← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

436 01

အခန်း 436

…

တစ်ဖက်တွင်မှု တခြားသော တိရစ္ဆာန်များက ခြောက်လှန့်တိုက်ခိုက်ခြင်း မရှိရန် ကာကွယ်ရမည်။ တခြားသော တစ်ဖက်တွင်မှု ပင်လယ်ပေါ်တွင် လဲကာ အိပ်ချင်သောကြောင့် ဖြစ်သည်။

သူဟာ မကြာခဏဆိုသလို ကမ်းစပ်ပေါ်တွင် တက်ပြီး အိပ်စက်သော်လည်း သူတို့ဟာ ကြောက်တတ်သည်။ သူတို့ ပင်လယ်ဖျံများက ကမ်းစပ်တွင် နားခဲသည်။ အရေးကြီးဆုံးအချက်ကမှု သူတို့က အနံ့ခံအာရုံ အလွန်ကောင်းမွန်သောကြောင့် ဖြစ်သည်။

သူတို့၏ အနံ့ခံအာရုံ သက်ရောက်သော ဝန်းကျင်က မီတာ ၈၀၀၀ ဖြစ်သည်။ မီတာ ၈၀၀၀ အကွာတွင် ဆေးလိပ်သောက်နေသော သူ၏ အနံ့ကိုပင် ရသည်ဟု ပြောလျှင်ပင် ချဲ့ကားရာ မရောက်ပေ။ မတူညီသော အနံ့မျိုးကို ရလိုက်သည်နှင့် ချက်ချင်းဆိုသလို ပင်လယ်ထဲသို့ ထိုးဆင်းသွားတတ်သည်။ သို့မဟုတ်လျှင်လည်း ကမ်းစပ်သို့ ထပ်မတက်တော့ပေ။

…

“စနစ် တာဝန်စ”

ဆုပိုင်က ရေငုပ်ဝတ်စုံကို ပြောင်းဝတ်လိုက်ပြီး ပါဝင်ပစ္စည်းများအားလုံးကို အရသယ်ပြီးသည်နှင့် စနစ်ကို တာဝန် စရန် ညွှန်ကြားသည်။

“တင်။ ပင်လယ်ဖျံတာဝန်က စတင်ပါပြီ”

“တင်။ ပင်လယ်ဖျံတာဝန်ရဲ့ ခက်ခဲမှုက မြှင့်တင့်သွားပါပြီ။ အံ့အားသင့်မှုအမှတ်က နှစ်ဆပါ။ ပင်လယ်ဖျံစားစရာ အမျိုးအစားကိုလည်း ပြန်လည်ယူဆောင်နိုင်ပါတယ်”

“စနစ် ရေတွက်ချိန်”

“၁၀”

“၉”

“၈”

“…”

ခွက်

ဖူး

ဆုပိုင်က အေးစက်သော ပင်လယ်ရေထဲမှ ခုန်ထွက်၍ ဘေးဘီကို ကြည့်သည်။ သူဟာ သမုဒ္ဒရာအလယ်တွင် ဖြစ်သည်။ ထိုအပြင် အဝေးမှ ကမ်းရိုးတန်းနှင့်လည်း သိပ်မဝေးချေ။ ထိုအပြင် ထိုအချိန်တွင် ပင်လယ်ဖျံတစ်အုပ်က ပင်လယ်ထဲပေါ်တွင် မျောလွင့်နေရင်း ခပ်အေးအေးစားသောက်နေကြသည်။ ဆုပိုင်က ရေအောက်ထဲသို့ ငုပ်လိုက်ပြီး ထိုပင်လယ်ဖျံအုပ်ထံသို့ စတင်ကာ ကူးခတ်သွားသည်။ ထိုအကောင်များက သဘာဝအရပင် အလွန်ကြောက်တတ်သည်။ အနည်းအငယ်သော ပြဿနာကို မြင်ရုံနှင့် ထွက်ပြေးတတ်သည်။

ဘန်း ဘန်း ဘန်း

အသင်းအစပ်နားမှ ပင်လယ်ဖျံက ပင်လယ်မျက်နှာပြင်ပေါ်တွင် ပက်လက်လေး လှန်လှဲနေပြီး ဆုပိုင်သည် အခုမှ ပင်လယ်သတ္တဝါလေးများကလည်း တစ်ကွဲတစ်ပြားစီနှင့် ဗိုက်ပေါ်၍ ထိုဘက်ကို ကြည့်နေလေသည်။ သူသည် သူ၏ လက်သည်းကို သုံးကာ ပင်လယ်သတ္တဝါ်လေးကို ကျောက်တုံးဖြင့် ရိုက်ခတ်နေသည်။ ထိုနောက် အဟကြားနေရာက ပေါ်လာ၏။ သူကလည်း စိတ်မရှည်သလိုမျိုးပင် ထိုအခွံမာသတ္တဝါ၏ အဟကြားနေရာကို လက်သည်းဖြင့် ဆွဲထုတ်ကာ ပါးစပ်ထဲသို့ ထည့်သည်။

ရှလွတ်

သူက အသက်ကိုပင် ပြင်းပြင်းရှုလိုက်သည်။ မျက်လုံးကလည်း ကျဉ်းမြောင်းသွား၏။ အလွန် မွေ့လျော်နေသော အမှုအရာမျိုးနှင့် ဖြစ်သည်။ ထိုနောက် သူသည် အတွင်းတွင် ဘာမှ မကျန်ရှိတော့သည့်အထိ လှုပ်ခါကာ စားသောက်ပြီး နောက်ဆုံးမှ နောက်တစ်ကောင်ကို ထပ်ယူကာ ထပ်ရိုက်ပြန်သည်။

