← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

424 01

အခန်း 424

…

သူ ထပ်ပြန်လာပြီး ခေါင်းဆောင်ရပိုင်ခွင့်ကို ပြန်လည်စိန်ခေါ်လိုကြောင်း ပြသခြင်း ဖြစ်သည်။

ထိုသားပိုက်ကောင်အဖွဲ့ကလည်း လျင်မြန်စွာ လှုပ်ရှားပြီး သူ့ကို ဝိုင်းလာသည်။ သုန်မှုန်သော မျက်လုံးများဖြင့် သူ့ကို ကြည့်ပြီးနောက်တွင် အနောက်မှ အမြှီးက ဆက်တိုက်သလို ခါလာကာ တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

ထိုအကောင်ကသာ ခေါင်းဆောင် ဖြစ်လိုသေးလျှင် သူသည် အားလုံးကို နိုင်ရပေမည်။

အရမ်း သန်မာနေရင် အားလုံးကို တိုက်ခိုက်နိုင်စွမ်းရည် ရှိရမယ်။

သို့သော် သားပိုက်ကောင်အဖွဲ့ကို အမှန်တကယ် ရင်ဆိုင်ရပါက ရလဒ်တစ်ခုသာ ရှိသည်။ သူသည် တိုက်ရိုက် သေသွားနိုင်သည်။

“ကွီ ကွီ ကွီ”

သားပိုက်ကောင်များအားလုံးက လည်တိုင်ကို မော့ကာ အော်သည်။ ထိုနောက် တစ်ကောင်ပြီး တစ်ကောင် ပြေးဝင်လာသည်။

ဘန်း

ထိုအခြေအနေကို မြင်သောအခါ သားပိုက်ကောင်ခေါင်းဆောင်က အသက်ကို ပြင်းပြင်းရှူသည်။ မြေပြင်ပေါ်တွင် အမြှီးကို ထောက်လိုက်ပြီးနောက် ခြေထောက်ကို လျင်မြန်စွာ မြှောက်လိုက်ကာ သားပိုက်ကောင်တစ်ကောင်ကို ခပ်ကြမ်းကြမ်း ကန်ထုတ်လိုက်ပြီး တိုက်ရိုက် လွှင့်သွားစေသည်။ သို့သော်

ဘန်း ဘန်း ဘန်း

မရေမတွက်နိုင်သော နောက်ခြေများက သူ့ဆီ ရောက်လာ၏။

“ကွီ”

“အား”

သားပိုက်ကောင်ခေါင်းဆောင်က အော်ဟစ်ပြီးနောက် လက်သည်းများကို ဆန့်ထုတ်ကာ လက်သီးများကို သုံးပြီး အရှေ့မှ သားပိုက်ကောင်၏ ခေါင်းကို တိုက်ရိုက် ရိုက်ချပစ်လိုက်သည်။

“မှတ်ထား။ မင်းတို့အဖွဲ့လိုက် တိုက်ခိုက်တဲ့အခါ တစ်ကောင်ကို ရအောင် ဖမ်းပြီး သူ့ကို နိုင်ရမယ်”

“ငကြောက် မလုပ်နဲ့။ အရှိန်အဟုန်မှာ အားမနည်းစေနဲ့”

ဆုပိုင်ဟုခေါ်သော လူငယ်က ပြောသွားသောစကားများကို အမှတ်သွားပြီး သူဟာ အံကိုကြိတ်လိုက်သည်။ သူသည်လည်း သူ့ပေါ်သို့ ရောက်လာသော လက်သည်းများကို ဂရုမစိုက်တော့ပေ။ ထိုနောက် အရှေ့မှ သားပိုက်ကောင်ကိုသာ တိုက်ရိုက်ဆိုသလို ဖိကန်ပြီး တိုက်ခိုက်သည်။

ကွီ

အရှေ့မှ သားပိုက်ကောင်၏ အရှုံးပေးသံကို ကြားမှသာ သားပိုက်ကောင်ခေါင်းဆောင်က နောက်ပစ်မှတ်ကို ထပ်ပြောင်းသည်။

ထိုအချိန်တွင် သူ၏အမွှေးတွင်ပင် သွေးများ ပေါ်လာသည်။ ဝမ်းဗိုက်မှာလည်း စူးရှသော နာကျင်မှုက ရောက်လာသည်။

ကျွီ

“လာစမ်းပါ”

သူဟာ အော်ဟစ်လိုက်ပြီးနောက် ခြေထောက်ကို ထပ်မြှောက်လိုက်ကာ သားပိုက်ကောင်ကို ဆောင့်ကန်သည်။

ထိုနောက် မြေပြင်သို့ ပြန်ဆင်းပြီးသည့်နှင့် လျင်မြန်စွာ လိုက်သည်။

ဘန်း ဘန်း ဘန်း

424 02

တူညီသော လမ်းကြောင်းအတိုင်းပင် သူ၏လက်သီးများက သားပိုက်ကောင်၏ နဖူးပေါ်သို့ ကျသည်။

ဘုန်း

ဘုန်း ဘုန်း ဘုန်း

ထိုအချိန်တွင် အဝေးမှ ကား၏အော်သံကို ကြားရသည်။ ထိုအခြေအနေကို မြင်လိုက်သည့် သားပိုက်ကောင်အဖွဲ့က တစ်ကောင်ပြီး တစ်ကောင်နောက်ဆုတ်သည်။ သူတို့က အတူ စုနေကြပြီးနောက် အရှိန်မြှင့်လာသော ကားကို သတိကပ်ကာ ကြည့်သည်။

ဘန်း

သားပိုက်ကောင်ခေါင်းဆောင်က ထပ်ပြီး ကန်ထုတ်လိုက်ပြန်သည်။ အရှေ့မှ ပြိုင်ဘက်ကို ရင်ဆိုင်ပြီးသည့်နှင့် တုန်ယင်စွာ ထရပ်သည်။ သူဟာ ခေါင်းကို လှည့်ကာ ကားထဲမှ ခုန်ထွက်လာသော လူငယ်ကို ကြည့်ပြီးနောက် နဖူးမှ သွေးများကိုပင် လှုပ်ခါပစ်လိုက်သည်။

