အခန်း (၁၆၀-၁၆၁)
Vol. 10 Ch. 160-161
စူပါ-ဖမ်း(SFS)
SFS 160
အခန်း ၁၆၀ ။ အားနည်းချက်အဖြစ် အသုံးချခံရသော လီရှောင်ချီ
ရှောင်ဝူသည် အလွန် စိတ်လှုပ်ရှားသွားပြီး ရှေ့သို့ လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။ လင်းယန် လှမ်းကြည့်လိုက်ရာ ပြတိုက်အတွင်း ဗီဒီယို ရိုက်ကူးနေသော လီရှောင်ချီ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ပြတိုက်အတွင်းရှိ ရှေးဟောင်း ပစ္စည်းများမှာ အမှန်တကယ်ပင် သမိုင်းအမွေအနှစ်များ ဖြစ်ကြသည်။ ဤပြတိုက်ကို တည်ဆောက်ရန်အတွက် ငွေကြေးနှင့်လူအား များစွာအသုံးပြုခဲ့ရသည်။ ကမ္ဘာပေါ်ရှိ ပြတိုက်များထဲတွင်ပင် ချင်းရှန်း ယဉ်ကျေးမှု ပြတိုက်မှာ ထိပ်တန်းစာရင်းဝင် တစ်ခု ဖြစ်ပေလိမ့်မည်။ လက်ရှိတွင်မူ ၎င်းကို သုတေသန လုပ်ငန်းများအတွက်သာ အဓိက အသုံးပြုနေသေးသည်။
လင်းယန်က မြင်းကိုဆွဲကာ လျှောက်သွားသည်။ သာမန်လူများမှာ တိရစ္ဆာန်များကို ပြတိုက်အတွင်း ယူဆောင်ခွင့် မရှိသော်လည်း လင်းယန်အတွက်မူ ထိုစည်းကမ်း မရှိပေ။ ဤပြတိုက် တစ်ခုလုံးမှာ သူ၏ ပိုင်ဆိုင်မှု ဖြစ်သည် မဟုတ်လား။
လီရှောင်ချီမှာ လင်းယန် ရောက်လာသဖြင့် အနည်းငယ် အံ့သြသွားပြီး ရိုက်ကူးရေးကို ခနရပ်နားလိုက်သည်။ "ရှင် ဘာလို့ ဒီကို ရောက်လာတာလဲ"
လင်းယန်က သူမ၏ဘေးသို့ လျှောက်သွားရာ သင်းပျံ့သော ပန်းရနံ့လေးကို ခံစားလိုက်ရသည်။ လီရှောင်ချီမှာ ရှေးဟောင်း ဝတ်စုံများကို ဝတ်ဆင်ရသည်ကို အလွန်နှစ်သက်လှသည်။ သူမ၏ အင်္ကျီများကို ကိုယ်တိုင်ချုပ်လုပ်လေ့ရှိပြီး အလွန်ပင် လှပလှသည်။ ရှေးဟောင်း ပစ္စည်းများ ပြည့်နှက်နေသော ပြတိုက်အတွင်း သူမ ရပ်နေသည်မှာ ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသော နတ်သမီးလေးကဲ့သို့ပင်။ သူမ၏ မိတ်ကပ်မှာလည်း ပါးပါးလေးသာ ဖြစ်သော်လည်း ထူးခြားသော အလှတရား ရှိနေသည်။
သူမက လင်းယန်ကို ကြည့်လိုက်သော အကြည့်မှာလည်း ချိုမြိန်လှသည်။
"မမရှောင်ချီကို လွမ်းလို့ လာတာလေ" ရှောင်ဝူက ကြားထဲမှ ဝင်ပြောလိုက်ရင်း လီရှောင်ချီ၏လည်ပင်းကို ဖက်တွယ်လိုက်သည်။ ၎င်းတို့ နှစ်ဦးမှာ အလွန်ပင် ရင်းနှီးကြသည်။ ရှောင်ဝူသည် လီရှောင်ချီထံမှ အရာရာကို သင်ယူရသည်ကို အလွန် နှစ်သက်လှသည်။