ခရက်စ့်

436 02

ရုတ်တရက် အဝေးမှ လှိုင်းလုံးပုတ်သံကို ကြားရသည်။ ထိုပင်လယ်ဖျံက ခေါင်းကို သတိဖြင့်် ကပ်ကာ မော့၍ ဘေးဘီကို ကြည့်သည်။ အချိန်တွေကြာမှသာ ဒီအတိုင်း ကြီးမားလွန်းသော လှိုင်းလုံးကြီးသာ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ စိတ်အေးစွာ သက်ပြင်းချသည်။

သူသည်လည်း ထိုပင်လယ်သတ္တဝါငယ်များကို စားသောက်၍ မပြီးသေးပေ။ ထိုကြောင့် ခက်ခက်ခဲခဲဖြင့် ဆယ်ထုတ်ထားပြီးနောက်တွင် အားယားနေသော အကောင်များက ပြဿနာလာမရှာရန် မျှော်လင့်နေလေသည်။

သူဟာ ခေါင်းကို တစ်ဖက်သို့ ပြန်လှည့်၍ နံဘေးတွင် လက်ချင်းတွဲကာ လဲနေသော အပေါင်းအဖော်များကို ကြည့်ကာ နှုတ်ခမ်းထောင့်က စိုပြေသွားလေသည်။

ဟွန့် တာဝန်သိနေကြတာ။ အဲဒီလိုမှ မဟုတ်ရင် သူ ပင်လယ်ရေမှော်တွေပေါ်မှာပဲ လိမ့်ပြီး အိပ်ပါတယ်။

ဘန်း

သူဟာ လက်သည်းကို ဒေါသတကြီး မြှောက်လိုက်ပြီးနောက် အရှေ့မှ ပင်လယ်အခွံ့မာသတ္တဝါကို ကျောက်တုံးပေါ်သို့ ရိုက်ချသည်။ ထိုနောက် ပါးစပ်နားသို့ ကပ်ကာ စုပ်သွင်းလိုက်ပြန်သည်။

သို့သော် သူ သတိမထားမိသည်မှာ သူ၏ခန္ဓာကိုယ်အောက်ဘက်တွင် အနက်ရောင်အရိပ်တစ်ခုက တိတ်တဆိတ်ကပ်လာကာ စောင့်ကြည့်နေခြင်း ဖြစ်သည်။

“အား ချစ်ဖို့ကောင်းလိုက်တာ”

“ချစ်ဖို့ကောင်းတဲ့ ပုံစံဆိုတဲ့အတိုင်းပဲ မျက်နှာထားကတောင် ချစ်ဖို့ကောင်းတာနော်။ … ဟိုဘက်က ပင်လယ်ဖျံတွေကို ကြည်ဦး။ သူတို့အိပ်နေကြတဲ့ အချိန်မှာတောင် အချင်းချင်း လက်တွဲ ထားကြတယ်။ ဟား ဟား အရမ်း စိတ်ဝင်စားဖို့ ကောင်းတာပဲ”

“ဟိုဘက်မှာလည်း ပင်လယ်ဖျံနည်းနည်း ရှိသေးတယ်။ သူတို့ ဘာလို့ ဗိုက်နားမှာ အဲဒါ‌လေး ပတ်ထားကြတာလဲ”

“အဲ စာကြည့်တိုက်မှူး … သူတို့ ကျောက်တုံးထဲကနေ ရိုက်ရိုက်ယူနေတဲ့ အဲဒီအခွံ့မာသတ္တဝါက ဘာလဲဆိုတာကို ကြည့်ပေးလို့ ရမလား။ ဘာလို့ ထုလိုက်တာနဲ့ ပျက်သွားတာလဲ”

“ဒီကောင်မလေးရဲ့ နှလုံးသားက ရေလျှံကျနေပြီ။ လက်ကိုတောင် ထုတ်ပြီး မျက်လုံးကို ပွတ်လိုက်ပြီးတော့ ချစ်စရာကောင်းတဲ့ အပြုအမှု လုပ်နေတာပဲ”

“ငါ့အထင် ဒါရိုက်တာ ဆုပိုင်က ရေအောက်နေ ထွက်လာတာနဲ့ ဒီကောင် သေအောင် ကြောက်သွားမှာ”

“ငါကတော့ သူ့ကို ရင်ခွင်ထဲမှာ ပွေ့ပြီး ဖက်ထားချင်တာ။ ဒီလိုတိရစ္ဆာန်မျိုးက အရမ်းကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ အရမ်းကို ချစ်စရာကောင်းတာနော်။ ကြည့်လိုက်ရုံနဲ့တင် ခံစားချက်က ကောင်းလာတယ်”

“…”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း ချစ်စရာကောင်းသော ပင်လယ်ဖျံတစ်အုပ်က ထိုပင်လယ်ထဲတွင် မျောလွင့်နေတာ မြင်လိုက်သည်နှင့် နှလုံးသားက အရည်ပျော်သွားကြသည်။ သူတို့သည်လည်း စိတ်ဝင်စားစွာဖြင့် ဝင်ပြောကြသည်။ အထူးသဖြင့် ဒါရိုက်တာ ဆုပိုင်နှင့် အနီးဆုံးတစ်ကောင် ဖြစ်သည်။