“ကွီ”

“အား ငါက ခေါင်းဆောင်ပဲ”

သူက အော်သည်။

ဆုပိုင်က မြက်ခင်းပြင်ပေါ်တွင် အပင်တစ်ပင်ကဲ့သို့ ရပ်နေသော သားပိုက်ကောင်ခေါင်းဆောင်ကို ကြည့်ပြီးနောက် နည်းနည်း ရင်ထဲ ထိသွားသည်။

ထိုအကောင်၏ အလောင်းအစား လုပ်နိုင်သော အကျင့်စရိုက်က သိပ်မကောင်းသော်လည်း ဒါပေမဲ့…

ကြည့်ရတာ တကယ် အံဩစရာပဲ။

လေးစားပေးရမယ်။

သားပိုက်ကောင်များစွာနှင့် တစ်ယောက်တည်း ရင်ဆိုင်ရသည့်တိုင်အောင် သိသာစွာပင် သူ၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သော တိုက်ခိုက်မှုဒဏ်ကို ခံထားရသည့်တိုင်အောင် သူသည် ဘယ်သောအခါမှ လက်မလျောခဲ့ပေ။ ဒါက တကယ်ကို အံဩစရာပဲ။

သိထားရမည်မှာ သားပိုက်ကောင်ခေါင်းဆောင်က အလွန် အင်အားကြီးသော်လည်း သူသည် အခြားသော သားပိုက်ကောင်များ၏ တိုက်ကွက်များက သူ့လောက် အင်အားမကြီးနေလျှင်ပင် ကွာခြားချက်က ထင်သလောက် မကြီးပါပေ။

ပို၍ဆိုးသည်မှာ အဝေးမှ သားပိုက်ကောင်အထီးအုပ်၏ ပုံစံအရ သူတို့သည် နည်းနည်းပင် ကြောက်နေပုံရသည်။

ပေါက်ကရတွေ။

သူတို့က ဘယ်လိုကြောင့် မကြောက်ရမှာလဲ။

အရှေ့က အကောင်က အရူးအမူး တိုက်ခိုက်နေတာလေ။ သူက ရှောင်တောင် မရှောင်ဘူး။ နောက်ထပ် ပြိုင်ဘက်တစ်ယောက်ကိုပဲ ကောက်ဆွဲပြီး ရိုက်ပစ်တာ။

ဘယ်သူက ဒါကို ခံနိုင်မှာလဲ။

“ကျွီ ကျွီ ကျွီ”

“ငါတို့ အညံ့ခံတယ်”

“အညံ့ခံတယ်”

“မင်းက ခေါင်းဆောင်ပဲ”

သားပိုက်ကောင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် အော်ဟစ်ကာ ခေါင်းကို ငုံ့သွားသည်။

“ကျွီ”

“ဟား ဟား ပြိုင်ဘက်ကင်းပဲ”

သားပိုက်ကောင်ခေါင်းဆောင်က လက်ကို ရမ်းပြီး အော်သည်။

424 03

သူက မြက်ခင်းလွင်ပြင်ဒေသတစ်ခုလုံးမှာ အင်အားအကြီးဆုံး သားပိုက်ကောင် ဖြစ်နေတုန်းပဲ။

ထိုနောက် တစ်လှမ်းချင်းစီ လျှောက်လာသော ဆုပိုင်ကို တစ်ချက် ကြည့်ပြီးနောက် အမှုအရာက မှင်သက်သွားသည်။ သူသည် ရင်ဘတ်ကို တစ်ချက်ကုတ်ရင်း တွေးသည်။

မဟုတ်သေးပါဘူး။

သေစမ်း။

ငါ ဒီကောင်ဆီ အားလုံး ရှုံးသွားပြီးပြီ။ ဆိုတော့ ငါ ဒီနေရာက ထွက်သွားရတော့မှာ။

ဒါပေမဲ့ ငါက ဘယ်နေရာကို သွားသွား အတော်ဆုံး တိုက်ခိုက်သူ ပါပဲ။

ဟွန်း အရှေ့က ဒီလူငယ်ပြောတာတော့ အဲဒီနေရာက တိရစ္ဆာန်တွေ အများကြီးတဲ့။ လာနောက်နေတာလား။ မြက်ခင်းပြင်ဒေသမှာလည်း တိရစ္ဆာန်တွေ အများကြီးပဲ မဟုတ်ဘူးလား။

ဘယ်သူက ငါ့ကို ယှဉ်နိုင်လို့လဲ။

အဲဒီပျင်းစရာကောင်းတဲ့ ကိုအာလာတွေလား။ ဒါမှမဟုတ် အဲဒီ မြက်စားတဲ့ ယုန်တွေလား။

“ကောင်းပြီ”

ဆုပိုင်က ထိုကောင်၏ ကိုယ်ပေါ်မှ ဒဏ်ရာများကို ကြည့်ပြီးနောက် အရှေ့ကို တဖြည်းဖြည်း လျှောက်လာသည်။

တကယ်ကို သနားစရာပဲ။

သူသည် ကျောပိုးအိတ်ကို ဖွင့်လိုက်သည်။ အပြင်မှ ဒဏ်ရာများကို ကုစားပေးသည့် ဆေးကို ထုတ်ကာ တစ်လှမ်းချင်းစီ လျှောက်သွားသည်။

“ကျွီ”

“ငါ့ကို မထိနဲ့နော်”

သူဟာ ဆေးလိမ်းပေးတော့မည်အချိန်တွင် မမျှော်လင့်ထားစွာပင် သူ့ကိုပင် အဆူခံရသည်။

“ဖြန်း”

ဆုပိုင်က မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ သူက တစ်ပွဲလေး နိုင်သွားတာနဲ့ ထောင်လွှားပြန်ပြီလား ဟမ်။

“ကျွီ”

“ဟေး”

