← Chapters

လောကကြီးမှာ သက်သေဆိုတာ အရေးမကြီးဘူး နောက်ခံကသာ အဓိကပဲ ၂

Vol. 106 Ch. 1060

လောကကြီးမှာ သက်သေဆိုတာ အရေးမကြီးဘူး နောက်ခံကသာ အဓိကပဲ ၂

Vol. 106 Ch. 1060

တောင်တန်းများလည်း ပြိုလည်းကုန်လေ၏။

လျူရှန်းပြောခဲ့သော ကျန်ရှိနေသည့် ညီအစ်ကိုနှစ်ဦးဖြစ်သည့် စုန့်ယန် နှင့် အာ့ရှန်းတို့က ရှန်းယီ ရေကန့်လန့်ကာနောက်မှ ထွက်လာသည့် အခိုက်အတန့်တွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်းခံစားလိုက်ရပြီး အလျင်အမြန် ဆုတ်ခွာသွားကြ၏။

၎င်းကိုမြင်လိုက်ရသောအခါ နတ်ဆိုးနှစ်ကောင်က ကြိုတင်တိုင်ပင်ထားခြင်းမရှိဘဲ ချက်ချင်းလှည့်ကာ ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်း၏နက်ရှိုင်းသော နေရာများဆီသို့ ထွက်ပြေးရန်ကြိုးစားကြချေသည်။

ရှန်းယီ နတ်ဆိုးနှစ်ကောင်ကို ဘေးတိုက်တစ်ချက်ကြည့်လိုက်ပြီး သူ၏ပုံရိပ်က နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်၏။

လူတိုင်းက သူက နတ်ဆိုးများ၏အနောက်တွင် ပေါ်လာမည်ဟု ထင်မှတ်ထားချိန်တွင် မှောင်မိုက်နေသောကောင်းကင်ကန့်လန့်ကာကို ရုတ်တရက် အက်ကွဲကြောင်းကြီးနှစ်ခုက ဆုတ်ဖြဲပစ်လိုက်ချေသည်။

လေပြင်းများတိုက်ခတ်လာပြီး မိုးကြိုးများ ဟိန်းဟောက်လာခဲ့၏။

ပေနှစ်ထောင်ခန့်ရှည်လျားသော အက်ကွဲကြောင်းကြီးနှစ်ခုအတွင်းမှ တောက်ပသော ရွှေရောင် ဧရာမလက်ဖဝါးကြီးတစ်စုံဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ချေသည်။ လက်ဖဝါးပေါ်ရှိ သင်္ကေတများမှာ ရှင်းလင်းပြတ်သားပြီး သဘာဝတရား၏ဝိညာဉ်စွမ်းအင်များ စုစည်းမှုမှ ဖြစ်ပေါ်လာခြင်း မဟုတ်သည့်အလား ထင်ရပေ၏။

လက်ချောင်းများကို အနည်းငယ်ကားလိုက်ရုံဖြင့် ကောင်းကင်တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားသည်။

ရွှေရောင် ဧရာမလက်ဖဝါးကြီးများက ကြီးမားလှသောအင်အားများကိုသယ်ဆောင်လာကာ လက်တစ်ဖက်လျှင် နတ်ဆိုးတစ်ကောင်စီကို ကြက်ပေါက်လေးများကို ဖမ်းသကဲ့သို့ ဆုပ်ကိုင်လိုက်ပေ၏။ ကျန်ရှိနေသော သစ်ပင်နတ်ဆိုးနှစ်ကောင်၏ထိတ်လန့်တကြား ကြည့်နေသည့် အကြည့်အောက်တွင် သူတို့ကလက်ဖဝါးထဲတွင် ကြမ်းကြုတ်စွာ ဖျစ်ညှစ်ခံလိုက်ရချေသည်။

ဂျွတ်... ဂျွတ်... ဂျွတ်...

