← Chapters

စမှတ် နှင့် အရင်းအမြစ်

Vol. 79 Ch. 830

စမှတ် နှင့် အရင်းအမြစ်

Vol. 79 Ch. 830

နေနတ်ဘုရားက သူ့ရဲ့ အသက်ကို နောက်တစ်ကြိမ် ထပ်ပြီး လောင်ကျွမ်းစေခဲ့ပြန်ပြီ။

ဒါပေမဲ့ လူသားဧကရာဇ်နန်းတော်မှာတုန်းကနဲ့ မတူတာကတော့ ဒီတစ်ခါမှာတော့ သူဟာ သူ့ရဲ့ သက်တမ်းတစ်ခုလုံးကို နေမူလ စွမ်းအားတွေအဖြစ် ပြောင်းလဲပြီး နေနှလုံးသားထဲကို ပေါင်းထည့်လိုက်တာပင် ဖြစ်သည်။

နေနတ်ဘုရားဟာ သူ့ကိုယ်သူ စတေးဖို့ ရွေးချယ်ခဲ့သည်။

"နေမင်း"

"မင်း ဘာတွေလုပ်နေတာလဲ"

ကမ္ဘာ့ဆန္ဒဟာလည်း ဒါကို သိနေတာကြောင့် ဒေါသတကြီးနဲ့ အော်ဟစ် လိုက်သည်။

နေနတ်ဘုရားရဲ့ တည်ငြိမ်တဲ့ စကားသံကတော့ အပြာရောင် မီးတောက်တွေထဲကနေ ထွက်ပေါ်လာသည်။

"ငါ ဘာလုပ်နေလဲဆိုတာ ငါသိတယ်"

"အဖိုးကြီး... ဒီကမ္ဘာကြီးရဲ့ ကံကြမ္မာက ငါတို့ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ မရှိတော့ဘူး"

"ဒီကမ္ဘာရဲ့ အနာဂတ်ကလည်း ငါတို့လက်ထဲမှာ မရှိတော့ဘူး"

"ဒါကို ငါတို့ အသိအမှတ်ပြုရမယ်၊ လက်ခံရမယ်"

သို့သော် ဤစကားများက ကမ္ဘာ့ဆန္ဒကို ပို၍ပင် သောင်းကျန်းသွားစေသည်။

"ငါ လက်မခံဘူး"

"ဘာဖြစ်လို့လဲ ဒါက ငါတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေ"

"ဘာလို့ တခြားလူလက်ထဲ ထိုးအပ်ရမှာလဲ"

"ဒါက ငါတို့နဲ့ပဲ ဆိုင်တဲ့အရာ ဖြစ်သင့်တာ"

ကမ္ဘာ့ဆန္ဒက ဒေါသအလွန်ထွက်သွားပြီး သူ့ရဲ့ ကိုယ်ထည်က အဆပေါင်း ဆယ်ချီမက ကြီးမားလာကာ ဟင်းလင်းပြင်တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။

အဆုံးမရှိတဲ့ စွမ်းအားတွေဟာ အပြင်ဘက်က ဟင်းလင်းပြင် မုန်တိုင်းတွေထက် အဆပေါင်းများစွာ ပိုမို ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်နဲ့ ပန်းထွက်လာသည်။

ဒါပေမဲ့ နှမြောစရာကောင်းတာကတော့ သူ့ရဲ့ စွမ်းအားတွေ၊ ဒေါသတွေ အားလုံးဟာ ထန်ထျန်းအတွက်တော့ အနည်းငယ်မျှ ခြိမ်းခြောက်မှု မဖြစ်စေတာပါပဲ။

ဒါတင်မကသေးဘဲ သူက ထန်ထျန်းရဲ့ တည်ရှိမှုကို အခုထိ မသိနိုင်သေးပေ။

ထန်ထျန်းဆိုတာ ဒီနေရာမှာ လုံးဝ မရှိနေသလိုမျိုးပင်။

"မင်း လက်မခံနိုင်လည်း... လက်ခံရမှာပဲ"

နေနတ်ဘုရားရဲ့ တည်ငြိမ်တဲ့ စကားသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

"ဘယ်အရာမှ တစ်စုံတစ်ယောက်နဲ့ပဲ အမြဲတမ်း ဆိုင်နေတာမျိုး မရှိဘူး"

"မင်းက ကမ္ဘာ့ဆန္ဒ ဖြစ်ပေမဲ့ ကမ္ဘာကြီးရဲ့ အရှင်သခင်တော့ မဟုတ်ဘူး"

"ဖြစ်နိုင်တာက... ဒီကမ္ဘာမှာ တကယ့် အရှင်သခင် တစ်ယောက် ရှိနေလိမ့်မယ်၊ ဒါပေမဲ့ အဲ့ဒါ ငါတို့တော့ မဟုတ်တာ သေချာတယ်"

"ငါတို့ဆိုတာ... ကိုယ့်ကိုယ်ကိုယ် ဘယ်က လာလဲဆိုတာတောင် ရှင်းရှင်းလင်းလင်း မပြောနိုင်တဲ့ သူတွေပဲ..."