ဆုပိုင်က ချက်ချင်း ခန့်မှန်းမိလိုက်သည်။ ယခုတိုက်ပွဲပြီးနောက်တွင် ဒီသားပိုက်ကောင်က ယုံကြည်မှုတွေ ပြန်လည် ပြည့်နှက်လာသည်။ သူဟာ တစ်ချက် အော်ဟစ်ပြီး ခြေထောက်ကို မြှောက်ကာ သူ့ကို တစ်ချက် ဆောင့်ကန်သည်။

ဘန်း

ဘန်း ဘန်း ဘန်း

မျက်လုံးက ဝါးသွားပြီးနောက်တွင် မြေပြင်ပေါ်သို့ ပြန်လဲကျသွားသည်။ ထိုနောက် လက်သီးများက သူ၏ မျက်နှာပေါ်သို့ ကျသည်။ ထိုနေ့ကအတိုင်း သူသည် သတိလစ်သွားသည်။

“တင် သားပိုက်ကောင်အပိုင်းအစတာဝန် ပြီးမြောက်သွားပါပြီ”

“တင် ပိုင်ရှင်က သားပိုက်ကောင်ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် တိုက်ခိုက်နိုင်တဲ့ စွမ်းအား အပေါင်းတစ် ရရှိပါတယ်”

“စနစ်က ပြန်လည် ပို့ဆောင်ပေးနေပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ဖျက်သိမ်းလိုက်ပါပြီ”

ထိုနောက် ဆုပိုင်သည်လည်း အဝေးမှ သားပိုက်ကောင်အဖွဲ့ကို ဦးဆောင်ပြီး မြက်ခင်းလွင်ပြင်ဒေသထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

++++++

425 01

အခန်း 425

ကားထဲမှ သားဖနှစ်ယောက်က မှင်သက်သွားသည်။

“အဖေ ဘာလို့ ရပ်သွားတာလဲ။ သားပိုက်ကောင်တွေက မရှိတော့ဘူး”

လော်ကီက အရှေ့မှ ရှင်းလင်းနေသော မြက်ခင်းပြင်ကို ကြည့်ပြီး ရုတ်တရက် စိတ်ရှုပ်ထွေးစွာ မေးသည်။

“ငါတို့မှာ လက်ဝှေ့ထိုးတဲ့ အိတ် သုံးစုံရှိတာ မှတ်လား။ ဒါပေမဲ့ လူပိုရှိသေးလို့လား”

“ဒါက ဘာလဲ”

သူက အနောက်ဘက်မှ လက်ဝှေ့ထိုး လက်အိတ်အောက်ဘက်ရှိ စာအုပ်လေးတစ်အုပ်ကို ထုတ်လိုက်သည်။ ထိုစကားလုံးများကို မမှတ်မိသော်လည်း သူသည် ဖွင့်ကာ ကြည့်လိုက်သည်။ ထိုနောက် မှင်သက်ပြီး မျက်မှောင် ကြုတ်သည်။ သူသည် ပုံအချို့ကို လှန်ကြည့်သည်။ အားလုံးက ဘောပင်ဖြင့် ခြယ်ထားသော လူသေးသေးလေးများ ဖြစ်သည်။ သူဟာ ဘေးဘက်ကို လွှတ်ပစ်လိုက်သည်။

“သွားရအောင်။ မင်း သိပ်မကြာခင် ပြည်နယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ရတော့မှာ။ ဒီနေ့ ငါမင်းကို သားပိုက်ကောင်တွေကို ဘယ်လို တိုက်ခိုက်ရမလဲဆိုတာကို ပြပေးမယ်”

“သူတို့က သဘာဝ လက်ဝှေ့သမားတွေပဲ။ မင်းသာ သားပိုက်ကောင်ကို နိုင်မယ်ဆိုရင် သေချာပေါက် ပြည်နယ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာလိမ့်မယ်”

ဘတ်က ဘေးဘီကို လှည့်ကြည့်သည်။ ထိုနောက် အရှိန်ကို မြှင့်လိုက်သည်။

ကားက မောင်းထွက်သွားပြီးနောက် မြက်ခင်းလွင်ပြင်ဒေသထဲသို့ ဝင်ရောက်သည်။

…

“ကျွီ”

“ဒီနေရာက ဘယ်နေရာလဲ”

သားပိုက်ကောင်ခေါင်းဆောင်က ဆုပိုင်အနောက်မှ လိုက်လာပြီးနောက် တဖြည်းဖြည်း ခုန်ပေါက်နေရင်းမှ ဘေးဘက်မှ အဆောက်အဦိးများကို သိချင်စိတ်ပြင်းပြစွာ ကြည့်သည်။

“ငါလည်း မသိဘူး”

ဆုပိုင်က မျက်မှောင် ကြုတ်သည်။

ပတ်ဝန်းကျင်အနေအထားအရ တိရစ္ဆာန်ရုံအနားတွင်တော့ မဟုတ်နိုင်လောက်ပေ။

သို့ရာတွင် သူသည်လည်း သားပိုက်ကောင်အများကြီးကို ခေါ်လာသည်။ အချိန်တွေကြာအောင် ရှာပြီး နောက်ဆုံးတွင် သားပိုက်ကောင်ခေါင်းဆောင်ကို ရှာတွေ့သွားသည်။

ထိုကြောင့် ဆုပိုင်သည်ပင် လမ်းပေါ်တွင် စိုးရိမ်တကြီး လိုက်ကြည့်နေရသည်။ မှေးမှိန်သော လမ်းအောက်တွင် အဝေးရှိ ရောင်စုံအလင်းများနှင့် မြှင့်မားသော အဆောက်အဦီးကို မြင်ရသည်။ ထိုအဆောက်အဦးက အတော်လေး ခန်းနားပြီး လုံခြုံရေး ယူနီဖောင်းနှင့် လူတစ်အုပ်ကလည်း တစ်ဖက်တစ်ချပ်စီတွင် အသီးသီး ရပ်နေသည်။

“တစ်ကမ္ဘာလုံးဆိုင်ရာ ကလပ်”

“ဟေ့”

ဆုပိုင်က မျက်မှောင် ကြုတ်သည်။

“ဒါက ဘယ်လို နေရာလဲ”

