အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း(109)ကိစ္စကောင်းလုပ်နေချိန် အနှောင့်အယှက်ပေးခံရခြင်း
အပြင်ဘက်တွင် နေပူနေသော်လည်း ကျန်းရိရှန်မှာတော့ အေးစိမ့်သွားသည်ကို ခံစားနေရ၏။
သူ ‘တော်ဝင်နံပါတ်တစ်’ အတွင်း၌ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးမှာ သူ၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေချေပြီ။
ခဏမျှ စဉ်းစားပြီးနောက် သူ အကြိမ်အနည်းငယ်မျှ ခုန်ပျံလှုပ်ရှားကာ အလျင်အမြန် ထွက်ပြေးသွားတော့သည်။
သူ လူစည်ကားရာ နေရာတစ်ခုသို့ ရောက်သောအခါ၊ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုအား အလျင်အမြန် ခေါ်ဆိုလိုက်လေသည်။
ကျင့်ဟွမ်ကလပ် ။
စျေးအကြီးဆုံးသော သီးသန့်ခန်းအတွင်း၌။
ရှောင်ချင်းမှာ လျို့ချင်းအား စိုးရိမ်တကြီး စိုက်ကြည့်နေမိ၏။ ဤအကြည့်မှာ လွန်ခဲ့သော ဆယ်နှစ်ကျော်က သူမ သူ့အား စိုက်ကြည့်ခဲ့သကဲ့သို့ပင် ဖြစ်ပြီး၊ သူမ၏ ကြောက်ရွံ့မှုမှာလည်း အထွက်အထိပ်သို့ ရောက်ရှိနေချေပြီ။
“ဟားဟားဟား...”
လျို့ချင်း က အားရပါးရ ရယ်မောလိုက်ပြီးနောက် ဓားမြှောင်အား ဘေးသို့ လွှင့်ပစ်လိုက်လေသည်။ သူက ရှောင်ချင်း၏ ခါးကို ဖမ်းဆုပ်ကာ သူမ၏ ကိုယ်ပေါ်သို့ သူ၏ နှုတ်ခမ်းများဖြင့် ဖိကပ်လိုက်သည်။
“အချစ်လေး... မင်း ဘာကို ကြောက်နေတာလဲ”
ရှောင်ချင်း တုန်ရင်နေသည်ကို သူ ခံစားနေရပေသည်။
သို့သော် ဤသည်မှာ သူ၏ စိတ်ဆန္ဒကို လျော့ပါးသွားစေခြင်း မရှိဘဲ ရှောင်ချင်း ပို၍ ထိတ်လန့်လေလေ၊ သူက ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ် သူ အရင်ဆုံး သူ့ရဲ့စိတ်ဆန္ဒကိုဖြေဖျောက်ရမယ်။
မည်သို့ပင်ဆိုစေ သူသည်က ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်၍သာမန်လူများက သူ့အား မည်သည့်အရာကိုမှ လုပ်နိုင်မည် မဟုတ်ပေ။
ရှောင်ချင်း၏ လှပသော မျက်ဝန်းများတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ချက်ချင်းပင် ပြည့်နှက်သွားခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာကလည်း သူမ လျို့ချင်းအား မည်သည့်အရာမှ မလုပ်နိုင်ခဲ့ပေ။ ယခု ဆယ်စုနှစ်များစွာ ကြာပြီးနောက်တွင်လည်း သူမ လျို့ချင်းအား လက်စားမချေနိုင်ဘဲ သူ၏ လက်အောက်တွင်သာ အရှုံးပေးနေရပြန်သည်။
သူမ သူ့ကို မုန်းတီးသည်။
သူမ သူ့ကို အရှင်လတ်လတ် ဝါးစားပစ်ချင်လောက်အောင် မုန်းတီးနေမိသည်။
တီ... တီ...
လျို့ချင်း ကိစ္စစရန် ပြင်နေစဉ်မှာပင် သူ၏ ဖုန်းက ရုတ်တရက် မြည်လာခဲ့၏။
“ဒီအချိန်ကြီး ဘယ်သူက ဖုန်းဆက်နေတာလဲ၊ အရေးကြီးတဲ့ အချက်အလက်တွေကို ပြောဖို့ခေါ်တာမဟုတ်ရင် မလွယ်ဘူးမှတ်လိုက်”
လျို့ချင်းက ရေရွတ်လိုက်ရင်း စိတ်ပျက်သော အမူအရာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်လေသည်။
သို့သော် လျို့ချင်းက ဖုန်းခေါ်ဆိုသူ၏ အမည်ကို တစ်ချက် ကြည့်လိုက်ရုံနှင့် ဖုန်းအား အလျင်အမြန်ပင် ဖြေလိုက်၏။
တစ်ဖက်လူပြောလာသည့်စကားကို ရှောင်ချင်း မသိရသေးသော်လည်း လျို့ချင်း၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားခဲ့သည်။
“အဲဒီကောင်လေးက တကယ်ပဲ အကြံအစည် ရှိနေတာလား? ကောင်းပြီ... ငါ အခုချက်ချင်း ပြန်လာခဲ့မယ်၊ ခဏလောက် စောင့်ပေးပါဦး!”