ခေတ္တမျှ ရပ်တန့်သွားပြီးနောက် နေနတ်ဘုရားက ထန်ထျန်းကို ဦးတည်ပြီး စကားပြောလာသည်။

"တကယ်တော့ ဟာသ ကြီးပဲ"

"သေခါနီးအချိန် ရောက်တော့မှ ငါ အသက်ရှင်နေတဲ့ နှစ်ပေါင်း သန်းချီတစ်လျှောက်လုံး စဉ်းစားလို့ မရခဲ့တဲ့ အရာတွေကို ရုတ်တရက် နားလည်သွားတယ်"

"ငါတို့တွေက အမြဲတမ်း မျက်စိရှေ့မှာ ရှိနေတဲ့ အရာတွေကြောင့် မျက်စိကွယ်နေခဲ့ပြီး အရေးအကြီးဆုံး အရာတွေကို လျစ်လျူရှုခဲ့မိတယ်"

"ငါတို့ ဘယ်လောက်ပဲ ဖြတ်သန်းခဲ့ရပါစေ၊ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ၊ အရာရာတိုင်းရဲ့ စမှတ် နဲ့ အရင်းအမြစ် ဆိုတာကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး"

"အဲ့ဒါကမှ အရေးအကြီးဆုံးပဲ"

"ထန်ထျန်း... အဲ့ဒါကမှ အရေးအကြီးဆုံး အချက်ပဲ"

ထန်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။

နေနတ်ဘုရားရဲ့ စကားတွေက နက်နဲလွန်းလှသည်၊ သူ ဘာကို ဆိုလိုချင်မှန်း ထန်ထျန်း မသိပေ။

စမှတ် လား အရင်းအမြစ် လား

အဲ့ဒါက အတိအကျ ဘာကို ရည်ညွှန်းတာလဲ။

သို့သော် ထန်ထျန်းက ထပ်ပြီး မေးမြန်းဖို့ ပြင်လိုက်စဉ်မှာပဲ နေနတ်ဘုရားရဲ့ အော်ရာက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူဟာ သေဆုံးခါနီး အချိန်မှာမှ အရေးကြီးတဲ့ လမ်းစအချို့ကို တွေးမိသွားတာ အမှန်ပင်။

ဒါပေမဲ့ နှမြောစရာကောင်းတာက နေနတ်ဘုရားဟာ အဲ့ဒါတွေကို အကုန်လုံး မပြောသွားနိုင်ခဲ့တာပါပဲ။

ထန်ထျန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်၊ ဒါက နောက်ထပ် လမ်းစတစ်ခု တိုးလာတာလို့ပဲ ဆိုရမည်။

အနာဂတ်မှာ တစ်ချိန်ချိန် အသုံးဝင်လာကောင်း ဝင်လာနိုင်သည်လေ။

သူတို့ ဒီကို လာခဲ့တာက တွင်းနက်ကို စုံစမ်းဖို့နဲ့ ကမ္ဘာ့အရှင် ချန်ထားခဲ့တဲ့ အရာများ ရှိမလားဆိုတာ ကြည့်ဖို့ ဖြစ်သည်။

အခုတော့ တွင်းနက်နဲ့ ပတ်သက်တဲ့ လမ်းစကတော့ လုံးဝ ပြတ်တောက်သွားပြီ ဖြစ်သည်။

ဒါဆိုရင် နောက်ထပ် ကျန်တာကတော့ စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင် ကို သွားပြီး ကံစမ်းကြည့်ဖို့ပဲ ရှိတော့သည်။

ဒါကို တွေးမိလိုက်တာနဲ့ ထန်ထျန်းက အခြား အရေးကြီးတဲ့ ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားသည်။

"ဟေ့"

"မင်း ငါ့ကို စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင် ကို ဘယ်လို သွားရမလဲ ဆိုတာ မပြောရသေးဘူးလေ"

ထန်ထျန်း အော်ဟစ်လိုက်သည်။

ဒါပေမဲ့ နေနတ်ဘုရားကတော့ သူ့ကို မဖြေနိုင်တော့ပေ။

အပြာရောင် မီးတောက်တွေ ငြိမ်းသွားတာနဲ့အမျှ ဟင်းလင်းပြင်ထဲမှာ နီမှောင်နေတဲ့ နေနှလုံးသား တစ်ခုသာ ငြိမ်သက်စွာ လွင့်မျောနေတော့သည်။

နေနတ်ဘုရားဟာလည်း နောက်ဆုံးမှာတော့ လနတ်သမီး လိုပဲ လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး သူ့ရဲ့ ရှိသမျှ အရာအားလုံးကို စတေး သွားခဲ့သည်။

"ဒီလူကတော့..."

