← Chapters

အခန်း (၂၅၈-၂၅၉)

Vol. 21 Ch. 258-259

အခန်း (၂၅၈-၂၅၉)

Vol. 21 Ch. 258-259

အခန်း ၂၅၈ - ကိုင်းဂျူး သားရဲမိခင် ပေါ်ပေါက်လာခြင်း

"ဒါက..."

ကျန့်ကျိုးက မျက်နှာပြင်ပေါ်ရှိ အရာကို ထိတ်လန့်တကြား ကြည့်နေသည်။

"ဦးလေးမို အောက်မှာ ရှိ​နေတဲ့ ဟာက ဘာ​ကြီးလဲ"

ဤတွင် မျက်နှာပြင်ကို ​ကြောင်ကြည့်နေသော မိုနန်လည်း မဖြေနိုင်ခဲ့​ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အောက်ရှိ ထိုအရာကို မြင်ပြီးနောက် ထိတ်လန့်လွန်း၍ ပြောစရာစကားများ ပျောက်ရှသွားခဲ့သောကြောင့် ဖြစ်သည်။

သူတို့၏ အရှေ့ရှိ မျက်နှာပြင်ပေါ်တွင် ဧရာမတောင်တန်းကြီး တစ်ခု ရှိနေသည်။ သူတို့သည် လက်ရှိအချိန်၌ ထိုတောင်တန်းကြီး၏ အစွန်း၌ ပျံဝဲနေပြီး ပင်လယ်မျက်နှာပြင်အထက် (၁၀) ကီလိုမီတာအကွာတွင် ရှိနေခြင်း ဖြစ်သော်လည်း ဤဧရာမတောင်တန်း​ကြီး၏ အဆုံးကို မြင်နိုင်ခြင်း မရှိပေ။

ထိုကြောင့် ဤဧရာမတောင်တန်းကြီးသည် မယုံနိုင်လောက်အောင် ကြီးမားကြောင်း ကောက်ချက်ချရုံသာ တတ်နိုင်သည်။

ထိုတောင်တန်းကြီး၏ မျက်နှာပြင်ပေါ်တွင် စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များနှင့် တောင်ကုန်းများ တည်ရှိသည်။ ဧရာမသစ်ပင်ကြီးများသည် မိုးကောင်းကင်သို့ ထိလုမတက် မြင့်မားစွာ ပေါက်ရောက်နေပြီး ၎င်းတို့၏ ထူထဲသော သစ်ကိုင်း သစ်ရွက်များသည် မိုးကောင်းကင်နှင့် နေရောင်ကို ဖုံးအုပ်ထား၏။ တစ်ချက်တစ်ချက်တွင် ဧရာမသားရဲကြီးများ ဤဧရာမသစ်ပင်ကြီးများကြားက ဖြတ်သန်းသွားလာသည်ကို မြင်​တွေ့ရ၏။

ဤမျှသာဆိုလျှင် ကျန့်ကျိုးနှင့် မိုနန်တို့ အလွန်ထိတ်လန့်​နေမည် မဟုတ်ပေ။

ဤခရီးလမ်းတစ်​လျှောက်တွင် သူတို့သည် ကျွန်းများစွာကို မြင်တွေ့ခဲ့ရ၏။ ၎င်းတို့သည် ဒါဇင်နှင့်ချီကာ ရာပေါင်းများစွာအထိပင် ရှိသည်။ ထို့အပြင် ယခင်ကျွန်းများသည် ကြီးမားရုံသာဖြစ်၏။ ထိုကြောင့် ၎င်းတို့ကို ကမ္ဘာ့အံ့ဖွယ်အဖြစ်သာ သတ်မှတ်နိုင်သည်။

သို့သော် ဤတောင်တန်း​ကြီးသည် ထိုမျှ ရိုးရှင်းခြင်း မရှိပေ။ ဤတောင်တန်း​ကြီး၏ အစွန်းတစ်ဖက်တွင် ဧရာမတစ်ရှူးတစ်ခု ရှိပြီး ၎င်းသည် ချက်ကြိုးကဲ့သို့ ဖြူဖွေးသော ပုံသဏ္ဌာန်ဖြင့် သမုဒ္ဒရာထဲတွင် နစ်မြုပ်နေသော သန္ဓေသားကဲ့သို့ အရာတစ်ခုဖြင့် ရှည်လျားစွာ ဆက်သွယ်ထားသည်။ ဤကဲ့သို့ သန္ဓေသား အရေအတွက်သည် အလွန်များပြား၏။

ထိုသန္ဓေသားများ၏ နှလုံးသားများသည် အဆက်မပြတ် ခုန်လှုပ်နေသောကြောင့် လှုပ်ရှားမှုတိုင်းတွင် ရေမျက်နှာပြင်သည် အနည်းငယ် လှိုင်းထနေခဲ့၏။ ထိုသန္ဓေသားများ၏ အရွယ်အစားသည် အလွန်ကြီးမားပြီး ရေမျက်နှာပြင်ပေါ်သို့ ပေါ်နေသော အစိတ်အပိုင်းသည်ပင် ကားတစ်စီးအရွယ်အစားရှိကာ အချို့ဆို ၎င်းထက်ပင် ပိုကြီးမားသည်။

စွမ်းအားမြင့် ကင်မရာများမှတစ်ဆင့် သန္ဓေသားများ၏ ကြည့်လင်သော အ​ပေါ်ယံအလွှာကို ထိုးဖောက်၍ အထဲတွင် မည်သည့်သားရဲရှိသည်ကို ခန့်မှန်းနိုင်သည်။

"ကိုင်းဂျူး သားရဲ..."

