လူသတ်သမားတွေရဲ့ နတ်ဆိုး၊ သေမင်းတမန်
Vol. 86-89 Ch. 1313
သတ်ဖြတ်ခြင်းကျောင်းတော်က ပြည်ပလုပ်ကြံရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဂိုဏ်းသား အရေအတွက် များပြားကာ နောက်ကွယ်၌ အင်အားကြီး အဖွဲ့များစွာ ရှိနေမှန်း သူမ သိထားသည်။ နိုင်ငံ့ခေါင်းဆောင် တစ်ချို့တောင်မှ သူတို့ကို ကြောက်ရသည်။
အကြောင်းမှာ သူတို့သည် လောကရှိ အတော်ဆုံး လုပ်ကြံရေးသမားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လုပ်ကြံရေး နည်းလမ်းများကလည်း သတိပြု တုံ့ပြန်နိုင်ရန် ခက်ခဲလှသည်။ တစ်ခါက သူတို့သည် ဧကရာဇ် တစ်ပါးကို ရန်စမိပြီး ခေါင်းဖြတ်ခံခဲ့ရသည်။
နောက်တစ်နေ့ မနက်အစောပိုင်း၌ ထိုဧကရာဇ်အား နဂါးပုလ္လင်ပေါ်၌ သေဆုံးလျက်သား တွေ့ခဲ့ပြီး ထိုည၌ နန်းတော်ကို စောင့်ကြပ်ခဲ့သော အစောင့်တပ်သား ရှစ်ထောင်၊ နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်နှစ်ရာ၊ ဘုရင်အဆင့် အယောက် သုံးဆယ်နှင့် တိတ်တဆိတ် စောင့်ရှောက်နေသော သူတော်စင်သခင်အဆင့် နှစ်ယောက်ပင် ထိုအဖြစ်ကို မသိလိုက်ပေ။
သတ်ဖြတ်ခြင်းကျောင်းတော်ကို ရန်စခြင်းက အင်ပါယာကို ရန်စလိုက်မိခြင်းထက် ပို၍ ကြောက်စရာ ကောင်းပေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ပိုးမွှားများနှင့်တူပြီး မိမိတို့အနောက်သို့ လိုက်ပါနိုင်ကာ ဘယ်သောအခါမှ မသေနိုင်ပေ။
ယခုအခေါက်၌ ယဲ့ဖန်ကို သတ်ရန်အတွက် သူတော်စင်သခင်အဆင့် လေးယောက်ကို စေလွှတ်ခဲ့သဖြင့် ချမ်မိသားစု၏ လူလုပ် သူတော်စင်သခင်အဆင့် သုံးယောက်နှင့် လုံးဝ မတူခြားနားသောကြောင့် ယဲ့ဖန် သေချာပေါက် သေရပေမည်။
“ဝမ်ချင်း ငါတို့ ဒီလိုလုပ်လို့ ကောင်းပါ့မလား”
ဝမ်ကျန်းကျုံး မနေနိုင်ဘဲ သူ့မိန်းမအား ဘေးသို့ဆွဲ၍ ချီတုံချတုံ ဖြစ်နေသော အမူအရာဖြင့် ပြောလေသည်။ ကြမ်းပြင်ပေါ်၌ လဲနေသူများက သူ့ညီမနှင့် ယောက်ဖ ဖြစ်နေသည် မဟုတ်ပါလော။ ထို့အတူ ကျုံးလီအာက သူ့တူမ ဖြစ်သည်။
“ဘာဖြစ်လဲ၊ အဲ့အမှိုက်ကောင်က ကျွန်မကို ကောင်းကောင်းမွန်မွန်တောင် မဆက်ဆံတာ၊ ကျွန်မအတွက် ကျွန်မ တရားမျှတမှု ရှာလို့ မရဘူးလား”
စုဝမ်ချင်းက မကျေမနပ်နှင့် ပြောလိုက်သည်။
