← Chapters

မင်း ငါ့ကို ခြိမ်းခြောက်တာလား

Vol. 86-89 Ch. 1315

မင်း ငါ့ကို ခြိမ်းခြောက်တာလား

Vol. 86-89 Ch. 1315

သူတို့အပေါ် အထင်သေး စက်ဆုပ်ခြင်းပင်။

“ဟဲ့ကောင် နင် မောက်မာမနေနဲ့၊ နင် ကြာကြာနေရမှာ မဟုတ်ဘူး”

မြွေပွေး မိန်းမလှလေး၏ မျက်နှာတွင် အရှက်ရစိတ်များနှင့် ပြည့်နှက်နေပြီး အေးစက်စွာ ခနဲ့လိုက်သည်။

“နင့်ကိုယ်တွင်းကလီစာတွေ ပူလောင်နေသလို ခံစားရလား၊ ယန်စွမ်းအင်တွေ မြန်မြန်ဆန်ဆန် ကုန်ဆုံးနေပြီလား၊ ငါ နင့်ကို ပြောပြရဦးမယ်၊ ငါ အစကတည်းက နင့်ကို တိတ်တဆိတ် အဆိပ်ခတ်ထားတာ”

“ပြီးတော့ အဲ့အဆိပ်က နင် လှုပ်ရှားတာများလေ အဆိပ်ပြန့်တာ မြန်လေပဲ၊ မကြာခင် နင် ယန်စွမ်းအင်မရှိတော့တဲ့ အမှိုက်ကောင် ဖြစ်လာတော့မှာ၊ အခြားသူတွေ သတ်တာကို ခံရမယ့် ပုရွက်ဆိတ်လိုကောင် ဖြစ်လာမှာ”

မြွေပွေး မိန်းမလှလေးသည် ပြောနေရင်းနှင့် သူမအပြုံးက ပိုမို၍ ကြောက်စရာကောင်းလာသည်။ သို့သော် သူမစကားကို ကြားသည်နှင့် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ အသာ ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး”

“ဟီးဟီး ဆက်ဟန်ဆောင်နေလိုက်၊ ငါ့အဆိပ်လက်ဝါးက ဘယ်တုန်းကမှ မလွဲချော်ခဲ့ဖူးဘူး၊ နင် ဘယ်လိုလုပ် ဘာမှ မခံစားရဘဲ နေမလဲ”

မြွေပွေး မိန်းမလှလေးက သူ့စကားကို လုံးဝ မယုံပေ။ သူမ၏ အဆိပ်လက်ဝါးက အလွန် လူသေစေနိုင်ပြီး ယဲ့ဖန်က သူမလက်ဝါးကို ပြန်ရိုက်ထုတ်ခဲ့သဖြင့် ဘယ်လိုလုပ် အဆင်ပြေနေမည်နည်း။

သူမစိတ်ထဲ၌ ယဲ့ဖန် ယခုထိ မဆင်မခြင် ပြုမူနေရသေးသည့် အကြောင်းရင်းမှာ အဆိပ်မပျံ့သေး၍ ဖြစ်မည်ဟု ထင်နေ၏။ အဆိပ်က အစွမ်းပြလာသည်နှင့် ယဲ့ဖန်သည် ယခင်လူများကဲ့သို့ သူမရှေ့၌ ဒူးထောက်ကာ အသက် ချမ်းသာ ပေးရန် တောင်းပန်ပေလိမ့်မည်။

“ခံစားမိလား ဟုတ်လား”

ယဲ့ဖန်၏ မျက်ဝန်းတွင်းမှ ထီမထင်ဟန်က ပိုမိုပီပြင်လာပြီး အပြုံးနှင့် ပြန်ပြောလိုက်သည်။

“တစ်ခုခုကို ခံစားရမယ်ဆိုရင် မင်းရဲ့ အဆိပ်ကြောင့် လူတွေက ပူလောင်ပြီး နေမထိထိုင်မသာ ဖြစ်လာသလို ခံစားရမယ်လို့ ပြောချင်တာလား”

