သို့သော် ယခုမူ လော့ယင်သည် မည်သည့်နေရာကိုမဆို လွတ်လပ်စွာ သွားလာနိုင်ပြီ ဖြစ်သည်။
ဖာရှန်းထျန်းတီကြီး အမြဲတမ်း ဖွင့်ထားသော လော့ယင်သည် ကမ္ဘာအနှံ့ လှည့်လည်သွားလာနေသည်။ ရှင်သန်ရေးဇုန်မှ လူများသည် မီတာ ဆယ်ဂဏန်းခန့် မြင့်မားသော ဤဗုဒ္ဓရုပ်ပွားတော်ကြီး သွက်လက်စွာ လှုပ်ရှားသွားလာနေသည်ကို မြင်တွေ့ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဖူလင်ဇုန်မှ အရာရှိဝမ်သည်လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက်၊ ကျန်းလီ ပြောခဲ့သော "တစ်လနေရင် ရလဒ်ကို မြင်ရလိမ့်မယ်" ဆိုသည့် စကားကို ပြန်အမှတ်ရသွားသည်။
"ငါ ပေးလိုက်တဲ့ ဦးနှောက်အမြုတေ ၄,၀၀၀ က... ဒီဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်ဖို့ သုံးလိုက်တာများလား။"
နောက်ဆုံး ဇွန်ဘီတစ်ကောင် ပြာကျသွားချိန်တွင်၊ စနစ်၏ အချိန်ရေတွက်မှုလည်း ရပ်တန့်သွားတော့သည်။
【တာဝန် ပြီးမြောက်သည့်အတွက် ဟို့စ်အား ဂုဏ်ပြုပါသည်။ လော့ယင်၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားဘုံလှေကား အပိုင်းအစ အားလုံးကို ထုတ်ယူလိုက်ပါပြီ။】
ရွှေရောင် အလင်းတန်းလေးတစ်ခုသည် လော့ယင်၏ ကိုယ်တွင်းမှ ထွက်ပေါ်လာပြီး ကျန်းလီ၏ လက်ထဲသို့ ကျရောက်လာသည်။
【စနစ်သည် နတ်ဘုရားဘုံလှေကား အပိုင်းအစကို ဟို့စ်ကိုယ်စား သိမ်းဆည်းပေးထားနိုင်ပါသည်။ သိမ်းဆည်းရန် ဆန္ဒရှိပါသလား?】
ကျန်းလီက တိုက်ရိုက်ပင် ငြင်းပယ်လိုက်ပြီး၊ အပိုင်းအစကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်သည်။
"အဲ့ဒါက ဆရာကျန်း အမြဲလိုက်ရှာနေတဲ့ နတ်ဘုရားဘုံလှေကား အပိုင်းအစလား။"
လော့ယင်နှင့် လော့ကျူတို့သည် ကျန်းလီ၏လက်ထဲမှ ရွှေပြားလေးကို စပ်စုလိုစိတ်ဖြင့် ဝိုင်းကြည့်နေကြသည်။ ရွှေရောင် သစ်ရွက်ပြားလေး တစ်ခုနှင့်သာ တူနေသည်။
ကျန်းလီကိုယ်တိုင်လည်း ဤအပိုင်းအစကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ နတ်ဘုရားအာရုံဖြင့် စကန်ဖတ်ကြည့်လိုက်ရာ၊ ၎င်းအတွင်းတွင် အလွန်ရှုပ်ထွေးလှသော စည်းမျဉ်းများ ပါဝင်နေကြောင်း တွေ့ရှိရသည်။ သို့သော် ထိုစည်းမျဉ်းများမှာ အပြည့်အစုံမဟုတ်ဘဲ အပိုင်းအစများသာ ဖြစ်နေသဖြင့်၊ အခြား အပိုင်းအစများနှင့် ပေါင်းစပ်ပြီးမှသာ အသုံးပြု၍ ရနိုင်မည်ဟု သူ ခန့်မှန်းမိသည်။
ထို့ပြင် သူ ထင်ထားသည့်အတိုင်းပင်၊ အပိုင်းအစထဲတွင် စွမ်းအင်အကြွင်းအကျန် အနည်းငယ်သာ ကျန်ရှိတော့ပြီး၊ လော့ယင်ကို နောက်တစ်ကြိမ် ပြန်လည်မွေးဖွားခွင့်ပေးရန် မလုံလောက်တော့ပေ။
"ဆရာကျန်း... ကျွန်တော်တို့ ကျိုကျိုးကို သွားလည်ခွင့် ရနိုင်မလားဟင်။" လော့ယင်နှင့် လော့ကျူတို့သည် ကျန်းလီကို မျှော်လင့်တကြီးဖြင့် ကြည့်နေကြသည်။ ဤလအနည်းငယ်အတွင်း ကျန်းလီနှင့် အတူနေထိုင်ရင်း ကျိုကျိုး၏ ထူးဆန်းအံ့ဩဖွယ်ရာများကို ကြားသိခဲ့ရသဖြင့် ကျိုကျိုးကို အလွန် သွားလည်ချင်နေကြသည်။
