← Chapters

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

421 01

အခန်း 421

“ကျွီ”

သားပိုက်ကောင်များက အချင်းချင်းကြည့်သည်။ ထိုနောက် အရှေ့မှ လူများကို ကြည့်သည်။ အရှေ့မှ လူများက ကြောက်လန့်တကြား ခေါင်းငုံ့သွားပြီး ဘေးဘက်သို့သာ ထွက်ပြေးသည်။

အွန့်

မီးခိုးရောင် သားပိုက်ကောင်က သူတို့ကို ကြည့်သည်။ ထိုနောက် နှာခေါင်း ရှုံ့၏။

သူက ဒီဝန်းကျင်မှာ အင်အားအကြီးဆုံး သားပိုက်ကောင်ပဲ။ တခြားသူတွေက ရှုံးပြီးသား ဟွန်း။ ဒါကြောင့် သားပိုက်ကောင်အမတွေကို ရွေးချယ်ပိုင်ခွင့်က သူရဲ့ လက်ထဲမှာလေ။

သူဟာ အရှေ့မှ လူသားများကို ပြန်ကြည့်ပြီးနောက် တဖြည်းဖြည်း ထရပ်သည်။ လူသားများတွေ လာတာတောင် သူတို့ကို အကြောင်းမကြားဘူး အွန့်။ ဒီကောင်တွေက အခုတလော တော်တော် ပေါ့လျော့နေတာပဲ။

“ကျွီ”

“လာစမ်းပါ”

သူ၏ အနောက်ဘက်မှ အမြှီးက ဆက်ကနဲ ထောင်လာပြီးနောက်တွင် သူ၏ လက်တစ်ဖက်ကို အရှေ့ဖက်သို့ ဆန့်၍ လက်ယက်ခေါ်သော အမှုအရာမျိုး လုပ်ပြသည်။ အထူးသဖြင့် အရှေ့မှ လူငယ်ကို ရန်စသလို ကြည်သည်။

“မင်းက ဘာကြည့်နေတာလဲ။ မင်းလေ”

“အတူတူ လာသေ”

မမျှော်လင့်ထားစွာပင် အရှေ့မှ လူငယ်က ဘေးဘီကို လိုက်ကြည့်သည်။ မီးခိုးရောင် သားပိုက်ကောင်လည်း မနေနိုင်တော့ဘဲ အော်သည်။

အခြားသော နှစ်ယောက်ကိုမှု သူ့လူများက အနိုင်ယူပြီးသား ဖြစ်သည်။ ထိုလူငယ်သာ ကျန်သည်။

မဟုတ်သေးပါဘူး။

သူရဲ့ ပိုင်နက်ထဲမှာ လူသားတွေကို ဖမ်းဖို့က လွယ်တာ မဟုတ်ဘူး။ ဒီတော့ သင်ခန်းစာ ပေးရမယ်။

“ငါလား”

သူ၏ အရှေ့မှ ထောင့်လွှားသော မီးခိုးရောင် သားပိုက်ကောင်ကို တစ်ချက်ကြည့်ပြီး ဆုပိုင်က သူ့ကိုယ်သူ လက်ညိုး ထိုးပြသည်။

သူ့ကို တကယ်ပဲ တိုက်ခိုက်ချင်တာလား။ ဒါပေမဲ့

ဆုပိုင် ယခင်ကတည်းက အင်အားအများကြီး လုပ်နိုင်ရုံတင် မကသေးလေဘဲ သူ၏ အရှိန်နှုန်းကလည်း စနစ်မှ အပိုင်းအစတာဝန်များကို ပြီးမြှောက်ခဲ့ခြင်းအားဖြင့် တိုးတက်လာခဲ့ပြီးသား ဖြစ်သည်။ ထိုအပြင် သူသည်လည်း ရှင်းပြ၍ မရနိုင်သော တိစွမ်းရည်အသစ်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ဒါပေမဲ့ ဘာလဲတော့ သူ မသိဘူး။

သို့ရာတွင် သူတွင် သဘာဝနှလုံးသား ရှိသည်။ ထိုသားပိုက်ကောင်က သိသာစွာပင် အရွက်စား သတ္တဝါ ဖြစ်သည်။ သို့သော် သူ့ကို အရင် လာရန်စသည်။

“ဟူး”

ဆုပိုင်က အသက်ကို ပြင်းပြင်းရှုလိုက်ပြီး အောက်ကို ကုန်းကာ မြေပြင်မှ လက်သီးထိုးအိတ်ကို လှမ်းကောက်လိုက်သည်။

ဘန်း

ရုတ်တရက် အရှေ့မှ သားပိုက်ကောင်က ခုန်လိုက်သည်။ သူ၏ အမြှီးက ခပ်ကြမ်းကြမ်း ရမ်းသွားပြီး မြေပြင်ပေါ်မှ အနီရောင်လက်ဝှေ့ထိုးအိတ်ကို လွှင့်ထွက်သွားလိုက်သည်။

“ကျွီ”

“ဆေးတွေ ဒါတွေ မလိုဘူး”

သူက အထင်တသေး အော်လိုက်ပြီးနောက် ဆုပိုင်ဘက်သို့ သူ၏ လက်သည်းကို ရမ်းကာ ရန်စသည်။

“ဆု”

“သတိထားနော်။ မသွားနဲ့။ ဒီကောင်က ဒီအနီးအနားက သားပိုက်ကောင်အုပ်ရဲ့ ခေါင်းဆောင် ဖြစ်လိမ့်မယ်။ သူက ကျန်တဲ့ သားပိုက်ကောင်တွေထက် ပိုပြီး အင်အားကြီးတယ်”

ဘတ်က သားဖြစ်သူကိူ ကူညီကာ ထူမပေးပြီးနောက်တွင် ဆုပိုင်ကို အနောက်ဘက်သို့ တစ်လှမ်းချင်းစီ ဆွဲကာ လေးနက်သော လေသံနှင့် ပြောသည်။

“မင်းက တိုက်ခိုက်တာကိုလည်း လေ့ကျင့်ထားတာ မဟုတ်ဘူးလေ။ ဒီသားပိုက်ကောင်ကို မယှဉ်နိုင်ဘူး”

“ဒီကနေ အတူ သွားရအောင်”

“အဲဒီလိုမှ မဟုတ်ရင်”

“ကွီ ကွီ ကွီ”

421 02

သူ၏ စကား မဆုံးသေးခင် အဝေးမှ သားပိုက်ကောင် တစ်အုပ်က ခုန်ပေါက်လာပြီး သူတို့ နှစ်ယောက်ကို ဝိုင်းလိုက်သည်။

“ဒါ”

“ငါတို့ သတင်းပို့ဖို့ လိုလား”

လော့ကီက အနားမှ သားပိုက်ကောင်များကို ကြည့်ပြီးနောက် ဖျော့တော့သော မျက်နှာမျိုးနှင့် ပြောသည်။

“သားပိုက်ကောင် ၁၀ ကောင်တောင်။ ငါတို့တွေ …”

သွားပြီ။

လူတစ်ယောက်ကပင် သားပိုက်ကောင်တစ်ကောင်ကို မနိုင်ချေ။ သားပိုက်ကောင်ခေါင်းဆောင်ဆိုရင်ပင် ပို၍တောင် ဆိုးသေးသည်။ ထိုအချိန်တွင် လော့ကီက ထိတ်လန့်ဆုံး မဟုတ်ပဲ။ ဘတ်ကပင် တုန်ယင်စွာ ပြောသည်။

“ငါ အခုချက်ချင်း ခေါ်လိုက်မယ်။ ဒါပေမဲ့”

“ဒါပေမဲ့ ဆုက သားပိုက်ကောင်ခေါင်းဆောင်နဲ့ တိုက်ခိုက်ရမှာကို ကြောက်ရတယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း ငါတို့ကို ဒီအဖွဲ့က ရိုက်လိမ့်မယ်”

“ဟစ်”

ထိုသားဖနှစ်ယောက်က ပင့်သက်ရှိုက်ကြသည်။

ကြောက်စရာ ကောင်းလိုက်တာ။

“ရပါတယ်။ ငါ ဒီအတိုင်း မြေပြင်မှာ လဲပြီး အရှုူံးပေးလိုက်မယ်”

ဆုပိုင်က နှုတ်ခမ်းကို တစ်ချက်သပ်ရင်း ထိုလူနှစ်ယောက်၏ ပုခုံးကို ပုတ်ကာ ခပ်တိုးတိုး ပြောသည်။

ကြည့်ရတာ သားပိုက်ကောင်ခေါင်းဆောင်က အရမ်းကို မင်းမူနိုင်တဲ့ ပုံပဲ။

သူက သားပိုက်ကောင်အဖွဲ့ကိုတောင် သူတို့ကို ဝိုင်းဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမဲ့

