← Chapters

စတေးခြင်း

Vol. 79 Ch. 829

စတေးခြင်း

Vol. 79 Ch. 829

ဒီကမ္ဘာကို ကူးပြောင်းရောက်ရှိလာကတည်းက စနစ် နှစ်ခု ဟာ ထန်ထျန်းရဲ့ ခန္ဓာကိုယ်ထဲမှာ အမြဲတမ်း တည်ရှိနေခဲ့တာ ဖြစ်သည်။

အဲ့ဒါက သူရပ်တည်နိုင်ဖို့ အခြေခံအုတ်မြစ် ဖြစ်သလို သူ့နှလုံးသားထဲက အကြီးမားဆုံး လျှို့ဝှက်ချက်လည်း ဖြစ်သည်။

အခုထိတော့ ထန်ထျန်းက ဒီလျှို့ဝှက်ချက်ဟာ သူ့တစ်ယောက်တည်းအတွက်သာ သီးသန့်တည်ရှိနေတာလို့ ထင်မြင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် အဲ့ဒါက စနစ် မဟုတ်လား။

ပြီးတော့ စနစ်ရဲ့ ဖော်ပြချက်တွေ၊ အလုပ်လုပ်ပုံတွေကလည်း သူအရင်နေခဲ့တဲ့ ကမ္ဘာနဲ့ပဲ ကိုက်ညီနေတာကြောင့် ဒါဟာ ဒီကမ္ဘာကလူတွေ ဖန်တီးနိုင်တဲ့ အရာမျိုး လုံးဝ မဟုတ်တာ သေချာပါပင်။

ဒါဆိုရင် အဲ့ဒါက ဘယ်လိုလုပ်ပြီး ဒီကမ္ဘာက အရာ ဖြစ်နိုင်မှာလဲ။

ကျွင်းချန်ချင်း လက်ထဲက ကမ္ဘာကြီးကို ဝါးမြိုမယ့် လက်နက်ကြီး ဆိုတာကရော ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒါပေမဲ့ ဟင်းလင်းပြင်ထဲက ရွှေရောင် ဒေါင်လိုက်မျက်လုံးက သူ့ကို ပစ်မှတ်ထား လာတဲ့အခါမှာတော့...

အရာအားလုံးကို ထိုးဖောက်မြင်နိုင်တဲ့ ကမ္ဘာ့ဆန္ဒ ကတောင် သူ့ရဲ့ တည်ရှိမှုကို မမြင်နိုင်တော့တဲ့ အခါမှာတော့...

နေနတ်ဘုရားက အဲ့ဒီ အရေးအကြီးဆုံး မေးခွန်းကို မေးလိုက်တဲ့ အခါမှာတော့...

ခဏချင်းမှာပဲ ထန်ထျန်းက ထူးခြားတဲ့ ကိစ္စ အတော်များများကို ပြန်ပြီး သတိရသွားသည်။

သူ တွင်းနက် နဲ့ ပထမဆုံး စတင်တွေ့ဆုံခဲ့တာက စိတ်ဝိညာဉ်ဟာ နိယာမကမ္ဘာထဲ ရောက်သွားစဉ်မှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာ ဖြစ်သည်။

အဲ့တုန်းကတော့ တွင်းနက်ဆိုတာ ဘာမှန်း သူ မသိသေးပေ၊ သိတာကတော့ ဒီကြောက်စရာကောင်းတဲ့ အရာဟာ ကမ္ဘာ့နိယာမ တွေကိုတောင် ဝါးမြိုနိုင်တဲ့ အလွန် ထိတ်လန့်စရာကောင်းတဲ့ အရာဆိုတာပဲ ဖြစ်သည်။

ဒါပေမဲ့ အဲ့ဒီအချိန်မှာ သူ သတိမထားမိခဲ့တာက နိယာမ တွေကိုတောင် ဝါးမြိုနိုင်တဲ့ တွင်းနက်ဟာ သူ့အပေါ်မှာတော့ ဘာသက်ရောက်မှုမှ မရှိခဲ့တာပါပင်။