ကြမ်းတမ်းပြီးထူထဲသော သစ်ခေါက်များက ဖန်သားများကဲ့သို့ကြေမွသွားပြီး ခိုင်ခံ့သော သစ်ပင်ပင်စည်များက လက်ချောင်းများ၏ဆုပ်ကိုင်မှုအောက်တွင် ပုံပျက်သွားကာ နောက်ဆုံးတွင် သွေးရည်များကဲ့သို့ အရည်များယိုထွက်လာခဲ့၏။

သစ်ပင်နတ်ဆိုးများ၏တိုးညှင်းသော ငိုကြွေးသံများက မျှော်လင့်ချက်မဲ့မှုများဖြင့်ပြည့်နှက်နေသည့် သားရဲတိရစ္ဆာန်များ၏ဝမ်းနည်းကြေကွဲဖွယ် ငိုကြွေးသံများနှင့် တူနေပြီး သူတို့၏ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှုများက ဧရာမ လက်ဖဝါးကြီးများကြားရှိ ရွှေရောင်အလင်းတန်းများ၏စီးဆင်းမှုအောက်တွင် ရက်စက်စွာ ဖိနှိပ်ခံလိုက်ရချေသည်။

ကြေမွကျိုးပဲ့လုနီးပါး ဖြစ်နေသော ခန္ဓာကိုယ်နှစ်ခုက ကောင်းကင်ယံမှ ပြန်လည်ပြုတ်ကျလာခဲ့ပါသည်။

လူတိုင်းက သစ်ပင်နတ်ဆိုးများကို မျက်လုံးပြူးကာ ကြည့်နေကြပေ၏။

အသက်ရှူမှန်အောင်ကြိုးစားနေသော ပညာရှိသစ်ပင်နတ်ဆိုး တစ်ကောင်တည်းသာ မိမိ၏ခန္ဓာကိုယ်အတွင်းမှ အေးစက်သော ခံစားချက်တစ်ခုမြင့်တက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရချေသည်။

၎င်းက ထိတ်လန့်တကြားနောက်သို့ လှည့်ကြည့်လိုက်သောအခါ ယခင်က ပျောက်ကွယ်သွားခဲ့သော ရှန်းယီ သူ၏အနောက်တွင် ရပ်နေပြီး သူ၏ဖြူဖျော့သော လက်ဖဝါးတစ်ခုစီတွင် ဗုဒ္ဓတံဆိပ်တော်တစ်ခုစီ လွင့်မျောနေသည်ကို မြင်တွေ့လိုက်ရပေ၏။

နဂါးများနှင့်ကျားများ ဟိန်းဟောက်သံများ သူ၏နားထဲတွင်ပြည့်နှက်သွားပြီးနောက် ရှန်းယီ က ခံစားချက်ကင်းမဲ့စွာဖြင့် လက်ဖဝါးနှစ်ဖက်စလုံးကို မြှောက်ကာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်ချေသည်။

ကျားနဂါးတောင်ဖြိုတံဆိပ်တော်

တူညီသော နည်းစနစ်ဖြစ်သော်လည်း ဘုန်းကြီးဟွေ့ကျန်း အသုံးပြုခဲ့ချိန်ကနှင့် နှိုင်းယှဉ်ပါက မိုးနှင့်မြေကဲ့သို့ ကွာခြားလှပေ၏။

ဗုဒ္ဓတံဆိပ်တော်က ပညာရှိသစ်ပင်နတ်ဆိုး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး ၎င်း၏ခန္ဓာကိုယ်အတွင်း ခဲယဉ်းစွာ ဖိနှိပ်ထားရသော ရွှေရောင်အလင်းတန်းများက မျက်စိတစ်မှိတ်အတွင်း နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာကာ ဗုဒ္ဓတံဆိပ်တော် နှင့် ချိတ်ဆက်သွားချေသည်။

သူ၏အကြည့်များက တဖြည်းဖြည်း မှိုင်းရီသွားပြီး ကျင့်ကောတောင်၏အပြင်ဘက်သို့ လှမ်းကြည့်ရင်း ၎င်း၏ခန္ဓာကိုယ်မှာ တုန်ရီသွားခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကြီးသည် ယိမ်းယိုင်လာခဲ့ချေသည်။

ခြေတစ်လှမ်း... နှစ်လှမ်း...