"လောလောဆယ်တော့ ခက်ခဲလိမ့်မယ်။ ၁၀ နှစ်အတွင်းမှာ ငါက မင်းတို့ ကမ္ဘာကို တိုက်ရိုက် ဝင်စွက်ဖက်လို့ မရသေးဘူး။ မင်းတို့ကလည်း ၁၀ နှစ်အတွင်း ဟင်းလင်းပြင်ကို ဖောက်ထွက်တဲ့အဆင့်ကို မရောက်နိုင်သေးဘူး။ ဒါကြောင့် ၁၀ နှစ်လောက် စောင့်ပြီးမှ ကျိုကျိုးနဲ့ မင်းတို့ကမ္ဘာ လုံးဝ ဆက်သွယ်လို့ ရမှာပါ။"
ဗြဟ္မာမျှော်စင်က ဝင်ပြောလိုက်သည် - "ငါကတော့ ဝင်ပေါက်တစ်ခု ဖန်တီးပေးပြီး ကျိုကျိုးက လူတွေကို ဒီလာခိုင်းလို့ရတယ်။ ဒါပေမဲ့ သူတို့ကလည်း ငါတို့လိုပဲ စကားပဲ ပြောလို့ရပြီး ဒီကမ္ဘာကို တိုက်ရိုက် ဝင်စွက်ဖက်လို့တော့ ရမှာမဟုတ်ဘူး။"
"ကျွန်တော်တို့ကို အချိန်နည်းနည်းလောက် ပေးပါဦး... စည်းကမ်းတွေကို ပြန်တည်ဆောက်ဖို့ အချိန်လိုသေးလို့ပါ။"
လော့ယင်သည် ဝင်ပေါက်တည်ဆောက်မည့် အစီအစဉ်ကို ယာယီ ငြင်းပယ်လိုက်သည်။ သူတို့ကမ္ဘာမှာ အရာအားလုံး အသစ်ကနေ ပြန်လည်တည်ဆောက်ရမည့် အခြေအနေဖြစ်နေသည်။ စည်းကမ်းများကို ဖျက်ဆီးရန် လွယ်ကူသော်လည်း ပြန်လည်တည်ဆောက်ရန်မှာ အလွန်ခက်ခဲလှသည်။ အထူးသဖြင့် အကြီးစားလက်နက်များ အားလုံးနီးပါး ပျက်စီးသွားပြီဖြစ်ရာ၊ နိုင်ငံအချင်းချင်းကြားရှိ ပဋိပက္ခများကို မည်သို့ ဖြေရှင်းရမည်ဆိုသည်ကို မသိနိုင်သေးပေ။
ဤအချိန်တွင် ကျိုကျိုးက လူများပါ ရောက်လာမည်ဆိုပါက ပို၍ ရှုပ်ထွေးသွားမည်။
"ကောင်းပြီလေ... နောက် ၁ နှစ်လောက်နေရင် အခြေအနေ လာကြည့်ဖို့ ငါ ပြန်လာခဲ့မယ်။" ကျန်းလီက အတင်းအကျပ် မလုပ်ဆောင်ခဲ့ပေ။
"《ဝိညာဉ်စွမ်းအားပြ မြေပုံ》ကို မင်း ဖြန့်ဝေပေးလိုက်လို့ ရပြီ။ စွမ်းရည်မြှင့်လူသားစနစ်က အခြေခံကို ထိခိုက်စေတယ်။ အခု ဇွန်ဘီတွေ မရှိတော့ဘူးဆိုတော့ ခန္ဓာကိုယ်ကို အတင်းအကျပ် သန်မာအောင် လုပ်ဖို့ မလိုအပ်တော့ဘူး။"
"ဟုတ်ကဲ့။"
"ပြီးတော့... မင်းက အမြဲတမ်း ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကိုပဲ အားကိုးမနေနဲ့။ မင်းရဲ့ပါရမီက အရမ်းကောင်းပါတယ်။ ယုံကြည်မှု စွမ်းအားတွေကိုချည်းပဲ အားကိုးနေရင် မင်းရဲ့ပါရမီကို အလဟဿ ဖြစ်သွားစေလိမ့်မယ်။"
လော့ယင်သည် ကျန်းလီ၏အကြံပြုချက်ကို နားထောင်ကာ ယုံကြည်မှု စွမ်းအားများကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။ နောက်ကျောရှိ ဖာရှန်းထျန်းတီကြီးမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး၊ သူ၏ အဆင့်မှာလည်း ဝိညာဉ်အသွင်ပြောင်းခြင်းမှ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။
"နောက်ပြီးတော့ လော့ကျူ... မင်းရဲ့ ပါရမီက တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ မင်းက မင်းအစ်ကိုကို အရမ်းအားကိုးလွန်းနေတယ်။ ကိုယ်ပိုင် တွေးခေါ်ဆုံးဖြတ်နိုင်အောင် ကြိုးစားရမယ်။"
လော့ကျူသည် ယုန်လေးတစ်ကောင်အလား မျက်လုံးများ နီရဲနေပြီး မျက်ရည်မကျအောင် အစွမ်းကုန် ထိန်းချုပ်ကာ ခေါင်းညိတ်ပြလိုက်သည်။
"မင်းတို့ သင့်သလို အနားယူလို့ရပါပြီ... အရမ်းကြီး တင်းမာမနေပါနဲ့တော့။ အထူးသဖြင့် လော့ယင်... မင်းက ကမ္ဘာပျက်ကြီးထဲမှာ ၁၀ နှစ်တိုင်တိုင် ရှင်သန်ခဲ့ရတယ်။ အတိတ်ကို ပြန်ရောက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း တစ်ခါမှ မနားရသေးဘဲ ငါနဲ့အတူ ဟိုဒီ ပြေးလွှားနေရလို့ ပင်ပန်းနေလောက်ပြီ။ အခု အရာအားလုံး ပြီးဆုံးသွားပြီဆိုတော့ အေးအေးဆေးဆေး အနားယူလိုက်ပါ။"
