အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း (၅၇) - ဆိတ်သုဉ်းခြင်းခွန်အား၏ ပထမဆုံးစမ်းသပ်ချက်နှင့် တုန်လှုပ်ဖွယ် စွမ်းအားတိုးလာမှု
မုရုံရွှယ် နှင့် ချူလုံတို့သည် ဆူညံသံများကြောင့် လှည့်ကြည့်လိုက်ကြသည်။
"ဘာဖြစ်တာလဲဟင်... ဝံပုလွေက လျူယန်ရဲ့ အိမ်မွေးတိရစ္ဆာန် မဟုတ်လား... အခုတော့ ဘာလို့ သူ့ကို ပြန်တိုက်ဖို့ လုပ်နေတာလဲ"
ချူလုံက နားမလည်နိုင်စွာ မေးလိုက်သည်။
မုရုံရွှယ်သည် မြေပြင်ပေါ်တွင် ညှိုးနွမ်းနေသော လရိပ်တောကြောင်၏ အမွှေးကို မြင်လိုက်သည်နှင့် ဘာဖြစ်သည်ကို ချက်ချင်းရိပ်မိသွားကာ ကျီစယ်လိုက်သည်။
"ကြည့်ရတာ သူ့ရဲ့ ချစ်သူပေးထားတဲ့ အမှတ်တရလက်ဆောင်လေး ပျောက်သွားလို့ ဝံပုလွေကြီး စိတ်ဆိုးနေတာ ထင်တယ်"
ထိုစဉ် ဆူညံသံကြောင့် လရိပ်တောကြောင်လေး နိုးလာပြီး လျူယန်နှင့် ဝံပုလွေတို့ တိုက်ခိုက်တော့မည့်အခြေအနေကို စူးစမ်းစွာ ကြည့်နေတော့သည်။ ဝံပုလွေသည် [ရေခဲနှင့်မီး ဝံပုလွေနှစ်ခေါင်း] ပုံစံသို့ ပြောင်းလဲချိန်တွင် မည်မျှအစွမ်းထက်သနည်းဆိုသည်ကို တောကြောင်လေးကလည်း သိချင်နေပုံရသည်။
လျူယန်သည် ဝံပုလွေနှင့် ရင်ဆိုင်ရင်း သူ၏ ခွန်အားမည်မျှ တိုးတက်လာသည်ကို စမ်းသပ်ရန်နှင့် အသစ်ရရှိထားသော B-အဆင့် (မူရင်းတွင် A ဟုဖော်ပြသော်လည်း ပေါင်းစပ်စဉ်က B ဖြစ်ခဲ့သည်) ပေါင်းစပ်စွမ်းရည် [ဆိတ်သုဉ်းခြင်း ခွန်အား ] ၏ အာနိသင်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
"လာစမ်းပါ... မင်း ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ့ကို ပြစမ်း"
လျူယန်က အေးဆေးစွာ ပြောလိုက်သည်။
ဝံပုလွေကြီးသည် လျူယန်ထံသို့ ခုန်အုပ်လိုက်သည်။ သို့သော် ၎င်းသည် သခင်ဖြစ်သူကို တကယ်မနာကျင်စေလိုသဖြင့် ခြေသည်းများ သို့မဟုတ် စွမ်းရည်များကို မသုံးဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့်သာ တိုက်ခိုက်သည်။ လျူယန်ကလည်း လက်နက်မသုံးဘဲ ထိပ်တိုက်ရင်ဆိုင်သည်။
သူတို့နှစ်ဦး ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှုတွင် ဝံပုလွေကြီးမှာ မီတာအနည်းငယ်အထိ လွင့်ထွက်သွားသော်လည်း လျူယန်မှာမူ နေရာမှ မရွေ့ပေ။ လျူယန်၏ ခွန်အားမှာ ယခုဆိုလျှင် အမှတ် ၁၀၀၀ ကျော်နေပြီဖြစ်ရာ သာမန်သားရဲများထက်ပင် သာလွန်နေပြီဖြစ်သည်။