ဆုပိုင်ကပင် သူဟာ ထိုသားပိုက်ကောင်ကို နိုင်မနိုင် မသေချာပေ။ ခန္ဓာကိုယ်က သာမန်လူများထက် အများကြီး ခွန်အားကြီးမားသည်။ သို့သော် ဒါဟာ လူသားများနှင့် နှိုင်းယှဉ်ခြင်း ဖြစ်သည်။ သားပိုက်ကောင်နှင့် နှိုင်းယှဉ်သော် သူ့မှာ အားသာချက် မရှိလောက်ဘူး။

“ဆု တကယ်လို့ အလုပ်မဖြစ်ရင်လည်း ပြေးရအောင်”

ဘတ်က လွှတ်နေသော နေရာကို ကြည့်ရင်း ပြောသည်။

“ငါ သူတိူ့ကို မင်းအတွက် တားထားပေးမယ်လေ။ မင်းကားကို နိုးပြီး ခပ်မြန်မြန် အပြေးလာခဲ့။ သားပိုက်ကောင်အုပ်က နောက်ဆုတ်သွားလိမ့်မယ်”

“မလိုပါဘူး”

ဆုပိုင်က လက်ကို အသာရမ်းသည်။

ဒီနည်းလမ်းက အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကို မပြောနဲ့အုန်း။ အရင်ဦးဆုံး သူရဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ရအုန်းမယ်။ လက်ရှိအခြေအနေကိုပဲ ကြည့်။

စနစ်ရဲ့ တာဝန်က ကယ်ဆယ်ရေးတာဝန် မဟုတ်ဘူး။ ကြည့်ရတာ သားပိုက်ကောင်ခေါင်းဆောင်ကို အနိုင်ယူရမှာ ထင်တယ်။

ထိုအကြောင်းအရာကို တွေးမိသော ဆုပိုင်က အံကို ကြိတ်ပြီး အရှေ့သို့ တစ်လှမ်းချင်းစီ တိုးသွားသည်။

“လာ”

သူက အရှေ့မှ သားပိုက်ကောင်ခေါင်းဆောင်ကို လေးနက်သော အသံဖြင့် လှမ်းပြောသည်။ ထိုအခိုက်အတန်တွင် သူဟာ မတူညီသော လူအဖြစ် ပြောင်းသွားသည်။ သူဟာ ခန္ဓာကိုယ်ကို နည်းနည်း ငုံ့လိုက်ပြီး မျက်လုံးကို မှေးကျဉ်းလိုက်ကာ ခြေထောက်ကိုလည်း ရွေ့လိုက်သည်။

“ဘုရားရေ ဒါရိုက်တာ ဆုပိုင်က သားပိုက်ကောင်နဲ့ တိုက်ခိုက်တော့ဖို့ ကြံစည်နေတာလား။ သူ နိုင်မှာလား”

“သူက ဘာကို နိုင်မှာလဲ။ ဟိုသားဖနှစ်ယောက်ကို မမြင်ဘူးလား။ သူဘယ်လို နိုင်မှာလဲ။ ကွာဟချက်က တအားကြီးတယ်”

“ဟစ် ဒါရိုက်တာ ဆုပိုင်က အဲဒီမှာ ဘာသွားလုပ်တာလဲ။ တကယ်လို့ သူ …”

“ဟုတ်တယ်။ ဒါရိုက်တာ ဆုပိုင်က တော်တော်လေးကို ပိန်တာနော်။ သူ သတိတစ်ချက်လစ်ရင် မြေပြင်မှာ လဲကျသွားလိမ့်မယ်”

“အပေါ်ထပ်က လူတွေ။ မင်းတို့ကသာ မြေပြင်ပေါ်မှာ လဲကျပြီး ဒီသားပိုက်ကောင်ကို ရှောင်ရှားနိုင်မယ်ဆိုရင် အဆင်ပြေပါတယ်။ ငါ ဒီသားပိုက်ကောင်ရဲ့ ပုံစံကို ကြည့်နေတာ ဒါရိုက်တာ ဆုပိုင်ကသာ သဘောမတူဘူးဆိုရင် သူတို့က အရိုက်ခံရအုန်းမှာပဲ”

“ဒါက တော်တော်လေး ခက်ခဲတယ်။ ပြေးရင်လည်း မဟုတ်သေးဘူး။ တိုက်ခိုက်ရင်လည်း မဟုတ်သေးဘူး”

“…”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ပရိသတ်အများစုက ဒါရိုက်တာ ဆုပိုင်က လက်ဗလာနှင့်အတူ သားပိုက်ကောင်ဆီ လျှောက်သွားကြောင်း မြင်လိုက်ရသဖြင့် သူတို့၏ နှလုံးသားက တင်းကြပ်သွားကာ သူတို့သည်လည်း ယခုလေးတင် ထိုသားပိုက်ကောင်၏ ကြမ်းတမ်းပုံကို မြင်ခဲ့ပြီးသား ဖြစ်သည်။

421 03

လူသားများနှင့် တိုက်ခိုက်သည်က တမင်တကာ ဖြုန်းတီးခြင်းဟု ပြော၍ပင် ရသည်။ တိုက်ခိုက်လို့မှ မရတာ။

ထိုအပြင် ထိုခပ်တုတ်တုတ် အမြှီးကိုလည်း တစ်ချိန်လုံး သတိထားရသေးသည်။ ထိုအမြှီးဖြင့်သာ အရိုက်ခံရသည်နှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သေနိုင်သည်။

ထိုအပြင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မည်သူကမှလည်း ဒါရိုက်တာ ဆုပိုင်က တိုက်ခိုက်ဖူးကြောင်း မသိကြပေ။

ဒါက မဟုတ်

အားလုံးက စိုးရိမ်နေသည့်အချိန်တွင်

“ကျွီ”

“လာစမ်းပါ”

သားပိုက်ကောင်ခေါင်းဆောင်က အော်ဟစ်လိုက်ပြီးနောက်တွင် အရင်ဦးဆောင်ကာ တိုက်ခိုက်သည်။ ယခင် သားပိုက်ကောင်နှင့် မတူညီစွာပင် သူသည် ယင်းကို အရင်စမ်းရန် ခုန်လာ၏။

သားပိုက်ကောင်ခေါင်းဆောင်ကမှု ဆုပိုင်၏အရှေ့သို့ တိုက်ရိုက်ခုန်ဝင်လာပြီးနောက်တွင် အင်အားကြီးမားသော နောက်ခြေနှစ်ဖက်ကို ခပ်မြန်မြန် မြှောက်ကာ လေထဲသို့ ခုန်တက်ရင်း အမြှင့်မှ ဆောင့်ကန်သည်။

ဆုပိုင်၏ မျက်နှာကပင် ပျက်သွားသည်။

သူ၏ အရှိန်က လွန်ကဲလွန်းသော အတိုင်းအတာသို့ မြှင့်တက်သွားသည်။ သူသည် ချက်ချင်းဆိုသလို မြေပြင်တွင် အရိပ်ကို ချန်ထားရစ်ခဲ့လိုက်သည်။ သားပိုက်ကောင်ခေါင်းဆောင်၏ အနောက်ဘက်သို့ ရောက်သွားသည်။

“ကျွတ်”

သူဟာ ညာဘက်ခြေထောက်ကို မြှောက်၍ မြေပြင်တွင် ထောက်ထားသော ထိုအမြှီး၏ ထောင့်နားကို ခပ်မြန်မြန် ခပ်ပြင်းပြင်း တက်နင်းလိုက်သည်။

“ကျွီ”

“အား”

သားပိုက်ကောင်ခေါင်းဆောင်က စူးရှစွာ အော်သည်။ သူသည် အလိုအလျောက်ပင် သူ၏ အမြှီးကို ပြန်ရုတ်လိုသည်။ သို့သော် ထိုအချိန်တွင်ပင် သူ၏ နောက်ခြေနှစ်ဖက်က မြေပြင်သို့ မချရသေးပင်။ ထိုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက စောင်းသွားပြီး မြေပြင်ပေါ်သို့ တိုက်ရိုက်ထိုးချသည်။

ဘန်း

ထိုအခြေအနေကို မြင်လိုက်သည့် ဆုပိုင်ကလည်း သားပိုက်ကောင်၏ လည်ပင်းနားကို ခြေတစ်လှမ်းတည်းဖြင့် ကပ်ပြေးသွားကာ တက်ထိုင်လိုက်ပြီး အနောက်ဘက်မှ ရှေ့လက်နှစ်ဖက်ကို လျစ်လျူရှုလိုက်သည်။

“ဘန်း ဘန်း ဘန်း”

လက်သီးများက မိုးရေစက်ကဲ့သို့ သူ၏မျက်နှာပေါ်သို့ ကျလာသည်။

ဆုပိုင်သည်လည်း အင်အားအပြည့် မသုံးထားပါပေ။ ဆုပိုင် အင်အားအပြည့် သုံးပါက လက်သီးတစ်လုံးချင်းစီတိုင်းက ထိုသားပိုက်ကောင်ကို သေစေနိုင်လောက်သည်။

