အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
427 01
အခန်း 427
“ဟွန်း”
“သေမလား ရှင်မလား မသိရတော့တဲ့ အဘွားကြီး”
“မင်းတို့က ဒီနေ့ နန်ကောကိုတောင် ထိရဲတယ်။ ဒီကိစ္စက မင်းရဲ့ သားကို ဒုက္ခိတဖြစ်အောင် မလုပ်ရမခြင်း မပြီးဘူး”
ဘရမ်ဝူက အံကြိတ်ပြီး အော်သည်။
သူသည်လည်း ထိုမိန်းမကြီးက အမှန်တကယ် သေရဲမည်ဟု မယုံကြည်ပါပေ။
ဒီလိုနဲ့ သေမယ်ဟုတ်လား။ ဘယ်လို ဖြစ်နိုင်မှာလဲ။
နောက်ပြီး ပိုဆိုးတာက သူက သူတို့ရဲ့ ကျောင်းသားကို ထိခိုက်အောင် လုပ်ထားကတည်းက ဒီမိသားစုကို စုံစမ်းခဲ့ပြီးသား။ ဒီမိသားစုက တော်တော်လေးကို သနားကောင်းတဲ့ အတိုင်းအတာအထိ ရိုးသားတာ။ အခြားသူတွေနဲ့လည်း တစ်ခါမှ ရန်မဖြစ်ဖူးဘူး။ အားလုံးကို သည်းခံတာ။ ဒါကြောင့်ပဲ ဒီကောင်က အနိုင်ကျင့်ခံရတာနဲ့ပဲ ကျောင်းထွက်လိုက်တာပေါ့။
ဟွန်း သူရဲ့အရှေ့ကလည်း အသုံးမကျတဲ့ ကောင်ပဲ။
“နင်”
“ဖူး”
ရွှီရှို့ဖန်းက အရှေ့မှ လူရမ်းကားတစ်အုပ်ကို ကြည့်ပြီး ခေါင်းကို ငုံ့ကာ သူ့ရင်ဘတ်ထဲမှ သားဖြစ်သူကို ပြန်ကြည့်သည်။ သူမ၏ မျက်ဝန်းထဲတွင် တွန့်ဆုတ်မှုက လက်သွားသည်။ ထိုနောက် ရုတ်တရက် ကတ်ကြေးကို မြှောက်လိုက်ကာ ကိုယ့်လည်ပင်းကိုယ် ထိုးသည်။
သား
အမေ အရင် သွားတော့မယ်။
သား ဘယ်တော့မှ အနိုင်ကျင့်ခံရတော့မှာ မဟုတ်ဘူး။
ဘန်း
ရုတ်တရက် ပုံရိပ်တစ်ခုက လျင်မြန်စွာ ပြေးဝင်လာပြီးနောက်တွင် သူမကို လှမ်းကိုင်ကာ လည်ပင်းမှ ကတ်ကြေးကို လှမ်းဆွဲပြီးနောက် လျင်မြန်စွာနှင့် မြှောက်တင်ကာ ပြေးထွက်သွားသည်။
“နောက်တစ်ယောက် ရှိသေးတာပဲ”
ဘရမ်ဝူက သွေးထွက်နေသော ရွှီရှို့ဖန်းကို ကြည့်ပြီးနောက် နည်းနည်း ရင်ထဲ လှုပ်ရှားသွားသည်။
နန်ကော ရှိနေသမျှ အားလုံးက အဆင်ပြေလိမ့်မယ်။
နောက်ပြီး အပြေးဝင်လာရဲတဲ့ အဲဒီကောင် ဟွန်း ဘရမ်ဝူက မနေနိုင်ဘဲ အော်ဟစ်သည်။
“ထွက်သွားစမ်း”
ဆုပိုင်က အော်ဟစ်ပြီးနောက် အရှေ့မှ လမ်းလာပိတ်သည့် သန်မာသော လူကြီးကို ဆောင့်ကန်လိုက်သည်။ သူသည် ဘရမ်ဝူကို ခက်ထန်စွာ ကြည့်သည်။
“သူတို့ရဲ့ ခြေထောက်တွေကို ချိုးလိုက်”
“တစ်ကောင်မှကို မလွှတ်ပေးနဲ့”
သူဟာ အော်ဟစ်ပြီးနောက် အသက်အလတ်ပိုင်းအရွယ် အမျိုးသမီးကြီးကို ပွေ့၍ လမ်းပေါ်သို့ ပြေးတက်သွားသည်။ ထိုနောက် တက်စီတံခါးကို ဖွင့်ပြီးသည်နှင့် သူမကို နောက်ခုံတွင် ထားသည်။
427 02
“လူငယ်လေး မင်းက တကယ်တော်တယ်။ ငါ မင်းကို ဒီမှာ စောင့်နေမယ်။ အဲဒီ လူကိုလည်း သွားခေါ်လာခဲ့လိုက်”
“သေစမ်း ဒီကောင်တွေက မျိုးမစစ်တွေပဲ ဟမ်။ ဘယ်လိုတောင်မှ ဒီလောက် အသက်အရွယ်ရှိတဲ့ လူမျိုးကို ရိုက်ရဲရတာလဲ”
“ငါသာ အိုနေကြောင့်တာ မဟုတ်ရင် ဒီကောင်တွေကို သွားသတ်ပြီ”
တက်စီယာဉ်မောင်းကလည်း ပြန်လှည့်ကြည့်ပြီး အော်ဟစ်သည်။
“ဆရာ ငါ ချက်ချင်း လာခဲ့မယ်”
ဆုပိုင်က ခေါင်းညိတ်ပြီး နောက်ပြန်လှည့်ကာ ခပ်မြန်မြန် ပြေးထွက်သွားသည်။
ကျွီ
“သေချင်နေတာပဲ”
ထိုအချိန်တွင် သားပိုက်ကောင်ခေါင်းဆောင်ကလည်း သန်မာသော လူတစ်ဖွဲ့နှင့် တိုက်ခိုက်နေပြီ ဖြစ်သည်။ စက္ကန့်အနည်းငယ်တည်းနှင့်တင် သူ့၏ကန်ဆောင့်မှုကြောင့် တစ်ယောက်ပြီးတစ်ယောက် လဲကုန်ကြသည်။
ဘန်း
သူဟာ ထိုလူများကို ပြန်ကြည့်ပြီးသည်နှင့် အမြှီးကို ခပ်မြန်မြန် မြှောက်ကာ သူ့တို့ကို တိုက်ရိုက် ရိုက်ချသည်။
ခရက်စ့််
“အား”
အရိုးကျိုးအသံများက ထွက်လာသည်။ ဒူးခေါင်းရိုးများကို သားပိုက်ကောင်ခေါင်းဆောင်က ချိုးလိုက်ပြီ ဖြစ်သည်။ သန်မာသော လူကြီးက စူးရှစွာ အော်ဟစ်ပြီး သတိလစ်သွားသည်။
ဆုပိုင်က အနားသို့ ပြေးသွားပြီးနောက် မြေပြင်တွင် လဲကာ အော်နေသော ဘရမ်ဝူကို ထုကြည့်သည်။
ဘန်း
ခရက်စ့်
သူသည်လည်း ခြေထောက်ကို မြှောက်ကာ ခပ်ကြမ်းကြမ်း ဖိနင်းပစ်လိုက်သည်။ ထိုနောက် လက်ရိုးကို ထပ်ချိုးသည်။