ထန်ထျန်း ဘာပြောရမှန်း မသိတော့ပေ။

ဒါက တာဝန်အားလုံးကို သူ့ပုခုံးပေါ် ပုံချသွားတာ မဟုတ်ဘူးလား။

တာဝန်ယူရတာကိုတော့ ထားပါတော့။

ဒါပေမဲ့ စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင် ရဲ့ တည်နေရာကိုတော့ ပေးသွားသင့်တာပေါ့။

ထန်ထျန်း ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။

အဲ့ဒီအချိန်မှာ နေနတ်ဘုရား လုံးဝ ပျောက်ကွယ်သွားတာကို မြင်လိုက်ရတဲ့ ကမ္ဘာ့ဆန္ဒက ရူးသွပ်သွားခဲ့ပြီ ဖြစ်သည်။

သူက အော်ဟစ် ရင်း ပတ်ဝန်းကျင်ကို ရမ်းသန်း တိုက်ခိုက်နေတော့သည်။

"သေစမ်း"

" နတ်ဆိုးကောင်"

"ငါ မင်းကို အပိုင်းပိုင်း အစစ ဖြစ်သွားအောင် လုပ်ပစ်မယ်"

"ထွက်ခဲ့စမ်း"

ကမ္ဘာ့ဆန္ဒရဲ့ မျက်လုံးတွေက နီရဲနေပြီး ထန်ထျန်းကို ရှာဖွေနေသည်။

ဒါပေမဲ့ သူ ဘယ်လောက်ပဲ ရူးသွပ်နေပါစေ ဘာမှ မတတ်နိုင်ပေ။

သို့သော် ထန်ထျန်းကတော့ သူ့ကို မြင်နေရသလို သူ့ရဲ့ အော်ဟစ်သံတွေကိုလည်း ကြားနေရသည်၊ မိုးခြိမ်းသံတွေလို ကျယ်လောင်လှတဲ့ အသံတွေက ထန်ထျန်းရဲ့ အတွေးတွေကို အနှောင့်အယှက် ဖြစ်စေသည်။

"မဆူနဲ့တော့"

"ငါ စဉ်းစားနေတယ်"

ထန်ထျန်း အကျယ်ကြီး အော်လိုက်သည်။

ဒါပေမဲ့ ကမ္ဘာ့ဆန္ဒကတော့ ထန်ထျန်းရဲ့ အသံကိုတောင် မကြားရဘဲ ဆက်ပြီး သောင်းကျန်းနေတုန်းပင်။

ထန်ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရဲ့ အော်ရာအားလုံးကို ထုတ်လွှတ်လိုက်သည်။

ချက်ချင်းဆိုသလိုပဲ သောင်းကျန်းနေတဲ့ ကမ္ဘာ့ဆန္ဒရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးက တောင့်တင်းသွားခဲ့သည်။

သူ့ရဲ့ ခေါင်းပေါ်မှာ မမြင်ရတဲ့ မည်းမှောင်နေတဲ့ တိမ်တိုက်ကြီးတစ်ခု ဖုံးအုပ်သွားသလို ခံစားလိုက်ရသည်။

ပြီးတော့ သွေးပျက်စရာကောင်းတဲ့ ချောက်နက်ကြီး တစ်ခုက သူ့ကို ဝါးမြိုတော့မယ့်အလား၊ အမှောင်ထဲက မျက်လုံးနှစ်လုံးက သူ့ကို အသေအချာ စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။

ကမ္ဘာ့ဆန္ဒ... ကြောက်သွားပြီ။

"မစားပါနဲ့..."

"ငါ့ကို မစားပါနဲ့..."

သူက တုန်တုန်ယင်ယင်နဲ့ ပြောလိုက်သည်။

အခုအချိန်မှာတော့ သူဟာ အားကိုးရာမဲ့နေတဲ့ ကလေးငယ်တစ်ယောက်လို ဖြစ်နေပြီး ကြောက်စရာကောင်းတဲ့ ကျားဆိုးကြီးတစ်ကောင်ကို ရင်ဆိုင်နေရသလိုပင်။

စောစောက ရူးသွပ်နေတဲ့ ပုံစံတွေ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထန်ထျန်း ခေတ္တမျှ ရပ်တန့်လိုက်ပြီး သူ့ရဲ့ စိတ်ဆန္ဒကို သုံးပြီး ကမ္ဘာ့ဆန္ဒဆီ စကားတစ်ခွန်း ပါးလိုက်သည်။

"အခု မင်း ငါ့ကို အာရုံခံနိုင်ပြီလား"

ကမ္ဘာ့ဆန္ဒက တုန်တုန်ယင်ယင်နဲ့ ခေါင်းငြိမ့်ပြသည်။

"ငါ့ကို မစားပါနဲ့..."

