← Chapters

နည်းဗျူဟာ

Vol. 165 Ch. 2372

နည်းဗျူဟာ

Vol. 165 Ch. 2372

“ ငါပြောတာလည်း ဒီတိုင်း နင့်ရဲ့ အရည်အချင်းကို စစ်ဆေးမယ်လို့ ပြောတာပါ … နင်နဲ့ သူသေကိုယ်သေ ချမယ်လို့လည်း မပြောမိပါဘူး ….”

ကျုံးဝေ့တပ်ဖွဲ့ဝင်များအားလုံး ဘေးတွင် ရပ်နေရင်း စိတ်လှုပ်ရှားတကြီးဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

အသင်းတစ်အဖွဲ့ဝင်များမှာတော့ တစ်ယောက်ကိုယ်တစ်ယောက် လှမ်းကြည့်မိလိုက်ကြပြီး ဤနေ့ ပွဲစဉ်ကတော့ ရှောင်လွှဲလို့ရမှာမဟုတ်ကြောင်း ခံစားမိနေကြသည်။

“ ခေါင်းဆောင်လင်း သူ့ကို နိုင်မယ်လို့ နင်တို့ထင်လား ….” လော့ချီက သိချင်စိတ် ပြင်းပြစွာဖြင့် စကားခေါ်လိုက်သည်။

“ ငါကတော့ ခေါင်းဆောင်အပေါ် ယုံကြည်ချက် ရှိတယ်ဆိုပေမယ့် တစ်ဖက်က အေ အဆင့်ကို ရောက်နေတဲ့လူဆိုတော့ … ပြီးတော့ ဟိုက သာမန်ကျွမ်းကျင်သူ မဟုတ်ဘူး … ခေါင်းဆောင် သူ့ကို မနိုင်လောက်ဘူး ….”

အသင်းတစ်ရှိ ကျန်သူများလည်း အတွေးတူနေခဲ့ကြသည်။

အေအဆင့်နှင့် စီအဆင့်ကြားရှိ ကွာဟမှုက မိုးနှင့်မြေလောက်ကို ကြီးမားပြီး လွယ်လင့်တကူ ဖြတ်ကျော်၍ရသည့် အရာ မဟုတ်ပေ။

သူတို့ လေးစားရိုသေရသည့် ခေါင်းဆောင် လင်းရီသည်ပင် ထိုစည်းကို ကျော်နိုင်မှာ မဟုတ်ချေ။

ထို့ပြင် အခြားသူများ မြဲမြံစွာ ယုံကြည်နေသည့် အရာတစ်ခုကတော့ …

အကယ်၍ …

စီအဆင့်ရှိသည့် လင်းရီက အေအဆင့်တွင် ရှိနေသည့် လုယွီကို အနိုင်ယူနိုင်ခဲ့မည်ဆိုလျှင် အတော်လေး စိတ်ဝင်စားဖို့ကောင်းသွားမှာ ဖြစ်၏။

လုယွီ၏ လေးနက်သည့် အမူအရာကို မြင်တော့ လင်းရီသည် နင်ချဲ့ထံသို့ လှမ်းကြည့်လိုက်မိသည်။

တစ်ဖက်က လက်မောင်းဖြန့်ပြရင်း ကူကယ်ရာမဲ့မှုကို ဖော်ပြလာတော့ ဤကိစ္စကို ရှောင်လွှဲလို့ ရမှာမဟုတ်ကြောင်း လင်းရီ သေချာသွားခဲ့တော့သည်။

“ အစ်မလုက ကျွန်တော့်ရဲ့ အရည်အချင်းကို ဘယ်လိုမျိုး စစ်ဆေးချင်တာလဲ မသိဘူး ….”

“ အကွက် နှစ်ဆယ်အတွင်း နင်ငါ့ကို ထိနိုင်သရွေ့ နင်နိုင်တယ် ….” လုယွီ ပြောလိုက်ပြီး “ ငါ နင့်ကို အနိုင်ကျင့်တယ်လို့ သူများတွေ အပြောမခံနိုင်ဘူး … ဒီတော့ နင် လက်နက်သုံးလို့ရတယ် ….”

“ လက်နက်သုံးရမယ် ဟုတ်လား … အဆင်မပြေသလိုပဲနော်….”