“ကျွန်မ ဘာလို့ ဒီလိုအသုံးမကျတဲ့ ရှင့်ကို သဘောကျခဲ့မိတာလဲ မသိပါဘူး”
သူမစကားလုံးများက ကြမ်းတမ်းကာ ခံပြင်း၍ ဒေါသစိတ်များနှင့် ပြည့်နှက်နေသဖြင့် ယဲ့ဖန်၏ စော်ကားခြင်း ခံခဲ့ရသည်ဟုပင် ထင်မှတ်မှားရသည်။
သူမစကားကြောင့် ဝမ်ကျန်းကျုံး၏ မျက်နှာ ပြာနှမ်းသွားသော်လည်း ခပ်ရှက်ရှက်ဖြင့် ပြောလိုက်သည်။
“မကောင်းတာလုပ်တဲ့ကောင်က ငါ့ညီမတို့ မိသားစုနဲ့ ဘာမှမပတ်သက်ဘူးလေ၊ မင်း ဘာလို့ သူတို့ကို ဒီလို လုပ်ရတာလဲ”
“ဟိုခွေးမ ကျွန်မကို ဘယ်လို ဆက်ဆံခဲ့လဲ ရှင်သိလား၊ သူတို့မိသားစုကို ကျွန်မတို့ ကြင်ကြင်နာနာနဲ့ လက်ခံခဲ့ပင်မယ့် သူက ကျေးဇူး မသိတတ်ဘူးလေ”
စုဝမ်ချင်း ရုတ်တရက် ဒေါသထွက်ကာ အေးစက်စွာ ခနဲ့လိုက်သည်။
“ကျွန်မ အခု ဘယ်လို ထက်ထက်မြက်မက် နေရမလဲ သိသွားပြီ၊ သူတို့ကို မြည်းလို ဆက်ဆံပြီး ရောင်းစားစရာ ဘာမှမရှိတော့တဲ့အထိ လုပ်ပစ်မယ်၊ အဲ့ဒါဆို ကျွန် ကံကောင်းချင် ကောင်းလာမှာပေါ့”
သူမမျက်နှာပေးက တဖြည်းဖြည်း ကောက်ကျစ်စဉ်းလဲပုံ ပေါ်လာသည်။ သူမသည် လောဘကြီးလွန်းပြီး သူမ လိုချင်တာ ရရန်အတွက် ဘာကိုမဆို စွန့်ပစ်ရန် ဝန်မလေးပေ။
“ဒါပေမဲ့ …”
ဝမ်ကျန်းကျုံး တုံ့ဆိုင်းနေဆဲပင်။ သူ၏ သွေးကြောင်၍ မပြတ်သားသော စရိုက်ကြောင့် မိသားစုတွင်း၌ စုဝမ်ချင်းသာလျင် ဆုံးဖြတ်ချက်ချသည့် အရေးပါသောသူ အမြဲ ဖြစ်နေခဲ့သည်။
လက်ရှိတွင် သူသည် ရိုးသားဖြူစင်သော အပျိုစင်လေးသဖွယ် ပြုမူနေ၏။ သူ့အား လူမသိအောင် ဦးထုပ်စိမ်း အဆောင်းခံခိုင်းနေသည့် ယဲ့ဖန်နှင့် သူ့မိန်းမကို မဝေမျှနိုင်ပါ။
ယခု သူ စားနေသောက်နေသည့် အစားအစာများနှင့် အသုံးအဆောင် ပစ္စည်းများအားလုံးက သူ့မိန်းမ ဆင်ထား ပေးခြင်း ဖြစ်သည်။
“ဘာလဲ ကြည့်မနေနိုင်ဘူးလား၊ ဒါဆိုလည်း လူကြီးမင်းသုံးယောက်ကို သွားပြောလေ၊ ဒီခွေးမရဲ့ မိသားစုကို လွှတ်ပေးပါလို့ သွားတောင်းပန်လိုက်၊ သူတို့ ရှင်ပြောတာကို သဘောတူမလား ကြည့်ရတာပေါ့”
စုဝမ်ချင်းက ထပ်မံ၍ လှောင်ပြောင်လိုက်ပြီး ဝမ်ကျန်းကျုံး၏ အသုံးမကျသော ပုံစံကို ကြည့်နေသည်။ ဝမ်ကျန်းကျုံး ရုတ်တရက် တစ်ကိုယ်လုံး တုန်ယင်သွားကာ မျက်နှာ ဖြူရော်လာ၏။
သူသာ အကြီးအကဲသုံးယောက်ကို သွားမေးပါက သူတို့သည် သဘောမတူရုံသာမက သူ့အား သေအောင် ရိုက်သတ် လောက်သည်။
