တွင်းနက်အား တွေ့ရှိခြင်း
Vol. 79 Ch. 828
ကမ္ဘာ့မူလ စွမ်းအားတွေ အမြောက်အမြား စီးဝင်လာတာနဲ့အမျှ ရွှေရောင် ဒေါင်လိုက်မျက်လုံး ကနေ အလွန် ဆန်းကြယ်တဲ့ အော်ရာတစ်ခု ဖြာထွက်လာခဲ့သည်။
အဲ့ဒီ အော်ရာက ကမ္ဘာကြီးတစ်ခုလုံးကို ထိုးဖောက်သွားပြီး သူ့ရှေ့မှာ ရှိသမျှ အရာအားလုံးက ဖောက်ထွင်းမြင်ရတဲ့ ပုံစံမျိုး ဖြစ်သွားပုံရသည်။
ကမ္ဘာ့မူလ စွမ်းအား၊ နေမူလ စွမ်းအား၊ ပြီးတော့ သေဆုံးသွားတဲ့ မူလ ဝိညာဉ်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ အဲ့ဒီ စွမ်းအားအားလုံးဟာ တစ်သားတည်း ပေါင်းစည်းသွားပြီး ဒီအချိန်မှာတော့ လုံးဝ လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။
ထန်ထျန်းက ထိုမူလ ဝိညာဉ်တွေရဲ့ ကျန်ရစ်နေတဲ့ ဆန္ဒတွေဟာ တောက်လောင်နေတဲ့ မီးတောက်တွေထဲကနေ ထွက်ပေါ်လာပြီး သူတို့ရဲ့ ရှေးဦးကတည်းက ရှိခဲ့သမျှ အရာအားလုံးကို ရွှေရောင် ဒေါင်လိုက်မျက်လုံး ထဲမှာ ပေါင်းထည့်လိုက်တာကို မြင်လိုက်ရသည်။
သူတို့က ကျွင်းချန်ချင်းရဲ့ အလွန် လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်ကြီးကို ရှာဖွေဖို့အတွက် ရှိသမျှ အရာအားလုံးကို အကုန်အစင် လောင်ကျွမ်းပစ်လိုက်ကြတာပင်။
ဆန္ဒအားလုံး အကုန်အစင် လောင်ကျွမ်းသွားတဲ့ အခါမှာတော့ မျက်လုံးထဲကနေ ရွှေရောင် အလင်းတန်းတစ်ခု ပန်းထွက်လာပြီး စကြာဝဠာကြီးတစ်ခုလုံးကို ထိုးဖောက်လျက် ဖြည်းဖြည်းချင်း လှည့်ပတ် စောင့်ကြည့်နေတော့သည်။
"ဒီဝိညာဉ် အလင်းတန်းက အဲ့ဒါ ရှိတဲ့ တိကျတဲ့ နေရာကို ဖော်ထုတ်ပေးလိမ့်မယ်"
နေနတ်ဘုရားက ကောင်းကင်က မျက်လုံးကို စိုက်ကြည့်နေသည်၊ သူ၏ မျက်နှာမှာ အထွတ်အထိပ်သို့ ရောက်နေသည့်အလား စိုးရိမ်ပူပန်မှုတွေနှင့် ပြည့်နှက်နေသည်။
ထန်ထျန်းလည်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ဟင်းလင်းပြင်ထဲမှာ လှည့်ပတ်ကြည့်ရှုနေတဲ့ ရွှေရောင် အလင်းတန်းက တစ်နေရာရာမှာ ရပ်တန့်သွားမည့် အချိန်ကို စောင့်ဆိုင်းနေသည်။
တစ်ချိန်တည်းမှာပဲ သူက ဖြစ်လာနိုင်တဲ့ မမျှော်လင့်ထားတဲ့ အခြေအနေအားလုံးကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားလိုက်သည်။