“သွား”
“အနောက်က လိုက်ခဲ့”
သူက သတိလစ်နေသော ကောင်လေးကို ကောက်ပွေ့လိုက်ပြီးနောက် သားပိုက်ကောင်ခေါင်းဆောင်ကို လှမ်းအော်ကာ လမ်းပေါ်မှ တက်စီဘက်သို့ ခပ်မြန်မြန် ပြန်ပြေးသည်။
ကျွီ
“နောက်ဆုံးတစ်ကောင် ကျန်သေးတယ်လေ”
သားပိုက်ကောင်ခေါင်းဆောင်က အော်သည်။ သူက နောက်ဆုံး သန်မာသော လူကြီး၏ ခြေထောက်ကို တစ်ချက် ချိုးပြီးမှသာ ပြေးလိုက်သည်။
ဘုန်း
အားလုံးကလည်း မြေပြင်တွင် လဲသွားသော သန်မာသော လူအဖွဲ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။ ထိုနောက် တစ်ယောက်ကို တစ်ယောက် တန်ပြန် ကြည့်ပြီးနောက် တုန်ပြန့်လာကြသည်။
“သေစမ်း။ အခုက ဘယ်သူလဲ”
“ငါ သေချာ မမြင်လိုက်ဘူး။ ဒါပေ့မယ် အရမ်း ကြမ်းတာပဲ။ ဒီလူတွေက တိုက်ခိုက်တာကို လေ့ကျင့်ထားတဲ့ လူတွေ။ ဒါပေမဲ့ စက္ကန့်အနည်းငယ်တည်းနဲ့ လှဲကျသွားတယ်”
“ဒါက ကိစ္စကြီးပဲ။ ဒီလောက် လူတွေအများကြီး ခြေထောက်ကျိုးသွားတာ။ နောက်ပြီး အဲဒီ လူငယ်ကလည်း အန္တာရာယ်ကျရောက်လိမ့်မယ်”
427 03
“လုံခြုံရေးရုံးတော်က သိပ်မကြာခင် လာတော့မှာ။ ငါတို့ စိုးရိမ်တာက”
ထိုအဖွဲ့က လမ်းပေါ်တွင် ပျောက်သွားသော တက်စီကို ကြည့်ပြီးနောက် ခေါင်းကို စိုးရိမ်တကြီး ခါကြသည်။
လူနှစ်ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသောကြောင့် သူတို့သည် ဆေးရုံသို့ သွားပေလိမ့်မည်။ နန်ကော၏ လူများ ရောက်လာခဲ့လျှင် သို့မဟုတ် လုံခြုံရေးရုံးတော်မှ လူများ ရောက်လာခဲ့လျှင် မည်သည့်နေရာသို့ သွားကြောင်း မေးမြန်းရန်ပင် မလိုအပ်တော့ပေ။ ထိုလူငယ်၏ တိုက်ခိုက်မှုက အလွန် ပြင်းထန်သည်။ သူတို့သည် သေချာပေါက် ဖမ်းမိပေလိမ့်မည်။ ပို၍ ဆိုးသည်မှာ အားလုံးက နယ်မြေခံများ ဖြစ်သည်။ လူအများစုကလည်း နန်ကော၏ နည်းလမ်းများကို ကြားဖူးပြီးသား ဖြစ်၏။
ငါ စိုးရိမ်တာက ဒီလူငယ် …
“ဟူး”
“အမှိုက်တစ်အုပ်”
“သေစမ်း။ ငါက မူးသွားရုံလေးပဲ။ အံဩတာက ဘယ်သူက ငါ့ကို လက်သီးနဲ့ ထိုးသွားမှန်းတောင် မသိလိုက်ဘူးတဲ့။ အမှိုက်တစ်အုပ်ပဲ”
နန်ကောက ထိုအချိန်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ကလပ်၏ အထူးကြီးကြပ်မှု ရုံးခန်းထဲတွင် ထိုင်နေရင်း အရှေ့မှ လူများကို တင်းမာစွာ ကြည့်သည်။
“ဘရမ်ဝူကလည်း အရှုံးသမားပဲ။ သူက ပုံမှန်အားဖြင့် တိုက်ခိုက်တာ တော်တာ မဟုတ်ဘူးလား”
“သူက လူတွေအများကြီး ခေါ်သွားတာလား။ ခြေထောက်ရိုးတွေ ကျိုးသွားတယ် ဟုတ်လား”
“အရှုံးသမားပဲ”
“ဟူး”
သူက အသက်ကို ပြင်းပြင်းရှုရင်း အင်္ကျီကော်လံကို ပြေလျော့အောင်လုပ်၍ အရှေ့မှ လူများကို သုန်မှုန်သော မျက်လုံးဖြင့် ကြည့်ကာ ပြောသည်။
“လူနည်းနည်းလောက် ခေါ်ပြီး ဆေးရုံကို သွား။ လက်နက်တွေ နည်းနည်းလောက် ယူသွားလိုက်”
“နောက်ပြီး အဲဒီကောင်ကို ငါ့အတွက် ဖမ်းလာပေးခဲ့”
“ဘရမ်ဝူက မမှန်ဘူးဆိုပေမဲ့လည်း ဒါပေမဲ့ သူက ငါရဲ့လူတွေကို ရိုက်တာဆိုတော့ ငါတို့ မျက်နှာ ပျက်ရတယ်။ သွားပြီး ပြန်ခေါ်လာခဲ့။ ငါ လုံခြုံရေးရုံးတော်ကို ပြောထားလိုက်မယ်”
“မြန်မြန်သွား”
သူဟာ လူငယ်ကို မှတ်မိလိုက်သလိုပင် ပါးစပ်ဟ၍ အမိန့်ပေးသည်။
“နောက်ပြီး ဆေးရုံမှာ ရန်မဖြစ်နဲ့နော်။ သက်ရာက်မှုက အရမ်းကို ဆိုးသွားလိမ့်မယ်။ ဒါဆိုရင် တစ်ခုခု ဖြစ်လာရင် ငါ ဖိနှိပ်ဖို့ ခက်တယ်”
“မင်းတို့ ဉီးနှောက် သုံးလို့ ရမလား”
“ဒီက ထွက်သွား။ သွား ဘာမှ ကောင်းတာကို မလုပ်နိုင်ဘူး။ သောက်ကျိုးနည်းတွေ”
သူဟာ ဆူပူလိုက်ပြီးနောက်တွင် ထိုလူများ ထွက်သွားပြီးသည်နှင့် နန်ကောက ဆေးလိပ်ကို ထုတ်သည်။ ထိုနောက် မီးညှိ့ကာ တစ်ရှိုက်ဖွာသည်။ ထို့နောက် ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ဆက်သည်။