ကျင့်ကောတောင်ဆီသို့ပင် မရောက်မီ ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ၎င်း၏အပြင်ဘက် အရေပြားများအက်ကွဲသွားကာ အတွင်းတွင် မဟာနေမင်းကြီးတစ်စင်း ပုန်းအောင်းနေသကဲ့သို့ အက်ကွဲကြောင်းများမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ယိုဖိတ်ကျလာ၏။

ပညာရှိသစ်ပင်နတ်ဆိုးက မိုးကြိုးသံကဲ့သို့ ကျယ်လောင်သောအသံကြီးဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး ၎င်း၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစကြေမွသွားကာ တိုက်ပွဲ၏အဆုံးသတ်ကို ကြေညာလိုက်ချေသည်။

ရှန်းယီက နတ်ဆိုးငါးကောင်ကို ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ပြီး သူ၏အင်အားအပြည့်အဝကိုပင် အသုံးမပြုရသေးသည့် အမူအရာမျိုးရှိနေ၏။

လောကကြီးတွင် အနက်နဲဆုံးသော နည်းစနစ်များကို မသေမျိုးသုံးပါးဂိုဏ်း နှင့် ဗောဓိဂိုဏ်းတို့သာ ပိုင်ဆိုင်ကြချေသည်။

၎င်းတို့အနက် ပဉ္စမအဆင့် မဟာနည်းစနစ်များ ကို အဆင့်ခုနစ်ဆယ့်နှစ်ဆင့် ထပ်မံခွဲခြားထားသေး၏။

ထိုက်ရွှီတာအိုအသီးအပွင့်ဖြစ်စေ ကျားနဂါးအနှစ်သာရဖြစ်စေ နှစ်ခုစလုံးက ထိပ်ဆုံးတွင်ရှိနေပြီး အဆင့်မြင့်နည်းစနစ်များ၏အထွတ်အထိပ်ဟု ခေါ်ဆိုကြ၏။

ဤသို့သော အရာနှစ်ခုစလုံးကို သူ ကျင့်ကြံထားပါသည်။

ထိုအရာ နှစ်ခု၏ပေါင်းစပ်မှုက နောက်ဆုံးတွင် သာမန်ကျင့်ကြံသူများ နားလည်သဘောပေါက်နိုင်စွမ်း မရှိသောအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ချေ၏။

ကျန်ရှိနေသေးသော ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများ ကဲ့သို့ပင်။

ယခုလေးတင် မျက်လုံးများကို အတင်းအကျပ် မှိတ်ထားခဲ့ရသော ယိုယွင်ရှန်းပင်လျှင် အပါအဝင် ဖြစ်ပေ၏။

သူက အာဟတ်တစ်ပါးကို မြင်တွေ့လိုက်ရသည်ဟု ထင်မှတ်ခဲ့သော်လည်း ကောင်းကင်ကို ဖောက်ထွင်းခြင်းဖြစ်စေ ရေကန့်လန့်ကာများကို ဖြတ်ကျော်ခြင်းဖြစ်စေ ၎င်းတို့က ရှန်းရွှီတောင်၏ နည်းစနစ်များဆိုတာ ရှင်းလင်းနေချေသည်။

ဒါက မသေမျိုးဂိုဏ်းရဲ့တောင်ထိပ်သခင် တစ်ယောက်ရဲ့အခြေခံအုတ်မြစ်များလား... သာမန် ပဉ္စမအဆင့် ကျင့်ကြံသူတွေ နဲ့ လုံးဝကို မတူညီတဲ့ အဆင့်တစ်ခုမှာ ရှိနေတာပဲ။

ယိုယွင်ရှန်းက ပဉ္စမအဆင့်အောက် မသေမျိုးတံဆိပ်ကို ကိုင်ဆောင်ထားသော သူတို့၏ကိုယ်ပိုင် စစ်သူကြီးပင်လျှင် သူ၏အကောင်းဆုံး အခြေအနေတွင်ပင် တောင်ထိပ်သခင်ရှန်းကို အကွက်သုံးဆယ်ထိပင်တောင့်ခံနိုင်မည် မဟုတ်ကြောင်းကိုပင် ခံစားလိုက်ရ၏။