စနစ်၏ သဘာဝအရ ပြန်လာချိန်တိုင်းလိုလို တိရစ္ဆာန်ရုံ မဟုတ်ခဲ့ပါက အစစ်အမှန်လောကထဲတွင် ပြီးမြောက်အောင် လုပ်ရမည့်တာဝန်အချို့ ရှိနေသည့် အဓိပ္ပာယ် ဖြစ်သည်။ သို့သော်

“ဘာကလပ်လဲ”

တစ်ခဏခန့် စဉ်းစားပြီးနောက် ဆုပိုင်က ဘေးဘီကို ကြည့်သည်။ အချိန်က ညသန်းခေါင် ဖြစ်သည်။ ထိုတစ်ကမ္ဘာလုံးဆိုင်ရာကလပ်ထဲမှ မူးရူးကာ ယိုင်ထိုးနေသော လူများ ထွက်လာသည်။ တစ်ယောက်ချင်းစီတိုင်းက လက်မောင်းထဲတွင် ခပ်ဟော့ဟော့နှင့် အဖော်အချွတ်များ ဝတ်ထားသည့် ကောင်မလေးငယ်ငယ်ချောချောလေးများကို ဖက်လာသည်။

425 02

“ဝိုး အစ်ကိုကြီး မင်းက အရပ် အရမ်းရှည်တာပဲ”

အသက်လတ်ပိုင်း ကတုံးနှင့် လူတစ်ယောက်က နဘေးမှ အမျိုးသမီးကို တွဲထားရင်းမှ တစ်လှမ်းချင်းစီ လျှောက်လာကာ သားပိုက်ကောင်ခေါင်းဆောင်၏ နံဘေးသို့ ရောက်သွားသည်။ သူသည် အရှေ့မှ အကောင်ကို ကြည့်ပြီး မျက်လုံး မှေးကျဉ်းလိုက်သည်။

“ခြေထောက်က ရှည်လိုက်တာ။ နောက်ပြီး တော်တော်လေးကို တုတ်သလိုပဲ”

“အဝတ်အစားတွေကလည်း ကောင်းလိုက်တာ။ နွေးထွေးပြီး အမွှေးလေးတွေနဲ့”

“မဆိုးဘူး။ မဆိုဘူး။ အစ်ကိုကြီး ဘာလို့ ဘာမှ မပြောတာလဲ။ တစ်ခုခု ပြောပါအုန်း။ ငါ့ကို အထင်သေးတာလား”

သူဟာ လက်ကို ဆန့်လိုက်ပြီး သားပိုက်ကောင်ကို လှမ်းဆွဲရန် ကြံစည်သည်။

“ငါ ဘယ်သူလဲ သိလား”

“မင်း နန်ကောဆိုတာ ကြားဖူးလား။ ငါက နန်ကောပဲ”

“အော့ လာစမ်းပါ။ စီးကရက်သောက် အစ်ကိုကြီး စီးကရက် သောက်စမ်းပါ။ ဘာလို့ မလေးစားတာလဲ ဟမ်။ ဘာလို့ ဘာမှ မပြောတာလဲ။ ဘာလို့”

“အိုး”

သူသည် နံဘေးမှ မူးနေသော ကောင်မလေးကို တစ်ချက်ကြည့်ပြီး မနေနိုင်ပဲ ရယ်သည်။ ထိုနောက် နားလည်ပါပြီ ဆိုသော အမှုအရာမျိုးနှင့် ပြောသည်။

ဘန်း

သူဟာ အရှေ့မှ အကောင်၏ ရင်ဘတ်ကို လက်သီးဖြင့် လှမ်းထိုးပြီးနောက် ပြုံးသည်။

“ဘာလဲ ကောင်မလေးနဲ့ ကစားချင်တာလား”

“လာ လာ လာ နန်ကောနဲ့ လိုက်ခဲ့။ တစ်ညမှာ နှစ်ထောင်ကျော်တယ်။ ဒီနေ့ ငါ မင်းကို ပြပေးမယ်”

ထိုသို့ ပြောပြီးသည်နှင့် သူဟာ သားပိုက်ကောင်၏ အမွှေးကို လှမ်းဆွဲကာ လမ်းပေါ်တွင် လျှောက်လာသည်။

“အစ်ကိုကြီး မင်းငါ့ကို ပိုပေးရမယ်နော်”

အနားမှ ကောင်မလေးကလည်း ဝေဝါးသော မျက်လုံးကို ဖွင့်ရင်း ခပ်တိုးတိုးပြောသည်။ ထိုနောက် အရှေ့မှ လူကို ကြည့်သည်။

“အွန့်”

သူက ခြေထောက်ကို ကြည့်သည်။ ဖိနပ်တောင် မပါဘူး။ နောက်ပြီး အပေါ်ကို ပြန်ကြည့်သည်။

“ဘုရားရေ”

အံအားသင့်စွာ အော်ဟစ်ပြီးသည့်နှင့် နန်ကော၏ လက်ထဲမှ လွတ်အောင် ရုန်းကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ဒါက ဘယ်လို မကောင်းဆိုးဝါးလဲ”

“သရဲ”

“ကယ်ကြပါ။ ကယ်ကြပါ။ ကယ်ကြပါ”

နန်ကောကလည်း ထိုအသံကြောင့် ကြောက်သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးက တုန်သွားပြီး မော့ကြည့်သည်။ ထိုအခါ အထပ်မှ ရောက်လာသည့် လက်သီးသေးသေးလေးကို မြင်လိုက်ရသည်။ ထိုနောက် ဘန်း ဘန်း ဘန်း

သုံးချက် ကွန်ဘို

ခေါင်းဆောင်ဟု ကျုံးဝါးနေသော နန်ကောက လက်သီးစာမိပြီး မြေပြင်ပေါ်သို့ လှဲကျသွားသည်။

ကွက်

425 03

သောက်ငရဲလိုပဲ။ အမှိုက်တွေပဲ။

သားပိုက်ကောင်ခေါင်းဆောင်က နှုတ်ခမ်းမဲ့သည်။ သူဟာ ဖြောင့်မတ်သော ကိုယ်ကို ကုန်းလိုက်ပြီးနောက် မြေပြင်ပေါ်တွင် ထောက်ထားသော အမြှီးကို တစ်လှမ်းချင်းစီ ရမ်းပြီး တံခါးနားသို့ ကပ်သွားသည်။