“ ကိစ္စမရှိဘူး … ကျုံးဝေ့တပ်ဖွဲ့ရဲ့ အစဉ်အလာအရ ရလဒ်ကတာ အဓိကပဲ … ဖြစ်စဉ်က ဘယ်လိုနေနေ …..” လုယွီ ပြောလိုက်ပြီး “ တပ်ဖွဲ့ရဲ့ အသင်းခေါင်းဆောင် ဖြစ်ပြီးမှ နင် ဒါလေးတော့ သိတယ်မဟုတ်လား ….”

လင်းရီ ပြုံးလိုက်၏။ “ နားလည်ပြီ ….”

“ နင့်ဘက်က ငြင်းဆန်စရာ မရှိဘူးဆိုမှတော့ ငါတို့ အခု စကြတာပေါ့ …..” လုယွီလည်း ပြုံးလိုက်ပြီး လင်းရီ၏ ပခုံးကို ပုတ်လိုက်သည်။ “ တကယ်လို့ နင်နိုင်တယ်ဆိုရင် အစ်မကြီးက ဒီည နင့်ကို အရက်တိုက်မယ် ….”

“ ဒါဆိုရင်တော့ အပေးအယူဖြစ်ပြီ …”

လုယွီသည် ကျန်းကျိန်နန်ကို ကြည့်လိုက်ပြီး “ နှစ်ယောက်လုံး အနောက်ကို နည်းနည်းဆုတ်ပေးဦး … သူ ဘယ်လိုလုပ်မလဲ ငါ တကယ် ကြည့်ချင်နေပြီ….”

လုပေချိန် ပြုံးလျက် “ သူတို့နှစ်ယောက်ထဲ ဘယ်သူနိုင်မယ်လို့ မင်းထင်လဲ ….”

“ ယုတ္တိကျကျ ပြောမယ်ဆိုရင်တော့ … လုယွီ ဖြစ်သင့်တယ် … သူ့ရဲ့ အရည်အချင်းကို ကျုပ် သေချာသိတယ် ….”

“ ယုတ္တိမကျဘဲ ပြောရင်ကော … လင်းရီ နိုင်မယ်လို့ မင်းထင်လား …..”

“ အသေချာကြီးတော့ ပြောလို့ ဘယ်ရမှာ …..” ကျန်းကျိန်းလီက ပြုံးလျက် ဆိုလိုက်ပြီး “ ကျုပ် အမြဲ ခံစားနေရတာ လင်းရီ ဒီကောင်လေးက အမြဲတမ်း လှည့်ကွက်တစ်ခုခုတော့ သူ့ဆီမှာ ရှိတယ် … ဒါကြောင့်မို့ ဘယ်သူနိုင်မယ် ၊ ဘယ်သူ ရှုံးမယ်ဆိုတာ ပြောရခဲယဉ်းတယ် ….”

“ မင်းပြောတာဟုတ်တယ် … သူ့အတွေးကို သေချာသိတဲ့လူက ဘယ်နှယောက်မှ မရှိဘူး ….”

ထိုအချိန်တွင် ကျုံးဝေ့တပ်ဖွဲ့ရှိ လူများက နောက်ဆုတ်ပေးလိုက်ကြပြီး နှစ်ယောက်အတွက် တိုက်ပွဲနေရာလွတ်တစ်ခု ဖန်တီးပေးလိုက်ကြသည်။

လင်းရီနှင့် လုယွီတို့ကြားရှိ အကွာအဝေးက တစ်မီတာပင် မခြားပေ။ လုယွီ မေးလာခဲ့၏။

“ ရယ်ဒီဖြစ်ပြီလား ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။

“ ဒါဆိုရင် စကြတာပေါ့ ….”

“ အိုကေ ….”

နှစ်ယောက်က အကွာအဝေးကို ထိန်းသိမ်းထားပြီး လုယွီသည်လည်း တိုက်ခိုက်ရေး ကိုယ်ဟန်ကို ဖွဲ့စည်းလိုက်သည်။

တစ်ဖက်ရှိ လင်းရီမှာတော့ သူ၏ နဂိုပုံစံ အတိုင်း ထိန်းသိမ်းထားရင်း တည်ငြိမ်စွာ ရှိနေသည်။

ဤမြင်ကွင်းက ရှိနေကြသည့် လူတိုင်းကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေခဲ့ပြီး လင်းရီ ဘာဖြစ်ချင်နေလဲဆိုတာ နားမလည်နိုင်ကြပေ။

“ လာပြီ … ဒီကောင် တစ်ခုခု လုပ်တော့မယ် …” လုပေချိန် ပြုံးလျက် ဆိုလိုက်ပြီး “ ဘာလုပ်မလဲ ငါ အတော်လေး သိချင်နေပြီ ….”