ထိုသို့ပြောပြီးနောက် လျို့ချင်း က ဖုန်းအား အလျင်အမြန် ချလိုက်လေသည်။
ရှောင်ချင်းမှာ အသက်ကို ခပ်ဖြည်းဖြည်း ရှူလိုက်နိုင်၏။
လျို့ချင်း၏ လေသံအရဆိုလျှင် သူသည် တစ်စုံတစ်ရာ ပြဿနာနှင့် ကြုံတွေ့နေရပြီး၊ တစ်ဖက်လူက သူ့အား အလျင်အမြန် ပြန်လာရန် ပြောဆိုနေခြင်း ဖြစ်ပေသည်။
လျို့ချင်းသာ ထွက်သွားမည်ဆိုလျှင် သူမအနေဖြင့် ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူမသည်က လျို့ချင်း၏ တကယ့် ရည်ရွယ်ချက်ကို မသိရှိနိုင်သလို၊ သူကလည်း သူမအား မှတ်မိ၊ မမှတ်မိ ဆိုသည်ကိုလည်း မသိရှိပေ။
အကယ်၍သာ သူ မှတ်မိသွားမည်ဆိုပါက သူမ၏ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားလာခဲ့သမျှ အရာအားလုံးမှာ ပျက်စီးသွားပေလိမ့်မည်။
ဤသည်မှာ ရှောင်ချင်း အဖြစ်မခံနိုင်ဆုံးသော အရာပင် ဖြစ်၏။
သို့သော်လည်း လျို့ချင်းက ဖုန်းချပြီးနောက် အလျင်အမြန် ထွက်ခွာသွားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ပြုံးဖြီးဖြီးနှင့် သူမ၏ အပေါ်သို့ ထပ်မံ အုပ်မိုးလိုက်ပြန်သည် ။
“ငါ အလျင်လိုနေရင်တောင်မှ၊ အရင်ဆုံးတော့ ဒီအလှလေးကို ဝအောင် ကျွေးရဦးမှာပေါ့၊ မဟုတ်ရင် သူမက ငါ့ကို အပြစ်တင်နေပါဦးမယ်၊ ဟားဟားဟား...”
မမျှော်လင့်ဘဲ အဖိခံလိုက်ရသဖြင့် ရှောင်ချင်းမှာ လျို့ချင်း၏ တွန်းချခြင်းကို ခံလိုက်ရပြီး ဆိုဖာပေါ်သို့ ထပ်မံ၍ လဲကျသွားခဲ့ရပြန်သည်။
မျှော်လင့်ချက် ကင်းမဲ့မှုများက သူမထံသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့၏။
ရှောင်ချင်းမှာ အရှက်တရားနှင့်အတူ မျက်လုံးများကိုသာ မှိတ်ထားလိုက်ရသည်။
ဒေါက်... ဒေါက်... ဒေါက်...
ထိုအချိန်မှာပင် သီးသန့်ခန်း၏ တံခါးဝမှ ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့လေသည်။
သီးသန့်ခန်းထဲ၌ရှိနေသော လျို့ချင်းမှာ သူ၏ရှေ့မှလှပသော အမျိုးသမီးကိုကြည့်ကာ စိတ်ဓာတ်များ တက်ကြွနေခဲ့သည်။
ထိုအချိန်တွင် ရုတ်တရက် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
ဤအချိန်တွင် ရှောင်ချင်းမှာ အဝတ်ဗလာနှင့် သိုးငယ်လေးတစ်ကောင် ဖြစ်နေချေပြီ။
ရုတ်တရက် ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် မျှော်လင့်ချက် ကုန်ဆုံးနေသော ရှောင်ချင်းမှာ သူမ၏မျက်လုံးများကို ဖြတ်ခနဲ ဖွင့်လိုက်မိပြီး၊ သူမ၏ လှပသော မျက်ဝန်းများအတွင်း၌ အံ့အားသင့်မှုနှင့် မျှော်လင့်ချက်များ အရောင်တောက်လာခဲ့သည်။
ဒီအချိန်ကြီးမှာ ဘယ်သူက တံခါးလာခေါက်တာလဲ။
ဒါက...
လျို့ချင်း၏ စိတ်ဝင်စားမှုမှာ ရုတ်ခြည်း အနှောင့်အယှက် ပေးခြင်း ခံလိုက်ရ၏။ သူ၏မျက်လုံးများအတွင်း၌ ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး၊ စားပွဲပေါ်မှ ဝိုင်ပုလင်းတစ်ပုလင်းကို ဆွဲယူကာ တံခါးဆီသို့ လှမ်းပေါက်လိုက်လေသည်။
“ထွက်သွားစမ်း! မင်းက နတ်ဘုရား ဖြစ်နေရင်တောင်မှ၊ ငါ ကိစ္စပြီးတဲ့အထိ အပြင်မှာပဲ လိမ္မာပါးနပ်စွာ စောင့်နေလိုက်”
ဝုန်း!
ဝိုင်ပုလင်းမှာ တံခါးကို အတိအကျ ထိမှန်သွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့၏။
ရှောင်ချင်း၏ နှလုံးသားနှင့် ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရင်သွားခဲ့ရပေသည်။
ဒေါက်... ဒေါက်... ဒေါက်...