"ကျင့်ကြံခြင်းဆိုတာ အမြန်ကိုပဲ မက်မောနေလို့မရဘူး... တည်ငြိမ်မှုရှိဖို့လည်း လိုတယ်။ မင်းတို့ရဲ့ ပါရမီအရဆိုရင် နောင်တစ်ချိန်မှာ သေချာပေါက် အောင်မြင်မှု ကြီးကြီးမားမား ရမယ့်သူတွေပါ။ မလောပါနဲ့... ငါမြင်ဖူးသမျှ ရွယ်တူတွေထဲမှာ မင်းတို့က အတော်ဆုံး လူငယ်တွေပါ။"
ကျန်းလီသည် အသက်ကြီးသော ဘိုးဘေးတစ်ဦးအလား ခွဲခွာခါနီးတွင် မှာစရာရှိသည်များကို တတွတ်တွတ် မှာကြားနေတော့သည်။
ကျန်းလီ နောက်လှည့်ကာ ထွက်ခွာရန် ပြင်လိုက်ချိန်တွင်၊ လော့ယင်နှင့် လော့ကျူတို့သည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ကို မြေကြီးပေါ် ထောက်ထားကာ မျက်ရည်များ ပေါက်ပေါက်သီးအလား ကျဆင်းလာရင်း ပြိုင်တူ ပြောလိုက်ကြသည် - "ဆရာကျန်းရဲ့ သွန်သင်ဆုံးမပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဆရာကျန်းရဲ့ ကမ္ဘာကြီးကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်။"
ကျန်းလီက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည် - "ဒါတွေက အားလပ်ချိန်မှာ လုပ်ဖြစ်တဲ့ ကိစ္စလေးတွေပါ။ ပြီးတော့ ငါ့မှာလည်း ကိုယ်ပိုင်အကျိုးအမြတ်လိုချင်လို့ မင်းဆီကနေ အပိုင်းအစကို ယူခဲ့တာပဲလေ။"
လော့ယင်နှင့် လော့ကျူတို့က ထိုသို့ မထင်ကြပေ။ အပိုင်းအစဆိုသည်မှာ သူတို့အတွက် ဘာမှ အရေးမပါသော အရာဖြစ်ပြီး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကွာခြားမှု မရှိပေ။ သူတို့ မြင်တွေ့ခဲ့ရသည်မှာ ဆရာကျန်းက သူတို့ကို လူကြီးမိဘတစ်ဦးအလား သွန်သင်ဆုံးမပေးခဲ့ခြင်း၊ ကျင့်စဉ်များ သင်ကြားပေးခဲ့ခြင်းနှင့် ကမ္ဘာကြီးကို ကယ်တင်ရန်အတွက် ဆန့်ကျင်ဘက် အစွမ်းအစများကို အသုံးပြုကာ ကူညီပေးခဲ့ခြင်းများသာဖြစ်သည်။
သူတို့သည် မြေကြီးကို ဦးချကာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ကြသည်။
"ဆရာကျန်း... အရင်က ဆရာ ပြောဖူးတဲ့ လူသားဧကရာဇ်လောင်း ကိစ္စနဲ့ ပတ်သက်ပြီး... ကျွန်တော်ကော လူသားဧကရာဇ်ဖြစ်ခွင့် ရှိနိုင်မလား ။"
ကျန်းလီ ရယ်မောလိုက်သည် - "ဟား... ဒါဆိုရင်တော့ မင်း တော်တော်လေး ကြိုးစားရလိမ့်မယ်။ ငါကြည့်ရတာ မင်းညီမလေး လူသားဧကရာဇ် ဖြစ်နိုင်ခြေက မင်းထက်တောင် ပိုများနေသေးတယ်။"
ဒီကမ္ဘာက အုပ်ချုပ်သူတွေက သူတို့ကမ္ဘာဟာ ကျိုကျိုးရဲ့ လက်အောက်ခံ ကမ္ဘာတစ်ခုဖြစ်တယ်လို့ သဘောတူလိုက်တာနဲ့ ကျိုကျိုး မြေကြောက ဒီကမ္ဘာကိုလည်း ကျိုကျိုးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုမှာဖြစ်ပြီး၊ ဒီနေရာကနေလည်း လူသားဧကရာဇ်လောင်းတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ယခုတစ်ကြိမ်တွင်မူ လော့ယင်သည် စိတ်ဓာတ်ကျမသွားဘဲ၊ အလွန်တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည် - "ကျွန်တော် ကြိုးစားပါ့မယ်။"
ကျန်းလီသည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး ကျေနပ်အားရစွာဖြင့် "အင်း" ဟုသာ အသံပြုလိုက်သည်။
...
