အခန်း (၄၃၃-၄၃၅)
Vol. 29 Ch. 433-435
433 01
အခန်း 433
“ဟယ်လို ကြည့်ရှုသူ မိတ်ဆွေတို့”
“ဒါကတော့ ချင်တု တီဗီဌာနကပါ။ ငါတို့က အခု ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ရောက်နေတာလေ။ ဒီနေ့က ကောင်းကင်ပြာတိရစ္ဆာန်ရုံတိုက်ခိုက်ရေး ပြိုင်ပွဲကို စတင်ကျင်းပတဲ့ ပထမဦးဆုံး နေ့ပေါ့”
“အားလုံးလည်း ဆုကြီးတွေက ဖော်ပြရုံနဲ့တင် မလုံလောက်ဘူးဆိုတာကို အားလုံးလည်း သိကြမယ်ထင်တယ်”
လူအုပ်အပြင်ဘက်တွင် ရပ်နေသော သတင်းထောက်အမျိုးသမီးက ကင်မရာကို ကြည့်ရင်း ပြုံးကာ ပြောသည်။
“စုံစမ်းစစ်ဆေး ပြီးသွားတဲ့နောက်မှာ စိန်ခေါ်မှုအများဆုံး ပြုလုပ်ခံရတဲ့ တိရစ္ဆာန်ကတော့ ဟက်စကီးပါပဲ။ စိန်ခေါ်မှု အနည်းဆုံး ပြုလုပ်ခံရတာကတော့ ခေါင်းပြားတကောလေ”
“ကလေးတွေနဲ့ တိုက်ပွဲတွေကိုတော့ မျောက်တွေကပဲ တိုက်ခိုက်ပေးကြတာ။ မျောက်တစ်ကောင်ချင်းစီတိုင်းက ကလေးတစ်ယောက်နီးပါး အရပ်မြှင့်တယ်။ သူတို့က မားမားမတ်မတ် ရပ်နေကြတဲ့အခါ အရပ်တူနိုင်ကြတယ်။ ဝန်ထမ်းတွေက ဒိုင်သူကြီးအဖြစ် ပြုလုပ်နေကြတာဖြစ်လို့ ပြဿနာ မရှိနိုင်ပါဘူး။ ဒါပေမဲ့ ရွှေမြွေတောင်မှ ကလေးတစ်ယောက်ချင်းစီတိုင်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့အတွက် ရှိနေတယ်”
“ဒါကတစ်ဆင့် ကောင်းကင်ပြာတိရစ္ဆာန်ရုံကတော့ ဒီပြိုင်ပွဲကို အများကြီး သေချာတွေးတောပေးထားတယ်ဆိုတာကို သိနိုင်တယ်”
သူမက ထိုသို့ ပြောပြီးသည်နှင့် သတင်းထောက် အမျိုးသမီးသည် လူအုပ်ကို ပတ်ကာ လျှောက်ပြီး အဝေးမှ လူအုံနေသော တစ်နေရာသို့ သွားသည်။ ကလေးတစ်အုပ်၏ စိတ်လှုပ်ရှားနေသော ရယ်သံများကို ကြားရသည်။
“ဟား ဟား ဟား။ အားလုံးပဲ ပြေး ပြေး ပြေး လာနေပြီ”
“အား အား အား ငါ့အပေါ် မထွေးနဲ့နော်။ မထွေးနဲ့”
“ဖီ ဖီ ဖီ ကယ်ကြပါ။ မဟာနတ်ဆိုး သိုးကြီးလာနေပြီ”
သတင်းထောက်အမျိုးသမီးက ဝင်သွားသည်နှင့် ခြံစည်းရိုးနေရာကတစ်ဆင့် တစ်ကိုယ်လုံး မည်းနက်နေသော အယ်လ်ဖာဂါတစ်ကောင်က ကလေးတစ်အုပ်ကို ထောင့်တစ်နေရာသို့ တွန်းပို့ထားကြောင်း မြင်ရသည်။
“ဖီ ဖီ ဖီ ဖီ ဖီ”
မရေမတွက်နိုင်သော တံတွေးများစွာက ပါးစပ်ထဲက ပန်းထွက်သွားစေသည်။ ထိုနောက် သူဟာ အနောက်လှည့်ကာ ပြေးသည်။
ကလေးတစ်အုပ်ကလည်း မျက်နှာတွင် တံတွေးများအပြည့်နှင့် အော်ဟစ်ရင်း အနောက်မှ လိုက်ကြသည်။
“အား ဝူး”
ထိုသိုးက ထူးဆန်းသော အသံကို ထုတ်ပြီးနောက် ခြံစည်းရိုးကို ပတ်ကာ ပြေးသည်။ ထိုနေရာက တော်တော်လေးကို စည်းကားနေ၏။
တိရစ္ဆာန်ရုံတွင် အချိန်တွေကြာအောင် နေပြီးနောက်တွင် သူသည်လည်း ထိုကောင်တစ်အုပ်ကြောင့် ရက်စက်သော သင်ခန်းစာ အပေးခံရပြီးသား ဖြစ်သည်။ အချို့သော ခရီးသွားများကို ထွေးထုတ်ခြင်းက လွဲပြီး သူ သွားရှုပ်၍ရသော လူက သိပ်မများချေ။
ဒါဆိုရင် ဒီသိုးရဲ့ အငြိမ်းမရနိုင်တဲ့ နှလုံးသားကို ဘယ်လိုများ ကျေနပ် နှစ်သိမ့်စေမှာလဲ။
ဘယ်သူက ပျော်ရွှင်စရာ မကောင်းတဲ့ နေ့ရက်တွေ မရှိလို့လဲ။ သို့သော် ဒီပွဲတွင် ပါဝင် ယှဉ်ပြိုင်သူများက ကလေးများ ဖြစ်သည်။ သူတို့က သူ့ကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ။
ထိုကြောင့် ပြိုင်ပွဲ မစတင်ခင်ကတည်းက သူ၏ ဝမ်းဗိုက်ထဲတွင် ရေအပြည့်ဖြည့်ထားပြီးသား ဖြစ်သည်။ သူသည် ဒီနေ့ စိတ်ထင်တိုင်း ရူးသွပ်၍ ရသည်။ တစ်ဖက်သတ် အနိုင်ကျင့်နိုင်လေသည်။
“တကယ်ကြီးလား”
ခြံစည်းရိုးထဲတွင် ပတ်ပြေးပြီးနောက်တွင် သိုးက ရုတ်တရက် ရပ်တန့်သွားကာ တစ်ခဏခန့် နောက်ဆုတ်သည်။ သူသည် သူ၏အရှေ့မှ မိုက်ခရိုဖုန်းကိုင်ထားသော အမျိုးသမီးကို ကြည့်သည်။
ဝိုး
ဒါက ဘာကို ဆိုလိုတာလဲ။
သူရဲ့ လုပ်ရပ်က မကောင်းဘူးလို့ ပြောချင်တာလား။
433 02
ဟမ် ခန္ဓာကိုယ်ကိုတောင် တစ်ဖက်ကို လှည့်လိုက်သေးတယ်။
ဒါကို ဘယ်လို သည်းခံရမှာလဲ။
အားဖူး
ရုတ်တရက် အော်သံနှင့်အတူ သူသည် ဘားတိုင်များကြားမှ ခေါင်းကြီးကို ဆန့်ထုတ်ကာ ထိုအမျိုးသမီး၏ ဆံပင်ကို လှမ်းကိုက်ပြီး ဆွဲသည်။
“အား”