“ခစ်ခစ်”

“ဟားဟားဟား”

ယဲ့ဖန် ထိုသို့ပြောလိုက်သောအခါ တစ်ဖက်လူ သုံးယောက်ထံမှ လှောင်ရယ်သံများ ပြိုင်တူ ထွက်ပေါ်လာ၏။

*အဆိပ်လက်ဝါးနဲ့ အရိုက်ခံရတာတောင် မင်းက တစ်ကိုယ်လုံး ပူသလိုပဲ ခံစားရတာလား၊ ပုံမှန်ဆိုရင် ဒွာရ ခုနစ်ပေါက်က သွေးတွေ စိမ့်ထွက်လာပြီး ကိုယ်တွင်းကလီစာတွေ အရည်ပျော်မှာ၊ နောက်ဆုံးကျရင် အရိုးတွေ တောင် ဆွေးမြည့်ပျက်စီးသွားမှာလေ*

*ဒါပေမဲ့ ဒီကောင်က ဘာမှမဖြစ်သလို နေနေတာပဲ၊ သူ တော်တော် ဟန်ဆောင်ကောင်းပါလား*

သို့သော် တစ်စက္ကန့်၊ ငါးစက္ကန့်၊ ဆယ်စက္ကန့်၊ တစ်မိနစ်။ နှစ်မိနစ် ကြာသွားသော်လည်း ယဲ့ဖန်က ငြိမ်မြဲ ငြိမ်နေ၏။ ထိုအခိုက်တွင် သုံးယောက်လုံး မျက်လုံးပြူးသွားပြီး ယဲ့ဖန်အား မယုံသလို ကြည့်လာကြသည်။

*ဒါ မဟုတ်သေးပါဘူး၊ ပုံမှန်ဆိုရင် ယဲ့ဖန် အဆိပ်မိနေသင့်ပြီလေ၊ ဘာလို့ ဘာမှမဖြစ်သေးတာလဲ*

ထိုစဉ် ယဲ့ဖန်က အသက်ပြင်းပြင်းရှူကာ ပါးစပ်ကို တွန့်လိမ်၍ ‌ရောင်စုံ အရည်တစ်ခုကို ထွေးထုတ်လာသည်။

“ဒါ မင်း ပြောတဲ့ အဆိပ်ပြင်းဆိုတာလား”

*ဟင်*

မြွေပွေး မိန်းမလှလေး အတွေးထဲ ဗလာဖြစ်သွားပြီး သူမ မျက်နှာက အေးစက်တောင့်တင်ကာ ကြက်သေ သေသွားလေသည်။ သူမမျက်လုံး၌ မယုံနိုင်မှုများနှင့် ပြည့်နှက်နေ၏။

*ဒါ ဘယ်လိုဖြစ်တာလဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒီလူက သူ့ကိုယ်ထဲက အဆိပ်ကို လွယ်လွယ်လေး ပြန်ထုတ်လိုက်တာလား*

*ဒါ မယုံနိုင်စရာပဲ*

*ဒါ ထူးဆန်းလွန်းတယ်*

သူမ၏ အဆိပ်လက်ဝါးက တစ်ခါမှ လွဲချော်ခြင်း မရှိခဲ့ပါ။ အဆိပ်က ချက်ချင်း အစွမ်းပြတတ်ပြီး ကြောက်စရာ ကောင်းပေသည်။ အဘယ်ကြောင့် ဤလူငယ်က ဘာမှမဖြစ်ရသနည်း။

“နင်က ဘာကောင်လဲ”

မြွေပွေး အမျိုးသမီးက စိတ်ပျက်စွာ အော်ဟစ်လိုက်သည်။ သူမ တစ်သက်လုံး ဂုဏ်ယူခဲ့ရသော အဆိပ်က ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်၌ သက်ရောက်မှု မရှိချေ။ ဤသည်က သူမ ယုံရခက်လှသော အဖြစ်ပင်။

