← Chapters

ရွှေရောင် ဒေါင်လိုက်မျက်လုံး

Vol. 79 Ch. 827

ရွှေရောင် ဒေါင်လိုက်မျက်လုံး

Vol. 79 Ch. 827

ကမ္ဘာ့ဆန္ဒ ရဲ့ အခြေအနေက တကယ်ကို မကောင်းတော့ပေ။

ဒီအတောအတွင်း ကျွင်းချန်ချင်းရဲ့ လက်နက်ကြီးက စွမ်းအားပြလာတာအပြင်၊ တကယ်တမ်းတော့ နှစ်ပေါင်း သန်းချီတစ်လျှောက် အဆက်မပြတ် ဆုံးရှုံးနေခဲ့ရတာကမှ တကယ့် တရားခံအစစ် ဖြစ်သည်။

ကမ္ဘာ့အရှင်နဲ့ တိုက်ပွဲဖြစ်တုန်းက စကြာဝဠာကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်ခဲ့ရပြီး ကမ္ဘာ့ဆန္ဒလည်း အဲ့ဒီအတွက်ကြောင့် အလွန်ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့သည်။

တခြားနည်းလမ်းမရှိတော့တဲ့အဆုံး သူက အချိန်အကြာကြီး အိပ်စက်အနားယူဖို့ပဲ ရွေးချယ်ခဲ့ရတာ ဖြစ်သည်။

အကယ်၍ အဲ့ဒီလိုမျိုး ကိစ္စတွေ ထပ်မဖြစ်တော့ဘူးဆိုရင် နှစ်သန်းပေါင်း ရာချီလောက် အနားယူလိုက်ရင် သူ ပြန်ကောင်းလာနိုင်ပါသေးသည်။

ဒါပေမဲ့ နောက်ပိုင်း နှစ်ပေါင်း သန်းချီအတွင်းမှာတော့ ဒီကမ္ဘာကြီးက တစ်ခါမှ ငြိမ်သက်မသွားခဲ့ပေ။

ကျင့်ကြံသူတွေရဲ့ ဖျက်ဆီးနိုင်စွမ်းက အရမ်းကို ကြီးမားလွန်းလှသည်။

သူတို့ ကမ္ဘာကြီးအပေါ် ပေးတဲ့ ပျက်စီးမှုတွေနဲ့ ယှဉ်ရင် ပြန်လည်ပေးဆပ်တဲ့ စွမ်းအားကတော့ ပြောပလောက်အောင် မရှိပေ။

ဒါက ရှောင်လွှဲလို့မရသလို၊ ငြင်းပယ်လို့လည်း မရတဲ့ အမှန်တရားတစ်ခုပင်။

ဒီလိုနဲ့ တစ်ဖက်က ပျက်စီးပြီး တစ်ဖက်က မဖြည့်ဆည်းနိုင်တော့တဲ့အဆုံး ကမ္ဘာ့ဆန္ဒက ပြန်ကောင်းဖို့ နေနေသာသာ၊ အခုထိ လုံးဝ သေမသွားဘဲ တောင့်ခံထားနိုင်တာကိုက တကယ်ကို အံ့ဩဖို့ကောင်းနေပြီ ဖြစ်သည်။

အခုအချိန်မှာတော့ ကျွင်းချန်ချင်းရဲ့ အဲ့ဒီ လက်နက်ကြီးက အဆက်မပြတ် စွမ်းအားပြလာပြီး ကမ္ဘာ့ဆန္ဒကို လုံးဝ ဖိနှိပ်ပစ်လိုက်ပြီ ဖြစ်သည်။

သူကတော့ သူ့ရဲ့ သေဆုံးခြင်းကို ကြိုတင်မြင်နေရပြီ ဖြစ်သည်။

"ငါ အစွမ်းကုန် ကြိုးစားပြီး အဲ့ဒါကို ဖြေရှင်းပစ်မယ်"

နေနတ်ဘုရားက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ကမ္ဘာ့ဆန္ဒက မျက်လုံးကို နောက်တစ်ကြိမ် မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြန်သည်၊ ဒါပေမဲ့ ဒီတစ်ခါကတော့ အရင်တစ်ခါထက် ပိုပြီး အချိန်ကြာသွားခဲ့သည်။

"မရဘူး"

"သက်ရှိတွေ ရှိနေသရွေ့ ငါ့ရဲ့ သေဆုံးခြင်းက ရှောင်လွှဲလို့ မရဘူး"

"ဒီကမ္ဘာမှာ ဟာကွက် ရှိနေတယ်..."

