← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

Chapter 5: အံ့လောက်ဖွယ်ကျင့်ကြံမှုရလဒ်

စုယွမ်လည်း အရှိန်ပြန်လျော့လိုက်၏။

ကျန်းဝေ့က ရယ်ကျဲကျဲဖြင့် သူ့နောက်လိုက်လာသည်။

သူတို့နှစ်ဦးအတူတူ လူတန်းဆီပြန်သွားလိုက်သည်။

ပြန်တန်းစီပြီးနောက် ကျန်းဝေ့က သူရရှိခဲ့သော သာလွန်အဆင့်ကျင့်စဥ်ကို ဘေးပတ်လည်သို့ လိုက်ကြွားနေတော့ရာ ဘေးနားပတ်လည်ရှိ ကျင့်ကြံဆင့်နိမ့်တပည့်များထံမှ အာရုံစိုက်မှုများကို သိမ်းယူမိတော့သည်။ ကျန်းဝေ့ကတော့ အလွန်အူမြူးနေသည့်ပုံ။

သို့သော်လည်း ဘေးမှစောင့်ကြည့်နေသော စုယွမ်ကတော့ အချို့သောလူတို့က ကျန်းဝေ့ကို မလိုတမာစိုက်နေကြသည်ကို မြင်နိုင်၏။

မည်သို့ပင်ဖြစ်စေ အများစုကတော့ မျက်လုံးကိုမှိတ်လျက် ကျင့်စဥ်ကို လေ့လာနေကာ အလွန်ကြိုးစားနေကြသည်။

စုယွမ်ကတော့ ကျင့်စဥ်ကို လေ့လာကြည့်ဖို့မလုပ်၊ သူက အလုပ်နှင့်နားနေဖလှယ်မှု၏အကျိုးသက်ရောက်မှုကို အသုံးချနေခြင်းဖြစ်၏။

ကျင့်စဥ်ကို နားလည်အောင်ဖတ်တာကလည်း ကျင့်ကြံတာလို့ပဲ ယူဆလို့ရတယ်မလား။

သူ ကျန်းဝေ့နှင့် စကားဆက်ပြောနေလိုက်သည်။

"ကျန်းဝေ့၊ မင်းသတိထားဦး။ မင်းအရှေ့က ခုနစ်ယောက်မြောက်လူက မင်းကို တော်တော်မကျေနပ်ဖြစ်နေသလိုပဲ။"

စုယွမ် သတိပေးလိုက်သည်။

ဤသည်ကိုကြားတော့ ကျန်းဝေ့က လှည့်ကြည့်ရန်ပြင်သည်။

စုယွမ် သူ့ကိုတားလိုက်၏။

"လှည့်မကြည့်နဲ့။ မြွေကိုခြောက်လိုက်သလို ဖြစ်သွားလိမ့်မယ်။"

ကျန်းဝေ့လည်း သတိမမူမိသလို ဟန်ဆောင်ပြီး ထိုတစ်ယောက်ကို တစ်ချက်ကြည့်လိုက်၍ တီးတိုးပြန်ပြောလာသည်။

"အဲ့ဒီတစ်ယောက်က ကျိုးမိသားစုက လူပေါကြော့ကောင်လေ။ သူက ငါနဲ့မြို့တူတူပဲ။ ငါသိသလောက်တော့ သူက ငါ့လောက်မတော်ပါဘူး။ ပြောရရင် သူက သေချာပေါက် သာလွန်အဆင့်ကျင့်စဥ်ကိုတော့ရမှာမဟုတ်ဘူး။ အဲ့ဒီတော့ သူငါ့ကို မနာလိုနေတာပဲဖြစ်ရမယ်။ အဲ့ကောင်သာ ရဲတင်းပြီး ငါ့ကိုလှောင်ရဲရင် သေတဲ့ထိရိုက်သတ်ပစ်မယ်။"

"အင်း။ ခြောက်တန်းမြောက်က သုံးယောက်မြောက်ကောင်၊ ခုနစ်ယောက်မြောက်ကောင်နဲ့ ငါးယောက်မြောက်က ကောင်တွေက မင်းကို ကြည်နေပုံမပေါ်ဘူး။"

စုယွမ်ဆက်ပြောလိုက်သည်။

ထိုအခါမှ ကျန်းဝေ့၏မျက်နှာမှာ ချက်ချင်းပျက်သွားရ၏။ သူ၏ဝံကြွားနေသောပုံကလည်း ကွယ်ပျောက်သွားရကာ ငြီးတွားလာတော့သည်။