ကျန့်ကျိုးနှင့် မိုနန်တို့သည် ချက်ချင်းပင် သိလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ထိုစကားကို ရေရွတ်မိလိုက်ပြီး သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

"ဦးလေးမို ကျွန်တော်တို့ ထူးခြားတဲ့အရာတစ်ခုကို တွေ့လိုက်ရတဲ့ပုံပဲ"

ကျန့်ကျိုးက အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်သည်။

"ဒါက ကိုင်းဂျူးသားရဲတွေရဲ့ အသိုက်ပဲ.. ဂြိုလ်သားတွေရဲ့ အသိုက်လည်း မဝေးလောက်တော့ဘူး"

"အဲ့ဒီသန္ဓေသားတွေက ကိုင်းဂျူးသားရဲ သားလောင်းဖြစ်ပုံရတယ်။ ဒါပေမဲ့ ဒီတောင်တန်းကြီးနဲ့ သူ့တို့ ချက်ကြိုးတွေက ဆက်သွယ်နေတာလဲ"

ဤသို့ပြောနေစဉ် ရုတ်တရက် ကျန့်ကျိုးသည် ရပ်တန့်လိုက်ပြီး မိုနန်ကို မယုံနိုင်သော အကြည့်ဖြင့် ထိတ်လန့်စွာ ပြောလိုက်သည်။

"ဒါနဲ့ ဦးလေးမို အောက်ကဧရာမတောင်တန်းကြီးက ကိုင်းဂျူးသားရဲ မဟုတ်ဘူးမှတ်လား"

မိုနန်၏ နှုတ်ခမ်းတွန့်သွားသည်။ သူသည် ဤမျှကြီးမားသော သားရဲကြီး မရှိနိုင်ဟု ကျန့်ကျိုးကို ပြောလိုသော်လည်း သူကိုယ်တိုင်ကပင် ကျန့်ကျိုး၏ စကားက အမှန်ဖြစ်နိုင်ကြောင်း ခံစားရသည်။

ကွပ်ကဲရေးခန်းသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေ၏။

တကယ့်ကို ထိတ်လန့်စရာပင်။

အကယ်၍ ဤတောင်တန်ကြီးသာ တကယ်ပဲ ကိုင်းဂျူးသားရဲ တစ်ကောင် ဖြစ်နေမည်ဆိုလျှင် ၎င်းသည် မည်သည့် အဆင့်တွင် ရှိနေမည်နည်း။

၎င်းသားရဲကြီးကို သူတို့သည် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိပါမည်လား။

ဤတွေ့ရှိချက်အား အဆင့်မြင့် အရာရှိများကို အမြန်အစီရင်ခံရမည်။

မိုနန်သည် ဤအခြေအနေက အလွန်အရေးကြီးမှန်း သိ၏။ ဤအခြေအနေက သူ၏ ဆုံးဖြတ်နိုင်စွမ်းထက် ကျော်လွန်နေသည်။ သူသည် ဝန်ထမ်းများအား ဂါးဒီးဝမ်းဆီသို့ ချက်ချင်းပင် ဆက်သွယ်ရန် အမိန့်ပေးခဲ့သည်။ သူသည် အဆင့်မြင့် အရာရှိများနှင့် ဆွေးနွေးရမည်။ ထိုနောက် သူသည် ဤအချက်အလက်များအား ပေးပို့ပြောဆိုပြီးနောက် ဂါးဒီးဝမ်းသို့ ပြန်သွားရမည်။

သို့သော် ထိုအချိန်မှာပင် အောက်ဘက်ရှိ ပင်လယ်ပြင်ထဲက ကျယ်လောင်သော အသံများနှင့်အတူ ရေပြင်သည် တုန်ဟည်းလာခဲ့သည်။

ဘုန်း...