“အင်း … အဲ့ဒါဆိုလည်း ထားလိုက်ပါတော့”
ဝမ်ကျန်းကျုံးသည် ချက်ချင်း သူ့အမျိုးကို ကယ်မည့် အစီအစဉ်အား စွန့်လွှတ်လိုက်သည်။
“မရီး ဘာ … ဘာကြောင့်လဲ”
အဖေကျုံးက မနည်း ခေါင်းမော့၍ မယုံနိုင်သလို မေးလာသည်။
“ဘာလို့လဲ ဟုတ်လား၊ အဲ့ခွေးမကို မွေးထားတဲ့ နင့်ကိုယ်နင်ပဲ အပြစ်တင်လိုက်လေ”
စုဝမ်ချင်းက သူ့အား အေးတိအေးစက် ကြည့်၍ ခေါင်းကို ဖြတ်ကန်လိုက်သောကြောင့် အဖေကျုံး သတိလစ် သွားသည်။ ထို့နောက် သူမက သူတော်စင်သခင်အဆင့် သုံးယောက်ကို လှည့်ကြည့်လေသည်။
“အကြီးအကဲတို့ ယဲ့ဘုရင်လည်း သေသွားပြီဆိုတော့ ဒီနှစ်ယောက်ကို အရှင်ထားဖို့ မလိုတော့ဘူး မဟုတ်လား၊ သူတို့ကိုပါ အတူတူ သတ်လိုက်ရင် မကောင်းဘူးလား”
သူမလေသံက ခွေးလေးတစ်ကောင်၊ ကြောင်လေးတစ်ကောင်ကို သတ်မည့်ဟန်ဖြင့် အေးဆေးလွန်းနေ၏။ သူတော်စင်သခင် ကလေးငယ်သည် တစ်ခဏမျှ တွေးတောနေပြီးနောက် ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။
“ဒါဆိုလည်း သတ်လိုက်ပေါ့၊ မင်း လုပ်လိုက်”
“ကျွန်မလား”
စုဝမ်ချင်း၏ အမူအရာ တောင့်ခနဲ ဖြစ်သွားသည်။ သူမ ဤလူများကို သေစေရန် မျှော်လင့်သော်လည်း သူမကိုယ်တိုင် မသတ်ရဲပါ။
“ငါ မင်းကို လက်စားချေနိုင်မယ့် အခွင့်အရေး ပေးနေတာလေ၊ မလိုချင်ဘူးလား”
သူတော်စင်သခင် ကလေးငယ်က အပြုံးတစ်ဝက်နှင့် မေးလေသည်။
“မင်း သူတို့ရဲ့ ဆံပင်တစ်ချောင်းလောက်ကိုပဲ ထိရဲရင် ထိကြည့်လိုက်၊ မင်းတို့ အနာကျင်ဆုံးနည်းနဲ့ သေရမယ်လို့ ငါ အာမခံတယ်”
ထိုစဉ် သူတော်စင်သခင် ကလေးငယ်၏ အနင်းခံထားရသော သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ခက်ထန်စွာ ကြောက်စရာကောင်းသော မျက်နှာထားနှင့် ကြုံးဝါးလေသည်။
“ပါးစပ်ပိတ်ထား”
သူတော်စင်သခင် ကလေးငယ်က ဒေါသတကြီး မာန်မဲ၍ ခြေထောက်တစ်ဖက်ဖြင့် ထပ်နင်းလိုက်သည်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်သည် အလွန် နာကျင်သော်လည်း တစ်ချက်မှ အသံမထွက်ချေ။
“ဒါပေါ့ လုပ်ရဲပါတယ်”
စုဝမ်ချင်း အသည်းအသန် ခေါင်းညိတ်လိုက်သည်။ သူမ မည်သို့ ငြင်းပယ်ရဲမည်နည်း။ ထို့နောက် သူမသည် သစ်သီးလှီးဓားကို ကောက်ကိုင်၍ ကြမ်းပြင်ပေါ် လဲကျနေသော လင်မယားထံ လျှောက်သွားလေသည်။