ဒါရိုက်တာ ဆုပိုင်က ပြောတယ်။ သူ သိပ်မကြာခင် ပြန်လာမှာတဲ့။ ဘာလို့ မထွက်လာသေးတာလဲ။

မဟုတ်သေးပါဘူး။ သူ ဝင်ကြည့်သင့်လား။

တစ်ခဏခန့် တွေးတောပြီးသည့်နှင့် သားပိုက်ကောင်ခေါင်းဆောင်က မြန်ဆန်သော ခြေထောက်များနှင့်အတူ လှေကားပေါ်သို့ ခုန်တက်သည်။

“ငါတို့ သိပ်မကြာခင် အလုပ်ဆင်းတော့မှာ။ ခဏနေရင် … သေစမ်း”

လုံခြုံရေးအစောင့်က အေးစက်သော လက်ကို ပွတ်၍ လုပ်ဖော်ကိုင်ဖက်များနှင့် စကားတိုးတိုး ပြောနေရာမှ ရုတ်တရက် သူတို့၏ အရှေ့သို့ လှေကားအောက်ထပ်မှ တိုက်ရိုက်ခုန်တက်လာသော အနက်ရောင် အရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုနောက် အရှေ့အကောင်ကို ရှင်းလင်းစွာ မြင်လိုက်ရပြီးနောက် တစ်ကိုယ်လုံးက အမွှေးများ ထောင်သွားသည်။

“ဘာတွေ အော်နေတာလဲ ဟမ်။ ငါ မင်းရဲ့ ပိုက်ဆံကို နှုတ်မယ်”

“သ… သ … သ … သရဲ”

“သရဲ … သရဲ”

ထိုသို့ပင် လုံခြုံရေးအစောင့်နှစ်ယောက်၏ မျက်လုံးများက ပြူးကျယ်သွားပြီးနောက် အခန်းထဲမှ တုတ်များကို တိုက်ရိုက်ထုတ်ကာ လက်ထဲတွင်ကိုင်ပြီး ခြောက်ခြားနေသော ပုံသဏ္ဏာန်မျိုး ဖြစ်သွားသည်။

ဆူညံသံကြားသော အသင်းဝင်များက အပြေးလာကြသည်။

“ကျွီ”

“လမ်းကဖယ်”

သားပိုက်ကောင်ခေါင်းဆောင်က လမ်းကို ပိတ်ထားသော တစ်ဖွဲ့ကို ကြည့်ပြီး ဒေါသနည်းနည်း ထွက်လာသည်။

ဟွန်း သူနေတဲ့ မြက်ခင်းပြင်မှာဆိုရင် သူမြို့ကို သွားတဲ့အချိန်ဆိုရင်တော့ ဘယ်သူကမှ ဒီလို ရန်မစရဲဘူး။ အသက်ရှင်ရတာ ပင်ပန်းနေတာလား ဟမ်။

သူသည် ခန္ဓာကိုယ်ကို ခါရင်း ထရပ်သည်။

“မင်း … ငါတို့ရဲ့ ရင်ထဲမှာ ဗုဒ္ဓရှိတယ်နော်။ အနား မတက်လာနဲ့”

လုံခြုံရေးခေါင်းဆောင်က လက်ထဲတွင် တုတ်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး တုန်ယင်စွာ ပြောသည်။

“ဘယ်သွားမှာလဲ”

ထိုအချိန်တွင် အားလုံးကလည်း လှေကားအောက်ခြေမှ အသံကို ကြားရသည်။ မူးနေသော လူများက အော်ဟစ်၍ တက်လာကြသည်။

“နန်ကောကို ရိုက်ရဲတယ် ဟုတ်လား။ မမေးနဲ့ … နန်ကောက မင်း ရန်စလို့ ရတဲ့ သူလား”

“ဒါ ငါ့အစ်ကို။ ငါ့အစ်ကို။ နားလည်လား။ သိလား ငါတို့ ဒီနေ့ ကလေးတစ်ယောက်ကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တာ”

“သူတို့က ဘာလို့ သိုင်းပညာရှင် ဖြစ်ချင်နေသေးတာ။ ငါတို့အားလုံးက သိုင်းပညာရှင်တွေချည်းပဲ ဟွန်း။ အစ်ကိုကြီး သူ့ကို သေအောင် ရိုက်သတ်လိုက်စမ်းပါ”

သားပိုက်ကောင်ခေါင်းဆောင်က အနောက်ကို ပြန်လှည့်ကြည့်သည်။ ထိုနောက် မြေပြင်မှ အမြှီးကို ပြန်ရုတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကုန်းလိုက်သည်။

ဘန်း ဘန်း ဘန်း

ရုတ်တရက် လုံခြုံရေးအစောင့်များသည်လည်း ယခုလေးတင် အပြေးတက်လာသော သန်မာသော လူကြီးတစ်ယောက်က လှေကားအောက်ဘက်သို့ လွှင့်ထွက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ မလှုပ်တော့ကြောင်း မြင်လိုက်သည်။

******

426 01

အခန်း 426

…

“ဟစ်”

“အင်အားကြီးလိုက်တာ”

လုံခြုံရေးအစောင့်က အသက်ပြင်းပြင်း ရှူသည်။ သူ၏ တုန်ယင်နေသော ခြေထောက်ကို လှုပ်ပြီးနောက် အနောက်ဘက်သို့ တစ်လှမ်းဆုတ်သည်။

ဘာမှန်းမသိတဲ့ ဒီအကောင်က တစ်ကွက်တည်းနဲ့ အားကစားသမား သုံးယောက်ကို အမှောက်သိပ်လိုက်တာ သူ … သူ မယှဉ်နိုင်ဘူး”

“မလုပ်နဲ့နော်။ မြန်မြန် နောက်ဆုတ်ရအောင်”

