← Chapters

လောကကြီးမှာ သက်သေဆိုတာ အရေးမကြီးဘူး နောက်ခံကသာအဓိကပဲ

Vol. 106 Ch. 1059

လောကကြီးမှာ သက်သေဆိုတာ အရေးမကြီးဘူး နောက်ခံကသာအဓိကပဲ

Vol. 106 Ch. 1059

အကယ်၍ ရှန်းယီသာ သူ၏မူလနည်းစနစ်များကိုသာ အားကိုးမည်ဆိုပါက ချင်းဟွာကို ကယ်တင်နိုင်ရန်အတွက် သူအစောင့်ချထားသော စီရင်စုသုံးခုကိုမလွှဲမရှောင်သာ လျစ်လျူရှုထားရပေလိမ့်မည်။

သို့သော် ထိုက်ရွှီတာအိုအသီးအပွင့်ကို အောင်မြင်စွာရရှိပြီး နတ်ဘုရားခရီးသည်ထိုက်ရွှီနယ်ပယ်သို့ ဝင်ရောက်ပြီးနောက်ကျယ်ပြန့်ပြီး အဆုံးအစမဲ့သော နတ်ဘုရားနယ်မြေက ရုတ်တရက်ဆိုသလို ကြီးမားကျယ်ပြန့်လှသည်ဟု မထင်ရတော့ပေ။

ထို့ပြင် ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းကလည်း အနောက်တောင်စီရင်စု နှင့် သိပ်မဝေးလှချေ။

ချင်းဟွာ စုဆောင်းပေးထားသော နတ်ဆိုးသက်တမ်းများကို စုပ်ယူရင်းပင် ခရီးသွားနိုင်စွမ်း ရှိနေသေးချေသည်။

ကပ်ဘေး သုံးရာ အပြည့်ရှိသော နတ်ဆိုးသက်တမ်းက ရှန်းယီ၏ကျားနဂါးတာအိုအသီးအပွင့်ကို ကပ်ဘေး လေးရာ့ခြောက်ဆယ်ကျော်ထိ ကြောက်မက်ဖွယ်အဆင့်သို့ မြှင့်တင်ပေးခဲ့ပြီး ဗောဓိဂိုဏ်း၏အစစ်အမှန်ကျမ်းစာမှ နားလည်ရခက်သောအပြောင်းအလဲများစွာကိုလည်း ရှင်းလင်းလာစေခဲ့၏။

ယခုအခါ ဤလျှို့ဝှက်နက်နဲမှုများကို ဤထိုက်ယင်နတ်ဆိုးမသေမျိုးငါးကောင်ဖြင့် စမ်းသပ်ရန် အခွင့်ကောင်းတစ်ခုပင်။

...

ရှန်းယီရုတ်တရက်ထွက်ပေါ်လာခြင်းက ချင်းယွင်သူတော်စင်ငါးပါး၏ခန့်မှန်းချက်ထက် ကျော်လွန်နေကြောင်း ထင်ရှားပေ၏။ နည်းလမ်းအမျိုးမျိုးဖြင့် စူးစမ်းရှာဖွေပြီးနောက် ကျင့်ကောတောင်တွင် တပ်စွဲထားသူများလည်းမမျှော်လင့်ဘဲ ပြောင်းလဲသွားခြင်းကို သူတို့နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့ကြ၏။

ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းတွင် ပိတ်မိနေသော်လည်း ဤနတ်ဆိုးအိုကြီးများက လောကကြီးအကြောင်း မသိနားမလည်သူများ မဟုတ်ကြပေ။

ဤမသေမျိုးစစ်သူကြီးက ကောင်းကင်ဘုံခုံရုံး တွင် အာဏာလုပွဲ၌ကျရှုံးပြီးနောက် ဤနေရာသို့ ရာထူးချခံရခြင်းဖြစ်ကြောင်း ရှင်းလင်းစွာသိမြင်နိုင်ပြီး ဤနတ်ဆိုးများ၏လက်ဖြင့် အသတ်ခံရရန်ပင် ရည်ရွယ်ထားခြင်းဖြစ်နိုင်ကြောင်း သူတို့ အလွယ်တကူ ခန့်မှန်းနိုင်ကြပေ၏။

အကယ်၍ သူတို့က ဤမသေမျိုးကို သတ်လိုက်လျှင် ကောင်းကင်ဘုံမှ မည်သူကမျှ ဤကိစ္စကို ဆက်လက်စုံစမ်းမည်မဟုတ်ကြောင်း ဖြစ်နိုင်ချေ အလွန်များပေသည်။