“ဟယ်လို”
“ဒါရိုက်တာကောင်း။ ငါ ဒီလောက် နောက်ကျမှ ဒုက္ခပေးရတာ စိတ်မကောင်းပါဘူး။ ဒီလို …”
နန်ကောက ပြုံး၍ ဖုန်းတစ်ဖက်ကို စကားပြောသည်။
“ဒီနေ့ ငါရဲ့ လူတချို့က ဘာဖြစ်နေမှန်း မသိဘဲ လူနှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်တယ်။ သူတို့ အခု ဆေးရုံရောက်နေလောက်ပြီ”
427 04
“အမ်း မင်းက ကလေးလည်း မဟုတ်တော့ဘူးနော်။ ဘာလို့ နေ့တိုင်းလိုလို ငါ့ကို အလုပ်တွေ ပေးနေရတာလဲ”
ဒါရိုက်တာကောင်းကလည်း တဖြည်းဖြည်း ပြောရင်း ထရပ်ကာ စိတ်မရှည်သလို ဆူပူသည်။
“ကောင်းပြီ။ ကောင်းပြီ။ ငါသိပြီ”
“ဒီည ဘယ်လုံခြုံရေးအစောင့်မှ ဆေးရုံမသွားဘူး။ ငါ မင်းကို သတိပေးမယ်နော်”
“အခုတလော သူတို့ တင်းတင်းကြပ်ကြပ်ကို စစ်ဆေးနေတာ။ ငါတောင် သတိထားနေရတဲ့အပြင် မင်းလည်း သတိထားသင့်တယ်။ တစ်ခုခု မှားသွားခဲ့ရင် ဘယ်သူကမှ မင်းကို မကာကွယ်နိုင်ဘူး”
“ဟုတ်ကဲ့။ ဟုတ်ကဲ့”
“ဒါရိုက်တာကောင်း ငါ နားလည်ပါတယ်”
နန်ကောက အခန်း၏ တံခါးဝကို ကြည့်ပြီးနောက် ခပ်တိုးတိုး ပြောသည်။
“လဲ့လဲ့က အခုတလော ပြည်ပမှာ အခြေအနေ ကောင်းနေတယ်။ ငါလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီမှာ ပရောဂျက်တစ်ခုရှိနေတာဆိုတော့ မင်းအထင် မင်း လဲ့လဲ့ကို ….”
“ကောင်းပြီ ငါသိပြီ။ သူမက ငယ်သေးတယ်လေ။ ဒီတော့ ပိုက်ဆံအများကြီး မပို့နဲ့”
ဒါရိုက်တာကောင်းက ဖုန်းချလိုက်သည်။
သူဟာ စီးကရက်ကို ထုတ်ပြီး တဖြည်းဖြည်း မီးညှိသည်။ ထိုနောက် ထရပ်ကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်သည်။
“အား”
သူသည် မနေနိုင်ဘဲ သက်ပြင်းချသည်။ အပေါ်ကလည်း ဆိုတော့ အောက်ဘက်က အမှုထမ်းတိုင်းကို ဂရုတစိုက် စောင့်ကြပ်စစ်ဆေးရန် လူလွှတ်ထားသည်။ အနည်းဆုံး အသင်းထဲမှာ လူတော်တော်များများက အရှင်းခံနေရပြီး မယုံကြည်သော သူများကိုလည်း အလေးအနက်ထားကာ ဖြေရှင်းနေသည်။ လေးနက်သော အခြေအနေမျိုးဆိုလျှင် ထောင်ထဲသို့ ဝင်ရနိုင်သည်။
“ငါတို့ နည်းလမ်းတစ်ခု တွေးရမယ်”
“ငါတို့ ကောင်းကင်ပြာတိရစ္ဆာန်ရုံက ဒါရိုက်တာဆုပိုင်နဲ့ အဆင်ပြေနိုင်မယ်ဆိုရင် ငါတို့ ဘယ်လိုအမှားကို လုပ်လုပ် အထက်က ငါတို့ကို မမြင်ချင်ယောင် ဆောင်ပေးထားမှာပဲ”
ချင်တုမှ လောင်လျို့၏ထောင်လွှားသော အကြည့်ကို ပြန်တွေးမိသောအခါ ဒါရိုက်တာကောင်းကလည်း နှုတ်ခမ်းကို တစ်ချက်သပ်ပြီး စီးကရက်ဖင်ကို ချေပွလိုက်ကာ ဖုန်းကို ထုတ်၍ တာဝန်ကျနေသော ခေါင်းဆောင်ကို ဖုန်းဆက်သည်။
သူဟာ ညွှန်ကြားတချို့ကို ပေးပြီးနောက် အိပ်ရာတွင် ပြန်လဲလိုက်သည်။
ထိုအချိန်တွင် ဆေးရုံဂိတ်မှ လူတစ်အုပ်ကလည်း သတင်းစာနှင့် ရစ်ပတ်ထားသည့် ချွန်ထက်သော ဓားရှည်များကို ရှပ်အင်္ကျီထဲထည့်ကာ ဆေးရုံထဲသို့ ဝင်ရောက်သွားလေသည်။
******
428 01
အခန်း 428
“ဒေါက်တာ ဘယ်လိုလဲ”
“သူက ဒဏ်ရာ တော်တော် ပြင်းတာ”
ဆုပိုင်က ခွဲစိတ်ခန်း၏ တံခါးနားတွင် ရပ်ကာ အလျင်စလို မေးလိုက်သည်။
“သူ့ကို အချိန်ကိုက် ပို့လိုက်တာ။ ဒီထက်သာ မိနစ်နည်းနည်းလောက် ထပ်ပြီး နောက်ကျသွားခဲ့မယ်ဆိုရင် အသက် အန္တာရာယ် စိုးရိမ်ရတယ်”
ခွဲစိတ်ဝတ်စုံနှင့် အသက်အလတ်ပိုင်းအရွယ် ဆရာဝန်ကလည်း အရှေ့မှ စိုးရိမ်စရာ ရောက်နေသော လူငယ်ကို ကြည့်ပြီး လေးနက်သော အသံနှင့် ပြောသည်။
“ဒါပေမဲ့ သူ တော်တော်ကြာကြာ နားရဖို့တော့ လိုအပ်လိမ့်မယ် ထင်တယ်”
“နောက်ပြီး ငါတို့ လုံခြုံရေးရုံးတော်ကိုလည်း အကြောင်းကြားထားတယ်။ ဘယ်သူကများ ဘာလုပ်လိုက်လို့ ဒီလို အရိုက်ခံရတာလဲ”
“ဒီထက်သာ နည်းနည်း ပိုပြင်းသွားမယ်ဆိုရင် ဒီကောင်လေးရဲ့ အသက်က အန္တာရာယ် ရှိတယ်”
ထိုကောင်လေး၏ ကိုယ်တွင်းအင်္ဂါများက မပျောက်သေးသည့်အပြင် ယခုပင် ဒဏ်ရာအသစ်ပင် ရလာသည်။
“ဒီမှာ”