******

422 01

အခန်း 422

…

သို့တိုင်အောင် အချင်းချင်း ပွေ့ဖက်ထားသော ဘတ်နှင့် သားဖြစ်သူတို့ကမှု မှင်သက်နေကြသည်။

ဘာ … ဘာတွေ ဖြစ်သွားတာလဲ။

သူတို့သည်လည်း သားပိုက်ကောင်ခေါင်းဆောင်က ဆုပိုင်ဆီ အလွန်လျင်မြန်လွန်းသော အရှိန်နှုန်းဖြင့် ခုန်ဝင်သွားသည်ကိုသာ မြင်လိုက်သည်။ ထိုနောက် ထူးဆန်းသော မြင်ကွင်းက ပေါ်လာသည်။ ဆုပိုင်က တကယ်ကို

တကယ်ကို သားပိုက်ကောင်ခေါင်းဆောင်ကို ဖော်ပြဖို့တောင် ခက်တဲ့ အလွန်မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ တက်ထိုင်လိုက်တယ်။

နောက်ပြီး ဒါက.. ဒါက သားပိုက်ကောင်ကလည်း လဲကျသွားပြီးနောက် ယခုလိုမျိုး ဖြစ်လာသည်။

“ဟစ်”

“အဖေ ဒါက … ဒါက ဘယ်လို အကွက်လဲ”

“ငါ ဘာလို့ မမြင်ဖူးတာလဲ”

လော်ကီကလည်း သူ့လက်မောင်းကိုသူ ခပ်တင်းတင်းဖက်ရင်း မယုံနိုင်သလို မေးသည်။ ဘတ်ကလည်း သူဟာ အလွန်အမင်း တည်ငြိမ်လွန်းသော အကြည့်မျိုးဖြင့် ကြည့်ပြီး တည်ငြိမ်သော လေသံနှင့် ပြောသည်။

“ငါ ထင်တာ မမှားရင် … သူက လျို့ဝှက်ဆန်းကြယ်တဲ့ အရှေ့ပိုင်းသားမှတ်လား”

“အဲဒီအဝေးတိုင်းပြည်မှာလေ လောကကိုတောင် အံဩနိုင်တဲ့ စွမ်းရည်တစ်မျိုး ရှိတယ်။ ဘာလဲ ကွန်ဖူးဆိုလားပဲ”

“ငါ မမျှော်လင့်ထားဘူး။ ဆုက … ဆုက ကွန်ဖူး သိတဲ့လူ ဖြစ်နေတာကို ငါ ငယ်ငယ်တုန်းကလည်း အဲဒီတိုင်းပြည်က ဓာတ်ပုံအယ်ဘမ်တစ်ခုကို မြင်ဖူးတယ်။ လျို့ဝှက်စာအုပ်ဆိုလားပဲ”

“ဆု … ဆုက အဲဒီလျို့ဝှက်စားအုပ်ကို ကြည့်ပြီး သင်ထားတာ ဖြစ်လိမ့်မယ်”

သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် လေးနက်သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သို့မဟုတ်လျှင်လည်း ဆုပိုင်က ရုတ်တရက်ကြီး သားပိုက်ကောင်ခေါင်းဆောင်၏ အနောက်ဘက်သို့ ဖက်ကနဲ ရောက်သွားကာ ပုံရိပ်ယောင်များကိုပင် ချန်ထားရစ်ခဲ့သည့် အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပေ။ ဒါဟာ လူသားလုပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ကြောက်စရာကောင်းလိုက်တာ။

“သေချာပေါက်ကိုပဲ လျို့ဝှက်ဆန်းကြယ်တဲ့ အရှေ့ပိုင်းသား”

ဘတ်က လေးနက်စွာ သက်ပြင်းချပြီးနောက် ပြန်မော့ကြည့်သည်။ ဒီတစ်ကြိမ်တွင် တိုက်ပွဲက ပြီးသွားပြီဟု ပြော၍ ရသည်။

သားပိုက်ကောင်ခေါင်းဆောင်က မျက်လုံးလှန်ပြီးနောက် သတိမေ့သွားသည်။

နောက်ပြီး

ဘတ်နှင့် သားဖြစ်သူတို့က အံအားသင့်နေသည်မှာ တခြားမဟုတ်။ သူတို့ကို ဝိုင်းထားသော သားပိုက်ကောင်များကလည်း အချိန်တွေကြာအောင် မတုန်ပြန်နိုင်လောက်အောင် အံဩနေကြသည်။ သူတို့သည် မျက်လုံးပြူးကျယ်နေရင်း မြေပြင်တွင် လဲနေသော သားပိုက်ကောင်ခေါင်းဆောင်ကို ကြည့်သည်။ သူတို့၏ ခန္ဓာကိုယ်က တုန်ယင်နေကြသည်။ သူတို့၏ ခေါင်းဆောင်

ဒီမြက်ခင်းလွင်ပြင် တောက်လျှောက် တိုက်ခိုက်ခဲ့ပြီး နိုင်ခဲ့တဲ့ သူတို့ရဲ့ခေါင်းဆောင်က ဒီလိုနဲ့ ရှုံးသွားတယ်။ သူ တစ်ကြိမ်တောင် မခံနိုင်လောက်ဘူး။

သူသည် မြေပြင်တွင် အဖိခံလိုက်ရပြီး ထိုလူသား၏ အရိုက်ခံရသည်။ ဒါက ရှက်စရာပဲ။

“ကျွီ”

“ပြေးတော့”

422 02

သားပိုက်ကောင်ကြီးတစ်ကောင်က စူးရှစွာ အော်ဟစ်ပြီး နောက်သို့ ချာကနဲ လှည့်ကာ အရင်ဉီးဆုံး ထွက်ပြေးသည်။

ကျန်သော သားပိုက်ကောင်များက ထိုသားပိုက်ကောင်ကြီးနောက်သို့ လိုက်ပြီး နောက်တွင် အော်ဟစ်ကာ ပြေးကြသည်။

ခေါင်းဆောင်က ရှုံးသွားပြီလေ။ သားပိုက်ကောင်အထီးတွေ အားလုံးရဲ့ အရှင်ပါ။ ဆိုတော့ သူတို့ ခေါင်းဆောင်ပြန်ရွေးရတော့မယ်။

သားပိုက်ကောင်အမ ရွေးချယ်ပိုင်ခွင့်အကြောင်း တွေးမိသောအခါ အားလုံးကလည်း အဖွဲ့သို့ လျင်မြန်စွာ ပြေးသည်။

“ဟူး”

ဆုပိုင်က သားပိုက်ကောင်၏ ခေါင်းကို အသာတို့လိုက်သည်။ သူဟာ အမှန်ပင် သတိလစ်သွားသည်။ ထိုကြောင့် တဖြည်းဖြည်း ထရပ်လိုက်ကာ အသက်ပြင်းပြင်း ရှူသည်။

အဝေးသို့ လျင်မြန်စွာ ပြေးသွားသော သားပိုက်ကောင်အုပ်ကို မြင်သောအခါ သူသည် ရုတ်တရက် မကောင်းသော ခံစားချက်ရလာသည်။

ဒီကောင်

နည်းနည်း သတိလစ်သွားတာဆိုတော့ သူ ခေါင်းဆောင် မလုပ်နိုင်လောက်တော့ဘူး။ သူ နိုးလာရင် ငါနဲ့ ရန်ဖြစ်တော့မယ် ထင်တယ်။

သားပိုက်ကောင်ခေါင်းဆောင်ကလည်း သားပိုက်ကောင်များအားလုံး၏ အရှေ့တွင် ရှုံးနိမ့်သွားပြီးနောက်တွင် ပြန်သွားရန် ရှက်နေလောက်သည်။ နောက်ပြီး သူ သတိလစ်သွားတယ်။

ထိုအပြင် သူတို့၏အရှေ့မှ သားပိုက်ကောင်၏ ညာဏ်ရည်က မနိမ့်သည့် အချက်ကလည်း ရှိသေးသည်။ သူ နိုးလာတာနဲ့ သူ တန်းသိမှာ။

“ဆု”

“ငါရဲ့ အိုင်ဒေါ”

“ဆု … နတ်ဘုရား။ မင်း အခု လုပ်လိုက်တဲ့ ဖြတ်ကနဲ အကွက်ရဲ့ နာမည် ရှိလား။ မင်းတို့ အရှေ့ပိုင်း အာရှရဲ့ လျို့ဝှက်စာအုပ်ဆိုတာ မှတ်လား”

“ဒဏ္ဏာရီလာ ကွန်ဖူး မှတ်လား”

ထိုအချိန်တွင် အနောက်ဘက်မှ တအံတဩ အော်ဟစ်သံများက ထွက်လာသည်။ ဘတ်က ဆုပိုင်ကို စိတ်လှုပ်ရှားသော အကြည့်မျိုးဖြင့် နှစ်ကြိမ်ခန့်ပင် ပတ်ကာ ကြည့်သေးပြီး ခပ်တိုးတိုး ပြောသည်။