သူသည် ကောင်းကောင်း စားသောက်ပွဲကြီးကို စားသောက်နေရသကဲ့သို့ ဖြစ်နေသည်။ သူ၏ ဗိုက်ပေါ်တွင်လည်း စားစရာကို သပ်သပ်ရက်ရက် တင်ထားပြီး တစ်ခုချင်းစီကို ခွဲကာ စုပ်ပြီး စားနေသည်။

မည်သို့ပင်ပင် ကြည့်ကြည့် စိတ်ဝင်စားစရာကောင်းသည်။ မည်သူကမှလည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းမှ ထိုသတ္တဝါလေးများက ထိုသို့ ပုံသဏ္ဏာန်မျိုး ရှိလိမ့်မည်ဟု မထင်ထားကြပေ။ ထို့အပြင် အရမ်း အကူအညီအဖြစ် သုံးရန် သတ္တဝါမျိုးနှင့်ပင် မတူညီပါပေ။

“ဝိုး”

သူ၏ ဗိုက်ပေါ်မှ ထိုပင်လယ်သတ္တဝါ အခွံ့အကုန်ကို စားသောက်ပြီးနောက်တွင် သူသည် ပါးစပ်ကို တစ်ချက်ပွတ်လိုက်ပြီး မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူသည် လှိုင်းလုံးနှင့်အတူ မျောလွင့်သွားသည်။

“အွန့်”

436 03

ရုတ်တရက် သူ၏ နဖူးကို တစ်စုံတစ်ရာက လာထိသလို ခံစားရသည်။ ထိုအခါ ပင်လယ်ဖျံက ဘေးတစ်စောင်း လှည့်ကြည့်လိုက်ပြီး လက်ကို မြှောက်ကာ နဖူးကို ပွတ်သည်။ ဘာကိုမှ မစမ်းမိချေ။ သူသည် ခေါင်းကို ခါပြီး ပြန်လိမ့်လိုက်သည်။ ဆုပိုင်က ရေအောက်တွင် ချောင်းမြောင်းနေရင်းမှ အပေါ်ဘက်မှ လှိုင်းများပေါ်တွင် မြှောက်တက်နေသော အကောင်ကို ကြည့်ပြီး ပြေးထွက်လာ၏။

ဆုပိုင်က လက်ညိုးကို ဆွဲထုတ်၍ သူ၏ နဖူးကို လှမ်းတောက်လိုက်ပြန်သည်။ ထိုနောက် ပင်လယ်ထဲသို့ ပြန်ဝင်ပြန်၏။

“အိုး”

“ဘယ်သူလဲ”

ထိုပင်လယ်ဖျံက ပါးကို ဖောင်းပြီးနောက် တစ်ဖက်သို့ သတိဖြင့် ကပ်ကာ ကြည့်သည်။ သူက ဘာကိုမှ မမြင်ရပြန်ပေ။ သူက နဖူးကို ပြန်ပွတ်သည်။ ထိုနောက် ချက်ချင်း ဦီးတည်ရာဘက်ကို ပြောင်း၏။ သူသည်လည်း တခြားတစ်ဖက်သို့ နဖူးရွေ့ကာ အိပ်လိုက်သည်။

နွေးထွေးသော နေရောင်က သူတို့၏ ကိုယ်ပေါ်သို့ ကျသည်။ ပင်လယ်ဖျံက မျက်လုံးကို မှိတ်လိုက်ပြန်သည်။

ဒီတစ်ကြိမ်တော့ ဘာမှ မဖြစ်လောက်တော့ပါဘူး။ ငါ စားပြီးခါစ ငါ နားဖို့ လိုနေတာ။

“အိုး”

ရုတ်တရက် ထိုပင်လယ်ဖျံက အော်သံတစ်ချက်နှင့် အတူ ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားပြီး အဝေးမှ အဖွဲ့ထံသို့ နောက်လှည့်မကြည့်ဘဲ ပြေးလေသည်။ သူသည် ပင်လယ်ဖျံတစ်ကောင်၏ လက်ဖဝါးကိုပင် လှမ်းဆွဲကာ ခပ်မြန်မြန် လှဲကျသည်။

“ဒီနေရာက ကြောက်စရာကောင်းတယ်”

“ဘာတွေ ဖြစ်နေတာလဲ”

သူနှင့် အပေါင်းအဖော်ရှိချိန်တိုင်းလိုလို ပြဿနာ မရှိနိုင်တော့ပေ။

သို့သော် ထိုပင်လယ်ဖျံနှစ်ကောင်လုံး၏ နဖူးပေါ်သို့ နာကျင်မှုက ရောက်ရှိလာကာ နှစ်ကောင်သားက တစ်ပြိုင်တည်းပင် မျက်လုံးကို ဖွင့်ကာ ကိုးရိုးကားရား ကြည့်သည်။

ခွက်

ကင်းလှည့်နေသော ပင်လယ်ဖျံက နှုတ်ခမ်းကို ကိုက်ရင်း သတိဖြင့် ကပ်ရင်း အဝေးသို့ ကြည့်သည်။