တိုက်ပွဲကွင်းအလယ်တွင် လုယွီသည်လည်း လင်းရီဘက်က လှုပ်ရှားမှု မရှိတာကို သတိပြုမိပြီး သူမ မျက်မှောင်ကြုတ်လိုက်မိ၏။ ထို့နောက် ပြုံးလျက် “ နင်က မလှုပ်ရှားဘူးဆိုမှတော့ ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့ ….”

ထိုသို့ ပြောဆိုပြီးနောက် လုယွီသည် ရှေ့သို့ ပြေးတက်လာခဲ့ပြီး သူမ၏ လှုပ်ရှားမှုများက အင်မတန် လျင်မြန်သည်။ သူမ၏ ခန္ဓာကိုယ်က အမြှောက်အသေးစားလေးကဲ့သို့ ပေါက်ကွဲအား ပြင်းထန်လွန်းလှပြီး ထိုသို့သော ပေါက်ကွဲနိုင်စွမ်းက ကျုံးဝေ့တပ်ဖွဲ့ရှိ အခြားသော အဖွဲ့ဝင်များကို ထိတ်လန့်သွားစေသည်အထိပင်။

“ နှေးလွန်းတယ် … သူတော့ အခု အခွင့်အ‌ရေး မရှိတော့ဘူး ….” ကျန်းကျိန်းနန် သမ်းဝေရင်း ပြောလိုက်၏။

“ အရင်လက်ဦးမှု ရယူနိုင်တိုင်း အခွင့်သာတယ်လို့ လုံးဝကြီး မလိုဆိုဘူးလေ … “ ကျန်းထောင် ပြောလိုက်ပြီး “ အခုကတော့ …. လုလုက ကောင်ငယ်လေးကို အနိုင်ကျင့်နေတာပဲ ….”

“ ဒီတိုင်း အပျော်သပ်သပ်ပါပဲ … ဘာပဲဆိုဆို သူလည်း ကျုံးဝေ့တပ်ဖွဲ့ရဲ့ အတော်ဆုံး အသင်းခေါင်းဆောင်ပဲဟာ သူ ဘယ်လို တုံ့ပြန်လာမလဲ ငါ အတော်လေး သိချင်နေပြီ …”

မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ လုယွီသည် လင်းရီထံသို့ ရောက်လာခ့၏။

“ မလှုပ်နဲ့ ….”

လင်းရီ၏ အော်သံအကြားတွင် တိုက်ပွဲကွင်းပြင်ရှိ အားပေးသံများအားလုံး တစ်မဟုတ်ချင်း တိတ်ဆိတ်သွားခဲ့၏။

လင်းရီက သူ့လက်ထဲတွင် သေနတ်ကိုင်ထားပြီး လုယွီကို ချိန်ရွယ်ထားသည်။

သေနတ်ပြောင်းဝနှင့် လုယွီ၏ နဖူးအကွာအဝေးက စင်တီမီတာ အနည်းငယ်မျှသာ ဝေးကွာတော့၏။

“ ဒီကောင် တကယ့်ကို ….”

ကျန်းကျိန်းနန်လည်း ကြက်သေသေသွားခဲ့သည်။ လင်းရီ၏ နည်းပရိယာယ်ကို ယခုမှပဲ နားလည်သွားခဲ့တော့၏။

“ သူ ရည်ရွယ်ချက်ရှိရှိ နှေးကွေးခဲ့တာက သေနတ်မထုတ်ခင် လုလု နီးကပ်လာအောင် စောင့်ဆိုင်းဖို့ပဲ … အခုတော့ ရှောင်ချိန်တောင် မရတော့ဘူး ….”