"ဒါက အဲ့လောက်တောင် ကိစ္စကြီးဖြစ်သွားတာလားဟ။"

စုယွမ် သူ့ကို သတိပေးလိုက်သည်။

"နောက်ပြီး ရသွားပြီးတဲ့ကျင့်စဥ်တွေကို ကျင့်ကြံနေတဲ့လူတွေကို သတိထားမိလား။ ပထမတန်းက ထိပ်ဆုံးအဆင့်ကလူတွေတောင် ကျင့်ကြံဖို့ အပတ်တကုတ်ကြိုးစားနေကြတာ။ မင်းက ဆဋ္ဌမတန်းရဲ့နောက်ဆုံးလူဖြစ်ပြီး ဘာလို့ အဲ့ဒီလောက်တောင် ဝီရိယမရှိရတာလဲ။"

ဤသည်ကိုကြားချိန် ကျန်းဝေ့လည်း တိတ်တိတ်လေး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အမှန်တကယ်ကို ထိုသို့ဖြစ်နေမှန်းသိလိုက်ရသည်။ တပည့်အများစုက တိတ်တဆိတ်ဖြင့်သာ ကျင့်စဥ်များကို လေ့လာနေကြသည်။ လူအုပ်ကြီးမှာ ဆူညံဟန်ပေါက်နေလင့်ကစကား အမှန်တကယ်စကားပြောနေသူမှာ အနည်းငယ်သာရှိနေ၏။

"အဲ့ဒီလောက် အထုံပါရမီကောင်းတာတောင် ကြိုးစားနေကြတော့ ငါ့လို အဆင့်နိမ်အခြေခံဝိညာဉ်အရင်းအမြစ်လေးက ဘယ်လိုအသက်ရှင်ရပါ့မလဲ။"

ကျန်းဝေ့၏မျက်နှာမှာ မဲမှောင်သွားတော့၏။

ထို့ကြောင့် သူလည်း ချက်ချင်းမျက်လုံးပိတ်လိုက်ပြီး စတင်ကျင့်ကြံတော့သည်။

သိပ်၍မကြာလိုက်၊ သူ ရှုပ်ထွေးနေပုံဖြင့် မျက်လုံးကို ပြန်ဖွင့်လာပြီး ကြည့်လိုက်တော့ စုယွမ်က ဤနေရာတွင်သာ ရပ်၍ဟိုဟိုဒီဒီလျှောက်ကြည့်နေပြီး ကျင့်ကြံမည့်ဟန်မရှိတာကို တွေ့လိုက်ရသည်။

"မင်းကရော ဘာလို့မကျင့်ကြံတာလဲ။"

ကျန်းဝေ့ မေးလိုက်သည်။

စုယွမ် ပုခုံးတွန့်ပြလိုက်၏။

"ငါ့ကိုယ်ငါ ကံကြမ္မာအပေါ်သာ ပုံအပ်ထားလိုက်ပါပြီကွာ။ ငါ့ရဲ့အထုံပါရမီကလည်း ဆိုးပြီး နောက်ခံကလည်းရှိတာမဟုတ်ဘူး။ အဲ့ဒီတော့ ကြိုးစားတာလည်း အလကားပဲလေ။ ဘာပဲ​ဖြစ်ဖြစ် ငါ အပြင်ဆောင်ကိုဝင်နိုင်တော့မှာမှမဟုတ်ဘဲ။ အဲ့ဒီတော့ ကျင့်ကြံဖို့ဆိုတာ မတန်ဘူး။ မင်းကတော့မတူဘူးလေ။ မင်းက အပြင်ဆောင်ဝင်ရမဲ့သူပဲကို၊ ဘာလို့ မကြိုးစားရမှာလဲ။"

ကျန်းဝေ့: "..."

ဤသည်မှာ ကျိုးကြောင်းညီညွတ်ဟန်တူသော်ငြား သူကတော့ တစ်ခုခုမှားနေသလို ခံစားနေရသည်။ သို့သော် မည်သည့်အရာမှားနေမှန်း မပြောနိုင်ပေ။

အချိန်အနည်းငယ်ကြာပြီးနောက် တောင်သခင်က ကျမ်းဂန်နန်းဆောင်မှ ထွက်လာသည်။

လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ရာချီသောအလင်းတို့မှာ တပည့်များ၏လက်ပေါ်ကျရောက်သွားရသည်။