ခေါင်းကို ရိုက်လိုက်လို့ ခေါင်းတောင် မူးသွားတယ် တွေ့လား။

သူသည် ဒီနေ့ တာဝန်အဖြစ် စောင့်ကြပ်ရမည်ဖြစ်ကြောင်းကိုပင် မေ့နေသည်။

ပင်လယ်ပေါ်တွင် မျောလွင့်နေရင်းမှ သူသည် အချိန်တွေကြာအောင် ခေါင်းစောင်းပြီး ကြည့်သည်။ သို့သော် ဘာကိုမှ မတွေ့ရပြန်ပေ။ ထိုပင်လယ်ဖျံက ဗိုက်ကို ပွတ်ပြီး ပင်လယ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသည်။

သူဟာ အကြိမ်အနည်းအငယ်ခန့် ဟိုရှာဒီရှာ လုပ်ပြီးသည့်နှင့် ဗိုက်ဆာလာသည်။

သူသည်လည်း ပင်လယ်ကြမ်းခင်ပြင်ဆီသို့ ပြန်သွားလိုက်ကာ ကျောက်သားအကြားသို့ မွှေနှောက် ရှာဖွေ့ပြီးနောက် ကြီးမားသော အနီရောင် ပင်လယ်အခွံ့မာတစ်ကောင်ကို ဆွဲယူလိုက်သည်။

ဂလု ဂလု

ဆုပိုင်က ရေမှော်များအကြားတွင် ပုန်းနေရင်း ရေကူးတက်သွားသော ထိုအကောင်ငယ်လေးကို ကြည့်ကာ လက်ထဲတွင် ဂဏန်းကိုင်၍ အနောက်မှ လိုက်သွားသည်။

“ဒီကောင် ဒီနေရာမှာ နေနေတာ တော်တော်ကြာပြီ။ သူ့ကို လျော်ကြေးလေး ပေးအုန်းမှ”

သို့သော် ပင်လယ်ဖျံများက အမှန်တကယ် ချစ်စရာကောင်းသော သတ္တဝါများဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ မြောင်းဖောက်ထားသည်။ သို့သော် ဘယ်သူကမှ သူ့ကို လာမရှာကြပေ။

ဘန်း ဘန်း ဘန်း

436 04

နောက်ထပ် ခေါက်သံများစွာ ထွက်လာသည်။ ဆုပိုင်ကလည်း တိတ်တဆိတ်ဖြင့် လက်ကို ဆန့်ထုတ်လိုက်၍ ပင်လယ်ဖျံ၏ ဗိုက်ပေါ်သို့ ဂဏန်းကို တင်လိုက်ကာ ခပ်မြန်မြန် ဒိုင်ဗင်ထိုးဆင်းသည်။

“အိုး”

“ဘာဖြစ်တာလဲ”

ပင်လယ်ဖျံက သူ၏ဗိုက်က ယားလာသလို့ ခံစားရသည်။ သူသည် ရုတ်တရက် မျက်လုံးကို ကျဉ်းမြောင်းပြီး ဖြတ်ကနဲ ဖွင့်သည်။ ထိုအခါ သူ၏ ဗိုက်ပေါ်တွင် ကြီးမားသော ပင်လယ်ဂဏန်းကြီးတစ်ကောင်က လဲနေကြောင်း မြင်ရ၏။ သူ၏ လက်ထဲမှ ပင်လယ်အခွံ့မာ သတ္တဝါကပင် ပြုတ်ကျသည်။

သူ့ဘာသာသူ ကုန်းတက်လာတယ်။

ဘုရားရေ။ ဘယ်အချိန်က ဒီအပေါ်တက်လာတာလဲ။

ဘယ်လိုကြောင့် ဒီလောက်အထိ ဆက်ဆက်ထိမခံဖြစ်နေတာလဲ။

သူသည် တစ်ခါမှ ဒီလိုအခြေအနေမျိုးကို မကြုံ့ဖူးပေ။ သူသည် နဖူးကို ငေးငိုင်စွာ ပွတ်နေပြီး အရှေ့မှ ဂဏန်းကို ကြည့်သည်။ ဖြစ်နိုင်တာက

ငါ့ကို ရိုက်တာ ဒီကောင်လား။

ဘန်း ဘန်း ဘန်း

သူသည် လက်ကို မြှောက်၍ ထိုဂဏန်း၏ နဖူးကိုလည်း ကျောက်တုံးဖြင့် ရိုက်သည်။

ထိုနောက် ဘေးဘီကို ကြည့်သည်။ သူ၏ အပေါင်းအဖော်များက သတိမထားမိကြချေ။ ထိုကြောင့် သူသည် ခပ်မြန်မြန် ဦးတည်ရာချက် ပြောင်းသည်။ ဒါပေမဲ့

သူသည် ဂဏန်းကို တစ်ချက် ရိုက်သတ်လိုက်ပြီးနောက်တွင် ဂဏန်း၏ ခြေထောက်ကို ဆွဲဖြဲလိုက်ကာ ပါးစပ်ထဲသို့ ထည့်ပြီးနောက် ဆက်တိုက် စုပ်စားလေသည်။

“အိုး အနံ့က မွှေးလိုက်တာ”