“ ဒါ တိုက်ဆိုင်မှု သပ်သပ်တော့ မဟုတ်လောက်ပါဘူးနော်….” ကျန်းထောင် ပြောလိုက်သည်။

“ တစ်ခြားသူတွေ အတွက်တော့ တိုက်ဆိုင်မှု သပ်သပ် ဖြစ်ရင်ဖြစ်လိမ့်မယ် … ဒါပေမယ့် လင်းရီအတွက်တော့ လုံးဝ မဟုတ်ဘူး …” ကျန်းကျိန်းနန်က ခံစားချက်ပါသည့် လေသံဖြင့် ပြောလိုက်ပြီး “ သူ့ကို အတော်ဆုံး အသင်းခေါင်းဆောင် ခေါ်နေကြတာ မဆန်းတော့ပါဘူး … တကယ်လည်း တမူထူးနေတာပဲ ….”

တိုက်ပွဲကွင်းထဲတွင် လင်းရီသည် လုယွီ၏ ဦးခေါင်းကို သေနတ်ဖြင့် ချိန်ရွယ်ထားလျက်ရှိသည်။ လုယွီ၏ မျက်နှာအမူအရာမှာတော့ အလွန်အမင်း အကျည်းတန်နေသည်။

“ နင် ဒါ ဘာသဘောလဲ ….”

“ အစ်မပဲ ပြောတာ ကျွန်တော့်ကို လက်နက်သုံးလို့ရတယ် ဆိုပြီးလေ … ဒါ စည်းမျဉ်းတွေကို မဆန့်ကျင်ပါဘူးနော်….” လင်းရီ ပြောလိုက်သည်။ “ ပြီးတော့ အစ်မလုပြောတဲ့အတိုင်းပဲ ကျုံးဝေ့တပ်ဖွဲ့က ရလဒ်ကိုပဲ အလေးပေးတယ် … ဖြစ်စဉ်က ဘာနေနေ …. အခု ကျွန်တော် လိုချင်တာကို ရသွားပြီ … အစ်မက အေအဆင့်ဆိုရင်တောင် ကျွန်တော် ခလုတ်တစ်ချက် ဆွဲလိုက်တာနဲ့ အစ်မ သေပြီပဲ ….”

လင်းရီ၏ စကားလုံးများက လုယွီကို ဆွံ့အသွားစေခဲ့ပြီး မည်သို့မျှ မတုံ့ပြန်နိုင်အောင် ဖြစ်သွားစေခဲ့သည်။

“ ကောင်းတယ် ….”

လုပေချိန်၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလာခဲ့ပြီး လုယွီအတွက်လည်း မျက်နှာဆည်ပေးပြီးသား ဖြစ်၏။

အကယ်၍ တစ်ယောက်ချင်းတစ်ယောက် တိုက်ခိုက်ကြမည်ဆိုပါက လင်းရီသည် မည်သည့်နည်းနှင့်မျှ လုယွီ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

သို့သော် ယခု … ရလဒ်က ၎င်းတို့ သဘောတူညီထားသည်နှင့် ကိုက်ညီနေသည်။

မည်သို့ပင်ဆိုစေ လုယွီက လင်းရီကို လက်နက်အသုံးပြုဖို့ ခွင့်ပြုပေးထားခဲ့၏။

ကျန်းကျိန်းနန်နှင့် ကျန်းထောင်တို့နှစ်ယောက် အကြည့်ချင်း ဖလှယ်မိလိုက်ကြပြီး ကျန်းထောင်က … “ ကျားမကြီးတော့ ပေါက်ကွဲထွက်တော့မယ်ထင်တယ် …”

“ တော်တော်နီးနေပြီ …. လူတွေ ဒီလောက်အများကြီးရှေ့မှာ အရှက်ရတာကို သူ သည်းခံနိုင်မှာ မဟုတ်ဘူး ….”

“ ကပ္ပတိန်ကရော ဘာမှမလုပ်တော့ဘူးလား ….”

“ တပ်ဖွဲ့ထဲ ပြန်ရောက်နေပြီးမှတော့ ဒီလို အသေးမွှား ပြဿနာလေးတွေကို လိုက်ရှင်းပေးနေရဦးမှာလားကွ … သူတို့ဘာသူတို့ပဲ ရှင်းပါလေ့စေ …. ဒါပြီးတာနဲ့ ငါတော့ သွားအိပ်တော့မယ် ….”