အပြင်ဘက်ရှိလူမှာအထဲမှအသံကိုမကြားသကဲ့သို့ပင် ဆက်လက်၍ တံခါးခေါက်နေပြီး၊ ရပ်တန့်မည့် အရိပ်အယောင်လည်း မရှိပေ။
ထို့အပြင် တံခါးခေါက်သံမှာ ယခင်ကထက် ပို၍ပင် ကျယ်လောင်လာခဲ့ချေပြီ။
အပြင်ဘက်ရှိလူက လျို့ချင်းအား လုံးဝ အမှုမထားကြောင်း ထင်ရှားလှပေသည်။
လျို့ချင်းမှာ နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး သူ၏မျက်နှာမှာလည်း ဒေါသကြောင့် ရှုံ့တွနေတော့သည်။
“စောက်ကျိုးနည်းပဲ! ငါ့ရဲ့ အချိန်ကောင်းကို လာပြီး အနှောင့်အယှက် ပေးရဲတယ်ပေါ့၊ မင်းကတော့ သေချင်နေပြီပဲ!”
သူသည်က နောက်ဆုံးတွင် အမျိုးသမီးတစ်ဦးအပေါ် အမှန်တကယ် စိတ်ပါဝင်စားလာပြီး ကိစ္စစရန် ပြင်ဆင်နေခြင်း ဖြစ်၏။
ဤမျှ အရေးကြီးသော အချိန်တွင် သူ့အား မည်သူက နှောင့်ယှက်ရဲသည်လဲ။ ၎င်းတို့မှာ ပြဿနာရှာနေခြင်းသာ ဖြစ်ပေသည်။
လျို့ချင်း တံခါးရှိရာဆီသို့ ဒေါသတကြီး လျှောက်သွားတော့သည်။
သူ၏ အချိန်ကောင်းကို နှောင့်ယှက်ရဲလောက်အောင် မည်သူကများ ဤမျှ သတ္တိကောင်းနေသနည်းဆိုသည်ကို သူ မြင်ချင်လှပေပြီ။
သို့သော်လည်း လျို့ချင်း သီးသန့်ခန်း တံခါးဝသို့ ရောက်ရှိပြီး တံခါးကို လှမ်းဖွင့်ရန် လက်လှမ်းလိုက်ချိန်မှာပင်၊ အတွေးတစ်ခုက သူ၏စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့၏ ။
သူ၏ ညွှန်ကြားချက်အရဆိုလျှင် သူ၏ သက်တော်စောင့်များမှာ တံခါးဝတွင် စောင့်ကြပ်နေရမည် ဖြစ်ပြီး၊ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် မည်သူ့ကိုမျှ အနှောင့်အယှက် အပေးခံမည် မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ယောက်က တံခါးလာခေါက်မည်ဆိုပါက ၎င်းတို့က စောစောစီးစီး တားဆီးထားရမည် မဟုတ်ပါလား။
သို့သော် ယခုမူ တံခါးခေါက်သံသာ ထွက်ပေါ်နေချေသည်။
ဆိုလိုသည်မှာ သူ၏ သက်တော်စောင့် တစ်ဒါဇင်ကျော်လုံးမှာ ထိုတံခါးခေါက်နေသူ၏ အပြတ်ရှင်းခြင်းကို ခံလိုက်ရပြီ ဖြစ်ရပေမည်။
အေးစိမ့်သော အထိအတွေ့တစ်ခုမှာ လျို့ချင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့၏။
သူ၏ သက်တော်စောင့် တစ်ဒါဇင်ကျော်မှာ ထိပ်တန်းအတွင်းအားရှင်များ ဖြစ်ကြပြီး၊ တစ်ဦးချင်းစီမှာ ပြိုင်ဘက်ကင်းလှသော ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။
သို့သော်လည်း တံခါးခေါက်နေသူမှာတော့ ၎င်းတို့ တစ်ဒါဇင်ကျော်လုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြေရှင်းနိုင်ခဲ့သည် မဟုတ်ပါလား။
ဒါက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတာပဲ။
ဤအချက်ကို သဘောပေါက်လိုက်သည်နှင့် လျို့ချင်းမှာ ရုတ်တရက် နောက်သို့ လှည့်လိုက်ပြီး သီးသန့်ခန်း၏ ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားတော့သည်။
သူသည် ဤနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်မည့် နည်းလမ်းကို ရှာဖွေရပေမည်။
ကံကောင်းသည်မှာ သူသည်က မည်သည့်အရာကိုမဆို လုပ်ဆောင်ရာတွင် အမြဲတမ်း အပြည့်အဝ ကြိုတင်ပြင်ဆင်ထားလေ့ရှိသူ ဖြစ်၍ ဤနေရာမှ ထွက်ခွာရန်မှာ သူ့အတွက် လုံးဝ မခက်ခဲပေ။
“ဘော့စ်လျို့... ဘာလုပ်နေတာလဲ”
ရှောင်ချင်းက လျို့ချင်းအား အေးစက်စွာ စိုက်ကြည့်လိုက်ရင်း သူမ၏ နှုတ်ခမ်းလွှာလေးကို လှောင်ပြောင်သရော်သည့် အနေဖြင့် ကွေးညွှတ်လိုက်သည်။
“ဘာလို့ တံခါးမဖွင့်ပေးလိုက်တာလဲဟင်”
သူမသည်က ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူ ဖြစ်သည့်အတိုင်း လျို့ချင်း ထွက်ပြေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သဘာဝကျစွာပင် သဘောပေါက်လိုက်၏။
လျို့ချင်းမှာ ခုနလေးတင် တံခါးဆီသို့ ဒေါသတကြီး ပြေးသွားပြီး စကားပြောရန် ပြင်ခဲ့သော်လည်း ယခုတွင် မျက်နှာတစ်ခုလုံး တည်ငြိမ်လေးနက်သွားကာ ချက်ချင်းပင် နောက်သို့ လှည့်သွားခဲ့သည်။
အပြင်ဘက်တွင် ဘေးအန္တရာယ် ရှိနေကြောင်း သူ သတိပြုမိသွားပုံရပေသည်။
ထို့ကြောင့် သူ ထွက်သွားရန် ပြင်နေခြင်းပင်။
သူမအနေဖြင့် သူ့အား ဤမျှ လွယ်ကူစွာ ထွက်ခွာသွားခွင့် မပေးနိုင်ပေ။
သို့သော်လည်း သူမသည် လျို့ချင်း၏ ပြိုင်ဘက်မဟုတ်သဖြင့်၊ သူ ထွက်ခွာသွားမည်ကို တားဆီးရန် နည်းလမ်း မရှိခဲ့ပေ။
ဝုန်း!