"ဒီရက်ပိုင်းအတွင်းမှာ သူ မင်းကို အလုပ်ရှုပ်အောင် လုပ်နေမှာပဲနော်"
"ရပါတယ်၊ ကျွန်မ ရှောင်ဝူကို အရမ်းချစ်တာ" ရှောင်ဝူက လင်းယန်ကို လျှာထုတ်ပြကာ ကျီစယ်လိုက်သည်။ ယခင်က ချင်းရှန်းရွာတွင် ရှောင်ဝူမှာ အလွန်ပင် လိမ္မာအေးဆေးလွန်းသဖြင့် စိတ်မကောင်း ဖြစ်စရာ ကောင်းခဲ့သော်လည်း ယခုအခါ ဘဝမှာ ပိုမို ကောင်းမွန်လာသဖြင့် သူမသည် ပို၍ တက်ကြွ လန်းဆန်းလာခဲ့သည်။ ဤသည်မှာလည်း အကောင်းဘက်သို့ ပြောင်းလဲလာခြင်းပင် ဖြစ်သည်။
"ငါက ငွေတွေ အများကြီး ပိုင်ဆိုင်လာတော့ ပစ္စည်းဥစ္စာတွေကို သိပ်ပြီး ဂရုမစိုက်တော့သလိုပဲ" လင်းယန် စိတ်ထဲတွင် တွေးနေမိသည်။ အမှန်တကယ် ချမ်းသာသူများမှာ ငွေကို ဂရုမစိုက်ကြပေ၊ အဘယ်ကြောင့်ဆိုသော် ထိုအရာမှာ ကိန်းဂဏန်းများသာ ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် လင်းယန်မှာမူ သူ၏ပိုင်ဆိုင်မှုမှာ တစ်ကိုယ်ရည် သာယာမှုအတွက်သာ မဟုတ်ဘဲ ပြည်တွင်း စိုက်ပျိုးရေးနည်းပညာ၏ ဦးတည်ချက်ဖြစ်နေကြောင်း သိထားသည်။ အကယ်၍ သူသာ ရပ်တန့်သွားပါက လူများစွာ စိတ်ပျက်သွားကြပေလိမ့်မည်။ ကံကောင်းသည်မှာ စနစ် ရှိနေခြင်းကြောင့် သူသည် အတန်ငယ် အနားယူနိုင်ခြင်း ဖြစ်သည်။
လီရှောင်ချီ၏ အမြင်တွင်မူ သူသည် အမြဲတမ်း အလုပ်ရှုပ်နေသူ ဖြစ်သည်။ "ကျွန်မရဲ့ ဗီဒီယိုတွေမှာ ကူညီပေးခဲ့လို့ ကျေးဇူးတင်စကား မပြောရသေးဘူးနော်၊ အကျိုးသက်ရောက်မှုက အရမ်းကောင်းတာပဲ"
"နိုင်ငံခြားက ပရိသတ်တွေလည်း အရမ်းကြိုက်ကြတယ်"
"ဒါပေမဲ့ ထူးဆန်းတာက နိုင်ငံခြားသား အများစုက ဒီနေရာက မျိုးစေ့တွေကို ရချင်နေကြတာပဲ၊ အဲဒါက နည်းနည်းတော့ ထူးဆန်းနေသလိုပဲနော်"
လင်းယန် ထိုစကားကို ကြားလိုက်သည့်အခါ အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။ ပြည်ပ အရင်းရှင်များမှာ တကယ့်ကို အရှက်မရှိကြပေ။ သူသည် လီရှောင်ချီ၏ ဗီဒီယိုတွင် ပါဝင်ခဲ့သဖြင့် လီရှောင်ချီမှာလည်း သူတို့၏ပစ်မှတ် ဖြစ်လာခဲ့လေပြီ။ သူတို့သည် လီရှောင်ချီမှတစ်ဆင့် သူတို့ လိုချင်သော အရာများကို ရယူရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
"အဲဒီလူတွေက စိတ်ကောင်းနဲ့ မဟုတ်ဘူး၊ သတိထားဦး"
လီရှောင်ချီက စဉ်းစားလိုက်ရင်း "ရှင် ပြောတာ တကယ်ပဲ ဖြစ်နိုင်တယ်။ နိုင်ငံခြားက ပရိသတ် အများကြီးက ဒီကို လာပြီး အတွေ့အကြုံ ဖလှယ်ချင်တယ်လို့ ပြောကြတယ်၊ ကျွန်မက ထူးဆန်းနေလို့ သူတို့ကို ငြင်းလိုက်တာ"