အစ၌ သူမ မနေတတ် မထိုင်တတ် ဖြစ်နေသော်လည်း တုန်ယင်နေသော အမေကျုံးကို မြင်ပြီးနောက် သူမ၏ မသက်မသာ ဖြစ်နေသောစိတ်က ထူးဆန်းစွာ ငြိမ်ကျသွားသည်။ ထို့နောက် သူမစိတ်ထဲတွင် ပျော်ရွှင်၍ တောင့်တစိတ် ပေါ်လာ၏။
သူမ အနိုင်ကျင့်ချင်လာသည်။ သူမ နိုင်ထက်စီးနင်း ပြုမူချင်လာသဖြင့် ရူးမတတ် ဖြစ်လာလေသည်။ လူတစ်ချို့သည် မကောင်းသော လူများအဖြစ် မွေးဖွားလာကြသူများ ဖြစ်ပေသည်။
“နင့်ကို ငါ့ကို ကြည့်ခွင့်ပေးထားလို့လား၊ မျက်လုံးမှိတ်ထားစမ်း”
အမေကျုံးက သူမကို ကြည့်နေသည်ကို ကြည့်ပြီး စုဝမ်ချင်းက သူမမျက်နှာကို ဒေါသတကြီး ဖြတ်ရိုက်လိုက်သည်။ သူမ အမုန်းဆုံးမှာ ဝမ်ကျန်းကျုံး၏ ဤဆင်းရဲသော အမျိုးများ ဖြစ်လေသည်။
အမေကျုံးက မျက်ရည်အပြည့်ဖြင့် တောင်းပန်လာသည်။
“အစ်မ ကျွန်မက ရှင့်ယောင်းမပါ၊ ရှင် ဘယ်လိုလုပ် ကျွန်မတို့ကို ဒီလို ဆက်ဆံရက်တာလဲ”
“ဟီးဟီး ယောင်းမ ဟုတ်လား၊ ငါ့မှာ နင့်လို ယောင်းမမျိုး ရှိတယ်လို့ သတိမရပါဘူး”
စုဝမ်ချင်းက လှောင်ရယ်လေသည်။
“နင် သေချင်တယ်ဆိုလည်း အဝေးမှာ သေပေါ့၊ ဘာလို့ ငါတို့ကိုဆီ လာပြီး ငါတို့ကိုပါ ထိခိုက်အောင် လုပ်ရတာလဲ၊ အခု ငါ လူသတ်ရတော့မယ်၊ ငါ့ကို အပြစ်လာမတင်နဲ့၊ ဒါ နင့်ထိုက်နဲ့နင့်ကံပဲ”
“ဘာပဲဖြစ်ဖြစ်ပါလေ အခုလောက်ဆို ကျုံးလီအာ သေသလောက် နီးပါး ဖြစ်နေလောက်ပြီ၊ ငါ နင်တို့ မိသားစု သုံးယောက်ကို တမလွန်မှာ ပြန်ဆုံနိုင်အောင် လုပ်ပေးမှာပါ၊ ဒါ ငါ့မှာ အသိစိတ်လေး ရှိတာကို ပြသလို ဖြစ်သွားတာပေါ့”
“ဘာ မင်း ပြောချင်တာက လီအာ …”
ထိုအခိုက်တွင် ကျုံးမူသည် ကြောက်စိတ်ကို မေ့လျော့သွားပြီး တစ်ဖက်လူအား မယုံနိုင်သလို မော့ကြည့်လာသည်။
“နင် ငါ့ကို လိမ်နေတာ၊ နင် ငါ့ကို လိမ်နေတာပဲ ဖြစ်မယ်၊ လီအာ ဘာမှမဖြစ်နိုင်ပါဘူး”
“ဟဲ့ အရူးတွေ ကျုံးလီအာ သေပြီ၊ ဘာလို့လဲဆိုတော့ … အာ … ငါ သူတို့နေရာကို ပြောလိုက်မိတာကိုး”
စုဝမ်ချင်းက ကောက်ကျစ်စွာ ပြောလိုက်မိသည်။ သူမကြောင့်သာ မဟုတ်ပါက ဤလူသုံးယောက်က သူတို့ကို အလွယ်တကူ ရှာတွေ့နိုင်ပါမည်နည်း။ သူတို့ စုဝမ်ချင်းနှင့် မသိဘဲ သူတို့ကို မည်သို့ သတ်နိုင်ပါမည်နည်း။ ဖြစ်ခဲ့သမျှ အကြော်ငးအရာအားလုံးက စုဝမ်ချင်း၏ လက်ချက်သာ ဖြစ်သည်။