ပင်လယ်ဂဏန်းက ဖမ်းဖို့ အရမ်းခက်တယ်။

မမျှော်လင့်ထားပဲ သူ့ဘာသာသူ ကုန်းတက်လာတယ်။ ဒါက သူရဲ့ သတိကြီးမှုအတွက် ဆုများလား။

ရုတ်တရက် သူ၏ နဖူးကို အခေါက်ခံရပြန်သည်။ သူ၏ လှုပ်ရှားမှုများကပင် ရပ်တန့်သွားသည်။

တကယ် … တကယ် ရောက်လာတယ်။ ဒီတစ်ခါတော့ သူ အလောတကြီး လှုပ်လို့ မရဘူး။

ဟွန်း နောက်တစ်ခေါက် ထပ်ပြီး ကုန်းတက်လာတာကို ခံလိုက်အုန်းမယ်။ … ဒီတစ်ခါ တောင့်ထားတာပေါ့။ သိပ်လည်း မနာပါဘူး။

နောက်ကိုသာ ပြန်လှည့် မကြည့်နဲ့။

ပင်လယ်ဖျံက နောက်လှည့်သွားပြီးသည့်နှင့် သူသည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး ခေါင်းကို ခါ၍ ထိုဂဏန်းခြေထောက်ကိုသာ ဆက်တိုက် စုပ်စားနေကာ မျက်လုံးကို မှိတ်ထားသည်။ အခုနကအတိုင်းပဲ မှတ်လား။

ပါးစပ်ထဲက အရသာကိုပဲ ဂရုစိုက် ခံစားနေရတော့မယ်။

ဒါ

“မနာဘူး။ မနာဘူး။ မင်း ကုန်းတက်လာဦး”

“တောက်”

“နည်းနည်းတော့ နာသလိုပဲ ဒါပေမဲ့ ရပါသေးတယ်”

“တောက်”

“အား ငါရဲ့ ဦးနှောက် နည်းနည်း တွန့်လာပြီ။ ဒါပေမဲ့ ငါ အရသာရှိတဲ့ စားစရာကြောင့် သည်းခံရမယ်”

“တောက်”

“ငါ ခေါင်းအရမ်း မူးလာပြီနော်။ ငါ မရတော့ဘူး။ ငါအိပ်ချင်လာပြီ”

မူးဝေသွားပြီးနောက်တွင် ထိုပင်လယ်ဖျံက မျက်လုံးကို တစ်ချက်လှန်ရင်း ပင်လယ်ပေါ်တွင် ပက်လက်လေး လဲလိုက်သည်။

ဂဏန်းခြေထောက်က ပင်လယ်‌ရေထဲသို့ ပြုတ်ကျသည်။

“သတိလစ်သွားတာလား”

ဆုပိုင်က တိတ်တဆိတ် ရေပေါ်သို့ ပေါ်လာပြီးနောက် နှစ်ခြိုက်စွာ အိပ်မောကျနေပြီဖြစ်သော ပင်လယ်ဖျံကို ကြည့်ကာ ခေါင်းကို စိတ်ရှုပ်စွာ ကုတ်သည်။

အကြိမ်အများကြီး ခေါက်မိလိမ့်မယ်လို့ မထင်ထားဘူး။

ဒါပေမဲ့ ဒီကောင်က တုန်တောင် မတုန်ပြန်ဘူး။

“ဆိုတော့ ဘယ်လို လုပ်ကြမလဲ”

++++++

437 01

အခန်း 437

ပင်လယ်ဖျံက သတိလစ်သွားပြီးနောက်တွင် ဆုပိုင်ကပင် စွံ့အသွားသည်။ သို့ရာတွင် အနည်းငယ် စူးစမ်းလေ့လာပြီးနောက် ထိုအရှေ့မှ အကောင်၏ အကျင့်စရိုက်ကို အနည်းငယ် နားလည်သလို ဖြစ်လာသည်။

အရမ်း ချစ်ဖို့ကောင်းတယ်။

စားစရာ ရှိသမျှ ကင်းလှည့်ကိုပင် မေ့နိုင်သော သူမျိုး ဖြစ်သည်။

ထိုအကောင်၏ ခြေထောက်ကို ညှင်သာစွာ ဆွဲယူပြီးနောက် ဆုပိုင်သည် အဝေးရှိ ကမ်းစပ်သို့ ကူးသွားသည်။

သူသာ ရုတ်တရက် နိုးလာလို့ ကမ်းပေါ်မှာသာ တွေ့လိုက်ရင် ဘယ်လောက်တောင် အံ့ဩသွားလိုက်မလဲ။

သိထားရမည်မှာ ပင်လယ်ဖျံများက အမှုအရာ ကြွယ်ဝလွန်းသည်။

တိုက်ရိုက်ထုတ်လွှင့်အခန်းထဲမှ ကြည့်ရှုသူများကလည်း ဆုပိုင်၏ အပြုအမှုကို ကြည့်ပြီး အော်ရယ်နေကြသည်။ အထူးသဖြင့် ထိုပင်လယ်ဖျံ၏ ချစ်စရာကောင်းသော အမှုအရာကြောင့် ဖြစ်သည်။

“အား ဟား ဟား ငါ ရယ်ရလို့ သေတော့မယ်။ ဒီတိရစ္ဆာန်က ရူးတာလား။ တုံးတာလား။ ချစ်ဖို့ကောင်းလိုက်တာ”

“ဒါရိုက်တာ ဆုပိုင်က အရမ်းလွန်တာပဲ။ သတိလစ်သွားတယ်တဲ့”

ပင်လယ်ဖျံ: “ငါရဲ့ ဂဏန်းခြေထောက် ဘယ်ရောက်သွားလဲ။ ဂဏန်းက ငါ့ကို အများကြီး ထုထားတာပဲ”