ရှောင်ချင်း စိုးရိမ်နေစဉ်မှာပင် ပြင်းထန်သော အသံတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
လျို့ချင်းနှင့် ရှောင်ချင်း တို့မှာ လန့်သွားကြပြီး နှစ်ဦးလုံး သီးသန့်ခန်း၏ တံခါးဆီသို့ လှည့်ကြည့်လိုက်ကြလေသည်။
သီးသန့်ခန်း၏ တံခါးပေါ်တွင် တစ်စုံတစ်ခု ရှိနေခဲ့သည်။
ခုနက အသံမှာ ထိုအရာကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။
သို့သော် လျို့ချင်းနှင့် ရှောင်ချင်းတို့ တံခါးပေါ်မှ အရာကို မြင်လိုက်ရသည့် ခဏတွင် ၎င်းတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ရသည်။
သီးသန့်ခန်း၏ တံခါးတွင်တူတစ်ချောင်း စိုက်ဝင်နေသည် မဟုတ်ပါလား။
ထိုစတုမှာ အပြင်ဘက်မှနေ၍ တိုက်ရိုက် စိုက်ဝင်လာခြင်းပင် ဖြစ်၏။
ထိုစတု စိုက်ဝင်သွားသော နေရာတွင် တံခါးမှာ နှစ်လက်မခန့် ကျယ်သော အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားခဲ့လေသည်။
သို့သော်လည်း အထဲသို့မပေါက်နိုင်ခဲ့သည့်အတွက် လျို့ချင်းက ထိုတူကို မြင်လိုက်ရသည်နှင့် ချက်ချင်းခုန်ဆင်းသွားခဲ့တော့သည်။
မကြာမီ တံခါးက ကန်ဖွင့်ခံလိုက်ရပြီး လူငယ်တစ်ဦးဝင်လာခဲ့လေ၏။
ယောင်ပင်းသာဖြစ်ပေသည်။
ယောင်ပင်းက ရှောင်ချင်းကိုတစ်ချက်ကြည့်က် မေးမြန်းလိုက်သည်။
“မင်းအဆင်ပြေရဲ့လား”
“ကျွန်မ ဘာမှမဖြစ်ပါဘူး”
သို့သော်လည်း..
သူမ၏ လုပ်ဆောင်ချက်မှာ မအောင်မြင်ခဲ့ပေ။
သူမ ကိုယ့်ကိုယ်ကိုယ် အသုံးမကျလှသဖြင့် မုန်းတီးမိနေ၏။
သူမ၏ သွေးကြွေးမှာ သူမ၏ရှေ့တည့်တည့်တွင် ရှိနေပါလျက်နှင့်၊ သူမအနေဖြင့် မည်သည်မှ မတတ်နိုင်ခဲ့ပါချေ။
“ငါ မင်းအတွက် လက်စားချေပေးပါ့မယ်”
ယောင်ပင်းက သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
“မင်း အခု သူ့ကို သတိပေးလိုက်သလို ဖြစ်သွားပြီ၊ မင်းကိုယ်မင်း စောစောစီးစီး ထုတ်ဖော်ပြသလိုက်သလို ဖြစ်သွားမှာကို စိုးရိမ်မိတယ်၊ လျို့ချင်း ရဲ့ စရိုက်အတိုင်းဆိုရင်တော့ သူ ဒါကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး!”