“မဟုတ်ဘူး”
အမေကျုံးက ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လာသည်။ သူမ ရုတ်တရက် နှလုံးရပ်ကာ သတိလစ်သွားသည်။
“စိတ်ပျက်စရာပဲ … ပျင်းဖို့ကောင်းလိုက်တာ”
စုဝမ်ချင်းသည် သူမ မပျော်ရသေးသလို ခံစားမိနေသည်။ သူမ အမေကျုံးကို အလုံအလောက် မနှိပ်စက်ရ သေးသဖြင့် သူမရင်ထဲမှ ဒေါသကို လုံးဝ ဖြေဖျောက်ခြင်း မပြုနိုင်သလို စိတ်သက်သာခြင်းလည်း မရှိသေးပေ။
ချက်ချင်းဆိုသလိုပင် သူမမျက်လုံး၌ မကျေချမ်းဟန်များ ပေါ်လာပြီး ဓားကိုင်ထားသော လက်အား အမေကျုံး၏ ကျောပေါ်သို့ ဖြည်းဖြည်းချင်း ရွေ့ကာ ချိန်နေလိုက်သည်။
သူမ စိုးရိမ်စွာ တံတွေးမျိုချလိုက်ပြီးနောက် ဓားအား လက်နှစ်ဖက်ဖြင့် သေချာဆုပ်ကိုင်ကာ ခက်ထန်သော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။
“သေလိုက်တော့”
ရုတ်တရက် ဓားသွားက အရှိန်ဖြင့် ထိုးဆင်းလာ၏။
“ဝုန်း”
ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ ကျယ်လောင်သော ဆူညံသံ ထွက်ပေါ်လာပြီး အိမ်တံခါးက အပြင်ဘက်မှ လွင့်ထွက်သွားကာ အကြီးအကဲ သုံးယောက်၏ အရှေ့မှ စားပွဲပေါ်သို့ ကျလာလေသည်။
တုတ်ကောက်နှင့် အဘိုးအို ရုတ်တရက် အေးစက်သွားပြီး ခန္ဓာကိုယ်က ပေါက်ကွဲမတတ် ဖြစ်လာသည်။ သူ၏ အသွင်အပြင်က အိုမင်းပုံ ပေါ်နေသော်လည်း နဂါးတစ်ကောင်ကဲ့သို့ လျင်မြန်ဖျတ်လက်စွာ လှုပ်ရှားလေသည်။
သူသည် ချက်ချင်း ခုန်ထ၍ တုတ်ကောက်ဖြင့် တံခါးကို ရိုက်ထုတ်လိုက်သောကြောင့် အိမ်တံခါးက ချက်ချင်း ပျက်စီး သွားသည်။
“ဘယ်သူလဲ”
တုတ်ကောက်နှင့် အဘိုးအို ဒေါသထွက်နေ၏။ မည်သူ၌ သူတို့သုံးယောက်လုံးကို တစ်ပြိုင်တည်း ရန်စရဲသည့် သတ္တိရှိနေသနည်း။
“လူသတ်သမားတွေရဲ့ နတ်ဆိုး၊ သေမင်းတမန်”
အိမ်ထဲသို့ လူမဝင်လာခင် ကြောက်စရာကောင်းသော နတ်ဆိုးစွမ်းအင်တစ်ခုက အရင် ဖုံးလွှမ်းလာသည်။ သူတို့သုံးယောက်လုံး ပြိုင်တူ တုန်လှုပ်သွားပြီး ချက်ချင်း မျက်နှာပျက်သွားကာ တံခါးဝသို့ လှမ်းကြည့်လိုက်သည်။
လူတိုင်းကို အချိန်မရွေး ဝါးမျိုချင်နေသည့် သားရဲတစ်ကောင်က အခွင့်အရေးကိုစောင့်၍ တံခါးဝမှ ဝင်လာသည်ဟု ထင်မှတ်မှားရသည်။