ကျွင်းချန်ချင်းက ဒီဝိညာဉ် အလင်းတန်းရဲ့ စောင့်ကြည့်မှုကို သတိထားမိမှာလား ဆိုတာကို သူတို့ မသိပေ။
အကယ်၍ သတိထားမိခဲ့ရင်တော့ ကျွင်းချန်ချင်းရဲ့ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရမည်။
အကယ်၍ သတိမထားမိဘဲ တွင်းနက်ကို အောင်မြင်စွာ နေရာဖော်ထုတ်နိုင်ခဲ့ရင်လည်း အမြန်ဆုံး အချိန်အတွင်းမှာ အဲ့ဒါကို သူတို့ လက်ထဲ ရောက်အောင် လုပ်ရမည် ဖြစ်သည်။
ဒေါင်လိုက်မျက်လုံးရဲ့ စောင့်ကြည့်မှု အမြန်နှုန်း က မနှေးပေမဲ့ ထန်ထျန်းတို့ အတွက်တော့ အချိန်တွေက အလွန် ကြာရှည်နေသလို ခံစားရသည်။
ရွှေရောင် အလင်းတန်းက အဆက်မပြတ် ရှာဖွေနေပေမဲ့ အခုထိတော့ ရပ်တန့်မသွားသေးပေ။
မကြာမီ ကမ္ဘာကြီးရဲ့ တစ်ဝက်ကျော်ကို ရှာဖွေပြီးသွားပြီ ဖြစ်သည်။
နေနတ်ဘုရားရဲ့ မျက်နှာက ပိုပိုပြီး လေးနက်လာသလို ထန်ထျန်းလည်း အလွန် စိတ်လှုပ်ရှားနေသည်။
နောက်တစ်ခဏမှာ ရလဒ် ထွက်လာတော့မည် ဆိုတာ သူတို့ သိနေကြသည်။
နောက်ထပ် ခဏအကြာမှာတော့ ရွှေရောင် ဒေါင်လိုက်မျက်လုံးက နေရာအများစုကို ရှာဖွေပြီးသွားပြီ ဖြစ်သည်။
နေနတ်ဘုရားက မျက်လုံးရဲ့ ဦးတည်ရာကို ထိန်းချုပ်လိုက်ရာ သူတို့ ရှိနေတဲ့ နေရာဆီသို့ တဖြည်းဖြည်း နီးကပ်လာသည်။
မကြာမီ အဲ့ဒီ အလင်းက သူတို့ပေါ်ကို ကျရောက်လာသည်။
ထန်ထျန်းက အစကတော့ ရှောင်ဖို့ လုပ်လိုက်ပေမဲ့ နောက်မှ ပြန်စဉ်းစားကြည့်တော့ သိပ်ပြီး မလိုအပ်ဘူးလို့ ထင်လိုက်သည်။
ရွှေရောင် ဒေါင်လိုက်မျက်လုံးမှာ ပစ်မှတ် တစ်ခုပဲ ရှိသည်၊ အဲ့ဒါက ကျွင်းချန်ချင်းရဲ့ လက်နက်ကြီးပဲ ဖြစ်သည်၊ အခြားသော အရာအားလုံးကတော့ သူ့ရှေ့မှာ မရှိသလိုမျိုးပင်။
တကယ်လည်း အဲ့ဒီအတိုင်းပါပင်။
ရွှေရောင် အလင်းတန်းက ကျရောက်လာပေမဲ့ ထန်ထျန်းကတော့ ဘာထူးခြားမှုကိုမှ မခံစားရဘဲ မြင်နေရတဲ့ အရာတွေက ပုံရိပ်ယောင် တွေလို ဖြစ်နေသည်။
သို့သော် သူက နောက်ဆုံး ကျန်နေတဲ့ နေရာကို ရှာဖွေဖို့ အာရုံစိုက် စောင့်ဆိုင်းနေတဲ့ အချိန်မှာပဲ...
အဲ့ဒီ ရွှေရောင် ဒေါင်လိုက်မျက်လုံးက ရပ်တန့်သွားသည်
မျက်လုံးထဲက ဒေါင်လိုက် မျက်သူငယ်ကလည်း ရုတ်တရက် အပြည့်အဝ ပွင့်လာပြီး သူတို့ရှိရာကို စိုက်ကြည့်လာတော့သည်!