အောက်ဘက်ရှိ မြင်ကွင်းသည် မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ပေါ်လာသည်။

လှိုင်းထနေသော ပင်လယ်ရေမျက်နှာပြင်တွင်... သန္ဓေသားတစ်ခုသည် ရုတ်တရက် ပေါက်ကွဲသွားပြီး အပြာရောင်သွေးများ ပတ်ဝန်းကျင်​ရေ​ပြင်အနှံ့ လွှင့်စင်သွားကာ ကိုင်းဂျူးသားရဲတစ်ကောင် သန္ဓေသားအတွင်းမှ တိုးထွက်လာသည်။

ယင်းသန္ဓေသားကနေ ပေါက်ဖွားလာသော ကိုင်းဂျူးသားရဲသည် ၎င်း၏ ခြေလက်များကို အသုံးပြုကာ ရေမျက်နှာပြင်အထက်သို့ ကူးတက်လာခဲ့သည်။ ၎င်းသည် ကိုင်းဂျူးသားရဲငယ်လေးသာ ဖြစ်သော်လည်း ကိုင်းဂျူးသားရဲများနှင့် ရင်းနှီးနေသော မိုနန်နှင့် ကျိုးကျန်းကျိုးသည် ၎င်းက အဆင့် (၅) ကိုင်းဂျူးသားရဲမှန်း သိလိုက်သည်။

ကိုင်းဂျူးသားရဲငယ်သည် သန္ဓေသားအခွံလွှာမှ ဖောက်ထွက်လာပြီးနောက် ၎င်း၏ သေးငယ်သော လက်များဖြင့် ရေကူးလှည့်ပတ်ကာ အဆက်မပြတ်အော်ဟစ်နေသည်။

"ဒါတကယ့် ကိုင်းဂျူးသားရဲပဲ"

မိုနန်က လေးနက်စွာ ရေရွတ်လိုက်ပြီးနောက် ချက်ချင်းပင် အော်ဟစ်အမိန့်ပေးလိုက်သည်။

"ပြန်လှည့် ချက်ချင်း ပြန်လှည့်မယ်"

ဧရာမလေသင်္ဘော သုံးစင်းသည် ရုတ်တရက်ဆန်စွာ စက်ဝိုင်းသဏ္ဍာန်လှည့်ဆွဲ၍ ၎င်းတို့ လာရာလမ်းကြောင်းအတိုင်း ပြန်လှည်ထွက်ခွာသွား၏။

ကွပ်ကဲရေးခန်းတွင်တော့ မိုနန်နှင့် ကျန့်ကျိုးတို့သည် မျက်နှာပြင်ကို ဆက်လက် ကြည့်နေဆဲပင်။ ရုတ်တရက် သန္ဓေသား နောက်တစ်ခု ပေါက်ကွဲသွားပြီးနောက် ကိုင်းဂျူးသားရဲငယ်တစ်ကောင် သန္ဓေခွံအလွှာမှ ထွက်လာ၏။

ထိုမြင်ကွင်းသည် မိုနန်၏ မျက်နှာကို ပိုမိုလေးနက်လာစေသည်။ မိုနန်က အမှုထမ်းများကို ထပ်မံ အော်ဟစ်အမိန့်​ပေးလိုက်သည်။

"အရှိန်အမြင့်ဆုံးမြှင့် အမြန်ဆုံးဒီနေရာက ထွက်ခွာရမယ်"

ယခင်နေရာတွင်တော့ ဧရာမလေသင်္ဘောသုံးစင်းသည် ၎င်းတို့၏ အမြင့်ဆုံးအမြန်နှုန်းကို မြှင့်တင်ကာ မျက်စီတမှတ်အတွင်း မိုးကုတ်စက်ဝိုင်းအောက်၌ ပျောက်ကွယ်သွားသည်။

ကွပ်ကဲရေးခန်းတွင် မိုနန်နှင့် ကျန့်ကျိုးတို့သည် အလွန်စိုးရိမ်ပူပန်းနေကြသည်။

မိုနန်သည် တစ်စုံတစ်ရာ မှားယွင်နေသလို ခံးစားနေရသည်။ သို့သော်လည်း သူသည် ၎င်းကို မသေချာပေ။

ကိုင်းဂျူးသားရဲများသည် ထိုဧရာမတောင်တန်း သားရဲကြီးက သံသယဖြစ်ဖွယ်မရှိ မွေးဖွားလာခြင်း ဖြစ်ရပေမည်။ သူတို့ ထိုနေရာသို့ စရောက်စဉ်က အေးချမ်းနေသော်လည်း ထိုနေရာသို့ သူတို့ရောက်ရှိပြီး ခဏအကြာတွင် သန္ဓေသားများသည် တစ်ခုပြီးတစ်ခု ပေါက်ဖွားလာခဲ့၏။ ဤတွင် တစ်စုံတစ်ခုသည် မူမမှန်ပေ။

ကိုင်းဂျူးသားရဲများသည် ဤသို့ ပုံမှန်သန္ဓေတည်ခြင်းပေလော သို့မဟုတ် ထိုတောင်တန်းကြီးသဖွယ် သားရဲကြီးက မွေးဖွားပေးနေခြင်းလော။

ထိုကြောင့် ဤသတင်းကို အခြေစိုက်စခန်းဆီသို့ အမြန်ဆုံးသွားရောက် အစီရင်ခံရပေမည်။

ကျယ်ပြောသော ပင်လယ်ပြင်တွင် ဂါးဒီးဝမ်းသည် ၎င်း၏ ပုံမှန်အရှိန်ဖြင့် ရွေ့လျားနေသည်။

အခြေစိုက်စခန်းပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများသည် အရှိန်အပြည့်ဖြင့် ဆက်လက်လုပ်ဆောင်နေပြီး ၎င်း၏ ဘေးပတ်လည်ရှိ ကျွန်းများသည်လည် တူညီသောအ​မြန်နှုန်းဖြင့် အစိမ်းရောင်ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ တိုးဝင်နေကြသည်။