သူ တွင်းနက်နဲ့ ဒုတိယအကြိမ် တွေ့ဆုံခဲ့တာကတော့ နဂါးတံခါး စမ်းသပ်ပွဲမှာ ဖြစ်သည်။

သူက မူလ ဟင်းလင်းပြင် ခေါင်းလောင်း ရဲ့ ကိုယ်ထည် အစစ်အမှန် ကို ထိတွေ့လိုက်တာနဲ့ တွင်းနက်က သူတို့ ဘေးနားမှာ ရုတ်တရက် ပေါ်လာခဲ့သည်။

အလွန် အစွမ်းထက်တဲ့ ဝါးမြိုခြင်း စွမ်းအားတွေကြောင့် ဟင်းလင်းပြင် ခေါင်းလောင်းက ဘာမှ ပြန်မခုခံနိုင်ဘဲ တိုက်ရိုက် စုပ်ယူခြင်း ခံခဲ့ရသည်။

နောက်ဆုံးမှာတော့ ထန်ထျန်းက လက်လှမ်းပြီး တွင်းနက်က ဟင်းလင်းပြင် ခေါင်းလောင်း အပိုင်းအစတွေကို လုံးဝ မဝါးမြိုခင်မှာ ပြန်ပြီး ဆွဲထုတ်ခဲ့သည်။

တွင်းနက် ဆိုတာ ကမ္ဘာကြီးကိုတောင် ဝါးမြိုနိုင်တဲ့ တည်ရှိမှုမျိုး ဖြစ်သည်၊ အဲ့ဒီတုန်းက ထန်ထျန်းက အင်မော်တယ် အဆင့် ကို ဝင်ခါစ ကျင့်ကြံသူလေး တစ်ယောက်သာ ဖြစ်သည်၊ သူက ဘာလို့ ဒီလောက် အလွယ်တကူနဲ့ တွင်းနက် ပါးစပ်ထဲကနေ ဟင်းလင်းပြင် ခေါင်းလောင်း အပိုင်းအစကို နှိုက်ယူနိုင်ခဲ့တာလဲ။

အကယ်၍ နှစ်ခုကြားမှာ နီးကပ်တဲ့ ဆက်နွယ်မှုသာ မရှိဘူးဆိုရင် ဒါဟာ ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ ကိစ္စပါပင်။

နောက်ပိုင်းမှာ ထန်ထျန်းက လုံကျိုကျိုးရဲ့ လမ်းညွှန်မှုနဲ့အတူ တကယ့် တွင်းနက်ကြီးကို တွေ့ခဲ့ရပြီး သူ့ရဲ့ နောက်ခံအကြောင်းအရင်းကိုလည်း သိခဲ့ရသည်။

အဲ့ဒီနောက်မှာ သူ လင်းယွင် တောင်တန်းဆီကို သွားခဲ့သည်။

အဲ့ဒီအချိန်တုန်းက သူဟာ သုံးစွဲမှုအမှတ် တွေကို မသုံးဘဲ အများကြီး စုဆောင်းထားခဲ့သည်။

လကမ္ဘာကနေ မပြန်ခင်မှာ သူက ခွန်အားတိုးတက်ဖို့အတွက် စုထားတဲ့ သုံးစွဲမှုအမှတ် အားလုံးကို တစ်ပြိုင်နက်တည်း လဲလှယ်လိုက်သည်။

သူ ကမ္ဘာကြီးဆီ ပြန်ရောက်လာတဲ့ အချိန်မှာတော့ တွင်းနက်ဟာ သိသိသာသာကို ကျယ်ပြန့်လာခဲ့သည်။

ဒါပေမဲ့ အဲ့တုန်းက သူတို့တွေ အများကြီး မတွေးမိခဲ့ကြပေ၊ ကျွင်းချန်ချင်းက ဝိညာဉ်အားလုံးကို ပြန်သိမ်းလိုက်လို့ တွင်းနက် ကျယ်လာတာလို့ပဲ ထင်ခဲ့ကြသည်။