စုယွမ် သူ၏လက်ထဲ ၂၉၉ဟုရေးထားသော ကျောက်စိမ်းပြားတစ်ခု ပေါ်လာကြောင်းတွေ့လိုက်ရသည်။

တောင်သခင်က ပြော၏။

"ဒါမင်းတို့ရဲ့တပည့်ကတ်ပြားပဲ။ နောက်ပြီး မင်းတို့နားနေလို့ရမဲ့နေရာအတွက် သော့လည်းဟုတ်တယ်။ ဒီနေ့အတွက်တော့ မင်းတို့တွေပြန်ပြီးနားနိုင်ပြီ။တပည့်ဝတ်စုံ၊တောင်ကြားရဲ့မြေပုံတို့လိုအပ်တဲ့ပစ္စည်းတွေ၊ ဒီနေ့အတွက်အရင်းအမြစ်နဲ့ မသေမျိုးမျိုးစေ့တောင်ကြားရဲ့လမ်းညွှန်တွေကိုမင်းတို့အခန်းထဲပြင်ဆင်ပြီးသား။မနက်ဖြန်ကစပြီး အဆင့်မြင့်တပည့်တွေက တောင်ကြားရဲ့သင်ကြားရေးခန်းမကို ရောက်လာပြီး ကျင့်စဥ်အမျိုးမျိုးက ရှင်းပြပေးပြီး မေးခွန်းတွေကိုဖြေပေးလိမ့်မယ်။ ကျင်းပမဲ့အချိန်ကို နောက်မှသတိပေးလိမ့်မယ်၊ လာမလာကတော့ မင်းတို့သဘောပဲ။ နောက်ဆယ်ရက် ပထမဆုံးကျင့်ကြံရေးစစ်ဆေးမှုရှိလိမ့်မယ်။ ဒါကိုတော့ မင်းတို့စိတ်ထဲထည့်ထားဖို့မျှော်လင့်ပါတယ်။"

အကြီးအကဲက စကားပြောပြီးနောက် သူ လူအုပ်ကြီးကို တစ်ချက်စိုက်ကြည့်ပြီး အဖြူရောင်အလင်းအသွင်ပြောင်းကာ ပျံသန်းသွား၏။ ယင်းမြင်ကွင်းမှာ အလွန်လှပလွန်းရာ စုယွမ်လည်း အားကျလာရ၏။

လူအုပ်ကြီးမှာ ချက်ချင်း ဆူညံ့လာတော့သည်။

ကျန်းဝေ့တစ်ယောက် အရင်ညှိနှိုင်းထားသောကိစ္စများကို အခြားသူများနှင့် ဆွေးနွေးနေသည်ကို မြင်တော့ စုယွမ် ခေါင်းခါလိုက်မိ၏။ သူလည်း ကျန်းဝေ့ကို နှုတ်ဆက်ပြီး နားနေရာနေရာဆီကိုသာ ပြန်လာခဲ့တော့သည်။

လမ်းတစ်ဝက်ရောက်ချိန်တွင် လူငါးဦးမှာ သူ၏လမ်းတွင် လာရောက်ပိတ်ဆို့ကြ၏။

"ရောင်းရင်း၊ ငါက ကျိုးဝူယိုပါ။ ငါ့မိသားစုက ဆေးဝါးလုပ်ငန်းလုပ်ကိုင်တာလေ။ နောက်ပြီး ငါ့မှာ ဂိုဏ်းထဲ အကြီးအကဲအသိအများကြီးရှိတယ်။ ငါ့နောက်ကိုလိုက်ခဲ့ပါ။ အဲ့ဒီလိုဆိုရင် မင်း အနာဂတ်မှာ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးဝါးတွေကို ပေါပေါလျှံလျှံရစေရမယ်။"

အနည်းငယ်ဝနေသော လူငယ်တစ်ဦးက ဝံ့ကြွားစွာဆိုလာသည်။

စုယွမ်လည်း တောင်းပန်လိုက်၏။

"အားနာပါတယ်။ ကျုပ်က အခြားသူတစ်ယောက်နဲ့ ညှိနှိုင်းထားပြီးသားမိုလို့ပါ။"

"ကျန်းဝေ့နဲ့များလား။"

လူငယ်လေးက အထင်မြင်သေးစွာ ပြန်ပြောလာသည်။

"သူက ဦးနှောက်မပါတဲ့စောက်ရူးတစ်ကောင်သက်သက်ပဲလေ။ သူ့နောက်ကို လိုက်တာ ဘာအကျိုးရှိမှာလဲ။ နောက်ကျ မင်း အနိုင်ကျင့်ခံရလို့ရှိရင် သူက မင်းကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူးနော်။"