ဖန့်ရန်သည် သူ၏ အတွင်းစိတ်ထဲတွင် တွေးတောနေပြီး သူ၏ အတွေးများက လွင့်မျောနေသည်။

"စနစ်အမှတ်အများကြီးပေးနိုင်တဲ့ သားရဲတစ်ကောင်နဲ့ တွေ့ချင်တယ်"

"ဒါနဲ့ ဘာလို့ အဲ့ဒီဂြိုလ်သားတွေက စနစ်အမှတ်မပေးနိုင်ရတာလဲ"

ဖန့်ရန်၏ အတွေးများ လွင့်မျောသွားသည်။ သူသည် ပထမဆုံးဂြိုလ်သားများနှင့် ဆုံတွေ့စဉ်က စနစ်သည် အချက်ပြခြင်းမရှိသော်လည်း သူသည် ဂြိုလ်သားအနည်းငယ်ကို စားသုံးကြည့်ခဲ့သည်။ သို့သော် စနစ်က အချက်ပြခြင်းမရှိပေ။ ထိုကြောင့် သူသည် ဂြိုလ်သားများက စနစ်အမှတ်မပေးနိုင်မှန်း သေချာနေ၏။ ဤအခြေအနေကို သူသည် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

မည်သည့် သားရဲသတ္တဝါ အမျိုးအစားဖြစ်စေ၊ ပုရွက်ဆိတ်ပင် ဖြစ်စေကာမှု စနစ်အမှတ် ရရှိနိုင်သော်လည်း ဤဂြိုလ်သားများကမူ စနစ်အမှတ် (၁) မှတ်ပင် မတန်ခဲ့ပေ။

သူသည် ဤအကြောင်းကို စဉ်းစားနေမိသော်လည်း အကြောင်းအရင်းကို မသိရသောကြောင့် ဤအတွေးကို ဖယ်ထုတ်ကာ ယခင်အတိုင်း သားရဲများအား အမဲလိုက်ကာ စားသုံးခြင်းကို အာရုံစိုက်ခဲ့သည်။

ကိုင်းဂျူးသားရဲများသည် ဂါးဒီးဝမ်းကို လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက တိုက်ခိုက်လာခြင်း မရှိသော်လည်း အခြေစိုက်စခန်း၏ ဘေးပတ်လည်ရှိ ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများ၏ အရေအတွက်သည် မကုန်ခန်းနိုင်သလို အဆုံးမရှိအောင် ရှိနေလေသည်။ သူသည် ဤရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများသည် မည်သည့်နေရာမှ လာ​​သည်ကို တွေးမိတိုင်း အမှန်တကယ် အံ့သြမိသည်။

ဝီး... ဝီး...

ဖန့်ရန်သည် အတွေးလွန်နေစဉ် အဝေးမှ အင်ဂျင်ဟိန်း​​ဟောင်သံများ ထွက်ပေါ်လာပြီး ခဏအကြာတွင် လေသင်္ဘောသုံးစင်း ဂါးဒီးဝမ်း၏ ဆိပ်ကမ်းတွင် ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

လေသင်္ဘောသုံးစင်း ဖြည်းညှင်းစွာ ဆင်းသက်လာစဉ် ဖုန်မှုန့်များသည် တိမ်တောက်သဖွယ် လေထုထဲသို့ ပျံတက်သွား၏။ ဤခဏအကြာတွင် ဖုန်မှုန့်တိမ်တိုက်များထဲမှ အရိပ်များစွာ အလျင်အမြန် ပြေးထွက်လာပြီး ကွပ်ကဲရေးစခန်းထဲသို့ စိုးရိမ်တကြီး ပြေးသွားကြသည်။

"တစ်ခုခုဖြစ်လာတာလား"

၎င်းကို မြင်လိုက်ရသော ဖန့်ရန် အနည်းငယ် အံ့အားသင့်သွားသည်။

......

အခန်း ၂၅၉ - အစည်းအဝေး

အစည်းအဝေးခန်းမတစ်ခုတွင် လေထုသည် တင်မာနေသည်။

မဟာအင်အားကြီးသုံးနိုင်ငံမှ အရေးကြီးသော အဖွဲ့ဝင်များသည် ၎င်းတို့၏ ထိုင်ခုံများတွင် ထိုင်နေကြသည်။ ၎င်းသည် အမြင့်ဆုံးသော အဆင့်ရှိပုဂ္ဂိုလ်များ၏ အစည်းအဝေးတစ်ခု ဖြစ်သည်။

