← Chapters

ဗိုက်ကားအောင်စားပြီးနောက် လူရိုက်နှက်ခြင်း ၂

Vol. 106 Ch. 1057

ဗိုက်ကားအောင်စားပြီးနောက် လူရိုက်နှက်ခြင်း ၂

Vol. 106 Ch. 1057

နောက်တစ်ခဏတွင် သူမ၏အပြုံး ပျောက်ကွယ်သွားပြီး သူမ၏တောက်ပနေသော ရွှေရောင်မျက်လုံးများမှအေးစက်သောအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပေ၏။

လူသူကင်းမဲ့နေသော အပျက်အစီးများကြားတွင် မည်သည့်အချိန်က ရောက်ရှိလာမှန်းမသိသော ခရမ်းရောင်ဝါးပင်တစ်ပင်က ကောင်းကင်ယံသို့ ထိုးတက်နေပြီး ကောင်းကင်သို့ပျံတက်နေသော မြွေရှည်ကြီးတစ်ကောင်ကဲ့သို့ သွယ်လျကာ အနည်းငယ်ယိမ်းနွဲ့နေသည်ကို မြင်တွေ့လိုက်ရချေသည်။

"..."

၎င်းကို မြင်လိုက်ရသောအခါ ယိုယွင်ရှန်း၏ရင်ထဲတွင် တင်းကျပ်သွားခဲ့၏။

စောင့်ကြပ်ရသည့် နေ့ရက်များစွာက ဒီရေလှိုင်းများကဲ့သို့ဝင်ရောက်လာသော နတ်ဆိုးလှိုင်းလုံးများနှင့် အသားကျနေစေခဲ့ပြီဖြစ်သည်။ ကံဆိုးမိုးမှောင်ကျမှုများကို မျှော်လင့်ထားခဲ့သလို သူတို့က ၎င်းတို့နှင့်အကျွမ်းတဝင်ရှိနေပြီဖြစ်ပေ၏။

နတ်ဆိုးလှိုင်းလုံးတစ်ခု ပျက်စီးသွားပြီးနောက် လူတိုင်းသတိလက်လွတ်ဖြစ်သွားချိန်တွင် ဤနေရာ၏အစစ်အမှန် နတ်ဆိုးဘုရင် နှင့် ကြုံတွေ့ရမည်ဟု ဘယ်သောအခါကမျှမျှော်လင့်မထားခဲ့ကြချေ။

"ပြင်ပကမ္ဘာကြီးကိုမြင်ချင်တဲ့ ဆန္ဒတစ်ခုပါပဲ၊ ငါကလည်းပြင်ပနယ်မြေတွေက မသေမျိုးတောင် တစ်ခုပေါ်မှာမွေးဖွားလာပြီး သဘာဝရဲ့ဝိညာဉ်စွမ်းအင်နဲ့ ကြီးပြင်းလာခဲ့တာဆိုတော့ ငါ့ရဲ့ဇာစ်မြစ်က မင်းတို့ထက် ဘယ်လောက်တောင်ပိုပြီး မြင့်မြတ်လဲဆိုတာ ဘယ်သူသိမှာလဲ"

"လုပ်ရပ်တွေကအရမ်းလွန်ကဲလာရင် လက်တုံ့ပြန်မှုကို ဖိတ်ခေါ်သလိုဖြစ်တတ်တယ်" ခရမ်းရောင်ဝါးပင်၏ခါးလယ်မှ အက်ကွဲကာဖြာကျလာပြီး ထိုအပေါ်တွင် ဘူးသီးခြောက်ကို ကိုင်ထားကာ မျက်နှာနီရဲနေသော လျှော်ထည်နှင့် အကြီးအကဲတစ်ဦး ထိုင်နေပေ၏။