သတင်းထောက် အမျိုးသမီးက တအံတဩ ထအော်သည်။ သူမက ခေါင်းကို ခပ်မြန်မြန် လှည့်သည်။
ဖူး
ထိုနောက် ပါးစပ်ကြီးက ပွင့်သွားပြီး ပါးစပ်အပြည့်ရှိနေသော တံတွေးများက ပန်းထွက်လာကာ သူမ၏ မျက်နှာကို စိုသွားသည်။
“ဟား ဟား ဟား။ သတင်းထောက်တောင်မှ ရှုံးသွားပြီ။ တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ငါတို့လည်း သွားကြည့်ကြရအောင်”
“မြန်မြန်လေး မြန်မြန်လေး မြန်မြန်လေး ချိန်ဆိုမှု ပြုရအောင်။ ငါတို့လည်း ဒီကလေးတွေနဲ့ သွားဝင်ပြီး ဆော့ရအောင်။ လူတွေ များတာမှ မဟုတ်တာ။ ရွံ့စရာပဲ ကောင်းတာ”
“သွား သွား သွား ရေအပြည့်သွား သောက်ထား။ အဖေက သားကို ယုံတယ်နော်။ သွား သွား သွား အကောင်းဆုံးလုပ်”
“…”
ထိုသို့ဖြင့် လူတစ်အုပ်က စိတ်ရှုပ်ထွေးနေပုံရသော သတင်းထောက် အမျိုးသမီးကို ကြည့်ပြီး အော်ဟစ်ကာ ရယ်မောကြသည်။
“အား”
“နင် စောင့်နေ”
သတင်းထောက် အမျိုးသမီးက အော်သည်။ သူမက ချက်ချင်းဆိုသလို ကိုယ်ကို ကုန်းလိုက်ပြီးနောက် ခြံစည်းရိုးကို ကုန်းကာ ဝင်သွားသည်။ ထိုနောက် ကလေးတစ်အုပ်ဆီသို့ အပြေးသွားသည်။
“နည်းနည်းလေး”
“ဖူး ဖူး ဖူး”
ထိုသို့ဖြင့် ထိုသိုးက အနောက်ဘက်သို့ လှည့်ကြည့်ချိန်တိုင်းလိုလို လျှာကို ဆန့်ထုတ်လိုက်ပြီး တံတွေးများကို ပန်းထုတ်သည်။ ထိုအခိုက်အတန့်တွင် ခြံစည်းရိုးတစ်ခုလုံးက ဝရုန်းသုန်းကာ ဖြစ်နေ၏။
ခြံစည်းရိုးနား၌ ဝိုင်းနေသော လူများကပင် ညှာတာပေးခြင်း မခံရဘဲ တံတွေးများ ပက်ဖြန်းခြင်း ခံရသည်။
မကြာခဏဆိုသလို ကင်မရာကို သယ်ထားသော ကင်မရာသမားကပင် စိတ်ရှုပ်ထွေးလျှက်သား ကျန်ရစ်တော့သည်။
သတင်းထောက်တောင် သွားပြီး ကစားတယ်ဆိုရင် သူဘာလုပ်ရတော့မှာလဲ။
…
ညနက်ပိုင်းတွင်
ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏ မြက်ခင်းပြင်ပေါ်တွင် တိရစ္ဆာန်တစ်အုပ်က လဲနေသည်။ အပေါ်မှ တောက်ပသော လရောင်ကို ကြည့်နေရင်း ဒီနေ့ အခြေအနေများကို ဆွေးနွေးနေကြသည်။
“ဝုတ်”
ဝက်ဝံဖြူကြီးက မြေပြင်ပေါ်တွင် ထိုင်နေကာ အနောက်ဘက်မှ ပိုလာဝက်ဝံကို မှီထားရင်း စိတ်လှုပ်ရှားစွာ အော်သည်။
“အားလုံးပဲ ဒီနေ့ ကောင်းကောင်း လုပ်ဆောင် နိုင်ခဲ့တယ်။ အထူးသဖြင့် သားပိုက်ကောင်တွေ။ သူတို့က တကယ်တော်တာ။ တစ်ပွဲမှ မရှုံးဘူး”
433 03
“ကြည့်ရတာ အားလုံးလည်း သားပိုက်ကောင်တွေဆီက သင်ကြားဖို့ လိုအပ်တယ် ထင်တယ်။ ဒီနေ့ အများဆုံး နိုင်တာကတော့ မျောက်တွေပေါ့။ အွန်း မင်းတို့က နောက်ထပ် တာဝန်ကို ထမ်းဆောင်ရမှာကို ကြောက်မိတယ်”
“ငါတို့ရဲ့ နပန်းလုံး အသင်းကလည်း တော်တော်လေး ကောင်းတာပဲ။ ရှောင်ပိုင်က အဲဒီ ဝတုတ်ကောင်ကြီးကို ရှုံးသွားတာက လွဲပြီး ကျန်တဲ့ ပွဲတွေ အားလုံး နိုင်တယ်”
ထိုသို့ပြောနေရင်းမှ တပိုင်က မြေပြင်တွင် လှဲနေသော အာဟကို ကြည့်ကာ စွံ့အစွာ ပြောသည်။
“အများဆုံး ရှုံးတာကတော့ အာဟပဲ”
“ဟေး အာဟ မင်းမှာ ပြောစရာ မရှိဘူးလား”
“ဝုတ်”
“မရှိဘူး”
အာဟက ဝမ်းနည်းစွာ ပြောသည်။
သူ ဘာပြောရအုန်းမှာလဲ။ အဲဒီလူတစ်ဖွဲ့က လူမှ မဟုတ်တာ။ အထူးသဖြင့် ဒါရိုက်တာဆုပိုင်။ သူက သူ့ကို နည်းနည်းလေးတောင် မနားခိုင်းဘူး။ နောက်ပြီး အကြောင်းပြချက်ကောင်းကောင်းကိုတောင် ပေးသေးတယ်။ ဒီလောက် လူတွေအများကြီးက သူ့ကို စိန်ခေါ်ထားတာ။ သူ ဘာလုပ်ရမလဲ။
အဲဒီလောက်ကြီးတောင်မှ ဒါက လူစကားလား။
ဒီခွေးတွေမှာ လူ့အခွင့်အရေးတောင် မရှိတော့ဘူးလား။
“ကွက် ကွက် ကွက်”
“ငါ သိတယ်။ အဖေကို အပြစ်တင်လို့ မရဘူး”
ဖေးလ်မြေခွေးက စိုးရိမ်ပူပန်မှုအချို့နှင့် အာဟ၏ ကျောပေါ်ကို အသာပုတ်လိုက်ပြီး ခေါင်းကို ဆန့်ထုတ်၍ အော်သည်။
“အဖေဟကို စိန်ခေါ်တဲ့လူက တအားများတာလေ”
“အဖေဟက ဒီနေ့ တော်တော်လေး အင်အားကုန်ခမ်းနေတာ ဟုတ်တယ် မှတ်လား”
အာဟက ထိုစကားကို ကြားပြီး မယုံကြည်နိုင်သလို ကြည့်သည်။
သောက်ကျိုးနည်း ငါ ရက်အနည်းငယ်လောက် မရှိလိုက်ရုံနဲ့ ငါရဲ့ မွေးစားသားလေးက ကြီးပြင်းလာတာပဲ။
