အခန်း (၁၄၆-၁၄၇)
Vol. 10 Ch. 146-147
စူပါ-ဖမ်း(SFS)
SFS 146
အခန်း ၁၄၆ ။ ကိုယ်တိုင်မိုးရွာသွန်းသော မဏ္ဍပ်
ငါးမျှားခြင်းဆိုသည်မှာ အမြဲတမ်း သည်းခံရသည့် အလုပ်တစ်ခု ဖြစ်သည်။ လင်းယန်သည် အဘိုးစူးထံမှ ငါးမျှားနည်းကို သင်ယူခဲ့ခြင်းဖြစ်၏။ အထူးသဖြင့် စမ်းချောင်းထဲမှ ငါးများကို ဖမ်းရန်မှာ ပို၍ ခက်ခဲလှသည်။
“ငါးမျှားတဲ့အခါ အကောင်းဆုံးနည်းက ငါးတွေရဲ့ အကြိုက်ကို သိဖို့ပဲ။ ငါးတစ်မျိုးချင်းစီမှာ လှုပ်ရှားတဲ့အချိန်နဲ့ ကြိုက်တဲ့ အရသာ မတူကြဘူး။ ငါးမျှားကြိုးကို ရေထဲကို ဒီတိုင်း ပစ်ချနေရုံနဲ့တော့ မရဘူးလေ။ ငါးစာကို အရင် ပစ်ချပြီး ငါးတွေကို စုဝေးအောင် လုပ်ရမယ်။ ဒါကို ‘အစာကျွေး ငါးမျှားနည်း’ လို့ ခေါ်တယ်။ ငါးတွေက အနံ့ရလို့ ရောက်လာတဲ့ အခါကျမှ မင်းရဲ့ ငါးမျှားချိတ်ကို စားကြမှာပေါ့။”
အဘိုးစူးက လင်းယန်ကို လက်တွေ့ ပြသရင်း ဖြည်းဖြည်းချင်း ရှင်းပြနေ၏။ ငါးစာချိတ်ပုံ၊ ငါးမျှားတံ ပစ်ပုံများမှာ အလွန်ပင် ကျွမ်းကျင်လှသည်။ လင်းယန်သည်လည်း အဘိုးစူး၏ ငါးမျှားစွမ်းရည်ကို အလွန် လေးစားမိသည်။ ၎င်းမှာ အနုပညာတစ်ခု ပမာပင်။
ထို့ကြောင့်ပင်... လင်းယန်သည် ဘာမှ စဉ်းစားမနေတော့ဘဲ ထောင်ချောက်များစွာကို ချလိုက်ပြီး၊ ငါးဖမ်းပိုက်ကိုပါ ရေထဲသို့ ပစ်ချလိုက်တော့သည်။ တစ်ချက်တည်းနှင့် ငါးအကြီးကြီး ခြောက်ကောင်ကို ဖမ်းမိခဲ့၏။
“ဒီညတော့ ဟင်းကောင်း စားရပြီ။”
အဘိုးစူးမှာမူ မျက်ခုံးများ ပင့်တက်သွားရသည်။ “မင်းကတော့လေ... ဒီလို လုပ်နေရင် ငါက ဘယ်လို ငါးဆက်မျှားရတော့မှာလဲ! သွား... သွားတော့! ငါ့နားကနေ ဝေးဝေးသွားစမ်းပါ။”
လင်းယန်က ရယ်မောရင်း- “အဘိုး စကားအတိုင်းပါပဲ၊ ကျွန်တော် သွားပါပြီ။”
သူသည် ငါးကြီးများကို သယ်ဆောင်ကာ အိမ်သို့ ပြန်လာပြီး စူးရို့ရို့ကို ရှာလိုက်သည်။ “ငါးရလာတယ်၊ ကူညီပေးပါဦး။”
စူးရို့ရို့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကာ အပြေးရောက်လာသည်။ “ဆီပြန်ဟင်း ချက်စားကြရအောင်၊ ဆီပြန်ဟင်းက အကောင်းဆုံးပဲ။”