တူညီသော နယ်ပယ်တစ်ခုတည်းမှ ကျင့်ကြံသူတစ်ဦးက မသေမျိုးအင်အားစုတစ်ခုထက် ပိုမိုအားကောင်းနေခြင်းကပင် အဓိပ္ပါယ်မရှိလွန်းရာ ဤမျှလွှမ်းမိုးနိုင်လွန်းသော ခွန်အားမျိုးကို ဆိုဖွယ်ရာမရှိတော့ပေ။

ထိုအချိန်တွင် စစ်သူကြီးချန်ချင်း လှုပ်ရှားလိုက်ကြောင်းကို လူတိုင်းရုတ်တရက် သတိပြုမိသွားကြ၏။

သူမက မသေမျိုးတံဆိပ်ကို နောက်တစ်ကြိမ် ထုတ်ယူလိုက်ပြီး ခမ်းနားထည်ဝါသော မသေမျိုးစွမ်းအားကို အသုံးပြုကာ ချင်းယွင်၏သူတော်စင်ငါးပါး၏အလောင်းများကို အလျင်အမြန်သိမ်းလိုက်ချေသည်။

ဤလုပ်ရပ်အပေါ် တောင်ထိပ်သခင်ရှန်းက မည်သည့် မကျေနပ်ချက်မျှမပြသခဲ့ပေ။

"ရှီး"

ယိုယွင်ရှန်း၏နှလုံးသားမှာ တစ်ချက် ခုန်သွားခဲ့၏။

စစ်သူကြီးချန်ချင်း က လေလွင့်ကျင့်ကြံသူ တစ်ယောက်လို့ ဘယ်သူပြောတာလဲ။

ဤမြင်ကွင်းတစ်ခုတည်းကပင် တစ်ဖက်လူ၏နောက်ခံက ပဉ္စမအဆင့် မသေမျိုးများ အများစုထက် သာလွန်နေကြောင်းပြသနေပေ၏။

ဂိုဏ်းမှ စီနီယာများက သူမအတွက် ကုသိုလ်ကောင်းမှုများ စုဆောင်းပေးခြင်း၊ ဤသည်မှာ ဂိုဏ်းအတွင်းရှိ အစစ်အမှန်တပည့်များသာ ရရှိနိုင်သော အခွင့်အရေးမျိုးဖြစ်ပေသည်။

ရှန်းရွှီတောင် ကဲ့သို့သော အထောက်အပံ့တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ဤမျှနှိမ့်ချစွာ နေထိုင်တတ်ခြင်းက ယိုယွင်ရှန်းကို များစွာ အထင်ကြီးသွားစေပြီး အဝေးရှိ ရှီယုံဆီသို့ မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားစေခဲ့၏။

တကယ်ပဲ သူတို့ ဖုံးကွယ်ထားချင်တဲ့ အရာတစ်ခုခု ရှိနေလို့၊သူတို့က တကယ် နှိမ့်ချချင်လို့ မဟုတ်ဘဲ ဒီလိုပုံစံမျိုး ပြုမူနေရတာများလား။

"ရှီး ဟားဟား.."

မဟာနတ်ဆိုးငါးကောင် ဤကဲ့သို့ ဖျက်ဆီးခံလိုက်ရသည်ကိုကြည့်ပြီးနောက် ရှီယုံ၏မျက်လုံးများတွင် ရူးသွပ်သောဝမ်းမြောက်မှုများပြည့်နှက်လာပြီးရယ်မောသံများကို မထိန်းနိုင်အောင်ဖြစ်သွားခဲ့၏။

အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက်၊ နာကြည်းမှုများစွာကို သည်းခံခဲ့ရပြီးနောက်။

သူ၏တောက်ပသော အနာဂတ်က နောက်ဆုံးတွင် ရောက်ရှိလာပါတော့မည်

ဘာသောက်ကျိုးနည်းကမ္မကုသိုလ်မသေမျိုးလဲ၊ အခု မင်းရဲ့အစစ်အမှန်သဘာဝတွေ ပေါ်လာပြီဆိုတော့ မင်းဘာပြောဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။