လင်းယန် စိတ်ထဲတွင် တွန့်သွားမိသည်။ ပြည်ပ အရင်းရှင်များမှာ နေရာတကာသို့ ထိုးဖောက် ဝင်ရောက်နေကြလေပြီ။ လီရှောင်ချီထံမှတစ်ဆင့် လမ်းစရှာနေကြခြင်းဖြစ်သည်။ လင်းယန်က သူမကို အသိပေးရန် လိုအပ်သည်ဟု ခံစားမိသည်။ သို့မဟုတ်ပါက တစ်နေ့တွင် မတော်တဆ ထိုသူများကို ခေါ်ဆောင်လာမိပါက သူ့အတွက် ဘေးဒုက္ခ ဖြစ်လာပေလိမ့်မည်။
"အခု ပြည်ပက မျိုးစေ့ကုမ္ပဏီအများကြီးက ကျွန်တော်တို့ရဲ့ မျိုးစေ့တွေကို လိုချင်နေကြတာ၊ ဒါမှ ကျွန်တော်တို့ရဲ့ သုတေသန ရလဒ်တွေကို ခိုးယူနိုင်မှာလေ"
လီရှောင်ချီက ချက်ချင်း သဘောပေါက်သွားပြီး ဒေါသထွက်သွားသည်။ "မူပိုင်ခွင့် မလျှောက်ထားဘူးလား"
လင်းယန်က ခေါင်းခါလိုက်သည်။ "ကျောင်းက အကုန်လျှောက်ထားပေးပြီးသားပါ၊ နိုင်ငံတကာ မူပိုင်ခွင့်တွေပါ ပါတယ်"
"ဒါပေမဲ့ ဒီမူပိုင်ခွင့်ဆိုတာကလည်း အနောက်နိုင်ငံတွေက ငွေညှစ်ဖို့ အသုံးချတဲ့ နည်းလမ်းတစ်ခုပဲလေ။ သူတို့အတွက် အကျိုးရှိရင် အသိအမှတ်ပြုပြီး၊ အကျိုးမရှိရင်တော့ အသိအမှတ် မပြုကြဘူး"
"ဥပမာ လောင်ယွမ်ရဲ့ မူပိုင်ခွင့်ဆိုရင် နိုင်ငံတကာမှာ အများကြီး သုံးနေကြပေမဲ့ ဘယ်သတင်းမှာမှ မဖော်ပြကြဘဲ ဖုံးကွယ်ထားကြတာ။ ငါ့ရဲ့ နည်းပညာကိုလည်း သူတို့ သုံးပြီးရင် ဝန်ခံကြမှာ မဟုတ်ဘူး။ ဒါတင်မကသေးဘူး၊ ဒါက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုပြီး နာမည်ဖျက်ကြဦးမှာ။ ဒါကြောင့် အရေးကြီးဆုံးက မျိုးစေ့တွေ သူတို့လက်ထဲ မရောက်အောင် ကာကွယ်ဖို့ပဲ"
လင်းယန်မှာ မတတ်သာသလို ခံစားရသည်။ မကြာသေးမီက အမေရိကန်မှာ စားနပ်ရိက္ခာတင်မကဘဲ နည်းပညာ ကုမ္ပဏီများကိုပါ နိုင်ငံတော် အင်အားကို အသုံးပြု၍ ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်နေခဲ့သည်။ လင်းယန်၏ စူပါမုန်ညင်းစေ့မှာ ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားပါက သူတို့၏ စိုက်ပျိုးရေး အကျိုးစီးပွားကို ထိခိုက်စေမည် ဖြစ်သဖြင့် နည်းမျိုးစုံဖြင့် တားဆီးကြမည်မှာ သေချာလှသည်။ အကယ်၍ မူပိုင်ခွင့်ဖြင့် တရားစွဲမည်ဆိုပါကလည်း အမေရိကန် တရားရုံးတွင် သူတို့က အရှုံးပေးမည် မဟုတ်ပေ။
"ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုက အဲဒီ မျိုးစေ့ကုမ္ပဏီတွေကို ကျော်တက်သွားတဲ့နေ့ကျမှ သူတို့ကို အသာစီးနဲ့ ပြန်ရင်ဆိုင်နိုင်မှာ" လင်းယန်မှာ ထိုနေ့ကို မျှော်လင့်နေမိသည်။ ပြည်ပ မျိုးစေ့ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရခြင်းမှာ နိုင်ငံကြီးများ၏ အားပြိုင်မှု တစ်ခုပင် ဖြစ်သည်။ လက်ရှိတွင်မူ လူအများက ဖုန်းနှင့် ချစ်ပ်ပြား ကုမ္ပဏီများကိုသာ အာရုံစိုက်နေကြသော်လည်း စိုက်ပျိုးရေးမှာမူ ပို၍ပင် အရေးကြီးလှသည်။
လင်းယန်၏ တည်ငြိမ်မှုကြောင့် အဘိုးစူးမှာ စိတ်အေးနေရသည်။ လင်းယန်က ငယ်ရွယ်သဖြင့် စိတ်လိုက်မာန်ပါ လုပ်မိပြီး ပြဿနာကြီးများ ဖြစ်လာမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ လင်းယန်မှာ နာမည်ကြီး လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခြင်းမှာလည်း အဘိုးစူးက သူ့ကို ထိန်းချုပ်ထားလိုသောကြောင့်လည်း ပါဝင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လင်းယန်၏လက်ထဲရှိ နည်းပညာများမှာ အနာဂတ်ကို ပြောင်းလဲစေနိုင်သောကြောင့် ဖြစ်သည်။
လင်းယန်က လီရှောင်ချီကို အများကြီး မပြောပြသော်လည်း လီရှောင်ချီမှာမူ အလွန်ပင် စိုးရိမ်သွားဟန် ရှိသည်။
"ကျွန်မ... တစ်ခုခု မှားလုပ်မိလိုက်ပြီ ထင်တယ်"
***
စူပါ-ဖမ်း(SFS)
SFS 161
အခန်း ၁၆၁ ။ ကျွန်ုပ်မွေးဖွားချိန်တွင် အရှင်မမွေးဖွားသေးပါ
လင်းယန်၏စကားများကို ကြားပြီးနောက်တွင်မှ လီရှောင်ချီသည် အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်သွားတော့သည်။
သူမသည် အမြဲတမ်း တောတောင်ရေမြေ သဘာဝဘဝထဲတွင်သာ နစ်မြောနေခဲ့သူဖြစ်သည်။ ဤနေရာရှိ အရာအားလုံးသည် သူမ အိပ်မက်မက်ခဲ့သော ဘဝကို တဖြည်းဖြည်း အကောင်အထည်ဖော်နေခြင်းသာ ဖြစ်သည်။ သူမသည် မြို့ပြကို ငြီးငွေ့သည်။ ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော နေရာတွင် မိမိအလိုရှိသလို နေထိုင်ရသည်ကို နှစ်သက်သည်။
ဗီဒီယိုရိုက်ခြင်းမှာမူ... ဝင်ငွေအနည်းငယ်ရရန်နှင့် ရိုးရာကျေးလက်ယဉ်ကျေးမှုကို ပြန့်ပွားစေရန်အတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သူမ ရိုက်ကူးသော ဗီဒီယိုများသည် ယနေ့ခေတ်တွင် ဤမျှအထိ ဩဇာညောင်းလာပြီး သင်ရိုးညွှန်းတမ်းစာအုပ်ထဲအထိ ပါဝင်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။