တောကြောင်လေး၏ ရှေ့တွင် အရှက်ရသွားသည်ဟု ခံစားလိုက်ရသော ဝံပုလွေကြီးမှာ ဒေါသထွက်ကာ ချက်ချင်းပင် ၎င်း၏ မူလပုံစံဖြစ်သော [ရေခဲနှင့်မီး ခေါင်းနှစ်လုံးဝံပုလွေ] အဖြစ်သို့ ပြောင်းလဲလိုက်သည်။ လူနှစ်ရပ်စာခန့်သာရှိသော ဝံပုလွေမှာ ပေအတော်များများ မြင့်မားသော ဧရာမ သားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး လျူယန်မှာ ၎င်း၏ ရှေ့တွင် သေးငယ်သွားတော့သည်။
ဝံပုလွေကြီးသည် ဟိန်းဟောက်ကာ ဒုတိယအကြိမ် ပြေးဝင်လာသည်။ ချူလုံက စိုးရိမ်တကြီး ကြည့်နေသော်လည်း မုရုံရွှယ်က နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့... သူတို့က သခင်နဲ့ သူ့ရဲ့သားရဲပဲ.. တကယ်မသတ်ကြဘူး"
ဝံပုလွေကြီးမှာ အင်အားအပြည့် သုံးလိုက်ချိန်တွင် လျူယန်မှာ အနည်းငယ် အသာစီးမရတော့ဘဲ နောက်သို့ ဆုတ်ပေးလိုက်ရသည်။ လျူယန်သည် သူ၏ အိမ်မွေးသားရဲ မည်မျှသန်မာသည်ကို မြင်ရသဖြင့် ဝမ်းသာသွားသည်။ S-အဆင့် ပါရမီရှိသော သားရဲ၏ ခွန်အားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
"ကဲ... အခုတော့ [ဆိတ်သုဉ်းခြင်း ခွန်အား] ကို စမ်းသပ်ဖို့ အချိန်တန်ပြီ... အဆင်သင့်ပြင်ထားတော့ အရိပ်"
လျူယန် စွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် သူ၏ အရှိန်အဝါမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ သွေးစွမ်းအင် များမှာ လောင်မြိုက်လာပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ (၁၀) ဆခန့်အထိ တိုးတက်သွားတော့သည်။
သူ၏ သာမန် လက်သီးချက်တစ်ချက်ကပင် ဝံပုလွေကြီးကို ပေပေါင်းများစွာ ဝေးရာသို့ လွင့်ထွက်သွားစေသည်။ မြင်ကွင်းမှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှ၏။ မိမိထက် ၁၀ ဆခန့် ကြီးမားသော သားရဲကြီးကို လျူယန်က လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်အောင် ထိုးလိုက်ခြင်းပင်။
ဝံပုလွေကြီးမှာ မြေပြင်မှ ပြန်ထလာကာ လျူယန်ကို ကြောက်ရွံ့အားကျသော မျက်လုံးများဖြင့် ကြည့်လေသည်။ သူ၏ သခင်မှာ ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လျူယန်ကိုယ်တိုင်ပင် ထိုစွမ်းရည်၏ အာနိသင်မှာ ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
လျူယန်သည် စွမ်းရည်ကို ပိတ်လိုက်ပြီး ဝံပုလွေကြီးအနားသို့ သွားကာ "ဘယ်လိုလဲ.. အဆင်ပြေရဲ့လား" ဟု မေးကာ ထူပေးလိုက်သည်။
ထိုသို့ ထူပေးရင်းနှင့်ပင် ဝံပုလွေကြီး၏ ရင်ဘတ်မှ မျိုးရိုးဗီဇအပိုင်းအစပါသော အမွှေးတစ်ပင်ကို အသာအယာ ဆွဲနှုတ်လိုက်ပြန်သည်။ သူသည် 'အရိပ်ဝံပုလွေ' ပုံစံမှ ထုတ်ယူဖူးသော်လည်း 'ရေခဲနှင့်မီး' ပုံစံမှ မထုတ်ယူရသေးသဖြင့် ဤအခွင့်အရေးကို လက်လွှတ်မခံလိုခြင်းပင်။