သူက ဘူးသီးခြောက်ကိုပြောင်းပြန်လှန်ကာ ပြင်းပြင်းထန်ထန်ခါရမ်းလိုက်ပြီး ခံစားချက်ပါပါဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် ကြမ်းကြုတ်သော အပြုံးတစ်ခု တဖြည်းဖြည်းပေါ်လာခဲ့ချေ၏။ "အခု မင်းတို့ရဲ့လက်တုံ့ပြန်မှုရောက်လာပြီ"

လူကြီး၏ရယ်မောသံများ ပြန့်နှံ့သွားသည်နှင့်အမျှ တိမ်များထဲသို့ ထိုးတက်နေသော ခရမ်းရောင်ဝါးပင်ကထက်မြက်သော ဓားတစ်လက်ကဲ့သို့ ဖြည်းညှင်းစွာကိုင်းညွတ်သွားပြီး ကျင့်ကောတောင်၏တောင်ထိပ်ဆီသို့ တည့်တည့် ဦးတည်သွားလေ၏။

"မသေမျိုးစစ်သူကြီး နာမည်လေးပြောပြပေးပါလား၊ဒါမှ သေမျိုးလောကကို ပြန်ရောက်တဲ့အခါ ငါ့ကိုယ်ငါမိတ်ဆက်ရင်း ကြွားလို့ရအောင်လို့ပါ" သူက ယိမ်းထိုးကာမတ်တပ်ရပ်လိုက်ပြီး ရှေ့သို့ အနည်းငယ်ယိုင်ကာတောင်ထိပ်ဆီသို့ သူ၏လက်ညိုးကို ဆန့်ထုတ်လိုက်ပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုင်းညွတ်နေသော ခရမ်းရောင်ဝါးပင်ကတွင်းထဲမှ ထွက်လာသော ဝိညာဉ်မြွေ တစ်ကောင်ကဲ့သို့ ပေါက်ကွဲထွက်လာပြီးလေထဲတွင်မရေမတွက်နိုင်သော ဝါးစအကျိုးအပဲ့များအဖြစ် ပြောင်းလဲသွားကာ အရှေ့ဘက်မှ လာသောခရမ်းရောင်စွမ်းအင်ကဲ့သို့ မိုင်ပေါင်းထောင်ချီရှည်လျားသော ဓားတစ်လက်အဖြစ်ပြောင်းလဲသွားချေ၏။

ဓားမြည်သံများ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများက ပြိုင်ဘက်၏မည်သူမည်ဝါဖြစ်ကြောင်းကိုပါ အတည်ပြုနိုင်ခဲ့ကြပေသည်။

ချင်းယွင်၏ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ငါးဦးဖြစ်သည့် ထင်းရှူး ၊ ဝါး ၊ ပညာရှင်သစ်ပင် ၊ မိုးမခ ၊ ယန် တို့အနက် ဤလူကြီးက ကောင်းကင်နှင့မြေကြီးကို ဆက်သွယ်ပေးသောခရမ်းရောင်ဝါးပင် ဖြစ်ပြီးသဘာဝအတိုင်း မွေးဖွားကြီးပြင်းလာကာ ထိုက်ယီမသေမျိုးနယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်ပေ၏။

မရေမတွက်နိုင်သော ခရမ်းရောင်ဓားများက ကြွေကျလာသောကြယ်များကဲ့သို့ ပြင်းထန်စွာထိုးနှက်လာပြီး တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားချေသည်။

သို့သော် ကျင့်ကောတောင်တစ်ခုလုံးမှာမူ ထိခိုက်မှုမရှိဘဲကျန်ရစ်ခဲ့ပြီး ခရမ်းရောင်အလင်းက မျက်မြင်မတွေ့ရသောရေမျက်နှာပြင်တစ်ခုထဲသို့ ကျဆင်းသွားကာ လှိုင်းဂယက်အနည်းငယ်ကိုသာ ဖြစ်ပေါ်စေခဲ့ပေ၏။

ချင်းဟွာ၏ဧရာမ ရွှေရောင်လက်ဖဝါးထဲတွင် မသေမျိုးတံဆိပ်က အလွန်သေးငယ်နေပုံရသော်လည်း ၎င်းက လူတိုင်း၏အကြည့်ကို ဆွဲဆောင်ထားနိုင်ခဲ့ချေသည်။