စုယွမ် မျက်မှောင်ကြုတ်မိသွားသည်။ ဤသည်မှာ ခြိမ်းခြောက်နေခြင်းပါပေ။

"ကျုပ် တကယ်ကိုတောင်းပန်ပါတယ်။"

စုယွမ်လည်း မျက်ဝန်းများကို နိမ့်ချထားရင်းသာ ဆိုလိုက်၏။

ကျိုးဝူယို၏ခပ်ပြည့်ပြည့်မျက်နှာထက် မောက်မာမှုအချို့ပေါ်ပေါက်လာ၏။ သူ့နောက်ရှိများကလည်း ဒေါသတကြီး စိုက်ကြည့်လာကြသည်။

"ပြန်တွေးကြည့်လိုက်ပါဦး။"

ကျိုးဝူယိုက ခံစားချက်မဲ့စွာ ပြောလာသည်။

စုယွမ်လည်း ခေါင်းညိတ်ပြလိုက်၏။

ကျိုးဝူယို စုယွမ်ကို နက်နက်နဲနဲကိုစိုက်ကြည့်လျက် ပြီးနောက် လှည့်ထွက်သွားတော့သည်။

သူ၏နောက်ရှိ တပည့်လေးဦးမှာလည်း အေးစက်စွာ နှာမှုတ်ချက် ကျိုးဝူယိုနောက် လိုက်ပါသွားကြသည်။

စုယွမ်လည်း သူတို့၏နောက်ကျောကို ပြောစရာစကားမဲ့စွာသာ စိုက်ကြည့်နေမိတော့သည်။ သူတွေးမိလိုက်၏။

"အခုမှ ဂိုဏ်းထဲဝင်ရုံရှိသေး။ အဖွဲ့တွေတောင် ဖွဲ့ပြီးကြပြီလားဟ။ ဒါကဂိုဏ်းအကြီးအကဲတွေဆီ ပြန်မရောက်ဘူးလား။ သူတို့ကရော မတားကြဘူးလား။"

စုယွမ်လည်း ခေါင်းခါလိုက်ပြီး လာရာလမ်းကိုသာ ဆက်သွားလိုက်သည်။ လမ်းတွင် သူ့ကို ဘယ်သူမှထက်မနှောင့်ယှက်တော့သည့်အတွက် နောက်ဆုံးတွင် အောင်မြင်စွာဖြင့် နားခိုရမည့်နေရာကိုတွေ့သွားသည်။ ၎င်းမှာ ခြံဝန်းလေးတစ်ခုဖြင့် အိမ်ငယ်လေးတစ်ခုဖြစ်၏။ အတွင်းတွင် ကျင့်ကြံရန်အခန်း၊ အိပ်ခန်း၊ သန့်စင်ခန်း၊ ရေချိုးခန်းနှင့် မီးဖိုချောင်တို့ပါရှိပြီး အခန်းအားလုံးမှာ သေချာစွာပြင်ဆင်ထားခြင်းပေ။ စုယွမ်လည်း အလွန်ကျေနပ်သွားရသည်။

သူ လန်းဆန်းသွားအောင် ရေချိုး၊ အဝတ်အစားလဲလိုက်သည်။ ထို့နောက် အိပ်ရာပေါ် လဲလျောင်းကာ အိပ်ရန်ပြင်တော့၏။ ဤတစ်နေ့တာလုံးမှာ စင်စစ်ကို နွမ်းနွယ်စရာကောင်းလှသည်။

Chapter 6

အခြားသောတပည့်များကတော့ လွယ်လွယ်အိပ်မပျော်ကြပေ။

ကျန်းဝေ့ အခြားသောသူများထံမှ ဝိညာဉ်ကျောက်တုံးအပိုင်းအစဆယ်သုံးပိုင်းကို စုဆောင်းနိုင်ခဲ့ပြီးဖြစ်သည်။ ပမာဏအားဖြင့် အလွန်နည်းပါးလင့်ကစား ကျင့်ကြံရေး၏အစောပိုင်းအဆင့်၌ ကျင့်ကြံမှုနှုန်းကို သုံးဆယ်လေးဆယ်ရာခိုင်နှုန်းအထိ တိုးလာနိုင်ရာ အလွန်အရေးပါလှသည်။