လင်းရီ သေနတ်ကို ပြန်သိမ်းလိုက်ပြီး ယဉ်ကျေးစွာ ဆိုလိုက်၏။

“ ကျွန်တော့်ဘက်က အခွင့်အရေး နည်းနည်း ယူသလို ဖြစ်သွားတော့ ဒီညဝိုင်းကိုတော့ ကျွန်တော်ပဲ တိုက်ပါ့မယ် …”

“ မလိုပါဘူး … လောင်းကြေးအတိုင်း ငါရှုံးတယ် … ဒီည ငါနင့်ကို ဒကာခံမယ် ….”

ထိုအချိန်မှာပဲ ကျန်းကျိန်းနန်က လုပေချိန်၏ အမိန့်ပေးမှုအောက်တွင် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“ အားလုံး … လူစုကြမယ် ….”

အမိန့်ပေးသံကို ကြားတော့ ကျုံးဝေ့တပ်ဖွဲ့ရှိ လူတိုင်း အတူတကွ စုစည်းလိုက်ကြ၏။

လုပေချိန် ၊ လုယွီ၊ ကျန်းကျိန်းနန်၊ လျိုဟုန် နှင့် ကျန်းထောင်တို့က အတူတကွ ရှေ့တွင် မတ်တပ်ရပ်ပြီး “ ဒီခုက အစည်းအဝေးမဟုတ်တော့ ငါ လိုရင်းတိုရှင်းပဲပြောမယ် …”

လုပေချိန်၏ ဩဇာညောင်းသည့် အသံက ပြတ်သားစွာ ထွက်ပေါ်လာပြီး “ ဒီတစ်ခေါက် ရှန်လုံး အသင်းက ပြန်လည်ပြင်ဆင်ဖို့အတွက် တပ်ဖွဲ့ကို ပြန်ရောက်လာတယ် …. ဒါက မင်းတို့တွေအတွက် ရှားပါး အခွင့်အရေးပဲ … မနက်ဖြန်ကစပြီး သုံးလ အထူးလေ့ကျင့်ရေး ရှိမယ် … လူတိုင်း ပြင်ဆင်ထားကြ … အသင်းခေါင်းဆောင်တွေက စီစဉ်ညွှန်ကြားပေးဖို့ တာဝန်ယူရမယ် … တစ်ခြား မေးစရာ မရှိဘူးဆိုရင် အခု လူစုခွဲကြတော့ … အထူးလေ့ကျင့်ရေးက မနက်ဖြန်စမယ် ….”

“ အဘိုးကြီး … ခဏလေး …” လုယွီ ပြောလိုက်၏။

“ မင်းမှာ မေးစရာ ရှိလို့လား ….”

“ ကျွန်မ သိချင်တာ အသင်းခေါင်းဆောင်တွေက လေ့ကျင့်ရေးထဲ ဝင်ပါစရာ မလိုဘူးမလား ….”

“ အသင်းခေါင်းဆောင်တွေက လွတ်ငြိမ်းခွင့်ရမယ် … သူတို့က အသင်းကို စီစဉ်ညွှန်ကြားပေးဖို့ပဲ လိုတယ် …”

လုပေချိန် ဤသို့ စီစဉ်လိုက်သည်က ယခုလို အတွေးနှင့်ပင်။ အသင်းခေါင်းဆောင်နှင့် အသင်းသားများ၏ လယ်ဗယ်က မတူညီပေ။ သူတို့ကို အတူရောနှော လေ့ကျင့်ပေး၍ မရပေ။

ထို့ပြင် လင်းရီ၊ နင်ချဲ့၊ ချိုးယွီလော့နှင့် ထောက်ချိန်တို့၏ အရည်အချင်းနှင့် ပတ်သက်ပြီး လုပေချိန် အတော်လေး ကျေနပ်ပြီး ဖြစ်သည်။ အကယ်၍ အထူးလေ့ကျင့်ရေးထဲ မပါဝင်ပင်လျှင် အဆင်ပြေသည်။

“ ကျွန်မ အမြင်ကတော့ သူတို့ကိုပါ အတူလေ့ကျင့်ခိုင်းလိုက်ရင်ကော ….” လုယွီ ခိုင်မာသည့် လေသံဖြင့် ဆိုလိုက်၏။

All Chapters