ပဉ္စမအဆင့် မသေမျိုးတံဆိပ်က နည်းလမ်းများကို ဘေးဖယ်ထားပြီး ၎င်း၏အနှစ်သာရကိုသာ ထည့်သွင်းစဉ်းစားမည်ဆိုလျှင် အနည်းဆုံးတော့ ကပ်ဘေးငါးရာကို ဖြတ်ကျော်နိုင်ခဲ့သော ထိုက်ယီမသေမျိုး တစ်ပါးနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ယခင်ရက်များက စွမ်းအင်များစွာကုန်ဆုံးသွားခဲ့သော်လည်း ခရမ်းရောင်ဝါးပင်သက်သက်ဖြင့် ခုခံနိုင်မည့် အရာမျိုးမဟုတ်ချေ။

ဤအချက်ကို နှစ်ဖက်စလုံးက နားလည်ထားကြပေ၏။

အကြီးအကဲကျူရှန်းက ကြမ်းကြုတ်သော အပြုံးကိုဆင်မြန်းထားဆဲဖြစ်ပြီး သူ၏ဓားလက်ချောင်းများကို နောက်တစ်ကြိမ်လှုပ်လိုက်ရာ ကောင်းကင်သို့ထိုးတက်နေသော ခရမ်းရောင်ဝါးပင်က အနည်းငယ်တုန်ခါသွားပြီး ၎င်း၏စွမ်းအားများကို ထိန်းချုပ်ထားလိုက်ပေသည်။

ချင်းဟွာက မသေမျိုးတံဆိပ်ကို ထုတ်ယူကာ စစ်သည်များအားလုံးကို ကာကွယ်ပေးလိုက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်၏။

ကောင်းကင်ကန့်လန့်ကာ အတွင်းတွင် ရှီယုံက ကြိုတင်ပြင်ဆင်ထားသော အစီအရင်တစ်ခုကို လည်ပတ်နေပြီး ခရမ်းရောင်ဝါးပင်ကျဆင်းလာသည့် အခိုက်အတန့်တွင် လူအုပ်ထဲမှဆုတ်ခွာသွားခဲ့သော်လည်း သူလုံးလုံးလျားလျားလွတ်မြောက်သွားခြင်းတော့ မရှိသေးချေ။

၎င်းကို မြင်လိုက်ရသောအခါ လုပ်ဖော်ကိုင်ဖက်များစွာက အံကြိတ်ကာဒေါသထွက်နေကြသော်လည်း ချင်းဟွာက သူမ၏အကြည့်ကို ဖြည်းညှင်းစွာရုပ်သိမ်းလိုက်ပြီး အစစ်အမှန်နတ်ဘုရားများ ဤနေရာတွင်ချန်ထားခဲ့သော မဟာအစီအရင်ကိုသာ အသက်သွင်းရန် အချက်ပြလိုက်ပေ၏။

မည်သို့ပင်ဆိုစေ ၎င်းသည် ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းကိုကာကွယ်ပေးသော ခံတပ်များထဲမှ တစ်ခုဖြစ်ပြီးအကြိမ်ကြိမ်ရှင်းလင်းခဲ့သော်လည်းနတ်ဆိုးအကြွင်းအကျန်များစွာ ရှိနေသေးရာ အစစ်အမှန်နတ်ဘုရားများအနေဖြင့်ကြိုတင်ပြင်ဆင်မှုမရှိဘဲ နေမည်မဟုတ်ချေ။

သို့သော် ဤမဟာအစီအရင်က နတ်ဆိုးများကို ပိတ်လှောင်ထားရုံသာမက သူတို့၏ကိုယ်ပိုင်လူများကိုပါ ပိတ်လှောင်ထားနိုင်လေ၏။