“ငါ အဲဒီ ကွန်ဖူးဆိုတဲ့ အမျိုးအစားအကြောင်း ကြားဖူးတဉ်။ ဒါပေမဲ့ ငါ တကယ်မှန်နေမယ်လို့ မထင်ထားဘူး။ ဆု”

“ဆိုတော့ မင်းက အတော်ဆုံးကို။ မင်း ပုံရိပ်ယောင်တွေကိုတောင် ချန်ထားရစ်နိုင်တာ။ ဘုရားရေ ဒီလိုမျိုးကို ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတာ”

ဆုပိုင်က ထိုသားဖနှစ်ယောက်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်သွားသည်။ သူသည် မည်သို့ စပြောသင့်ကြောင်း တွေးနေ၏။

“ဒီအကွက်ရဲ့နာမည်ကို ပြောပြနိုင်မလား”

“မစိုးရိမ်နဲ့။ မစိုးရိမ်နဲ့။ ငါ အရှေ့ပိုင်းရဲ့ လျို့ဝှက်ဆန်းကြယ်မှုကို နားလည်တယ်။ ဘယ်သူကိုမှ မပြောဘူး”

ဘတ်က လျှာသပ်ရင်း သတိထားကာ ပြောသည်။

“ငါတို့ အားကစားသမားတွေ တိုက်ခိုက်သလိုပေါ့။ လူတိုင်းမှာလည်း ထူးခြားတဲ့အကွက်ဆိုတာ ရှိတယ်။ ဒါပေမဲ့ အခြားသူကို ပြောလို့ မရဘူးလေ”

“ငါတို့ ဒီအတိုင်း သိချင်တာပါ။ ငါတို့ ဘာမှ မရည်ရွယ်ပါဘူး”

“တကယ်လို့ မရရင်လည်း ထားလိုက်ပါ”

“အား”

422 03

ဆုပိုင်ကပင် မှင်သက်သွားပြီး အရှေ့မှ လူနှစ်ယောက်ကို ကြည့်ကာ ရယ်ချင်သွားသည်။

ဘယ်က လျို့ဝှက်အကွက်တွေ ဘယ်သူက ကျင့်ထားရမှာလဲ။ ဒါက သိသာစွာကိုပဲ သူရဲ့ ကိုယ်ပိုင် အရှိန်နှုန်းက အကန့်အသတ်တွေကို ရောက်သွားလို့ ပုံရိပ်ယောင်တွေကို ချန်ထားရစ်ခဲ့တာမျိုးလေ။ ဒါပေမဲ့

ဒီလိုလည်း ပြောလို့ မရဘူးလေ။ သူက အခု တိုက်ရိုက်ထုတ်လွှင့်နေတာ။

“ဟူး”

ဆုပိုင်က အသက်ကို ပြင်းပြင်းရှုပြီး တည်ငြိမ်စွာ ပြောသည်။

“အွန်း ဒါက နက်နဲတဲ့ ကွန်ဖူးဆိုတာ အမှန်ပဲ။ နောက်ပြီး လေ့ကျင့်ဖို့လည်း အရမ်းခက်တယ်”

“ဟွန်း ငါလက်လျော့လိုက်ပြီ”

ငါက နှင်းတောင် မြေခွေးပြန်လေ …. ငါလည်း သိုင်းပညာတွေကို ပြီးပြည့်စုံတဲ့အထိ ကျွမ်းကျင်နေတာ။ ဒါရိုက်တာ ဆုပိုင်ရဲ့ လင်းပေါ်ဝေ့ပိုစ့်ကို ဒီနေ့ မြင်ရလိမ့်မယ်လို့ မထင်ထားဘူး”

“နှဲ့ သုံး သုံး သုံး သုံး သုံး သုံး သုံး ငါ ရယ်ရလို့ သေတော့မယ်။ ဒီသားပိုက်ကောင်က တကယ်ကို စိတ်ရှုပ်နေတဲ့ သူဖြစ်လောက်တယ်။ ဒါပေမဲ့ ဒါရိုက်တာ ဆုပိုင်ရဲ့ အဲဒီအထူးအကွက်တွေက အလွန်အင်အားကြီးတာပဲ။ ပုံရိပ်ယောင်တွေကိုတောင် ခေါ်နိုင်တယ်။ တကယ် ကောင်းလွန်းတာပဲ”

“အဓိက အကြောင်းပြချက်ကလည်း အရံတွေက ကောင်းကောင်း သရုပ်ဆောင်လို့လေ။ ငါသာ တရုတ် မဟုတ်ဘူးဆိုရင် ငါ ယုံတော့မှာ”

“ဒါရိုက်တာ ဆုပိုင်ရဲ့ ဒီလို လေးနက်တဲ့ ပုံစံမျိုးနှင့် ပေါက်ကရပြောတာကို မြင်ရတာ တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်”

“မင်းတို့တွေ ဒီသားပိုက်ကောင်ရဲ့ အပြုအမှုကို အာရုံ မစိုက်ကြဘူးလား။ သူက အခုလေးတင် ထောင်လွှားနေတာ။ အခုတော့ တအားကို ရိုသေနေပြီ”

“ဘာပဲဖြစ်ဖြစ် လင်းပေါ်ဝေ့ပို့စ့်ကို သုံးနိုင်တဲ့ သူကို ဘယ်လိုများ မလေးမစားပြုရဲမှာလဲ။ ဟား ဟား ဟား”

“…”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း ဘတ်နှင့်သားတို့က သားပိုက်ကောင်နှင့်အတူ တိုက်ခိုက်ခဲ့သည့် အချိန်ကို ပြန်တွေးပြီးနောက် ဒါရိုက်တာ ဆုပိုင်၏ ပေါက်ကရစကားများကို အတည်ကြီးနဲ့ နားထောင်နေတဲ့ ပုံစံကို ပြန်ကြည့်လိုက်ကာ ဗိုက်များကိုပင်အုပ်ကာ ရယ်သည်။

ဒါရိုက်တာ ဆုပိုင်က သားပိုက်ကောင်၏ အရိုက်ခံရတော့မည်ဟု ထင်နေခဲ့ခြင်းသည်။ သို့သော် မမျှော်လင့်ထားစွာပင် ဒီလိုဖြစ်လာသည်။ သို့ရာတွင်

ပေါ့ပါးတဲ့ ခြေလှမ်း။

ဒါရိုက်တာ ဆုပိုင်က တကယ်တော်တာပဲ။

…

နမ်တု ဆေးရုံတွင်

“ဝူး ဝူး ဝူး”

“ဘာလို့ ဒီလို အရိုက်ခံရတာလဲ။ ဒါက ပြိုင်ပွဲပဲ ဆိုရင်တောင်မှ ဒီလောက်အထိတော့ ပြင်းပြင်းထန်ထန် ရိုက်ဖို့ မလိုပါဘူး။ ဟုတ်တယ်မှတ်လား။ မဟုတ်သေးဘူး မား”

မီးခိုးရောင် ဆံပင်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက သူမ၏ သားရေတွန့်နေသော လက်ကို သုံး၍ အရှေ့မှ သားဖြစ်သူကို ဆွဲထူရင်း တစ်ကိုယ်လုံးတွင် ပတ်ထားသော ပတ်တီးများကို ကြည့်ကာ မျက်ရည်ကို သုတ်ရင်း ပြောသည်။

“ရှောင်ကျန်း။ ရှောင်ကျန်း လက်ဝှေ့ထိုး မသင်ပါနဲ့တော့ ဟုတ်ပြီလား”

“မားမှာ နောက်ထပ် အလုပ်တစ်ခု ရှာတွေ့ထားတယ်။ သားကျောင်းတက်လို့ ရပြီလေ ဟုတ်ပြီလား”

422 04

“ဒီအလုပ်က အရမ်းကို အန္တာရာယ်များတယ်။ သား အကြိမ်တိုင်းလိုလို ဒီလောက်အထိ ထိခိုက်ပြီး တစ်ခုခုဖြစ်လာခဲ့ရင် မား ဘယ်လိုများ အသက်ရှင်ရမှာလဲ”

“ဟူး”

ရှောင်ကျန်းက နံဘေးတွင် ထိုင်နေသော မိခင်ဖြစ်သူကို ကြည့်ပြီးနောက်တွင် အသက်ကို ပြင်းပြင်းရှူကာ မျက်နှာကြက်ကို အသက်မဲ့သော မျက်လုံးများဖြင့် ကြည့်သည်။

သူသည်လည်း ခက်ခက်ခဲခဲစုထားသော ကျူရှင်ခကို ဒီလေ့ကျင့်ရေးစင်တာအတွက် ပေးထားခြင်း ဖြစ်သည်။ သူ ဒီကိုရောက်သည်မှာ လတစ်ဝက်ပင် မကြာသေးပင် ဒီလို ကိစ္စမျိုးက ဖြစ်လာသည်။ ပိုဆိုးသည်မှာ ဒေါက်တာကလည်း သူ၏ ပါးရိုးကပင် နည်းနည်း အက်သွားသည်ဟု ပြောသည်။ အနည်းဆုံး သုံးလမှ ခြောက်လခန့်အထိ အားယူကာ အနားယူရလိမ့်မည်။