သို့သော်... သူမသည် ဤမျှ အောင်မြင်မှုများ ရရှိထားသော်လည်း လင်းယန်၏ ရှေ့တွင်မူ မိမိကိုယ်ကို များစွာ နိမ့်ပါးနေသေးသည်ဟု ခံစားရဆဲဖြစ်သည်။ လင်းယန်သည်သာ ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုနေသူ ဖြစ်သည်။ သို့သော် သူသည် ယခုအချိန်အထိ သင်ရိုးညွှန်းတမ်းစာအုပ်များထဲတွင် ပါဝင်လာခြင်း မရှိသေးပေ။
လီရှောင်ချီ၏အမြင်တွင်မူ ဤသည်မှာ မတရားသလို ခံစားရသည်။ သူမသည် လောင်ယွမ်နှင့် တစ်တန်းတည်း အမည်ဖော်ပြခံရသော်လည်း၊ အစိုးရ၏ တရားဝင် အကဲဖြတ်ချက်များတွင် လင်းယန်၏ အမည်ကို အသားပေး ဖော်ပြခြင်း မရှိပေ။ ဤသည်မှာ လင်းယန်အတွက်... အလွန် မတရားပေ။
"လူတွေ ရှင့်အပေါ် အကဲဖြတ်တာက သိပ်ပြီး မမျှတဘူးလို့ ကျွန်မ ထင်ခဲ့မိတယ်။ ရှင်က ဒီလောက်အထိ အကျိုးပြုမှုတွေ လုပ်ခဲ့တာလေ။ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီး ကူညီပေးခဲ့တာပဲ"
"လောင်ယွမ်နဲ့ ယှဉ်ကြည့်ရင်တောင် ရှင်က ဘာမှမလျော့ဘူး၊ ပြီးတော့ ရှင်က အရမ်းလည်း ငယ်သေးတယ်လေ။ ဒါပေမဲ့ ဘာလို့လဲ... ဘာလို့ အဓိက မီဒီယာကြီးတွေက ရှင့်အကြောင်းကို ကောင်းကောင်း မဖော်ပြကြတာလဲ"
ဤသို့ ပြောလိုက်ချိန်တွင် လီရှောင်ချီ၏ မျက်နှာမှာ အလွန် တည်ကြည်နေသည်။ လင်းယန် ခံစားနေရသော ဆက်ဆံမှုမှာ ဤသို့ မဖြစ်သင့်ဟု သူမ ယူဆသည်။ သူသည် ချင်းရှန်းရွာတွင် ပျော်ရွှင်နေသော်လည်း၊ သူ၏ စွမ်းရည်များကို ပြသရန်အတွက် ဤထက် ပိုမိုကျယ်ပြန့်သော ကွင်းပြင်များ ရှိသင့်သည်ဟု သူမ ထင်မြင်သည်။ ဤတောင်ပေါ်ရွာလေးထဲတွင်သာ ပိတ်လှောင်ထားခြင်း မခံသင့်ပေ။
"ပရိသတ်တချို့က ရှင်က ဘယ်လိုလူလဲလို့ မေးကြတော့ ကျွန်မ နားလည်သလို ရှင်းပြခဲ့ဖူးတယ်။ တချို့လူတွေဆို ကျွန်မကို ဆက်သွယ်လာပြီး ရှင့်ကို နိုင်ငံတကာအဆင့် အောင်မြင်မှုတွေရအောင် ကူညီပေးချင်တယ်လို့ ပြောကြတယ်။ ဒါက ကောင်းတဲ့အရာလို့ ထင်ပြီး ကျွန်မ သဘောတူလိုက်မိတယ်"
"ဒါတင်မကဘူး... ကျွန်မ သူတို့ကို မုန်ညင်းဆီနဲ့ မြေပဲရိုးတချို့တောင် ပေးလိုက်မိသေးတယ်။ ဒါပေမဲ့ အခု စဉ်းစားကြည့်တော့ အဲဒီလူတွေရဲ့ ရည်ရွယ်ချက်က မရိုးသားဘူးပဲ"