ဝင်၍ရသော်လည်း ထွက်၍မရချေ။

ထို့ကြောင့် ချင်းဟွာ၏လုပ်ရပ်ကိုမြင်လိုက်သည့် အခိုက်အတန့်တွင် အကြီးအကဲကျူရှန်း ပင်လျှင် အံ့အားသင့်သွားပုံရပေသည်။ "မင်းက ငါနဲ့အတူ အသက်လုတိုက်ပွဲဝင်ဖို့ ရည်ရွယ်ထားတာလား"

"ခင်ဗျား ကောင်းကင်စစ်သည်နည်းနည်းကို ခေါ်ပြီး အစစ်အမှန်နတ်ဘုရားဆီ သတင်းစကားပါးလိုက်ပါ"

ချင်းဟွာက အဟန့်အတားတစ်ခုကိုသာ ချန်ထားခဲ့ပြီး အနီးအနားရှိ ယိုယွင်ရှန်းဆီသို့ ဘေးတိုက် တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"ကျွန်တော်ဒီမှာနေပြီး မသေမျိုးအစီအရင်ကို ထိန်းချုပ်ထားနိုင်ပါတယ်" ယိုယွင်ရှန်းက တစ်ခဏမျှတွေဝေသွားပြီး ညှိနှိုင်းသည့် လေသံဖြင့် ပြောလိုက်ချေသည်။

"မသေမျိုးခုံရုံးရဲ့ နည်းလမ်းတွေက ဒီလေလွင့်နတ်ဆိုးတွေ စိတ်ကူးကြည့်လို့ရတာထက် ကျော်လွန်နေပါတယ်။ကောင်းကင်စစ်သည် ငါးရာရဲ့ ခွန်အားတွေကိုစုစည်းပြီး ဒီနတ်ဆိုးကို နှိမ်နင်းဖို့ဆိုတာ လွယ်ကူပါတယ်။ သတင်းစကားပါးမယ့် ကိစ္စနဲ့ပတ်သက်လို့ကတော့... သူ့ကိုပဲ လုပ်ခိုင်းလိုက်ပါ"

သူသည် ကောင်းကင်ပေါ်ရှိ ရှီယုံကို ရည်ညွှန်းနေခြင်းဖြစ်ပေ၏။

၎င်းကို ကြားလိုက်ရသောအခါ။

ရှီယုံကလည်း ချက်ချင်းပင် ဦးညွှတ်လိုက်ချေသည်။ "စစ်သူကြီး၊ ကျွန်တော်..."

သူ စကားမဆုံးမီမှာပင် မသေမျိုးစွမ်းအားအလွှာတစ်ခုက သူ့ကိုလုံးလုံးလျားလျားဖုံးလွှမ်းသွားပြီး ကန့်သတ်လိုက်ကြောင်းကို သူ တွေ့ရှိလိုက်ရသဖြင့် သူ၏မျက်နှာမှာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား ပြောလိုက်ပေ၏။ "မြင်းတွေရဲ့ကံကြမ္မာ ၊မင်း ဘာလုပ်နေတာလဲ"

"သူ ဒီနေရာကနေ ထွက်သွားရင်သတင်းစကားပါးမလားဆိုတာ သေချာပေါက်ပြောလို့မရဘူး"

ချင်းဟွာက နောက်သို့လှည့်မကြည့်ခဲ့သလို ရှီယုံ၏စကားကိုလည်း ကြားပုံမရဘဲ ရိုးရှင်းစွာပြောလိုက်ချေ၏။ "ဒါ့အပြင် သူရဲ့တာဝန်က ငါ့ကို စောင့်ကြည့်ဖို့ဒီမှာနေရမှာဆိုတော့ အပြင်မှာ ရှိနေမယ့်အစားဒီမှာနေပြီး ပိုသေချာစောင့်ကြည့်တာ ပိုကောင်းပါတယ်"

"..."