အဲ့ဒီတုန်းက ပြောင်းလဲမှုက အနည်းငယ်သာ ရှိသေးတာကြောင့် ဖြစ်သည်။

ဒါပေမဲ့ မကြာသေးခင်က ဖြစ်ပျက်သွားတဲ့ လှုပ်ရှားမှုကတော့ အရမ်းကို သိသာလွန်းလှသည်။

ထန်ထျန်းက တစ်ကမ္ဘာလုံးကို ဝယ်ယူခဲ့ပြီး များပြားလှတဲ့ သုံးစွဲမှုအမှတ် တွေကို မူလစွမ်းအားတွေအဖြစ် ပြောင်းလဲကာ သူ့ရဲ့ ခွန်အား မြှင့်တင်ဖို့အတွက် ဂျင်ဂိုကမ္ဘာ ထဲကို ထည့်သွင်းခဲ့သည်။

အခုထိတောင် သုံးစွဲမှုအမှတ် အများစုက သုံးလို့ မကုန်သေးပေ။

အဲ့ဒီ အချိန်အတောအတွင်းမှာပဲ တွင်းနက်က ရူးသွပ်စွာ ကျယ်ပြန့်လာခဲ့ပြီး ကမ္ဘာငယ်လေး အမြောက်အမြား လုံးဝ ပျက်စီးသွားကာ ကမ္ဘာကြီးလည်း အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ ဖြစ်သည်။

ဒါဟာ ကျွင်းချန်ချင်း ခွန်အားတွေ ပြန်ရလာလို့လို့ပဲ သူတို့တွေ အမြဲ ထင်မှတ်ခဲ့ကြသည်။

ဒါပေမဲ့ အခုကြည့်ရတာတော့ ထန်ထျန်းက ဒီအရာအားလုံးရဲ့ အရင်းအမြစ် ဖြစ်နေတာပါပင်။

ထန်ထျန်းက စနစ်ရဲ့ သဲလွန်စ ကို အရင်က ရှာဖွေခဲ့ဖူးပေမဲ့ ဘယ်လိုပဲ စုံစမ်းစုံစမ်း တကယ့် အစစ်အမှန်ကို ရှာမတွေ့ခဲ့ပေ။

နောက်ဆုံးမှာတော့ သူက ဒါဟာ သူ့ရဲ့ ထူးခြားမှုကြောင့်လို့ပဲ သတ်မှတ်လိုက်သည်။

ဖြစ်နိုင်တာက သူဟာ တကယ့် ဇာတ်လိုက် အရှိန်အဝါ ရှိနေလို့ ဖြစ်မှာပါပေါ့။

ဒါပေမဲ့ အခုတော့ လမ်းစအားလုံးက သူ့ရှေ့မှာ ရှင်းရှင်းလင်းလင်း ပေါ်လာတဲ့ အခါမှာတော့ သူ နောက်ဆုံးမှာ နားလည်သွားခဲ့ပါပြီ။

ဘယ်မှာလဲ ဇာတ်လိုက် အရှိန်အဝါ။

ဘယ်မှာလဲ ကံကြမ္မာ ဆိုတာ။

အရာအားလုံးက ကြီးမားတဲ့ ပူးပေါင်းကြံစည်မှု တစ်ခုသာ ဖြစ်နေတော့သည်။

အံ့ဩလွန်းလို့ ဘာမှ မပြောနိုင်တော့တဲ့ နေနတ်ဘုရားကို ကြည့်ရင်း ထန်ထျန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်"

"ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ငါ့အတွက် မူလစွမ်းအားတွေကို အဆက်မပြတ် ပေးနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခု အမှန်တကယ် ရှိနေတယ်"

"ငါ့ရဲ့ ခွန်အားအားလုံးက အဲ့ဒီဆီကနေ လာတာပဲ"

ထန်ထျန်းက အတည်ပြုချက် ပေးလိုက်တဲ့ အခါမှာတော့ နေနတ်ဘုရားက နောက်ကို နှစ်လှမ်းဆုတ်သွားပြီး ဟင်းလင်းပြင်ထဲမှာ လဲကျလုနီးပါး ဖြစ်သွားသည်။