ရုတ်တရက် အဝေးရှိ ဆေးရုံ၏ ဓာတ်လှေကားဝင်ပေါက်ထဲမှ သန်မာသော လူများက ပြေးထွက်လာသည်။ ခေါင်းဆောင်ဆိုသူက ခွဲစိတ်ခန်းတံခါးထဲသို့ လှမ်းအော်ပြီး လူများကို ခေါ်သည်။
“မင်းက ဘယ်သူလဲ”
“ဒါက ဆေးရုံခန်း”
အသက်အလတ်ပိုင်းအရွယ် ဆရာဝန်က ဒေါသတကြီး အော်သည်။
ဘန်း
သို့သော် အရှေ့မှ သန်မာသော လူကြောင့် ရင်ဘတ်ကို အရိုက်ခံရပြီး မြေပြင်ပေါ်သို့ လှဲကျသွားသည်။
“မင်း မှတ်လား”
“ငါတို့နဲ့ လိုက်ခဲ့”
“အဲဒီလိုမှ မဟုတ်ရင်တော့”
သန်မာသော လူက ဆုပိုင်၏ နံဘေးတွင် လာရပ်ပြီး အသံကို တိုးကာ ပြောသည်။ သူသည် ကုတ်အင်္ကျီကို ကြယ်သီးတစ်လုံး ဖြုတ်ပြပြီးနောက် အတွင်းမှ ချွန်ထက်သော ဓားကို ပြသည်။
“ဆေးရုံ ဖြစ်နေတာကြောင့်သာ မဟုတ်ရင် ဟွန်း ငါတို့ရဲ့ ဒဏ်ရာရနေတဲ့ နန်ကောရဲ့ လူတွေနဲ့တင် မင်းတို့ကို ညစ်ပစ်လိုက်လို့ ရတယ်”
“သွားမယ် လာ”
ဆုပိုင်က သူ့ကို တစ်ချက်ကြည့်သည်။ ထိုနောက် ဆရာဝန်ကို တဖြည်းဖြည်း ကူညီကာ ထူပေးရင်း ခပ်တိုးတိုး ပြောသည်။
“ကျေးဇူးပြုပြီး လူနာများကို ခဏလောက်တော့ ဂရုစိုက်ပေးပါ။ ငါ ပြန်လာခဲ့မယ်”
“သွားမယ်”
ထိုသို့ ပြောပြီးသည်နှင့် သူက ထိုလူများ၏ အရှေ့မှ ဦးဆောင်ကာ လျှောက်ပြီး ဓာတ်လှေကားထံသို့ တိုက်ရိုက် သွားသည်။
“ဟွန်း တော်တော် အင်အားကြီးတဲ့ ပုံနဲ့”
428 02
ဆုပိုင်ကို ဝိုင်းနေသော သန်မာသော လူများက ဝိုင်းပြုံးပြုံးကြရင်း အနောက်မှလိုက်ကာ ဓာတ်လှေကားထဲ ဝင်သည်။
“ဒါ”
“စည်းမဲ့ကမ်းမဲ့ နိုင်လိုက်တာ”
အသက်အလတ်ပိုင်း အရွယ် ဆရာဝန်က မြေပြင်မှ ကုန်းထလာပြီး ရင်ဘတ်ကို ပွတ်ကာ ဒေါသကြီးကြီး ရေရွတ်သည်။
ဆေးရုံဝင်ပေါက်တွင်
ဆုပိုင်က ဉယျာဉ်ထဲတွင် ပုန်းနေသော သားပိုက်ကောင်ခေါင်းဆောင်ကို လက်တစ်ချက် ရမ်းပြလိုက်ပြီးနောက်တွင် အနက်ရောင်ကားထဲသို့ ဝင်လိုက်သည်။
ကားက လမ်းပေါ်တွင် ဝင်ရောက် ပျောက်ကွယ်သွားသည်။
ကျွီ
“နောက်တစ်ပွဲလား”
သားပိုက်ကောင်ခေါင်းဆောင်က အော်ဟစ်လိုက်ပြီးနောက် အနောက်မှ အပြေးလိုက်သည်။
မကြာခင် ထိုလူများက ဆုပိုင်ကို တစ်ကမ္ဘာလုံးဆိုင်ရာ ကလပ်သို့ ထပ်ခေါ်သွားပြန်သည်။
ထိပ်ဆုံးထပ် သီးသန့်အခန်း
သူတို့က အခန်းထဲ ဝင်လိုက်သည့်နှင့် အခန်းထဲတွင် လူများ ပြည့်နှက်နေသည်။ ဆိုဖာပေါ်တွင် တက်တူးအပြည့်နှင့် လူတစ်ဖွဲ့က ထိုင်နေပြီး တံခါးဝမှ လျှောက်ဝင်လာသော လူငယ်ကို လှောင်ပြောင်လိုသော အကြည့်မျိုးနှင့် ကြည့်သည်။
“နန်ကော လူခေါ်လာပြီ”
“အေး”
နန်ကောဆိုသူက မီးခိုးအကွဲများ မှုတ်ထုတ်လာပြီး တဖြည်းဖြည်း မော့ကြည့်လာသည်။
“ညီလေး … ဘရမ်ဝူနဲ့ အခြားသူတွေက မှားတာ မှန်ပေ့မဲ့လည်း မင်းက တအား ရက်စက်တယ်”
“ထားလိုက်ပါ”
“အများကြီး ပြောနေရင် အသုံးမဝင်ပါဘူး”
သူက အံဆွဲကို ညှင်သာစွာ ဖွင့်လိုက်ပြီးမှ အထဲမှ ချွန်ထက်သော ဓားမြှောင်ကို ထုတ်ကာ စားပွဲပေါ်သို့ တိုက်ရိုက် ပစ်တင်လိုက်သည်။
“မင်းဘာမင်း လက်သုံးချောင်းပဲ ဖြတ်လိုက်။ ဒါဆိုရင် ဒီကိစ္စပြီးပြီ”
“နန်ကောက မင်းကို ခက်ခဲအောင် မလုပ်ဘူး။ သူတို့တွေလည်း အနာဂတ်မှာ ဒီသားအမိကို ဒုက္ခပေးတော့မှာ မဟုတ်ဘူး”
“ဒါပေမဲ့ ဒီနေ့ ဒီခေတ်မျိုးမှာ မင်းအနေနဲ့ ကောင်းမွန်တဲ့ ကိစ္စတွေ လုပ်ရင် တန်ကြေးတော့ ပေးရမယ်”
ထိုသို့ ပြောပြီးသည်နှင့် သူဟာ လက်ကို ပိုက်ထားပြီး မျက်လုံးကို မှေးကျဉ်းကာ ဆိုဖာနောက်ဘက်သို့ မှီလိုက်သည်။
ထိုနောက် အရှေ့မှ လူငယ်ကို စိုက်ကြည့်သည်။
“နန်ကော ဒါက သူ့အတွက် တအားလွယ်တယ်နော်။ ငါ ဒီကောင်ကို တောင်ထဲကို ဆွဲခေါ်သွားပြီး မြုပ်ပစ်လိုက်မယ်”
“ခြေထောက်ကို ချိုး။ ရှောင်ဝူကျစ်ရဲ့ ခြေထောက်တွေအားလုံးကို သူတို့ ချိုးသွားတာ။ သူတို့အတွက် လက်သုံးချောင်းထဲဆိုရင် ဒါက တအားကို နည်းလွန်းတယ်”