မသေမျိုးစစ်သူကြီး၏စကားများက လူတိုင်း၏ နားထဲသို့ ကျရောက်သွားပြီး ကောင်းကင်စစ်သည်များနှင့်စစ်သူကြီးများကို ရုတ်တရက် တိတ်ဆိတ်သွားစေခဲ့ပေ၏။

ပြိုင်ဘက်က အရာရာကို သိနေသော်လည်းပြောရန်ပျင်းရိနေခြင်းသာ ဖြစ်ကြောင်း ထင်ရှားသွားချေသည်။

ရှီယုံကလည်း မှုန်ကုပ်နေပြီး သူထုတ်ပြောတော့မည့် ကျိန်ဆဲစကားများကို ပြန်လည်မျိုချလိုက်ရပေ၏။ပြောလို့မရ၍ မဟုတ်ဘဲ ဤအခြေအနေတွင် ချန်ချင်းက သူ့ကို ထွက်သွားခွင့်ပြုမည်မဟုတ်သောကြောင့်ဖြစ်သည်။

အခြေအနေက ဤကဲ့သို့ဖြစ်လညပြီဖြစ်ရာ တစ်ဖက်လူက အခြားမည်သို့သောနည်းလမ်းများ ဖုံးကွယ်ထားသေးကြောင့်းကို သေချာစောင့်ကြည့်သာကပိုကောင်းမည်။

ယနေ့ ဤမြင်းများ၏ကံကြမ္မာက ဤနေရာတွင် သေဆုံးမည် သို့မဟုတ် သူ၏အသေးစိတ် အချက်အလက်များကို အရှင်ချင်းလွမ်၏မျက်လုံးများရှေ့တွင် ထုတ်ဖော်ပြသရမည်သာဖြစ်ပြီး ဒုတိယလမ်းကြောင်း မရှိချေ။

"မင်းတို့ သွားတော့"

ယိုယွင်ရှန်းက အော်ဟစ်လိုက်ပြီး ယုံကြည်ရသော လက်အောက်ငယ်သား အနည်းငယ်ကို ခေါ်ကာ သူ၏လက်နက်များကို တိုက်ရိုက် ဝှေ့ယမ်းပြီး အစီအရင်၏အပြင်ဘက်သို့ ပို့ဆောင်လိုက်သော်လည်း သူကိုယ်တိုင်ကမူ ကျင့်ကောတောင်ထိပ်တွင် ကျန်ရစ်ခဲ့ပေ၏။

ကျဉ်းမြောင်းသောမဟာအစီအရင်အလွတ် လုံးဝပိတ်သွားသည်နှင့်အမျှ ကျင့်ကောတောင်၏အောက်ဘက်မှ ပြင်းထန်သောလေပြင်းတစ်ချက် ရုတ်တရက်ထွက်ပေါ်လာချေသည်။

ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူထဲသောအမြစ်များက မြေကြီးကို ဖောက်ထွက်လာပြီး တောင်တန်းတစ်ခုလုံးကို မြှောက်တက်လုနီးပါးဖြစ်သွားကာသိပ်သည်းသော သစ်ပင်အရိပ်များက လျင်မြန်စွာမြင့်တက်လာပြီး လေးလံသောဖိနှိပ်မှု ခံစားချက်တစ်ခုက ဤနေရာကိုလွှမ်းခြုံသွားပေ၏။

အာရုံစိုက်လုပ်ဆောင်နေပုံရသော အကြီးအကဲကျူရှန်းမှလွဲ၍ ကျန်ရှိနေသော လေးဦးကလည်း တိတ်တဆိတ်ရောက်ရှိလာပြီးမှ ချင်းဟွာ၏ပြတ်သားသော လုပ်ရပ်များကိုမျှော်လင့်မထားခဲ့ခြင်းကြောင့်ဦးစွာ ပြန်လည်ထွက်ပြေးသွားကာအတွင်းနှင့် အပြင် ပူးပေါင်းဆောင်ရွက်ရန်အစီအစဉ်မှာတိုက်ရိုက် ပျက်စီးသွားခဲ့ချေသည်။

All Chapters