“ဟား ဟား ဒီကောင်က အရမ်း ချစ်ဖို့ကောင်းတာပဲ။ သူက နိုးထလာတဲ့အခါ သူရဲ့ ဘေးနားမှာ ဂဏန်းအများကြီး ပုံနေမယ်လို့ တွေးနေတာ ထင်တယ်။ ဒီပင်လယ်ဖျံကတော့လေ”

“ဟစ်။ အပေါ်က တစ်ယောက်က အရမ်း လွန်တာပဲ။ သူ့ကို သေအောင် လှည့်စားချင်တာလား”

“အခုကစပြီး ခေါင်းကို လာခေါက်တာနဲ့ ညစာက အဆင်သင့်ပဲလို့ ဆိုလိုတာလား”

ဗုန်း ဗုန်း ဗုန်း

ကြီးမားသော သယ်ယူပို့ဆောင်ရေး သင်္ဘောကြီးက ဆိပ်ကမ်းမှ တဖြည်းဖြည်း ထွက်ခွာသည်။

“ခေါင်းဆောင်မော်ရေး။ ဒီအပျော်စီးသင်္ဘောက တစ်ခုခု မှားနေသလိုပဲနော်။ ပြင်ဆင်မှုတွေကိုလည်း ပြီးမြောက်အောင် မလုပ်ရသေးဘူး။ ဆိုတော့ သိပ်သုံးလို့ မရသေးဘူး”

ထိန်းသိမ်းရေးဝတ်စုံကို ဝတ်ဆင်ထားသော အသက်အလတ်ပိုင်းအရွယ် လူကြီးကလည်း အခန်းထဲတွင် ရပ်နေရင်း စိတ်ရှုပ်ထွေးစွာ ပြောသည်။

“ငါတို့က ဒီဆီကြမ်းတွေကိုပဲ တင်ပို့မှာလေ။ ဒီဆီယိုဖိမ့်မှုသာ ရှိရင်”

“အကျိုးဆက်က တော်တော်လေး ကြီးမားလိမ့်မယ်”

“မင်းဘာသာမင်း ထွက်သွားလို့ မရဘူး။ ငါ ပြင်ဆင်မှုကို ပြီးမြောက်အောင် လုပ်ရအုန်းမယ်။ အဲဒီလိုမှ မဟုတ်ရင်”

“တော်ပြီ”

ဝတ်စုံအပြည့်နှင့် လည်သာဖိနပ်ကို စီးထားသော လူက ရွံ့ရှာမှုအပြည့်နှင့် ကြည့်ပြီး လက်ကို ရမ်းကာ ပြောသည်။

“ပြောမနေနဲ့တော့ မင်း စစ်လို့ ပြီးသွားပြီ မဟုတ်ဘူးလား။ သန္တာကျောက်တန်းကို မတိုက်မိသမျှ ဘာ ပြဿနာမှ ရှိမှာမှ မဟုတ်တာ”

“နောက်ပြီး ငါ မင်းကို ပိုက်ဆံ‌ ပေးထားတာ ငါ့ကို မေးခွန်း ထုတ်ဖို့လား”

“ဒီတစ်သုတ်ကိုသာ အချိန်မှီ မပို့ဘူးဆိုရင် ငါက လျော်ကြေးများစွာ ပေးရမယ် ထင်တယ်”

“ငါတို့အားလုံးက အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်ကိုလည်း ဆုံးရှုံးရလိမ့်မယ်။ မင်းရဲ့ လခက ဘယ်က လာတယ်ထင်လဲ။ ဒါမျိုးကို ဆုံးရှုံးသွားရင် မင်းရဲ့ ပိုက်ဆံ ဘယ်ကနေ ရမှာလဲ”

“ထွက်သွား”

ဆူပူပြီးနောက် မော်ရေးက သူ၏ ကော်လံကို သည်းမခံနိုင်သလို ကြယ်သီးဖြုတ်လိုက်ကာ တစ်ချက် လှန်တင်လိုက်ပြီး အရှေ့မှ ယာဉ်မောင်းကို ကြည့်သည်။

437 02

“ကမ်းစပ်က ထွက်တာနဲ့ အရှိန်မြှင့်လိုက်တော့”

“ငါတို့ တိကျတဲ့ အချိန်အတွင်း ရောက်အောင် ပို့ရမယ်”

“ယိုဖိမ့်တာက ဘာဖြစ်လဲ ပြဿနာမှ မရှိတာ”

“ဒီသင်္ဘောက အရင်တစ်ခေါက် ရွေ့ပြောင်းတဲ့ စာရင်းထဲမှာ ပါတယ်။ ဒါပေမဲ့ ငါ ငှားလိုက်ပြီးတဲ့နောက်မှာ ပြဿနာရှိလာတယ်လို့ သူတို့က လာပြောတယ်။ သူ တမင်တကာကို လုပ်တာ ဖြစ်လိမ့်မယ်။ သေစမ်း သွေးစုပ်ဖုတ်ကောင် တစ်သိုက်။ ငါ့ပိုက်ဆံအများကြီး ပေးပြီး ငှားထားတာကို”

“အောက်ဘက်ကလူ မစိုးရိမ်နဲ့”