သူ၏ရူးသွပ်နေသော အမူအရာကို ထိတ်လန့်နေသော ကောင်းကင်စစ်သည်များ မြင်တွေ့လိုက်ရသောအခါ လူတိုင်းဒေါသထွက်သွားကြသော်လည်း ယခုအချိန်တွင် မည်သူမျှ ဝင်မစွက်ဖက်ရဲကြချေ။

မည်သို့ပင်ဆိုစေ ရှီယုံက မည်မျှပင်မုန်းတီးစရာကောင်းနေစေကာမူ သူသည် စစ်သူကြီးချင်းလွမ်၏ရည်ရွယ်ချက်များကို အမှန်တကယ် ကိုယ်စားပြုနေနိုင်ကြောင်း လူတိုင်း သိထားကြပေ၏။

"စီနီယာ။ စီနီယာရှန်း "

ရှီယုံက လှောင်ပြုံးပြုံးကာ အံများကိုကြိတ်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ဒါကလည်း ခင်ဗျားတိုက်ဆိုင်လို့ ဖြတ်သွားတာပဲလား"

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်

သူမ၏သခင်အတွက် နတ်ဆိုးအလောင်းများကို ယခုလေးတင်ရှင်းလင်းပြီးခဲ့သော ချင်းဟွာက ခေါင်းကိုဖြည်းညှင်းစွာ လှည့်လာပြီး သူမ၏မျက်လုံးများက အေးစက်စွာစိုက်ကြည့်နေခဲ့၏။

ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများ အားလုံးက တိတ်ဆိတ်သွားကြပြီး ထိုနေရာတွင် ရပ်နေရင်း အနည်းငယ်တွေဝေသွားကြပေ၏။ မည်သို့ပင်ဆိုစေ သူတို့၏နှလုံးသားများက သူတို့၏အသက်ကို ကယ်တင်ပေးခဲ့သော စီနီယာနှင့် စစ်သူကြီးချန်ချင်း တို့၏ဘက်တွင် ရှိနေသော်လည်း သူတို့က အရှင်ချင်းလွမ် ၏ လက်အောက်တွင် ရှိနေကြပေသည်။

ထိုအချိန်တွင် သူတို့တတ်နိုင်သမျှမှာ ကောင်းကင်ယံတွင်လွင့်မျောနေသော အထီးကျန် ပုံရိပ်ဆီသို့ တိတ်တဆိတ်ကြည့်ရှုနေရန်သာ ဖြစ်ချေ၏။

"ဟင်"

ရှန်းယီ တည်ငြိမ်စွာလှည့်ကြည့်လိုက်ပြီး သူ၏အကြည့်များကို ကျင့်ကောတောင်ဆီသို့ ဦးတည်လိုက်ပေ၏။

သူက ရှီယုံကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ "ဒီနေရာကဖြတ်သွားရင်း တိုက်ဆိုက်လို့ငါနတ်ဆိုးကိုသတ်ဖို့ ဝင်စွက်ဖက်လိုက်တာပါ"

"စီနီယာရှန်း၊ကျွန်တော့်ကို အရူးလို့ ထင်နေတာလား။အဲဒီစကားတွေက သုံးနှစ်သား ကလေးတစ်ယောက်ကိုပဲ လှည့်စားလို့ရလိမ့်မယ်၊ ဟားဟား၊ ခင်ဗျားတို့တွေက..."

ရှီယုံက ကြမ်းတမ်းစွာရယ်မောလိုက်ပြီး သူ၏ မျက်နှာမှာ ပိုမို ကြမ်းကြုတ်လာခဲ့ပေ၏။ "ကျွန်တော်က ယုံမယ်လို့ ထင်နေတာလား"

ဤစကားများနှင့် ရင်ဆိုင်ရချိန်တွင် ရှန်းယီ တိုးညှင်းစွာသက်ပြင်းချလိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ "မင်း ယုံတာ မယုံတာက အရေးကြီးလို့လား"

၎င်းကို ကြားလိုက်ရသောအခါ ရှီယုံ၏မျက်နှာပေါ်ရှိအပြုံးက ရုတ်တရက်အေးခဲသွားပြီး ပြိုင်ဘက်၏မျက်လုံးများထဲရှိ ပေါ်တင် လှောင်ပြောင်နေမှုကြောင့် သူ၏နှုတ်ခမ်းများမှာ အချိန်အတော်ကြာတုန်ရီနေခဲ့ကာ ရုတ်တရက် အော်ဟစ်လိုက်၏။ " မသေမျိုးစစ်သူကြီးချင်းလွမ် လည်း ယုံမှာမဟုတ်ဘူး"

ဤကျယ်လောင်သော စကားသံများကြားတွင်..