"ဟင်..."
ထန်ထျန်းနဲ့ နေနတ်ဘုရား နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
မျက်လုံးက ရပ်သွားတယ်ဆိုတာ တွင်းနက် ရှိတဲ့ နေရာကို ရှာတွေ့သွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ
သူတို့တွေ အနောက်ကို အမြန် လှည့်ကြည့်လိုက်ကြသည်။
ဒါပေမဲ့ သူတို့ လုံးဝ မထင်မှတ်ထားတာကတော့ အဲ့ဒီ ရွှေရောင် အလင်းတန်းက သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ထိုးဖောက်မသွားဘဲ သူတို့ ရှိနေတဲ့ နေရာမှာတင် ရပ်တန့်နေခြင်း ဖြစ်သည်
ဆိုလိုတာက အဲ့ဒီ အလင်းက ထန်ထျန်းနဲ့ နေနတ်ဘုရား ရှိနေတဲ့ နေရာမှာ ကွက်တိ ရပ်သွားတာပင်
"ဒါက ဘာဖြစ်တာလဲ"
နေနတ်ဘုရား မျက်မှောင်ကြုတ်လျက် ဘာတွေ ဖြစ်နေမှန်း စဉ်းစားမရ ဖြစ်နေသည်။
ကမ္ဘာ့ဆန္ဒ လည်း အံ့ဩသွားပုံရသည်။
ကြီးမားလှတဲ့ မျက်လုံးကြီးနဲ့ နေနတ်ဘုရားကို ကြည့်လာသည်။
"တစ်ခုခု မှားသွားတာလား"
နေနတ်ဘုရားက မျက်မှောင်ကြုတ်လျက် ခေါင်းခါပြသည်။
"မှားစရာ မရှိဘူး"
ထို့နောက် သူက ထန်ထျန်းကို ကြည့်ကာ ပြော၏။ "မင်းရဲ့ ခွန်အားက အရမ်း ထူးခြားနေလို့လား"
"ငါတို့ အရင်ဆုံး ဒီနေရာကနေ ဖယ်ပေးကြည့်ရအောင်၊ တခြား ဘာထူးခြားမှု ရှိဦးမလဲ ကြည့်ရတာပေါ့"
ဒါပေမဲ့ ဒီစကားကြောင့် ကမ္ဘာ့ဆန္ဒရဲ့ မျက်လုံးတွေက ရုတ်တရက် တုန်လှုပ်သွားသည်။
"နေမင်း"
"မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ"
နေနတ်ဘုရား ချက်ချင်း မှင်သက်သွားပြီး မယုံနိုင်တဲ့ လေသံနဲ့ ပြောလိုက်သည်။ "မင်း ထန်ထျန်းကို မမြင်ရဘူးလား"
ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ကမ္ဘာ့ဆန္ဒရဲ့ မျက်သူငယ်တွေက ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်
"သူပဲ"
"သူပဲ"
"သူက ကမ္ဘာကြီးကို ဝါးမြိုနေတဲ့၊ ထိတွေ့လို့ မရတဲ့ နတ်ဆိုးပဲ"
"နေမင်း... သူ့ကို သတ်လိုက်"
"မြန်မြန် သတ်လိုက်"
ကမ္ဘာ့ဆန္ဒက ရူးသွပ်စွာ ဟိန်းဟောက်တော့သည်။
အဆုံးမရှိတဲ့ ကမ္ဘာ့မူလ စွမ်းအားတွေက ထန်ထျန်း ရှိတဲ့ နေရာကို လှိုင်းလုံးကြီးတွေလို စီးဝင်လာသည်။
ဒါပေမဲ့ နှမြောစရာကောင်းတာက နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာ ထန်ထျန်းက ကမ္ဘာ့မူလ စွမ်းအားတွေနဲ့ အရမ်း ရင်းနှီးနေပြီ ဖြစ်သည်။
အဲ့ဒီ စွမ်းအားတွေက သူ့ကို အနည်းငယ်မျှ ခြိမ်းခြောက်မှု မပေးနိုင်တဲ့အပြင်၊ သူ့ကို စွမ်းအားတွေ ပေးအပ်ပြီး စုပ်ယူခိုင်းနေသလိုမျိုးပင် ဖြစ်နေသည်။