“ဂလု”

လက်ရှိတွင် သူတော်စင်သခင် ကလေးငယ်တောင်မှ တံတွေးကို မနည်းမျိုချနေရပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ မြွေပွေး မိန်းမလှလေး၏ အဆိပ်က သူတို့အတွက်ပင် ဗျာများရသော်လည်း ယဲ့ဖန်က ဘာမှမဖြစ်ချေ။

သူတို့အရှေ့၌ ရပ်နေသူက လူလုံးဝ မဖြစ်နိုင်ဟုပင် သူ သံသယ ဝင်လာရသည်။ ကိုးမျိုးယင်အဆိပ် ခန္ဓာကိုယ်၏ အဆိပ်ကို တားဆီးနိုင်သည့် ယဲ့ဖန်၏ စွမ်းရည်အတွက် ရှင်းပြချက်က နှစ်ခုသာ ရှိနိုင်ပေသည်။ ပထမ တစ်ချက်မှာ ယဲ့ဖန်၌ အဆိပ်အားလုံး ပြီးသော ခန္ဓာကိုယ် ရှိနေခြင်း ဖြစ်ပြီး နောက်တစ်ချက်မှာ ယဲ့ဖန်၏ ခွန်အားက မြွေပွေး မိန်းမလှလေးထက် သာလွန်နေခြင်း ဖြစ်သည်။

သို့သော် အနီရောင်ဝတ်ရုံ၏ သေဆုံးမှုနှင့် မြွေပွေး မိန်းမလှလေး၏ အဆိပ်တို့ တိုးမပေါက်သည့် အချက်တို့အား ပေါင်းလိုက်လျင် ဒုတိယအချက်က ဖြစ်နိုင်ချေ ရှိသည်ဟု သူတို့ တွေးမိသွားသည်။

မကြာခင်မှာပင် သုံးယောက်သား အချင်းချင်း ပြန်ကြည့်လာပြီး နောက်ဆုတ်မည့် အတွေးကို ပြိုင်တူ တွေးနေ ကြသည်။

သူတို့သည် လုပ်ကြံရေးသမားများ ဖြစ်သည်။ လူအများနှင့် ဘယ်သောအခါမှ ထိပ်တိုက် မတွေ့သလို မသေချာသရွေ့ တိုက်ခိုက်ခြင်း မပြုကြချေ။

“မင်းတို့က ပြေးချင်တာလား”

သို့သော် ယဲ့ဖန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလာပြီး သုံးယောက်လုံးအား ဂရုမစိုက်သလို ကြည့်နေသည်။ သုံးယောက်လုံး မျက်နှာပျက်သွားကြသည်။ သူတို့သုံးယောက်သည် ယဲ့ဖန်ကို သတ်ရန် ပူးပေါင်းထားခြင်း ဖြစ်သော်လည်း သူတို့ မစရသေးခင်မှာပင် ကြောက်လန့်လာရသဖြင့် ရှက်ရွံ့သလို ခံစားလာရသည်။ ထို့ကြောင့် သူတို့ ရှက်သလို ဒေါသလည်း ထွက်မိသည်။

“ယဲ့ဖန် ငါတို့သုံးယောက်လုံး မင်းကို တကယ် တိုက်ချင်ရင် မင်း နိုင်ဖို့တောင် မဖြစ်နိုင်ဘူး၊ မင်း ငါတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်ရင် ဘယ်လိုလဲ၊ အားလုံးအတွက် အဆင်ပြေတာပေါ့”

သူတော်စင်သခင် ကလေးငယ်၏ မျက်လုံးတွင် မွန်းကျပ်မှုများနှင့် ပြည့်နှက်နေပြီး လေသံမာမာနှင့် ပြောလိုက်သည်။

“ဟုတ်တယ် တကယ် တိုက်မယ်ဆိုရင် ဘယ်သူ နိုင်မလဲ သိသာနေတာပဲ”