သိသာတာကတော့ အခုအချိန်မှာ သူ့ရဲ့ စိတ်ဓာတ်တွေ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ဘေးနားက ကမ္ဘာ့ဆန္ဒ ကတော့ လုံးဝ ရူးသွပ်သွားခဲ့ပြီ။

"သူ့ကို သတ်လိုက်"

"နေမင်း... သူ့ကို မြန်မြန် သတ်လိုက်"

"သူ့ကို သတ်လိုက်ရင် အားလုံး ပြီးသွားလိမ့်မယ်"

သူက ဟိန်းဟောက်နေသည်။

သူက ဒေါသတကြီး ဖြစ်နေသည်။

သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီး တစ်ခုလုံး မတ်တတ်ရပ်လာသည်။

ချောက်နက်ကြီး လို ပါးစပ်ကနေ အဆုံးမရှိတဲ့ စွမ်းအားတွေကို မှုတ်ထုတ်ပြီး ထန်ထျန်း ရှိရာဘက်ကို တိုက်ခိုက်တော့သည်။

ဒါပေမဲ့ နှမြောစရာကောင်းတာက ဘာသက်ရောက်မှုမှ မရှိတာပါပဲ။

တကယ်တော့ အဆုံးမရှိတဲ့ မူလစွမ်းအားတွေ ဝိုင်းရံနေတဲ့ အခြေအနေမှာ ထန်ထျန်းက နေလို့တောင် ကောင်းနေသေးသည်။

သူက ကမ္ဘာ့ဆန္ဒ ရဲ့ စွမ်းအားတွေကို အချိန်မရွေး သိမ်းကျုံးယူနိုင်စွမ်း ရှိသည်။

သူဟာ ကမ္ဘာ့ဆန္ဒ အတွက်တော့ လုံးဝကို အနိုင်ယူလို့ မရတဲ့ ရန်သူ ပဲ ဖြစ်သည်။

"ငါ အစကတည်းက သိသင့်တာ..."

နေနတ်ဘုရားရဲ့ အသံက အက်ရှနေပေမဲ့ သူကတော့ လက်ပါဖို့ မရွေးချယ်ခဲ့ပေ။

"ဒီကြီးမားတဲ့ ပူးပေါင်းကြံစည်မှုထဲမှာ တွင်းနက်က အရေးအကြီးဆုံးပဲ"

"မင်းကလည်း အရေးအကြီးဆုံးပဲ"

"မင်းတို့ နှစ်ခုက တစ်သားတည်းပဲ ဆိုတာ ငါ အစကတည်းက သိသင့်တာ"

"ဒါပေမဲ့ ငါ နားမလည်နိုင်တာကတော့..."

သူ ခေါင်းမော့လိုက်ရာ ရွှေရောင် မျက်ဝန်းတွေထဲမှာ သွေးကြောတွေ ယှက်သန်းနေတော့သည်။

"ကမ္ဘာ့အရှင်က ဘာလို့ ဒီလို လုပ်ရတာလဲ"

"ရှောင်ပိုင်ကရော... မင်းက ဒီကမ္ဘာအတွက် အရမ်း အရေးကြီးတယ်လို့ ဘာလို့ ဒီလောက်တောင် ယုံကြည်နေရတာလဲ၊ နောက်ဆုံးမှာ သူ့အသက်ကိုတောင် စတေးပြီး ပေးဆပ်ခဲ့တယ်"

စိတ်ဓာတ်တွေ ပြိုလဲလုနီးပါး ဖြစ်နေတဲ့ နေနတ်ဘုရားကို ကြည့်ရင်း ထန်ထျန်းကတော့ တိတ်ဆိတ်နေဖို့သာ ရွေးချယ်လိုက်သည်။

ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လည်း ဒါတွေအားလုံး ဘာဖြစ်နေတာလဲ ဆိုတာ မသိလို့ပင်။