ထိုအပြင် သူ့ကိုပင် လက်ဝှေ့ထိုး မသင်တော့ရန် အကြံပေးသေးသည်။ သူက လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။

ရှောင်ကျန်းသည် ဒဏ်ရာကြောင့် ရင်နာနေခြင်း မဟုတ်ပေ။ ထိုအစား ပိုက်ဆံအတွက် ရင်နာနေခြင်း ဖြစ်သည်။

သူတို့၏မိသားစုအခြေအနေအရ ထို ကျူရှင်စရိတ်ကို ရရန် အလွန် ခက်ခဲခဲ့သည်။

ယခုအခါ ဒီကိစ္စသေးသေးလေးက ကျူရှင်စရိတ်တစ်ခုလုံးကို အလဟဿ ဖြစ်သွားရုံသာမကသေးလေပဲ အိမ်တွင်လည်း လအများကြီး အားမွေးရအုန်းပေမည်။

ဒါက

မိခင်ဖြစ်သူ၏ မျက်ရည်သုတ်နေသော ပုံစံကို ကြည့်ပြီး ရှောင်ကျန်းကပင် အလွန်အမင်း ယူကျုံးမရ ဖြစ်လာသည်။

“မား”

သူဟာ ဩရှသော အသံနှင့်ပြောသည်။

“မပြောပါနဲ့ ငါသိတယ်”

“သားသိလား။ သား သိတာ ကောင်းတယ်။၊ ငါတို့မိသားစုက ဒီလိုလူမျိုးနဲ့ တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူးလေ။ ရှောင်ကျန်းရဲ့။ ရှောင်ကျန်း တတ်နိုင်လို့လား”

ရွှီရှို့ဖန်းက အရှေ့မှ သားဖြစ်သူကို စိုးရိမ်သောက ရောက်နေသော ပုံစံမျိူးဖြင့် ကြည့်ကာ အငိုရပ်သွားပြီး ခပ်တိုးတိုး ပြောသည်။

“လေ့ကျင့်ရေးခန်းမက ခေါင်းဆောင်တွေ လာသွားကြတယ်။ ငါ အားလုံး သိပြီးပြီ”

“မားအနေနဲ့ ဘာမှမလုပ်နိုင်တာ မားအမှားပါ။ ငါတို့ …”

“ဝူး ဝူး ဝူး”

သူမက ထငိုပြန်သည်။

လေ့ကျင့်ရေးခန်းမက ခေါင်းဆောင်များအားလုံးက ပြုံးကာ နှစ်သိမ့်နေကြသော်လည်း သူတို့၏ စကားများကတစ်ဆင့် ဒါက သာမန်ပြိုင်ပွဲ ဟုသာ ဖော်ပြသွားသည်။ သို့ရာတွင် သူမသည်လည်း ကောင်းကောင်း သိသည်။

ဒါက ဘယ်လို သာမန် သိုင်းပြိုင်ပွဲ ဖြစ်ရမှာလဲ။ သူမက သူမသားကို အသိဆုံး။ ခင်ပွန်းဖြစ်သူက အသေစောတယ်။ သူမက ဒီသားကို တစ်ယောက်တည်း မွေးလာတာ။

ရှောင်ကျန်းက အရမ်းကို သိတတ်တာ။ သူလည်း ပုံမှန်အခြေအနေမှာဆိုရင် ဘယ်လိုအခြေအနေမျိုးကိုမဆို သည်းခံပေးနိုင်တယ်။ ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးဘူး။ ဒါပေမဲ့

သူတို့ရဲ့ မိသားစုက အခြားသူတွေနဲ့ အချိန်ဖြုန်းဖို့ မတတ်နိုင်ဘူး။

“မား သား နားလည်ပါတယ်”

ရှောင်ကျန်းက မိခင်ဖြစ်သူ၏ ပုံစံကို ကြည့်ပြီးနောက် ရင်နာလာသည်။ ထိုနောက် စိတ်ဓာတ်ကျသလို ပြောသည်။

“ဒါဆိုရင် သား ဒါကို မသင်တော့ဘူးနော်။ သား သက်သာလာတာနဲ့ ကျောင်းလည်း မသွားတော့ပဲ အလုပ်ရှာမယ်”

“သား အနာဂတ်မှာ တိုက်ခိုက်တာကို မသင်တော့ဘူး။ မစိုးရိမ်နဲ့”

422 05

သူမက အသက် ၅၀ ပင် မရှိသေးပေ။ သို့သော် မိခင်ဖြစ်သူ၏ အချိန်၏ လှည့်စားမှုဒဏ်ကို ခံရပြီး အသက် ၆၀ အရွယ်များထက်ပင် အိုနေသော မျက်နှာကို ကြည့်လိုက်သည်။ ဒါက နှစ်ပေါင်းများစွာ အလုပ်ကြမ်းလုပ်ထားသည့် ရလဒ် ဖြစ်သည်။ ထိုအကြောင်းကို တွေးမိသော ရှောင်ကျန်းက ကတိပေးလိုက်ရသည်။

ယခင်အချိန်များနည်းတူ သူတို့သည် အခြားသောသူများနှင့် ယှဉ်၍မရပေ။ အခြားသောသူများနှင့် အချိန်ဖြုန်း၍ မတတ်နိုင်ပေ။

လေ့ကျင့်ရေးခန်းမထဲမှ ဘရမ်ဝူက သူတို့ရန်စရန် တတ်နိုင်သော သူမျိုး မဟုတ်ပေ။ အထူးသဖြင့် လေ့ကျင့်ရေး ခန်းမထဲမှ ခေါင်းဆောင်များ ဖြစ်သည်။ အားလုံးက ဤကိစ္စကို သိုင်းပြိုင်ပွဲဟုသာ ပြောကြသည်။ သူကပင် ကူကယ်ရာမဲ့ရသည်။

“မား ညဂျူတီသွားရအုန်းမယ်။ သား ညဘက် ပြဿနာတစ်ခုခု ရှိရင် သူနာပြုကို ခေါ်လိုက်နော်”

“မား မနက်ကျမှ သားအတွက် စားစရာတွေ ယူလာပေးမယ်”

“အွန်း မား သွားပြီနော်”

ရွှီရှို့ဖန်းက ဆေးရုံခန်းတံခါးဝနားတွင် ရပ်ရင်း သားဖြစ်သူကို တစ်ချက်ကြည့်သည်။ ထိုနောက် ခပ်တိုးတိုး ပြောပြီးနောက်တွင် စိုးရိမ်ပူပန်နေသော မျက်နှာမျိုးနှင့် ထွက်သွားသည်။

အခုလေးတင် ထွက်သွားသော မိခင်ဖြစ်သူ၏ နောက်ကျောကို ကြည့်နေရင်းနောက်

တစ် တစ် တစ်

ရှောင်ကျန်းက မနေနိုင်ဘဲ မျက်လုံးထောင့်မှ မျက်ရည်များကိုပင် လျောကျခွင့် ပြုလိုက်သည်။

မျက်ရည်များက နံဘေးရှိ သစ်သီးပန်းကန်ထဲသို့ ဝင်သည်။

ကူကယ်ရာမဲ့တယ်။

သူက ကလေးဘဝကတည်းက ဒီလိုပဲ အတန်းထဲမှာပဲ ဖြစ်ဖြစ် အပြင်မှာပဲ ဖြစ်ဖြစ်။

အမြဲတမ်း ကတိပေးနေပြီး လက်ခံနေရတာ။

ကျိုးသွားတဲ့ သွားကို မျိူချရတယ်။ အခြားနည်းလမ်းလည်း မရှိဘူး။

ဒဏ်ရာရပြီးတဲ့နောက်မှာ သူက လေ့ကျင့်ရေးခန်းမကို မသွားနိုင်တဲ့အပြင် အချိန်ပိုင်းအလုပ်ကလည်း

ထိုအကြောင်းအရာကို တွေးမိသော ရှောင်ကျန်းက လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်သည်။

သူ ဘာလို့ အဲဒီတုန်းက သည်းမခံခဲ့တာလဲ။ သူသာ

ပြောရမည်ဆိုရင် လူမှုအသိုင်းအဝိုင်းတွင် ရှောင်ကျန်းကဲ့သို့သော လူက အများကြီး ရှိသည်။ မိသားစုပါ အကြောင်းပြချက်များကြောင့် မိနစ်တိုင်းလိုလို သတိထားနေရပြီး စက္ကန့်တိုင်းလိုလို သတိကပ်နေရသည်။ သို့သော်