အခန်း (၅၈) - နှစ်ဆတိုးလာသော တိုက်ခိုက်ရေးစွမ်းအား
ဝံပုလွေကြီးသည် လျူယန်က သူ၏ ရင်ဘတ်မွှေးကို ဒုတိယအကြိမ် ထပ်မံဆွဲနှုတ်လိုက်သည်ကို သိသွားသောအခါ သူ့ကို မကျေမနပ် ကြည့်လေသည်။ သို့သော် လျူယန်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မြင်တွေ့ခဲ့ရပြီးဖြစ်ရာ စိတ်ဆိုးသော်လည်း မအော်ရဲရှာပေ။ ၎င်းသည် ချက်ချင်းပင် အရိပ်ဝံပုလွေ ပုံစံသို့ ပြန်ပြောင်းကာ လရိပ်တောကြောင်လေးထံ သွား၍ အချော့ခံရင်း ဖက်အိပ်နေတော့သည်။
လျူယန်၏ မယုံနိုင်စရာ ခွန်အားကို မြင်လိုက်ရပြီးနောက် မုရုံရွှယ် မှာမူ လျူယန်နှင့် ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်ပင် မရှိတော့ပေ။ သူမသည် လျူယန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာ သူ့ကို ကျော်ဖြတ်နိုင်ရန် အပြင်းအထန် လေ့ကျင့်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ အထူးသဖြင့် လျူယန်မှာ မြားပစ်နှင့် ဓာတ်ကြီးလေးပါး စွမ်းရည်များကို အဓိက သုံးသူဖြစ်ပြီး သူမမှာမူ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်သူဖြစ်ရာ၊ သူမ၏ အားသာချက်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွင် လျူယန်ကို ရှုံးနိမ့်ခြင်းအား သူမ မခံမရပ်နိုင် ဖြစ်နေရသည်။
လျူယန်သည် မိန်းကလေးနှစ်ဦးအနားသို့ သွားကာ သူ၏ အာကာသသိုလှောင်လက်စွပ်ထဲမှ ကျန်ရှိနေသော ရွှေရောင်အသီး (၂) လုံးကို ထုတ်ယူလိုက်သည်။ သူသည် အသီး (၄) လုံး စားသုံးခဲ့ပြီးဖြစ်ရာ သူ၏ SSS-အဆင့် ပါရမီကို အဆင့်မြှင့်တင်ပြီးပြီ ဖြစ်သည်။ ကျန်ရှိသော အသီးများသည် သူ့အတွက် အတွေ့အကြုံ (EXP) ရရုံမှလွဲ၍ ထူးထူးခြားခြား ထပ်မံ အဆင့်မြှင့်ပေးနိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် သူ၏ သူငယ်ချင်း ချူလုံနှင့် အသင်းဖော် မုရုံရွှယ်တို့အား ပေးကမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ဒါက ချောက်အောက်က ငါရခဲ့တဲ့ ရွှေရောင်အသီးတွေပဲ... တစ်ယောက် တစ်လုံးစီစားပြီး ကျင့်ကြံကြည့်ကြ၊ ငါ ဘေးကနေ စောင့်ရှောက်ပေးမယ်"
လျူယန်က ပြုံး၍ ပြောလိုက်သည်။
မိန်းကလေးနှစ်ဦးစလုံး ဝမ်းသာသွားကြပြီး အသီးများကို စားကာ ကျင့်ကြံခြင်း စတင်လိုက်ကြသည်။ လျူယန်သည်လည်း သူ၏ A-အဆင့် စွမ်းရည် [အလုံးစုံသိမြင်သောအာရုံ ] ကို အသက်သွင်းကာ မီတာ ၁၀၀ ပတ်လည်တွင် မည်သည့် ရန်သူမျှ မရှိစေရန် စောင့်ကြပ်ပေးနေခဲ့သည်။