“ဟုတ်တယ်။ ဟုတ်တယ်။ သောက်ကျိုးနည်းကိုပဲ။ ဒါက ဘယ်လိုဟာလဲ။ ဘယ်သူက မမေးမြန်းဘဲနဲ့ ရန်စရဲတာလဲ”
ဆိုဖာပေါ်တွင် ထိုင်နေသော လူသန်မာကြီးများအားလုံးက တည်ကြည်လွန်းစွာဖြင့် လှမ်းဆူကြသည်။
428 03
“မင်းတို့ ပြောလို့ ပြီးပြီလား”
ဆုပိုင်က ဘေးဘက်ခြမ်းမှ ထိုင်ခုံအမြှင့်ကို လှမ်းဆွဲယူပြီး ဝင်ထိုင်သည်။
အရှေ့မှ လူမိုက်တစ်အုပ်ကို ကြည့်နေရင်း သူဟာ ရယ်ချင်လာသည်။
အခြေခံအားဖြင့် သူ ဝိညာဉ်မကူးပြောင်းခင်က လူမှုအသိုင်းအဝိုင်းမျိုးနှင့် တူသည်။ အခြေခံအားဖြင့် မည်မျှ ကျော်လွှားသွားစေကာမှု ထိုကဲ့သို့ အထူး ကျွမ်းကျင့်မှု ဆိုင်ရာ လူများက ရှိတတ်သည်။
“ကောင်းပြီ အခု ငါ့အလှည့်”
ဆုပိုင်က အားလုံးကို တစ်ချက်ကြည့်သည်။ အသက်ကို ပြင်းပြင်းရှုပြီးနောက် အလေးအနက် ထားကာ ပြောသည်။
“မင်းတို့က လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်တယ်။ အဲဒီသားအမိတွေက ဆေးရုံမှာ စစ်ဆေးပြီးတဲ့နောက်မှာ ဒဏ်ရာတအား ပြင်းတာကို သိလိုက်ရတယ်”
“လျော်ကြေးအတွက်ကတော့ မင်းတို့ ပိုက်ဆံ မရှားတဲ့ ပုံပဲ ဟုတ်တယ်မှတ်လား။ ဒါဆိုရင် ဘယ်လိုလဲ … ငါးသန်းပဲပေး။ အနာဂတ်မှာ သူတို့ကို ဒုက္ခမဖြစ်ရပါဘူးလို့လည်း ကတိပေးရမယ်။ ဒါဆိုရင် ဒီနေ့ ကိစ္စပြီးပြီ”
“အဲဒီလိုမှ မဟုတ်ရင်တော့”
“ဟား ဟား ဟား”
နန်ကောက အော်ရယ်သည်။ ဆုပိုင်၏စကားကို ဖြတ်ပြောသည်။
“ကောင်စုတ်လေး မင်း ကျောင်းက ဘွဲ့ရပြီးပြီလား”
“မင်း ဘာပြောလိုက်တယ်”
“ငါတို့ကို ငါးသန်းအနေနဲ့ လျော်ကြေးပေးရမယ် ဟုတ်လား။ ဟား ဟား မင်းတောင် ငါးသန်း တတ်နိုင်လို့လား”
“တတ်နိုင်တယ်”
ဆုပိုင်က သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းငြိမ့်သည်။
ဘန်း
“ကြည့်ရတာ ငါတို့ ဒီနေ့ မင်းကို သင်ခန်းစာ မပေးဘူးဆိုရင် လူမှုအသိုင်းအဝိုင်းက ဘယ်လောက်ရက်စက်လဲဆိုတာကို မင်းသိတော့မှာ မဟုတ်ဘူး”
နန်ကောက စားပွဲကို ဝုန်းကနဲ့ ရိုက်ချပြီး မျက်လုံးပြူးကာ ထအော်သည်။
အခြားသော သူများကလည်း သူတို့၏ လက်ထဲမှ တောက်ပသော ဓားများကို ထုတ်လိုက်ကာ အရှေ့သို့ တစ်လှမ်းချင်း တိုးလာ၏။
“နန်ကော ဒီကောင်က အမိန့်ကို လက်ခံဖို့ ငြင်းဆန်တယ်ဆိုတော့ စိုးရိမ် မနေပါနဲ့ ဟွန်း ဟွန်း ဒီနေ့ ငါတို့ သူ့ကို ဂရုစိုက်လိုက်မယ်”
“လာ လာ လာ ဒီကောင်ကို ခုတ်ပစ်လိုက်ကြ”
“သေစမ်း။ ဘယ်လိုကြောင့်များ ဒီနေရာကို လာပြီး ထောင်လွှားရဲနေတာလဲ။ ဟမ် မင်း ဘယ်လို သေသွားမလဲ။ ရှင်သွားမလဲဆိုတာကိုတောင် သိမှာ မဟုတ်ဘူး။ ငါသာ မင်းကို ကြိုတင်ပြီး သင်ခန်းစာ မပေးရင် တချို့လူတွေက သွားရှုပ်ဖို့ မလိုဘူးဆိုတာ သိတော့မှာ မဟုတ်ဘူး”
ထိုသို့ ပြောနေရင်းမှ ထိုလူများက အပြေးအလွှား လာကြသည်။
“အား ငါတို့ စကား မပြောတော့ဘူးပေါ့”
ဆုပိုင်က လက်ဖြန့်ပြလိုက်ရင် အေးစက်သော မျက်နှာနှင့် ပြောသည်။
ရုတ်တရက် သူဟာ လွယ်လာသည့် ကျောပိုးအိတ်ကို ဖွင့်ပြီး အရှေ့ဘက်သို့ လှမ်းဆန့်ထုတ်လိုက်သည်။
“ဟား ဟား ရပ်တော့”
428 04
“သူ့ကို ထုတ်ခိုင်းလိုက်စမ်းပါ။ ငါ ဒီနေ့ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်မျိုးနဲ့ တွေ့ခွင့်ရလိမ့်မယ်လို့ မထင်ထားဘူး”
“ထုတ်လိုက် ထုတ်လိုက် ဘာထုတ်မှာလဲ။ ကျောင်းသားကဒ်လား ဟား ဟား ဟား”
နန်ကောကပင် လက်ကို ရမ်း၍ လူများကို တားသည်။
“ဒါက လုံလောက် လောက်တယ်မလား”
ဆုပိုင်က ကျောပိုးအိတ်ထဲမှ ပစ္စတိုကို ထုတ်ပြီး နန်ကောကို တဖြည်းဖြည်း မျက်လုံး မှိတ်ပြ၍ မောင်းတင်လိုက်သည်။
ဒိုင်း
ပလုံ
နန်ကောက သူ၏ လက်မောင်းကို အုပ်ပြီး ဆိုဖာပေါ်မှ လျောဆင်းကျသွားသည်။ ထိုနောက် သူ၏ နဖူးကို ကပ်ထားသော အငွေ့များ ထွက်နေသေးသည့် အနက်ရောင် ပြောင်ဆံကို ကြည့်ပြီး နဖူးမှ ချွေးစေးများ ကျလာသည်။ သူသည် ကြောက်လန့်တကြား မော့ကြည့်သည်။