မကြာခဏဆိုသလို ထိုကိစ္စများကလည်း ထိုကဲ့သို့သော လူများကို လာရှာတတ်သည်။ ရှောင်ရှားရန် နည်းလမ်းလည်း မရှိပါပေ။

ဘန်း

ထိုအချိန်တွင် ဆေးရုံခန်းတံခါးက တွန်းဖွင့်ခံရသည်။

ရှောင်ရန်က လည်ကို လိမ်၍ ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးက ချက်ချင်း သွေးနီရောင် သန်းသွားသည်။

“ဟား ဟား ဟား”

“ကြည့်ရတာ ကိစ္စကြီး မဟုတ်ဘူး ထင်တယ်”

ဘရမ်ဝူက ခုံတစ်လုံးကို ဆွဲပြီး သတိလက်လွှတ်ထိုင်ချသည်။ ထိုနောက် ရှောင်ကျန်းကို ကြည့်ကာ ရယ်သည်။

******

423 01

အခန်း 423

…

“ငါ မင်းအတွက် သစ်သီးဝယ်ပေးတာ”

“ဒီတစ်ကြိမ်မှာ အစ်ကိုဝူ မှားတာပါ။ ခဏလောက် မရပ်မိသွားဘူး။ ဒါပေမဲ့ ဒါကလည်း ဖြစ်နိုင်တာပဲလေ”

“တချို့ကိစ္စတွေက ရှောင်လို့ မရဘူး။ ဆိုတော့ စိတ်ထဲ ထားမနေနဲ့”

“နောက်ပြီး ဒါက မင်းရဲ့ ကျူရှင်ခ”

ထိုသို့ ပြောပြီးသည်နှင့် သူဟာ အိတ်ကပ်ထဲမှ ပိုက်ဆံအထပ်လိုက်ကို ထုတ်ပြီး ရှောင်ကျန်း၏ အရှေ့တွင် တစ်ရွက်ချင်းစီ ရေပြသည်။ အားလုံးပေါင်း ယွမ် ၅၀၀၀ ဖြစ်သည်။

သူသည် ရှောင်ကျန်း၏ ပတ်တီးများ ပြည့်နှက်နေသော ရင်ဘတ်ပေါ်သို့ ညှင်သာစွာ တင်ပေးသည်။ ထိုနောက် နောက်ထပ် နည်းနည်း ပိုရေလိုက်ပြီးနောက် ထပ်ထုတ်ပေးသည်။

“အားလုံးပေါင်း ယွမ် ၆၀၀၀။ မင်းရဲ့ ဆေးကုသစရိန်အတွက်တော့ မစိုးရိမ်နဲ့တော့။ အစ်ကိုဝူက အားလုံးကို ပေးမယ်။ ဒါပေမဲ့ အစ်ကိုဝူ မင်းကို အကြံပေးချင်တယ်နော်”

“မင်းရဲ့ခန္ဓာကိုယ်က လက်သီးထိုးကျင့်ဖို့ မသင့်တော့်ဘူး။ ငါတောင်မှ အင်အားအများကြီး သုံးတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက အခု ဒီလို ဖြစ်သွားတယ်”

ဘရမ်ဝူက ခုံမှ ထရပ်လိုက်ပြီးနောက် နှစ်သိမ်လိုသော အမှုအရာမျိုးနှင့် ပြောသည်။

“လေ့ကျင့်ရေးခန်းမက ဆရာဝန်ကို စကားပြောထားတယ်။ သူတို့ကလည်း မင်းရဲ့ အခြေအနေအားလုံးကို သိထားပြီးသား။ မင်း မိသားစု အခြေအနေ‌ရောပဲ”

“အစကတော့ မင်းရဲ့ ကျူရှင်လခကို ပြန်ပေးဖို့က မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အစ်ကိုဝူက အရမ်း ကြင်နာတတ်တာလေ။ ဒါကြောင့် ပြန်ပေးလိုက်တာ။ မင်းအနေနဲ့ အနာဂါတ်မှာ မလေ့ကျင့်တော့ဘူးဆိုရင်လည်း မင်းအမေကို ကူညီပေးနိုင်တာပေါ့”

“ဒါအပြင် … မင်းက ဒီပိုက်ဆံတွေနဲ့ ဘာကိုမှ သင်နိုင်မှာ မဟုတ်ဘူး။ တိုက်ခိုက်တယ်ဆိုတာက မင်းရဲ့မိသားစု တတ်နိုင်တာမျိုး မဟုတ်ဘူး”

“ကောင်းပြီ။ ဆက်ပြီး နားလိုက်အုန်း”

သူဟာ အနောက်လှည့်သွားပြီးနောက် တံခါးဘက်သို့ လျှောက်သွားတော့မည့်အချိန်တွင်

“မင်း”

ရှောင်ကျန်းက ရင်ဘတ်ပေါ်မှ ပိုက်ဆံကို ကောက်ကိုင်ပြီး သူ့ကို ကောက်ပေါက်ကာ နီရဲနေသော မျက်လုံးဖြင့် ပြောသည်။

“ထွက်သွား”

“မင်း ထွက်သွား”

“ဟား ဟား”

ရှောင်ကျန်းက မြေပြင်မှ ပိုက်ဆံများကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ အနားရှိ ကျောင်းသားများကို ကြည့်ကာ သုန်မှုန်စွာ ပြောသည်။

“သူတို့ကို မေးကြည့်။ အတိတ်မှာ သိုင်းပြိုင်ပြီး ဒဏ်ရာ ရပြီးတဲ့နောက်မှာ ဘယ်သူကများ မင်းလို တည်ငြိမ်တဲ့ ပုံစံမျိုးကို လက်ခံရရှိခဲ့လဲလို့လေ”

“မင်းရဲ့မိသားစုက အရမ်းသနားစရာကောင်းနေတာ”

“မဟုတ်ရင် ငါက ဒီပိုက်ဆံလေးကိုတောင် မပေးချင်ဘူး”

“ဒါပေမဲ့ ကလေး ငါ မင်းကို ပြောမယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံက မင်းကို ပေးထားပြီးသားပဲလေ။ မင်းက အနာဂါတ်မှာ မကျေနပ်ဘူးဆိုရင်လည်း လေ့ကျင့်ရေးခန်းမကိုသွားပြီး ခေါင်းဆောင်ကို ရှာ။ ငါတို့ ….”

“သိုင်းပြိုင်တာ”

ထိုသို့ ပြောပြီးသည်နှင့် သူဟာ မြေပြင်ပေါ်တွင် တကွဲတပြားစီ ကျနေသော ပိုက်ဆံများကို တစ်ချက်ကြည့်ကာ ခြေထောက်ကို မြှောက်ပြီး ခပ်ကြမ်းကြမ်း ဖိချေပစ်သည်။ ထိုနောက် ပြုံးကာ ဆက်ပြောသည်။

“ဒီပိုက်ဆံက ခဏနေရင် မင်းဘာသာမင်း ကောက်ရလိမ့်မယ်။ တွေးကြည့်စမ်းပါ။ မင်းအမေက တစ်လလုံးလုံး အမှိုက်ပုံမှာ သန့်ရှင်းရေး လုပ်ပြီး အများကြီးရှာထားတာ။ ဒီလောက် ရမှာလား”

423 02

“ဂရုစိုက်တွေး”

“ဟုတ်တယ် ရှောင်ကျန်း။ လေ့ကျင့်ရေးခန်းမကလည်း မင်းရဲ့ခန္ဓာကိုယ်က တိုက်ခိုက်ဖို့ မသင့်တော်တော့ဘူးဆိုပြီး အကြောင်းကြားခံထားရပြီးသား။ ဒီပိုက်ဆံက အစ်ကိုဝူရဲ့ မင်းအတွက် လျော်ကြေး”

“အရင်သိုင်းပြိုင်ပွဲမှာ ဒဏ်ရာရတာ ဒါမှမဟုတ် ပြိုင်ပွဲမှာ ဒဏ်ရာရတာမျိုးဆိုရင် ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး”

“နားလည်လိုက်စမ်းပါ။ မင်းတို့လို မိသားစုမျိုးအတွက် လက်ဝှေ့မထိုးတာက ကောင်းတဲ့ ကိစ္စပဲ။ ဘာပဲဖြစ်ဖြစ် မင်းက ကုန်ရှုံးသွားတဲ့ အင်အားတွေကို ပြန်ဖြည့်နိုင်မှာ မဟုတ်ဘူးလေ”

ထိုကျောင်းသားများကလည်း တံခါးဝနားတွင် ရပ်နေပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ပြောကြသည်။ ထိုနောက် နောက်လှည့်ကာ တိုက်ရိုက်ထွက်သွားသည်။

“ဝူး ဝူး ဝူး”

“အား မင်းတို့ကောင်တွေ”

“အား ဝူး ဝူး ဝူး ဘာလို့ ဒီလိုလုပ်တာလဲ။ ဘာလို့လဲ”