ကျန်းဝေလည်း သူ၏ခြံဝန်းသို့ ပျော်ရွှင်စွာပြန်လာ၍ ကျင့်ကြံရေးခန်းအတွင်းသို့ တန်းဝင်ကာ ကျင့်စဥ်အသစ်ကို ချက်ချင်း ကျင့်ကြံတော့သည်။

ညအချိန်သည်ကား မည်သည့်ဆူညံမှုမှမရှိဘဲ ကုန်ဆုံးသွား၏။

မနက်စောစော၌။

စုယွမ်တစ်ယောက် လန်းဆန်းတတ်ကြွစွာဖြင့် နိုးထလာသည်။ သန့်စင်ပြင်ဆင်ပြီးနောက် သူ့လက်ထဲရှိ ပေါ်ကူဆေးလုံးများကို ကြည့်ကာ အတွေးနက်နေမိသည်။

သူ ယင်းဆေးလုံးတို့ကို ဂိုဏ်းကပေးအပ်သည့်ပစ္စည်းများကို မွှေနှောက်ကြည့်ရင်းမှ မတော်တဆရှာတွေ့ခဲ့ခြင်းဖြစ်၏။ တစ်လုံးကိုသောက်ထားပါက သူ ယနေ့တစ်နေကုန် အစာစားရန်လိုတော့မည်မဟုတ်။ ကြည့်ရသည်မှာ ဤဆေးလုံးတို့က နေ့စဥ်ရရှိနိုင်သော အရာများဖြစ်ဟန်တူပြီး ကျင့်ကြံရေးအရင်းအမြစ်များထဲမှ တစ်ခုဖြစ်လိမ့်မည်။

သူက ဆေးလုံးတို့၏အရသာကို သိချင်နေမိခြင်းဖြစ်သည်။ သူလည်း ပါးစပ်ထဲထည့်လိုက်ပြီး ဝါးကြည့်လိုက်၏။ ခပ်ခါးခါးအရသာတစ်ခုမှာ ခံတွင်းတစ်ခုလုံးပျံ့နှံ့လာရာ သူလည်း မြန်မြန်ရေရှာသောက်ရတော့သည်။ ရေကိုအခွက်ရေများစွာ သောက်သော်ငြား ပါးစပ်ထဲရှိ အခါးဓာတ်မှာ ပျောက်ကွယ်မသွားပါပေ။

"တော်တော်ဆိုးဆိုးပဲဟ။ အရသာက တကယ်ဆိုးတာပဲ။"

ထို့နောက် စုယွမ် တောင်ကြား၏မြေပုံကိုထုတ်၍ စားသောက်ဆောင်ကို ရှာဖွေသော်ငြား အချိန်တစ်ခုကြာသည်အထိ ရှာမတွေ့။

"ဒေါက်၊ဒေါက်။"

"စုယွမ်၊ မင်းရှိလား။"

စုယွမ် မျက်ခုံးပင့်လိုက်မိ၏။ ယင်းက ကျန်းဝေ့၏အသံပင်။

"လာပြီ။"

စုယွမ်လည်း ထပြီး တံခါးထဖွင့်ပေးလိုက်သည်။

ကျန်းဝေ့ကတော့ မျက်နှာထက်ပျော်မြူးနေသည့်ဟန်ဖြင့် အထဲဝင်လာသည်။

သူ၏မြင့်တက်နေသော မျက်ခုံးများကိုကြည့်ရသည်မှာ အတော်လေးရယ်စရာကောင်းနေ၏။

"မနက်အစောကြီးပဲရှိသေးတယ်။ ဘာသတင်းကောင်းရှိလို့လဲ။"

စုယွမ်မေးလိုက်သည်။

ကျန်းဝေ့၏အပြုံးက ပို၍ကျယ်ပြန့်လာသည်။

"ငါ တစ်ညလုံးလေ့ကျင့်ပြီးတော့ ချီစွမ်းအင်ကို ဝိဉာဉ်ချီမျှင်ဆယ့်ငါးခုပြည့်အောင်တောင် ကျင့်ကြံနိုင်သွားပြီ။ မင်းရောဘယ်လိုလဲ။ဝိဉာဉ်ချီမျှင် ဘယ်လောက်ကျင့်ကြံနိုင်ပြီလဲ။"

စုယွမ် ပြောလိုက်သည်။

"အမ်၊ မင်းရော ငါဘယ်လောက်ကျင့်ကြံပြီးပြီထင်လဲ။"