ကမ္ဘာ့အရှင်ရဲ့ အစီအစဉ် ထဲမှာ သူက ဘယ်လို အခန်းကဏ္ဍက ပါဝင်နေလဲ ဆိုတာ သူ မသိပေ။

သူ့ရဲ့ အရင်ဘဝက မှတ်ဉာဏ်တွေဟာရော တကယ်ပဲ ရှိခဲ့တာလား ဆိုတာတောင် သူ စတင် သံသယ ဝင်နေမိသည်။

ဒီအမှန်တရားက လက်ခံဖို့ တကယ်ကို ခက်ခဲလွန်းလှသည်။

အတော်ကြာပြီးနောက် နေနတ်ဘုရားက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

ထို့နောက် သူက ရုတ်တရက် ပြုံးလိုက်သည်။

အရမ်းကို ပေါ့ပါးတဲ့ အပြုံးမျိုးပင်။

တစ်ခဏအတွင်းမှာပဲ ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေ အားလုံးကို ချလိုက်သလိုမျိုး ဖြစ်သွားသည်။

"ကျွင်းချန်ချင်းက ငါ့ကို မညာခဲ့ပါဘူး၊ ဒီခုခံမှုတွေ၊ ဒီကြိုးစားမှုတွေ အားလုံးက တကယ်ပဲ ဘာ အဓိပ္ပာယ်မှ မရှိခဲ့ဘူး"

သူက ထန်ထျန်းကို ကြည့်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဘာလို့ ဒီအစီအစဉ် ထဲမှာ ငါ့ကို ဖယ်ထုတ်ထားလဲ ဆိုတာကိုလည်း ငါ သိသွားပြီ ထင်တယ်"

"ကမ္ဘာကြီးနဲ့ ပတ်သက်လာရင် ငါက တကယ်ကို ခေါင်းမာလွန်းလို့ပဲ"

"ငါလည်း ရှောင်ပိုင်ရဲ့ ခြေရာကို အစကတည်းက လိုက်ခဲ့သင့်တာ၊ သူနဲ့အတူ ငါ့ကိုယ်ငါ စတေး ခဲ့သင့်တာ"

ထန်ထျန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "အခုထိတောင် မင်းက လနတ်သမီး ကို ဒီလောက် ယုံကြည်နေတုန်းလား"

နေနတ်ဘုရားက ပြုံးသည်။

"မင်း နားမလည်ပါဘူး"

"ဘာပဲ ဖြစ်လာဖြစ်လာ၊ သူက ဒီကမ္ဘာကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး"

"သူက မင်းကို ရွေးချယ်ခဲ့တယ်ဆိုမှတော့ မင်းရဲ့ သရုပ်မှန်က ကပ်ဘေးရိပ်သိမ်းသူ ပဲ ဖြစ်ဖြစ်၊ ကမ္ဘာကြီးကို ဝါးမြိုမယ့် နတ်ဆိုးပဲ ဖြစ်ဖြစ် ငါကတော့ သူ့ဘက်မှာပဲ ရပ်တည်မှာပဲ"

"အခု ငါ မင်းကို တစ်ခုပဲ တောင်းဆိုချင်တယ်"

"အကယ်၍ အနာဂတ်မှာ အခွင့်အရေး ရှိခဲ့ရင် ရှောင်ပိုင်ကို အရင်ဆုံး ပြန်ခေါ်လာပေးဖို့ စဉ်းစားပေးပါ"

"သူကမှ အပြည့်စုံဆုံး မူလ ဝိညာဉ် ပဲ"

ပြောပြီးသည်နှင့် နေနတ်ဘုရားရဲ့ ခြေထောက်အောက်ကနေ အပြာရောင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

အဆုံးမရှိတဲ့ နေနတ်ဘုရား စွမ်းအားတွေနဲ့ အသက်မူလ စွမ်းအားတွေက အပြာရောင် မီးတောက်တွေနဲ့အတူ ကောင်းကင်မှာ လွင့်မျောနေတဲ့ နေနှလုံးသား ဆီကို ပျံသန်းသွားတော့သည်။

All Chapters