ကွန်ဖရင့်စားပွဲ၏ ရှေ့ဆုံးတွင် ခန့်ညားထည်ဝါသော အမျိုးသားသုံးယောက် ထိုင်နေကြပြီး ၎င်းတို့သည် အမေရိကန်၊ ဟွာရှနှင့် ရုရှားတို့၏ ခေါင်းဆောင်များ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် လူသားမဟာမိတ်အဖွဲ့၏ အမြင့်ဆုံးအဆင့်ရှိ ခေါင်းဆောင်များလည်း ဖြစ်ကြသည်။

ရုတ်တရက် ဟွာရှ၏ ခေါင်းဆောင်သည် မတ်တပ်ထရပ်ပြီး အစည်းအဝေးခန်းမရှိ အခြားလူများကို ပြောလိုက်သည်။

"လူကြီးမင်းတို့ကို ကျွန်တော်တို့ ဒီတစ်ကြိမ် ခေါ်ယူရခြင်းက ကျွန်နှုတ်ပ်တို့တွေ အလွန်အရေးကြီးတဲ့ အရာတစ်ခုကို ရှာ​ဖွေ​တွေ့ရှိခဲ့လို့ပဲ ဖြစ်ပါတယ်"

သူ၏ မျက်လုံးများသည် စားပွဲရှည်၏ အခြားတစ်ဖက်ဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် အမျိုးသား နှစ်ယောက်ရှိ​နေသည်။ တိတိကျကျပြောရသော် မိုနန်နှင့် ကျန့်ကျိုးတို့ ဖြစ်သည်။

အလွန်အဆင့်မြင့်သော ခေါင်းဆောင်အကြီးအကဲများ၏ စိုက်ကြည့်ခြင်းကို ခံနေရသော မိုနန်နှင့် ကျန့်ကျိုးတို့သည် စိတ်တည်ငြမ်အောင် မနည်းပင် ရုန်းကန်နေရသည်။

"ဒါကတော့... ဗိုလ်ကြီး မိုနန်နဲ့ သူ့ရဲ့လက်အောက်ငယ်သား ကျန့်ကျိုးတို့ ဖြစ်ပါတယ်"

ဟွာရှ ခေါင်းဆောင်က ထိုနှစ်​ယောက်ကို မိတ်ဆက်ပေးပြီးနောက် ဆက်လက်ပြောဆိုသည်။

"မကြာသေးမီက ဗိုလ်ကြီး မိုနန်ဟာ (Z-76) စစ်သင်္ဘောကို အသုံးပြုပြီးတော့ ကီလိုမီတာ နှစ်သောင်းငါးထောင်ကျော် အကွာအဝေးကို ဖြတ်ကျော်ပြီး ခရီးသွားခဲ့ပါတယ်"

၎င်း၏ စကားကို ကြားနေရသော အစည်းအဝေးခန်းမတွင် တီးတိုးဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။ ယခင်က လူတစ်ဦးတစ်ယောက်ပင် ဤပင်လယ်နက်ထဲသို့ ဝင်ရောက်ရန် မဝံ့ရဲခဲ့ကြပေ။

"မစ္စတာလုချန်း ဒါဆို ဒီဗိုလ်ကြီး မိုနန်က တစ်ခုခုကို တွေ့ရှိခဲ့လို့လား... ဧကန်တ ဂြိုလ်သားတွေရဲ့ အခြေစိုက်စခန်းကို တွေ့ခဲ့တာလား"

ဟွာရှ ခေါင်းဆောင် လုချန်းဘေးတွင် ထိုင်နေသော အမေရိကန် သမ္မတက ရုတ်တရက် ဝင်ပြောလိုက်သည်။ အမေရိကန်၏ ဤခေါင်းဆောင်သည် (သမ္မတ) ဆံပင်ဖြူကာ မုတ်ဆိတ်မွေးရှိပြီး နှာတံရှည်၍ မျက်လုံးပြာသည့် သက်ကြီးပိုင်း အမျိုးသားတစ်ယောက် ဖြစ်သည်။

"ဟုတ်ပါတယ်။ မစ္စတာ ဝီလ်ဆင်"

လုချန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဒီကိစ္စက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေပါတယ်"

လုချန်း၏ လေးနက်သော ဤဝါကျသည် အမေရိကန် သမ္မတကို ပြုံးမိစေသည်။

"သူတို့တွေ ဂြိုလ်သားတွေရဲ့ အခြေစိုက်စခန်းကို မြင်ခဲ့တာလား"

သူ၏ မျက်လုံးများက မိုနန်နှင့် ကျန့်ကျိုးတို့အပေါ်တွင် စိုက်ဝင်နေပြီး ထိုနှစ်ဦးကို အလွန်စိတ်လှုပ်ရှားစေသည်။ အထူးသဖြင့် ကျန့်ကျိုးသည် အလွန်စိတ်လှုပ်ရှား​နေပြီး မသက်မသာ ခံစားနေရသည်။

"မိုနန် မင်းရိုက်ကူးလာခဲ့တဲ့ ဗီဒီယိုမှတ်တမ်းကို ပြလိုက်ပါ"

လုချန်းက ၎င်း၏ ထိုင်ခုံတွင် ထိုင်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