*
အခန်း(110)
ရှောင်ချင်းမှာ ရင်ထဲတွင် မကျေမနပ် ဖြစ်နေမိပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“သခင်၊ ကျွန်မ... နောက်ထပ် ဘာဆက်လုပ်သင့်လဲ”
လျို့ချင်း၏ အစွမ်းနှင့် သတိကြီးမှုမှာ သူမ ထင်မှတ်ထားသည်ထက် ပို၍ ခိုင်မာလှချေသည်။
သူမ မဆင်မခြင် လုပ်မိခဲ့ခြင်းပင်။
ရှောင်ချင်းမှာ ရင်ထဲတွင် မကျေမနပ် ဖြစ်နေမိပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“သခင်၊ ကျွန်မ... နောက်ထပ် ဘာဆက်လုပ်သင့်လဲ”
လျို့ချင်း၏ အစွမ်းနှင့် သတိကြီးမှုမှာ သူမ ထင်မှတ်ထားသည်ထက် ပို၍ ခိုင်မာလှချေသည်။
သူမ မဆင်မခြင် လုပ်မိခဲ့ခြင်းပင်။
ယောင်ပင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒီလိုလုပ်ကြရအောင်၊ ငါ မကြာခင် မင်းရဲ့ ကလပ်မှာ အလုပ်တစ်ခု ရှာလိုက်မယ်၊ ပြီးတော့ မင်းအတွက် အခြေအနေတွေကို စောင့်ကြည့်ပေးမယ်၊ မင်းလည်း ကလပ်မှာပဲ နေပြီး အပြင်ကို ခဏခဏ မထွက်ပါနဲ့ဦး”
ဤသည်မှာ လောလောဆယ်တွင် သူ စဉ်းစားမိသော တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်၏။
ရှောင်ချင်းမှာ အလွန်အမင်း ဝမ်းသာသွားပြီး ယောင်ပင်းအား တင်းကျပ်စွာ ပွေ့ဖက်လိုက်လေသည်။
အဝတ်အစားများ ခြားနေသော်လည်း ယောင်ပင်းအနေဖြင့် ရှောင်ချင်း၏ ပြည့်ဖြိုးလှသော ရင်သားများမှာ သူ၏ လက်မောင်းများကို ဖိကပ်ထားသည်ကို ခံစားလိုက်ရသဖြင့် သူ၏မျက်နှာမှာ ရုတ်တရက် နီရဲသွားခဲ့ရပေသည်။
ရှောင်ချင်းရဲ့ ကလပ်မှာ အလုပ်လုပ်ရခြင်းကလည်း သိပ်တော့ မဆိုးလှပါဘူးလေ။
မြို့အနောက်ဘက်ရှိ မြေအောက်ငွေလဲလုပ်ငန်း။
လျို့ချင်းက သီးသန့်ခန်းတစ်ခုအတွင်း၌ မျက်နှာတစ်ခုလုံး တင်းမာထားလျက် ထိုင်နေခဲ့သည်။ ကျန်းရိရှန်မှာ သူ၏ဘေးတွင် ထိုင်နေပြီး၊ အစ်ကိုထောင်နှင့် သက်တော်စောင့်အဖွဲ့၊ သူ၏လူများမှာ သူ၏ရှေ့တွင် ရပ်နေကြလေသည်။
အခန်းအတွင်း၌ အနည်းဆုံး လူနှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေသော်လည်း အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေချေသည်။
မည်သူတစ်ဦးတစ်ယောက်မျှ စကားမပြောဝံ့ကြပေ။
အထူးသဖြင့် အစ်ကိုထောင် ပင် ဖြစ်၏။
လျို့ချင်းတစ်ယောက် ကျင့်ဟွမ်ကလပ်မှ ပြန်လာကတည်းက မျက်နှာမှာ ညိုမှောင်နေခဲ့ကာ ရေထွက်လာတော့မည့်အတိုင်း မှုန်မှိုင်းနေချေသည်။
အစ်ကိုထောင်ကတော့ လျို့ချင်းသည် ကျင့်ဟွမ်တွင် တစ်စုံတစ်ခုနှင့် ကြုံတွေ့ခဲ့ရသဖြင့် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းအောင် မျက်နှာ ပျက်နေခြင်း ဖြစ်ရမည်ဟု ခန့်မှန်းနေမိ၏။
သို့သော်လည်း သူ မမေးဝံ့ပေ။
“မာစတာကျန်း... တော်ဝင်နံပါတ်တစ်မှာ ယင်ယန်ဆရာ တစ်ယောက် ရှိနေတယ်လို့ ပြောချင်တာလား”
လျို့ချင်း၏ အမူအရာမှာ အလင်းနှင့်အမှောင်အကြား ကူးလူးနေသကဲ့သို့ ရှိနေချေသည်။
“ခင်ဗျား တကယ်ပဲ သေချာရဲ့လား?”
ကျန်းရိရှန်၏ မျက်နှာမှာ ချက်ချင်းပင် ညိုမှောင်သွားခဲ့၏။
“မစ္စတာလျို့... ဘာတွေ ပြောနေတာလဲ၊ ငါ သိုင်းလောကထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာပဲ၊ ဒီလိုမျိုး လှည့်စားမှုတွေကိုတော့ ငါ ခွဲခြားတတ်ပါတယ်၊ နေ့ဘက်က ယန် ဖြစ်ပြီး၊ ညဘက်က ယင်ပဲ၊
တော်ဝင်နံပါတ်တစ်က နေ့ခင်းကြောင်တောင်ကြီးမှာ ယင်နယ်ပယ်တစ်ခုကို ဖန်တီးထားနိုင်တယ်ဆိုတာ သာမန်လူတစ်ယောက် လုပ်နိုင်တဲ့ အလုပ်မျိုး မဟုတ်ဘူး
ငါ့ကို ပိုပြီး သံသယဖြစ်စေတာကတော့၊ နောက်ဆုံးမှာ ငါ့ကို တိုက်ခိုက်ခဲ့တဲ့သူက လူတစ်ယောက် လုံးဝ မဟုတ်တာပဲ...”
လျို့ချင်း၏ အမူအရာမှာ ပို၍ပင် ညိုမှောင်သွားခဲ့ရပေသည်။
“လူမဟုတ်ဘူး ဟုတ်လား၊ ဒါဆို ဘာဖြစ်နိုင်မလဲ?”
အစ်ကိုထောင်က စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“အနည်းဆုံးတော့ တစ္ဆေဘုရင်အဆင့် ဒါမှမဟုတ် အဲ့ဒီအထက်မှာ ရှိတဲ့သူပဲ!”