ရှန်းယီက ရုတ်တရက်ရယ်မောလိုက်ပြီး သူ၏အကြည့်ကို ဖြည်းညှင်းစွာရုပ်သိမ်းလိုက်၏။ "သူ ယုံတာမယုံတာကလည်း အရေးမကြီးပါဘူး"

သူ၏တည်ငြိမ်သော လေသံတွင် နောက်ဆုံး၌လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး ထိုအခိုက်အတန့်တွင် သူတို့ရှေ့ရှိ လူက ရှန်းရွှီဘိုးဘေးလက်အောက်ရှိ တပည့်ရှစ်ဦးအနက်အထူးချွန်ဆုံးဖြစ်ပြီး ရှန်းရွှီတောင်၏ဆေးလုံးတောင်ထိပ်၏သခင်ဖြစ်ကြောင်း လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြပေ၏။

"သဘောမတူတဲ့သူ ဘယ်သူမဆို ငါ့ဆီ လာရှာခိုင်းလိုက်ပါ"

"..."

ရှီယုံက အသက်ကိုပြင်းပြင်းရှူလိုက်ရာ သူ၏မျက်နှာမှာ နီရဲသွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားချေသည်။

ဆိုလိုသည်မှာ တောင်ထိပ်သခင်ရှန်းက အရှင်ချင်းလွမ်ကဲ့သို့ သခင်တစ်ဦးအဖြစ် ရပ်တည်နေခြင်းဖြစ်ရာ အဆင့်အတန်းအရတန်းတူညီမျှရှိနေခြင်းပင်။

စတုတ္ထအဆင့် မသေမျိုးစစ်သူကြီး ရာထူးနှင့် ပတ်သက်၍ တစ်ဖက်လူက မသေမျိုးခုံရုံးမှ လူတစ်ဦး မဟုတ်သဖြင့် ဤမသေမျိုးရာထူးက ရှန်းယီကို ဖိနှိပ်နိုင်မည် မဟုတ်ချေ။

ထို့နောက်တွင် ရှန်းယီ၏နောက်ထပ်စကားများက သူ၏မျက်နှာတစ်ခုလုံးကို အနီရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားစေပြီး အရောင်အသွေးကင်းမဲ့သွားစေခဲ့၏။

"မင်းအတွက်တော့ အခွင့်အရေးရနိုင်လောက်မှာ မဟုတ်ဘူး"

ရှန်းယီ၏အသံ တိတ်ဆိတ်သွားသည်နှင့် တစ်ပြိုင်နက် ချင်းဟွာက ရုတ်တရက် သူမ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး ကျင့်ကောတောင် ပေါ်ရှိ ရှီယုံကို အတင်းအကျပ်ဖိနှိပ်ရန် မသေမျိုးစွမ်းအားကို အသုံးပြုလိုက်ချေသည်။

"တိုက်ပွဲကနေ နောက်ဆုတ်ခြင်း၊ ဆိုးယုတ်တဲ့စကားတွေ ဖြန့်ဝေခြင်း၊ စစ်သည်တော်တွေရဲ့ စိတ်ဓာတ်ကို ရှုပ်ထွေးစေခြင်း"

"ပြစ်မှုသုံးခုပေါင်းစပ်ပြီး သူ့ကို ဖမ်းပြီး နတ်ဆိုးသုတ်သင်ရေးစင်မြင့် ဆီ ခေါ်သွား"