တုတ်ကောက်နှင့် အဘိုးအိုကလည်း ခက်ထန်သော မျက်လုံးများဖြင့် ပြောလာသည်။ တကယ် တိုက်မည်ဆိုလျင် သုံးယောက် တစ်ယောက် ဖြစ်သောကြောင့် သူ ယဲ့ဖန်ကို ရှုံးလိမ့်မည်ဟု မထင်ပါ။

သို့သော် ယဲ့ဖန်က အထင်သေးစွာ ခေါင်းခါလာ၏။

“တိုက်ချင်စိတ်မရှိဘဲ လေကျယ်နေတဲ့ ကြွက်သုံးကောင် မပြောနဲ့ နောက်ထပ် အကောင်တစ်ရာ ရှိလာလည်း ကျုပ်အတွက် အတူတူပဲ ဖြစ်နေမှာ”

တည်ငြိမ်၍ ဂရုမစိုက်သလိုပင်။ သူ့ပုံစံက ပုံမှန်ကိစ္စတစ်ခုကို ပြောနေပုံ ပေါက်နေပြီး သူတို့သုံးယောက်ကို အရေးစိုက်ပုံ မရချေ။

“မင်း”

သုံးယောက်လုံး မျက်နှာပြာနှမ်းသွားသည်။ သူတို့သည် လူလေးစားခံရသော အဆင့်အတန်းမြင့်မားသူများ ဖြစ်ပြီး တစ်ခါမှ ဤသို့ စော်ကားမခံရဖူးပါ။ ထိုစဉ် မြွေပွေး အမျိုးသမီးက ကသိကအောက် ရယ်မောလာ၏။

“နင့်ကိုယ်နင် ဂရုမစိုက်ရင်တောင်မှ နင် သူတို့အသက်ကို အရေးမစိုက်ဘူးလား၊ လက်နဲ့ခြေမှ မျက်လုံး မပါမှန်း နင် သိပါတယ်၊ တကယ်တမ်း တိုက်ပြီဆိုရင် သူတို့ကို မတော်တဆ မထိခိုက်နိုင်ဘူးလို့ အာမမခံနိုင်ဘူးနော်”

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများက အပ်သဖွယ် ချွန်ထက် စူးရှလှပြီး အသံက အက်တက်တက် ဖြစ်လာလေသည်။

“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား”

“ဝုန်း”

ယဲ့ဖန်၏ ခန္ဓာကိုယ်မှ မုန်တိုင်းထန်သော အသံများ ထွက်ပေါ်လာပြီး မိုးပြိုကျမတတ်သော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက နေရာအနှံ့သို့ ပျံ့လွင့်လာပြီး အရာအားလုံးကို ဝါးမျိုတော့မည့်ပုံပင်။

လက်ရှိတွင် ယဲ့ဖန်သည် လုံးဝ နတ်ဆိုးတစ်ကောင်နှင့် တူနေပြီး အလွန် ခက်ထန်ကာ မြွေပွေး အမျိုးသမီး၏ မျက်နှာကို ဖမ်းဆုပ်လာ၏။

“ဗြိ”

ကျယ်လောင်သော စုတ်ပြဲသံ တစ်သံ ထွက်ပေါ်လာပြီးနောက် သွေးသံတရဲရဲနှင့် အရေပြား ကွာကျလာသဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

“အား…”

မြွေပွေး မိန်းမလှလေး အော်ဟစ်လာ၏။ သူမမျက်နှာမှ သွေးတတောက်တောက် ကျနေပြီး မျက်နှာ အရေပြား တစ်ခုလုံး အခွာခံလိုက်ရသည်။

သူမ မျက်နှာ နာကျင်သည်ထက် နှလုံးသားက ပိုနာကျင်နေသည်။ သူမ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး သူမအလှတရားက ယဲ့ဖန်ကြောင့် ပျက်စီးသွားလေပြီ။