ကျန်းရိရှန်က စကားလုံးတိုင်းကို ပြတ်သားစွာ ပြောဆိုလိုက်လေသည်။
“တစ္ဆေဘုရင်လား? တစ္ဆေဘုရင် ရဲ့ အထက်မှာလား?”
အစ်ကိုထောင်မှာ တုန်လှုပ်သွားခဲ့ရသည်။
“ခင်ဗျား ဆိုလိုတာက တော်ဝင်နံပါတ်တစ်က ယင်နယ်ပယ်ကို ဖန်တီးထားရုံတင်မကဘဲ၊ တစ္ဆေဘုရင်တွေနဲ့ အဲဒီအထက်က ဝိညာဉ်တွေကိုပါ ထိန်းချုပ်နိုင်တဲ့သူ နောက်ကွယ်မှာ ရှိနေတယ်လို့ ပြောချင်တာလား”
ကျန်းရိရှန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်လေသည်။
အစ်ကိုထောင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
တစ္ဆေဘုရင် သို့မဟုတ် ထိုအထက်က ဝိညာဉ်များကို ထိန်းချုပ်နိုင်သူမှာ မည်ကဲ့သို့သောပုဂ္ဂိုလ်မျိုး ဖြစ်နေပါမည်နည်း။
လျို့ချင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကျန်းရိရှန်အား မေးမြန်းလိုက်သည်။
“မာစတာကျန်း... ခင်ဗျားရဲ့ အမြင်အရဆိုရင်၊ ဒါက အဲ့ဒီကောင်လေး ဖန်တီးထားတဲ့ ယင်အစီအရင်ဖြစ်နိုင်မလား”
ကျန်းရိရှန်က နောက်တစ်ကြိမ် ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြပြန်၏။
လျို့ချင်း၏ မျက်လုံးများအတွင်း ထိတ်လန့်တုန်လှုပ်သည့် အကြည့်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သို့သော် သူသည် လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်လေသည်။
“ဒါဆိုရင် မာစတာကျန်း ရဲ့ အမြင်အရ၊ အဲ့ဒီကောင်လေးကို ဘယ်လိုနည်းနဲ့ အမြစ်ဖြတ်နိုင်မလဲ”
သူသည် ယနေ့မှသာ ယောင်ပင်းနှင့် ပထမဆုံး ဆုံတွေ့ဖူးခြင်း ဖြစ်ပေသည်။
ယောင်ပင်းက သူ၏ အစွမ်းအစများကို သိမ်မွေ့စွာ ဖော်ပြခဲ့ပြီး ဖြစ်၏။
ဤအထက်တန်းကျောင်းသားလေးအား လျို့ချင်းအနေဖြင့် အထင်မသေးဝံ့တော့ပေ။
သူ အရင်ကတော့ ဂရုမစိုက်ခဲ့သော်လည်း ယခုတော့ ယောင်ပင်းအား ဖယ်ရှားရန် သူ ဆုံးဖြတ်ထားပေသည်။
မဟုတ်ပါက သူကိုယ်တိုင် ယောင်ပင်း၏ ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်!
“ဘော့စ်လျို့... အဲဒီကောင်လေးကို ယင်ယန်အတတ်ပညာတွေ တိတ်တဆိတ် အသုံးမပြုနိုင်အောင် တားဆီးနိုင်မယ့် နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်၊ ပြီးတော့ သူ ငါတို့လက်ထဲကနေ လုံးဝ လွတ်မထွက်နိုင်အောင်လည်း ဝိုင်းရံထားနိုင်မှာပါ”
ကျန်းရိရှန်က ရက်စက်သော အပြုံးဖြင့် ပြောဆိုလိုက်သည်။
“အရေးကြီးဆုံးအချက်ကတော့၊ ငါတို့ရဲ့ ကြိုးပမ်းမှုတွေ ကျရှုံးခဲ့ရင်တောင်မှ၊ ငါတို့က အခြားသူတွေရဲ့ အင်အားကို အသုံးချနိုင်တယ်”
လျို့ချင်း၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့၏။
“မာစတာကျန်း... ခင်ဗျား ပြောနေတဲ့ နည်းလမ်းက ဘာလဲ? ကျွန်တော့်ကို မြန်မြန် ပြောပြပါဦး!”
မာစတာကျန်းက လျို့ချင်းအား အနားသို့ လာရန် လက်ဟန်ပြလိုက်ပြီး စကားအနည်းငယ်ကို တိုးညင်းစွာ ပြောဆိုလိုက်လေသည်။
နားထောင်ပြီးနောက် လျို့ချင်း၏ မျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
“မာစတာကျန်း၊ တကယ်ပဲ အဲ့ဒီလို လုပ်တော့မလို့လား ဒါက...”