ချင်းရှန်းရွာတွင် ကြာကြာနေလာသည်နှင့်အမျှ စူးရို့ရို့၏ အစားအသောက် မက်မောမှုမှာ ပိုမို ပြင်းထန်လာခဲ့သည်။ အဓိကမှာ ဤနေရာမှ အစားအစာများမှာ တကယ့်ကို သဘာဝအတိုင်းဖြစ်ပြီး ညစ်ညမ်းမှုမရှိသောကြောင့်ဖြစ်၏။ မြေကြီးထဲမှ လတ်လတ်ဆတ်ဆတ် ထွက်လာသော အရာများ၏ အရသာမှာ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရပေ။ ထို့ကြောင့်ပင် စူးရို့ရို့မှာ မြို့ပေါ်မှ အစားအစာများကိုပင် မစားချင်တော့ဘဲ ဖြစ်နေရသည်။ ဤသည်မှာ သူမအား ဤနေရာကို ပိုမို စွဲလမ်းစေသည့် အကြောင်းရင်းတစ်ခုပင်။
“ရှောင်ဝူလေးကိုပဲ ချက်ခိုင်းလိုက်ပါ။” လင်းယန်က ဆိုသည်။
ရှောင်ဝူလေးမှာ ငယ်သေးသော်လည်း အစားအသောက် ပြင်ဆင်ခြင်းအပေါ် အလွန် ဝါသနာကြီးလှသူ ဖြစ်၏။ သူမတွင် ပါမောက္ခများစွာ၏ ပညာသင်ကြားပေးမှုကို ရရှိထားသလို၊ သိချင်သည်များကိုလည်း ကျောင်းသူများက ဝိုင်းဝန်း ရှင်းပြပေးကြသည်။ သို့သော် သူမ အနှစ်သက်ဆုံးမှာမူ အစားအသောက်ပင် ဖြစ်၏။ အရင်က ရိက္ခာပြတ်လပ်ခဲ့ဖူးသည့် အတွေ့အကြုံများကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် သူမသည် ရိက္ခာများကို တိတ်တဆိတ် အမြောက်အမြား ဝယ်ယူ စုဆောင်းထားခြင်း ဖြစ်၏။ သူမ၏ အဆိုအရဆိုလျှင် ရွာသားအားလုံး ဘာမှမလုပ်ဘဲ ဆယ်နှစ်တိုင်တိုင် စားနိုင်သည်ဟု သိရသည်။
လင်းယန်အတွက်မူ အစားအသောက်ကို အပြင်မှ ဝယ်ယူရခြင်းမှာ အရှက်ရစရာတစ်ခုပင်။ သို့သော် ဆန်များ ရိတ်သိမ်းရန်မှာ အချိန် အနည်းငယ် လိုအပ်သေးသည်။
“ဒီတစ်ခါ စပါးကလည်း စနစ်က ပေးထားတဲ့ မျိုးစိတ်ပဲ။ ချင်းရှန်းရွာမှာက စပါးစိုက်ဖို့ အကောင်းဆုံး မြေနေရာ ရှိနေတာလေ။”
လင်းယန်သည် လက်ထဲမှ ဆန်စေ့ကို ကိုင်ကာ အဝေးက တောအုပ်ကို ငေးကြည့်နေ၏။ စူးရို့ရို့က ဘေးမှ တိုးကပ်လာကာ-
“ဆန်ကောင်းတွေဆိုတာ တောအုပ်ရဲ့ အနားသတ်မှာ ထွက်တာလေ။ တောအုပ် ထူထပ်လေလေ၊ ဆန်အရည်အသွေး ကောင်းလေလေပဲ။ ရှေးခေတ်က နန်းတွင်းသုံး ဆန်တွေဆိုတာလည်း ဒီသဘောတရားအတိုင်းပဲ။” လင်းယန်က ပါမောက္ခ တစ်ဦးအနေဖြင့် ရှင်းပြနေ၏။
စူးရို့ရို့မှာမူ သွားရည်များပင် ကျလာတော့မည့် ပုံစံဖြင့်- “ကျွန်မ အဲ့ဒီ နန်းတွင်းသုံး ဆန်တွေကို စားဖူးတယ်၊ အရသာက တကယ့်ကို ရှယ်ပဲ။”
အဘိုးစူး၏ အရှိန်အဝါနှင့်ဆိုလျှင် ထိုဆန်များကို စားရခြင်းမှာ မခက်ခဲလှပေ။ လင်းယန်လည်း စိတ်ဝင်စားသွားသည်။ “နောက်ကျရင် လောင်ဝမ်ကိုပြောပြီး နမူနာတွေ ယူခိုင်းရမယ်။”