"အဲ့ဒီလောက် အစွမ်းထက်တဲ့ သက်ရှိတွေ မပေါ်လာသင့်ဘူး..."

သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

နေနတ်ဘုရားနဲ့ ထန်ထျန်းတို့ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။

ကမ္ဘာ့ဆန္ဒ ပြောတာ မှန်ပါသည်၊ တကယ်တော့ ဒီကမ္ဘာကြီးရဲ့ အကြီးဆုံး ပြဿနာက အထွတ်အထိပ် အစွမ်းထက်သူတွေက အရမ်းကို အစွမ်းထက်လွန်းနေတာပဲ ဖြစ်သည်။

ဒါကြောင့် သူတို့ရဲ့ ဖျက်ဆီးနိုင်စွမ်းက အရမ်း ကြောက်စရာကောင်းနေပြီး ကျိကျွင်း အဆင့်က တည်ရှိမှုတွေဟာ တိုက်ပွဲ အနည်းငယ်လောက် ဖြစ်လိုက်ရုံနဲ့ ကမ္ဘာကြီးကို ကုစားလို့မရတဲ့ ဒဏ်ရာတွေ ရစေနိုင်သည်လေ။

ကမ္ဘာ့အရှင်နဲ့ ကျွင်းချန်ချင်း တို့လို ထူးဆန်းတဲ့ တည်ရှိမှုတွေဆိုရင် ပိုဆိုးပေါ့။

တစ်ယောက်က စကြာဝဠာကြီးကို ဖျက်ဆီး ခဲ့ပြီး နောက်တစ်ယောက်ကတော့ သူ့ရဲ့ ထာဝရအဆင့်အတွက် ကမ္ဘာကြီးတစ်ခုလုံးကို ဝါးမြိုဖို့ လုပ်နေသည်။

အကယ်၍ ဒီကမ္ဘာမှာ ကျိကျွင်းတွေ၊ ကျိကျွင်းထက် မြင့်တဲ့သူတွေ မရှိဘူးဆိုရင်တော့ သက်ရှိတွေ ဘယ်လောက်ပဲ ဆူပူသောင်းကျန်းပါစေ၊ အားလုံးက ထိန်းချုပ်လို့ရတဲ့ ဘောင်ထဲမှာပဲ ရှိနေမှာ ဖြစ်သည်။

နှမြောစရာကောင်းတာက "အကယ်၍" ဆိုတာ မရှိပေ ။

ကမ္ဘာ့ဆန္ဒရဲ့ ဒီစကားတွေက ထန်ထျန်းကို အရင်က ချန်ဝူဟွေ့ ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရသွားစေသည်။

ကျိကျွင်း ဆိုတာ တကယ်တော့ သဘာဝနဲ့ မကိုက်ညီတဲ့ တည်ရှိမှုမျိုး ဖြစ်နေတာပဲ။

"ဒါပေမဲ့ ဒါတွေ အားလုံးက လျှော့ချလို့ရတဲ့ အခြေအနေမှာ ရှိပါသေးတယ်"

နေနတ်ဘုရားက ပြောသည်။ "ဒီတစ်ခါ အကျပ်အတည်းကို ကျော်ဖြတ်ပြီးရင် ငါတို့ ကမ္ဘာ့သစ်ပင် ကို အာရုံစိုက်ပြီး ပြုစုပျိုးထောင်လို့ ရပြီ"

"ငါ့မှာ အတွေးသစ်တစ်ခု ရှိနေပြီ"

"ကမ္ဘာ့သစ်ပင်ကိုသာ အောင်အောင်မြင်မြင် ပြုစုပျိုးထောင်နိုင်ရင် နောင်ကို ဒီလို ပြဿနာမျိုးတွေ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး"

နေနတ်ဘုရားရဲ့ စကားကြောင့် ထန်ထျန်း စိတ်လှုပ်ရှားသွားသည်။

ကမ္ဘာ့သစ်ပင်

ဟုတ်သားပဲ၊ သီအိုရီအရ ပြောရရင် အပြည့်စုံဆုံး ကမ္ဘာတစ်ခုမှာ ကမ္ဘာ့သစ်ပင်က မရှိမဖြစ် အရာတစ်ခုပင်

