← Chapters

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

430 01

အခန်း 430

ချင်တု

ထိုအချိန်တွင် မရေမတွက်နိုင်သော လူပေါင်းများစွာက ကြီးမားလွန်းသော ကြော်ငြာကြီး၏ အရှေ့တွင် ရပ်ရင်း အပေါ်တွင် ပေါ်နေသော သားပိုက်ကောင်များကို ကြည့်ကာ စတင်ကာ ဆွေးနွေးသည်။

“ကောင်းကင်ပြာတိရစ္ဆာန်ရုံဖလား ဟုတ်လား”

“လက်ဝှေ့ပြိုင်ပွဲလား။ အခြားတိရစ္ဆာန်တွေနဲ့ ပြိုင်မှာလား။ သားပိုက်ကောင်တွေပဲလား”

“ဖက်စ့် သားပိုက်ကောင်တွေနဲ့ ပြိုင်ရင် ဘယ်သူက နိုင်မှာလဲ။ ဒါပေမဲ့ ဒီပွဲက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ အချိန်ကျတဲ့အခါ ငါ သွားကြည့်ရမယ်”

“အထက်မှာ စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြထားတာ မဟုတ်ဘူးလား။ သားပိုက်ကောင်တွေနဲ့ ပြိုင်နိုင်ရုံတင်မကသေးဘဲ တခြားတိရစ္ဆာန်တွေကလည်း ဝင်ပါနိုင်တာပေါ့”

“ဒါဆိုရင် ငါတို့မှာ အခွင့်အရေး ရှိတာပေါ့။ ငါတို့ သားပိုက်ကောင်တွေကိုတော့ မနိုင်နိုင်ဘူး။ တခြားတိရစ္ဆာန်တွေကိုတော့ နိုင်နိုင်လောက်တယ်”

“….”

ထိုကွင်းပြင်တွင် မရေမတွက်နိုင်သော လူပေါင်းများစွာက ဝိုင်းရင်း အရှေ့မှ ဖန်သားပြင်ကိုသာ ကြည့်နေကြသည်။ မကြာခဏဆိုသလို ဖန်သားပြင်ပေါ်မှ သားပိုက်ကောင်တစ်ကောင်က ခုန်ထွက်လာကာ ရန်စသော အမှုအရာမျိုးကို ပြတတ်သည်။

“ကြည့် ဒါရိုက်တာ ဆုပိုင်လည်း ဒီမှာ ပါတယ်”

ထိုအခိုက်အတန့်တွင် လူအုပ်က လှမ်းအော်သည်။ အားလုံးက ခပ်မြန်မြန် မော့ကြည့်လိုက်ကြသည်။

ထိုအခါ အနက်ရောင်လက်ဝှေ့ထိုးအိတ်ကို ဝတ်ထားသော ဒါရိုက်တာဆုပိုင်က လက်ကို နှစ်ကြိမ်ခန့် ရမ်းရင်း ပြောသည်။

“ငါးရက်နေရင်”

“ငါ မင်းတို့ကို ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ စောင့်နေမယ်။ … မင်းတို့ လုံလောက်အောင် သတ္တိရှိလား။ ဒါဆို ထွက်ပြီး တိုက်ခိုက်”

“ဒီပွဲအတွက် ကာကွယ်မှုတွေကို အပြည့်အဝ ပြင်ဆင်ထားမှာ ဖြစ်ပါတယ်။ မတော်တဆမှုတွေ သေချာပေါက် ရှိမှာ မဟုတ်ပါဘူး။ နောက်ပြီး မင်းတို့က သားပိုက်ကောင်တွေကို စိန်ခေါ်နိုင်တဲ့အပြင် တခြားသော လက်ဝှေ့ထိုးဖို့ သင့်တော်တဲ့ တိရစ္ဆာန်တွေကိုလည်း စိန်ခေါ်နိုင်ပါတယ်”

“အဲဒါတွေထဲမှာ ပန်ဒါကြီးအဖွဲ့ကလည်း နပန်းလုံးပွဲမှာ ဝင်ပြိုင်အုန်းမှာပါ”

“တိရစ္ဆာန်သေးသေးလေးတွေရဲ့ ကလေးလေးတွေကတော့ တခြား ညာဏ်ရည်သုံးတဲ့ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်နိုင်ပါတယ်”

“မင်းတို့ကသာ စိန်ခေါ်ထားတဲ့ တိရစ္ဆာန်တွေကို နိုင်မယ်ဆိုရင် ဆုလဒ်တွေကို ရရှိအုန်းမှာပါ။ အမြှင့်ဆုံးဆုက ဘဝတစ်သက်တာလုံးစာ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ဝင်ခွင့်ကဒ်ပါပဲ”

“အဲဒါတွေထဲမှာ လစဉ်ကဒ်၊ အပတ်စဉ်ကဒ် အစသဖြင့် အမျိုးမျိုး ရှိပါတယ်”

“မင်းတို့ ဘာကို တုံ့ဆိုင်းနေတာလဲ။ ငါးရက်နေရင် လာခဲ့တော့လေ”

ဝိုး

လူအုပ်က ဆုလဒ်များကို ကြည့်ပြီး သွေးများ ဆူပွက်လာကြသည်။ အမြင့်ဆုံးဆုက တစ်ဘဝလုံးစာ ဝင်ခွင့်ကဒ် ဖြစ်သည်။

ထိုကောင်းကင်ပြာတိစ္ဆာန်ရုံ၏ တစ်ဘဝလုံးစာ အဖွဲ့ဝင်ကဒ်ကြောင့် နောက်ပိုင်းတွင် ပို၍ များပြားသော တိရစ္ဆာန်များကို သွင်းလာလျှင်ပင် ထိုကဒ်၏ အခန်းကဏ္ဏာက ပို၍ အရေးကြီးလာတော့မည် ဖြစ်သည်။

“ဖက်စ့် ငါ သေချာပေါက် ပါရမယ်ထင်တယ်။ ငါ သားပိုက်ကောင်ကို မနိုင်ဘူးဆိုရင်တောင်မှ တခြားသော တိရစ္ဆာန်တွေကိုတော့ နိုင်မှာပဲလေ ဟုတ်တယ်မှတ်လား။ ငါက သွားပြီး ရန်ဖြစ်ရင် ဘယ်လိုလဲ”

“ငါတောင် တွေးနေတာ ငါ အာဟကို စိန်ခေါ်မှာ”

“မင်းတို့တွေ နည်းနည်းများ ပိုပြီး အလားလာကောင်းအောင် လုပ်ပေးရမလား ဟမ်။ အာဟကို ဘာလို့ စိန်ခေါ်မှာလဲ။ ဘာ။ ပေါက်ကရတွေ။ မင်းတို့ အာဟကို စိန်မခေါ်ဘဲနဲ့ သားပိုက်ကောင်ကို စိန်ခေါ်ပါလား”

“…”

အားလုံးကလည်း ဆုများနှင့် စည်းမျဉ်းများကို ဖုန်းဖြင့် ဓာတ်ပုံများ ရိုက်ယူသွားကြသည်။ ထိုနောက် သူတို့၏ အပေါင်းအဖော်များနှင့် အတူ အလျင်အမြန် ဆွေးနွေးကြသည်။

တစ်ဘဝလုံးစာ အဖွဲ့ဝင် ကဒ်ကို လိုချင်ရင် သားပိုက်ကောင်ကို စိန်ခေါ်ရပေမည်။ သို့သော်

ကျွမ်းကျင်ပညာရှင်အဆင့် တိုက်ခိုက်ရေး အားကစားသမား မဟုတ်သမျှ မည်သည့်သာမန်လူကမှ သားပိုက်ကောင်များကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ သို့ရာတွင် ယခု ဗီဒီယိုထဲတွင်လည်း ပြိုင်စဉ်တိုင်းကို အလွန် တင်းကြပ်သော အကာအကွယ်များဖြင့် ကာကွယ်ထားမည် ဖြစ်ကြောင်း ပြောပြထားသည်။ ထိုသို့ဆိုလျှင်မှု လူအများကလည်း သားပိုက်ကောင်များကို စိန်ခေါ်ကြည့်နိုင်သည်ဟု တွေးကြသည်။

430 02

တကယ်လို့ ကံကောင်းသွားရင် ဘယ်လိုလုပ်မလဲ။ မဟုတ်ရင်လည်း သားပိုက်ကောင်တွေက အမှားလုပ်မိပြီးတော့ ခြေချော်သွားနိုင်တာပဲလေ။ ဒါဆိုရင် သူတို့ အောင်သွားမှာပေါ့ ဟုတ်တယ်မှတ်လား။