++++++
429 01
အခန်း 429
“အစ် … အစ် … ကို … ကို … နန် … နန် … ကော …. နန် … နန်ကောက ဒီနေ့ အရှုံးပေးတယ်။ ငါ မမျှော်လင့်ထားပဲ …”
“ဒီနေ့ ဒီကိစ္စ ဒီမှာ ပြီးပြီ”
“နန်ကော ငါက မင်းကို ဘယ်တော့မှ ဒုက္ခ မပေးတော့ဘူး။ ငါတို့ အဲဒီသားအမိကို လွှတ်ပေးမှာပါ။ ဘယ်လိုလဲ”
မည်သို့ပင်ဆိုစေ ထိုလူငယ်က ကျောပိုးအိတ်ထဲမှ သေနတ်ကို ထုတ်လာမည်ဟု မည်သူကမှ မထင်ထားမိကြပေ။ ကြောက်စရာအကောင်းဆုံး အပိုင်းကမှု သူသည် စောင့်မနေဘဲ ပစ်ရဲသည်။ ဒီကောင်က တကယ်ကို ဆရာကြီး ဖြစ်မယ်။
အရှေ့မှ ပြုံးနေသေးသော လူငယ်ကို ကြည့်ပြီး နန်ကောကလည်း ထိုလူကို ရန်စ၍ မတတ်နိုင်မှန်း သိလိုက်သည်။ တည်ငြိမ်နေသော အကြည့်က ဟန်ဆောင်နေခြင်း မဟုတ်ပါပေ။ ထိုလူငယ်က အမှန်ပင် လူသတ်ဖူးသည်။ တစ်ယောက်ထက်ပင် ပိုနိုင်၏။
နန်ကောကလည်း ဆိုဖာအောက်မှ ရုန်းကန်ကာ ထရပ်ပြီးနောက် တဖြည်းဖြည်း ပြန်ထိုင်ကာ အသက်ပြင်းပြင်း ရှုပြီး ပြောသည်။
“အဟမ်း ဒီနေ့ ငါတို့ အားလုံး မင်းကို ရန်စမိတာ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ … အစ်ကိုကြီး မင်းက အဲလောက် အလွယ်တကူ ပစ်လိုက်တာနော်။ ငါတို့သာ လုံခြုံရေးရုံးတော်ကို တိုင်လိုက်မယ်ဆိုရင် မင်း … မင်း … မင်း ဒုက္ခရောက်မှာ”
“ငါတို့အားလုံးက တစ်လမ်းတည်း သားတွေပဲ။ ကျေးဇူးပြုပြီး ခက်ခဲအောင် မလုပ်ပါနဲ့”
“လာ လာ လာ ဒီအစ်ကိုကြီးကို တစ်သိန်းပေးလိုက်”
ထိုအချိန်တွင် အခန်းထဲမှ သန်မာသော လူများအားလုံးက ရူးကြောင်ကြောင် ဖြစ်နေကြသည်။ အရာအားလုံးက ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းသည်။ လူတိုင်းကလည်း ထိုလူငယ်က ရုတ်တရက် သူ့အိတ်ထဲမှ ပစ္စတိုကို ထုတ်လိုက်ကြောင်း မြင်သောအခါ ရယ်မိကြသည်။
အခုက ဘယ်လို ခေတ်မို့လို့လဲ။
သေနတ် သယ်ထားသော လူများပင် ရှိသေးသည်။ ထိုအပြင် လူငယ်လေးလည်း ဖြစ်နေသည်။ အားလုံးက ဒါကို အတုလို့ ထင်နေကြသည်။ အဲလောက်တောင် ရက်စက်သည့် သေနတ်ပစ်သံတစ်ချက် ထွက်လာပြီးနောက် နန်ကော၏ လက်မောင်းမှ သွေးများ ပန်းထွက်လာသည်။
အားလုံးက မှင်သက်သွားသည်။
အစစ်ကြီး
နောက်ပြီး တကယ်လည်း ပစ်တယ်။
ဒီနေရာက တစ်ကမ္ဘာလုံးဆိုင်ရာ ကလပ် ဖြစ်သည်။ ထိုအပြင် အခန်းက အသံလုံသော်လည်း သို့သော်
“မရဘူး။ ငါးသန်း တစ်ပြားမှ မလျှော့နိုင်ဘူး”
ဆုပိုင်က အရှေ့မှ ပိုက်ဆံတစ်ထပ်ကို တစ်ချက်ကြည့်ပြီး ခေါင်းကို တဖြည်းဖြည်း ခါကာ အေးစက်သော အသံနှင့် ပြောသည်။
“ညီငယ်လေး ငါတို့ ထပ်တွေ့အုန်းမှာပဲလေ။ ဒီကိစ္စက …”
ဒိုင်း
ဆုပိုင်က နန်ကော၏ တခြားလက်မောင်းတစ်ဖက်ကို ထပ်ပစ်ပြီးပြောသည်။
“တစ်ပြားမှ မလျော့စေနဲ့”
“ငါ မင်းတို့ကို သုံးမိနစ် အချိန်ပေးမယ်။ ဒါတောင်မှ မရလာသေးဘူးဆိုရင်တော့”
“ဟွန်း မင်းတို့ဘာသာ သိရမှာပေါ့”
“ဟစ်”
အားလုံးက ပင့်သက်ရှိုက်လိုက်ကြပြီး တုန်ယင်နေသော နန်ကောကို ကြည့်ကာ ကြောက်လန့်တကြား နောက်ဆုတ်သည်။
ဒါက ရက်စက်တဲ့ လူတင် မဟုတ်ဘူး။ လုံးဝကို ရူးနေတဲ့သူ။
429 02
သူသည် အနည်းငယ်သော သဘောထားတိုက်ဆိုင်မှုနှင့် ပစ်ခဲ့သည်။ နန်ကောကသာ သဘောမတူပါက နေရာမှာတင် ခေါင်းကို ပစ်မိပုံပေါ်သည်။
သူတို့သည် နန်ကောနောက်သို့ လိုက်နေခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း သူတို့သည် လူတိုင်းကို အနိုင်ကျင့်ရဲသော ကြမ်းတမ်းပုံနှင့် တူနေသည့်တိုင်အောင် ဒါက မည်သူနှင့် တွေ့နေရသည်ဆိုသော အခြေအနေအပေါ် မူတည်လေသည်။ အခုလို အသွင်ရူးမျိုးကို တွေ့ရသည်ဆိုပါက အခြေအနေက ခြားနားသွားလေပြီ။
ထိုကြောင့် ထိုအချိန်တွင် နန်ကော၏ လူများအားလုံးက ဆိုဖာပေါ်မှ ထရပ်လိုက်ကြပြီး လေးစားစွာသာ ရပ်ကာ ခေါင်းကို ငုံ့ထားကြသည်။