အမျိုးသမီးတစ်ယောက် ဖြစ်သော သူမအတွက် အသတ်ခံရခြင်းထက် သူမ ဂုဏ်ယူရသော အလှတရား ပျက်စီးသွားသည်က ပိုနာကျင်ရသည်။

“ငါ့ကို ခြိမ်းခြောက်တာ မဟုတ်လား၊ ဆက်ခြိမ်းခြောက်ဦးလေ”

ယဲ့ဖန်က မြွေပွေး မိန်းမလှလေးအား သုန်မှုန်နေသော မျက်နှာဖြင့် အထင်သေးစွာ ကြည့်နေ၏။

“သူ့ကိုသတ်”

သူတော်စင်သခင် ကလေးငယ်က ချက်ချင်း အော်ဟစ်လာသည်။ ယနေ့ သူတို့ ကောင်းကောင်းမွန်မွန် ပြော၍ မရတော့မှန်း သိသွားလေသည်။ သူတို့နှင့် ယဲ့ဖန်တို့တွင် တစ်ယောက်သာ ရှင်ကျန်ပြီး ကျန်လူက သေချာပေါက် သေဆုံးရပေမည်။

“သွေးဝိညာဉ်စုပ်ခြင်း”

သူတော်စင်သခင် ကလေးငယ်က ချက်ချင်း လှုပ်ရှားလာပြီး လက်ငါးချောင်းကို ကွေးလိုက်သည်။ ထိုအခါ လက်ငါးချောင်း ကြားမှ သွေးမျှင်များ ထွက်ပေါ်လာပြီး ယဲ့ဖန်အား တားဆီးပိတ်ဆို့လာ၏။

“နဂါးရိုင်း ရိုက်ချက်”

တုတ်ကောက်နှင့် အဘိုးအိုကလည်း လက်ထဲမှ တုတ်ကောက်အား အားဖြင့် မြှောက်လိုက်သည်။ သူ့မျက်လုံးတွင် မုန်းတီးစိတ်နှင့် သတ်ချင်စိတ်များ ပြည့်နှက်နေပြီး တစ်ကိုယ်လုံးမှ ယန်စွမ်းအင်များကို တုတ်ကောက်ထံ ပို့လွှတ်ကာ ယဲ့ဖန်အား အားဖြင့် ရိုက်ချလေသည်။

“ဝုန်း”

ချက်ချင်းဆိုသလိုပင် ရွှေရောင် နဂါးပုံရိပ်က ယဲ့ဖန်ထံသို့ အားမာန်အပြည့်ဖြင့် ဝင်ရောက်သွားသည်။

“သေလိုက်၊ သေပေတော့”

မြွေပွေး မိန်းမလှလေးသည်လည်း ရူးမတတ် ဖြစ်ကာ အဆိပ်ငွေ့များကို ယဲ့ဖန်ထံ ဆက်တိုက် ထုတ်လွှတ်နေ၏။ လက်ရှိတွင် ယဲ့ဖန်ကို အမုန်းဆုံးလူမှာ သူမသာ ဖြစ်ပြီး ယဲ့ဖန်အား ဓားဖြင့် နုတ်နုတ်စင်းရန် မစောင့်နိုင်တော့ချေ။

ဤသည်ကိုမြင်သော် စုဝမ်ချင်းနှင့် သူ့ယောက်ျားတို့ ပျော်ရွှင်သွားကြသည်။

*ပြီးပြီ၊ ယဲ့ဖန်တော့ သေတော့မယ်*

အစပိုင်း၌ သူတော်စင်သခင်အဆင့် သုံးယောက် ထွက်ပြေးသွားတော့မည်ကို ကြားချိန်က သူတို့ ကြောက်လန့် သွားကြသည်။ သတ်ဖြတ်ခြင်း ကျောင်းတော်မှ အရှင်သခင်များပင် ထွက်ပြေးချင်နေသဖြင့် သူတို့ မည်သို့ ယဲ့ဖန်ကို ရင်ဆိုင်နိုင်ပါမည်နည်း။