ထိုအချိန်တွင် အဝေးမှ တီဗီသတင်းထောက် တစ်ယောက်က အလျင်အမြန် ပြေးလာပြီးနောက် တီဗီဖန်သားပြင်ကို ကြည့်ပြီး အရှေ့ဘက်တွင် ရပ်ကာ ခေါင်းကို ပြန်လှည့်၍ ကင်မရာကို တင်ပြသည်။

ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်များက တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဌာနသို့ ထိုပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို တင်ပို့ပြီး နောက်ဆုံးတွင် ထိုကိစ္စက အောင်မြင်သွားပြီ ဖြစ်သည်။ ဌာနများအားလုံးကလည်း အလျင်အမြန် လှုပ်ရှားကြသည်။ သူတို့သည်လည်း အလုံးအရင်းဖြင့် ကြေညာကြသည်။

ဒါဟာ ကောင်းကင်ပြာတိရစ္ဆာန်ရုံက တစ်တိုင်းပြည်လုံးဆိုင်ရာ နောက်ထပ် ကျင်းပမည့် ပွဲတစ်ပွဲ ဖြစ်သည်။

လူတိုင်းကလည်း ဝင်ပါနိုင်ကြသည်။

ဝင်မပါနိုင်သော လူများကလည်း တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့် ကြည့်နေနိုင်ကြသေးသည့်အပြင် အနိုင်ရမည် လူများကိုလည်း ခန့်မှန်းကာ မဲပေးနိုင်အုန်းမည် ဖြစ်သည်။

ဆုလဒ်များကလည်း ကောင်းကင်ပြာတိရစ္ဆာန်ရုံများကို အဖိုးတန် ကျောက်များဖြင့် လုပ်ထားသော အရုပ်များကို ရရှိမည် ဖြစ်သည်။

ချင်တုတီဗီအတွက်ကမှု သူတို့သည်လည်း ထိုကိစ္စနှင့် ပတ်သက်သည့် စိတ်အားထက်သန်မှုများကို မေးမြန်းရန်အလိုငှာ လမ်းများအနှံ့ လှည့်လည်သွားလာနေကြမည် ဖြစ်သည်။

ဒီပွဲမှာ လူဘယ်လောက်များများ ပါဝင်လဲ ကြည့်ရမယ်။

အမျိုးသမီး သတင်းထောက်တစ်ယောက်က သူ့‌ရှေ့မှ ကင်မရာကို ကြည့်နေရင်းမှ မိုက်ခရိုဖုန်းကို ကောက်ယူကာ ခပ်တိုးတိုး ပြောသည်။

“နှစ်သစ်ကူး ပိတ်ရက်က အဆုံးသတ်တော့မယ်။ ငါတို့အားလုံးလည်း ကောင်းကင်ပြာတိရစ္ဆာန်ရုံက နောက်ထပ်ကျင်းပမဲ့ အလုံးအရင်းနဲ့ ပွဲကြီးကို ကြိုဆိုကြရတော့မယ်”

“ကောင်းကင်ပြာတိရစ္ဆာန်ရုံဖလား။ တိုက်ခိုက်‌ရေးပြိုင်ပွဲ”

“ဒါပေါ့။ ဒါက ဖျော်ဖြေရေးပွဲပါ။ သာမာန်ပြိုင်ပွဲတွေနဲ့တော့ ခြားနားတာပေါ့။ နောက်ပြီး ကလေးတွေတောင် ဝင်ပါနိုင်တဲ့ ညာဏ်ရည်သုံးရတဲ့ ကစားပွဲတွေတောင် ရှိနေသေးရုံတင်မကသေးပဲ တိရစ္ဆာန်သေးသေးလေးနဲ့ နပန်းလုံးတာမျိုးတွေလည်း ရှိအုန်းမှာ”

“နောက်ပြီး ကလေးတွေအတွက်လည်း လက်ဝှေ့ထိုးပြိုင်ပွဲတွေ ရှိလိမ့်မယ်”

“လူကြီးတွေအတွက်ကတော့ အွန်း ဒါက ဒီမှာ အထူးအသားပေးပါပဲ။ သားပိုက်ကောင် လက်ဝှေ့ထိုးပြိုင်ပွဲ။ နပန်းလုံး ပြိုင်ပွဲတွေတဲ့”

“တစ်ချိန်တည်းမှာပဲ ကောင်းကင်ပြာတိရစ္ဆာန်ရုံက ကျွမ်းကျင်ပညာရှင်တိုင်း လူကြီးတွေတောင် ဒီပွဲကို ကျင်းပဖို့ ဖိတ်ခေါ်ထားသေးတယ်”

“ပွဲတွေ စတင်တဲ့ တစ်ချိန်တည်းမှာပဲ ပွဲစဉ် အဖွင့် ၂၀ ကို ဖွင့်သွားမှာပါ။ ငါတို့ရဲ့ ချင်တုကလည်း တရုတ်တံတိုင်းတွေအားလုံးမှာ ခရီးသွားတွေ အားလုံးကို အလွန် ကြိုဆိုပါတယ်။ နောက်ပြီး ချင်တုက အမျိုးမျိုးသော ပွဲတွေကို အထူးတလည် ဖွင့်ထားပေးထားပါတယ်။ မိသားစုလိုက်လာပြီး ပွဲတွေကို ပါဝင်ဆင်နွှဲသမျှ ကျွန်မတို့သည် ဘာကိုပဲ စားစား။ အဲဒီဟိုတယ်တိုင်း ဆိုင်တိုင်းကလည်း ဒီပြိုင်ပွဲဝင်တွေရဲ့ ဖြစ်စဉ်တောက်လျှောက် ၃၀ ရာခိုင်နှုန်းအထိ လျော့ဈေးပေးသွားမှာပါ”

“ဘာတွေကို တုံ့ဆိုင်းနေသေးတာလဲ”

“အွန်း”

ကင်မရာကို ပြောပြီးသည်နှင့် ထိုသတင်းထောက်နှင့် ကင်မရာမန်းတို့က ဆွေးနွေးမှုပြင်းထန်နေသော လူအုပ်ထဲသို့ သွားလိုက်ချိန်တွင် အသက် သုံးနှစ်အရွယ်သာ ရှိသေးပြီး ဖခင်ဖြစ်သူဘက်သို့ လက်သီးသေးသေးလေးများ ရမ်းနေသော ကလေးသေးသေးလေးကို မြင်ရလိုက်သည်။ သတင်းထောက်ကလည်း စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်ပြီး အပြေးအလွှားသွားသည်။

“တစ်စိတ်လောက်”

“အမ်း ရှင်ရဲ့ ကလေးက ပြိုင်ပွဲဝင်ချင်နေတာနဲ့ တူတယ်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့ ပွဲမှာ ဝင်ပါမှာလား”

“နောက်ပြီး ဒီလောက် ကလေးက ငယ်သေးတာ ဘယ်လို ပွဲတွေမှာ ဝင်ပါချင်တာလဲ”

“ဟား ဟား ဟား”

ထိုလူက ခေါင်းကို ကိုးရိုးကားရား ဖြစ်သလို့ ကုတ်ပြီး အသက် သုံးနှစ်အရွယ် သားလေးကို ကောက်ချီလိုက်ကာ ပြုံးပြီး ပြောသည်။

“အရေးကြီးဆုံးကတော့ ဝင်ပါဖို့ပါပဲ။ ငါတို့ချင်တုက လူတွေအနေနဲ့ ငါတို့က တအားကို ရင်းနှီးတာ။ ငါတို့ သေချာပေါက် ဝင်ပါရမှာပေါ့။ ဒီကလေးလေး ဘယ်ပွဲမှာ ဝင်ပါနိုင်မလဲဆိုတာကတော့ လက်ဝှေ့ထိုးတဲ့ ပွဲကတော့ မေ့လိုက်ပါ။ ဒီအတိုင်း ကလေး နပန်းလုံးပွဲကတော့ အဆင်ပြေမယ် ထင်တာပဲ”

“နောက်ပြီး ဒါက ကလေးတွေအတွက် နက်ရှိုင်းတဲ့ ကလေးဘဝမှတ်ညာဏ်ကို ကျန်ထားရစ်နိုင်ရုံတင်မကသေးဘဲ ခန္ဓာကိုယ်အတွက်လည်း လေ့ကျင့်နည်းလမ်းပဲလေ”

“ဟုတ်တာပေါ့”

ဘေးဘက်တွင် ရပ်နေသော လူများကလည်း သတင်းထောက်က အင်တာဗျုးနေကြောင်း မြင်လိုက်သည်နှင့် အပြေးအလွှားလာကာ ဝင်ပြောကြသည်။

430 03

“ဒီတစ်ခေါက် ဆုက ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့ တစ်ဘဝလုံးစာ အဖွဲ့ဝင်ကဒ်လေ။ နောက်ပြီး ငါးပြတိုက်ရဲ့ အဖွဲ့ဝင်ကဒ်တောင် ပါသေးတယ်”