“မဟုတ်ဘူး။ တင်ပြ … တင်ပြ လုံခြုံရေးရုံးတော်ကို အကြောင်းကြား ရမယ်”

“ဒီကောင်က အရမ်း ကြမ်းတယ်။ သတိထားကြ”

သူဟာ အနောက်ဘက်သို့ လှည့်ပြီး ခပ်တိုးတိုး ပြောသည်။ ထိုနောက် တံခါးဘက်သို့ ထွက်ပြေးကြသည်။

ထိုသည်ကို မြင်သောအခါ တခြားသော လုံခြုံရေးအစောင့်များကလည်း မြေပြင်တွင် လဲနေသော သန်မာသော လူများကို ကြည့်ကာ တစ်ချိန်တည်းတွင်ပင် ခေါင်းညိတ်ကြကာ စတင်ကာ နောက်ဆုတ်ကြသည်။

“မလှုပ်နဲ့”

ဆုပိုင်က ဂိတ်တံခါးမှ နေ၍ အသံကို ကြားသဖြင့် အပြေးလာကာ လှမ်းအော်သည်။ ထိုနောက် ခပ်မြန်မြန် ပြေးလာသည်။

သူသည် လုံခြုံရေးအစောင့်များကို တွန်းဖယ်ပြီးနောက်တွင် အနည်းနဲ့အများ ဒေါသထွက်နေသော သားပိုက်ကောင်ခေါင်းဆောင်ကို ကြည့်ကာ ခေါင်းကို ခပ်မြန်မြန် ခါပြီး ခပ်တိုးတိုး ပြောသည်။

“ဒီမှာ ပြဿနာ မရှာနဲ့”

“မြန်မြန်လုပ်”

ထိုသို့ ပြောပြီးသည်နှင့် လုံခြုံရေးအစောင့်များ အားလုံးက အတွင်းသို့ ဝင်သွားအချိန်တွင် သူဟာ သားပိုက်ကောင်ခေါင်းဆောင်ကို ဆွဲ၍ လှေကားအောက်ဘက်သို့ ပြန်ဆင်းလာသည်။

သူသည် မြေပြင်တွင် လဲနေသော သန်မာသော လူများကို ကြည့်သည်။ ဆုပိုင်၏ နှုတ်ခမ်းက တွန့်သွား၏။ ထိုနောက် အနားသို့ သွားကာ တစ်ချက်ကြည့်လိုက်သည်။ ထိုအခါ ထိုလူများက သတိလစ်နေတာ မြင်ရသည်။ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရှိသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခြင်း မဟုတ်ပါပေ။ ထိုကြောင့် ရင်ဘတ်ကို ပုတ်လိုက်သည်။

ကံကောင်းလို့ ဘာမှ မဖြစ်သွားဘူး။

ငါသာ အနာဂတ်မှာ ဒီကောင်ကို တစ်ကောင်တည်း မထားရစ်ခဲ့တော့ဘူး။ လူသားတွေအတွက် ဒီဒေါသကြီးလွန်းတဲ့ သားပိုက်ကောင်က သေစေနိုင်လောက်တယ်။

သူတို့သာ သတိမထားမိရင် သေသွားမှာ။

“သွားရအောင်”

သူဟာ ခပ်တိုးတိုး ကျိန်ဆဲလိုက်ပြီးနောက်တွင် ခေါင်းကို ငုံ့၍ အဝေးရှိ လမ်းပေါ်သို့ ခပ်မြန်မြန် ပြန်လျှောက်သည်။ သူဟာ ကလပ်တစ်ခုလုံးကို ပတ်လျှောက်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် သားပိုက်ကောင်၏ သဲလွန်စကို မတွေ့ရပေ။ နောက်ပြီး တာဝန်ရဲ့ သဲလွန်စကိုလည်း မတွေ့ရဘူး။

သားပိုက်ကောင်ခေါင်းဆောင်က အောက်ဘက်တွင် ရှိနေသေးသည့် အချက်ကို တွေးမိပြီး သူဟာ ခပ်မြန်မြန် ဆင်းလာလိုက်သည်။ မမျှော်လင့်ထားစွာပင် အခုလိုမျိုး တွေ့ရသည်။

ဘန်း

ရုတ်တရက် အလျင်လိုနေသည့် ပုံရိပ်တစ်ခုက ဆုပိုင်နှင့် တိုက်မိသည်။

426 02

“အာ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်”

ရှောင်ကျန်းက ခေါင်းငုံ့ကာ ခပ်မြန်မြန် တောင်းပန်သည်။ ထိုနောက် ကလပ်၏ ဝင်ပေါက်ဘက်သို့ ခပ်မြန်မြန် လျှောက်သွားသည်။ သူ၏ ပုံစံက အလျင်လိုနေပုံရသည်။

ဆုပိုင်ကလည်း မျက်မှောင် ကျုံ့လိုက်ပြီးနောက် ကောင်လေး၏ ခေါင်းပေါ်မှ ပတ်တီးကို ကြည့်သည်။ ထိုနောက် ခေါင်းကို အသာခါသည်။

ကြည့်ရတာ အဲဒီ သန်မာတဲ့ လူတွေနဲ့ အဖော်ထင်တယ်။

“အခြားလူတွေနဲ့ လွယ်လွယ်ကူကူ မတိုက်ခိုက်နဲ့။ ငါပြောတာ ကြားလား”

“အထူးသဖြင့် တိရစ္ဆာန်ရုံထဲမှာပဲ။ တိရစ္ဆာန်သေးသေးလေးတွေက မင်းကို မယှဉ်နိုင်ဘူး။ မင်း ရန်ဖြစ်လို့ မရဘူး”

“တကယ်လို့”

သူဟာ သားပိုက်ကောင်ခေါင်းဆောင်ကို တိရစ္ဆာန်ရုံမှ စည်းမျဉ်းများကို ရှင်းပြနေစဉ် ရုတ်တရက် အနောက်ဘက်မှ အော်သံများ ထွက်လာသည်။

“ဝူး ဝူး ဝူး ရပ်ပါတော့”