ကျန်းဝေ့ကလည်း ခန့်မှန်းလာသည်။

"ငါခန့်မှန်းကြည့်မယ်။ မင်းက ချီစွမ်းအင်ကို သုံးကြိမ်ပဲလည်ပတ်နိုင်လောက်သေးမယ်၊ အဲ့တော့ ဝိဉာဉ်ချီမျှင်သုံးခုပဲ ကျင့်ကြံနိုင်ဦးမယ်။"

စုယွမ်လည်း ခေါင်းညိတ်လိုက်သည်။

"မှန်တယ်။ မင်းက တကယ်တော်တာပဲ။"

ကျန်းဝေ့က သူ့ပုခုံးကို ပုတ်ပေးလာ၏။

"အဆင်ပြေပါတယ်။ လက်မလျော့နဲ့နော်။ ငါ့ရဲ့အထုံပါရမီက မင်းထက်သာပြီး ကျင့်စဥ်ကလည်း မင်းထက်မြင့်တယ်လေ။ ဒါ့အပြင် အရင်းအမြစ်ကလည်း ငါ့ဆီမှာပိုကြွယ်ပြီး ပိုလည်း ကြိုးစားတော့ ငါက မင်းထက် လေးငါးဆလောက် ပိုမြင့်နေမှာ သာမန်ပါပဲ။"

"မင်းက တကယ်ကို လူတွေကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ သိတာပဲ။"

စုယွမ် စိတ်အချဥ်ပေါက်စွာသာ ပြောမိတော့၏။

"ဟား၊ ဒီတစ်ခေါက်တော့ ငါ အပြင်ဆောင်ကို ဝင်တော့မှာ သေချာတယ်။"

ကျန်းဝေ့က စပ်ဖြီးဖြီးဖြင့် ဆိုလာ၏။

"ငါပြန်ပြီး လေ့ကျင့်တော့မယ်။ နောက်မှတွေ့မယ်။"

ကျန်းဝေ့တစ်ယောက် နှုတ်ဆက်ပြီး ဟိတ်ကြီးဟန်ကြီးဖြင့် ပြန်ထွက်သွား၏။

စုယွမ်းလည်း ကျင့်ကြံရေးခန်းထဲသို့ သွားလိုက်သည်။

သူ စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။.

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: သိသူမရှိသေး (1 / 100)

【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်တစ် (0 / 100)

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။ လက်ရှိနားနေချိန်: 8.7 နာရီ။

"ဒီစွမ်းရည်ဘယ်လိုအလုပ်လုပ်လဲ စမ်းကြည့်ကြတာပေါ့။"

စုယွမ် တင်ပျင်ခွေထိုင်ပြီး လက်ထဲတွင် ဝိညာဉ်ကျောက်တုံးအပိုင်းစကို ဆုပ်ကိုင်ထားလိုက်သည်။

ထို့နောက် မျက်ဝန်းများကို ပိတ်ဆို့ကာ မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်ကို စတင်ကျင့်ကြံလိုက်သည်။

သူ ကျင့်စဥ်ကို တစ်လုံးချင်းစတင် နားလည်သွားသည်နှင့် အဖြူရောင်အလင်းတစ်ခုက အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်ပေါ်သို့ကျရောက်သွားသည်။ ထို့နောက်တွင် ချက်ချင်းတဖန် ပြန်ပျောက်သွားပြန်လေသည်။

တချိန်တည်းမှာပင် စုယွမ်၏စိတ်အစုံမှာ ရုတ်ချည်းကို ရှင်းလင်းသွား၏။ မရှင်းမလင်းဖြင့် နားလည်ရန်ခက်ခဲသော ကျင့်စဥ်မှာလည်း အလွန်ရှင်းလင်းပြတ်သားသွားပြီး လျင်မြန်စွာ နားလည်တတ်မြောက်သွားခဲ့သည်။

ကျင့်စဥ်၏ပထမအဆင့်မှာ သူ့အတွက် အလွန်ကိုရှင်းလင်းလာခဲ့သည်။

ချီစုဆောင်းခြင်း၏ပထမအဆင့်မှာ ဝိညာဉ်သွေးကြောသုံးခုကို တည်ဆောက်ရန်ချီစွမ်းအင်များစုဆောင်းရခြင်းဖြစ်၏။ ပထမဆုံးသော ဝိညာဉ်သွေးကြောမှာ အောင်မြင်စွာ တည်ဆောက်ရန်တစ်ရာသောဝိဉာဉ်ချီမျှင်တို့ကို လိုအပ်၏။ ဒုတိယတစ်ခုမှာ အခုနှစ်ရာလိုအပ်ပြီး တတိယတစ်ခုမှာ အခုလေးရာလိုအပ်၏။