စိုက်ပျိုးရေး လုပ်ကိုင်ခြင်း၏ အားသာချက်မှာ စားစရာနှင့် ပတ်သက်လျှင် အကောင်းဆုံးများကို ရရှိနိုင်ခြင်းပင် ဖြစ်၏။ မီးဖိုချောင်ထဲတွင် ရှောင်ဝူလေးရှိနေသဖြင့် စူးရို့ရို့ကို ခေါ်ကာ လင်းယန်သည် အသစ် ဆောက်လုပ်ပြီးစီးသော အိမ်ဝင်းအတွင်းသို့ လျှောက်လာခဲ့သည်။
အိမ်ဝင်း သုံးဆင့်မှာ ယခုအခါ ငါးဆင့်အထိ တိုးချဲ့ထားပြီး၊ အိမ်ဝင်းတစ်ခုမှာ ကျီအဖြစ် အသုံးပြုထားကာ၊ အခြားတစ်ခုတွင်မူ စနစ်မှရသော အပင်မျိုးစုံကို စိုက်ပျိုးထားသည်။
လင်းယန်သည် မဏ္ဍပ်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုမဏ္ဍပ်၏ အမိုးပေါ်မှ ရေများ အဆက်မပြတ် ကျဆင်းနေသည်ကို ကြည့်ကာ သူ အလွန် ကျေနပ်နေ၏။ စူးရို့ရို့၏ မျက်ဝန်းထဲ၌မူ အံ့ဩမှုများ ပြည့်နှက်နေသည်။
“ဒါက ဘာကြီးလဲ?”
“ရှေးဟောင်း ကျမ်းစာတွေထဲက ‘ကျစ်ယွိထင်’ (ကိုယ်တိုင်မိုးရွာသော မဏ္ဍပ်) လေ။”
စူးရို့ရို့ အံ့ဩလွန်းသဖြင့် ပါးစပ်ကို အုပ်လိုက်မိသည်။
“ဆောက်လုပ်နေတုန်းမှာ ကုန်းမြင့်ပေါ်မှာ စမ်းရေတွင်းတစ်ခု အမှတ်မထင် တွေ့ခဲ့တာ။ အဲ့ဒါနဲ့ တောင်ပေါ်က စမ်းရေတွေကိုပါ စုပေါင်းပြီး ဒီမဏ္ဍပ်ရဲ့ အမိုးပေါ်ကို ကျရောက်အောင် လုပ်ထားတာလေ။ ရေတွေက မဏ္ဍပ်ရဲ့ ဘေးပတ်ပတ်လည်ကနေ ကျဆင်းလာတော့ ရေလိုက်ကာလို ဖြစ်နေတာပေါ့။ နွေရာသီမှာ ဒီထဲမှာ ထိုင်နေရင် လုံးဝ အိုက်မှာ မဟုတ်ဘူး။”
လင်းယန်သည် ဤမဏ္ဍပ်အပေါ် အလွန် ကျေနပ်နေ၏။ ၎င်းမှာ ထန်မင်းဆက်ခေတ်က ခေတ်စားခဲ့သော အရာဖြစ်ပြီး၊ လင်းယန်အနေဖြင့် နည်းမျိုးစုံ သုံးကာ ပြန်လည် တည်ဆောက်ထားခြင်းဖြစ်၏။
ရေလမ်းကြောင်းကို နှစ်မျိုး ခွဲထားပြီး၊ တစ်ခုမှာ မဏ္ဍပ်ပေါ်သို့ ကျရောက်စေကာ၊ အခြားတစ်ခုမှာ အနီးကပ် အဆောက်အအုံသို့ စီးဝင်စေပြီးနောက် နောက်ဆုံးတွင် ကန်ထဲသို့ ရောက်ရှိကာ ရေရှင်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။
“နှမြောစရာကောင်းတာက အခုက နွေရာသီ မဟုတ်တော့ အစွမ်းကို သေသေချာချာ မတွေ့ရသေးတာပဲ။”
စူးရို့ရို့မှာမူ ကလေးတစ်ယောက်အလား အနီးကပ် ကြည့်ရှုနေရှာသည်။ “ရှေးလူကြီးတွေရဲ့ အပူရှောင်နည်းက တကယ်ကို အံ့မခန်းပါပဲ။”