ချင်းဟွာ၏အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် များပြားလှသော ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများက ချက်ချင်း အုပ်စုလိုက် ပြေးဝင်လာကာ မသေမျိုးချုပ်နှောင်ကြိုးကို ထုတ်ယူပြီး အပြင်းအထန် ရုန်းကန်နေသော ရှီယုံကို ဝက်တစ်ကောင်ကဲ့သို့ ချည်နှောင်လိုက်ကြချေသည်။

ယိုယွင်ရှန်းက ရှီယုံ၏မျက်နှာကို နင်းကာ သူ့ကို မြေပြင်ပေါ်သို့ ဖိချထားလိုက်၏။ "နောက်တစ်ခါ ထပ်လှုပ်ရဲရင် မင်းရဲ့ခေါင်းကို အခုချက်ချင်း ဖြတ်ပစ်မယ်"

စကားပြောပြီးနောက် သူက စစ်သူကြီးချန်ချင်း ဆီသို့ အနည်းငယ်ရှုပ်ထွေးသော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

တောင်ထိပ်သခင်ရှန်း ဤကဲ့သို့ ပြုမူနေခြင်းမှာ အဘယ်ကြောင့် သူ၏ရင်ထဲတွင် အပြစ်ရှိသလို ခံစားနေရသည်ဟု ထင်နေရပါသနည်း။

ငါတို့ရဲ့ စစ်သူကြီးမှာ တကယ်ကိုခိုင်မာတဲ့ ကျောထောက်နောက်ခံရှိနေတာပဲ၊ ပြီးတော့ တကယ်ကို နှိမ့်ချပြီးနေထိုင်တတ်တာပဲ။

ယခုအချိန်နှင့် ပတ်သက်၍မူ... ရွှံ့ရုပ်လေးတစ်ရုပ်မှာပင် သည်းခံနိုင်စွမ်းအကန့်အသတ်ရှိပေ၏။

သူတို့အားလုံးက မသေမျိုးဂိုဏ်းအတွင်း လေးစားရသောစီနီယာများ ဖြစ်ကြပြီး မည်သူက မည်သူ့ကို အနိုင်ကျင့်နိုင်မည်နည်း။

မသေမျိုးတံဆိပ်တော်ကို ကိုင်ဆောင်ထားသော စစ်သူကြီးချင်းလွမ်၏ကျင့်ကြံခြင်းက တောင်ထိပ်သခင်ရှန်းထက် များစွာ သာလွန်နေသော်လည်း ဤကဲ့သို့သောကိစ္စရပ်များနှင့် ပတ်သက်လာလျှင် အရေးကြီးသောအရာမှာ သူတို့၏ကိုယ်ပိုင်သခင်များထံမှ နှစ်သက်မှုအတိုင်းအတာသာဖြစ်ပေ၏။

တာ့လော် မသေမျိုးအရှင်၏အမွေခံများတွင် မသေမျိုးစစ်သူကြီး သို့မဟုတ် လေလွင့်ကျင့်ကြံသူဖြစ်စေ မည်သူ မှန်သည် မှားသည်ဖြစ်စေနောက်ဆုံးတွင် ဆုံးဖြတ်ချက်ချရမည့်သူမှာ တာ့လော်အကြီးအကဲနှစ်ဦးသာ ဖြစ်ချေသည်။

တောင်ထိပ်သခင်ရှန်းက သူ၏အစွမ်းအစများကို ဖုံးကွယ်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း သူ၏စကားအနည်းငယ်တွင် ပေါ်လွင်နေသော လွှမ်းမိုးခြယ်လှယ်လိုသည့် သဘောထားတစ်ခုတည်းကပင် သူက မသေမျိုးဂိုဏ်းအတွင်း ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသော မျက်နှာသာပေးခံရသည့် အစစ်အမှန်တပည့် တစ်ဦးဖြစ်ကြောင်း သေချာနေပေ၏။

သူက အခြားသူများနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရမည်ကို မကြောက်ရွံ့ချေ။

ယခုအခါ စစ်သူကြီးချင်းလွမ်က ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲသည်လောဆိုသည်ကိုသာ စောင့်ကြည့်ရမည် ဖြစ်ပေသည်။

All Chapters