သို့သော် ယခု သူတော်စင်သခင်အဆင့် သုံးယောက်လုံး ပြိုင်တူ လှုပ်ရှားလာသည်ကို မြင်သောအခါ သူတို့ စိတ်အေး သွားကြသည်။ နတ်ဘုရားသုံးပါးကဲ့သို့သော ကြောက်စရာကောင်းသော အရှိန်အဝါမျိုးက ပြိုင်ဘက်ကင်းကာ သူတို့ကို လွှမ်းမိုးသွားမည်ဟု ထင်မှတ်ရသည်။

ယဲ့ဖန် သေချာပေါက် သေရပေလိမ့်မည်။ ထိုအခိုက်တွင် ယဲ့ဖန်က ဘယ်လက်ကို မြှောက်၍ အနားသို့ ရောက်လာသည့် ရွှေရောင်နဂါးအား ဖိနှိပ်လိုက်သည်။

ညာလက်သီးဖြင့် သွေးကြောမျှင်များအား ထိုးနှက်လိုက်ကာ ပါးစပ်ဟ၍ အဆိပ်ငွေ့များကို စုပ်ယူလိုက်လေသည်။ တိုက်ခိုက်မှု သုံးခုလုံးကို ချက်ချင်း ခုခံ တိုက်ခိုက်လိုက်ခြင်းပင်။

“ဘုန်း”

မြေပွေးအမျိုးသမီးသည် ချက်ချင်း ကြမ်းပြင်ပေါ် လဲကျသွားပြီး မျက်ခုံး တဆတ်ဆတ်လှုပ်ကာ မျက်လုံးများ တုန်ခါနေပြီး အကြောက်လွန်နေသဖြင့် စကားပင် မပြောနိုင်တော့ချေ။

လက်ရှိတွင် သူမသည် သူတော်စင်သခင်အဆင့်နှင့် မတူဘဲ သာမန် အကြောက်လွန်နေသော သေမျိုး တစ်ယောက်သာ ဖြစ်နေသည်။ သူတို့သုံးယောက်၏ အသန်မာဆုံး တိုက်ကွက်ကို တစ်ဖက်လူက အသာလေး ဖြေရှင်းလိုက်နိုင်သည် မဟုတ်ပါလော။

အားစိုက်ထုတ်လိုက်ပုံတောင် မပေါ်ချေ။ ဤသည်က အလွန် ထိတ်လန့်ဖွယ်ကောင်းပြီး ကြောက်စရာ ကောင်းလှသည်။

ကျန်နှစ်ယောက်လည်း သူမနှင့် မထူးခြားနားပေ။ တစ်ယောက်က ခေါင်းမွေးထောင်နေပြီး နောက်တစ်ယောက်က လိပ်ပြာလွင့်နေသလိုပင်။

သုံးယောက်တစ်ယောက် တိုက်တာတောင်မှ တစ်ဖက်လူက အဘယ်ကြောင့် ယခုထိ ပြိုင်ဘက်ကင်းနေရသနည်း။ မျက်စိရှေ့မှ အမှန်တရားက သူတို့ခေါင်းတည့်တည့်သို့ မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားပြီး သုံးယောက်လုံး တုန်လှုပ်သွားကြသည်။

တစ်နေ့၌ သူတို့ ခွန်အားမဲ့သလို ဖြစ်လာပြီး လည်ပင်းအညှစ်ခံရသကဲ့သို့ ဖြစ်ကာ မခုခံနိုင်ဘဲ မွန်းကျပ်မှုက သူတို့ကို ဝါးမျိုလာလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိပါ။ သူတို့ လုပ်နိုင်သည်ဟူ၍ သေရမည်ကိုသာ ထိုင်စောင့်နိုင်ရုံသာ ရှိတော့သည်။

လက်ရှိတွင် သူတော်စင်သခင်အဆင့် သုံးယောက်သည် ထွက်ပြေးရန်ပင် မေ့နေကာ နေရာမှာတင် တောင့်တင်းကာ ကြက်သေ သေနေကြသည်။