ဤသို့ ပြောရင်း လီရှောင်ချီမှာ စိုးရိမ်ထိတ်လန့်လာတော့သည်။ သူမသည် ချင်းရှန်းရွာ၏ အခြေအနေမှန်ကို မသိရှိခဲ့သဖြင့် လင်းယန်၏ ဂုဏ်သတင်းကို ဖြန့်ဝေပေးချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် စေတနာသည် ဝေဒနာ ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသည် လင်းယန်အပေါ် အားနာစိတ်များ ဝင်လာသည်။
လင်းယန်မှာမူ အလွန်တည်ငြိမ်နေသည်။ ထိတ်လန့်နေသော လီရှောင်ချီကို ကြည့်ရင်း မည်သို့ပြောရမည် မသိသဖြင့် နောက်ဆုံးတွင် သူမ၏ စိတ်လှုပ်ရှားမှုကို လျော့ကျစေရန် သူမ၏လက်ကို ဆုပ်ကိုင်လိုက်တော့သည်။
"မမရှောင်ချီ... ဒါတွေအတွက် စိတ်မပူပါနဲ့"
သူမ၏လက်ဖဝါးလေးမှာ အနည်းငယ် ကြမ်းတမ်းနေသည်။ နှစ်ရှည်လများ အလုပ်လုပ်ခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သေချာ ဂရုစိုက်ထားပုံရသဖြင့် စူးရို့ရို့ကဲ့သို့ အသားစိုင် ပြည့်ဖြိုးမနေသလို၊ ရန်ကျင်းလီကဲ့သို့လည်း နူးညံ့အိစက်မနေပေ။ သို့သော် သူမ၏လက်ထဲတွင် အင်အားတစ်ခု ကိန်းအောင်းနေသည်ကို သူ ခံစားလိုက်ရသည်။
ဤအင်အားကြောင့်ပင် သူမသည် ယနေ့ကဲ့သို့ အောင်မြင်မှုများ ရရှိသည်အထိ ခိုင်မြဲစွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤအခိုက်အတန့်တွင် သူသည် လီရှောင်ချီ၏ အတွင်းစိတ်ဝိညာဉ်ကို ခံစားလိုက်ရသကဲ့သို့ပင်။
ဗီဒီယိုထဲတွင် သူမသည် လူ့လောကမှ နတ်သမီးလေးတစ်ပါးကဲ့သို့၊ အိမ်မက်ဆန်လွန်းလှသဖြင့် အိမ်မက်ထဲတွင်သာ ရှိသင့်သူဟု ထင်ရသည်။ သူမ၏ အရာရာတိုင်းမှာ ပြည့်စုံလွန်းလှသဖြင့် လက်လှမ်းမမီနိုင်သော၊ အစစ်အမှန် မဟုတ်သော ခံစားချက်မျိုး ပေးစွမ်းလေ့ရှိသည်။ သို့သော် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည့်အခါတွင်မူ... ကောင်းကင်ပေါ်က နတ်သမီးလေးကို အခန်းထဲသို့ ဆွဲခေါ်လိုက်သကဲ့သို့ပင်။
လီရှောင်ချီမှာ သိသိသာသာ လန့်ဖျပ်သွားသည်။ သူမသည်လည်း မိန်းမသားတစ်ဦး မဟုတ်လား။ နှစ်ပေါင်းများစွာ တစ်ယောက်တည်း နေထိုင်လာခဲ့သဖြင့် အခြားသူများနှင့် ထိတွေ့ဆက်ဆံရန် မယဉ်ပါးတော့ပေ။ အထူးသဖြင့် အမျိုးသားများနှင့်...။
လင်းယန်၏ အပြုအမူက သူမကို စိတ်သက်သာရာ ရစေသော်လည်း သူမ၏ ငြိမ်သက်နေသော နှလုံးသားကန်ရေပြင်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းတံပိုးများ ထန်သွားစေသည်။
"မဖြစ်ဘူး... သူက ငါ့ထက် အများကြီး ငယ်တယ်"