မိုနန်သည် လေးနက်စွာ ခေါင်းညိတ်ပြီး ပရိုဂျက်တာကို ဖွင့်ကာ စတင်ရှင်းပြသည်။

"အဲ့ဒီအချိန်က ကျွန်တော်တို့အားလုံး ပြန်လာဖို့ စီစဉ်နေကြတာပါ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့ အလွန်အံ့သြစရာကောင်းတာကို တွေ့ခဲ့ရပါတယ်"

ဟိုလိုဂရမ် မျက်နှာပြင်တစ်ခု ဆန့်ကျင်ဘက်နံရံတွင် ပေါ်လာသည်။ မျက်နှာပြင်ပေါ်တွင် ပင်လယ်ပြင်ကြီး ရှိနေ၏။ ပင်လယ်ရေမျက်နှာပြင်သည် ရံဖန်ရံခါ လှိုင်းခွပ်ငယ်များ ထသည်မှလွဲ၍ အလွန်ငြိမ်သက်နေသည်။ ကြည်လင်ပြတ်သားမှု မြင့်မားသော ကင်မရာကြောင့် မြင်ကွင်းသည် အလွန် ရှင်းလင်းနေသည်။

ဤသည်က အသစ်အဆန်း မဟုတ်​တော့ပေ။ ဤအစည်းအဝေးခန်းမရှိ လူတိုင်းသည် ဤမြင်ကွင်းကို အကြိမ်များစွာ မြင်ဖူးပြီးကြပြီဖြစ်၍ ငြီးငွေ့၍ပင် နေခဲ့လေပြီ။

သို့သော်လည်း လုချန်းနှင့် ဝီလ်ဆင်တို့သည် နောက်လာမည့်အရာကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။ ဆယ်စက္ကန့်ခန့်ကြာပြီးနောက် ရှေ့သို့ အဆက်မ​ပြက် ရွေ့လျားနေသော မျက်နှာပြင်တွင် ထူးဆန်းသော အရာတစ်ခု စတင်ပေါ်​ပေါက်လာသည်။

သူတို့အားလုံး၏ အမြင်အာရုံကို ဖမ်းစားလိုက်သည်က စိမ်းလန်းစိုပြေသော ဧရာမသစ်ပင်​ကြီးများ ဖုံးလွှမ်းနေသော ကျွန်းတစ်ခု၏ ကျောက်ဆောင်တစ်ခု ဖြစ်သည်။ စစ်သင်္ဘောသည် ရှေ့သို့ ဆက်လက်ရွေ့လျားလာသည်နှင့်အမျှ ကျွန်းများသည် တဖြည်းဖြည်း ပိုပို၍ များလာခဲ့လေသည်။

ထူးခြားဆန်းပြားကာ လှပသော ရှုခင်းများသည် အစည်းအဝေးခန်းမရှိ ခေါင်းဆောင်များ၏ အာရုံကို ဆွဲဆောင်နိုင်စွမ်း မရှိသေးပေ။ သူတို့သည် ဤကဲ့သို့ မြင်ကွင်းများအား အကြိမ်ပေါင်းမြောက်များစွာ မြင်တွေ့ဖူးခဲ့သည်။

သို့သော် ခဏမျှကြာပြီးနောက် လူတိုင်းကို အံ့အားသင့်စေသော အရာသည် ပေါ်လာခဲ့လေသည်။

"အဲ့ဒါက..."

လုချန်း၏ ဘေးရှိ ဝီလ်ဆင်က ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူသည် မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။

အစည်းအ​ဝေးခန်းမရှိ အခြားသူများသည်လည်း ဝီလ်ဆင်ကဲ့သို့ ဖြစ်သည်။ သို့သော် ဤဗီဒီယိုကို ယခင်က ကြည့်ဖူးသည့် လုချန်သည် သူ၏ စိတ်ကို တည်ငြမ်အောင် ထိန်းထားနိုင်ခဲ့သည်။

ဟိုလိုဂရမ် မျက်နှာပြင်ပေါ်တွင် အပြာရောင် ပင်လယ်ပြင်ကြီး ရှိနေပြီး ဧရာမကျွန်း​ကြီးတစ်ခုသည် ပင်လယ်ပြင်ကြီး၏ ဗဟိုချက်မ ဟု ထင်မှားလောက်အောင် ကွဲပြားစွာ တည်ရှိနေသည်။

ဧရာမကျွန်း​ကြီး၏ အပေါ်တွင် ဧရာမသစ်ပင်များနှင့် ရေကန်ကြီးများ ရှိကာ တံတိုင်းပတ်လည် ကာရန်ထားသကဲ့သို့ တောင်တန်းကြီး တည်ရှိနေသည်။ ထိုတောင်တန်းကြီးသည် ခန်မှန်းခြေအားဖြင့် အမြင့် (၁၀) ကီလိုမီတာရှိကာ ကမ္ဘာ့အမြင့်ဆုံးတောင်ထက်ပင် မြင့်မားသည်။ သို့သော် ပို၍ အံအားသင့်ဖွယ်ကောင်းသည်မှာ ၎င်း၏ အချင်းသည် ​ပို၍ ကြီးမားသောကြောင့် ၎င်း၏ အဆုံးကို မမြင်ရခြင်းပင် ဖြစ်သည်။