ဤမျှကောင်းမွန်သော အခွင့်အရေးကို လက်လွတ်ခံလိုက်ရပါက တစ်သက်တာ နောင်တရနေရပေလိမ့်မည်။

မသေမျိုးစစ်သူကြီး နှင့် သူမ၏ လက်အောက်ငယ်သားများကြားမှ စကားပြောဆိုမှုက ချင်းယွင်သူတော်စင်ငါးပါး၏အတွေးများကို ပိုမို အတည်ပြုပေးလိုက်ချေ၏။

သူတို့ မျှော်လင့်မထားခဲ့သောအရာမှာ ကောင်းကင်ဘုံတွင် ရှုံးနိမ့်မှုကြုံတွေ့ခဲ့ရပြီး ဤကဲ့သို့သောကံဆိုးနေသော ဤမသေမျိုးစစ်သူကြီး က သေမျိုးလောကတွင် အကူအညီ ခေါ်ယူနိုင်စွမ်း ရှိနေသေးခြင်းပင်။

"အစ်ကိုဟွိုင်၊ အဆင်ပြေရဲ့လား" မိုးမခသစ်ပင်နတ်ဆိုးအိုကြီးက အခြားစွမ်းရည်များကိုဘေးဖယ်ထားလျှင်ပင် လျှို့ဝှက်ဆန်းကြယ်သော လူငယ်ကျင့်ကြံသူ၏ခွန်အားမှာ အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သတိကြီးစွာဖြင့် ရှေ့သို့လှမ်းကြည့်လိုက်၏။

"ငါ သတိနည်းနည်းလွတ်သွားလို့ နည်းနည်း ထိခိုက်သွားရုံပါ" အစ်ကိုဟွိုင်ဟူသောပညာရှိသစ်ပင်နတ်ဆိုးက သူ၏တောင်ကြီးကဲ့သို့သော ခန္ဓာကိုယ်ကို မြေပြင်ပေါ်မှ ထောက်မလိုက်ရာ မြေကြီးကို နောက်တစ်ကြိမ်တုန်ခါသွားစေခဲ့ချေ၏။ ထိုသို့ပြောဆိုနေစဉ် ၎င်းသည် မိုးမခကိုင်းတစ်ကိုင်းကို နောက်ကွယ်တွင် တိတ်တဆိတ်ဝှက်ထားလိုက်ပေသည်။

ရှန်းယီ၏လက်ချောင်းထိပ်ကြောင့် ရရှိခဲ့သော ဒဏ်ရာငါးခုက ၎င်း၏ဧရာမနတ်ဆိုးခန္ဓာနှင့်နှိုင်းယှဉ်ပါက မပြောပလောက်ချေ။

သို့သော် ၎င်း၏အခေါက်များ ပေါက်ပြဲသွားပြီးနောက် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော ရွှေရောင်စွမ်းအင်က ယခုအချိန်အထိ ၎င်း၏အတွင်း၌ပြင်းထန်စွာ သောင်းကျန်းနေဆဲဖြစ်ကာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို အစ်ကိုဟွိုင်တစ်ယောက်တည်းသာ သိရှိပေ၏။

ဘာမှမဖြစ်ဟုထင်ရသော်လည်း မတ်တပ်ရပ်လိုက်ခြင်းကပင် ၎င်း၏ခွန်အားအားလုံးကို ကုန်ခမ်းသွားစေပြီး ၎င်း၏နတ်ဆိုးစွမ်းအား အားလုံးကို ရွှေရောင်စွမ်းအင်အား ခုခံရန် အသုံးပြုနေရကာ အနည်းငယ်မျှပင် သတိလက်လွတ်မနေရဲချေ။

ရိုးရိုးရှင်းရှင်းပြောရလျှင် တစ်ချက်တည်းဖြင့် ပြိုင်ဘက်က သူ့ကိုယာယီတိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားစေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် အစ်ကိုဟွိုင်က မတ်တပ်ရပ်ရန် အတင်းအကျပ်ကြိုးစားနေဆဲပင်။

ယနေ့ အခွင့်အရေးကို လက်လွတ်ခံ၍ မဖြစ်ပေ။

အကယ်၍ အခြားအဖော်များက သတ္တိကြောင်ပြီး ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းသို့ ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ပါက စွန့်ပစ်ခံရမည့်သူမှာ သူဖြစ်လာမည်ကို ရှောင်လွှဲ၍မရနိုင်ချေ။

"ဟက်"