“ဟုတ်တယ်။ ဟုတ်တယ်။ အနာဂါတ်မှာ ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေ ပိုပိုပြီး များလာတော့မှာ ဒီလိုကဒ်မျိုးနဲ့သာဆိုရင် တစ်ဘဝလုံးစာ အပျော်သွားရှာစရာ နေရာ မရှိတော့မှာကို စိုးရိမ်စရာကို မလိုတော့ဘူး”

…

ဒီနေ့မှ စတင်ပြီး တိရစ္ဆာန်သားပေါက် အခြေစိုက်စခန်းကလည်း စတင်ကာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ထိုသို့ဖြစ်နိုင်သည့်နှင့် အကျိုးအမြတ်များ ရရှိမည် ဖြစ်သည်။ ချင်တုမှ လူများပင် မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ်”

ဆုပိုင်က ဒါရိုက်တာလျို့၏ မျက်နှာကို ကြည့်ပြီး ညှင်သာစွာ ပြုံးသည်။ ထိုနောက် သူသည်လည်း ပြင်ဆင်မှုများကို ထပ်ပြီး စစ်ကြည့်သည်။ ထိုနောက်

အဝေးရှိ မြက်ခင်းပြင်ပေါ်တွင် သပိုင်က ဦီးဆောင်သည့် တိရစ္ဆာန်တစ်ဖွဲ့က မိန်းပွဲအကြောင်း ဆွေးနွေးနေကြသည်။

“အားဝူး”

“ငါတို့ ဒီတစ်ပွဲကို ရှုံးလို့ မဖြစ်ဘူးနော်။ မင်းတို့အားလုံး နားလည်တယ် မှတ်လား အွန်း။ အထူးသဖြင့် ရှောင်ပိုင်”

“ငါ မင်းကို ပြောနေတာ”

ထိုသို့ ပြောပြီးသည်နှင့် သူဟာ ဝက်ဝံလက်ကို ဆန့်ထုတ်ကာ ပိုလာဝက်ဝံ၏ နဖူးကို ဖက်ကနဲ့ ပုတ်သည်။ ဒီကောင်က အသုံးကို မဝင်ဘူး။

သူထက်တောင် ပိုပျင်းသေးတယ်။ သူ့အတွက် မျှော်လင့်ချက် ရှိပါ့မလား ဟမ်။

“ဝေါင်း”

“အိုး”

ရှောင်ပိုင်က ကိုးရိုးကားရားဖြစ်သလို ခေါင်းကုတ်ပြီး ပြန်ဖြေသည်။

“ငါတို့ ဘယ်လို နပန်းလုံးကြမှာလဲ။ ငါကြားတာတော့ အဲဒီအချိန်မှာ အကာအကွယ်ပစ္စည်းတွေ အပြည့်အဝ ဝတ်ထားရတာဆို။ ငါတို့ရဲ့ လက်သည်းတွေက အသုံးမဝင်တော့ဘူး ထင်တယ်”

“နပန်းလုံးတဲ့အတွက်ကတော့ ဒီအတိုင်းပဲ ပြေးဖက်လိုက်ရုံပေါ့။ လက်သည်းကို သုံးပြီး သွားရိုက်မလို့လား။ ဒါဆိုရင် ငါတို့ တိုက်ရိုက် ရှုံးမှာ”

တပိုင်က မပျော်မရွှင် ဖြစ်သလို ပြောသည်။ ထိုနောက် ခေါင်းကို ပြန်လှည့်၍ အရှေ့မှ မျောက်များကို ကြည့်ကာ တည်ငြိမ်သော ပုံစံဖြင့် ပြန်ပြောသည်။

“မင်းတို့က ကလေးလက်ဝှေ့ထိုးပြိုင်ပွဲမှာ ဝင်ပါမှာနော်။ အဆင့်သင့်ပြင်ထားလိုက်”

ကျွီ

“ဖက်စ့် ဘာပြင်စရာရှိလို့လဲ။ ကလေးတစ်အုပ်က ငါတို့ကို ဘယ်လို ယှဉ်နိုင်မှာလဲ”

မျောက်အဖွဲ့ကြီးက ရင်ဘတ်ကို ပုတ်ရင်း အာမခံပေးသည်။

“ဒါဆိုရင် ကောင်းတာပေါ့။ ဒီအချိန်မှာ ခရီးသွားတွေက ငါတို့ကို အဓိက ထားပြီး စိန်ခေါ်ကြလိမ့်မယ်။ တိရစ္ဆာန်တိုင်းကိုတော့ စိန်ခေါ်ခံရမှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ငါတို့က စိန်ခေါ်တာကို လက်ခံထားပြီးပြီဆိုတော့ သေချာပေါက် နိုင်ရမယ် နားလည်လား”

“မစိုးရိမ်နဲ့”

တိရစ္ဆာန်များက မတ်တပ်ထရပ်ကြပြီး နားလည်ကြောင်း ပြောကြသည်။

နဂါးအမေပိုင်တဲ့ နယ်မြေထဲတွင်

ဘန်း ဘန်း ဘန်း

“အားဝူး”

အာဟကလည်း အသက်ရှင်လိုစိတ်ပင် မရှိတော့ချေ။ သူသည် မြေပြင်တွင် လဲနေပြီး ဆက်တိုက်ဆိုသလို အော်နေသည်။

ရက်ပေါင်းများစွာ ကြာသွားပြီ။ သူသည် ထရိုင်နိုဆောရပ်စ့်လေးရဲ့ ရက်စက်တာကို ခံနေရတာ နေ့တိုင်းလိုလိုပဲ။ သူတောင် နားမလည်သေးခင် ထုံ့ထိုင်းသွားသည်။

ဒါပေမဲ့

သူဟာ အဝေးရှိ မြက်ခင်းပြင်ကို ကြည့်သည်။ ထိုနောက် အာဟက ထရိုင်နိုဆောရပ်စ့်လေးကို တစ်ချက်ကြည့်သည်။

ကောင်စုတ် ဟမ်။

မင်း နောက်ရက်အနည်းငယ်လောက်နေရင် မထောင်လွှားနိုင်တော့ပါဘူး။ ဟွန်း ငါက သိပ်မကြာခင် ဒီနေရာကနေ ထွက်သွားတော့မှာ။

သေချာပေါက်ကိုပဲ ငါက ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ငါက အရမ်းကို အရေးကြီးတာ။ ငါ ကြွားဝါလို့ မရတော့ဘူး။ ဘယ်လိုများ ငါ အာဟက လွှဲချော်လို့ ရပါ့မလဲ။

အရေးကြီးဆုံးအပိုင်းကမှု ထရိုင်နိုဆောရပ်စ့်ကလေးနှင့် ကြာရှည်စွာ တိုက်ခိုက်ခဲ့ပြီးနောက်တွင် သူသည် နဂါးအမေရဲ့ လမ်းညွှန်မှုကို ရရှိခဲ့ပြီးနောက် အာဟကိုယ်တိုင်ကပင် သူရဲ့ တိုက်ခိုက်နိုင်စွမ်းရည်ကို အများကြီး တိုးတက်လာသလို ခံစားရသည်။

430 04

ငါ…

ငါက အရင်က ငါ မဟုတ်တော့ဘူး။

ငါ အာဟက … ဒီပွဲမှာ သေချာပေါက် ထင်းထွက်နေတော့မှာ။ ငါက တပိုင်ကို အစားမထိုးနိုင်ရင်တောင်မှ ငါက အနည်းဆုံး ဟာလီလိုမျိုး ဖြစ်ရမယ်။ ဟွန်း လူတိုင်း အနိုင်ကျင့်လို့ရတဲ့ကောင် မဟုတ်တော့ဘူး။

ဒါက ပထမ တစ်လှမ်းပဲ ရှိသေးတာ။

တိရစ္ဆာန်တွေတောင် သူတို့ကို မနိုင်တာ။ လူတွေက နိုင်မှာတဲ့လား။ လာနောက်နေတယ် ဟွန်း။ ငါ အရင်တုန်းက လူပေါင်းများစွာကို နောက်ပြောင်ခဲ့ဖူးပြီးသား။ ဘယ်သူက ငါ့ကို ဘာလုပ်နိုင်ခဲ့ဖူးလို့လဲ။

သူ ယခင်က ဝံပုလွေအမေထံမှ လူသားများအပေါ် နက်ရှိုင်းတဲ့ ရန်ငြိုးကို ကြားဖူးသည်။ သူသာ တတ်နိုင်လျှင်

ဟီးဟီး

ဒါဆိုရင်တော့ ပျောက်ဆုံးသွားတဲ့ အချစ်က ပြန်ရတော့မယ် ထင်တယ်။

“အား ဝူး ဝူး”