လေးလံသော တံခါးပိတ်သွားပုံကို ကြည့်ရင်း ရှောင်ကျန်းက ထငိုသည်။

ဘဝကလည်း တစ်ခါတစ်ရံတွင် နောက်ပြောင်သေးသည်။ ကျောင်းတွင်လည်း သူ့ကို တခြားသောသူများက ကလေးဘဝထဲက အနိုင်ကျင့်ကြသည်။ သူ ပညာမသင်သော အချိန်တွင် ကောင်းလောက်မည်ဟု ထင်ထားသည်။ သို့သော် ကျောင်းတွင် အနိုင်ကျင့်ခံရပြန်သည်။ ကျောင်းတွင်ကထက်ပင် ပို၍ ရက်စက်သေးသည်။ ပို၍ ဆိုးရွားကာ ပြင်းထန်သည်။

“ဝူး ဝူး ဝူး”

လူနာခန်းအပြင်ဘက်။

ရွှီရှို့ဖုန်းက အတွင်းတွင် ငိုနေသော သားဖြစ်သူကို ကြည့်ပြီး ပါးစပ်ကို လက်ဖြင့် အုပ်ကာ ငိုနေသည်။

သူမသည်လည်း မည်သည့်အတွက်ကြောင့် တိုက်ခိုက်ရေး သင်ကြားလိုမှန်း သိသည်။ အကြောင်းမှုကား သူသည်လည်း အားကစားသမားဖြစ်ပြီး ပြိုင်ပွဲတွင် ဝင်ပြိုင်နိုင်သမျှ တစ်ပွဲနိုင်ရုံဖြင့် ပိုက်ဆံအများကြီး ရနိုင်သည်။ သူဟာ ရှုံးသွားလျှင်ပင် ပိုက်ဆံအများကြီး ရအုန်းမည် ဖြစ်သည်။ သို့တိုင်အောင် ယခုအချိန်အထိ သားဖြစ်သူကို မေးထားသော နောက်ဆုံးစကားကို မှတ်မိနေသေးသည်။

တကယ်လို့ သူသာ သေတဲ့အထိ အရိုက်ခံလိုက်ရရင် လျော်ကြေး ရမှာလားတဲ့။

ဒါက

ကျွီ

သူမက တံခါးကို ညှင်သာစွာ တွန်းဖွင့်လိုက်သည်။ အိပ်ရာပေါ်တွင် လှဲနေသော သားဖြစ်သူကို ကြည့်ပြီးနောက် ရွှီရှို့ဖုန်းက မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ ပိုက်ဆံများအားလုံးကို ကောက်သည်။ သူမသည်လည်း ထိုခြေထောက်ရာများကို ခန္ဓာကိုယ်က အင်္ကျီဖြင့် သုတ်ပြီး အိတ်ကပ်ထဲသို့ ထည့်သည်။

“မား”

ရှောင်ကျန်းက သူမ၏ နိမ့်ကျသော ပုံစံကိုကြည့်ကာ ရင်နာလာသည်။

သူမက အသက်ပြင်းပြင်း ရှု၍ ခံစားချက်များကို ဖိနှိပ်သည်။ သူတွင်လည်း ရွေးချယ်စရာ မရှိပေ။ ငယ်စဉ်ဘဝကတည်းက အရွယ်ရောက်ပြီးသည်အထိ သူအတွက် ကိစ္စများက မလွယ်ကူခဲ့ပါပေ။ သူမက တစ်ယောက်တည်းနဲ့ အလုပ်သုံးလုပ် လုပ်သည်။ တစ်ရက်တွင် ငါးနာရီပင် မအိပ်ရပေ။

“အဆင်ပြေပါတယ်”

“သား ရက်အနည်းငယ်နေရင် ဆေးရုံက ဆင်းနိုင်တော့မှာ။ အဲဒီအတွက် မားက သားအတွက် အိမ်မှာ ချက်ပြုတ်ပေးမယ်”

“ကောင်းပြီ”

ရွှီရှို့ဖုန်းက ညှင်သာစွာ ခေါင်းငြိမ့်သည်။ ထိုနောက် သားဖြစ်သူကို ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။

“မားသာ လုံလောက်အောင် ပိုက်ဆံစုပြီးရင် သားအတွက် ဇနီးရှာပေးမယ်။ အဲဒီနောက် မားရဲ့ တာဝန်က ပြီးပြီ”

“သူတို့ကို အာရုံမစိုက်ပါနဲ့တော့ ဟုတ်ပြီလား”

423 03

“အွန်း”

ရှောင်ကျန်းကလည်း နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်ရင်း ခေါင်းညိတ်သည်။

ရွှီ့ရှို့ဖုန်း ထွက်သွားသည့်အထိ သူမ သတိမထားမိသည်မှာ ရှောင်ကျန်း၏ မျက်လုံးထဲတွင် လက်သင့်မခံလိုစိတ်က လင်းလက်နေခြင်း ဖြစ်သည်။

…

“ဖယ်”

ဆုပိုင်က ခေါင်းကို မော့၍ လက်သီးတစ်လုံးကို ထည့်သွင်းလိုက်ကာ သားပိုက်ကောင်၏ နဖူးကို တိုက်ရိုက်ထိုးသည်။ ထိုနောက် ဘန်းကနဲ ကန်ကာ ထွက်လာသည်။

“ကျွီ”

“အား”

ယခင်သားပိုက်ကောင်ခေါင်းဆောင်က အော်ဟစ်ပြီး နောက်ခြေနှစ်ဖက်ကို မြှောက်လိုက်သည်။

ဘန်း

သို့ရာတွင် ဒါရိုက်တာဆုပိုင်ကိုတော့ အရှေ့မှ အကောင်က ထပ်ပြီး ပုံရိပ်ယောင်များ ချန်ထားရစ်ခဲ့ပြန်ကာ လွှင့်သွားပြန်သည်။ ထိုနောက် သူ၏ ခြေထောက်က မတူညီသော ပုံစံဖြင့် ထပ်မြှောက်သည်။ ထိုနောက် သူ၏ ဗိုက်ကို ခပ်ကြမ်းကြမ်း ကန်ကာ တိုက်ရိုက် လွှင့်ထွက်သွားစေသည်။

“ဟူး”

မြေပြင်တွင် လဲသွားသော သားပိုက်ကောင်တွင် စိတ်ပျက်အားငယ်သော အမှုအရာမျိုးနှင့် အမောတကော အသက်ရှုနေသည်။

ကွာဟချက်က ကြီးလိုက်တာ။ သူတောင်မှ ဘဝကို သံသယဝင်နေပြီ။ သူ တစ်ကြိမ်တောင် မနိုင်ဘူး။

တစ်ကြိမ်တောင်နော်။ တစ်ကြိမ်တောင်။ သူလို မြက်ခင်းလွင်ပြင်ပေါ်က အင်အားအကြီးဆုံး သားပိုက်ကောင်ခေါင်းဆောင်က မဟုတ်သေးပါဘူး။

အရင်ခေါင်းဆောင် ဖြစ်သွားပြီ။

အဖွဲ့က သူ့ကို မောင်းထုတ်လိုက်ပြီ။

သူက သားပိုက်ကောင်အချင်းချင်း အားလုံးကို နိုင်ပေမဲ့လည်း ဒါပေမဲ့ သူရှုံးသွားတာကို သားပိုက်ကောင်အထီးအားလုံးက မြင်သွားတယ်။ သူသာ အဲဒီနေရာကို ပြန်ယူချင်ရင် ဒီကောင်တွေကို အဖွဲ့လိုက် တိုက်ခိုက်ရုံပဲ ရှိတော့မှာ။

ဒါပေမဲ့ သူက ဘယ်လောက်ပဲ အင်အားကြီးကြီး အဖွဲ့လိုက်တော့ မနိုင်ဘူးလေ။

“ဘယ်လိုလဲ”

“တွေးပြီးပြီလား။ မင်းထပ် ရှုံးပြီနော်။ မင်း ငါ့နောက်ကို လိုက်ချိန်ကျပြီ”

ဆုပိုင်က လက်ဝှေ့ထိုးသော လက်အိတ်များကို ဖယ်လိုက်ပြီးနောက် သားပိုက်ကောင်နံဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူ့ကို ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။

“မင်း ဒီတစ်ကြိမ် မနိုင်ဘူး။ ငါ မင်းနဲ့ တိုက်ခိုက်ပြီးတာ ၁၀ ကြိမ်တောင် ဖြစ်သွားပြီ။ တစ်ကြိမ်တောင် မနိုင်ဘူး”

“ကိုယ့်ကတိ ကိုယ်တည်”

ထိုနေ့က နိုင်ပြီးချိန်ကတည်းက သားပိုက်ကောင်က ဆုပိုင်နောက်သို့ လိုက်ကာ မြို့သို့ တက်လာသည်။

စနစ်ကလည်း တာဝန်ပြီးကြောင်း မပြောသေးဘူး။ ထိုကြောင့် ဆုပိုင်သည်လည်း ထိုကောင်နှင့်သာ သိုင်းဖလှယ်ပေးရတော့သည်။