ဤသည်မှာ သေချာပေါက်ကိုပင် အရိုးအရှင်းဆုံးနည်းလမ်းပေ။ မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်ကမူ ဝိညာဉ်သွေးကြောများစုစည်းခြင်း၊ မီး၊သစ်သားနှင့်သတ္ထုစွမ်းအင်တို့ကို ကျင့်ကြံခြင်းတို့ပါဝင်သည်။ တည်ဆောက်ခြင်းလုပ်ငန်းစဥ်တွင် သစ်သားချီစွမ်းအင်ကို မီးစွမ်းအင်ဖြင့်လောင်ကျွမ်းစေပြီး သွေးကြောနေရာများကို အားဖြည့်စေမည်။ ထို့နောက် သတ္ထုစွမ်းအင်ဖြင့် ဝိညာဉ်သွေးကြောကို ခိုင်မာစေရမည်ပင်။ သူရရှိထားသော စွမ်းအင်နှင့်ဆိုလျှင် ဝိညာဉ်သွေးကြောတည်ဆောက်ခြင်း၏ခက်ခဲမှုကို နှစ်ဆယ်ရာခိုင်နှုန်းတောင်လျော့ချပေးနိုင်မည်ဖြစ်ပြီး အလုံးစုံသာ ကျွမ်းကျင်သွားပါက ပို၍တောင် ခက်ခဲမှုကိုလျော့ချနိုင်ဦးမည်။

စုယွမ်၏စိတ်အတွင်း အလင်းတစ်ခုမှာ ဖြတ်သန်းသွားရလျက်။ အချိန်တိုတွင်းမှာပင် ကျင့်စဥ်ကို လုံးဝနားလည်သွားပြီး အစပျိုးခြင်းအဆင့်ကိုဝင်ရောက်သွားခဲ့သည်။

အတွေးတို့ကို သေချာရှင်းလင်းပြီးနောက် စုယွမ်လည်း အသက်ရှုပုံကိုသေချာထိန်းညှိကာ စတင်ကျင့်ကြံလိုက်၏။ သူ အစပထမဝိဉာဉ်ချီမျှင်ကို ထန်ဒန်အတွင်း စတင်လည်ပတ်ရန် အသုံးပြုလိုက်သည်။

ကျင့်စဥ်အတိုင်း လိုက်လံကျင့်ကြံရင်းဖြင့် လေထုအတွင်းရှိ ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်အတွင်းသို့ အသက်ရှုခြင်းမှတဆင့် ဝင်ရောက်လာလျက်၊ ချီစွမ်းအင်များက သူ၏မရီဒျာန်အတွင်းသို့ဝင်ရောက်လာတော့သည်။

အစပထမတွင် စုယွမ်လည်း အနည်းငယ် ကျင့်သားမရဖြစ်နေခဲ့၏။ သို့သော် သိပ်၍မကြာလိုက်၊ သူ ကျင့်စဥ်နှင့် ပို၍ရင်းနှီလာလေသည်။ မရီဒျာန်ထဲရှိ အတားအဆီးနေရာများကတောင် လျင်မြန်စွာ သူ့အလိုလိုဖွင့်ဟသွားသည်မှာ နတ်ဘုရားများက ကူညီစောင်မပေးနေသည့်အတိုင်းပင်။

ချီစွမ်းအင်ကို လည်ပတ်စေခြင်းမှာ ပြီးဆုံးသွားပြီး အစက မပြီးဆုံးသေးသောသစ်သားဝိညာဉ်ချီမျှင်သာ ရှိသောဒန်ထျန်မှာ ယခုဆိုလျှင် မီးချီစွမ်းအင်၊ သစ်သားချီစွမ်းအင်နှင့် သစ်သားချီစွမ်းအင်အဖြစ် သုံးမျှင်ပြီးဆုံးအောင်မြင်သွားပြီးဖြစ်သည်။

စုယွမ်မှာ အံ့သြသွားရသည်။

ကျန်းဝေ့ပြောစကားအရဆိုလျှင် သူက ချီတစ်ပတ်လည်ပတ်လျှင် ဝိညာဉ်မျှင်တစ်မျှင်သာ ဖွဲ့စည်းနိုင်၏။ သို့သော် သူကတော့ တစ်ကြိမ်တည်းမှာပင် သုံးမျှင်တောင် ဖွဲ့စည်းနိုင်ခဲ့၏။