ထိုအခိုက်တွင် သူတို့ စိုးရိမ်နေကြသည်။ ဤအရှိန်အဝါ၊ ဤလူသတ်လိုသည့် အငွေ့အသက်က သူတို့အား စိုးရိမ် တုန်လှုပ်စေသည်။
သူတို့သုံးယောက် ပေါင်းလိုက်လျင်တောင်မှ သူတို့၏ လူသတ်လိုသော အငွေ့အသက်က တစ်ဖက်လူလောက် မပြင်းထန်ပါ။ တစ်ဖက်လူ၏ အငွေ့အသက်က သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသည်။
*ဒီမိစ္ဆာက လူဘယ်နှစ်ယောက်တောင် သတ်ခဲ့တာလဲ*
“ဒုန်း”
ညအမှောင်ထဲမှနေ၍ တူထုသံကဲ့သို့ ပြင်းထန်သော ခြေသံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံက လူတိုင်း၏ ရင်ကို အညှာအတာမဲ့စွာ ထုနှက်နေသလိုပင်။
“ဘုတ်”
ထိုသူကို မြင်လိုက်ရသည့်အခိုက်တွင် စုဝမ်ချင်း၏ လက်ထဲမှ ဓားက ကြမ်းပြင်ပေါ် လွတ်ကျသွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်လာသည်။ ယဲ့ဖန် အခုထိ အသက်ရှင်နေလိမ့်ဦးမည်ဟု သူမ ထင်မထားမိပါ။
“ယဲ့ဖန်လား”
ထိုစဉ် သူတော်စင်သခင် ကလေးငယ်နှင့် အခြားသူများသည် အသိပြန်ဝင်လာပြီး မျက်လုံးများ မီးဝင်းဝင်း တောက်လာ၏။ ယဲ့ဖန် ဤနေရာသို့ ရောက်လာသည်ဟူသည့် အဓိပ္ပာယ်မှာ အနီရောင်ဝတ်ရုံနှင့်လူ ကျရှုံးသွားပြီဟု ဆိုလိုနေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အနီရောင်ဝတ်ရုံနှင့်လူ၏ လုပ်ကြံရေး နည်းလမ်းသည် သူတို့ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သည်။ သူ တစ်ယောက်ယောက်ကို သတ်ချင်လာပါက တစ်ဖက်လူ သတိထားမိရန် မဖြစ်နိုင်ပါ။
*ဒီကောင် ဘယ်လိုလုပ် အသက်ရှင်နေတာလဲ*
ယဲ့ဖန်သည် ရင်ခွင်တွင်း၌ သတိလစ်နေသော ကျုံးလီအာကို ထိန်းကိုင်၍ တစ်လှမ်းချင်း လှမ်းလာသည်။ သူ့တစ်ကိုယ်လုံးမှ နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေပြီး ခြေလှမ်းတိုင်း၌ နတ်ဆိုးစွမ်းအင်များ ပါဝင်နေ သောကြောင့် ကြမ်းပြင် ပျက်စီးသွားလေသည်။
“ငါ့အမျိုးသမီး၊ ငါ့မိသားစုကို မင်းတို့က ထိရဲတယ်လား”
ဧဝရက်တောင်သဖွယ် လေးလံသော ဖိအားတစ်ခုက သူတို့ပေါ်သို့ ဒေါသဖြင့် ကျရောက်လာသည်ဟု လူတိုင်း ခံစားမိကာ အသက်မရှူနိုင် ဖြစ်လာရသည်။
ထိုစကားသည် ခြိမ်းခြောက်ခြင်း ဖြစ်သည်။ လူသတ်ချင်သော အရိပ်အယောင်များ ပါဝင်နေ၏။ ဤနတ်ဆိုး ဝင်လာကတည်းက ကောင်းသော ကိစ္စ မရှိနိုင်တော့ချေ။