ယာဉ်မောင်းကပင် တည်ငြိမ်စွာ ပြောသည်။

“ခေါင်းဆောင် မော်ရေး။ အဲဒီထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေကို အာရုံစိုက်မနေနဲ့။ သူတို့က ဒီအတိုင်း အခြေအနေကို အရမ်း လေးနက်တယ်လို့ ထင်ရအောင် တမင်တကာ လုပ်နေကြတာ။ ငါတို့က ဒီပုံမှန် လမ်းကြောင်းအတိုင်း သွားနေတာ ဘယ်လောက်တောင် ကြာပြီလဲ။ ဘယ်တုန်းက ပြဿနာ တက်ဖူးလို့လဲ”

“အရင်ကလည်း မတက်ဖူးဘူးလေ။ ဆိုတော့ ခဏလောက် သွားအိပ်လိုက်။ နိုးလာရင် ရောက်နေလိမ့်မယ်”

“အွန်း အွန်း ကြည့်ထားနော်”

မော်ရေးက ခေါင်းကို တည်ငြိမ်စွာ ငြိမ့်ပြီးသည်နှင့် တစ်ဖက်သို့ ပြန်လှည့်ကာ ရုံးခန်းထဲသို့ ဝင်သွားသည်။

“ဟူး မင်းက ပိုက်ဆံကိုပဲ ဂရုစိုက်တာ။ တစ်ခုခုသာ မှားသွားခဲ့ရင် ပင်လယ်ပြင်နယ်မြေတစ်ခုလုံး ဒုက္ခရောက်တော့မှာလေ”

တစ်ဖက်သူကို အခန်းထဲသို့ မောင်းထုတ်ပြီး နောက်ဆုံးတွင် ကိုလင်းက အခန်း၏ အတွင်းပိုင်းသို့ ခပ်မြန်မြန် ပြန်ဝင်ကာ အပေါင်းအဖော်များကို ကြည့်ပြီး ခေါင်းခါကာ ပြောသည်။

“ဒီအပျော်စီးသင်္ဘောက ဒီလိုအခြေအနေမျိုးမှာ ပင်လယ်ပြင်ထဲကို ရွက်မလွင့်သင့်ဘူး”

“တော်ပြီ။ တော်ပြီ”

သူ၏ အပေါင်းအဖော်တစ်ယောက်က ပုခုံးကို လာပုတ်ပြီး ခပ်တိုးတိုး ပြောသည်။

“ငါတို့ အတတ်နိုင်ဆုံး ကြိုးစားကြတာပေါ့။ ဒီလူတွေက ပိုက်ဆံကိုပဲ ဂရုစိုက်တာ။ နောက်ပြီး ဒီသင်္ဘောကို ငှားတဲ့သူတွေက တတ်ပေးပြီးသား တစ်ခုခုသာ မှားသွားခဲ့ရင် သူတို့နဲ့ မသက်ဆိုင်တော့ဘူးပဲ။ နောက်ပြီး ငါတို့နဲ့လည်း မဆိုင်ဘူး”

“ဘာပဲဖြစ်ဖြစ် ငါတို့ သတိပေးပြီးသွားပြီလေ”

“သူတို့က ထွက်ခွာဖို့ သဘောတူထားတယ်။ ငါတို့က ဒီအတိုင်း ပြင်ဆင်တဲ့ သူတွေပဲ ဆိုတော့ ဘာလို့ သွားပြောနေမှာလဲ”

ဟူး

ကိုလင်းက သက်ပြင်းချပြန်သည်။ သူသည် စိုးရိမ်နေသေး၏။

“ဒါက တာဝန်ယူမှုနဲ့ သက်ဆိုင်တဲ့ မေးခွန်း မဟုတ်ဘဲ တစ်ခုခုသာ မှားသွားခဲ့ရင် …”

“ငါတို့က ဒီဆီ ဂါလံ ဆယ်သန်းကိုတောင် ပို့ဆောင်ပေးတာနော်။ ဒီ အန်တီလက်တံရေဒါကသာ ကျရှုံးသွားခဲ့ရင် တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် ပင်လယ်ပြင်ထဲက သတ္တဝါတွေ အားလုံး သေကုန်မှာ”

“နောက်ဆုံးတစ်ခေါက် ဆီဖိမ့်သွားတုန်းက အခြေအနေကို မှတ်မိသေးလား။ ၁၅ နှစ်တောင် ကြာသွားပြီ ပြောင်အောင် မရှင်းနိုင်သေးဘူး။ အကျိုးဆက်က ကြောက်စရာကောင်းတယ်”

“မဟုတ်သေးပါဘူး။ ငါ ခေါင်းဆောင်ကို သွားပြီး ဖျောင်းဖျကြည့်အုန်းမယ်။ တစ်ခုခုသာ မှားသွားခဲ့ရင် အားလုံးရဲ့အမှားဖြစ်သွားမှာ။ နောက်ပြီး”

ထိုသို့ ပြောပြီးသည့်နှင့် ကိုလင်းကလည်း တည်ကြည်သော မျက်နှာမျိုးဖြင့် ထပ်ထွက်သွားပြန်သည်။ သို့သော် ဒီတစ်ကြိမ်တွင် သူက ခေါင်းဆောင်ကိုပင် မတွေ့ရပဲ တခြားသော ဝန်ထမ်းများ၏ မောင်းထုတ်မှုကို ခံရသည်။

437 03

သူသည် အခန်းထဲသို့ ပြန်လာထိုင်ပြီးနောက်တွင် ပြတင်းပေါက်မှ မြှောက်တက်နေသော လှိုင်းလုံးများကို ကြည့်ကာ ကူကယ်ရာမဲ့သော ခံစားချက်ကို ရလာသည်။