ထိုစကားများက ဖေးလ်မြေခွေး၏ ပါးစပ်က ထွက်လာခြင်းမျိုးကိုပင် သူ မယုံနိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် အာဟသည် ငိုချင်သွားသည်။ သူသည် ယူကြုံးမရဖြစ်ပြီး အမှန်တကယ် ငိုချင်လာ၏။
တိရစ္ဆာန်ရုံတွင် တိရစ္ဆာန်အများကြီး ရှိသည်။ ဒါရိုက်တာဆုပိုင်က သူ့ကိုပင် မချစ်ရုံသာမကသေးလေပဲ အခြားသော တိရစ္ဆာန်များကပင် သူ့ကို အထင်သေး ရှုံ့ချကြသည်။
သူသည် ဒီနေ့ တော်တော်လေးကို ပင်ပန်းနေခဲ့သည်။ လူပေါင်းများစွာက သူ့ကို အပြစ်တင်နေသေး၏။ အား သားရှိတာ ကောင်းလိုက်တာ။ သူ့ကို ဂရုစိုက်ရကောင်းမှန်း သိတယ်။
အွန်း
အာဟက ခေါင်းကို လှည့်၍ အခြားသော တိရစ္ဆာန်များကို ကြည့်သည်။ အထူးသဖြင့် ပန်ဒါကြီးကို ဖြစ်သည်။
စောင့်နေစမ်းပါ။
ပြိုင်ပွဲပြီးသွားတာနဲ့ အဲဒီ ပန်ဒါပန်းခြံကို ဆွဲဖြဲ ပစ်ရမယ်။ အထူးသဖြင့် ဒီဒန်း။ ငါသာ အဲဒီဒန်းကို မဖျက်စီးဘူးဆိုရင် ငါ့ကို အာဟလို့ မခေါ်နဲ့တော့။
သူဟာ စိတ်ထဲတွင် တွေးကြည့်သေးသည်။
433 04
ဟုတ်တယ်။ အာဟက ဒီနေ့ အများဆုံး စိန်ခေါ်ခံရတာလေ။
ဒါပေမဲ့ …
“အတွင်းကျကျ ပြောမယ်ဆိုရင် အာဟက အများကြီး ပိုနိုင်သင့်တာ။ ပထမတစ်ပွဲ သူနိုင်တာက လွဲပြီး ဒုတိယတစ်ပွဲက သရေ ဖြစ်တာက လွဲပြီး ကျန်တာတွေ အားလုံး ရှုံးတာလေ”
တပိုင်က မြေပြင်တွင် လဲနေသော အာဟကို ကြည့်ပြီး စွံ့အသွားသည်။
ဘာပြောလိုက်တာလဲ။
ပထမနေ့မှာ ပွဲ တစ်ရာ ကစားတယ်။ တစ်ပွဲပဲ နိုင်တယ်။
တကယ် တုံးတာပဲ။
“ကျွီ”
“ငါကတော့ ဒါကို အဖေဟအပေါ် အပြစ်တင်လို့ ရမယ်လို့ မထင်ဘူး”
ထိုအချိန်တွင် ဖေးလ်မြေခွေးက ခေါင်းထောင်လာပြန်သည်။ သူသည် ပါးကို ဖောင်းရင်း ဒေါသကြီးကြီး ပြောသည်။
“အဖေဟကမှ အဲဒီလို ဖြစ်ချင်တာမှ မဟုတ်တာ။ ငါက အဖေဟ့နောက်ကို လိုက်တယ်ဆိုကတည်းက သူ့ကိုပဲ အမြဲတမ်း အပြစ်တင်နေလို့ မရဘူးလေ။ သူကလည်း အသုံးမကျ ဖြစ်ချင်တာမှ မဟုတ်တာ”
“ဝုတ်”
ထိုစကားကို ကြားပြီး အာဟက မျက်လုံးပြူးသွားသည်။
ဒါက ချီးကျူးတာလား။
“ဟား အဖေဟ ဘာလုပ်တာလဲ။ ငါ့ကို ဒီလို မကြည့်နဲ့။ ငါ နည်းနည်း ကြောက်တယ်”
“ဘာလုပ်တာလဲ။ အဖေက ဒီနေ့ အသုံးမကျတာ မင်းကို ပြပေးမယ်”
ထိုသို့ဖြင့် တိရစ္ဆာန်တစ်အုပ်က ရလဒ်ကို ဆွေးနွေးနေကြချိန်တွင် ဆုပိုင်က ခေါင်းကို ပွတ်ရင်း အိပ်ရာပေါ်တွင် တိတ်တဆိတ် လဲနေသည်။ မနက်ဖြန်က ပွဲ၏ ဒုတိယနေ့ ဖြစ်သည်။ ထိုအပြင် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနမှ လူများကလည်း မနက်ဖြန်တွင် ရောက်လာ ပေလိမ့်မည်။ ထိုကြောင့် သူသည် ဟက်စကီးကို စောင့်ကြည့်နေရန် မလိုအပ်တော့ပေ။
ပင်ပန်းလိုက်တာ။
သို့ရာတွင် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနမှ လူများကလည်း အရေးကြီးသော တစ်စုံတစ်ရာအတွက် ရောက်လာခြင်း ဖြစ်ပုံရသည်။
“အွန်း ဒီပွဲကို အမြန်ဆုံး အဆုံးသတ်တာပေါ့။ နွေရာသီမရောက်ခင် တိရစ္ဆာန်တွေရဲ့ အရွယ်အစားကို တိုးမြှင့်ဖို့ ကြိုးစားရအုန်းမယ်”
နွေရာသီပိတ်ရက် ရောက်လာမည့်အကြောင်းကို တွေးမိရုံဖြင့် တိရစ္ဆာန်ရုံက လူအုပ်အကြောင်း သတိရသွားသည်။ သူဟာ တွေးတောနေရင်းမှ တဖြည်းဖြည်း အိပ်မောကျသွားလေသည်။
******
434 01
အခန်း 143
“ဆုပိုင် ဒီလိုပါ”
နန်ကုန်းယွမ်က ရုံးခန်းထဲတွင် ထိုင်နေပြီး အနည်းနဲ့ အများဆိုသလို မျက်နှာပူနေသော အမှုအရာမျိုးဖြင့် ပြောလိုက်လေသည်။
“ဒီတစ်ကြိမ် ငါတို့ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို လာတယ်ဆိုတာက တိရစ္ဆာန်ရုံက ကျင်းပတဲ့ ပြိုင်ပွဲတွေကို လာပြိုင်တာအပြင် ကောင်းကင်ပြာတိရစ္ဆာန်ရုံက ရေနေသတ္တဝါတွေကို ထပ်ပြီး ကယ်ဆယ်မလားလို့ သိချင်တာ”
“အထူးသဖြင့် ရေမှော်နဲ့ ပတ်သက်ပြီး ကူညီပေးမဲ့ သတ္တဝါမျိုးပေါ့”
“တကယ်တော့ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံက နှစ်ပေါင်းများစွာအတွင်း ရူးသွပ်စွာ ပေါက်ရောက်လာတဲ့ ပင်လယ်ရေမှော်ပင်တွေကို နည်းပညာအရ ထိန်းချုပ်နိုင်ခဲ့တာ။ ဒါပေမဲ့ ရေအောက်က လှုပ်ဆောင်မှုက အရမ်း ခက်ခဲတယ်လေ။ နောက်ပြီး ဈေးကြီးတဲ့ အထူးပစ္စည်းတွေကိုလည်း လိုအပ်သေးတယ်။ အရာအားလုံးက လူသားတွေက လုပ်ရတာ”