"ငါ့ရဲ့အသက်က သူ့အတွက်တော့ အရမ်းကို ကြီးလွန်းနေပြီ"
ဤအခိုက်အတန့်တွင် သူမ၏နှလုံးသားထဲ၌ ငြိမ်သက်ခြင်းမှသည် ထိတ်လန့်ခြင်းသို့ ကူးပြောင်းသွားတော့သည်။ မိမိကိုယ်ကို အိုမင်းသွားပြီဟု စိုးရိမ်မိခြင်း ဖြစ်သည်။ 'ကျွန်ုပ်မွေးဖွားချိန်တွင် အရှင်မမွေးဖွားသေးပါ၊ အရှင်မွေးဖွားချိန်တွင် ကျွန်ုပ်မှာ အိုမင်းနေခဲ့ပြီ' ဟူသော ခံစားချက်မျိုး ဝင်လာသည်။ အထူးသဖြင့် လင်းယန်၏အနားတွင် ရှိနေသော ငယ်ရွယ်ချောမောသည့် မိန်းကလေးများကို မြင်သည့်အခါ ပြောမပြတတ်သော ခံစားချက်မျိုး ဖြစ်ပေါ်လာရသည်။
သူမသည် ထိုခံစားချက်ကို နားလည်သော်လည်း ထိုငယ်ရွယ်သော မိန်းကလေးများနှင့် မိမိကိုယ်ကို မနှိုင်းယှဉ်ရဲပေ။ စိတ်ကူးယဉ်မှုများစွာ ရှိခဲ့သော်လည်း အမှန်တကယ် လက်တွေ့တွင်မူ နောက်ဆုတ်မိစမြဲ ဖြစ်သည်။ သို့သော် လင်းယန်၏ ဤလက်ဆွဲနှုတ်ဆက်မှုမှာ စိတ်ကူးယဉ်မှုကို လက်တွေ့ဘဝထဲသို့ ရုတ်တရက် ဆွဲချလိုက်သကဲ့သို့ပင်။ ထို့ကြောင့် လင်းယန် ပြောနေသော စကားများကိုပင် သူမ ဝေဝေဝါးဝါး ကြားနေရသည်။
"မုန်ညင်းဆီနဲ့ မြေပဲရိုးတွေကို အွန်လိုင်းမှာ ရောင်းချနေတာဆိုတော့ ပြည်ပအရင်းရှင်တွေ ရချင်ရင် ရပြီးသား ဖြစ်မှာပါ။ သူတို့တွေ သုတေသန လုပ်ပြီး ထုတ်နိုင်ခဲ့ရင်တောင် ကျွန်တော် စိုးရိမ်စရာ မရှိပါဘူး"
ဤအချက်တွင် လင်းယန်မှာ ယုံကြည်မှုအပြည့်ရှိသည်။ စနစ်ထဲတွင် သူသည် 'မျိုးပွားမှုဆိုင်ရာ ပိတ်ဆို့မှု' ကို သတ်မှတ်ထားပြီးသား ဖြစ်သည်။ ပြည်တွင်းရှိ မြေဆီလွှာမှလွဲ၍ မည်သည့်နေရာတွင်မဆို သူ၏ ခွင့်ပြုချက်မရှိဘဲ မျိုးစေ့များ ပေါက်ပွားနိုင်မည် မဟုတ်ပေ။ ဤသည်မှာ စနစ်၏ ထူးခြားချက်ပင်။ လင်းယန်မှာ ဤအချက်ကို အလွန် နှစ်သက်လှသည်။ ပြည်ပ အရင်းရှင်များ၏ မျိုးစေ့ကုမ္ပဏီများသည် စနစ်နှင့် ယှဉ်လျှင် များစွာ ကွာခြားလှသည်။
"ကျွန်တော် ရထားတဲ့ အရာတွေက မတရားဘူးလို့ မယူဆပါဘူး။ အပြန်အလှန်အားဖြင့် ကျွန်တော် အရမ်းကျေနပ်နေပါတယ်။ ကျွန်တော့်ကို လာနှောင့်ယှက်တဲ့သူ သိပ်မရှိဘဲ အေးအေးချမ်းချမ်း နေရတာကို သဘောကျတယ်။ သင်ရိုးညွှန်းတမ်းထဲ ပါဖို့ဆိုတာကိုလည်း ဂရုမစိုက်ပါဘူး"