ထိုအကောင်နှင့် တိုက်ခိုက်ပေးရန် သဘောတူရုံသာ တတ်နိုင်ခဲ့သည်။ ဆုပိုင်သာ ရှုူံးသွားခဲ့လျှင် သူသည်လည်း တစ်ဖက်သူအား ကွန်ဖူးကို သင်ပေးရမည် ဖြစ်သည်။ သူသာ ရှုံးသွားခဲ့လျှင်လည်း ဆုပိုင်နောက်သို့ လိုက်ကာ အလွန်ဝေးလံသော နေရာသို့ လိုက်လာပေမည် ဖြစ်သည်။ သို့သော်

ဆုပိုင်ကလည်း ထိုအကောင်က ထိုမျှအထိ အလွန်ပင် လေးနက်လွန်းသော အလောင်းအစားသမားဟု မထင်ထားမိပေ။ သူ့နောက်သို့ အစပိုင်း လိုက်လာချိန်က စတင်ပြီး သူသည် အဖွဲ့ထဲက တခြားသော သားပိုက်ကောင်များနှင့် လောင်းထားသည်။ သို့မှု သားပိုက်ကောင်အမများကပင် အားလုံးကို မြင်သွားသည်။

“ကျွီ”

“ငါ”

423 04

သားပိုက်ကောင်က အမြှီးကို မြေပြင်တွင် ထောက်ထားပြီးနောက် နံဘေးမှ ကုန်းထလာသည်။ ထိုနောက် ဆုပိုင်ကို ကြည့်ပြီး အော်ပြန်သည်။

“တစ်ကြိမ်ပဲ။ ဒီတစ်ကြိမ် ဒီတစ်ကြိမ် … သားပိုက်ကောင်တစ်ဖွဲ့လုံးက ငါ ကျရှုံးသမျှ သားပိုက်ကောင်တွေ အားလုံး မင်းနောက်ကို လိုက်မယ်”

ဆုပိုင်က သူ့ကို ကြည့်ပြီးနောက် ခေါင်းကိုက်သလိုမျိုး မျက်ခုံး ပင့်သည်။

“မင်းလည်း အရင်တုန်းက အဲဒီလိုပဲ ရှုံးသွားတာလေ”

“ငါ မင်းအတွက် ရေတွက်ပေးမယ်။ သားပိုက်ကောင်အမ ငါးကောင်”

“အထီး ၁၄ ကောင်”

“ကလေး ငါးကောင်”

“ဒါဆိုရင် ရလား”

“သားပိုက်ကောင်တစ်ဖွဲ့လုံးက ငါ့ဟာပဲ။ မင်းမှာ ဘာမှ မရှိဘူး”

“ကျွီ”

သားပိုက်ကောင်ခေါင်းဆောင်က ရုတ်တရက် မြေပြင်မှ ခုန်ထပြီးနောက် မျက်လုံးက ပြူးကျယ်သွားသည်။

ရင်နာလိုက်တာ။ သူ အားလုံး ရှုံးသွားပြီလား။

“ဟူး”

“ဒါဆိုရင်လည်း ငါ အရှုံးကို လက်ခံတယ်။ ငါ နောက်တစ်ခေါက် လောင်းစရာ ရှာပြီးမှ မင်းနဲ့ ထပ်ရန်ဖြစ်မယ်”

သားပိုက်ကောင်ခေါင်းဆောင်က ဆုပိုင်ကို ခက်နဲစွာကြည့်ပြီး အံကိုကြိတ်ကာ ပြောသည်။ ထိုနောက် မြေပြင်မှ ခုန်ထသည်။

“ကျွီ”

“မနက်ဖြန် မြက်ခင်းပြင်ကို လာပြီး ငါ့ကို လာရှာ”

အဝေးမှ အော်သံထွက်လာသည်။

ဆုပိုင်က လက်ခုပ်တစ်ချက်တီးပြီး မြေပြင်မှ ခုန်ထသည်။ ထိုနောက် ထွက်သွားသော သားပိုက်ကောင်ခေါင်းဆောင်ကို ကြည့်ကာ မျက်မှောင် ကြုတ်သည်။

တစ်ခုခု မှားနေသလိုပဲ။

ဒီကောင်က သားပိုက်ကောင်ခေါင်းဆောင် မဟုတ်တော့ဘူးလေ။ ဒါဆိုရင်

သူဟာ ခေါင်းကို ညှင်သာစွာ ခါသည်။ ထိုနောက် အိမ်ထဲသို့ တစ်လှမ်းချင်းသာ ဝင်သွားလိုက်သည်။

လော်ကီမိသားစုရှိ သုံးယောက်က ဒုတိယအထပ် ပြတင်းပေါက်တွင် ရပ်နေပြီး အိမ်ထဲသို့ ဝင်လာသည့် ဆုပိုင်ကို ကြည့်ကာ လေးစားစွာနှင့် အော်သည်။

“အံဩဖို့ကောင်းလိုက်တာ”

“ကျွတ် ကျွတ် ကျွတ် ငါသာ အစ်ကို ဆုပိုင်ရဲ့ အင်အားမျိုး တစ်ဝက်လောက် ရှိမယ်ဆိုရင် ဟွန်း ပြည်နယ်ချန်ပီယံ မပြောနဲ့ နိုင်ငံချန်ပီယံဆိုရင်တောင်မှ မကြောက်ဘူး”

လော်ကီကပင် တောင်းတသော အမှုအရာမျိုးဖြင့် အော်ဟစ်သည်။

ဖြောင်း

ဘတ်က သားဖြစ်သူ၏ နဖူးကို ခပ်ကြမ်းကြမ်း ဖိရိုက်ရင်း မပျော်မရွှင်ဖြစ်သလို ပြောသည်။

“သားပိုက်ကောင်ကိုသာ နိုင်တဲ့အထိ စောင့်စမ်းပါ”

“ဆု။ ဆုက မနက်ဖြန် မြက်ခင်းလွင်ပြင်ကို သေချာပေါက် သွားမှာ။ ငါတို့လည်း လိုက်သွားရအောင်။ မင်းသေချာပေါက် သင်ရမယ်နော်။ နားလည်လား”

“ဆု ပြောတာ မှန်တယ်။ အကွက်တွေထက် ပိုသာတဲ့ အကွက်ဆိုတာ မရှိဘူးတဲ့။ ဆိုတော့ ကိုယ့်အကွက်နဲ့ ကိုယ်ပေါ့”

ဘတ်က သက်ပြင်းချသည်။

“အရှေ့ပိုင်းက တကယ်ကို လျို့ဝှက်ဆန်းကြယ်တာ။ ငါတို့မိသားစုမှာသာ အခွင့်အရေးရှိရင် ငါတို့လည်း သွားကြည့်ရမယ်”

423 05

“တကယ်လို့ ဆုပြောတဲ့ ဆရာသခင်တစ်ယောက်အနေဲ့ တွေ့နိုင်လား”

“ဒါဆိုရင် …ဒါဆိုရင် ငါ အဲဒီစာအုပ်ကို ရမှာပေါ့။ ဒါပေမဲ့ …”

မနက်အစောပိုင်း။

နေက ထွက်လာခါစဖြစ်သည်။

သားပိုက်ကောင်ခေါင်းဆောင်က အဖွဲ့ထဲတွင် ကင်းလှည့်နေ၏။ သူ့အပိုင် ဖြစ်နေသေးသော သားပိုက်ကောင်အမများကို ကြည့်ရင်း သူက အံကို ကြိတ်သည်။ ထိုအချိန်တွင်

သားပိုက်ကောင်အထီးအဖွဲ့က သူ့ကို ရှာတွေ့သွားပြီးနောက်တွင် အော်ဟစ်ကာ အပြေးဝင်လာကြသည်။ သူတို့က သူတို့၏ အရှေ့မှ သားပိုက်ကောင်ခေါင်းဆောင်ကို ကြည့်သည်။ ပြီးနောက် သူတို့၏ ခေါင်းဆောင်အသစ်ကို မရွေးရသေးပေ။ သူတို့သည်လည်း ရှုံးသွားသော ခေါင်းဆောင်က ပြန်လာမည်ဟု မထင်ထားမိပေ။ သို့သော် သူတို့အတွက်မူ ပြန်လာသော ခေါင်းဆောင်ကို မလိုချင်တော့ပေ။ မည်သို့ပင်ဆိုစေ ထိုအကောင်မရှိလျှင်လည်း သူတို့ထဲက မည်သူကမဆို ခေါင်းဆောင်အသစ် ဖြစ်နိုင်သည်။

“ကျွီ”

သားပိုက်ကောင်ခေါင်းဆောင်က အော်သည်။ ထိုနောက် နွမ်းလျနေသော အကြည်မျိုးနှင့်အတူ လက်သည်းကို ဆန့်ထုတ်ကာ လက်ရမ်းပြသည်။

******

All Chapters