“တက်ရောက်မှုကလည်း တော်တော်လေး ဆိုးစေတယ်။ တစ်ခါတစ်ရံမှာ ဒီတစ်နေရာကို အရင်လကမှ ရှင်းထားတယ်။ ဒါပေမဲ့ နောက်တစ်လမှာတော့ ရေမှော်တွေ အပြည့် ရှိနေတယ်ဆိုတာမျိုးပေါ့”
“အဓိကကတော့ ငါတို့ ဒီရေမှော်တွေကို ဘယ်မှ မတတ်နိုင်ဘဲ ဖြစ်နေတာပေါ့”
“ဆိုတော့ ငါ မင်းကို မေးချင်တာက ရေမှော်စားတဲ့ သတ္တဝါများ ရှိမလားလို့ပါ။ အဲဒါကသာ သမုဒ္ဒရာကို ကူညီပြီး ရှင်းပေးနိုင်မယ်ဆိုရင် ငါတို့အတွက် အများကြီး အကူအညီ ဖြစ်မှာပဲ”
နန်ကုန်းယွမ်၏ စကားဆုံးသွားပြီးနောက် သူသည် ဆုပိုင်ကိုသာ အတွေးများစွာဖြင့် ကြည့်သည်။ သူသည် မျက်မှောင်ကို အနည်းငယ် ကြုတ်နေရင်း ဆုပိုင်ကို နှောင့်ယှက်ရန် မပြုမှုပေ။ မည်သို့ပင်ဆိုစေ နန်ကုန်းယွမ်က အထက်မှ လူများသည်။ တခြားသော အဓိပ္ပာယ်ဖြင့် ဒီသတင်းကို မေးမြန်းချင်နေမှန်းလည်း နားလည်သည်။ အရင်တစ်ခေါက် အာဟ၏ကိစ္စ ဖြစ်ပျက်ခဲ့ပြီးနောက် တရုတ်နှင့် ဆီမဟာမိတ်တို့၏ အကြားမှ ဆက်ဆံရေးက ပျက်တောက်သွားသည်။ အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ် သွားပြီးချိန်ကတည်းက ပြည်ပမှ ထုတ်သော ဆီများက တိုင်းပြည်၏ ကြီးမားသော အသုံးပြုနှုန်းအတွက် မလုံလောက်နိုင်တော့ပေ။ ပို၍အရေးအကြီးဆုံးအချက်ကမှု အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်သွားပြီးနောက်တွင် သမုဒ္ဒရာအတွင်းမှ ဆီရှာဝယ်မှု နည်းပညာကလည်း မယှဉ်နိုင်လောက်အောင် ဖြစ်လာသည်။
တိုင်းပြည်တိုင်းက ဆီအသစ်ကို ရှာဖွေ့နိုင်ရန် အလိုငှာ ပင်လယ်ကြမ်းခင်ပြင်အထိ အနှံ့ သွားရောက်ကြသည်။ သို့သော် မရေမတွက်နိုင်သော ပင်လယ်အပင်များ၏ ကြီးထွားမှုနှုန်းများကြောင့် နည်းပညာမြှင့် ပစ္စည်းများကပင် ပင်လယ်ထဲသို့ ထည့်သွင်းကာ အသုံးပြု၍ မရနိုင်အောင် ဖြစ်နေသည်။
အကယ်၍ အောက်ဘက်သို့ ဆင်းမည်ဆိုလျှင်လည်း လူတစ်ယောက်က ပင်လယ်ရေမှော်ပင်များကို နေ့တိုင်းလိုလို သွားရှင်းရန် လိုအပ်သေးပြန်သည်။ ထိုတိုက်စစ်က အလွန်ကြီးသည်။ အပင်များကလည်း လျင်မြန်စွာ ပေါက်နိုင်၏။ ပစ္စည်းများအပေါ်တွင် တက်ရောက်နိုင်သေးပြန်သည်။
တစ်ချိန်က ထိုဆီရှာဖွေရေး ပစ္စည်းနှင့် ပတ်သက်ပြီး ပြဿနာတစ်ခု ရှိခဲ့ဖူးသည်။ တက်ရောက်မှုကလည်း အလွန် ကြီးမားခဲ့၏။ ထိုဆီကြမ်းကလည်း အဆိပ်သင့်နေလေရာ ထိုပင်လယ်ရေပြင်တစ်ခုလုံးက သေဆုံးခြင်း နယ်မြေတစ်ခု ဖြစ်ပျက်ခဲ့ဖူးသည်။
အမျိုးမျိုးသော အထက်ပါ အကြောင်းပြချက်များကြောင့် တရုတ်နိုင်ငံသည်လည်း မှိုင်းတူးသည့် ပရောဂျက်ကို မအောင်မြင်ခဲ့ချေ။ ထိုအပြင် ပြန်လည် ကယ်တင်ပြီးခါစ တိရစ္ဆာန်များက သူတို့ကို မျှော်လင့်ချက် ပေးလာသည်။ ယခင် ဖိုင်များအရဆိုလျှင် တိရစ္ဆာန်အများစုက ထိုရေထဲမှ အပင်များကို စားကြလေသည်။ သမုဒ္ဒရာထဲမှ သူတို့၏ အားသာချက်က လူသားများကပင် မယှဉ်နိုင်ပေ။
“ရေမှော်စားတဲ့ တိရစ္ဆာန်လား”
ဆုပိုင်က တစ်ချက် တွေးတောလိုက်သည်။ သူ၏ စိတ်ထဲတွင် တိရစ္ဆာန်တစ်ကောင်ပြီး တစ်ကောင်ပေါ်လာ၏။ သင့်လျော်သော တိရစ္ဆာန်အများကြီး ရှိသော်လည်း တိရစ္ဆာန်အပိုင်းအစ မောလ်ထဲတွင် ရီဖက်လက်ဖြစ်ပြီး ပေါ်လာရန် လိုအပ်သေးလေ၏။ အခုတော့
“အွန်း”
434 02
ကြည့်ရသည်မှာ သူသည် ဒီတစ်ခေါက် ထိုကဲ့သို့ ပင်လယ်အပင်များ၊ ရေညိုရေမှော်များကို စားသော တိရစ္ဆာန်နှင့် တွေ့ရလောက်သည်။ ထိုအပြင် သူ တွေးမိသည့် တိရစ္ဆာန်တစ်ကောင်ဆိုလျှင်လည်း ပင်လယ်ရေမှော်ကို အလွန်အမင်း လျင်မြန်စွာ စားနိုင်သည်။ ထိုအချက်ကမှု ထိုအကောင်၏ မျိုးပွားနှုန်းကလည်း မြန်ဆန်သည်။ ထိုအကြောင်းကို တွေးမိသော ဆုပိုင်က ခပ်မြန်မြန် ပြောသည်။
“အမ် ရှိတော့ ရှိတယ်။ ငါတို့ သိပ်မကြာခင် တိရစ္ဆာန်အသစ်တစ်ကောင်ကို ထုတ်ပေးနိုင်တော့မှာပါ။ ဒါပေမဲ့ ပုံမှန် ပင်လယ်သဘာဝပတ်ဝန်းကျင်မျိုးကို ဖန်တီးဖို့ကတော့ တိရစ္ဆာန် တစ်ကောင်တည်းနဲ့ မဖြစ်နိုင်ဘူးလေ”
“တကယ်လား။ သိပ်မကြာခင် ရတော့မှာလား”