ကျန်းလီနှင့် ဗြဟ္မာမျှော်စင်တို့ ထွက်ခွာသွားပြီးနောက်၊ လော့ယင်သည် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ၏ ပခုံးပေါ်မှ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလုံး ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဘယ်လို အသက်ရှင်ရမလဲ၊ ဇွန်ဘီတွေကို ဘယ်လိုသတ်ရမလဲ၊ လူတွေကို ဘယ်လို ကယ်တင်ရမလဲ၊ ငြိမ်းချမ်းရေးကို ဘယ်လို ယူဆောင်လာရမလဲ ဆိုတာတွေကို ထပ်ပြီး စဉ်းစားစရာ မလိုတော့ဘူးလေ။
"အစ်ကိုကြီး... တကယ်တော့ ညီမလည်း လူသားဧကရာဇ် ဖြစ်ချင်တယ်။" လော့ကျူသည် ပထမဆုံးအကြိမ်အဖြစ် ကိုယ်ပိုင်တွေးခေါ်ဆုံးဖြတ်ချက်ချကာ ရင်ထဲမှ ဆန္ဒကို ဖွင့်ဟပြောဆိုလိုက်သည် - "ဒီကိစ္စမှာတော့ ညီမက အစ်ကိုကြီးကို အလျှော့ပေးမှာ မဟုတ်ဘူးနော်။"
လော့ယင်က ဟားတိုက် ရယ်မောလိုက်သည် - "ကောင်းပြီလေ... ငါတို့ မောင်နှမ နှစ်ယောက်ရဲ့ အတွေးက တူနေတာပဲ။ ဒါပေမဲ့ အခု အရေးအကြီးဆုံးက ဇွန်ဘီကပ်ဘေးကြီး ပြီးဆုံးသွားပြီဆိုတဲ့ သတင်းကောင်းကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ပဲ။"
***
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 138
အခန်း ၁၃၈ ။ လေတိုက်၍ တံခွန်လွှင့်ခြင်း
ကျိုကျိုးသို့ ပြန်ရောက်ပြီးနောက် ကျန်းလီသည် ဗြဟ္မာမျှော်စင်ကို ခေါ်ဆောင်ကာ ဗုဒ္ဓဂိုဏ်းသို့ အရင်ဆုံး သွားရောက်ခဲ့သည်။
ထိုအချိန်တွင် ဗုဒ္ဓသားတော် ဝူကျစ် သည် တရားဟောစင်မြင့် ဖွင့်လှစ်ကာ တရားဟောကြားနေသည်နှင့် ကွက်တိဆုံသွားသည်။ သူ၏ တရားဟောကြားမှုမှာ အလွန် နက်နဲသိမ်မွေ့လှပြီး၊ ကောင်းကင်ယံမှ ရောင်စုံပန်းမန်များပင် ကြွေကျလာသည်။ ၎င်းမှာ ဗုဒ္ဓတရား၏ ထူးခြားသော လက္ခဏာရပ်များထဲမှ တစ်ခုဖြစ်သည်။ စင်အောက်ရှိ ခန္ဓာပေါင်းစည်းခြင်းအဆင့် ဘုရားလောင်းများနှင့် ရဟန္တာများပင် မျက်လုံးမှိတ်ကာ နားဆင်ရင်း အလိုအလျောက် ခေါင်းညိတ်ထောက်ခံနေကြသည်။
မူလက ဝူကျစ်သည် ဗုဒ္ဓတရားအပေါ် နားလည်နိုင်စွမ်း ပါရမီကောင်းရုံသာရှိသေးပြီး၊ စစ်မှန်သော အနှစ်သာရကို နားလည်ရန်အတွက် အချိန်ယူ၍ ပိုမို လေ့လာခံစားရန် လိုအပ်သေးသည်ဟု ယူဆထားခဲ့ကြသည်။ အနာဂတ်တွင်မှ မျှော်လင့်နိုင်မည့် အနေအထားမျိုး ဖြစ်သည်။
သို့သော် ရွှေမီတောင် ဘုန်းကြီးအို သေဆုံးသွားပြီးနောက်၊ ဝူကျစ်သည် လူတစ်ယောက်လုံး ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားသည်။ မူလက ကလေးဆန်သော စိတ်ထားရှိခဲ့ရာမှ ရုတ်တရက် အသိဉာဏ်ပွင့်သွားပြီး၊ သူ၏ ဗုဒ္ဓတရား နားလည်မှုမှာ အမှန်တရားနှင့်ပင် နီးစပ်သွားခဲ့သည်။ ထောင်နှစ်ချီအောင် ကျင့်ကြံလာခဲ့ကြသော ဆရာတော်ကြီးများပင်လျှင် သူ့ကို မမီတော့ကြောင်း ဝန်ခံခဲ့ကြရသည်။
ဘုရားလောင်းများနှင့် ရဟန္တာများက ဝူကျစ်ကို "ဉာဏ်အလင်းပွင့်သူ - ကျွယ်ကျဲ့" ဟု ခေါ်ဝေါ်ကြပြီး၊ သူသည် မိမိကိုယ်ကို ဉာဏ်အလင်းပွင့်ခြင်း၊ သူတစ်ပါးကို ဉာဏ်အလင်းပွင့်စေခြင်း နှင့် ပြီးပြည့်စုံသော ဉာဏ်အလင်းပွင့်ခြင်းဟူသော အဆင့်သို့ ရောက်ရှိသွားပြီဟု ယူဆကြသည်။
ကျန်းလီကတော့ သိပါသည်။ ထိုဘုရားလောင်းများနှင့် ရဟန္တာများ၏ ကျင့်ကြံမှုမှာ မပြည့်ဝသေးဘဲ မိမိတို့၏မာနကို မစွန့်လွှတ်နိုင်ကြသေးခြင်းသာ ဖြစ်သည်။ ဝူကျစ်၏ ဗုဒ္ဓတရားနားလည်မှုက သူတို့ထက် သာလွန်သွားပြီကို သိသော်လည်း၊ သူတို့က အသက်ပိုကြီးပြီး ကျင့်ကြံမှုအဆင့် ပိုမြင့်နေသဖြင့် မျက်နှာပူကာ ဝူကျစ်ကို 'ဗုဒ္ဓ' ဟု တိုက်ရိုက် မခေါ်ဆိုလိုကြသဖြင့် 'ဉာဏ်အလင်းပွင့်သူ' ဟု သွယ်ဝိုက်၍ ခေါ်ဆိုနေကြခြင်းဖြစ်သည်။