သူက တစ်ဖက်သူ၏ ထွက်ခွာမှုကို အသည်းအသန် ငြင်းဆန်ရသည်မှာ လွန်ခဲ့သော ၁၅ နှစ်ခန့်က ဆီယိုဖိမ့်မှု ကိစ္စကြောင့်ဖြစ်ပြီး ထိုအချိန်က သူသည် မျက်မြက်သက်သေ ဖြစ်သည်။ မတရားခံရခဲ့သူလည်း ဖြစ်သည်။

သူ၏ ကိုယ်ပိုင်မျက်လုံးဖြင့်ပင် ပင်လယ်ပြင်ပေါ်တွင် အဆုံးအစမဲ့သော ငါးသေအလောင်းများကို မြင်တွေ့ခဲ့ရသည်။ အားလုံးက စည်းကပ်သော ထိုဆီကြမ်းများနှင့် အုပ်နေ၏။

ကြီးမားသော ငါးမန်းကြီးများ၊ လင်းပိုင်များကပင် အလုံးအရင်းဖြင့် သေဆုံးခဲ့သည်။ ပို၍ ဆိုးသည်မှာ ထိုဆီက ယိုဖိမ့်သွားသည်နှင့် ကြီးမားကာ ဖျက်စီး၍ မရသော ကပ်ဘေးကြီးက စတင် ဖြစ်ပြီး သန့်ရှင်းဖို့ကပင် အလွန် ခက်သည်။

သူ တွေ့ကြုံ့ခဲ့ဖူးသော အိမ်မက်ဆိုးအကြောင်းကို ပြန်တွေးမိသောအခါ ကိုလင်း၏ မျက်နှာက အလွန်အမင်း ကြောက်စရာကောင်းလောက်အောင် သုန်မှုန်လာသည်။

“မဟုတ်သေးပါဘူး။ ငါတင်ပြရမယ်”

သူသည် အံ့ကို ကြိတ်လိုက်သည်။ သူဟာ ရုတ်တရက် အခန်းထဲမှ ထွက်ကာ တစ်ဖက်ကို လှည့်ပြီး အတွင်းအခန်းထဲသို့ ဝင်သည်။

ဗုန်း

ထိုအချိန်တွင်ပင် အခန်းကြီး တစ်ခုလုံးက လှုပ်ခါသွားသည်။ ကိုလင်းက တစ်ခဏခန့် မှင်သက်သွားသည်။ ခန္ဓာကိုယ်ကလည်း တုန်ယင်သွားပြီး ဦိးတိုင်နားသို့ အပြေးအလွှားသွားကြည့်သည်။

ထိုနောက် ခပ်စည်းစည်း ရနံ့က အောက်ခြေဘက်က ထွက်လာသည်။ သိပ်သည်းသော အနက်ရောင် အရည်များက ထိုပင်လယ်ရေထဲသို့ အတန်းလိုက် စီးကျပြီး မည်းတူးသွားစေသည်။ သိပ်သည်းလွန်းသော ဆီတစ်လွှာကလည်း ပြည့်နှက်လာကာ မျောလွင့်ပြီး ပင်လယ်ရေပြင်မျက်နှာအနှံ့ ပြန့်နှံ့ကုန်သည်။

ထိုအချိန်တွင် မရေမတွက်နိုင်သော ဝန်ထမ်းပေါင်းများစွာကလည်း အခန်းထဲမှ အသီးသီး ထွက်လာကြပြီး အရှေ့မှ လူငယ်ကို ကြောက်လန့်တကြား ကြည့်သည်။

သွားပြီ။

ဆီယိုဖိမ့်သွားပြီ။

တန်ကာကြီး တစ်ခုလုံးက မြုပ်သွားလိမ့်မယ်။

“မြန်မြန် အသက်ကယ်လှေတွေကို ချ။ ဒီဆီတွေက အဆိပ်ရှိတယ်။ ပင်လယ်ရေမျက်နှာပြင်ကြီးတစ်ခုလုံးက ဒီဆီတွေနဲ့ ပြည့်နှက်သွားမှာ ငါတို့ မြန်မြန် ပြေးရမယ်”

“လူတွေ ဘယ်မှာလဲ။ လူတွေ ဘယ်မှာလဲ။ မြန်မြန်လေး အသက်ကယ်လှေတွေ ချကြ။ ငါတို့ ဒီနေရာကနေ ထွက်သွားဖို့ လိုနေပြီ”

“အား အား တန်ကာက စပြီး စောင်းနေပြီ။ ပင်လယ်ထဲမှာ”

ကုန်းပတ်လမ်းမှ လူများအားလုံးက ထိုမြင်ကွင်းကို မြင်ပြီးနောက် ကြောက်လန့်တကြား အော်ဟစ်ကြပြီး ထွက်ပြေးရန် ကြိုးစားကြသည်။

ဘန်း

မော်ရေးက နီရဲသော မျက်နှာဖြင့် သူ၏ အခန်းထဲမှ ပြေးထွက်လာသည်။ ထိုနောက် သူဟာ ကိုလင်းကို ဆောင့်တွန်းပြီးနောက် အခြေအနေကို ငုံ့ကြည့်ကာ မျက်လုံးက မှေးကျဉ်းသွားပြီး အော်သည်။

“ဘယ်လို … ