← Chapters

သစ္စာရှိသော ချင်းဟွာ

Vol. 106 Ch. 1054

သစ္စာရှိသော ချင်းဟွာ

Vol. 106 Ch. 1054

ထိုအချိန်တွင် ကြီးမြတ်သောမသေမျိုးဂိုဏ်းနှစ်ခုမှ ထိပ်တန်းတပည့်များက စီးတော်ယာဉ်တစ်ကောင်အတွက် ပဋိပက္ခဖြစ်ပွားခဲ့မည်ဆိုပါက သတင်းပျံ့နှံ့သွားလျှင် ရယ်စရာဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။

"မဟာကပ်ဘေးကြီးစတင်တော့မယ်၊ အစ်ကို ချင်းလွမ် သတိထားသင့်တယ်နော်" ယနေ့ ချင်းလွမ်၏သဘောထား ပျော့ပျောင်းသွားသည်ကို မြင်သောအခါ ဟုန်ကျင်းက အခွင့်အရေးကို ဆုပ်ကိုင်ကာ သူ၏လေသံကို တိတ်တဆိတ် ပြောင်းလဲလိုက်ပေ၏။

မိုးမြေကို ပြန်လည်ဖွင့်လှစ်ခြင်း၊ နေနှင့် လ လည်ပတ်ခြင်းဟု ခေါ်ဆိုကြပေသည်။

လောကသို့ မဟာကပ်ဘေးကြီးတစ်ခု ကျရောက်လာသည့်အခါတိုင်း ၎င်းသည် ကျင့်ကြံသူများအတွက် ဘေးအန္တရာယ်တစ်ခုဖြစ်သလို အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပေ၏။

ထို့ကြောင့် သူတို့နှစ်ဦးက ဗောဓိဂိုဏ်း နှင့် နတ်ဘုရားမင်းဆက်ကြားရှိ ပဋိပက္ခကို ပုံမှန်အဖြစ်သာ ရှုမြင်ခဲ့ကြပြီး ကြီးမားလှသောဆူနာမီလှိုင်းကြီး မတိုင်မီ သေးငယ်သောလှိုင်းလုံးလေးတစ်ခုမျှသာဖြစ်သည့် ကျရောက်လာတော့မည့် ကပ်ဘေး၏ လက္ခဏာတစ်ခုအဖြစ် မြင်တွေ့ခဲ့ကြချေသည်။

မသေမျိုးခုံရုံး၏တိတ်တဆိတ် ခွင့်ပြုချက်သည် အမှန်တကယ်ပင် ဤဒီရေလှိုင်းကို တွန်းပို့နေသော မျက်မြင်မရသည့် လက်တစ်ဖက်ဖြစ်ပေ၏။

မသေမျိုးသုံးပါးဂိုဏ်း အတွင်း ကျော်ကြားသော ထိပ်တန်းတပည့်တစ်ဦးဖြစ်သည့် ချင်းလွမ် အနေဖြင့် ကပ်ဘေးစတင်ပြီးနောက် ထိုဖမ်းဆုပ်ရခက်သောအခွင့်အလမ်းများကို ကြိုးပမ်းရယူရန်အတွက် ကပ်ဘေးအတွင်းသို့ သူကိုယ်တိုင်ဝင်ရောက်ရမည်မှာ သေချာလှပေသည်။

ဤသို့သော အချိန်မျိုးတွင် အရာရာတိုင်း မတည်ငြိမ်သေးချိန်၌ သူက မိမိဂိုဏ်းအတွင်းရှိ အခြား မဟာမသေမျိုးဂိုဏ်းတစ်ခုကို မည်သို့လုပ်၍ဦးစွာ စော်ကားရဲမည်နည်းဟု တွေးတောစရာပင်။

အကယ်၍ တစ်ဖက်ဂိုဏ်းက သူဤပြဿနာကို လှုံ့ဆော်ခဲ့ကြောင်း သိရှိသွားပါက ဟုန်ကျင်း အနေဖြင့် သူ၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။

"ငါ့မှာစဉ်းစားဆင်ခြင်နိုင်စွမ်း ရှိပါတယ်" ချင်းလွမ် ခန်းမအပြင်ဘက်သို့ မော့ကြည့်လိုက်ပြီး သူ၏လက်ကို အနည်းငယ် ဆန့်ထုတ်လိုက်ရာ နတ်ဘုရားအလင်းတန်းတစ်ခု ဖြတ်သန်းသွားပေ၏။

"မသေမျိုးအမိန့်တော်အရ ချန်ချင်း မသေမျိုးစစ်သူကြီးကို အစစ်အမှန်နတ်ဘုရားက နတ်ဆိုးတွေကို သတ်ဖြတ်ရာမှာ ကူညီဖို့ စစ်သည်ငါးရာနဲ့အတူ သေမျိုးလောကကို ဆင်းသက်ဖို့ အမိန့်ပေးလိုက်တယ်"

၎င်းကို ကြားလိုက်ရသောအခါ ဟုန်ကျင်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့ချေ၏။

အစစ်အမှန်နတ်ဘုရားဟူသော ဘွဲ့အမည်ကို ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ချေ။ ၎င်းတို့သည် မိုးမြေစတင်ဖြစ်ပေါ်ချိန်မှ နတ်ဘုရားများနှင့် နတ်ဆိုးများဖြစ်ကြပြီး တစ်ဦးစီတိုင်းက ထူးကဲသော နတ်ဘုရားစွမ်းရည်များ နှင့် သွေးမျိုးဆက်မှတစ်ဆင့်ပြန်လည်မွေးဖွားနိုင်စွမ်းတို့ ပိုင်ဆိုင်ထားကာ စကြဝဠာ၏အစီအစဉ်နှင့် မသေမျိုးခုံရုံး၏အာဏာစက်ကို ကိုယ်စားပြုကြပေသည်။

သူတို့အားလုံးက လောကရှိ အဆိုးယုတ်ဆုံးသောအင်အားစုများကို တပ်စွဲစောင့်ကြပ်နေကြခြင်း ဖြစ်၏။

အခြားဂိုဏ်းများမှ အခြားသော မသေမျိုးအရာရှိများနှင့် စစ်သူကြီးများက အများအားဖြင့် ပါဝင်ပတ်သက်ခြင်းကို ရှောင်ရှားလေ့ရှိကြပြီး မည်သူကများ မိမိ၏ကိုယ်ပိုင် လက်အောက်ငယ်သားများကို ထိုနေရာသို့စေလွှတ်မည်နည်းဟု စဉ်းစားစရာပင်။

၎င်းသည် သူ၏ကိုယ်ပိုင် ဂုဏ်သတင်းကို စတေး၍ပင် အမှန်တရားကို ရှင်းလင်းရန်ဖြစ်နိုင်ပါသည်လောဟု တွေးတောစရာပင်။

"ဟူး" ဟုန်ကျင်း သူ့၏လက်ဖဝါးကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပြီး အနည်းငယ်စိုးရိမ်ပူပန်မှုဖြင့် လှမ်းကြည့်လိုက်၏။

ထို ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူ၏အရေးပါမှုသည် သူ ထင်မှတ်ထားသည်ထက် ပိုမိုမြင့်မားနေပုံရပေ၏။

...

မဟာတောင်ပိုင်းတိုက်ကြီး ၊နတ်ဘုရားမင်းဆက်၏ အပြင်ဘက်ရှိ ကျင့်ကောတောင်

ဤတောင်ကို နယ်နိမိတ်အဖြစ် သတ်မှတ်ထားကာ အရှေ့ဘက်တွင် အင်ပါယာခုံရုံး၏အုပ်ချုပ်မှုအောက်ရှိ အနောက်တောင်စီရင်စုတည်ရှိပြီး အနောက်ဘက်တွင်မူ မကောင်းဆိုးဝါးများ သောင်းကျန်းရာ ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်း တည်ရှိပေသည်။

၎င်းကို ချိုင့်ဝှမ်းဟုခေါ်ဆိုသော်လည်း ၎င်းက ကိုယ်ပိုင်ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး နတ်ဆိုးအင်အားစုများရောနှောနေကာ နတ်ဆိုးနိုင်ငံတော်တစ်ခု ဖွဲ့စည်းရန် တဖြည်းဖြည်း ဦးတည်လာနေချေ၏။

ဝင်ရိုးစွန်းရှစ်ပါးအနက်မှ တစ်ခုဖြစ်သော ကျင့်ကောတောင်က ချိုင့်ဝှမ်းအတွင်း လူ့လောက နှင့် အနီးဆုံးနေရာဖြစ်ပေသည်။

မဟာနတ်ဆိုးများက မသေမျိုးခုံရုံး၏မျက်လုံးထဲတွင် ဆူးတစ်ချောင်းဖြစ်လာမည်ကို ကြောက်ရွံ့သဖြင့် အနီးသို့မကပ်ဝံ့ကြသော်လည်း ချိုင့်ဝှမ်းအတွင်းရှိ ဆင်းရဲဒုက္ခများကိုငြီးငွေ့နေသော နတ်ဆိုးများစွာရှိနေဆဲဖြစ်ပြီး လူ့လောက ၏ ကြွယ်ဝချမ်းသာမှုကို ခံစားရန် တားဆီးမှုများကို ရံဖန်ရံခါဖောက်ထွက်ရန် ကြိုးစားတတ်ကြ၏။

လက်ရှိအချိန်မှာ မွန်းတည့်ချိန်ဖြစ်ပေသည်။

ကြီးမားမြင့်မားလှသော ပုံရိပ်တစ်ခုက တောင်ခြေမှတည်ငြိမ်သောခြေလှမ်းများဖြင့် ထွက်ပေါ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်က သွေးများဖြင့် စိုရွှဲနေကာ တောက်ပနေသော ခန္ဓာကိုယ်တွင် ကြမ်းကြုတ်မှု အနည်းငယ်ကို ထပ်မံပေါင်းထည့်ထားသကဲ့သို့ ဖြစ်နေချေ၏။

အတိအကျပြောရလျှင် စစ်သည်နှင့် စစ်သူကြီး ငါးရာခန့်က တောင်ထိပ်တွင် စောင့်ဆိုင်းနေကြပြီး သူတို့၏အမူအရာများမှာ ဖော်ပြ၍မရနိုင်လောက်အောင် ရှုပ်ထွေးနေခဲ့ပေသည်။

ချင်းဟွာ မသေမျိုးခုံရုံးမှခေါ်ဆောင်လာခဲ့သော ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများ အပြင် တောင်ထိပ်တွင်ပို၍ မြင့်မားသော ပုံရိပ်တစ်ခု ရပ်နေခဲ့ပြီး အကြမ်းဖျင်းအားဖြင့် အနည်းဆုံး ကျန်းသုံးဆယ်ခန့် အမြင့်ရှိပေ၏။

သူ၏ရှေ့တွင် ချင်းဟွာ၏ရွှေရောင်ခန္ဓာဓမ္မကိုယ် ပင်လျှင် သေးငယ်နေပုံရပါသည်။

သို့သော် သူ၏ပုံရိပ်မှာ ရွှေရောင်ခန္ဓာ မဟုတ်ဘဲ သေမျိုးလောကမှရုပ်တုတစ်ခုနှင့် ပိုမိုဆင်တူနေကာ ဆေးခြယ်ထားသကဲ့သို့ အရောင်အသွေးစုံလင်ပြီးတက်ကြွနေကာ ကြမ်းကြုတ်သော အစိမ်းရောင် မျက်နှာနှင့် ထက်မြက်သောသွားများရှိပြီး ကြောက်မက်ဖွယ်ကောင်းသော်လည်း သိပ်သည်းသော ဘုန်းအာနုဘော်ဖြင့်ပြည့်နှက်နေချေ၏။

"..."

ချင်းဟွာက တစ်ခဏမျှရပ်တန့်သွားပြီး အရိုအသေပေးလိုက်ပေ၏။

"အရှင်ချင်းလွမ်ရဲ့ လက်အောက်က ပဉ္စမအဆင့်အောက် မသေမျိုးစစ်သူကြီး ချန်ချင်း က စစ်ဆေးဖို့အတွက် နတ်ဘုရားစစ်သူကြီးကို ကြိုဆိုပါတယ်"

ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်း၏ ကြီးကြပ်ရေးမှူးသည် ကောင်းကင်ဘုံရှိ ထိုက်ပိုင်ကြယ်တာရာ၏နတ်ဘုရားစစ်သူကြီးများ အနက်မှ တစ်ဦးဖြစ်ပြီး ချီဖုန်းဟု လူသိများကာ သတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်ပြီး တတိယအဆင့်အောက် အဖြစ် သတ်မှတ်ခံထားရပေသည်။

"အင်း"

ချီဖုန်းက ခံစားချက်ကင်းမဲ့စွာ တုံ့ပြန်လိုက်ပြီး သူ၏မွေးရာပါ ကြမ်းကြုတ်သော အကြည့်က လူတိုင်းအပေါ်သို့ ဖြတ်ပြေးသွားကာ နောက်ဆုံးတွင် ချင်းဟွာအပေါ်သို့ ပြန်လည်ကျရောက်သွားပြီး သူမ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးစွန်းနေမှုများကို အာရုံစိုက်ကာ သူ၏လေသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်ဘဲ မေးလိုက်ပေ၏။

"ချင်းလွမ် က မင်းကို လွှတ်လိုက်တာလား"

"ဟုတ်ပါတယ်"

ချင်းဟွာက သူမ၏ အရိုအသေပေးသော ကိုယ်ဟန်ကို ထိန်းသိမ်းထားခဲ့ချေ၏။

"မင်းတစ်ယောက်တည်း နတ်ဆိုးတွေကို

တိုက်ခိုက်နေပြီး သူတို့ကိုသစ်သားတိုင်တွေလို ဒီအပေါ်မှာ မတ်တပ်ရပ်နေခိုင်းတာက မင်းရဲ့ အကြံလား"

ချီဖုန်း က မျက်ခုံးပင့်လိုက်ပေသည်။

ချင်းဟွာက မောက်မာခြင်း သို့မဟုတ် အောက်ကျို့ခြင်းမရှိဘဲ ရိုသေစွာပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ်"

"မင်းရဲ့ ရှင်းပြချက်က ဘာလဲ"

ချီဖုန်း ခံသားချက်ကင်းမဲ့စွာဖြင့် မေးလိုက်ပေသည်။

"တိကျတဲ့ ရှင်းပြချက်တော့ မရှိပါဘူး၊ ကျုပ်အကြမ်းဖျင်း စူးစမ်းကြည့်လိုက်တာ ဒီနေရာက အရမ်းအန္တရာယ်များပြီး သူတို့ရဲ့တာဝန်ထဲမှာ မပါဘူးလို့ ခံစားရလို့ပါ..."

ချင်းဟွာ စကားမဆုံးမီမှာပင် ချီဖုန်း၏ဖြတ်ပြောခြင်းကို ခံလိုက်ရချေ၏။

"မင်းက တစ်ယောက်ယောက်ကိုပြစ်မှားမိလို့ ဒီကို အပို့ခံရတယ်၊ သူတို့ကိုပါ ဆွဲသွင်းမိလို့ အပြစ်ရှိတယ်လို့ ခံစားနေရတာလား"

ချီဖုန်း၏ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများတွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပါယ်များ ပါဝင်နေပေ၏။

မျှော်လင့်မထားဘဲ ချင်းဟွာက တည်ငြိမ်နေပြီး ဤအယူအဆကို တိုက်ရိုက်ငြင်းပယ်လိုက်ပေသည်။

"ဒါကို အပစ်‌ပေးတာလို့ ကျုပ်မထင်သလို အပြစ်ရှိတယ်လို့လည်း မခံစားရပါဘူး။ သူတို့ကို ဒီမှာ မလိုအပ်ဘူးလို့ပဲ ယုံကြည်တာပါ။ အလကားနေရင်း အသေခံခိုင်းမယ့်အစား သူတို့ကို ဒီမှာပဲထားတာ ပိုကောင်းပါတယ်။ ပြဿနာတစ်ခုခုပေါ်လာရင် အစစ်အမှန်နတ်ဘုရားတွေ ဆီကို ချက်ချင်း အကြောင်းကြားပေးနိုင်တာပေါ့"

ဤထုတ်ဖော်ပြောဆိုချက်မှာ အမှန်တကယ် မှန်ကန်သော်လည်း သူမ၏သခင်အတွက် နတ်ဆိုးအသက်တမ်း များများရရန် ကြိုးစားနေခြင်းဖြစ်ကြောင်းကိုမူ သူမက သူ့ကို တိုက်ရိုက် မပြောပြနိုင်ခဲ့ချေ။

သူမ မသိလိုက်ဘဲ ထိုအချိန်မှစ၍ လုပ်ရပ်တွင်ဖြစ်စေ စကားပြောရာတွင်ဖြစ်စေ ချင်းဟွာက အနက်ရောင်ဝတ်ရုံနှင့် ထိုလူငယ်လေးနှင့် ပို၍ပို၍ ဆင်တူလာခဲ့ပေ၏။

သူမ သတိမထားမိသောအရာမှာ ဤစကားများ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်ပင် ဖြစ်ပေသည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများ၏အမူအရာများမှာ ပိုမို ရှုပ်ထွေးလာခဲ့ချေ၏။

တည့်တိုးပြောရလျှင် ဤအမိန့်ကို ရရှိချိန်တွင် လူတိုင်းနီးပါးသည် သူတို့၏ စိတ်ထဲတွင် ကျိန်ဆဲနေခဲ့ကြပေသည်။

စစ်သူကြီး ချင်းလွမ်၏လက်အောက်တွင် ရှိနေသဖြင့် ချန်ချင်းမသေမျိုးစစ်သူကြီးက လတ်တလောတွင် မျက်နှာရနေသူတစ်ဦး မဟုတ်ကြောင်း သူတို့ သိမြင်နိုင်ပေ၏။ သူတို့အုပ်စုက အတူတကွ ဒုက္ခခံရရုံသာမက သူတို့၏အသက်အန္တရာယ်မှာလည်း စိုးရိမ်ရပြီး မည်သည့် အကျိုးအမြတ်မျှလည်း မရှိခဲ့ချေ။

သို့သော် ကျင့်ကောတောင်သို့ ရောက်ရှိပြီးနောက် ချန်ချင်းမသေမျိုးစစ်သူကြီး ပြုလုပ်ခဲ့သမျှကို လူတိုင်းက ရှင်းလင်းစွာ မျက်မြင်တွေ့ရှိခဲ့ကြပေ၏။

သူမ တစ်ယောက်တည်း နတ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ပြီး ဤစစ်ဆေးရေးဂိတ်ကို သူမ တစ်ယောက်တည်းကပင် ထိန်းသိမ်းထားခဲ့ပေသည်။

ယခုအချိန်အထိ တတိယအဆင့်အောက် အစစ်အမှန်နတ်ဘုရား တစ်ပါး၏ရှေ့မှောက်တွင်ပင် ဤမသေမျိုးစစ်သူကြီးက အရှင်ချင်းလွမ် အပေါ် မည်သည့် မကျေနပ်ချက်မျှမထားရှိခဲ့ဘဲ သူတို့၏တာဝန်များမှ လုံးဝ ကင်းလွတ်စေရန် ဤကဲ့သို့သော စကားလုံးများကို တမင်တကာ အသုံးပြုခဲ့ချေသည်။

All Chapters