သူက ကမ္ဘာကြီးကို ပိုပြီး ခိုင်မာအောင် လုပ်ပေးနိုင်သလို ကန့်သတ်ချက် တစ်ခုကိုလည်း ဖန်တီးပေးနိုင်သည်။

သူ့ရဲ့ လွှမ်းမိုးမှုအောက်မှာ ဘယ်သက်ရှိမှ အဲ့ဒီ ကန့်သတ်ချက်ကို ကျော်လွန်သွားလို့ မရတော့ပေ။

ဒါဆိုရင်တော့ ကမ္ဘာကြီးက အခြေခံအားဖြင့် လုံးဝ ဘေးကင်းသွားပြီ ဖြစ်သည်၊ အနည်းဆုံးတော့ အတွင်းပိုင်းကနေ ပျက်စီးသွားတာမျိုး မရှိတော့ဘူးပေါ့။

တကယ်တမ်းလည်း အဲ့ဒီအတိုင်းပါပင်။

ထန်ထျန်းရဲ့ ဂျင်ဂိုကမ္ဘာ မှာ ဂျင်ဂိုပင် ရှိနေတဲ့အတွက် အတွင်းပိုင်းက သက်ရှိအားလုံးရဲ့ ကျင့်ကြံမှု အမြင့်ဆုံး က အထွတ်အထိပ် တာအိုအရှင် အဆင့်ပဲ ဖြစ်သည်။

ဒါက ခိုင်မာတဲ့ စည်းမျဉ်းတစ်ခုပင်။

ဒါမှမဟုတ် ဒါကို... လှောင်အိမ် လို့လည်း ခေါ်လို့ရသည်။

ဒီလှောင်အိမ်ကို ဖျက်ဆီးချင်ရင် တစ်စုံတစ်ယောက်က ကမ္ဘာ့သစ်ပင်ကို ခုတ်လှဲနိုင်မှ ရမည်။

ဒါပေမဲ့ လှောင်အိမ်ထဲက သက်ရှိတွေကတော့ အဲ့ဒီ အဆင့်ကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ပေ။

ပြောရရင် ကမ္ဘာ့သစ်ပင် ရှိတဲ့ ကမ္ဘာက စကြာဝဠာကြီး အခု ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်လိမ့်မည်။

သို့သော် နေနတ်ဘုရားရဲ့ စကားကို ကမ္ဘာ့ဆန္ဒက ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်သည်။

"ဒီကိစ္စကို ငါတို့ နှစ်ပေါင်း သန်းပေါင်းများစွာ ကြိုးစားခဲ့ကြပေမဲ့ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး"

"အဲ့ဒါက ငါတို့ ဖြေရှင်းနိုင်တဲ့ ပြဿနာ မဟုတ်ဘူး"

"ငါတို့က ကြိုတင် တည်ရှိနေသင့်တဲ့ အရာတစ်ခုကို ဖန်တီးယူလို့ မရနိုင်ဘူးလေ"

ကမ္ဘာ့ဆန္ဒက ပြောလိုက်သည်။

နေနတ်ဘုရား တိတ်ဆိတ်သွားပြီး လေသံတိုးတိုးဖြင့် ပြောသည်။ "ဒါပေမဲ့ ဒီအတိုင်းတော့ အရှုံးမပေးနိုင်ဘူး"

"ဖြစ်နိုင်ခြေ အနည်းငယ်လေး ရှိနေသရွေ့ ငါ သေချာပေါက် ကြိုးစားမှာပဲ"

ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ပြီး ပြော၏။ "ဒါကို ခဏ ထားလိုက်ဦး"

"ငါတို့ အရင်ဆုံး အဲ့ဒီ လက်နက်ကြီးကို ရှာပြီး ကျွင်းချန်ချင်းရဲ့ ဒီအန္တရာယ်ကို အရင် ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းရှာကြရအောင်"

"ကျွင်းချန်ချင်းကိုတောင် မဖြေရှင်းနိုင်ဘဲနဲ့ ကမ္ဘာ့သစ်ပင် အကြောင်း ပြောဖို့က အချိန်စောလွန်းသေးတယ်"

ကမ္ဘာ့ဆန္ဒက မျက်လုံးကို နောက်တစ်ကြိမ် မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြန်သည်။