“ကျေးဇူးပြုပြီး ရပ်ပါတော့”

“ငါတို့ရဲ့ ရှောင်ကျန်းက လုပ်ခဲ့တာ မဟုတ်ပါဘူး။ တောင်းပန်ပါတယ်”

ဆုပိုင်က နောက်ပြန်လှည့်ကြည့်လိုက်သောအခါ သန်မာသော လူကြီးတစ်ဖွဲ့က ပတ်တီးနဲ့ လူငယ်တစ်ယောကို ရိုက်နေကြောင်း မြင်ရသည်။

“လာ လာ လာ ဆက်လုပ်ရအောင်”

“သေစမ်း မင်းကသာ ရိုက်ခဲ့တာ မဟုတ်ဘူးဆိုရင် ဘယ်သူရိုက်တာလဲ”

“ငါသာ မင်းကို ဒီနေ့ မသတ်ဘူးဆိုရင် မင်းက လက်လျော့မှာ မဟုတ်ဘူး”

“ဒီကိစ္စက ဒီနေ့ မပြီးသေးဘူး။ ငါ့ကို ရိုက်”

နောက်ထပ် အော်သံက အနောက်ဘက်မှ ထွက်လာသည်။ သန်မာသော လူကြီးတစ်ယောက်က မြေပြင်မှ ပစ္စတိုတစ်လက်ကို ကောက်မပြီး မျက်လုံးပြူးကျယ်ကာ အော်သည်။

“ဝူး ဝူး ဝူး ငါ တောင်းပန်ပါတယ်။ ငါ ဒူးထောက် တောင်းပန်ပါတယ်။ ငါတို့ လုပ်တာ မဟုတ်ပါဘူး”

မီးခိုရောင် ဆံပင်နှင့် အမျိုးသမီးကြီး တစ်ယောက်က မြေပြင်တွင် ဒူးထောက်လိုက်ပြီး သန်မာသော လူကြီးတစ်ယောက်၏ ခြေထောက်ကို ဖက်ထားသည်။

“ထွက်သွားစမ်း”

ဘရမ်ဝူက ဒေါသတကြီး အော်၍ ရွှီရှို့ဖန်းကို တိုက်ရိုက် ကန်ထုတ်ပစ်လိုက်သည်။

“မား”

ရှောင်ကျန်းက မြေပြင်တွင် လှဲသွားသော မိခင်ဖြစ်သူကို မြင်သောအခါ ဆိုးရွားစွာ ထအော်သည်။

“ငါ မင်းတို့နဲ့ တိုက်ခိုက်မယ်”

“မင်းကို သတ်မယ်”

“အား”

ပတ်တီးနှင့် လက်ကို ရမ်းပြီးနောက် သူဟာ ဘရမ်ဝူ၏ မျက်နှာကို ခပ်ကြမ်းကြမ်းထိုးသည်။

သူသည် ဒီနေ့ ဒီနေရာကို လာရတဲ့ အကြောင်းအရင်းကလည်း ရွှီရှို့ဖန်းက နေသိပ်မကောင်းသဖြင့် ဆေးရုံမှ အလျင်အမြန် ဆင်းလာခဲ့ခြင်း ဖြစ်သည်။ မမျှော်လင့်ထားစွာပင် တံခါးနားသို့သာ ရောက်သေးသည်။ အဝေးမှ ဘရမ်ဝူနှင့် တိုးသည်။

တစ်ဖက်သူက သူ့ကို စကားပြောရန်ပင် အခွင့်အရေး မပေးလေဘဲ သူ့ကိုပင် လက်သီးဖြင့် ဆက်တိုက် ထိုးချသည်။ သူတို့တစ်ဖွဲ့လုံးက သူ့ကို ရူးသွပ်စွာ ထရိုက်ကြသည်။ ထိုအခြေအနေကို မြင်သောအခါ တံခါးနားမှ ထွက်လာသော ရွှီရှို့ဖန်းက ပြေးလွှားလာသည်။ သို့သော်

426 03

အမျိုးသမီးတစ်ယောက်က ထိုလူများကို မတားနိုင်ပေ။

“သားရဲကောင်”

ဆုပိုင်က အော်ဟစ်ပြီးနောက် မျက်နှာက သုန်မှုန်သွားသည်။ ယခုလေးတင် အရိုက်ခံရသော ကောင်လေးကလည်း သားပိုက်ကောင်ခေါင်းဆောင်အတွက် အရိုက်ခံရခြင်း ဖြစ်လောက်သည်။ သို့ရာတွင် အဝေးမှ သန်မာသော လူကို ကြည့်ရုံဖြင့်ပင် သူတို့ဟာ လေ့ကျင့်ထားသော လူများဖြစ်ကြောင်း သိနိုင်သည်။ သူတို့က ခပ်ပြင်းပြင်း ထိုးနေကြသည်။ တိုက်ခိုက်သူတစ်ယောက်အနေဖြင့် သာမန်သူများနှင့် ယှဉ်လျှင် သူတို့က တိုက်ခိုက်ရာတွင် အားသာချက် ရှိသည်။ ထိုအပြင် သူတို့သည် လက်ကြမ်းသေးသည်။

“သွား သူတို့အားလုံးကို လှဲသိပ်လိုက်”

သူဟာ သားပိုက်ကောင်ခေါင်းဆောင်ကို လှမ်းအော်သည်။ သူကိုယ်တိုင်ကလည်း အပြေးလာသည်။

“ရပ်စမ်း”

သူက အော်သည်။

သို့သော် အရှေ့မှ လူတစ်ဖွဲ့က သူ့ကို တစ်ချက်သာ ကြည့်သည်။ ထိုနောက် အာရုံပင် မစိုက်ကြပေ။ မြေပြင်မှ ဆယ်ကျော်သက်လေးကလည်း သိသာစွာပင် သတိလစ်နေလေပြီ။

အသက်အလတ်ပိုင်းအရွယ် အမျိုးသမီးကြီးက မြေပြင်တွင် ကုန်းထပြီးနောက် ပြန်လည် ဒူးထောက်လိုက်ပြီးနောက် ကလေးကို အောက်ဘက်တွင် ထားပြီး ကာလိုက်သည်။