ရုတ်တရက် အော်သံနှင့်အတူ သူသည်လည်း မြေပြင်မှ ဆတ်ကနဲ ခုန်ထကာ အရှေ့မှ ထရိုင်နိုဆောရပ်စ့်လေးကို ခြေတစ်လှမ်းခန့် ဆုတ်သွားအောင် တွန်းလိုက်သည်။

“မင်း ဘာမှ မစားရသေးလို့လား။ လာစမ်းပါ”

“ငါ မင်းနဲ့ ဒီနေ့ ကောင်းကောင်း တိုက်ခိုက်ပေးမယ်။ ခဏနေရင် .. ဟွန်း ဟွန်း ဟွန်း မင်း ငါ့ကို တိုက်ခိုက်ဖို့အတွက် ကောင်းကောင်း ညွှန်ပြပေးရမယ်နော်”

“ဝေါင်း”

“ငါ မင်းကို စိုရွှဲသွားအောင် လုပ်ပြမယ်”

ထရိုင်နိုဆောရပ်စ့်လေးက ခေါင်းကို ခါပြီးနောက်တွင် ဒေါသတကြီး အော်သည်။ ထိုနောက် အမြှီးကို ရမ်းပြီး အပြေးတက်လာသည်။

ဖက်စ့် သူ၏အရှေ့မှ ဟက်စကီးက လေ့ကျင့်ဖော် ဖြစ်လာကတည်းက ပိုပိုပြီး ပျင်းဖို့ကောင်းလာသည်။

ဒီကောင် အရှက် အရမ်းမဲ့တာပဲ။ ဟုတ်တယ် မှတ်လား။

သူသည် အစပိုင်းတွင် ထိုအကောင်ကို အနိုင်ရသည့်အတွက် သာယာမှုကို မခံစားရချေ။ ထိုအကောင်က ဘာကိုမှလည်း မသင်နိုင်လျှင်ပင် နဂါးအမေက သူ့ကို သင်ပေးသောအခါ အန္တာရာယ်မှ ရှောင်ရှားနည်းကို လျင်မြန်စွာ သူ တတ်သည်။

သူသည် ဟက်စကီးကို နိုင်ချင်လျှင် သေအောင် ပင်ပန်းရုံသာ ရှိတော့ပေမည်။

“အားဝူး”

“လူ လူ လူ လာစမ်းပါ။ ငါ့ကို ကိုက်စမ်းပါ။ လူ လူ လူ”

သို့သော် ထိုအကောင်၏ စကားလုံးများက အမှန်တကယ် နားထောင်၍ မကောင်းပေ။

“အား ငါ မင်းကို ဒီနေ့ သေအောင် ရိုက်မှာ”

လျှာထုတ် ထွက်နေသော ဟက်စကီးကို ကြည့်ရင်း ထရိုင်နိုဆောရပ်စ့်လေးက ဒေါသတကြီး အော်ကာ အနောက်မှ လိုက်သည်။

ဝေါင်း

နဂါးအမေက ဘေးဘက်တွင် ရပ်နေပြီး ခုန်ပေါက်နေသော နဂါးအပေါက်နှင့် အရှေ့ဘက်မှ ထွက်ပြေးနေသော ဟက်စကီးကို ကြည့်ကာ ခေါင်းကို ခါပြီး ခေါင်းကိုက်လာသည်။

ဒါရိုက်တာဆုပိုင်က ပြောတယ်။ မလိုအပ်သမျှ အာဟကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် မလုပ်ပါနဲ့တဲ့။ ဒါပေမဲ့

နည်းနည်းပါးပါး ဒဏ်ရာရတာကတော့ အဆင်ပြေမယ် ထင်တယ်။

ထိုသို့ တွေးမိသော ထောင်လွှားသော အာဟကို တစ်ချက်ကြည့်ရင်း နဂါးအမေက တိုက်ရိုက်ပင် အနောက်ဘက်မှ ခုန်လိုက်ကာ တားလိုက်သည်။

ဝုတ်

“ဖက်စ့် ဒါက စည်းမျဉ်းကို ဖောက်ဖျက်တာပဲ မလုပ်ရဘူးလေ”

“အား မင်း အဲဒီလို လုပ်လို့ မရဘူး”

“ညှင်သာပေးပါ။ ညှင်သာပေးပါ။ ငါ ပြိုင်ပွဲဝင် ရအုန်းမယ်”

ထရိုင်နိုဆောရပ်စ့်လေးက အာဟ၏ အမွှေးကို ဆွဲကာ နဂါးအမေဆီ တရွတ်တိုက် ခေါ်လာသည်။ လေ့ကျင့်သည့် အခန်းကဏ္ဏာများကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် သူဟာ တိုးတက်မှု တစ်ခုကို ရှာတွေ့လာသည်။ ဒီအာဟက နဂါးအမေရဲ့ အရှေ့မှာ မဟောင်ရဲ့ဘူး။ ဟွန်း ဟွန်း ဒါက သူ့အရှေ့ဆိုရင် အသံတောင် မထွက်ရဲဘူး။ ဒါကမှ အရည်အချင်း ပြည့်မှီတဲ့ လေ့ကျင့်ဖော်။

******

431 01

အခန်း 431

ချင်မြို့တော်၊ ကောင်းကင်ပြာတိရစ္ဆာန်ရုံ။

“ကားတွေ မောင်းဝင်လို့ မရဘူး။ လမ်းလျှောက်ဝင်ပါ”

“မင်းတို့ရဲ့ ကားတွေ ဒီနေရာမှာ ရပ်ရလိမ့်မယ်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံနဲ့ မီတာ ၅၀၀ တောင် မဝေးတော့ဘူးလေ”

“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ ဒီနေရာကနေ ယာဉ်ကျောပိတ်ဆို့မှုကို ထိန်းချုပ်ထားတာ။ ယာဉ်အားလုံးက ဒီပန်းခြံထဲမှာ ရပ်ပိုင်ခွင့် မရှိဘူး”

လုံခြုံရေးရုံးတော်မှ တခြားသော အဖွဲ့ဝင်များကလည်း လမ်းပေါ်တွင် ရပ်နေကြသည့် ကားများကို ဆင်းကြည့်ကြသည်။ လူအချို့က အနောက်ဘက်မှ အဆုံးအစမဲ့သော ယာဉ်ကျောကို ကြည့်ပြီး နဖူးမှ ချွေးများကိုပင် သုတ်သည်။ ယခုက မနက် ၇ နာရီပတ်ဝန်းကျင်သာ ရှိသေးသည်။ သို့သော် ယာဉ်တော်တော်များများ တန်းစီနေကြပြီ ဖြစ်သည်။ ထိုလူပေါင်းများစွာကလည်း ၉ နာရီတွင် ဖွင့်လှစ်မည့် တိရစ္ဆာန်ရုံသို့ ရောက်လာကြခြင်း ဖြစ်သည်။

ဟူး

အသက်အလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ဘတ်စ့်ကားပေါ်တွင် ထိုင်နေရင်း အရှေ့မှ မြောက်များလွန်းသော ယာဉ်များကို ကြည့်ကာ အနောက်မှ လူများကို လှည့်ပြောသည်။

“အားလုံးပဲ ဒီနေရာကနေပဲ ကားပေါ်ကနေ ဆင်းကြမယ်”

“ဒီနေရာကပဲ လမ်းလျှောက်သွားရလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် တော်တော်ကို ကြာမှာ”

“ငါတို့အားလုံးက ပညာရှင်တွေပဲ။ ဆိုတော့ ငါတို့က ခန်းမထဲကို အရင် ကြိုဝင်လို့ ရတယ်။ ဒါပေမဲ့ ငါ ဒီနေရာမှာ စည်းကမ်းကို အဓိက ထပ်ပြောအုန်းမယ်နော်”

“ဒါက ကျွမ်းကျင်ပညာရှင်အဆင့် ပြိုင်ပွဲလည်း မဟုတ်ဘူးဆိုတော့ အားလုံးက ကျင့်သားရအောင် လုပ်ဖို့ လိုအပ်သေးတယ်။ နောက်ပြီး တိရစ္ဆာန်လေးတွေက သူတို့ရဲ့ လက်သည်းတွေ အစွယ်တွေကို ဖွက်ထားဖို့အတွက် လေ့ကျင့်ရေး အကာအကွယ်တွေကို ဝတ်ထားတယ်ဆိုပေမဲ့လည်း ငါတို့က သတိကို လျော့ချလို့ မရသေးဘူး။ ဒါပေမဲ့ ပြဿနာကြီးကြီးမားမားတော့ မရှိပါဘူး”

“အထူးသဖြင့် လက်ဝှေ့ထိုးတဲ့အဖွဲ့။ မင်းတို့လည်း တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်ထားတာပဲ။ အဲဒီ သားပိုက်ကောင်တွေက တိုက်ခိုက်နိုင်စွမ်းအား ပြင်းထန်တယ်။ ဒါရိုက်တာဆုပိုင်က သူတို့ကို ခြေထောက်သုံးပြီး မတိုက်ခိုက်ရဘူးလို့ ပြောထားတယ်ဆိုပေမဲ့လည်း ငါတို့က ကြိုတင်ပြီးတော့ သတိထားရလိမ့်မယ်။ သားပိုက်ကောင်တစ်ကောင်က ခြေထောက်နဲ့ တိုက်ခိုက်လိုက်ပြီဆိုရင် ချက်ချင်း အပြေးသွားပြီး တစ်ဖက်သူကို ချက်ချင်း တွန်းချရမယ်”

“ဒါက ငါတို့ အားလုံး သတိထားဖို့ လိုတဲ့ အရာပဲ။ ကျန်တဲ့ ကိစ္စတွေကတော့ နေရာမှာပဲ အဆင်ပြေသလို ကြည့်ကျက်ပြီး လုပ်ကြပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့ အားလုံးက အတွေ့အကြုံရှိတဲ့ ဒိုင်လူကြီးတွေ မဟုတ်လား။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်မယ်လို့ ယုံကြည်ပါတယ်”

“ကောင်းပြီ။ ဆင်းကြရအောင်”

အသက်အလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ခုံမှ ထပြီး ကားပေါ်မှ အရင်ဆင်းသည်။ သူတို့အားလုံးက နိုင်ငံအဆင့်ပြိုင်ပွဲများတွင် တာဝန်ယူနေကြ ကျွမ်းကျင်ပညာရှင်အဆင့် ဒိုင်လူကြီးများ ဖြစ်သည်။ ဒီတစ်ကြိမ်တွင်လည်း သူတို့သည် အထက်မှ အမိန့်အရ ယာယီအားဖြင့် ဒိုင်လူကြီးအဖြစ် လုပ်ပေးရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင်မှု အားလုံးက စိတ်မဝင်စားကြပေ။ ဝမ်ချွမ်ကိုယ်တိုင်ကလည်း အလားတူ ဖြစ်သည်။

တိရစ္ဆာန်လက်ဝှေ့ထိုးပြိုင်ပွဲ ဟုတ်လား။ ဟာသလား။

သူတို့ကို ဒိုင်လူကြီးအဖြစ် လုပ်ခိုင်းတာက သူတို့ရဲ့ ပါရမီကို ဖြုန်းတီးတာပဲ။

ဘယ်အန္တရာယ်က ရှိမှာမို့လို့လဲ။

သို့ရာတွင် သားပိုက်ကောင်အဖွဲ့၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးနောက်တွင် ဒိုင်လူကြီးများအားလုံးက လေးနက်တည်ကြည်သွားကြသည်။ သူတို့သည် သူတို့၏ တစ်ဘဝလုံးတွင် ဒီလိုပြိုင်ပွဲများကို ကြီးကြပ်လာပြီး တိုက်ခိုက်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုကြောင့် သာမန်လူများထက်ပင် ကောင်းမွန်စွာ ခန့်မှန်းနိုင်တတ်သည်။ အထူးသဖြင့် သားပိုက်ကောင်များ၏ ခြေကန်ချက်ကို ထုတ်သုံးလိုက်ချိန်တွင် ဖြစ်သည်။

431 02

ထိုခြေကန်ချက်ကသာ တစ်စုံတစ်ယောက်၏ခြေထောက်ကို တိုက်ရိုက်ကန်မိပါက ခြေထောက်နှစ်ဖက်လုံး ကျိုးသွားနိုင်ချေရှိသည်ဟု ပြောလျှင်ပင် ချဲ့ကားရာ မရောက်ပေ။ ပို၍ပင် ကြောက်စရာကောင်းသည်မှာ အမြှီးဖြစ်သည်။ ထိုအမြှီး၏ အားက လူတစ်ယောက်ကို ကြိမ်ဖန်များစွာ လဲချနိုင်ရန် လုံလောက်သည်။ ထိုကြောင့် လူတိုင်း၏ မျက်နှာက တည်ကြည်နေကြသည်။

သူတို့သည် ဒိုင်သူကြီးအဖြစ် လုပ်ရန် အကြောင်းကြားခံရကတည်းက ရည်ရွယ်ချက်က ရှင်းလင်းသည်။ ထိခိုက်ဒဏ်ရာ ရမှုများ မဖြစ်အောင် တားဆီးရန် ဖြစ်သည်။

တိရစ္ဆာန်ဖြစ်စေ၊ လူသားဖြစ်စေ။

သို့သော်

လက်ဝှေ့ပြိုင်ပွဲကသာ သားပိုက်ကောင်များနှင့် တိုက်ခိုက်ခြင်း မဟုတ်ပါက တခြားသော တိရစ္ဆာန်များက ပြင်းပြင်းထန်ထန် ဒဏ်ရာရရန် မဖြစ်နိုင်ချေ။ မည်သို့ပင်ဆိုစေ နပန်းလုံး၍လည်း အပြင်းအထန် နာကျင်လိမ့်မည် မဟုတ်ပေ။

ထိုနောက် သူတို့သည် လူအုပ်၏ အနောက်မှ လိုက်ကာ တိရစ္ဆာန်ရုံဝင်ပေါက်သို့ သွားသည်။ ထိုနောက် အရှေ့မှ လူအုပ်ကိုကြည့်နေရင်း ဝမ်ချွမ်က သက်ပြင်းကို ချသည်။

“လူတအား များတယ်”

“ဟုတ်တယ်။ အစ်ကိုဝမ်။ တိရစ္ဆာန်တွေက ဘယ်လောက် ကျော်ကြားလဲ မင်းမသိဘူးနော်။ ငါ့မိန်းမနဲ့ ကလေးတွေ အားလုံးလည်း ဒီကို လာကြမှာ”

“ငါတို့ မိသားစုဝင်တွေလည်း ဒီမှာပဲ။ ငါတို့သာ ဒိုင်သူကြီး လုပ်နေလို့ မဟုတ်ရင် ငါလည်း သွားကြည့်ချင်တာ”

“ဟား ဟား ဟား ဒါကတင် ငါတို့တိုင်းပြည်က ငါတို့ကို ဘယ်လောက်အထိ ယုံလဲဆိုတာကို ပြသနေတာ။ တိရစ္ဆာန်တွေက ဒီလောက် အရေးကြီးတာ။ ဒါပေမဲ့ ငါတို့ကို ဒိုင်သူကြီး လုပ်ခိုင်းထားတာလေ။ ဆိုတော့ ငါတို့လည်း သတ္တိကပ်ထားပြီး တိရစ္ဆာန်တွေကို ဒုက္ခမရောက်အောင် ကာကွယ်ရမယ်”

အားလုံးက ခေါင်းညိတ်ကြပြီး တိရစ္ဆာန်ရုံဝင်ပေါက်သို့ တစ်လှမ်းချင်းစီ ဝင်သွားကြသည်။

“အာလုံးပဲ မတွန်းကြပါနဲ့”

“ဟီး ငါ မင်းတို့ကို ပြောတာလေ။ ဘာဖြစ်လို့ တွန်းနေကြတာလဲ။ ငါပြောတာ နားထောင် ငါ မဆူမိရစေနဲ့”

“ဟွန်း ဟွန်း ငါအခုတလော စိတ်ထားဆိုးနေတာနော်။ ငါ ဒေါသထွက်လာရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ နောက်ပြီး ငါ့ကို စိုက်ကြည့် မနေစမ်းပါနဲ့ ဟမ်။ အမွှေးမရှိတာ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ ထူးဆန်းလို့လား”

ရောင်စုံခြုံလွှာကြီးကို ပတ်ထားသော ငှက်တော (ကြက်တူရွေး၏ ကတုံးပြောင်ခေါင်းက ထိုအဝတ်ထဲမှ ထွက်နေရင်း တိရစ္ဆာန်ရုံဆိုင်းဘုတ်ပေါ်တွင် တင်ထားသော အသံချဲ့စက်အရှေ့တွင် ရပ်ကာ လူတိုင်းကို အော်ဟစ်ပြီး ပြောသည်။

“အားလုံးပဲ အခု ဖုန်းတွေကို ထုတ်ပြီး ဒီနေရာမှာ QR Code နဲ့ Scan ဖတ်လို့ရတယ်။ နောက်ပြီး တစ်ခါတည်း စိန်ခေါ်ချင်တဲ့ တိရစ္ဆာန်ကိုလည်း ရွေးလို့ ရတယ်နော်”

“ဒါပေမဲ့ တစ်မိသားစုက လူတစ်ယောက်ပဲ ဝင်ပြိုင်နိုင်မှာ။ ကလေးတွေ ရှိရင်တော့ ကလေးတွေကိုပဲ စာရင်းသွင်းခိုင်းစေချင်တယ်”

“ဘယ်လိုပဲဖြစ်ဖြစ် လူကြီးတွေ သွားလို့ ရှိရင် သေချာပေါက် အရိုက်ခံရပြီး ပြန်ဆင်းလာရမှာလေ။ ကလေးဆိုရင်တော့ အနိုင်ရနိုင်ချေက ပိုများတာပေါ့”

“စိတ်ဝင်စားဖို့ကောင်းတဲ့ စိန်ခေါ်ပွဲတွေက အများကြီး ရှိတာ။ အန္တရာယ်လည်း မရှိ၊ သတ်ဖြတ်တာတွေလည်း မရှိ။ တစ်ခုကတော့ အန္တရာယ်လည်း မရှိဘူး။ ကန့်သတ်ထားတာတွေလည်း မရှိဘူးလေ။ တကယ်လို့ နိုင်မယ်ဆိုရင်တော့ ဆုက အဲဒီတိရစ္ဆာန်ရဲ့အရုပ်ကို ရမှာ”

“ကောင်းပြီ။ ကောင်းပြီ။ မြန်မြန်လေး QR Code ကို Scan ဖတ်ကြ။ တံခါးနားက လူအုပ် မတိုးကြနဲ့နော်။ အား ငါ့ကို တကယ် ဒေါသထွက်စေတာပဲ ဟမ်။ မင်းတို့တွေ လှပတဲ့ ကောင်မလေးတွေကို လာခိုင်းလို့ မရဘူးလား”

လူတစ်အုပ်က ဆိုင်တစ်ဆိုင်ချင်းစီ၏ အနားမှ တံခါးအသီးသီးကို တိုးဝေ့နေကြကြောင်း မြင်သောအခါ ငှက်တောက အသံကို ပြင်းပြင်း အော်ဟစ်သည်။

431 03

သောက်ကျိုးနည်းကိုပဲ။ သူ ဘယ်လှပတဲ့ ကောင်မလေးကိုမှ မတွေ့သေးဘူး။

မျှော်လင့်ထားတဲ့ အတိုင်းပဲ။ ဒီလိုကြမ်းတမ်းတဲ့ ပွဲတွေကို ယောက်ျားကြီးတွေပဲ လာပြိုင်မှာ။

“လူ”

ထိုအချိန်တွင် အသက်အလတ်ပိုင်းအရွယ် လူဆယ်ယောက်ကျော်ကျော်က အနားသို့ လျှောက်လာပြီး ခပ်တိုးတိုး ပြောသည်။

“ငါတို့ အားလုံးက ဒိုင်သူကြီးတွေပါ။ ငါတို့က ဒါရိုက်တာဆုပိုင်နဲ့ ကြိုတင် စီစဉ်မှုတွေ လုပ်ထားပြီး ပွဲအခြေအနေကို ရင်းနှီးအောင်လို့ ကြိုစောလာခဲ့တာ”

“အိုး ငါ ဒါကို သိထားတယ်။ ဒါရိုက်တာဆုပိုင်က ပြောထားတယ်လေ။ ဒါဆိုရင် မင်းတို့ ဝင်သွားလို့ ရပြီ”

ထိုသို့ ပြောပြီးသည်နှင့် ငှက်တောက တောင်ပံကို ခပ်မြန်မြန် ခတ်ပြသည်။

ဝမ်ချွမ်တို့အဖွဲ့က ဝင်လာပြီးနောက်တွင် အဝေးမှ လူတစ်အုပ်က တိရစ္ဆာန်များ၏ ကိုယ်ပေါ်တွင် အကာအကွယ်ပစ္စည်းများကို တပ်ဆင်ပေးနေသည့် မြင်ကွင်းကို လှမ်းမြင်လိုက်ရသည်။ နေရာတိုင်းကို လိုက်ကြည့်လိုက်သောအခါ ဝမ်ချွမ်တို့သည်လည်း အဝေးမှ ကွင်းပြင်အပြည့် ရှင်းလင်းပေးထားသော နေရာသို့ စတင်ကာ လျှောက်သွားလိုက်ကြသည်။

ထိုအချိန်တွင် တိရစ္ဆာန်များအားလုံးက အကာအကွယ်ပစ္စည်းများ ဝတ်ဆင်နေကြသည်ကို ရပ်ကြည့်နေသော လူငယ်က တစ်စုံတစ်ရာကို ပြောနေသည်။

“သားပိုက်ကောင်ခေါင်းဆောင် ဘယ်မှာလဲ။ အမိန့်ပေးလိုက်အုန်း။ ငါ ပြောမယ်နော်။ မင်းတို့ ခြေထောက်တွေ အမြှီးတွေကို အသုံးမပြုရဘူး။ ကျန်တာတွေကတော့ မင်းတို့ သဘောပဲ။ မင်းတို့ နားလည်တယ်။ မှတ်လား”

“တပိုင်၊ ရှောင်ပိုင် မင်းတို့ နှစ်ယောက်လည်း လက်သည်းတွေကို သုံးပြီး မတိုက်ခိုက်ရဘူးနော်။ နောက်ပြီး သွားတွေကို သုံးပြီးလည်း မကိုက်ရဘူး”

“နောက်ပြီး အဲဒီမျောက်တွေ … ထားလိုက်ပါတော့။ မင်းတို့ကတော့ ဘာကိုမှ အာရုံစိုက်စရာ မလိုဘူး”

ဆုပိုင်က အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ထားသော တိရစ္ဆာန်တစ်အုပ်ကို ကြည့်ပြီးနောက်တွင် အသက်ကို ပြင်းပြင်း ရှု၍ ပြောသည်။

“တစ်ယောက်ယောက်ကသာ စည်းမျဉ်းကို ဖောက်ဖျက်ရင် တာဝန်ပြီးမြောက်မှု မရှိဘူးလို့ သတ်မှတ်မယ်”

“နားလည်တယ် မှတ်လား”

“နားလည်ပါတယ်”

အဖြေကို ကြားပြီးသည်နှင့် ဆုပိုင်က ခေါင်းညိတ်သည်။

လူသားများက အမျိုးမျိုးသော ဆုများကို ရရှိသော်လည်း ထိုတိရစ္ဆာန်တစ်ဖွဲ့က နိုင်လျှင်ပင် ဆုပိုင်က မည်သည့်ဆုကို ပေးရမည်နည်းဟု တွက်ချက်ရန် ခက်ခဲသည်။ အချို့သော တောရိုင်းဆန်သည့် တိရစ္ဆာန်များကမှု ကိုင်တွယ်ရ လွယ်သေးသည်။ စားစရာ နည်းနည်းလောက် ပေးရုံနှင့် ရသည်။ သို့သော် အချို့ကမှု စကားပြောရခက်သည်။ အထူးသဖြင့် အခြားသော တိရစ္ဆာန်များကိုလည်း တာဝန်ထွက်လုပ်မည်ဟု ပြောထားသောအခါ အခြားသော တိရစ္ဆာန်များကလည်း ထွက်ကြည့်ချင်နေကြသည်။ ဆုပိုင်ကလည်း နားလည်ပေးနိုင်သည်။ မည်သို့ပင်ဆိုစေ ကောင်းကင်ပြာတိရစ္ဆာန်ရုံက မည်မျှပင် ကြီးကြီး အကန့်အသတ်နှင့် ဖြစ်သည်။ တိရစ္ဆာန်များက သဘာဝကို ကြည့်ချင်သည်မှာလည်း ပြဿနာ မရှိပါပေ။

“ကယ်ဆယ်တဲ့ တာဝန်တွေက တဖြည်းဖြည်း နည်းလာတယ်”

သူဟာ တစ်ချက် ညည်းညူးသည်။ ထိုတိရစ္ဆာန်များ၏ အရေအတွက်များက များပြားလာပြီဆိုလျှင် ဆုပိုင်သည်လည်း ဒီတောင်ကြီးတစ်ခုလုံးကို ဖွင့်၍ တိရစ္ဆာန်ရုံအဖြစ် ပြောင်းလဲလို့ ရသည်။

“ဟူး”

သူဟာ အသက်ကို ပြင်းပြင်းရှူပြီးသည်နှင့် တဖြည်းဖြည်း များပြားလွန်းသော အကောင်သေးသေးလေးများကို တစ်ချက်ကြည့်ပြီးနောက် အဝေးမှ ဒိုင်သူကြီးအဖွဲ့ထံသို့ လျှောက်သွားလိုက်သည်။