၎င်းသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသော်လည်း ဝါရင့်ခေါင်းဆောင်ပိုင်းများကို စိတ်မတည်မငြမ်ဖြစ်အောင် မစွမ်းဆောင်နိုင်သေးပေ။ ထိုအစား သူတို့ကို ထိတ်လန့်တကြား ဖြစ်စေသည်မှာ ၎င်းတောင်တန်းကြီးက ထွက်ပေါ်နေသော ချက်ကြိုးကဲ့သို့ အရာများနှင့် ပင်လယ်ပြင်ထဲက မရေမတွက်နိုင်သော သန္ဓသားများပင် ဖြစ်သည်။

ပင်လယ်​ရေမျက်နှာပြင်ပေါ်သို့ သန္ဓေသားများသည် ပါးလွှာသော အခွံလွှာကို ထိုးခွဲကာ တက်လာကျပြီး ၎င်းတို့၏ လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသော အင်အားများကြောင့် လှိုင်းဂရက်များ လှိုင်းလုံးငယ်များ ဖြစ်ပေါ်လာကြသည်။

ဗီဒီယိုသည် ဆက်လက် ပြသနေသော်လည်း အစည်းအဝေးခန်းမရှိ အသံများသည် အပ်ကျသံပင် ကျယ်လောင်သည်ဟု ထင်မှားလောက်အောင် တိတ်ဆိတ်သွားသည်။ ခဏကြာပြီးနောက် တောင့်တင်းနေကြသော လူသားမျိုးနွယ်၏ ထိပ်ဆုံးတွင် ရပ်တည်နေသော ခေါင်းဆောင်များသည် တည်ငြမ်မှုရရှိအောင် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ကြသည်။

"ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ"

လုချန်းက သူ၏ အကြည့်ကို ဟိုလိုဂရမ် မျက်နှာပြင်ဆီမှ ရုပ်သိမ်းကာ ကွန်ဖရင့်စားပွဲရှိ လူများကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

"မိုနန်နဲ့ သူ့အဖွဲ့သားတွေက အဲ့ဒီဧရာမတောင်တန်း​ကြီးက ကိုင်းဂျူးသားရဲ တစ်ကောင်ဖြစ်နိုင်တယ်လို့ ဆိုထားတယ်"

"ဒီကိုင်းဂျူး သားရဲက ပုရွက်ဆိတ်ဘုရင်မနဲ့ ဆင်တူတယ်။ သူက ကိုင်းဂျူးသားရဲ အမျိုးမျိုးကို မွေးထုတ်ပေးတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ခွန်အားအများကြီး မရှိနိုင်ဘူး"

"ဒါပေမဲ့ ဒီယူဆချက်က မသေချာသေးဘူး"

လုချန်းက အကူအညီမဲ့စွာဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်။

"ကျုပ်အထင်တော့ ကျုပ်တို့တွေ ဒါက အရေးပေါ်အခြေအနေသတ်မှတ်ပြီး ဒီသားရဲကို အ​မြန်ဆုံး အဆုံးသတ်သင့်တယ်။ ဒီလိုဆို သားရဲကပ်လည်း အဆုံးသတ်သွားလိမ့်မယ်"

"ဒါက အရမ်းအန္တရာယ်များတယ် မစ္စတာလု"

ဝီလ်ဆင်က အလေးအနက် ပြောလိုက်သည်။

"ကျုပ်တို့သာ ပေါ့ဆခဲ့မိရင် အလွန်ကြီးမားတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်"

ထိုခဏတွင် ဆွေးနွေးငြင်းခုံသံများဖြင့် အစည်းအဝေးခန်းမဟာ ဆူညံသွားသည်။ အများစုသည် ဝီလ်ဆင်၏ သဘောထားကို သဘောတူကြပြီး အနည်းစုကတော့ လုချန်း၏ အစွန်းရောက် သဘောထားကို ထောက်ခံကြသည်။

"ကောင်းပြီ၊ ကျွန်တော်တို့မှာ အချိန် သိပ်မရှိဘူး၊ ကျွန်တော်တို့ လေယာဉ်မှူးတွေကို သုံးပြီး အဲ့ဒီနေရာက အခြေအနေကို စုံစမ်းဖို့ စေလွှတ်မယ်။ လုံလောက်တဲ့ အချက်အလက်တွေ စုဆောင်းပြီးတဲ့အခါ အဲ့ဒီဧရာမ ကိုင်းဂျူးသားရဲကို ကိုင်တွယ်ဖို့ အစီအစဉ်တစ်ခု ရှာမယ်"