“ဝူး ဝူး ဝူး မရိုက်ပါနဲ့တော့”

“ရှောင်ကျန်း ရှောင်ကျန်း ကျေးဇူးပြုပြီး မရိုက်ပါနဲ့တော့”

“အား ငါ့သားကို မရိုက်ပါနဲ့တော့”

ထိုအော်သံများကလည်း ကလပ်ထဲမှ ဧည့်သည်များကို ဆွဲဆောင်သည်။

လူများက ဆိုးရွားသော အမေနဲ့ သား၏ ပုံစံကို ကြည့်ပြီးနောက် တော်တော်လေးကို တွန်ဆုတ်နေကြသည်။

“ဒီအဖွဲ့ပဲ ဖြစ်ပြန်ပြီ။ ငါတို့လည်း သွားပြီး ဖျောင်းဖျလို့ မရဘူး။ သူတို့အားလုံးက တူညီတဲ့ တိုက်ခိုက်ရေး ခန်းမကပဲလေ။ သူတို့အားလုံးက အရမ်း ရက်စက်တာ”

“လုံခြုံရေးအစောင့်တွေ ဘယ်ပျောက်နေကြတာလဲ။ မြန်မြန်လေး ဆွဲကြစမ်းပါ။ ဒီထက်သာ ဆက်ပြီး တိုက်ခိုက်နေကြမယ်ဆိုရင် လူသေတော့မယ်။ ဒါက ဒီက သန့်ရှင်းရေး ဝန်ထမ်းမှတ်လား”

“ဟုတ်တယ်။ ဟုတ်တယ်။ မြန်မြန်လေး သွားကြစမ်း။ ဒီလူတွေက နန်ကောဆိုတဲ့ လူရဲ့ လက်အောက်ငယ်သားတွေ ထင်တယ်။ သူတို့က တအားကို ရက်စက်တာ။ အဲဒီ နန်ကောဆိုတဲ့ လူက အထက်က အင်အားရှိတယ်လေ။ ဒီအကြောင်းကို မပြောတာ ကောင်းမယ်။ ငါတို့ ဘာမှ မတတ်နိုင်ဘူး”

ထိူလူများက ရွှီရှို့ဖန်း၏ ဆိုးရွားသော အော်သံကို ကြားသော်လည်း တော်တော်လေး တွန့်ဆုတ်နေကြသည်။

သို့ရာတွင် တိုက်ခိုက်ရာတွင် အလွန်ရက်စက်သော အားကစားသမားများနှင့် ယှဉ်လျှင် မည်သူကမှ မထွက်သွားရဲပေ။

တံခါးဝမှ လုံခြုံရေးအစောင့်များကပင် ဂရုမစိုက်သလိုပင် ရပ်ကြည့်နေကြသည်။

ထိုအဖွဲ့က သူတို့နေရာသို့ လာနေကြဖြစ်သည်။ ထိုလူများကသာ ရန်စပါက သူတို့ အလုပ်ပြုတ်ပေလိမ့်မည်။

“အား”

“အား ငါ့ကိုသာ ထပ်ရိုက်ရင် ငါ ဒီနေ့ပဲ နင်တို့ရဲ့ အရှေ့မှာ သေလိုက်မယ်”

“မရိုက်ပါနဲ့တော့”

426 04

ရုတ်တရက် ရွှီရှို့ဖန်းက သားဖြစ်သူပေါ်သို့ အုပ်လိုက်ကာ အိတ်ကပ်ထဲမှ ကတ်ကြေးကိုသာ ထုတ်လိုက်ပြီး အော်ဟစ်ရင်း အရှေ့မှ လူတစ်အုပ်ထံသို့ နီရဲသော မျက်လုံးဖြင့် တက်သွားသည်။

သူမမှာ အခွင့်အရေး မရှိဘူး။

ဒီလူတွေကိုလည်း မတားနိုင်ဘူး။

အရမ်းကို အနိုင်ကျင့်လွန်းတယ်။ သေအောင် အနိုင်ကျင့်နေတာ။

“ရှောင်ကျန်း မားက သားအတွက် တောင်းပန်ပါတယ်”

“မားတို့သာ အနာဂတ်မှာ ဆက်ပြီး သည်းခံစရာ မလိုတော့ဘူး”

“နင်တို့က ငါတို့ကို သေခိုင်းနေတာ။ ငါ့သားကလည်း နင်တို့ကြောင့် တိုက်ခိုက်တာကို မသင်ယူနိုင်တော့ဘူး။ နင်တို့က မတော်သေးဘူး။ သူ့ကို သေအောင် ရိုက်သတ်ကြမလို့လား။ ဒါဆိုရင် ငါ နင်တို့ရဲ့ ရှေ့မှာပဲ သေပြမယ်”

“နင်တို့ ထောင်ထဲ ဝင်ရမလား ကြည့်လိုက်”

ကတ်ကြေး ကိုင်ထားသည့်လက်က လည်ပင်းကို ကပ်ထားပြီးနောက် နည်းနည်း တုန်သွားသည်။ သို့သော် ရွှီရှို့ဖန်း၏ မျက်လုံးက ခိုင်မာသည်။ ရှေးခေတ်အချိန်က အမျိုးသမီးများကို အားနည်းသည်ဟု ပြောကြသော်လည်း သူတို့ဟာ မိခင်များဖြစ်သည့်အလျောက် သန်မာသည်။

ထိုအခိုက်အတန့်တွင် ဆယ်စုနှစ်ပေါင်းများစွာ သည်းခံခဲ့ရသော သူမက နောက်ဆုံးတွင် ပေါက်ကွဲသည်။ သူမသည် သူမ၏ ကိုယ်ပိုင်အသက်ကို ဂရုမစိုက်ပေ။ သူမ တန်ဖိုးအထားဆုံးက သားဖြစ်သူ၏ အသက်ဖြစ်သည်။ သို့သော် ထိုအသက်ကို သူတို့က ယူရဲသည်။

++++++

All Chapters