သူတို့နှစ်ဦး ကျင့်ကြံနေစဉ် လျူယန်သည် ဝံပုလွေကြီးထံမှ ရလာသော "ရေခဲနှင့်မီး အမွှေး" ကို ထုတ်ယူခြင်းပြုလုပ်လိုက်သည်။
[ရေခဲနှင့်မီး ဝံပုလွေနှစ်ခေါင်း၏ အမွှေးမှ ထုတ်ယူခြင်း အောင်မြင်ပါသည်။]
ရရှိသော စွမ်းရည်: [ပြင်းထန်သော မီးတောက် ] (A-အဆင့်) နှင့် [မိုးသီးမုန်တိုင်း] (A-အဆင့်)
[ပေါင်းစပ်မှု အောင်မြင်ပါသည်]
ပြင်းထန်သောမီးတောက် (A) နှင့် မီးထိန်းချုပ်ခြင်း (A) တို့ ပေါင်းစပ်ကာ မီးထိန်းချုပ်မှု စွမ်းအားကို (၃၀%) တိုးမြင့်စေသည်။
မိုးသီးမုန်တိုင်း (A) နှင့် နှင်းခဲထိန်းချုပ်ခြင်း (A) တို့ ပေါင်းစပ်ကာ ရေခဲထိန်းချုပ်မှု စွမ်းအားကို (၃၀%) တိုးမြင့်စေသည်။
လျူယန် အလွန်ကျေနပ်သွားသည်။ သို့သော် သူ၏ စွမ်းရည်များမှာ S-အဆင့်သို့ ခုန်မတက်သွားသည့်အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိသော်လည်း S-အဆင့်သို့ ရောက်ရန်မှာ အလွန်ပင် ခက်ခဲနက်နဲကြောင်း သူ နားလည်လိုက်သည်။
သိပ်မကြာမီမှာပင် ချူလုံနှင့် မုရုံရွှယ်တို့ ကျင့်ကြံခြင်းမှ နိုးလာကြသည်။
"မယုံနိုင်စရာပဲ... ငါ အဆင့် ၂ ဆင့်တောင် တက်သွားတယ်"
ချူလုံက အံ့ဩတကြီး ပြောသည်။
မုရုံရွှယ်မှာမူ ပို၍ပင် စိတ်လှုပ်ရှားနေကာ လျူယန်ကို ပြေးဖက်လိုက်ပြီး အော်ပြောလိုက်တော့သည်။
"လျူယန်... ကျေးဇူးအများကြီး တင်ပါတယ်... ဒီအသီးကြောင့် ငါ့ရဲ့ ပါရမီပါ အဆင့်တက်သွားပြီ"
လျူယန်မှာ မုရုံရွှယ်၏ တောင့်တင်းလှပသော ကိုယ်လုံးလေးနှင့် ရင်ခွင်ထဲ၌ အသက်ရှူပင် ကျပ်သွားရပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ မုရုံရွှယ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ထိုအချက်ကို သတိမပြုမိဘဲ အတော်ကြာမှ လွှတ်ပေးလိုက်သည်။
"ပါရမီက အဆင့်တက်သွားတာလား"
ချူလုံက မေးမြန်းရာ မူရုံရွှေးက ရှင်းပြလိုက်၏။
"အင်း... အခုဆိုရင် ငါ့ရဲ့ [အာဏာရှင် ခန္ဓာကိုယ်] တတိယအဆင့်ကို စိတ်တိုင်းကျ အသုံးပြုနိုင်ပြီ၊ ပြီးတော့ ပါရမီကို အသုံးမပြုထားတဲ့ အချိန်မှာတောင် ငါ့ရဲ့ ခွန်အားက တဖြည်းဖြည်းချင်း တက်နေဦးမှာ"
ယခုအခါ မုရုံရွှယ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နှစ်ဆခန့် တိုးတက်လာပြီး ချူလုံ၏ အဆင့်မှာလည်း မြင့်မားလာခဲ့သည်။ လျူယန်၏ အဖွဲ့တစ်ခုလုံးသည် ဤရွှေရောင်အသီးများကြောင့် ယခင်ထက် များစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားများကို ပိုင်ဆိုင်သွားကြတော့သည်။