အစည်းအဝေးသည် လက်ခံနိုင်သော ဆုံးဖြတ်ချက်တစ်ခုကို နောက်ဆုံးတွင် ရောက်ရှိလာရန် အချိန်အတော်ကြာခဲ့သည်။ လုချန်းသည် ပတ်ပတ်လည်ကို ကြည့်ပြီး ထိုစကားကို ကျယ်လောင်စွာ ပြောလိုက်သည်။ အစည်းအဝေးခန်းမရှိ လူများက ခေါင်းညိတ်လိုက်ကြသည်။ ထို ကိုင်းဂျူးသားရဲသည် အလွန် ကြီးမားပြီး ၎င်းအကြောင်းကို ၎င်းတို့ ဘာမှ မသိကြပေ။

၎င်းသည် လှုပ်ရှားနိုင်သည် သို့မဟုတ် ၎င်းတို့ကို တိုက်ခိုက်နိုင်သည်လားဆိုတာကို ဘယ်သူသိနိုင်မလဲ။ ယခုအချိန်တွင် ၎င်းတို့သည် ၎င်းအကြောင်း မည်သည့် အချက်အလက်မျှ မသိဘဲ တိုက်ရိုက် ကိုင်တွယ်ရန် သတ္တိမရှိကြပေ။

"တော်သင့်ပြီ၊ ရက်အနည်းငယ်အတွင်း အဲ့ဒီနေရာကို စောင့်ကြည့်ဖို့ လူအင်အားလွှတ်လိုက်မယ်။ လေယာဉ်အုပ်စုတိုင်းက ဒီလိုထိလွယ်ရှလွယ်ကာလမှာ ပိုပြီးတော့ သတိထားသင့်တယ်။ ကိုင်းဂျူးသားရဲတွေ အကြီးစားတိုက်ခိုက်မှု စတင်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားရမယ်"

လုချန်း အစည်းအဝေးကို သူ၏ အာဏာဖြင့် နိဂုံးချုပ် ပြောကြားလိုက်သည်။ သူ ဤကဲ့သို့ ပြောရခြင်းသည် သန္ဓေသား ပေါက်ကွဲပြီးနောက် ကိုင်းဂျူးသားရဲငယ်များ ပေါ်လာသည်ကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ လူသားမဟာမိတ်၏ အမြင့်ဆုံးကောင်စီဝင်များအနေဖြင့် သန္ဓေသားများ၏ ပေါက်ကွဲခြင်းနှင့်အတူ ကိုင်းဂျူးသားရဲများ ထိုးစစ်ဆင်လာမည်ကို စိုးရိမ်နေကြသည်။

သို့သော် ၎င်းတို့အား ဖိအားအပေးနိုင်ဆုံးသည်၊ ကိုင်းဂျူးသားရဲမိခင်ပင် ဖြစ်သည်။ တောင်ကြီးကဲ့သို့ ကြီးမားသော အရွယ်အစားသည် လူတိုင်းအား ဖိအားများစေခဲ့ပြီး အသက်ရှူရ ခက်ခဲစေခဲ့သည်။

"အစည်းအဝေးပြီး....."

ဗုန်း..

လုချန်းသည် အစည်းအဝေး ပြီးဆုံးကြောင်း ပြောမည်ပြုနေစဉ် အစည်းအဝေးခန်းမရှိ ပရိုဂျက်တာကနေ ရုတ်တရက် မီးပွားများ ထွက်လာကာ ပေါက်ကွဲသွားသည်။

"ဖြစ်ပြန်ပြီ"

လုချန်းက မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်ကာ ပြောလိုက်သည်။

"ဆားကစ်စနစ် ထပ်ပြီး တိုက်ခိုက်ခံရပြန်ပြီလား"

"ဖြစ်နိုင်တယ်"

ဝီလ်ဆင်က ကူကယ်ရာမဲ့စွာ ပခုံးတွန့်ပြသည်။

"ကောင်းပြီ"

...

ပင်လယ်​ရေမျက်နှာပြင် တစ်နေရာတွင် ဖန့်ရန်သည် သူ၏ ဧရာမခေါင်း​ကြီးကို ခါလိုက်သည်။ သူသည် လျှပ်စစ်သံလိုက် လှိုင်းများကို အသုံးပြု၍ အခြေစိုက်စခန်း၏ အစည်းအဝေးခန်းမသို့ ထိုးဖောက်ဝင်ရောက်ကာ ခိုးနားထောင်ခဲ့သည်။

သို့သော်လည်း သူသည် နောက်ဆုံး၌ လျှပ်စစ်သံလိုက် လှိုင်းအားကို မထိန်းချုပ်နိုင်​တော့သောကြောင့် ပရိုဂျက်တာသည် ပေါက်ကွဲသွားခဲ့ရသည်။

"လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တွေက ကိုင်းဂျူးသားရဲမိခင်ကို ရှာတွေ့သွားပြီ။ ဒါပေမဲ့ ကိုင်းဂျူးသားရဲတွေကလည်း အကြီးစား တိုက်ခိုက်မှု စတင်ဖို့ ပြင်ဆင်နေတယ်။ ဒီရက်ပိုင်း ကိုင်းဂျူးသားရဲတွေ မတွေ့ရတာ အံ့ဩစရာ မရှိတော့ဘူး"

......

All Chapters