တကယ်တမ်းတွင်မူ 'ဉာဏ်အလင်းပွင့်သူ' ဆိုသည်မှာလည်း 'ဗုဒ္ဓ' ပင် ဖြစ်ပြီး၊ နှစ်ခုစလုံးမှာ တူညီသော အဓိပ္ပာယ်ပင် ဖြစ်သည်။
ယခု တရားဟောပွဲမှာ အလွန် ကြီးကျယ်ခမ်းနားပြီး၊ ရွှေမီတောင် တစ်တောင်လုံးရှိ ဘုန်းကြီးများနှင့် ဆရာလေးများ အားလုံး တက်ရောက်လာကြသည်။ သို့သော် လူများလွန်းသဖြင့် ဗုဒ္ဓတရားကို သေချာ မလေ့လာဘဲ စိတ်လေနေသူများလည်း ပါဝင်နေသည်မှာ သဘာဝပင်။
ကျန်းလီသည် အနောက်ဆုံးတန်းတွင် ရပ်နေသည်။ သူ၏ အရှေ့တွင် အသက် ၁၇၊ ၁၈ နှစ်ခန့်ရှိသော ဆံပင်ရှည်ရှည်နှင့် ဆရာလေးတစ်ပါး ရှိနေပြီး၊ သူမသည် ခေါင်းငုံ့ကာ 《ရက်စက်တဲ့ ဗုဒ္ဓအရှင်က ငါ့ကို ချစ်မြတ်နိုးတယ်》ဟူသော အချစ်ဝတ္ထုကို ခိုးဖတ်နေသည်။ သူမ၏ အနောက်တွင် လူတစ်ယောက် ရပ်ပြီး တိတ်တဆိတ် ကြည့်နေသည်ကိုပင် သတိမထားမိပေ။
ဤစာအုပ်၏ စာရေးဆရာကို ကျန်းလီ အစောကြီးကတည်းက ကြားဖူးထားသည်။ ကလောင်နာမည်မှာ "ဆရာမချင်းယွီ" ဖြစ်သည်။
ပြောရရင်လည်း ထူးဆန်းလှသည်။ ကျန်းလီသည် ဤစာရေးဆရာကို ပထမဆုံး မြင်ဖူးခြင်း မဟုတ်ပေ။ လွန်ခဲ့သော နှစ် ၅၀၀ က ကျိုကျိုး အနှံ့ လှည့်လည်သွားလာခဲ့စဉ်ကတည်းက၊ လမ်းဘေး ဈေးသည်များထံတွင် ဆရာမချင်းယွီ ၏ စာအုပ်များ ရောင်းချနေသည်ကို မကြာခဏ တွေ့ခဲ့ဖူးသည်။ ထိုအချိန်ကတည်းက ဤစာရေးဆရာမှာ ပေါ်လာသည်မှာ အနှစ် ၃၀၀ ခန့် ရှိနေပြီဟု ဆိုကြသည်။
ထိုနှစ် ၅၀၀ အတွင်း 'ဆရာမချင်းယွီ' သည် စာအုပ်သစ်များကို အဆက်မပြတ် ထုတ်ဝေနေခဲ့ပြီး၊ အများစုမှာ အချစ်ဝတ္ထုများ ဖြစ်ကြသည်။ 《ရုလိုင်ကို စွန့်လွှတ်ရရင်တောင် မင်းကို မစွန့်လွှတ်နိုင်ဘူး》၊ 《အတိတ်ဘဝ ယခုဘဝ ရေစက်》၊ 《အချစ်ကင်းမဲ့တဲ့ ဖူးစာရှင်နဲ့ ချစ်တတ်တဲ့ နတ်သမီး》 စသဖြင့်... သူမ၏ စိတ်ကူးစိတ်သန်းများမှာ ရေပန်းအလား အဆက်မပြတ် ထွက်ပေါ်နေပြီး၊ ထုတ်လုပ်နိုင်စွမ်းလည်း အလွန် များပြားကာ ယနေ့ထက်တိုင် ဆက်လက် ရေးသားနေဆဲ ဖြစ်သည်။
ဒီ 《ရက်စက်တဲ့ ဗုဒ္ဓအရှင်က ငါ့ကို ချစ်မြတ်နိုးတယ်》 ဆိုတဲ့ စာအုပ်ကို ကျန်းလီ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ အသစ်ထွက်ထားသော စာအုပ်ဖြစ်ဖို့ များသည်။
ဤစာရေးဆရာမှာ အသက် ၈၀၀ ခန့် ရှင်သန်နေပြီဖြစ်သော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး၊ ကျင့်ကြံမှုအဆင့်လည်း မနိမ့်နိုင်ပေ။ ကျန်းလီ၏ စိတ်ထဲတွင်တော့ သူမမှာ သူသိထားသော ရင်းနှီးသူတစ်ယောက်ဖြစ်မည်ဟု အမြဲ ထင်နေမိသည်။
"ထူးဆန်းတယ်... ဘယ်သူများလဲ။"
ဆရာလေး၏ ဘေးတွင် အသက် ၁၇၊ ၁၈ နှစ်ခန့်ရှိသော ကိုရင်လေး တစ်ပါးလည်း ရှိနေသည်။ သူကတော့ 《လူငယ်လေး အာပင်း》ဟူသော စိတ်ပညာပေး ဝတ္ထုကို ခေါင်းငုံ့ဖတ်ရင်း တိတ်တဆိတ် ရယ်မောနေသည်။ စာရေးဆရာ၏ ကလောင်နာမည်မှာ 'ယဲ့ယွိ ထိုက်စန်း' ဖြစ်သည်။
ကျန်းလီသည် ကိုရင်လေးကို ဆက်မကြည့်တော့ဘဲ ခေါင်းလှည့်သွားလိုက်သည်။ သူ အနည်းငယ် နေရခက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထို 'ယဲ့ယွိ ထိုက်စန်း' ဆိုသည့် ကလောင်နာမည်၏ အစစ်အမှန် ပိုင်ရှင်မှာ... ကလေးရရန် အလွန် စိတ်အားထက်သန်နေကြသော လူသားဧကရာဇ်နန်းဆောင်မှ 'မာ' နှင့် 'ကျိုး' တပ်မှူး လင်မယား ဖြစ်နေကြောင်း သူ သိထားသောကြောင့်ပင်။