ထိုစကားကို ကြားပြီးနောက် နန်ကုန်းယွမ်က ဆုပိုင်၏လက်ကို ချက်ချင်း ဆွဲကိုင်ကာ လှုပ်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
“တကယ်တော့ အခုချက်ချင်းကြီး သမုဒ္ဒရာကြီးတစ်ခုလုံးကို ရှင်းလင်းပေးစရာ မလိုပါဘူး။ ဒီစီမံကိန်းက အရမ်းကြီးတာပဲလေ။ ဟုတ်တယ် မှတ်လား။ ငါတို့အားလုံးလည်း ပင်လယ်ရေပြင်တစ်ခုချင်းစီက ရေမှော်တိုင်းကို ဖိနှိပ်နိုင်ရုံပဲ လိုအပ်တာပါ”
“အွန်း အမှန်တိုင်း ပြောရမယ်ဆိုရင် အထက်ကလည်း မင်းကို ဒီကိစ္စကို ပြောချင်နေကြတာ။ ဒါပေမဲ့ မင်းအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာကိုလည်း ကြောက်နေကြတယ်။ ဒီတိရစ္ဆာန်တွေကို ပြန်ကယ်တာက ကိစ္စကြီးလေ။ ငါတို့ မင်းကို မဆွဲထားချင်ဘူး”
သူက ထိုသို့ ပြောနေရင်းမှ သက်ပြင်းကို ချသည်။
“တရုတ်နိုင်ငံက ထုတ်တဲ့ ဆီတွေက ပြည်တွင်းက ဝယ်လိုအားကိုတောင် မလုံလောက်ဘူး။ နောက်ပြီး ပြည်ပကိုလည်း တင်ပို့ရသေးတယ်။ ဆိုတော့ ဒီအကြောင်းပြချက်တစ်ခုကတင် သမုဒ္ဒရာထဲက အဲဒီ ဆီတွင်းတွေကို တူးထုတ်လို့ မရဘူး ဖြစ်နေတယ်”
“အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်သွားတဲ့ ကာလအတောအတွင်းမှာ ငလျင်တွေ ဆက်တိုက် လှုပ်တယ်။ ကုန်းမြေပေါ်က ဆီတွင်း အများစုက မတည်မငြိမ် ဖြစ်ကုန်ကြတယ်။ သုံးလို့ မရနိုင်အောင် ဖြစ်သွားကြတယ်”
“ဆိုတော့”
“ငါ နားလည်ပါပြီ”
ဆုပိုင်ကလည်း ခေါင်းကို အသာညိတ်သည်။ နန်ကုန်းယွမ်ကသာ ထိုကဲ့သို့ တိရစ္ဆာန်ရှိမရှိ ပြောပြလာကတည်းက သူသည် ခပ်ရေးရေး ခံစားမိပြီးသား ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဆီမဟာမိတ်နှင့် ကတောက်ကဆ ဖြစ်သွားခဲ့ပြီး နောက်ဆုံးတွင် လက်ရှိ အခြေအနေ ဖြစ်လာနိုင်လည်း ခန့်မှန်းပြီးသား ဖြစ်သည်။
ဆီမဟာမိတ်က ထိုသို့ တိုင်းပြည်ကို ထူထောင်ထားနိုင်သည်မှာလည်း တိုင်းပြည်တိုင်းက အပြန်အလည် အသိအမှတ် ပြုထားပြီး မည်သည့် စည်းမျဉ်းကိုမှ ဂရုစိုက်စရာ မလိုခဲ့သည်မှာ ဆီ၏ ထိန်းချုပ်မှုကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံကမှု ပြည်တွင်းတင် ဆီအနည်းငယ် ထုတ်နိုင်သေးသည့်အတွက် အခြေအနေ ကောင်းသည်ဟု သတ်မှတ်၍ ရသည်။ အခြားတိုင်းပြည်များဆိုလျှင် ပြည်ပမှ တင်ပို့သမျှကိုသာ မှီခိုနေရသည်။
“သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ကယ်ဆယ်မှုတွေ အာလုံးကသာ အောင်မြင်သွားခဲ့ရင် ငါ အထက်ကို ဆက်သွယ်ပြီး သူ့ ထားဖို့ နေရာကို ဆွေးနွေးပေးမယ်။ ဒါမှမဟုတ်လည်း ကြိုက်တဲ့ နေရာကို ရွေးလို့ ရပါတယ်”
ဆုပိုင်က တည်ကြည်သော မျက်နှာဖြင့် ပြန်ဖြေသည်။
“တကယ်တော့ ပြောလို့ မရတာတော့ မဟုတ်ပါဘူး။ အနည်းနဲ့ အများဆိုသလို ဒီတိရစ္ဆာန်တွေကို ကယ်ဆယ်ဖို့ လိုအပ်တာပဲလေ။ ဒါအပြင် ဆီက တင်ပို့ဖို့တာ့ မဖြစ်နိုင်ဘူး။ ကောင်းကင်ပြာတိရစ္ဆာန်ရုံနဲ့လည်း အများကြီး ပတ်သက်တယ်။ မမေ့သင့်တာက ငါက တရုတ်”
“အွန်း သိပ်တော့ မကြာပါဘူး။ ဒီပွဲတွေ ပြီးသွားရင်တော့ ပြန်ကယ်နိုင်လောက်ပြီ”
“ဒါပေမဲ့ သိတဲ့အတိုင်းပဲ ဒီတိရစ္ဆာန်တွေရဲ့ အရေအတွက်ကို ထိန်းချုပ်ဖို့ လိုအပ်လိမ့်မယ်။ သူတို့က သဘာဝရဲ့ ရန်သူတွေ မရှိဘဲနဲ့ အရမ်းကို အမြောက်အများကြီး မျိုးပွားပြီး ပမာက တော်တော်လေးကို မြောက်များသွားခဲ့ရင် ရေထဲက အပင်အများစုအတွက်လည်း ထိခိုက်မှု ဖြစ်သွားစေနိုင်သေးတယ်”
“ဒါကို မစိုးရိမ်ပါနဲ့”
နန်ကုန်းယွမ်က ချက်ချင်းဆိုသလို ရင်ဘတ်ကို ပုတ်ပြီး အာမခံသည်။
“လုံးဝ ပြဿနာ မရှိဘူး။ ငါတို့ ရေပြင်ကို ပုံမှန် ရှင်းဖို့ လူလွှတ်လိုက်မယ်”
434 03
ဘန်း
ထိုအချိန်တွင် ရုံခန်းတံခါးက ရုတ်တရက် တွန်းဖွင့်ခံရသည်။
အိုး
ဟာလီက ဝင်လာပြီး ဟောင်သည်။
“ဒါရိုက်တာ ဆုပိုင် အာဟ … အာဟ တစ်ခုခု မှားနေပြီ”
“ဘာ”
ဆုပိုင်က တအံ့တဩ အော်ပြီး ထိုင်ခုံမှ ထရပ်ကာ ခပ်မြန်မြန် ထွက်သွားသည်။
သူ ပင်ပန်းပြီး တစ်ခုခု များဖြစ်သွားတာလား။