ခရမ်းရောင်ဝါးပင်ပေါ်တွင် ရပ်နေသော အဘိုးအိုက သူ၏လက်ထဲရှိ ဘူးသီးခြောက်ကို ရုတ်တရက် ချေမွပစ်လိုက်ပေ၏။ "မင်းလို သာမန်သေမျိုးတစ်ယောက်က မသေမျိုးခုံရုံးရဲ့ကိစ္စတွေကို ဝင်စွက်ဖက်ရဲတယ်ဆိုတော့ မင်းကဘယ်လိုနောက်ခံမျိုး ရှိနေလို့ ငါတို့ရှေ့မှာလာရပ်ရဲတာလဲ"

သူ စကားပြောနေစဉ် အချိန်ကြာမြင့်စွာ စုဆောင်းထားသောခရမ်းရောင်ဝါးပင်က နောက်တစ်ကြိမ် ထိုးထွက်လာခဲ့၏။

ယခင် စမ်းသပ်တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ပါက ဤတိုက်ခိုက်မှုက အစစ်အမှန်ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။ ခရမ်းရောင်တိမ်တိုက်များက မိုင်ပေါင်းများစွာကိုမြည်ဟိန်းသွားပြီး ကျယ်ပြန့်လှသော ဓားအလင်းတန်းများက မိုးသက်မုန်တိုင်းကဲ့သို့ ဖြာကျလာကာကောင်းကင်ယံတွင် သိပ်သည်းသော ခရမ်းရောင်ဝါးပင်များအဖြစ် စုစည်းသွားပြီး အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်ဆီသို့ အားလုံးပစ်ဝင်သွားကြချေသည်။

ဘန်း...ဘန်း

ထက်ရှသောခရမ်းရောင်ဝါးပင်က မသေမျိုးဓား တစ်လက်ကဲ့သို့ ရှန်းယီအပေါ်သို့ တိကျစွာကျရောက်လာခဲ့ပေ၏။

ထို့နောက် ကျောက်ခဲကို ကြက်ဥဖြင့် ပေါက်သကဲ့သို့ တစ်လက်မချင်းကြေမွသွားကြပြီး သူ၏အရေပြားကိုပင် မထိုးဖောက်နိုင်ဘဲတစ်ခုပြီးတစ်ခုကျိုးပဲ့ပျက်စီးသွားကြသည်။

အကြီးအကဲကျူရှန်း၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ဤမြင်ကွင်းမှ တစ်စုံတစ်ခုကို သူဝိုးတဝါးခန့်မှန်းမိလိုက်ပေ၏။

ဓားအလင်းတန်းမှေးမှိန်သွားပြီး ကြည်လင်သော ခရမ်းရောင်ဝါးပင် တစ်ပင်က နောက်သို့ အလျင်အမြန် ဆုတ်ခွာရန် ကြိုးစားလိုက်သည်။

...

ရှန်းယီ သူ၏အကြည့်ကို အနည်းငယ် ပင့်လိုက်ပြီး သူ၏လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းကာ လက်ညိုးနှင့်လက်ခလယ်ကို ပူး၍ ခရမ်းရောင်ဝါးပင် ပေါ်သို့ ခေါက်လိုက်၏။

ထို ခရမ်းရောင်ဝါးပင်က ရုတ်တရက် တုန်ခါသွားပြီး ဝိုင်းပြည့်နေသောလှကဲ့သို့ တောင့်တင်းနေသော ၎င်း၏ရှည်လျားသောခန္ဓာကိုယ်က ရုတ်တရက် ကွေးညွတ်သွားချေသည်။

ခန္ဓာကိုယ်အတွင်းရှိ လွှမ်းမိုးနိုင်လွန်းသော အင်အားကိုဖြေဖျောက်ရန် အပြင်းအထန်ရုန်းကန်နေရသော်လည်း ကြည်လင်တောက်ပနေသော ဝါးမျက်နှာပြင်က အဝတ်စတစ်ခုကဲ့သို့စုတ်ပြဲသွားခဲ့၏။

"ဖူး.."

အကြီးအကဲကျူရှန်း လွင့်စင်သွားပြီး သွေးများ အန်ထုတ်လိုက်ကာ သူ၏ပုံရိပ်မှာမှေးမှိန်သွားပြီး လေထဲတွင်ဖြည်းညှင်းစွာ ပျောက်ကွယ်သွားချေသည်။

မိုးမခသစ်ပင်နတ်ဆိုးက ပုံရိပ်ကိုဂရုမစိုက်တော့ဘဲ သူ၏များပြားလှသော မိုးမခကိုင်းများကို မြှောက်ကာ လုံးဝအဆုတ်မဖြဲခံရစေရန် ကျန်ရှိနေသော ခရမ်းရောင်ဝါးပင်ကို ချုပ်နှောင်လိုက်၏။

သို့သော် သူ၏နားထဲတွင် ပဲ့တင်ထပ်နေသည်မှာ အခြားတစ်ယောက်၏တိုတောင်းပြတ်တောင်း ရေရွတ်သံများသာဖြစ်ချေသည်။

"ရွှေရောင်ခန္ဓာ... နတ်ဆိုးတွေကို နှိမ်နင်းမယ်..."