*
တော်ဝင်နံပါတ်တစ် ။
တစ်ခါက စည်ကားသိုက်မြိုက်ပြီး လူအများဖြင့် ပြည့်နှက်နေခဲ့သော တော်ဝင်နံပါတ်တစ်သည် ယနေ့တွင်မူ လူသူကင်းမဲ့လျက် ထူးဆန်းစွာ တိတ်ဆိတ်နေချေသည်။
တံခါးဝတွင် လုံခြုံရေးဝန်ထမ်း သို့မဟုတ် သက်တော်စောင့် တစ်ဦးတစ်ယောက်မျှပင် မရှိချေ။
တော်ဝင်နံပါတ်တစ် အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ပထမထပ်တစ်ခုလုံးမှာ ပျက်စီးယိုယွင်းလျက် မှတ်မိနိုင်စရာမရှိအောင် ရှုပ်ပွနေပြီး၊ နံရံများမှာလည်း ပြိုကျလုနီးပါး ဖြစ်နေသည်ကို မြင်တွေ့ရပေလိမ့်မည်။
ခိုင်ယဲ့သည် ပထမထပ်မှ ဒုတိယထပ်သို့ တက်သော လှေကားထစ်များပေါ်တွင် တစ်ကိုယ်တည်း ထိုင်ကာ တိတ်ဆိတ်စွာ ဆေးလိပ်သောက်နေချေသည်။
သူ၏ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့များ ပြည့်နေ၏။
ဆေးလိပ်တိုများနှင့် လွင့်စင်နေသော ပုလင်းခွံများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပေသည်။
ခိုင်ယဲ့မှာ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
သူ၏မျက်လုံးများမှာ သွေးထွက်လုနီးပါး နီရဲနေပြီး၊ မုတ်ဆိတ်မွှေးများမှာလည်း မရိတ်ရသေးဘဲ ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေချေသည်။
သို့သော်လည်း သူ၏မျက်လုံးများမှာမူ အေးစက်လှသော အလင်းတန်းများဖြင့် တောက်ပနေဆဲပင်။
“အစ်ကိုခိုင်!”
ယောင်ပင်း ခိုင်ယဲ့၏အနားသို့ ချဉ်းကပ်သွားပြီး ရပ်ရန်နေရာတစ်ခု ရှာလိုက်ကာ သူ့အား စူးစိုက်ကြည့်လျက် တိုးညင်းသော လေသံဖြင့် ပြောဆိုလိုက်သည်။
“မနေ့က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနဲ့ ပြောင်ဇီ သေဆုံးသွားတဲ့အကြောင်း ကျွန်တော် သိပြီးပါပြီ”
ပြောင်ဇီ၏အကြောင်းကို ပြောလိုက်သောအခါ ဆေးလိပ်ကိုင်ထားသော ခိုင်ယဲ့၏ လက်မှာ ပြင်းထန်စွာ တုန်ရင်သွားခဲ့၏။
ထို့နောက် သူက ဆေးလိပ်ကို နောက်ထပ် နှစ်ချက် ပြင်းပြင်းရှိုက်လိုက်ပြီးမှ ယောင်ပင်းအား မော့ကြည့်လိုက်လေသည် ။
“တော်ဝင်နံပါတ်တစ်ထဲက ယင်အစီအရင်ကို မင်း လုပ်ခဲ့တာလား?”
ယောင်ပင်းက ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပါတယ်”
ခိုင်ယဲ့က ထပ်မံ၍ ပြောလိုက်သည်။
“မင်း ငါ့အသက်ကို နောက်တစ်ကြိမ် ကယ်လိုက်ပြန်ပြီ”
ယောင်ပင်းက ထပ်မံ ခေါင်းညိတ်ပြပြန်သည်။
“အမှန်ပဲ”
မာစတာကောနှင့် အငြင်းပွားပြီးနောက်တွင် ယောင်ပင်းမှာ အပြင်ပန်း၌ ဂရုမစိုက်သကဲ့သို့ ရှိနေသော်လည်း၊ လျို့ချင်းအနေဖြင့် တော်ဝင်နံပါတ်တစ် နှင့် ခိုင်ယဲ့ အပေါ် ယုတ်ညံ့သော နည်းလမ်းများဖြင့် အကွက်မဆင်နိုင်ရန်အတွက် တိတ်တဆိတ် ယင်အစီအရင်တစ်ခု ပြုလုပ်ထားခဲ့ခြင်း ဖြစ်ပေသည်။
ဤယင်အစီအရင်မှာ မျက်လှည့်ပြသကဲ့သို့သာ ဖြစ်သော်လည်း သာမန်လူများကို လှည့်စားရန်နှင့် ခိုင်ယဲ့တို့၏ အသက်ကို ကယ်တင်ရန်အတွက် လုံလောက်လှပေသည်။
သို့သော်လည်း ယောင်ပင်းအနေဖြင့် ခိုင်ယဲ့မှာ သိက္ခာအလွန်ကြီးသူဖြစ်ကြောင်း သိရှိပေသည်။
ထို့ကြောင့် သူသည်က ဤယင်အစီအရင်ကို တိတ်တဆိတ်သာ လုပ်ဆောင်ခဲ့ပြီး ခိုင်ယဲ့နှင့် ပြောင်ဇီ တို့ကို ပြောပြခဲ့ခြင်း မရှိပေ။
မမျှော်လင့်ဘဲ ပြောင်ဇီမှာ သေဆုံးသွားခဲ့ရချေပြီ။
သတင်းကို ကြားသိပြီးနောက် ယောင်ပင်းက အပြေးအလွှား ရောက်လာခဲ့ကာ ယခုမြင်ကွင်းကို တွေ့မြင်လိုက်ရခြင်းပင် ဖြစ်၏။
ယောင်ပင်းက ဝန်ခံလိုက်ပြီးနောက်တွင် ခိုင်ယဲ့မှာ စကားမဆိုဘဲ ဆေးလိပ်ကိုသာ ထပ်မံ ရှိုက်နေခဲ့လေသည်။
“အစ်ကိုခိုင်!”