ထို့နောက် ယဲ့ဖန်သည် မလှမ်းမကမ်းမှ စုဝမ်ချင်းကို စိုက်ကြည့်ပြီး ပျက်ရယ်ပြုလိုက်သည်။
“ကြည့်ရတာ မင်းက တကယ် သေချင်နေတဲ့ပုံပဲ”
နတ်ဆိုးအသွင်သို့ လုံးဝ ပြောင်းလဲနေသည့် ယဲ့ဖန်ကို ကြည့်ပြီး စုဝမ်ချင်း၏ မသိစိတ်ထဲတွင် ဤလူက ဟိုတယ်မှာ ရှိနေစဉ်ကထက် ပိုမို၍ ရက်စက်ကြမ်းကြုတ်နေသည်ဟု ခံစားမိလာသည်။
သို့သော် သူမအနောက်၌ ထိုင်နေသော သူတော်စင်သခင်အဆင့် သုံးယောက် ရှိသေးသည်ဟု ပြန်တွေးမိသည်နှင့် သူမ ချက်ချင်း စိတ်ပြန်ငြိမ်သွားပြီး ခနဲ့လိုက်သည်။
“ယဲ့ဖန် နင် သေခါနီးတာတောင် မာရေကြောရေ ပြောနေတုန်းပဲလား၊ နင်က လီအာရဲ့ ချစ်သူမို့လို့ ငါ နင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ စဉ်းစားခဲ့တယ်၊ ဒါပေမဲ့ နင်က ငါ့ကို ရိုင်းပျခဲ့တယ်လေ၊ နင့်လို အမှိုက်ကောင်မျိုးက ဒဏ်ပေးခံရသင့်တယ်”
လက်ရှိတွင် သူမသည် ယဲ့ဖန်အား သိက္ခာကျအောင် အစွမ်းကုန် ပြုလုပ်ကာ သူတော်စင်သခင်အဆင့် သုံးယောက်၏ စိတ်ကို ဆွမိရန် ကြိုးစားနေသည်။
ထိုအခါ ယဲ့ဖန်က ရယ်မောလေသည်။ ယခင်က စုဝမ်ချင်း သူ့ကို မည်သို့ သိက္ခာချခဲ့သလဲ ဆိုသည်ကို သူ မည်သို့ မမေ့ဘဲ နေနိုင်မည်နည်း။ သူ အရေးမစိုက်ခဲ့ခြင်းသာ ဖြစ်သည်။ သေခါနီးလူတစ်ယောက် ပြောနေသော စကားအတွက် သူ ဘာကြောင့် စိတ်ရှုပ်ခံရမည်နည်း။
“ဖြောင်း ဖြောင်း ဖြောင်း”
ရုတ်တရက် လက်ခုပ်တီးသံ ထွက်ပေါ်လာသည်။ သူတော်စင်သခင် ကလေးငယ်က ရှေ့တိုးလာပြီး သုန်မှုန်နေသော မျက်နှာထားဖြင့် ယဲ့ဖန်အား တည်ငြိမ်စွာ ကြည့်လေသည်။
“အနီရောင်ဝတ်ရုံကို မင်း သတ်နိုင်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ကြည့်ရတာ ငါတို့ မင်းကို အထင်သေးခဲ့မိတဲ့ပုံပဲ၊ ဒါပေမဲ့ မင်း ဒီလိုမလုပ်သင့်ဘူး၊ မင်း ငါတို့ရှေ့ကို ပေါ်မလာသင့်ဘူး”
ကျန်နှစ်ယောက်သည်လည်း ပြိုင်တူ ရှေ့တိုးလာပြီး ယဲ့ဖန်အား အန္တရာယ်ပေးချင်သော အကြည့်များဖြင့် စိုက်ကြည့်လာသည်။
“သုံးယောက် တစ်ယောက် ဖြစ်နေတာကို၊ မင်း နိုင်မယ်လို့ ထင်နေတာလား”
“မောင်ငယ်လေး ဒီအစ်မကြီးဆီလာ၊ ဒီအစ်မကြီးက နင့်ကို နာကျင်မှုမရှိဘဲ အေးအေးဆေးဆေး သေရအောင် လုပ်ပေးမယ်”
“ဂျွတ်”
ထိုစကားသံအဆုံး၌ ရုတ်တရက် သွေးများ ပန်းထွက်လာ၏။