"အဲ့ဒါက လက်နက်ကြီး တစ်ခု မဟုတ်ဘူး"

"အဲ့ဒါက သတိမထားမိနိုင်တဲ့ ကမ္မနတ်ဆိုး တစ်ကောင်ပဲ၊ နားမလည်နိုင်တဲ့ မဟာနတ်ဆိုးကြီး တစ်ကောင်ပဲ"

"အဲ့ဒါက သူတို့ ဘယ်ကနေ ခေါ်လာမှန်းမသိတဲ့ ကမ္ဘာကြီးကို ဝါးမျို မယ့် အမည်မဖော်နိုင်တဲ့ အရာပဲ"

"ငါတို့မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်၊ မင်း တကယ် အသင့်ဖြစ်ပြီလား"

နေနတ်ဘုရားက အလေးအနက် ခေါင်းညိတ်လိုက်သည်။

"အဆင်သင့်ဖြစ်ပြီ"

"အဲ့ဒါက ဘာပဲဖြစ်ဖြစ်၊ ဒီနေ့တော့ ငါ အဲ့ဒါကို ကိုယ်ထည် အစစ်အမှန် ပေါ်လာအောင် လုပ်မှာပဲ"

"အဲ့ဒါက ဝိညာဉ်လား၊ နတ်ဆိုးလား ဆိုတာ ကြည့်ကြတာပေါ့"

ကမ္ဘာ့ဆန္ဒက "အင်း" ဟု ဆိုလိုက်သည်။

"ဒါဆိုရင် စကြစို့"

ထို့နောက် သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးက စတင် လှုပ်ရှားလာသည်။

ဒီပုံစံအတိုင်း အကြာကြီး နေခဲ့တာကြောင့်လား မသိ၊ သူ နည်းနည်းလေး လှုပ်ရှားလိုက်တိုင်း အရမ်းကို ပင်ပန်းနေပုံရသည်။

အတော်ကြာပြီးနောက်မှာတော့ သူက ဝပ်နေတဲ့ ပုံစံကနေ ထိုင်နေတဲ့ ပုံစံကို ပြောင်းလိုက်နိုင်သည်...

ထန်ထျန်းကတော့ ဒါက ဘာကို ဆိုလိုမှန်း မသိပေမဲ့ နေနတ်ဘုရားကတော့ ကမ္ဘာ့ဆန္ဒ အသင့်ဖြစ်ပြီဆိုတာ သိလိုက်သည်။

ဆက်လက်ပြီး နေနတ်ဘုရားက လက်ဖဝါးကို မြှောက်လိုက်ရာ ပုံသဏ္ဌာန် အမျိုးမျိုးရှိတဲ့ အရာတွေ အများကြီးက သူ့လက်ဖဝါးကနေ လျင်မြန်စွာ ထွက်ပေါ်လာပြီး ကမ္ဘာ့ဆန္ဒရဲ့ ရှေ့တည့်တည့်မှာ သွားပြီး ရပ်နေကြသည်။

ထန်ထျန်း သတိထားမိလိုက်တာက အဲ့ဒီ အရာတွေ အားလုံးဟာ အရင်က သေဆုံးသွားခဲ့တဲ့ ကမ္ဘာ့ဝိညာဉ်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အကြွင်းအကျန်တွေ ဖြစ်နေတာပင်။

သူ အရင်က ကူရှာပေးခဲ့တဲ့ ချီလင်မျက်လုံး လည်း အဲ့ဒီထဲမှာ ပါနေသည်။

"ငါက မင်း လူသားဧကရာဇ်နန်းတော် ကို ဝိုင်းတိုက်တုန်းက အဲ့ဒါကို သုံးလိုက်ပြီ ထင်နေတာ"

ထန်ထျန်းက ပြောလိုက်သည်။

နေနတ်ဘုရားက ခေါင်းခါလျက် ပြောသည်။ "မဟုတ်ဘူး"

"အဲ့တုန်းက မင်းတို့ကို ရှာခိုင်းခဲ့တဲ့ အရာတွေထဲက တစ်စိတ်တစ်ပိုင်းက နေမီးဖိုကြီး တည်ဆောက်ဖို့ အတွက်ပဲ"

"နောက်ထပ် တစ်စိတ်တစ်ပိုင်းကတော့ ကျွင်းချန်ချင်းရဲ့ လက်နက်ကြီးကို ရှာဖို့ အတွက်ပဲ"

"မင်းကို ရှာခိုင်းခဲ့တဲ့ ချီလင်မျက်လုံး က အဓိက အကျဆုံး အရာတွေထဲက တစ်ခုပဲ"

နေနတ်ဘုရား ဒီလူဟာ အဲ့ဒီအချိန်ကတည်းက ဒီကိစ္စအတွက် ပြင်ဆင်နေခဲ့တာကို ထန်ထျန်း မချီးကျူးဘဲ မနေနိုင်တော့ပေ။

အဲ့ဒီအချိန်က ဒီကိစ္စကို ပြင်ဆင်တယ်ဆိုတာ ကျွင်းချန်ချင်းနဲ့ အတူတူ သေဖို့ပဲ ဖြစ်နိုင်မည်။

သူ တကယ်ကို... အနစ်နာခံလွန်းပါတယ်...

ခဏအကြာမှာတော့ ပစ္စည်းအားလုံး ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။

အဲ့ဒီပစ္စည်းတွေဟာ ကောင်းကင်မှာ တစ်ခုနဲ့တစ်ခု ဆန်းကြယ်တဲ့ ဆက်နွယ်မှုတွေနဲ့ ပေါင်းစည်းနေကြသည်။

ဘာပဲဖြစ်ဖြစ် အားလုံးက ကမ္ဘာ့ဝိညာဉ်တွေပဲ မဟုတ်လား။

ထို့နောက် နေနတ်ဘုရားက နေနတ်ဘုရား မီးတောက်ကို ရုတ်တရက် တောက်လောင်စေပြီး ပစ္စည်းအားလုံးကို မီးရှို့လိုက်သည်။

ထိုအခါမှ ကမ္ဘာ့ဆန္ဒ ဘာလို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်လို့ ပြောလဲဆိုတာ ထန်ထျန်း နားလည်သွားသည်။

နေနတ်ဘုရား မီးတောက်တွေ လောင်ကျွမ်းမှုနဲ့အတူ ပစ္စည်းအားလုံးက တဖြည်းဖြည်း ပေါင်းစည်းသွားပြီး နောက်ဆုံးမှာတော့ ရွှေရောင် ဒေါင်လိုက်မျက်လုံး တစ်လုံး အဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်ထဲမှာ လွင့်မျောနေသည်။

အဲ့ဒီ ဒေါင်လိုက်မျက်လုံး ပုံစံက ချီလင်မျက်လုံးနဲ့ အရမ်း ဆင်တူနေသည်။

ဒါကို လုပ်ပြီးနောက် နေနတ်ဘုရားက အသက်ကို ဝဝရှူလိုက်ပြီး ပြောလိုက်သည်။ "မင်းရဲ့ အလှည့်ပဲ"

အဲ့ဒီအချိန်မှာပဲ ကမ္ဘာ့ဆန္ဒက ဘယ်အချိန်ကတည်းကမှန်းမသိ သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးကို ထောက်ပြီး မတ်တတ်ရပ်နေပြီ ဖြစ်သည်။

ထို့နောက် သူက သူ့ရဲ့ ကြီးမားလှတဲ့ ပါးစပ်ကြီးကို ဖြည်းဖြည်းချင်း ဟလိုက်ရာ ကြောက်စရာကောင်းတဲ့ ချောက်နက် ကြီး တစ်ခု ပေါ်လာသလိုမျိုးပင်။

ပြင်းပြင်းထန်ထန် အသက်တစ်ချက် ရှူလိုက်ပြီးနောက် အလွန် သန့်စင်တဲ့ ကမ္ဘာ့မူလ စွမ်းအားတွေက ဖားပြုတ် ရဲ့ ပါးစပ်ထဲကနေ ပန်းထွက်လာပြီး ရွှေရောင် ဒေါင်လိုက်မျက်လုံး ထဲကို စီးဝင်သွားသည်။

"အသင့်ပြင်ထားတော့"

"အဲ့ဒီ မျက်လုံးနောက်ကို လိုက်သွားရင် အဲ့ဒီ လက်နက်ကြီး ရှိတဲ့နေရာကို ရှာတွေ့လိမ့်မယ်"

နေနတ်ဘုရားရဲ့ လေသံက အလွန် လေးနက် နေသည်။

All Chapters