သို့သော် ယခုအချိန်မှာတော့ ထန်ထျန်းမှာ ကမ္ဘာ့မူလ စွမ်းအားတွေကို စုပ်ယူဖို့ စိတ်မပါတော့ပေ။
သူလည်း လုံးဝ ဆွံ့အသွားခဲ့ပြီ ဖြစ်သည်။
အတွေးတွေလည်း ရှုပ်ထွေးသွားခဲ့ပြီ။
ငါလား
ငါက ကမ္ဘာကြီးကို ဝါးမြိုနေတဲ့သူလား
ဒါမှမဟုတ် အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ တွင်းနက်၊ အမြဲတမ်း ရှာမတွေ့ခဲ့တဲ့ လက်နက်ကြီးက ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာလား
ဒါပေမဲ့ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ
တွင်းနက် ဆိုတာ နှစ်ပေါင်း သန်းချီ ကတည်းက ရှိနေတဲ့ အရာ၊ သူ ဒီကမ္ဘာကို ရောက်လာတာ ဘယ်လောက်မှ မကြာသေးဘူးလေ။
အများဆုံး တွက်ရင်တောင် ဆယ်နှစ် မပြည့်သေးဘူး
အဲ့ဒီ လက်နက်ကြီးက ဘယ်လိုလုပ်ပြီး သူ့ခန္ဓာကိုယ်ထဲ ရောက်နေမှာလဲ
ထန်ထျန်းက နေနတ်ဘုရားကို လှမ်းကြည့်လိုက်သည်။
"တစ်ခုခု မှားနေတာ ဖြစ်မယ် မဟုတ်လား"
နေနတ်ဘုရားရဲ့ နည်းလမ်းက တွင်းနက် ရှိတဲ့ နေရာကို တကယ် မရှာနိုင်တာ ဖြစ်လိမ့်မယ်လို့ သူ အကြီးအကျယ် သံသယ ဝင်သွားသည်။
ထို့နောက် သူက မူလ နေရာကနေ ဖယ်ကြည့်ဖို့ ကြိုးစားလိုက်သည်။
ဒါပေမဲ့ ရွှေရောင် ဒေါင်လိုက်မျက်လုံးက အရိပ်လိုပဲ သူ့နောက်ကို လိုက်ပါလာခဲ့သည်
ယခုအချိန်မှာတော့ နေနတ်ဘုရားလည်း လုံးဝ ကြောင်အသွားပြီ ဖြစ်သည်။
ဘယ်တုန်းကမှ ရှာမတွေ့ခဲ့တဲ့ အရာက သူ့အနားမှာ ဒီလောက် တိုးတိုးကပ်ကပ် ရှိနေမယ်လို့ သူ ဘယ်လိုလုပ် ထင်ထားမှာလဲ။
ဟုတ်ပါသည်၊ ရွှေရောင် ဒေါင်လိုက်မျက်လုံးက မှားနိုင်ပါသည်၊ ဒါပေမဲ့ ကမ္ဘာ့ဆန္ဒကတော့ မမှားနိုင်ပေ
ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အရာမဆို ကမ္ဘာ့ဆန္ဒရဲ့ မျက်လုံးကို ရှောင်လွှဲလို့ မရပေ။
ကမ္ဘာ့အရှင် သို့မဟုတ် ကျွင်းချန်ချင်း တို့လို တည်ရှိမှုမျိုးတောင် ကမ္ဘာ့ဆန္ဒရဲ့ မျက်စိအောက်မှာ ရှိနေသည်။
ဘာလို့လဲဆိုတော့ သူက ကမ္ဘာကြီး ကိုယ်တိုင် ဖြစ်နေလို့ပင်
အကယ်၍ သူတောင် မမြင်နိုင်တဲ့ အရာဆိုရင်တော့ အဲ့ဒီ တည်ရှိမှုဟာ ဒီကမ္ဘာက အရာ မဟုတ်တာပဲ ဖြစ်ရမည်
အဲ့ဒီလို အရာကတော့ တစ်ခုပဲ ရှိသည်။
တွင်းနက်။
နေနတ်ဘုရားက ရွှေရောင် အလင်းတန်းတွေအောက်မှာ ရှိနေတဲ့ ထန်ထျန်းကို ကြောင်ကြည့်လျက် အလွန် ခက်ခဲစွာ စကားပြောလိုက်သည်။ "ထန်ထျန်း..."