စုယွမ် စိတ်ကိုတည်ငြိမ်အောင် ပြန်လုပ်ပြီး ဒုတိယအချီပြန်စတင်လိုက်သည်။

ဤတစ်ကြိမ်တွင် သူ ဝိညာဉ်စွမ်းအင်သုံးမျှင်ကို မရီဒျာန်အတွင်းသို့ စုပေါင်းကာ လည်ပတ်လိုက်နိုင်ခဲ့သည်။

ချီစွမ်းအင်လည်ပတ်နေချိန်တွင် ဝိဉာဉ်ချီမျှင်သုံးခုမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်နေကြသော်ငြား ရောထွေးတော့မသွားကြပေ။ အချင်းချင်းရစ်ပတ်သွားကြသည့်အတွက်သုံးရောင်ခြယ်ကြိုးတစ်ချောင်းဖြစ်ပေါ်လာပြီး စွမ်းအင်မှာပို၍ခိုင်မြဲလာခဲ့သည်။

လေထုတွင်းရှိ ချီစွမ်းအင်နှင့် ဝိညာဉ်ကျောက်တုံးရှိချီစွမ်းအင်တို့မှာ စုယွမ်၏ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လာကြ၏။

စုယွမ်၏ချီစုစည်းလည်ပတ်ခြင်းမှာ အလွန်အားကောင်းလျင်မြန်လာရာ ပြင်ပရှိချီစွမ်းအင်တို့ကို ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲလိုက်နိုင်တော့သည်။

စုယွမ်၏ချီစုစည်းနေခြင်းမှာ မသိလိုက်ဘာသာနှင့် လူသစ်တစ်ဦးလုပ်နိုင်စွမ်းထက် ကျော်လွန်သွားပြီပင်။ အကယ်၍ အပြင်လူတစ်ဦးဦးသာ ဤသည်ကို မြင်သွားပါက မျက်စိကျယ်မတတ် အံ့သြသွားရမည်မှာ မလွဲဧကန်။

ချီစုစည်းခြင်းရပ်တန့်လိုက်သည့်အခါ ဒန်ထျန် အတွင်းသို့ ပြန်ရောက်လာသော ချီစွမ်းအင်က ဆယ့်နှစ်မျှင်ဖြစ်သွားချေပြီ။

စုယွမ်ကိုယ်တိုင်လည်း အလွန်အံ့သြသွားရ၏။

သူလည်း သံပူတုန်းရိုက်ရမည်ဟု စိတ်သွင်းကာ တတိယအကြိမ် ချီကိုစုစည်းလည်ပတ်စေလိုက်သည်။

ဤတစ်ကြိမ်တွင် သူ ပို၍ချီစွမ်းအင်များများကို အသုံးပြုရန်ကြိုးပမ်းလိုက်သော်လည်း ဝိဉာဉ်ချီမျှင်သုံးမျှင်ကိုသာ အသုံးပြုနိုင်ကြောင်း သိလိုက်ရ၏။ သို့သော် သူ စိတ်ပျက်မသွားဘဲ ဆက်လက်၍သာ စုစည်းလည်ပတ်ခြင်းကို ပြုနေလိုက်သည်။

ပြီးဆုံးတော့မည့်အချိန်တွင်ပင် သူ ရုတ်တရက် မူးဝေလာပြီး ချီစွမ်းအင်လည်ပတ်မှုကလည်း အရှိန်နှေးလာရာ သူ၏ပါရမီစွမ်းရည်က ကုန်ဆုံးတော့မည်ဖြစ်ကြောင်းသိလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် ပြီးဆုံးချိန်နှင့်အချိန်ကိုက်ဖြစ်နေလေ၏။ သူ အသက်နှစ်ချက်မျှ ဆက်လက်ရူရှိုက်ရင်း ချီစွမ်းအင်တို့ကို ဒန်ထျန်ထံသို့ပြန်ပို့လိုက်သည်။

ဤတစ်ခေါက်တွင် ချီစွမ်းအင်ဆယ့်ကိုးမျှင်ထပ်မံရရှိလာပြီး စုစုပေါင်းအားဖြင့် ဒန်ထျန်ထဲတွင် နှစ်ဆယ့်တစ်မျှင်ရှိနေလျက် ကျန်းဝေ့၏တစ်ညလုံးမအိပ်မနေကြိုးစားမှုကို အသာလေးကျော်လွန်သွားတော့၏။

All Chapters