"ကျွန်တော့်ရဲ့ နာမည်ကို ထုတ်မကြေညာတာက လူကြီးတွေ ကျွန်တော့်ကို ကာကွယ်ပေးထားတာပါ။ ကျွန်တော်က ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးသွားပြီး နောက်ပိုင်းမှာ ဘာမှ ဖြစ်မလာမှာကို သူတို့က စိုးရိမ်နေကြတာ။ လူမျိုးစုအတွက် တိတ်တဆိတ် သုတေသနလုပ်ရင်း သေဆုံးသွားမှသာ အောင်မြင်မှုတွေ လူသိများလာခဲ့တဲ့ ရှေးလူကြီးတွေနဲ့ယှဉ်ရင် ကျွန်တော်က အများကြီး ကံကောင်းနေပါသေးတယ်"
လင်းယန်မှာ အမှန်တကယ်ပင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောနေခြင်း ဖြစ်သည်။ စနစ်ရှိနေသရွေ့ သူသည် နာမည်မရှိမှာကို မကြောက်ပေ။ သူ၏အောင်မြင်မှုကို အခြားသူများ လာခိုးယူမှာကိုလည်း မစိုးရိမ်ပေ။ အနည်းဆုံးတော့ စိုက်ပျိုးရေး နည်းပညာနယ်ပယ်တွင် သူ ရှိနေခြင်းကြောင့် လူတိုင်းမှာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြပြီ ဖြစ်သည်။
ထိုသုတေသန ပညာရှင်များ၏ မျက်စိထဲတွင် လင်းယန်သည် လောင်ယွမ် ကွယ်လွန်ပြီးနောက် မျိုးဆက်သစ် ခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့လေပြီ။ ၎င်းတို့သည် ပိုမို အထွက်နှုန်းကောင်းသော သီးနှံများကို စိုက်ပျိုးလိုကြသည်၊ လူအများကို ပိုမိုကျွေးမွေးလိုကြသည်၊ ပိုမိုကောင်းမွန်သော ဘဝများကို ဖန်တီးပေးလိုကြသည်။ သူတို့သည် သမုဒ္ဒရာထဲတွင်၊ သဲကန္တာရထဲတွင်၊ နှင်းတောထဲတွင်၊ လပေါ်တွင်၊ အင်္ဂါဂြိုဟ်ပေါ်တွင်ပင် စိုက်ပျိုးရေး လုပ်လိုကြသည်။
နယ်ပယ်အတွင်းတွင်မူ လင်းယန်၏အမည်မှာ တုနှိုင်းမရအောင် ကျော်ကြားနေပြီးသား ဖြစ်သည်။ သို့သော် ပါရမီရှင်ကို ကောင်းကင်က မနာလိုဖြစ်မှာ စိုးသဖြင့် မည်သူမှ ထုတ်မပြောကြခြင်းသာ ဖြစ်သည်။ အပြင်လူများမှာမူ လီရှောင်ချီကဲ့သို့ပင် ဤအကြောင်းကို မသိရှိကြပေ။ လူမှုကွန်ရက်တွင် မြင်ရသော သတင်းများမှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်သည်။ သူ၏ စိုက်ပျိုးရေး ရလဒ်များမှာ ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သော်လည်း... အလုံးစုံ ထုတ်ဖော်ပြသရန် အချိန်မကျသေးပေ။
လောင်ဝမ်၊ အဘိုးစူးနှင့် ရှေးလူကြီးများမှာ ဤအချက်ကို ကောင်းစွာ သိရှိကြသည်။ သို့သော် လီရှောင်ချီမှာမူ လင်းယန်၏ စကားများကို တစ်ဝက်မျှသာ ကြားတော့သည်။ သူမ၏ အကြည့်များသည် လင်းယန်၏ နှုတ်ခမ်းများကိုသာ ငေးမောကြည့်နေမိသည်။ သူမ၏ ငြိမ်သက်နေသော နှလုံးသားသည် ဤအခိုက်အတန့်တွင် ခုန်လှုပ်သွားခဲ့လေပြီ။
***