"ဒါတွေက ဘာများ ဖတ်ကောင်းလို့လဲ။" ဗြဟ္မာမျှော်စင်သည် ထိုကိုရင်လေးနှင့် ဆရာလေးတို့၏ လုပ်ရပ်များကို နားမလည်နိုင်ပေ။ ၎င်း၏အမြင်တွင် ဤစာအုပ်များမှာ ဘာမှ စိတ်ဝင်စားစရာ မကောင်းဘဲ ကျမ်းစာတွေကို ဖတ်ရတာလောက် ဘယ်ကောင်းပါ့မလဲ။
ဝူကျစ်သည် နတ်ဘုရားဘုံမှ လူကြီးမင်းတစ်ဦး ဝင်စားလာသူ ဖြစ်နိုင်သဖြင့်၊ သူ၏ ဝိညာဉ်မှာ အခြားသူများနှင့် မတူဘဲ အကြိမ်ကြိမ် ထုဆစ်ခံထားရကာ ဒဏ်ရာအမာရွတ်များစွာ ရှိနေသည်။ သို့သော် ဝူကျစ်က ဗုဒ္ဓတရားများကို ဟောကြားနေသည်နှင့်အမျှ၊ သူ့ဝိညာဉ်ပေါ်ရှိ ဒဏ်ရာများမှာလည်း တဖြည်းဖြည်း သက်သာပျောက်ကင်းလာနေသည်။ အရှိန်နှေးကွေးသော်လည်း တကယ်ပင် ပျောက်ကင်းနေခြင်း ဖြစ်သည်။
၎င်းမှာ ကျန်းလီ တစ်ယောက်တည်းသာ မြင်တွေ့နိုင်သော မြင်ကွင်းဖြစ်သည်။
စင်ပေါ်တွင် တရားဟောကြားနေသော ဝူကျစ်ကို ကြည့်ရင်း၊ ဗြဟ္မာမျှော်စင်သည် ဖခင်တစ်ယောက်ကဲ့သို့ ကျေနပ်စွာ ပြုံးနေမိသည်။
"တကယ် လိမ္မာတဲ့ ကလေးပဲ။" ဗြဟ္မာမျှော်စင် အလွန် ဝမ်းသာဂုဏ်ယူနေမိသည်။ တစ်ချိန်က ကလေးငယ်လေးဟာ အခုလို အခြေအနေအထိ ကြီးပြင်းလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ မရှိရင်တောင်မှ ဝူကျစ်က ဗုဒ္ဓဂိုဏ်းရဲ့ အရှင်သခင် နေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လောက်ပါပြီ။
၎င်းက ကျန်းလီကို တိတ်တဆိတ် တစ်ချက်လှမ်းကြည့်လိုက်ပြီး၊ နောက်တစ်ခါ ထပ်ထွက်ပြေးလို့ ရမလားဆိုတာကို တွေးတောနေမိသည်။ ဒီတစ်ခါတော့ လူများတဲ့ ကမ္ဘာတစ်ခုကို ရှာရမယ်၊ ဇွန်ဘီနိုင်ငံတော်ကြီးကိုတော့ ထပ်မသွားနိုင်တော့ဘူး။
ဗြဟ္မာမျှော်စင်၏ ခိုးကြောင်ခိုးဝှက် အမူအရာကို ကျန်းလီ သတိထားမိလိုက်သော်လည်း၊ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ဗြဟ္မာမျှော်စင် ထွက်ပြေးမည်ကို လုံးဝ မစိုးရိမ်ပေ။
တရားဟောပွဲ ပြီးဆုံးသွားသောအခါ ရဟန်းများ အားလုံး လူစုခွဲသွားကြသည်။ စင်အောက် ပထမတန်းတွင် ထိုင်နေသော တာအိုဆရာရှင်းယွီက လျင်မြန်စွာ လျှောက်သွားပြီး၊ ကိုယ်တိုင် ချုပ်လုပ်ထားသော သင်္ကန်းတစ်ထည်ကို ထုတ်ပေးလိုက်သည်။
"ကြည့်ပါဦး၊ တံခွန်တွေတောင် လှုပ်နေပြီ... လေတိုက်တာ အရမ်းကြမ်းတယ်။ အအေးမိသွားဦးမယ်... မြန်မြန် ခြုံလိုက်။"
ဝူကျစ် သက်ပြင်းချလိုက်သည်။ အပူအအေးကို ဂရုစိုက်စရာ မလိုတော့သော ဝိညာဉ်သန္ဓေအဆင့်တစ်ယောက်က ဘယ်လိုလုပ် အအေးမိနိုင်မှာလဲ - "ဒကာမ ရှင်းယွီ... လေတိုက်လို့ လှုပ်တာလည်း မဟုတ်ဘူး၊ တံခွန်လှုပ်တာလည်း မဟုတ်ဘူး... လူရဲ့ စိတ်က လှုပ်ရှားနေတာပါ။"
"အာ... ဘာတွေ လှုပ်နေလှုပ်နေ ဂရုမစိုက်နဲ့တော့။ လာ... မြန်မြန် ခြုံလိုက်။"
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဝိညာဉ်သန္ဓေအဆင့်လေးက ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ။ ဝူကျစ်သည် တာအိုဆရာရှင်းယွီကို မလွန်ဆန်နိုင်သဖြင့်၊ လက်ရာသေသပ်လှသော ထိုသင်္ကန်းကို အသာတကြည်ပင် ရုံလိုက်ရသည်။
ဗြဟ္မာမျှော်စင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဒါ... ဒါ ဘယ်လို အချိုးမျိုးလဲ! ဝူကျစ်က အသက် ၁၄ နှစ်ပဲ ရှိသေးတာကို!"
"၁၅ နှစ် ပြည့်သွားပြီ။"
"ဒါက အသက်အရွယ် ပြဿနာလား!"