သူဟာ ဒိုင်သူကြီးများကို ရှင်းပြပေးပြီးသည်နှင့် တိရစ္ဆာန်ရုံ၏ ဂိတ်ပေါက်ကို ဖွင့်ရန် အချိန်ကျပေလေပြီ။

******

432 01

အခန်း 432

“ဟား ဟား ဟား ပြိုင်ပွဲက ဘယ်တော့ စမှာလဲ။ ငါ မစောင့်နိုင်တော့ဘူး”

“ငါလည်း အတူတူပဲ။ မင်းက ဘာကို စိန်ခေါ်မှာလဲ”

“သားပိုက်ကောင်ပေါ့။ ဒီလောက်ထူတဲ့ အကာအကွယ်ပစ္စည်းကြီး ဝတ်ထားတာ အပေါ်က အဲဒီတစ်ယောက်က ပညာရှင်ပြိုင်ပွဲက ဒိုင်သူကြီးလေ။ ဆိုတော့ တစ်ခုခုဖြစ်ဖို့တောင် မဖြစ်နိုင်တော့ဘူး”

“…”

ဆုပိုင်က စင်ပေါ်တွင် ရပ်နေပြီး အောက်ဘက်တွင် စောင့်ဆိုင်းနေသော ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီတိုင်းကို ကြည့်ကာ ခေါင်းကို အသာ ငြိမ့်ပြသည်။ ထိုနောက် ကျိုးဝမ်၏ အနားသို့ လျှောက်သွားသည်။

“အသင့်ပြင်”

ကျိုးဝမ်က ကလေးများ နေရာတွင် ရပ်ပြီး လက်ကို ရမ်းသည်။ သူမက အဆင်သင့်ဖြစ်ကြောင်း ဖော်ပြလိုက်သည်။

“ဒါဆိုလည်း စရအောင်”

တစ်ခဏခန့် ရပ်တန့်ပြီးနောက် ဆုပိုင်က လက်ထဲမှ စိန်ခေါ်မည့် စာရင်းကို တစ်ချက် ငုံ့ကြည့်လိုက်သည်။

သားပိုက်ကောင် ၈၇ ယောက်။

ပန်ဒါကြီး ၂၃၃ ယောက်။

ပိုလာဝက်ဝံ ၁၈၉ ယောက်။

မျောက် ၆၅၇ ယောက်။

သိုး ၂၁၁ ယောက်။

ခေါင်းပြားတကော ၃ ယောက်။

အာဟ ၁၉၈၈ ယောက်။

ဆုပိုင်က သူ၏ ဘေးနားတွင် ရပ်နေသော ဟက်စကီးကို ကြည့်လိုက်သည်။ တစ်ဖက်အကောင်ကလည်း တော်တော်လေးကို ပျော်ရွှင်နေပုံရပြီး ဝမ်းသာရပြီး အော်ဟစ်နေသေးသည်။ သူက မျက်မှောင်ကိုပင် ကြုတ်ကာ ခေါင်းကိုက်လာသည်။ ကြည့်ရသည်မှာ ထိုအကောင်၏ တိုက်ခိုက်နိုင်စွမ်းရည်က ထိုလူအများက အသိအမှတ်ပြုပုံရသည်။ အာဟကို စိန်ခေါ်သူက ထိုမျှ များလိမ့်မည်ဟု မထင်ထားမိပေ။ သို့သော်

သိုးများကို စိန်ခေါ်ရန် လူအယောက် ၂၀၀ ကျော်နေခြင်းက ဆုပိုင်ကို ပို၍ပဟေဠိ ဖြစ်စေသည်။

ဆိုရမည်မှာ ထိုသိုးများသည် ဖျော်ဖြေရေးပွဲမျိုးတွင် ပါဝင်ခဲ့သော ဆုပိုင်ကပင် မနိုင်လောက်ပေ။ မမျှော်လင့်ထားသည်မှာ ထိုလူပေါင်းများစွာက ထိုသိုးကို စိန်ခေါ်ချင်နေကြသည်။

ထိုလူများ၏ ပုံသဏ္ဏာန်ကို တွေးမိရုံနှင့်ပင် ဆုပိုင်၏ နှုတ်ခမ်းထောင့်က ခပ်ကြမ်းကြမ်း တွန့်သွားသည်။

တံတွေးထွေးပွဲ။

ဘယ်သူက ဒီအယ်ဖာဂါသိုးတွေထက် မြန်နိုင်မှာလဲ။

ပြဿနာရှာတာပဲ မဟုတ်ဘူးလား။

“ဝုတ်”

“ဒါရိုက်တာ ဆုပိုင်။ မင်း ဘယ်တော့ စမှာလဲ။ ငါအဆင်သင့် ဖြစ်နေပြီနော်”

အာဟက ကွင်းထဲတွင် ပတ်လျှောက်နေပြီး အောက်ဘက်မှ စိန်ခေါ်သူပေါင်းများစွာကို စိတ်လှုပ်ရှားစွာပင် ငုံ့ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်သည်။

432 02

“ဟား ဟား ဟား ငါ ဒီနေ့ ဒီကောင်ကို ကောင်းကောင်း ရိုက်ရမယ်”

“ဒါရိုက်တာဆုပိုင် ငါ ဟက်စကီးက အရင်က ဟက်စကီး မဟုတ်တော့ဘူးနော်”

“ငါ သေချာပေါက် မင်းရဲ့အဆစ်ကို လွှင့်ထွက်သွားအောင် လုပ်ပြမယ်”

ဟက်စကီးက အလွန်အမင်း စိတ်လှုပ်ရှားနေကြောင်း မြင်သောအခါ ဆုပိုင်သည်လည်း ထိုအကောင်ကို ကံကောင်းပါစေဟုသာ ဆုတောင်းပေးလိုက်သည်။

လူအယောက် ၂၀၀၀ နီးပါးက သူ့ကို စိန်ခေါ်ထားသည်။

ဘယ်တော့များမှ ပြီးမှာလဲ။

ပိုဆိုးသည်မှာ ဒါဟာ ပထမနေ့အတွက်သာ ဖြစ်သည်။ လူအရေအတွက်က အကန့်အသတ်နှင့် ရှိနေသေး၏။ နောက်ရက်များဆိုလျှင်ပင် ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။

“ပြိုင်ပွဲစ”

ရုတ်တရက် တိရစ္ဆာန်ရုံ၏ ရေဒီယိုက တစ်ဆင့် လောင်ကျိုး၏ အသံက လူတိုင်း၏ နားထဲရောက်လာသည်။

“အား လာ လာ လာ။ ဖေဖေ ကြိုစားထား … ဖေဖေ အရိုက်မခံရစေနဲ့နော်”

“သားလေး။ သားလေးက အတော်ဆုံးပဲ။ မကြောက်နဲ့နော်။ ရဲရဲဝံ့ဝံ့သာ ကြိုးစားထား”

“ဖက်စ့်။ ဘယ်သူက ချိန်းဆိုမှုတွေ လုပ်ထားတာလဲ။ ဘာလို့ တန်းစီထားတဲ့ လူတွေက အယောက် ၁၀၀၀ ကျော်နေတာလဲ”

တိရစ္ဆာန်ရုံတစ်ခုလုံးက မီးတောက်မတတ် ဖြစ်နေသည်။ စင်မြှင့်တစ်ခုချင်းစီတိုင်းမှာ ထိုင်ခုံနေရာများက လူများ ပြည့်နှက်နေသည်။ မိဘများက မတ်တပ်ရပ်ကြရင်း သူတို့၏ အရှေ့ဘက်နေရာလေးပေါ်မှ ကလေးများကို ကြည့်ကြသည်။ သို့သော် စင်မြင့်တစ်ခု၏ အောက်ဘက်မှ တစ်စုံတစ်ရာက မှားယွင်းနေ၏။ ထိုနေရာတွင် နေရာက အတွင်း သုံးထပ်၊ အပြင် သုံးထပ်ပင် ရှိနေပြီး အနောက်ဘက်က လူများကလည်း အတွင်းဘက်မှ အခြေအနေကို မမြင်နိုင်လောက်အောင် အုံနေသည်။

“ဝုတ်”

“လာစမ်းပါ။ အမှိုက်ကောင် လာစမ်းပါ”

အာဟက သူ၏ ခန္ဓာကိုယ်ကို ကွင်းထဲတွင် လှုပ်ခါနေပြီး ရန်စသော အသံမျိုးကို ပြုသည်။ သို့ရာတွင် ဆုပိုင်က နားလည်နိုင်သည်။ ပထမဦးဆုံး အာဟကို စိန်ခေါ်သောသူက အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်လေး ဖြစ်သည်။ သူသည် အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထား၍ နည်းနည်း စိုးရိမ်ကြောင်ကြနေသည်။