စုဝမ်ချင်းနှင့် သူ့ယောက်ျားသည်လည်း တုန်လှုပ်နေ၏။ သူတို့ ဘာဖြစ်သွားမှန်း မသိသော်လည်း သူတော်စင်သခင် အဆင့် သုံးယောက်၏ အမူအရာက ကြောက်ရွံ့နေမှန်း သူတို့ ပြောနိုင်သည်။ လွန်ခဲ့သော ဆယ်မိနစ်ကတည်းက သေသွားသင့်သော နတ်ဆိုးကို ကြောက်ရွံ့နေခြင်းပင်။

*ဘာလို့ ဒီလို ဖြစ်နေတာလဲ*

*ဒီလို မဖြစ်သင့်ဘူးလေ*

စုဝမ်ချင်း စိတ်ထဲမှ သည်းခြေပျက်မတတ် အော်ဟစ်နေ၏။ သူမ ဘက်ရွေးမှားသွားသဖြင့် ယခုတစ်ခေါက် ပွဲသိမ်းလေပြီ။ ယခု အမှန်တကယ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရနေလေပြီ။ သို့သော် သူမ နောင်တရနိုင်သည့် အခွင့်အရေးပင် မရှိတော့ပါ။

“မင်းအဆင့်က သူတော်စင်သခင်အဆင့် မဟုတ်ဘူး၊ ဟုတ်တယ်မလား”

သို့သော် သူတော်စင်သခင် ကလေးငယ်၏ စကားအဆုံး၌ သူ့ဦးခေါင်းက ခန္ဓာကိုယ်မှ လွင့်ထွက်သွားလေသည်။

“ဘုတ်”

ဦးခေါင်း ပြတ်ထွက်သွားပြီး ကြမ်းပြင်ပေါ် လိမ့်ကျသွားတော့သည်။ ယဲ့ဖန်သည် ကိုယ်ကိုကိုင်း၍ ခေါင်းပြတ် အလောင်းနှင့် သူ့လက်မှ သွေးကို သုတ်လိုက်သည်။ သူ့အမူအရာက အလွန် တည်ငြိမ်၍ ထူးဆန်းလွန်းနေသည်။

“ငါ မင်းအသံကို ထပ်မကြားချင်ဘူး၊ တစ်ခွန်းတောင် မကြားချင်တာ”

ယဲ့ဖန်က ကျန်လူနှစ်ယောက်ကို အေးစက်စွာ ကြည့်နေသည်။ သူ့စကားက ခြိမ်းခြောက်နေခြင်း မဟုတ်ပေ။ သူတို့သာ နားညည်းအောင် လုပ်မိပါက သူတို့ သေချာပေါက် ပါးစပ်ပိတ်သွားလောက်သည်။

သူတို့ ယဲ့ဖန်စကားကို အလေးအနက် မထားခဲ့သည်က စိတ်မကောင်းစရာပင်။ ထို့ကြောင့် ယဲ့ဖန် ရွေးချယ်စရာ မရှိတော့ဘဲ ကိုယ်တိုင် လှုပ်ရှား၍ သူတို့ကို ထာဝရ ပါးစပ်ပိတ်အောင် လုပ်ရပေတော့သည်။

ထို့နောက် ယဲ့ဖန်က သူတို့ထံ လှမ်းလာလေသည်။ လက်ရှိတွင် သူတို့မျက်လုံးထဲ၌ ယဲ့ဖန်အား သေမင်းတမန်ဟု မြင်ယောင်နေကြသည်။

ထိုအခိုက်တွင် သူသည် သူတို့၏ လည်ပင်းထံသို့ လက်တစ်ဖက်ကိုလွှဲယမ်းလိုက်သည်။ သူတို့၌ ပုတ်ထုတ်ရန်ပင် ခွန်အား မရှိတော့ပေ။

All Chapters