"ဟုတ်တယ်လေ၊ အသက်က ပြဿနာ မဟုတ်ဘူး။"
ကျန်းလီနှင့် ဗြဟ္မာမျှော်စင်တို့ အော်ဟစ် ငြင်းခုံနေသံများကြောင့် ရဟန်းများ၏အာရုံစိုက်မှုကို ရရှိသွားသည်။ ယခင်က သူတို့သည် ဝူကျစ် ဟောကြားခဲ့သော တရားတော်၏ အရသာထဲတွင် နစ်မြောနေသဖြင့် လူတစ်ယောက်နှင့် မျှော်စင်တစ်ခုကို သတိမထားမိခဲ့ကြပေ။
"လူသားဧကရာဇ်ကျန်း... ဗုဒ္ဓရတနာကို ရှာတွေ့ခဲ့ပြီလား။" ကျန်းလုံ ရဟန္တာက အလွန် ဝမ်းသာသွားသည်။ ရွှေမီတောင်သည် အချိန်တိုအတွင်းမှာ အရှင်သခင်သစ်ကို ရွေးချယ်နိုင်ခဲ့ပြီး တည်ငြိမ်သွားခဲ့သော်လည်း၊ ဘုန်းကြီးအို ပျံလွန်တော်မူသွားသဖြင့် လူများ၏စိတ်ထဲတွင် မတည်မငြိမ် ဖြစ်နေဆဲပင်။ ထို့ပြင် ဘုန်းကြီးအို မရှိတော့သဖြင့် ရွှေမီတောင်တွင် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် မရှိတော့ရာ အင်အား အကြီးအကျယ် လျော့ကျသွားခဲ့သည်။
ယခု ဟင်းလင်းပြင်တာအိုကို ကျွမ်းကျင်သော ဗြဟ္မာမျှော်စင် ရောက်ရှိလာပြီဖြစ်ရာ၊ ရွှေမီတောင်သည် အမှန်တကယ် တည်ငြိမ်သွားပြီဟု ဆိုနိုင်ပြီ။
"ဘာ ဗုဒ္ဓရတနာလဲ... 'ဗြဟ္မာမျှော်စင် အရှင်သခင်' လို့ ခေါ်ရမှာပေါ့။" အခြားရဟန္တာတစ်ပါးက ကျန်းလုံ ရဟန္တာကို မျက်စောင်းထိုးကာ ပြောလိုက်သည်။ သူ၏ ဘွဲ့အမည်မှာ ထူးဆန်းလှပြီး "ပုပေ့ကျန်း ရဟန္တာ" (အနှိမ်နင်းမခံရသော ရဟန္တာ) ဟု ခေါ်သည်။
ထိုဘွဲ့အမည်ကို ရရှိခဲ့ခြင်း အကြောင်းရင်းမှာ အလွန် ရိုးရှင်းသည်။ သူသည် ဗုဒ္ဓဘာသာသို့ ဝင်ရောက်လာသော စစ်မှန်နဂါးတစ်ကောင် ဖြစ်သောကြောင့်ပင်။
ကျန်းလုံရဟန္တာသည် ပုပေ့ကျန်းရဟန္တာကို ဒေါသတကြီး ပြန်ကြည့်လိုက်သည်။
‘မင်းပဲ စကားပြောတတ်နေတာလား!’
ဘွဲ့အမည် ပြဿနာများကြောင့် ထိုရဟန္တာ နှစ်ပါးသည် မကြာခဏ အချင်းချင်း အားပြိုင်လေ့ရှိကြောင်းကို ဗုဒ္ဓဂိုဏ်းတစ်ခုလုံး သိရှိကြသည်။
"ဒကာကျန်း... ပင်ပန်းသွားပါပြီ။" ဝူကျစ်သည် ဖြည်းညှင်းစွာ စင်ပေါ်မှ ဆင်းလာပြီး ကျန်းလီကို ကြိုဆိုလိုက်သည်။ သူ၏ ခြေလှမ်းများမှာ တည်ငြိမ်နေပြီး၊ ယခင် ပျံသန်းရေးသင်္ဘောပေါ်တွင် တွေ့ခဲ့ရသော ပုံစံနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
"ကလေးလေး... ငါ့ကို လွမ်းနေပြီလား။"
"မျှော်စင်လေး... မတွေ့ရတာ ကြာပြီနော်။"
"ဝူကျစ် ဗုဒ္ဓအရှင်... ဗြဟ္မာမျှော်စင်ကို ကျွန်တော် ခဏလောက် ငှားပါရစေ။" ကျန်းလီသည် မျှော်စင်ကို ကိုင်ထားရင်း ပြောလိုက်သည်။ သူ ရွှေမီတောင်သို့ လာရောက်ခြင်းမှာ ဗြဟ္မာမျှော်စင်ကို ပြန်အပ်ရန် မဟုတ်ဘဲ၊ ပျောက်ဆုံးသွားသော ပစ္စည်းကို ရှာတွေ့ကြောင်း ပိုင်ရှင်ကို အရင်လာပြောပြခြင်းသာ ဖြစ်သည်။
ဝူကျစ် အနည်းငယ် အံ့ဩသွားသော်လည်း လက်အုပ်ချီကာ ပြန်ပြောလိုက်သည် - "မျှော်စင်လေးက သဘောတူတယ်ဆိုရင်တော့... ကိုယ်တော့်ဘက်က ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။"
"ဘာလုပ်မလို့လဲ။" ဗြဟ္မာမျှော်စင်က ကျန်းလီ သူ့ကို ပြန်အပ်တော့မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
"မင်းက ဟင်းလင်းပြင် လမ်းကြောင်းတွေ တည်ဆောက်နိုင်တယ်လို့ ပြောခဲ့တယ်လေ။ ကျိုကျိုးက အရမ်းကျယ်လွန်းတော့၊ အဆင့်နိမ့် ကျင့်ကြံသူတွေအတွက် အချင်းချင်း ဆက်သွယ်သွားလာဖို့ ခက်ခဲနေတယ်။ မင်းကို ကျိုကျိုးမှာ ဟင်းလင်းပြင်လမ်းကြောင်းတချို့ တည်ဆောက်ခိုင်းပြီး ခရီးသွားလာရေး လွယ်ကူအောင် လုပ်ချင်လို့ပါ။"