ယောင်ပင်းက အစ်ကိုခိုင်အား တစ်ချက်ကြည့်လိုက်သည်။
“သူတို့ ကျွန်တော်တို့အပေါ် အကြွေးတင်နေတာတွေကို ပြန်ယူရမယ်”
ပြောင်ဇီ သေဆုံးသွားခြင်းမှာ အစ်ကိုခိုင်အတွက် ကြီးမားသော ရိုက်ခတ်မှုဖြစ်စေခဲ့ကြောင်း သူ သိရှိပေသည်။
မဟုတ်ပါက အစ်ကိုခိုင်မှာ ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်နေမည် မဟုတ်ပေ။
အစ်ကိုခိုင်က ဆေးလိပ်တိုကို လွှင့်ပစ်လိုက်ပြီး ဝေ့ဝဲနေသော မီးခိုးငွေ့များကြားမှ ယောင်ပင်းအား ကြည့်လိုက်လေသည်။
“သူတို့က ပြောင်ဇီရဲ့ အသက်ကိုတင် လိုချင်တာ မဟုတ်ဘူး၊ ငါ့အသက်ကိုလည်း လိုချင်နေတာ၊ ပိုပြီး အရေးကြီးတာက မင်းရဲ့ အသက်ကိုလည်း သူတို့ လိုချင်နေတာပဲ”
ထိုသို့ပြောလိုက်ချိန်တွင် အစ်ကိုခိုင်၏ မျက်လုံးများမှာ ဝံပုလွေတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။
ယောင်ပင်းမှာ တည်ငြိမ်သော အမူအရာဖြင့် တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။
လျို့ချင်းက သူ၏အသက်ကို လိုချင်နေသည်ဟူသော အချက်အပေါ် သူ အနည်းငယ်မျှပင် အံ့အားသင့်ပုံ မပေါ်ပေ။
“လျို့ချင်းက သူရဲကောင်းအတွက် တိုက်ခိုက်ပွဲဖိတ်စာတွေ ထုတ်ဝေပြီးတော့၊ သူတို့ရဲ့ ချန်ပီယံပြိုင်ပွဲမှာ ပါဝင်ဖို့ ငါ့ကို ဖိတ်ထားတယ်၊ အဓိက တိုက်ခိုက်မယ့်သူက ပြောင်ဇီကို သတ်ခဲ့တဲ့ အဲဒီအဘိုးကြီး ကျန်းရိရှန်ပဲ”
အစ်ကိုခိုင်က ဆက်ပြောသည်။
“လျို့ချင်းက ငါ့ကို ဖိတ်တာ မှန်ပေမဲ့၊ သူတို့ရဲ့တကယ့်ပစ်မှတ်က မင်း ဖြစ်လိမ့်မယ်လို့ ငါ သံသယရှိတယ်၊
ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ဆက်ဆံရေးကို ရှာဖွေဖို့ဆိုတာ သူတို့အတွက် အရမ်း လွယ်ကူနေတာပဲလေ”
ယမန်နေ့က ကျန်းရိရှန် ရုတ်တရက် လှုပ်ရှားလိုက်ကတည်းက၊ ကျန်းရိရှန်ကို မည်သူ စေလွှတ်လိုက်သည်ကို သူ ခန့်မှန်းမိခဲ့ခြင်း ဖြစ်ပေသည်။
လျို့ချင်း၏ ဖိတ်စာကို လက်ခံရရှိချိန်တွင် မာစတာခိုင်မှာ ရုတ်တရက် သဘောပေါက်သွားခဲ့၏။
ကျန်းရိရှန်မှာ အမှန်တကယ်ပင် လျို့ချင်း ငှားရမ်းထားသော သိုင်းဆရာတစ်ဦး ဖြစ်နေခဲ့သည်။
ကျန်းရိရှန်၏ တိုက်ကွက်မှာ ညှာတာမှု လုံးဝမရှိဘဲ အဘယ်ကြောင့် ဤမျှ သေစေနိုင်ခဲ့သနည်းဆိုသည်မှာ မဆန်းတော့ပေ။
ယခင်က မာစတာကောမှ မာစတာခိုင်အား ထောင်ချောက်ဆင်ခဲ့စဉ်က ယောင်ပင်းဘက်မှ ကြားဝင် ကယ်တင်ပေးခဲ့သည် မဟုတ်ပါလား။
သူသည် တစ်ဖက်အဖွဲ့မှ လူဒါဇင်ပေါင်းများစွာကို သေစေခဲ့ရုံတင်မက၊ လျို့ချင်း၏ လက်အောက်မှ သိုင်းဆရာမာစတာကော် အားလည်း ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။
မာစတာကောထံမှလည်း သန်း ၄၀ ကို ခြိမ်းခြောက် ယူခဲ့သည် မဟုတ်ပါလား။
ကျန်းရိရှန်မှာ မာစတာခိုင်နှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် သူ၏ အရည်အချင်းများကို သိရှိထားပြီး ဖြစ်ရပေမည်။
အကယ်၍ ၎င်းတို့အနေဖြင့် မာစတာခိုင်ကိုသာ ဖယ်ရှားလိုခြင်းဖြစ်ပါက ဤမျှအထိ အားထုတ်နေစရာ မလိုပေ။
ထို့ကြောင့် အကြောင်းပြချက် တစ်ခုသာ ကျန်တော့သည်။
သူတို့ ဖယ်ရှားလိုသူမှာ မာစတာခိုင်၏ နောက်ကွယ်တွင် အမြဲရှိနေသော ယောင်ပင်းပင် ဖြစ်နေခဲ့သည်။
*