သူတို့သည်လည်း ထိုလူငယ်၏ အာရုံကို ဆွဲဆောင်မိမှာကို ကြောက်ကြသည်။
ပိုပြီး သတိထားရမည်မှာ တစ်ချက်ပစ်ရုံဖြင့် တကယ် ဒဏ်ရာရ စေနိုင်သည်။
ထိုအပြင် လုံခြုံရေးရုံးတော်ဆိုသော စစ်ဆေးမှုကိုလည်း ဦိးတည်လာနိုင်၏။ နန်ကော၏ ဘက်တွင် တစ်စုံတစ်ယောက် ရှိနေလျှင်ပင် သေနတ် ဒဏ်ရာကို ဖိရန် မလွယ်ကူပေ။
“အဟမ်း အစ်ကိုကြီး ငါတို့မှာ အဲဒီလောက် ပိုက်ဆံအများကြီး တကယ် မရှိဘူး။ …”
ဒိုင်း
သို့သော် ထိုအခိုက်အတန့်တွင် အခန်းတံခါးက တွန်းဖွင့်ခံရသည်။ လုံခြုံရေးဝတ်စုံနှင့် သေနတ်များကိုင်ထားသော လူများက ခပ်မြန်မြန် ဝင်လာသည်။
သေနတ်ပြောင်းတံကလည်း နန်ကော၏ အရှေ့တွင် ရပ်နေသော လူငယ်ကို ချိန်ပြီး အော်သည်။
“သေနတ်ကို ချ”
“အဲဒီလိုမှ မဟုတ်ရင် မင်းကို နေရာမှာတင် ပစ်ခွင့်ရှိတယ်”
“မြန်မြန် သေနတ်ကိုချ”
“ခေါင်းဆောင် တန်”
နန်ကော လုံခြုံရေးအရာရှိကို မြင်လိုက်သည်နှင့် အလျင်စလို အော်သည်။
“မပစ်နဲ့ ဒီလူက”
“ထွက်သွားစမ်း”
ဆုပိုင်က အေးစက်စွာ အော်ပြီးနောက်တွင် ကျောပိုးအိတ်ထဲမှ တံဆိပ်တစ်ခုကို ထုတ်ပြီး ခေါင်းဆောင်ကို ပစ်ပေးလိုက်သည်။
“အခုချက်ချင်း မင်းရဲ့ အထက်အရာရှိကို ဆက်သွယ်လိုက်”
ထိုနောက် သူက အရှေ့မှ နန်ကောကို ကြည့်ပြီး လေသံတိုးတိုးနှင့် ပြောသည်။
“တချို့လူတွေက ရန်စလို့ မရဘူးလို့ ခင်ဗျား ပြောတယ် မှတ်လား”
ဒိုင်း
ထိုနောက် မောင်းကို တင်ပြီးသည့်နှင့် သူ၏ ခြေထောက်ကို ဆက်ပစ်လိုက်သည်။ သူဟာ ညှင်သာစွာ ပြုံးပြီး ပစ္စတိုကို သိမ်းလိုက်၏။
“အမှိုက်တစ်အုပ်။ သာမန်လူတွေက မင်းတို့ကို ရန်စလို့ မတတ်နိုင်ဘူး”
“လုံခြုံရေးရုံးတော်က မင်းတို့ကို အပြစ် မပေးနိုင်ရင် လုပ်ပေးနိုင်တဲ့ လူတွေ အများကြီး ရှိသေးတယ်”
“လုံခြုံရေးရုံးတော်က သိသွားပြီ ဆိုမှတော့။ ကောင်းပြီ။ မင်းတို့ အခု ပိုက်ဆံပေးစရာ မလိုတော့ဘူး။ နန်ကော ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထား”
ထိုသို့ ပြောပြီးသည်နှင့် သူဟာ ခေါင်းကို လှည့်ကာ ခေါင်းဆောင်ကို ကြည့်သည်။ ထိုနောက် လက်ကို တဖြည်းဖြည်း ဆန့်သည်။
“ကြည့်လို့ ပြီးပြီလား”
“ငါက အဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်သက်သေလို့ မင်းရဲ့အထက်က လူတွေကို ပြောလိုက်။ နောက်ပြီး အမှန်အတိုင်း တင်ပြမှာနော်။ ဟွန်း မင်းနဲ့ ဒီလူတွေအတွက်ကတော့ …”
429 03
“အချိန်ကျလာတဲ့အခါ စုံစမ်းစစ်ဆေးခံဖို့ စောင့်နေ”
ထိုသို့ ပြောပြီးသည်နှင့် သူဟာ တံဆိပ်ကို တိုက်ရိုက် ဆွဲယူလိုက်ကာ တစ်လှမ်းချင်းစီ ထွက်လာသည်။
အခန်းထဲမှ လူတစ်အုပ်က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ကျန်ခဲ့သည်။
“ခေါင်းဆောင် တန်။ ခေါင်းဆောင် တန်။ သူက ဘယ်သူလဲ”
“ငါတို့”
“ငါတို့ သောက်ပေါက်ကရတွေ”
ခေါင်းဆောင်တန်က တုံ့ပြန်လိုက်နိုင်ချိန်တွင် ကော်ဖီစားပွဲကို မြေပြင်ပေါ်သို့ ဆောင့်ကန်လိုက်သည်။
ထိုနောက် သူသည် ဆိုဖာပေါ်မှ နန်ကောကို လက်ညိုးထိုးကာ အော်သည်။
“မင်း”
“ဖက်စ့် မင်း ငါ့ကို သတ်တာ။ မင်း သေဖို့ စောင့်နေ”
“အထက်က လူတွေက မင်းကို သေမိန့် မပေးရင်တောင်မှ ဒါရိုက်တာကောင်းက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး။ မင်း ဘယ်သူကိုမဆို ရန်စလို့ ရတယ်။ ဒါပေမဲ့ တိုင်းပြည်က အမြင့်ဆုံး ဂုဏ်တံဆိပ်ကို ပိုင်ဆိုင်ထားတဲ့ လူကို သွားပြီး ရန်စတယ်။ သူက မင်းကို နေရာမှာတင် သတ်သွားရင်တောင် ကောင်းသေးတယ်။ ငါတောင်မှ မင်းကြောင့် အသတ်ခံရတော့မှာပဲ”
အရှေ့မှ ခေါင်းဆောင် တန်၏ ဆူပူမှုကို ခံရပြီးနောက်တွင် နန်ကော၏ စိတ်က ဝုန်းကနဲ ပေါက်ကွဲသွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးက ဆိုဖာပေါ်သို့ ပြုတ်ကျကာ လေးလံသွားသည်။
“ဂလု”
“ငါတို့ ဘယ်လို လုပ်ကြမလဲ”