“ဝုတ်”

အာဟက အော်သည်။

သူသည် အရှေ့ဘက်သို့ ခပ်မြန်မြန် ပြေးလာ၏။

“အိုး”

လူငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ခန္ဓာကိုယ်ကို အောက်ဘက်သို့ နိမ့်လိုက်ပြီး လက်မောင်းကို ဖြန့်ကာ သူသည်လည်း ခုန်အုပ်သည်။

ဘန်း

နှစ်ယောက်က ဝင်တိုက်မိသွားသည်။ ဟက်စကီးက ကောင်လေးကို ဖိထားသည်။ သူ၏ လက်နှစ်ဖက်နှင့် အရှေ့ဘက်မှ ကောင်လေး၏ ခေါင်းကို တင်းတင်းကြပ်ကြပ် ဖိထားသည်။ ခန္ဓာကိုယ်တစ်ခုလုံးက သံချပ်ကာ ဝတ်ထားသော်လည်း

တိုက်ခိုက်ရာတွင် ဦီးနှောက်လိုသည်။

အခုလို ဖိချရန် မလိုအပ်ပါပေ။ ထိုကောင်လေးကို ဖိအားပေးပြီး မတိုက်ခိုက်‌အောင် တားနိုင်သမျှ သေချာပေါက် နိုင်ပေလိမ့်မည်။

အာဟကလည်း နဂါးအမေ၏ ထရိုင်နိုဆောရပ်စ့်လေးကို သင်ကြားပေးပုံကို ကြည့်၍ အတွေ့အကြုံ့ နည်းနည်း ရထားသည်။ သက်လုံက အရေးကြီးတယ်။

သူ မနိုင်ရင်တောင်မှ လုံလောက်တဲ့ တောင့်ခံနိုင်ရည် ရှိသမျှ ပြဿနာ မရှိဘူး။

432 03

သိုင်းပြိုင်ပွဲပေါင်း များစွာ ကျော်ဖြတ်ခဲ့ပြီးနောက်တွင် အာဟကလည်း သူ၏ သက်လုံက အထူးတည် ရှိနေသေးသည်ဟု ခံစားနေရသည်။ အစပိုင်းတွင် တစ်ရက်လျှင် အကြိမ် ၃၀ နီးပါး အရိုက်ခံရပြီးနောက် ရက်အနည်းငယ်တည်းနှင့် သူတို့က ၁၀ ကြိမ်အထိ ထိုးကျသွားသည်။ ဒါဟာ တိုးတက်မှု ဖြစ်သည်။

“ရော့”

အောက်ဘက်က ကောင်လေးက ငိုတော့မည် လဏ္ခာပြကြောင်း မြင်သည်နှင့် ဆုပိုင်က ပြိုင်ပွဲကို တားသည်။ အာဟက နိုင်သွားသည်။

“ဝုတ်”

အာဟက မြေပြင်မှ ချက်ချင်း ကုန်းထလိုက်ကာ ကွင်းကို ပတ်ပြေးပြန်သည်။

“ဝူး ဝူး ဝူး”

လူငယ်ကလည်း မျက်ရည်များကို သုတ်ရင်း စင်အောက်ဘက်သို့ ဆင်းသည်။ သန်မာသော လူကြီးတစ်ယောက်က စင်ပေါ်သို့ တက်လာကာ အာဟကို လေးနက်သော မျက်နှာမျိုးနှင့် ကြည့်သည်။

“ဝုတ်”

“ဖက်စ့် ဒါက နည်းနည်း ကြမ်းတာပဲ”

အာဟက တအံ့တဩ အော်သည်။ သူသည် ခေါင်းကို ညိတ်ကာ တွေးတောနေ၏။ ကြည့်ရတာ ဒီတစ်ကြိမ် ထွက်ပြေး ရမယ်ထင်တယ်။

ဒါပေမဲ့ ဒါက ပြဿနာ မရှိပါဘူး။

“စ”

ဆုပိုင်၏ အမိန့်အောက်တွင် သန်မာသော လူကြီးက တိုက်ခိုက်မှုများကို စတင်ကာ ဦးဆောင်သည်။ ဟက်စကီးဆီသို့ အပြေးဝင်နိုင်အောင် ကြိုးစား၏။ သို့သော် ထူးဆန်းသော မြင်ကွင်းက ပေါ်လာသည်။ အာဟက သန်မာသော လူကြီးနှင့် မတိုက်ခိုက်ပေ။ သူသည် ကွင်း၏ အစွန်းနားတွင်သာ ပတ်ပြေးသည်။ သူက မကြာခဏဆိုသလို သန်မာသော လူကြီးကိုလည်း လှည့်လှည့် ကြည့်သည်။

“ငါ အရှုံးပေးတယ်။ ဒါက ဘယ်လောက် ကြာနိုင်မှာလဲ”

“အံ့ဩဖို့ကောင်းလိုက်တာ။ အာဟကိုတောင် သိပ်မမှီနိုင်ဘူး။ ငါတို့ ဘာဆက်လုပ်ရမှာလဲ”

“ဟုတ်တယ်။ ဟုတ်တယ်။ နှစ်ယောက်လုံးက တိုက်ခိုက်ဖို့ လိုအပ်တယ်ဆိုတော့ စည်းမျဉ်းမှ မရှိတာ။ ဟက်စကီးက စည်းမျဉ်း မဖောက်ဘူးလေ”

…

အောက်ဘက်မှ လူများကလည်း အပေါ်မှ အချင်းချင်း ပြေးလိုက်နေသော လူများကို ကြည့်ပြီး စွံ့အစွာ ပြောသည်။

အချိန်တွေ ကြာပြီးနောက်

“ငါ ရှုံးပေးတယ်”

သန်မာသော လူကြီးက မြေပြင်ပေါ်တွင် လှဲရင်း အမောတကော အသက်ရှုကာ လက်ကို မြှောက်သည်။

“ဟား ဟား ဟား”

အာဟကလည်း မြေပြင်ပေါ်တွင် လှဲနေကာ အငမ်းမရ အသက်ရှုနေသည်။

“ဝုတ်”

“အရှေ့က တစ်ယောက် ဒါက ဒုတိယတစ်ယောက်ပဲ။ နောက်မှာ ဘယ်နှစ်ယောက်တောင် ကျန်သေးတာလဲ”

သူဟာ ဆုပိုင်ကို လှမ်းအော်သည်။

“၁၉၈၆ ယောက်”

“ဘယ်လောက်”

အာဟက မျက်လုံးပြူးသွားသည်။

432 04

၁၉၈၆ ယောက်။

သူ့ကို သေအောင် ပင်ပန်းအောင် လုပ်တော့မယ်ပေါ့။

ဘာဖြစ်ကုန်တာလဲ။ ဘာလို့ လူတွေ ဒီလောက် များနေတာလဲ။ သူ ဒီမနက်ပိုင်းပဲ ရှိမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အရေအတွက်က ဒီလောက်အထိ များသွားတာလဲ။

“အွန်း”

ဆုပိုင်က စိတ်ရှုပ်နေပုံရသော အာဟကို ကြည့်ပြီး ရင်ထဲ ရှက်သွားသည်။

“ဆက်ပြီး တောင့်ထားပေါ့။ ငါလည်း ဒီတစ်မိနစ်ဆိုတဲ့ ချိန်ဆိုမှုအတွင်းမှာ လူအယောက် ၂၀၀၀ လောက်က မင်းနဲ့ ချိန်းဆိုလိုက်မယ်လို့ မထင်ထားဘူး”

“ဒါပေမဲ့ မင်းအတွက် သတ်မှတ်ပေးတဲ့ နေရာကတော့ ခြောက်ပွင့်နဲ့မှ မဟုတ်ပါဘူး”

“လာပါ။ ၁၉၈၆ ယောက် ကျန်သေးတယ်”

“ဟီး ဟီး”

“ကြိုးစားထား”

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ၁၉၈၆ ယောက်တောင် ကျန်သေးတယ်။ လာနောက်နေတာလား။

ငါ ဘယ်အချိန်က ဒီဟက်စကီးက တိရစ္ဆာန်ရုံထဲမှာ ကျော်ကြားသွားတာလဲ။

“စမယ်”

ဆုပိုင်၏ အော်ဟစ်သံနောက်တွင် အာဟကလည်း ကွင်းကို ပတ်ပြေးရပြန်သည်။

“ဝုတ်”

“တတ်နိုင်ရင် လာစမ်းပါ။ ငါ သေအောင် ပြေးပြမယ်”

သူဟာ တစ်ဖက်သို့ လှည်ပြီး အော်ဟစ်ကာ ထပ်ပြေးသည်။

…

++++++

All Chapters