နတ်ဘုရားလက်နက်များ အသိဉာဏ်ပွင့်လာကတည်းက ကျန်းလီ ဤကိစ္စကို စဉ်းစားထားခဲ့ပြီး ဖြစ်သည်။ ယခုအခါ နယ်ပယ်ပြင်ပ နတ်ဆိုးများ၏ အန္တရာယ်မရှိတော့သဖြင့် ပြင်ပရန်သူ မရှိတော့ရာ၊ အေးအေးဆေးဆေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပြီး ကျိုကျိုး၏ အဆင့်အတန်း တစ်ခုလုံးကို နောက်တစ်ဆင့်သို့ မြှင့်တင်သင့်ပြီ ဖြစ်သည်။
သယ်ယူပို့ဆောင်ရေးသည် အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ဟင်းလင်းပြင် လမ်းကြောင်းများ တည်ဆောက်ခြင်းဖြင့် သတင်းအချက်အလက်နှင့် စီးပွားရေး လည်ပတ်မှုကို မြန်ဆန်စေမည် ဖြစ်ပြီး၊ ဒေသအသီးသီးမှ အတွေးအခေါ်များ ပေါင်းစပ်မိကာ တိုးတက်မှု အသစ်များ ဖြစ်ပေါ်လာမည် ဖြစ်ရာ၊ ကျိုကျိုးကို ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်သည်။
"ကြိုပြောထားမယ်နော်... ငါ့စွမ်းရည်က ကန့်သတ်ချက် ရှိတယ်။ အများဆုံးမှ ဟင်းလင်းပြင် လမ်းကြောင်း အခု ၂၀ ကိုပဲ တစ်ပြိုင်နက်တည်း ဖွင့်ထားပေးနိုင်မယ်။ ပြီးတော့ အဲ့ဒါတွေကို ထိန်းသိမ်းဖို့အတွက် ဝိညာဉ်စွမ်းအား အများကြီး လိုအပ်တယ်။"
"အခု ၂၀ ဆိုရင် လုံလောက်အောင် များနေပါပြီ။ ဝိညာဉ်စွမ်းအား ပြဿနာကိုတော့ စိတ်ပူစရာ မလိုပါဘူး။ မင်းကို ကူညီဖြေရှင်းပေးချင်တဲ့သူတွေ အများကြီး ရှိလာမှာပါ။" ကျန်းလီက ဝိညာဉ်စွမ်းအား ပြဿနာကို လုံးဝ စိတ်မပူပေ။
"အောမိထောဖော... ဒါဟာ ကောင်းမှုကုသိုလ်တော်ကြီးကို ရရှိစေမယ့် လုပ်ရပ်ပါပဲ။ မျှော်စင်လေး... သင် လက်ခံလိုက်ပါ။" ဟု ဝူကျစ်က ပြောလိုက်သည်။ ကျိုကျိုးတွင် ကုသိုလ်တော်စွမ်းအား မကျဆင်းတော့သော်လည်း၊ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းဆိုသည်မှာ ကုသိုလ်တော်စွမ်းအား ရရှိရန်အတွက် မဟုတ်ဘဲ၊ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကောင်းမှုပြုလုပ်ချင်စိတ်ဖြင့်သာ လုပ်ဆောင်သင့်သည် မဟုတ်လား။
"ကောင်းပါပြီ။" ဗြဟ္မာမျှော်စင်က သဘောတူလိုက်သည်။ ဝိညာဉ်စွမ်းအားပြဿနာကို သူ စဉ်းစားစရာ မလိုတော့ဘူးဆိုမှတော့ ဘာမှ စိုးရိမ်စရာ မရှိတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက သိပ်ခက်ခဲတဲ့ အလုပ်မှ မဟုတ်တာ။
"ဂိုဏ်းချုပ် ရှင်းယွီက ဒီမှာ ဘာလာလုပ်တာလဲ။" ကျန်းလီသည် တာအိုဆရာရှင်းယွီကို တစ်ချက် ကြည့်ကာ၊ သိရက်နဲ့ တမင်မေးလိုက်သည်။
"ဟုန်ချန်းသန့်စင်မြေ နဲ့ ဗုဒ္ဓဂိုဏ်းက အကွာအဝေး သိပ်မဝေးဘူးလေ၊ အိမ်နီးချင်းတွေလို ဖြစ်နေတာဆိုတော့... သံယောဇဉ် လာတိုးတာပေါ့။" တာအိုဆရာရှင်းယွီက ရဲဝံ့စွာ ပြန်ဖြေလိုက်သည်။
ဘုန်းကြီးတွေနဲ့ သံယောဇဉ် လာတိုးတာတဲ့လား?
ဗြဟ္မာမျှော်စင်မှာ ရန်သူကြီးကို ရင်ဆိုင်ရသကဲ့သို့ အလွန် တင်းမာသွားသည်။
ဝူကျစ်နှင့် သဘောတူညီမှုရပြီးနောက်၊ ကျန်းလီသည် ဗြဟ္မာမျှော်စင်ကို ခေါ်ဆောင်ကာ တာအိုဂိုဏ်းသို့ ပြန်လာခဲ့သည်။
ယခု ဗြဟ္မာမျှော်စင်ကို ရရှိပြီဖြစ်ရာ၊ မင်ကျုံးနှင့် ပေးထားသော ကတိကို ဖြည့်ဆည်းပေးရန် အချိန်ရောက်လာပြီဖြစ်သည်။
***