အမှန်ပင် လောကကြီးတွင် ဤသို့သော သက်ရှိများ ရှိနေသေးသည်။ သူတို့က ကပ်ဘေးများမှတစ်ဆင့် သူတို့၏ရွှေရောင်ခန္ဓာများကို တည်ဆောက်ကြပြီး မိစ္ဆာနတ်ဆိုးများအားလုံးကို ဖိနှိပ်ရန်ဗောဓိဂိုဏ်း ၏အစစ်အမှန်ကျမ်းစာ ကို အသုံးပြုကြပေ၏။

သူတို့၏ဓမ္မနည်းလမ်းက နတ်ဆိုးများကို သဘာဝကျကျပင် ဟန့်တားနိုင်ပါသည်။

"သူ့ကို ချုပ်ထား" လျူရှန်း ပြဿနာမည်သည့်နေရာမှာ ရှိနေသည်ကို ချက်ချင်း နားလည်သွားခဲ့ခ၏။ အစ်ကိုဟွိုင်နှင့် အစ်ကိုကျူတို့ နှစ်ဦးစလုံးက ချီသန့်စင်သူအမှတ်ဖြင့် ရန်သူကိုရင်ဆိုင်နေကြသော်လည်း ပြိုင်ဘက်က ထိုသို့မဟုတ်ချေ။

အားနည်းပုံရသော ဤလူငယ်လေး၏အခြေခံအုတ်မြစ်မှာ ဗောဓိဂိုဏ်း၏အာဟတ် တစ်ပါးပင် ဖြစ်ပေသည်။

မရေမတွက်နိုင်သော မိုးမခကိုင်းများထွက်ပေါ်လာပြီး မိုးရေများမိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကျဆင်းလာကာပေပေါင်းသောင်းချီမြင့်သော ရေကန့်လန့်ကာကြီးတစ်ခုကို ဖန်တီးလိုက်၏။

မရေမတွက်နိုင်သော ကပ်ဘေးများကျော်ဖြတ်လာခဲ့သော ရွှေရောင်ခန္ဓာဖြစ်နေလျှင်ပင် ဤရေကန့်လန့်ကာထဲမှထွက်ပေါ်ရန် ကြိုးစားခြင်းက ၎င်း၏အနှစ်သာရအဆင့်ကို တိုက်စားနိုင်ပြီး ရွှေရောင်ခန္ဓာကို ဆွေးမြည့်သွားစေနိုင်ပေသည်။

သို့သော် လျူရှန်း၏ဒေါသတကြီး စိုက်ကြည့်နေမှုအောက်တွင် ရှန်းယီက သူ့ဆီသို့ ချဉ်းကပ်လာပြီး ရေကန့်လန့်ကာအနီးသို့ ရောက်ရှိလာချိန်တွင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရချေ၏။

သူ ပြန်လည်ပေါ်လာသောအခါ ရေကန့်လန့်ကာ၏ အပြင်ဘက် သူ၏အရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

"အစ်ကိုကြီး ကျွန်တော့်ကို ကယ်ပါ"

လျူရှန်း၏နှလုံးသားထဲတွင် ကြီးမားသောလှိုင်းလုံးကြီးများဆူပွက်လာပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများပြည့်နှက်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် အကူအညီတောင်းခံလိုက်ပေ၏။

သို့သော်တုံ့ပြန်မှုမှာ ရှန်းယီ၏ဖိနပ်မှ ပြင်းထန်သော ကန်ချက်တစ်ခုသာဖြစ်သည်။

သေးငယ်သောပုံရိပ်က တောင်ကြီးကဲ့သို့ ကြီးမားသော သစ်ပင်နတ်ဆိုးကို ကန်လိုက်ရာ ဧရာမမိုးမခသစ်ပင်ကြီး ခါးလယ်မှ ကျိုးပဲ့သွားပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်တစ်ပိုင်းက မြေပြင်ဆီသို့ ပြုတ်ကျသွားချေ၏။

All Chapters