"ငါ တစ်ခုခုကို ရုတ်တရက် သတိရသွားတယ်"
သူ့ရဲ့ အသံက အနည်းငယ် တုန်ယင်နေသည်။
"မင်းရဲ့ ခွန်အားက အမြဲတမ်း ပဟေဠိ တစ်ခု ဖြစ်နေခဲ့တာ"
"ဒါပေမဲ့ မင်းမှာ ကပ်ဘေးရိပ်သိမ်းသး ဆိုတဲ့ သရုပ်မှန် ရှိနေလို့ ငါ တစ်ခါမှ စုံစမ်းဖို့ မကြိုးစားခဲ့ဘူး"
"ဒါပေမဲ့ အခုတော့..."
"ငါ့ကို ပြောပါဦး၊ မင်းရဲ့ ခွန်အားက တကယ်ပဲ ဘယ်လို တိုးတက်လာတာလဲ"
"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မင်းအတွက် မူလ စွမ်းအားတွေကို အဆက်မပြတ် ပေးနေတဲ့ အရာတစ်ခု ရှိနေတာလား"
ဒီမေးခွန်းက ထန်ထျန်းကို လုံးဝ မှင်သက်သွားစေသည်။
ချက်ချင်းဆိုသလိုပဲ သူက တစ်ခု၊ ဒါမှမဟုတ် နှစ်ခုသော အရာကို သတိရသွားသည်၊ အဲ့ဒါကတော့ အခုထိ သူ့အနားမှာ ရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေပင်။
စနစ်
သူ့ရဲ့ ခွန်အားတွေက အခြေခံအားဖြင့် စနစ် နှစ်ခု ဆီကနေ လာတာပင် ဖြစ်သည်။
အဲ့ဒီ စနစ်တွေက အဆုံးမရှိတဲ့ မူလ စွမ်းအားတွေ ရှိနေပုံရပြီး ထန်ထျန်းရဲ့ ခွန်အားကို အဆက်မပြတ် တိုးတက်စေခဲ့သည်။
အဲ့ဒါတွေက နားလည်ရ ခက်ခဲပြီး ဘယ်လိုမှ ထိတွေ့လို့ မရပေ။
အဲ့ဒါတွေရဲ့ သဘောတရားက လျှို့ဝှက်ဆန်းကြယ်တဲ့ တွင်းနက်နဲ့ ထပ်တူကျနေသည်။
ခဏချင်းမှာပဲ ထန်ထျန်းက အရာများစွာကို တွေးမိသွားသည်။
ဝေဝါးနေတဲ့ လမ်းစတစ်ခုက တဖြည်းဖြည်း ရှင်းလင်းလာသည်။
တွင်းနက် နဲ့ စနစ် နှစ်ခု ကြားမှာ ညီမျှခြင်း သင်္ကေတ တစ်ခု ဖြည်းဖြည်းချင်း ဖြစ်တည်လာသည်။
အတော်ကြာပြီးနောက် ထန်ထျန်းက ခေါင်းမော့လိုက်ပြီး သူ့ရှေ့က နေနတ်ဘုရားကို ကြည့်ကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။
"ရှိတယ်"