မနေ့က နောက်ဆုံးတစ်ပွဲ ပြီးနောက် ထိုအကောင်က ပတ်မပြေးတော့ချေ။ ဆုပိုင်က မယုံမကြည် ဖြစ်သွားကြောင်း မြင်လိုက်သဖြင့် နန်ကုန်းယွမ်ကလည်း အနောက်မှ လိုက်လာသည်။
အဝေးမှ နေ၍ လူများ ဝိုင်းနေကြောင်း မြင်ရသည်။ စင်ပေါ်မှ လူငယ်လေးတစ်ယောက်က မြေပြင်တွင် ဒူးထောက်ထားပြီး တရှုံ့ရှုံ့ ငိုနေသည်။
“ဝူး ဝူး ဝူး ငါ တကယ် အင်အားအများကြီး မသုံးထားပါဘူး။ သူ ဘာလို့ လဲကျသွားလဲ မသိဘူး”
“ငါ … ငါ … ငါ မရည်ရွယ်ပါဘူး။ ကျေးဇူးပြုပြီး ငါ့ကို ယုံပါ”
“ကျေးဇူးပြုပြီး အားလုံးလည်း မြင်ကြတာပဲ။ အာဟက သူ့ဘာသူ လဲကျသွားတာနော်”
သိသိသာသာကိုပင် ထိုလူငယ်က အာဟနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် အာဟက ရုတ်တရက် မြေပြင်ပေါ်သို့ လှဲကျသွားကာ ခန္ဓာကိုယ်က တွန့်လိမ်လာသည်။ ပါးစပ်မှ အဖြူရောင် အမြုပ်များပင် ထွက်လာသည်။
“အားလုံးပဲ မနက်ဖြန်ကျမှ စိတ်မရှည် မဖြစ်ကြပါနဲ့”
ဆုပိုင်က စင်ပေါ်သို့ တစ်လှမ်းတည်းနဲ့ ခုန်တက်လိုက်ပြီး ဟက်စကီး၏ နံဘေးတွင် ဆောင့်ကြောင့် ထိုင်ကာ ဂရုစိုက် ကြည့်သည်။ သူသည် ထူးဆန်းသော အမှုအရာနှင့် တွန့်နေသော ဟက်စကီးကို ကြည့်သည်။
ဟူး
သူဟာ သက်ပြင်းကို ချပြီး တိရစ္ဆာန်ဘာသာစကား ဖန်ရှင်ကို သုံးကာ ပြောသည်။
“ကြည့်ရတာ မျှော်လင့်ချက် မရှိတော့ဘူးပဲ”
ဟား ဟား ဟား
ကောင်းလိုက်တာ
အာဟက မျက်လုံးတစ်ဖက်ကို ဖွင့်ပြီး ဒါရိုက်တာ ဆုပိုင်ကို ကြည့်သည်။ ထိုနောက် သူဟာ သုန်မှုန်သော အမှုအရာကို မြင်သောအခါ အပျော်လွန်သွားသည်။
ကြည့်ရတာ အဲဒီကြက်တူရွေးရဲ့ နည်းလမ်းက အသုံးဝင်သားပဲ။
ကြည့် ဒီလူတွေ ဘယ်လောက်တောင် ကြောက်သွားကြလဲ။
မနေ့ညက အာဟသည်လည်း သူ့ကို စောင့်နေသေးသည့် လူ ၁၆၀၀ အကြောင်းကို တွေးမိသောအခါ ရုတ်တရက် အိပ်စက်ချိန် ပျောက်ဆုံးသွားခဲ့သည်။ သူဟာ ကြက်တူရွေးကို တိတ်တဆိတ် ရှာဖွေ့ပြီး အကူအညီ တောင်းရန် စဉ်းစားထားလိုက်လေသည်။ နောက်ဆုံးတွင် ဒီအကြံကို ရလာသည်။ သို့ရာတွင် အာဟကလည်း အကြံက ထိုမျှအထိ ကောင်းလိုက်မည်ဟု မမျှော်လင့်ထားပေ။ ဒါရိုက်တာ ဆုပိုင်ကပင် အရူးလုပ်ခံလိုက်ရသည်။
ဘုရားရေ ငါ နောက်ဆုံးတော့ ဒီလူတွေကို တိုက်ခိုက်စရာ မလိုတော့ဘူးပေါ့။ အဲဒီလိုမှ မဟုတ်ရင် တပိုင်တို့ အဖွဲ့က ငါ့ကို ဒီည ထပ်လှောင် လိမ့်မယ်။
++++++
435 01
အခန်း 435
“ဒါရိုက်တာဆုပိုင် ငါ တကယ် ဘာမှ မလုပ်ဘူးနော်။ သူ ဘာလို့ ဒီလို လဲသွားလဲ ငါ မသိဘူး”
သူ၏ အရှေ့မှ ကြောက်ရွံ့မှုဖြင့် တုန်ယင်နေသော လူငယ်ကို မြင်ပြီး ပြုံးလိုက်ကာ ဆုပိုင်က လူကို ရမ်းလိုက်သည်။
“အဆင်ပြေပါတယ်။ ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူး။ ကယ်လို့ ရတယ်”
ထိုသို့ ပြောပြီးသည်နှင့် သူဟာ လူအုပ်ထဲမှ လောင်ကျိုးကို လှမ်းခေါ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
အားလုံးကလည်း ပါးစပ်မှ အမြုပ်များထွက်နေသော ဟက်စကီးကို ကြည့်နေသေးပြီး အလွန် ပူပန်နေကြသည်။ လူတိုင်းသည်လည်း ဟက်စကီးက အားကိုးလို့ မရမှန်း သိသည်။ သို့သော် သူသည်လည်း တိရစ္ဆာန်တစ်ကောင် ဖြစ်လေသည်။
“အွန်း ငါတို့ ဘာလို့ ဟက်စကီးကို စိန်ခေါ်တာကို လက်မလျော့ရမှာလဲ။ သူ့ကို စိန်ခေါ်တဲ့ လူက ဒီလောက်များမယ်လို့လည်း မထင်ထားဘူး။ ဒီအစား လက်လျော့တာ ဒါမှ မဟုတ်ရင်လည်း သားပိုက်ကောင်ကိုပဲ စိန်ခေါ်ကြမယ်လေ”
“ဟုတ်တယ်။ ဟုတ်တယ်။ သူလည်း သေချာပေါက် ပင်ပန်းနေမှာ။ မနေ့က သူ လူအယောက် ၂၀၀၀ နီးပါးကိုတောင် ရင်ဆိုင်ထားရတာ။ တစ်ပွဲပဲ နိုင်သေးတာ။ လူပေါင်းများစွာက ရိုက်တာကိုလည်း ခံထားရသေးတယ်။ မတ်တပ်ထနိုင်တာကတော့ တော်တော် ကံကောင်းနေပြီ”
“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့တွေ တိရစ္ဆာန်စိန်ခေါ်ပွဲကို စိန်ခေါ်ချင်ဖို့ သဘောတူထားတယ် ဆိုပေမဲ့လည်း ဟက်စကီးကတော့ တော်တော်လေး သနားဖို့ ကောင်းနေပါပြီ”
ထိုလူတစ်အုပ်ကပင် သူတို့၏ ဖုန်းများကို ထုတ်ကာ တိရစ္ဆာန်ကို လဲရန် စဉ်းစားကြသည်။
“တကယ်တော့ မလိုပါဘူး။ ဆုပိုင်က လက်ကို ရမ်းပြသည်။ သူသည် လောင်ကျိူး ယူလာသော အရည်များ ထည့်ထားသည့် ဇလုံကို ယူလိုက်ပြီး အာဟ၏ အရှေ့တွင် တဖြည်းဖြည်း ချသည်။
“ဒီကောင်ရဲ့ ပါးစပ်ကိုသာ ဟပေးထား။ တစ်ခုလုံး လောင်းထည့်လိုက်လို့ ရတယ်”
“အွန်း”
အာဟက ရုတ်တရက် ခြေထောက်လှုပ်သွားပြီး မျက်လုံးကို ဖက်ကနဲ့ ဖွင့်ကာ ကြည့်သည်။ သို့သော် သူ၏ ခြေထောက် လေးချောင်းလုံးက ဆန့်တန်းသွားပြီး သူသည် တွန့်လိမ်ရန်ပင် မေ့သွားသည်။
သူသည် ရုတ်တရက် မြေပြင်မှ ခုန်ထကာ အနောက်ဘက်သို့ ကြောက်လန့်တကြား ဆုတ်သည်။
အိုး ရှစ် မင်းက လူဟုတ်သေးရဲ့လား။
ဒီ … ဒီ … ဒီ အညစ်အကြေးတွေ ဇလုံလိုက်ကြီး ယူလာတယ်။ သူ့ပါးစပ်ထဲကို လောင်းထည့်အုန်းမယ် ဟုတ်လား … သေစမ်း ငါရဲ့ ဘဝမှာ ဘယ်တော့မှ ချီးမစားဘူး။
အာဟက အံကို ကြိတ်ပြီး ဆုပိုင်ကို အော်သည်။
ဝုတ်
“ငါ အဆင်ပြေတယ်နော်။ ငါ တကယ် အဆင်ပြေသွားပြီ။ အခုနက ခြေထောက် ကြွက်တက်တာ။ အခု ကောင်းသွားပြီ”
“အဲဒါကြီး မြန်မြန် ယူသွားပါတော့”
“အခု ငါ့ကို ရိုက်မယ်ဆိုတာ ဘယ်သူအလှည့်လဲ။ မဟုတ်ဘူး။ အခုနက ငါ့ကို အနိုင်ယူမယ်ဆိုတာ ဘယ်သူလဲ”
ထိုဇလုံထဲမှ အရည်များကို မြင်ပြီးသည့်နှင့် အာဟက ခက်ခက်ခဲခဲ တံတွေးမျိုချသည်။
ကြောက်ဖို့ ကောင်းလိုက်တာ။
နောက်ပြီး အခြားအရာတွေနဲ့လည်း ရောထားသေးတယ် ထင်တယ်။
အား တကယ်လား။
ဆုပိုင်က အဖုံးကို တဖြည်းဖြည်း ပိတ်လိုက်ပြီး အာဟကို ကြည့်ကာ ပြုံး၍ မေးသည်။
435 02
“မင်း တောင့်ခံနိုင်သေးရဲ့လား”
ဝုတ်
“ရတာပေါ့”
“ငါ သေချာပေါက် ထိန်းနိုင်တယ်”
အာဟကို ကျောကို မတ်ကာ ရင်ကို ကော့ပြီး တည်ကြည်သော အမှုအရာမျိုးဖြင့် ပြောသည်။
လာနောက်နေတာလား။ ဒီအတိုင်း အရိုက်ခံရုံပဲလေ။ သူ အရင်က အရိုက်မခံဖူးတာလည်း မဟုတ်ဘူး။
တိရစ္ဆာန်ရုံထဲမှာ ပတ်မေးကြည့်။ ဘယ်သူက သူ့ကို မရိုက်ဖူးလို့လဲ။
ဒီထက် လူပိုများရုံပဲ မဟုတ်ဘူးလား။
သူသည် ဂရုစိုက်ပြီး တွေးကြည့်ရမည်ဆိုလျှင်ပင် သူသည် အကြိမ်တော်တော်များများ အရိုက်ခံဖူးလေသည်။
ဆိုတော့ အတွေ့အကြုံရှိတာ မကောင်းဘူးလား။
“ကောင်းပြီ။ ကောင်းပြီ။ အကောင်းဆုံးသာ ကြိုးစား”
ဆုပိုင်ကလည်း ထိုအကောင်၏ နဖူးပေါ် လက်အသာ ပွတ်လိုက်ပြီး လေးနက် တည်ကြည်သော အသံမျိုးဖြင့် နှစ်သိမ့်သည်။
ထိုနောက် သူသည် စင်အောက်ဘက်သို့ တိုက်ရိုက်ပင် ဆင်းလာသည်။
“ပြိုင်ပွဲ စလို့ ရပြီ”
သူဟာ လူတိုင်းကို အော်ပြောလိုက်သည်။
ဝုတ်
“ဘယ်သူအလှည့်လဲ”
အာဟက မျက်လုံးကို ပြူးပြီး ကွင်းထဲတွင် ပတ်ပြေးကာ အော်ပြန်သည်။
သေချာပေါက် ဒီည အစည်းအဝေး ထိုင်ရမယ် ဟွန်း။ ငါ ဘယ်လို နည်းနဲ့မှ ရှုံးလို့ မရဘူး။ အနည်းဆုံးတော့ သရေနည်းနည်း ကျအောင် ဆွဲဆောင် ရမယ်။
“အခု ဒီပွဲကို မင်းနဲ့ ထားခဲ့ပြီ”
ဆုပိုင်က နန်ကုန်းယွမ်၏ နံဘေးနားတွင် ကပ်ရပ်ပြီးနောက် စင်မြင့်တစ်ခုချင်းစီပေါ်မှ ပြိုင်ပွဲများကို ကြည့်နေပြီး ခပ်တိုးတိုး ပြောသည်။
“ငါ ဆုပေးမဲ့ ပြိုင်ပွဲ အခမ်းအနားကိုတော့ ခင်ဗျားတို့နဲ့ပဲ ထားခဲ့တော့မယ်”
“မစိုးရိမ်ပါနဲ့”
နန်ကုန်းယွမ်ကလည်း ဆုပိုင်က ရေနေအပင်များကို စားသောက်ဝါးမျိုးနိုင်မည့် တိရစ္ဆာန်အသစ်ကို ရှာဖွေလေ့လာရန် ကြိုးစားနေမှန်း သိသည်။ ထိုကြောင့် တစ်ခဏခန့်ကြာပြီးနောက် ဒုက္ခမပေးတော့ရန် ဆုံးဖြတ်လိုက်သည်။ ရေနေသတ္တဝါများသာ ကယ်ဆယ်နိုင်မည်ဆိုလျှင် တိုင်းပြည်က ဆီအများကြီး ထုတ်နိုင်လာပေလိမ့်မည်။
ထိုနောက် တိရစ္ဆာန်ရုံကိုလည်း အများကြီး ကျေးဇူးကြွေးတင်သွားပေလိမ့်မည်။
“အား”
ရုတ်တရက် အရှေ့ဘက် စင်ပေါ်မှ စူးရှသော အော်သံက ထွက်လာသည်။ ဆုပိုင်က ရပ်တန့်သွားပြီး ခပ်မြန်မြန် သွားလိုက်သည်။
“ကွက် ကွက် ကွက်”
“မပြေးနဲ့”
435 03
အဝေးမှ နေ၍ ခွေးတူဝက်တူအကောင်က အမွှေးများထောင်တက်ပြီး လူတစ်ယောက်နောက်သို့ ပတ်လိုက်နေတာ မြင်ရသည်။ ထိုနောက် သူ လိုက်နေသော အရာကို မြင်ပြီး ဆုပိုင်က မျက်မှောင်ကို ကြုတ်သည်။
ဒီပြိုင်ပွဲက ဘယ်သူလဲ။
သူက ဘာလို့ ဒိုင်သူကြီး နောက်ကို လိုက်နေတာလဲ။
ဝမ်ချွမ်က အမှန်တကယ် သေချင်နေပြီ ဖြစ်သည်။ သူသည် အကာအကွယ်ဝတ်စုံကို သေချာကိုင်ထားရင်း ပတ်ပြေးနေရသည်။ သူသာ ကြိုသိထားမည်ဆိုလျှင် ထိုအကောင်ကို ရန်မစရဲချေ။
အရမ်း ကြမ်းတယ်။
သူသည်လည်း ထိုအကောင်၏ တိုက်ခိုက်နိုင်စွမ်းအားက သာမန်ဟုသာ ထင်ထားသည်။ သို့သော်
မမျှော်လင့်ထားစွာပင် အမှန်တကယ် တိုက်ခိုက်သောအခါ အကြွင့်မဲ့ သူအရူး ဖြစ်နေသည်။ ထိုလူသုံးယောက်တည်းက စိန်ခေါ်သူဆိုတာ အံဩစရာ မရှိပေ။
ခရက်စ့်
ထိုခွေးတူဝက်တူက အကာအကွယ်ဝတ်စုံကို ကိုက်ပစ်လိုက်ပြီး စုတ်ဖြဲပစ်လိုက်သည်။
ထိုအခြေအနေကို မြင်သောအခါ ဝမ်ချွမ်ကလည်း သူ၏ လက်ဝှေ့ထိုးသော အိတ်ဖြင့် နဖူးကို ထိုးလိုက်သည်။
ဘန်း
သို့ရာတွင် ထိုခွေးတူဝက်တူက ခေါင်းကို အသာခါသည်။ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုက ပေါ်ထွက်လာသည်။ သူသည် ပို၍ပင် ကြမ်းတမ်းစွာ ဆွဲဖြဲ ပစ်သည်။
ဗြွီ
သူသည် လက်မောင်းပေါ်မှ အကာအကွယ်အကာကိုပင် ဆွဲဖြဲ ပစ်လိုက်သည်။ ထိုနောက် မျက်လုံးကို ပြူးကျယ်ရင်း အရှေ့မှ သားကောင်ကို ဝိုင်းပတ်ကာ ကြည့်သည်။
စင်ပေါ်မှ ခုန်ချသွားနိုင်သော လမ်းကြောင်းများကို ပိတ်ပစ်လိုက်သည်။
သူ မနေ့က ရှုံးသွားတာ။
လူသုံးယောက် သူ့ကို စိန်လာခေါ်ဖို့ လွယ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက စင်ပေါ်တက်ပြီး တိုက်ခိုက်တော့မဲ့အချိန်မှာပဲ အဲဒီကောင်တွေက စင်ပေါ်က ခုန်ဆင်းသွားတယ်။
ဒါပေမဲ့ ဒီအရှေ့က တစ်ကောင်တော့ ကောင်းတာပဲ။
အရမ်းကို ခုခံနိုင်တယ်။ နောက်ပြီး မဆိုးဘူး ကျွမ်းကျင်တဲ့ အနေအထားမျိုးပဲ။
ငါ သူရဲ့ ကိုယ်ပေါ်က အဲဒီ အကာအကွယ်အလွှာတွေကို ခွာချရမယ်။ အဲဒီနောက် သူ ပြေးနိုင်မှာ မဟုတ်တော့ပါဘူး။ နှမြောစရာ ကောင်းတာက ဒါရိုက်တာ ဆုပိုင်က ဒီလူတွေကို ထိခိုက်အောင် လုပ်လို့ မရဘူးလို့ ပြောထားတယ်။
အဲဒီလိုမှ မဟုတ်ရင် ဒီနေ့ အချိန်ကောင်းကို ပိုင်ဆိုင်တော့မှာ။
“ဒါက …”
ဆုပိုင်က လုအုပ်ထဲတွင် ရပ်နေရင်း အကာအကွယ်ပစ္စည်းများအပြည့် ဆွဲဖြဲခံနေရသော ဝမ်ချွမ်ကို နှုတ်ခမ်းထောင့်က တွန့်သွားသည်။
သူသာ ကြိုသိခဲ့မည် ဆိုလျှင် တိုက်ခိုက်ရေး စွမ်းရည် ပြင်းထန်သော ထိုတိရစ္ဆာန်များအား လက်သည်များ၏ အပေါ်တွင် ဒိုင်သူကြီးများကို အာရုံ မစိုက်ခိုင်းခဲ့သင့်ပေ။
ထိုအချိန်တွင် ထိုခွေးတူဝက်တူ အစ်ကိုကြီးက တိုက်ခိုက်လိုစိတ် ပြင်းထန်နေကြောင်း မြင်နိုင်သည်။ သူသာ တက်သွားမည်ဆိုလျှင်လည်း တားရန် ခက်လောက်သည်။
“အစ်ကို ဝမ် ချက်ချင်း ခုန်ဆင်းလာ”
သူဟာ ကွင်းထဲသို့ လှမ်းအော်သည်။
“ငါ … ငါ … ငါလည်း ပြေးဆင်းချင်တယ်”
ဝမ်ချွမ်က ဘေးဘီကို ကြည့်ပြီး လှမ်းအော်သည်။ သူက ငိုသံပေါက်နေသည်။
435 04
“ငါ ခုန်လိုက်ရုံပဲ ရှိသေးတယ်။ သူက ငါ့ကို ပြန်ဆွဲ တင်တယ်လေ”
“ဒါရိုက်တာဆုပိုင် ဒါက ဘယ်လို တိရစ္ဆာန်လဲ။ ကြောက်ဖို့ကောင်းလိုက်တာ”
“ငါ့ကို ပြေးခွင့်တောင် မပေးဘူး”
ကွက်
ခွေးတူဝက်တူက ဆုပိုင်ကို ကြည့်ပြီး အော်သည်။ ထိုနောက် ဒိုင်သူကြီးဆီသို့ ပြေးသွားသည်။ ဒီနေ့ ဘယ်သူမှ စကားမပြောရဘူး။
သူ့ကို ကောင်းကောင်း တိုက်ခိုက်ရမယ်။
သူ နေ့တိုင်း ဝက်မွှေးတွေနဲ့ သေအောင် မွန်းကြပ်နေပြီ ဟုတ်ပြီလား။
…
ညနက်ပိုင်းတွင် ဆုပိုင်က ရုံခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေရင်း စနစ်၏ ဇယားကို ကြည့်သည်။ ယခုအခါ တရုတ်နိုင်ငံမှ ရေနေသတ္တဝါများကို ပြန်လည်ရှင်သန်ရန် အရေးတကြီး လိုအပ်နေသည်။ ထိုကြောင့် အင်အားသုံးပြီး ရင်ဆိုင် ရတော့ပေမည်။ အခုကလည်း အခွင့်အရေး ဖြစ်သည်။
“ပင်လယ်ဖျံအပိုင်းအစကို လဲရမလား”
သူဟာ စနစ်ကို တစ်ချက် ညည်းထွားပြီး ပြောသည်။
“ဟုတ်သားပဲ”
ဆုပိုင်က ပင်လယ်ဖျံစားစရာဆိုသော ပင်လယ် လူရမ်းကားက ရေမှော်များကို စားလေသည်။ သို့သော် ထိုတာဝန်ကလည်း သမုဒ္ဒရာထဲတွင် ဖြစ်လောက်သည်။ ထိုကဲ့သို့ ပင်လယ်ဖျံမျိုးကလည်း တစ်ဘဝလုံးလိုလို ပင်လယ်ပေါ်တွင် မျောလွင့်နေတတ်သည့် သတ္တဝါမျိုး ဖြစ်သည်။
******