သူက ထပ်ပြောပြန်သည်။

သူ ကြောက်နေတဲ့ ပုံစံကို ကြည့်ပြီး ထန်ထျန်း သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။ "ငါ မင်းကို စားဖို့ စိတ်ကူးမရှိဘူး"

"ဒါတွေ အားလုံးက... နားလည်မှု လွဲတာပါ"

ကမ္ဘာ့ဆန္ဒရဲ့ မျက်လုံးတွေက ကြောင်တောင်တောင် ဖြစ်သွားသည်။

"ငါက မင်း ဝါးမြိုတာကို တစ်ဝက်လောက် ခံလိုက်ရပြီးပြီလေ..."

ထန်ထျန်း: "..."

"အဟမ်း"

"ဒါက နားလည်မှု လွဲတာလို့ ငါပြောတယ်လေ"

"အနည်းဆုံးတော့ အခုအချိန်မှာ... ငါနဲ့ မင်းက တစ်ဖက်တည်းသားတွေပဲ"

"အခု ငါ မင်းကို မေးခွန်းအချို့ မေးမယ်၊ မင်း အမှန်အတိုင်း ဖြေတာ အကောင်းဆုံးပဲ"

"ဒါဆိုရင် ငါတို့မှာ အခြေအနေကို ပြန်ပြင်ဖို့ အခွင့်အရေး ရှိကောင်း ရှိနိုင်လိမ့်မယ်"

ကမ္ဘာ့ဆန္ဒက ဘာမှ ပြန်မပြောပေ၊ ထန်ထျန်းက သူ့ရှေ့မှာ တကယ် ပေါ်လာတဲ့ အခါမှာတော့ သူ့ရင်ထဲမှာ ကြောက်ရွံ့မှုတွေနဲ့ပဲ ပြည့်နှက်နေတော့သည်။

ဒါဟာ ကြွက်က ကြောင်ကို မြင်လိုက်ရသလိုမျိုးပင်။

မျိုးရိုးဗီဇအရ ဖိနှိပ်ခံထားရတဲ့ ခံစားချက်မျိုး ဖြစ်သည်။

ထန်ထျန်း ခေါင်းခါလိုက်ပြီး တိုက်ရိုက်ပဲ မေးလိုက်သည်။ "နေနတ်ဘုရား နောက်ဆုံး ပြောသွားတဲ့ စကားတွေက ဘာကို ဆိုလိုတာလဲဆိုတာ မင်း သိလား"

ကမ္ဘာ့ဆန္ဒ မှင်သက်သွားပြီး လေသံတိုးတိုးနဲ့ ဖြေသည်။ "မသိဘူး"

"အဲ့ဒါတွေကို ငါ နားမလည်ဘူး"

"ငါ... အသက်ရှင်ချင်ရုံတင်ပါ..."

ထန်ထျန်း စိတ်ပျက်စွာ သက်ပြင်းချလိုက်မိသည်။

ဒီကောင်က ထင်ထားတာနဲ့ မတူဘဲ မရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်လို ဖြစ်နေသည်။

ဒါပေမဲ့ သူ့ကြောင့် လန့်သွားတာလည်း ဖြစ်နိုင်သည်လေ။

"ထားပါတော့၊ ငါ နောက်တစ်ချက် မေးမယ်"

"ကမ္ဘာ့အရှင်... အဲ့ဒီတုန်းက မင်းကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့လူလေ၊ သူ ဒီကမ္ဘာကနေ ထွက်မသွားခင်မှာ မင်းဆီကို လာသေးလား"

ထန်ထျန်း ထပ်မေးလိုက်သည်။

ကမ္ဘာ့ဆန္ဒဆီကနေ လမ်းစတစ်ခုခု ရမလားလို့ သူ မျှော်လင့်နေတာ ဖြစ်သည်။

ဒါပေမဲ့ ဒီမေးခွန်းကို ကြားလိုက်ရတဲ့အခါ ကမ္ဘာ့ဆန္ဒရဲ့ တုံ့ပြန်မှုက ထန်ထျန်းထက်တောင် ပိုပြီး အံ့ဩနေပုံရသည်။

"အဲ့ဒီလူက... ကမ္ဘာကြီးကနေ ထွက်သွားတာလား"

"မဟုတ်ဘူးလေ၊ သူ ဒီမှာ ရှိနေသေးတာကို ငါ ခံစားမိနေတယ်..."

All Chapters