“ဘာလုပ်ရမှာလဲ။ ခေါင်းဆောင်တန် ပြောသွားတာ မကြားဘူးလား။ အဲဒီ လူငယ်မှာ ဘယ်လို တံဆိပ်မျိုး ရှိနေတာလဲ။ ငါတို့ သူ့ကို ရန်စလို့ မရဘူး”
“မြန်မြန် ပြေးတော့”
ထိုတစ်ဖွဲ့က အကြံအစည် ရှိသည်။ သူတို့သည်လည်း လက်ထဲမှ ဓားများကို မြေပြင်ပေါ်သို့ ကောက်ပစ်ချလိုက်ကြပြီး ထွက်ပြေးကြသည်။
နန်ကောအတွက်ကမှု
“တစ်ဆိတ်လောက် နန်ကောက ဘယ်သူလဲ”
ဆုပိုင်က သတင်းပို့ပြီး သိပ်မကြာခင် အထက်မှ လူများက ညတွင်းချင်း အောက်ဘက်သို့ ဆင်းသည်။ နောက်တစ်ရက် နေ့လယ်မတိုင်ခင် အချိန်မှာတင် ထိုမာဖီးယား အဖွဲ့အစည်းကြီး တစ်ခုလုံးနှင့် လုံခြုံရေးရုံးတော်မှ ဒါရိုက်တာကောင်းဆိုသူတို့ အမြစ်မှ ဆွဲထုတ်ခံရသည်။
ထိုအချိန်တွင် ဆုပိုင်ကမှု တိရစ္ဆာန်ရုံဝင်ပေါက်သို့ ရောက်နေသည်။
သို့ရာတွင် သူဟာ ဝင်ပေါက်တွင် ရပ်နေသောအခါ အဝေးရှိ အတွင်းကျဆုံး မြက်ခင်းပြင်ပေါ်တွင် စုစည်းနေသော လူတစ်ဖွဲ့ကို မြင်လိုက်ရသည်။ သူတို့က ဝိုင်းနေကြပြီး မကြာခဏဆိုသလို အော်သံများကိုလည်း ကြားရသည်။
“ကြိုးစားထား ကြိုးစားထား တပိုင်။ ခုန် … ခုန် ပစ်။ ဝက်ဝံ ခုန်အုပ်ချက်”
“ဘုရားရေ မကြောက်ကြပါနဲ့”
“ဖက်စ့် ပါးစပ်နဲ့ ကိုက်လို့ မရဘူးလေ။ လက်သည်းနဲ့ ရိုက်ရမှာ။ ရူးလိုက်တာ။ တုံးလိုက်တာ။ ဒါလေးတောင် မလုပ်နိုင်ဘူးလား”
ခရီးသွားများ၏ စိတ်လှုပ်ရှားသော အော်သံများကို နားထောင်နေရင်း ဆုပိုင်က သားပိုက်ကောင်ခေါင်းဆောင်ကို ဦိးဆောင်ကာ ခပ်မြန်မြန် ပြေးဝင်လာခဲ့သည်။ ထိုအပြင် တိုင်ပေါ်မှ ငှက်တောကို ဆွဲချပြီးနောက် လေးနက်သော မျက်နှာနှင့် မေးသည်။
429 04
“မင်း ဒီမှာ ဘာလုပ်နေတာလဲ”
“အား”
“ဒါရိုက်တာ ဆုပိုင် ပြန်လာပြီလား”
ငှက်တောက သူ၏ အမွှေး မရှိသော အတောင်များကို ခါရင်း စိတ်လှုပ်ရှားစွာ ပြောသည်။
“လွန်ခဲ့တဲ့ နှစ်ရက်ကလေ။ အတော်တော်လေးကို အင်အားကြီးတဲ့ အကောင်တွေ အဖွဲ့လိုက် တိရစ္ဆာန်ရုံထဲ ရောက်လာတာ။ နောက်ပြီး ခေါင်းပြားတကောနဲ့ ပေါင်းပြီးတော့ သူတို့တွေ နေရာတိုင်းမှာ လူတွေကို လိုက်ပြီး တိုက်ခိုက်နေတာ”
“နောက်ပြီး သူတို့က ပါးစပ်နဲ့ မကိုက်တတ်ပေမဲ့လည်း ဆိုးဆိုးရွားရွားကို တိုက်ခိုက်ကြတာ။ နောက်ပြီး အခု တပိုင်နဲ့ တိုက်ခိုက်နေတယ်”
“မနေ့က ရှောင်ပိုင်တောင်မှ ငိုတဲ့အထိ အရိုက်ခံရတာ”
“သားပိုက်ကောင်အဖွဲ့ပဲလား”
ဆုပိုင်က တွေးတောရင်း အနားသို့ ခပ်မြန်မြန် လျှောက်သွားသည်။ ထိုနောက် ခြေဖျားထောက်၍ အလယ်သို့ လှမ်းကြည့်သည်။
ထိုအခါ ကွင်းပြင်နေရာတွင် ခုန်နေသော မီးခိုးရောင် သားပိုက်ကောင်ကို မြင်ရသည်။ ပန်ဒါကြီးကလည်း လက်သည်းများကို တဖြောင်းဖြောင်း ရိုက်ပြီး ကြီးမားသော ခန္ဓာကိုယ်ကို လှုပ်ခါနေသည်။
“ဂါး ဂါး ဂါး”
“တတိယတစ်ပွဲ စမယ်”
ခေါင်းပြားတကောက နှစ်ယောက်ကြားတွင် ရပ်ပြီး လက်သည်းနှစ်ဖက်ကို ပွတ်ကာ အော်သည်။
“ကျစ်”
“အားဝူး”
နှစ်ကောင်က အော်ဟစ်ပြီး အပြေး ဝင်တိုက်သည်။
ဘန်း
တပိုင်က ထရပ်ရုံသာ ရှိသေးသည်။ သားပိုက်ကောင်က လက်နှစ်ဖက်ဖြင့် သူ့ကို ကန်ထုတ်လိုက်ပြီ ဖြစ်သည်။
“ဂါး ဂါး ဂါး”
“အပြတ်အသတ်”
ခေါင်းပြားတကောကလည်း သားပိုက်ကောင်အား အရှေ့သို့ ဆက်မတိုးအောင် ခပ်မြန်မြန် တားပြီး အနိုင်ကို ကြော်ငြာ ပေးလိုက်သည်။
“ဝုတ်”
“အရမ်း နာတယ်။ သေစမ်း။ မင်းမှာ သိုင်း အသိစိတ် မရှိဘူးလား”
“သတ္တိရှိရင် လာပြီး တိုက်ခိုက်စမ်းပါ။ ခြေတံရှည်တာ ဘာများ ကောင်းလို့လဲ ဟမ်”
“အား အရမ်းနာတယ်”
တပိုင်သည် မြေပြင်တွင် လှဲနေပြီး ဗိုက်ကို အုပ်ကာ အော်သည်။
သူသည် မနေ့ညက စားထားသော ဝါးမျှစ်များကိုပင် အန်ထုတ်မိတော့ပေမည်။
“ဟွန်း မင်းတို့မှာ သတ္တိရှိရင် အဲဒီခြေထောက်တွေကို ခုတ်ဖြတ်လိုက်”
ငါ အရမ်း ဒေါသထွက်လို့ သေတော့မယ်။
******