လင်းယန် ခေါင်းညိတ်လိုက်သည်။ ၎င်းတို့မှာ နှစ်ပေါင်း ထောင်ချီသော ဉာဏ်ပညာများ မဟုတ်လား။
“ဒါပေမဲ့ ဒီမဏ္ဍပ်က နေရာကောင်းရမှ ဆောက်လို့ ရတာလေ၊ ကုန်ကျစရိတ်လည်း များတော့ ရှေးခေတ်က လူကုံထံတွေပဲ သုံးနိုင်ကြတာ။” စူးရို့ရို့က အနည်းငယ် နှမြောတသဟန်ဖြင့် ပြောလိုက်သည်။
လင်းယန် ခေါင်းယမ်းလိုက်ကာ- “သာမန်လူတွေမှာလည်း ကိုယ်ပိုင်နည်းလမ်းတွေ ရှိကြပါတယ်။”
လင်းယန်သည် အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ အပေါက်လေးများ ပါဝင်သော အုတ်ချပ်များကို ညွှန်ပြလိုက်သည်။ “မင်းရဲ့လက်ကို ဒီအပေါ်မှာ တင်ကြည့်လိုက်ဦး။”
စူးရို့ရို့က စပ်စုလိုစိတ်ဖြင့် တင်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ ပြူးသွားရသည်။ “အေးမြမြ လေတွေ ထွက်နေတာပဲ၊ ကြမ်းပြင်အောက်က ဟာလာဟင်းလင်းကြီးလား!”
လင်းယန် ခေါင်းညိတ်ရင်း- “ဒါက မြေအောက်က အေးမြတဲ့ လေထုကို သုံးပြီး အခန်းတွင်း အပူချိန်ကို ထိန်းညှိတာလေ။ အခုထိ ကျေးလက်ဒေသတွေမှာ မြေအောက်ခန်းတွေ တူးထားကြတုန်းပဲ။ နွေရာသီကျရင် အဲ့ဒီက အအေးဓာတ်က အခန်းထဲကို ရောက်လာတာပေါ့။ တချို့ကလည်း အခန်းထဲမှာတင် ရေတွင်းတူးထားကြတယ်၊ အဲ့ဒီ ရေတွင်းက အအေးဓာတ်ကလည်း အခန်းကို အေးမြစေတာပဲ။”
စူးရို့ရို့ အလွန် စိတ်ဝင်တစား နားထောင်နေမိသည်။ ရှေးလူကြီးများ၏ဉာဏ်ပညာကို သူမ ပိုမို အံ့ဩမိရပြန်သည်။ ယခုခေတ်တွင်မူ အဲကွန်းများကိုသာ အားကိုးနေကြရသည် မဟုတ်လား။
သို့သော် လင်းယန် ရှင်းပြနေစဉ်မှာပင် ဘယ်ကမှန်းမသိသော လေပြင်းတစ်ချက်ကြောင့် အခန်းတံခါးမှာ ဝုန်းခနဲ ပိတ်သွားခဲ့လေပြီ။
ခဏအတွင်းမှာပင်... တိတ်ဆိတ်ငြိမ်သက်နေသော အခန်းကျဉ်းလေးအတွင်း အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတည်းသာ ကျန်ရှိနေတော့သည်။ မည်သူမျှ လာရောက် နှောင့်ယှက်၍ မရနိုင်ပေ။
စူးရို့ရို့၏ ရင်ထဲ၌မူ ဗုံတီးနေသကဲ့သို့ တဒိန်းဒိန်းနှင့် ခုန်လာကာ၊ အလွန်အမင်း ထိတ်လန့်တုန်လှုပ်လာတော့သည်။
***
စူပါ-ဖမ်း(SFS)
SFS 147
အခန်း ၁၄၇ ။ အစ်ကိုလင်းရေ ကယ်ပါဦး
အခန်း ၁၄၇ ကတော့ အပိုင်းသစ်မပါပါဘူး။ အပိုင်းနံပါတ်တွေ လွဲကုန်မှာစိုးလို့ မူရင်းအတိုင်းပဲ အပိုင်း ၁၄၇ အတွက် မတင်တော့ပါဘူး။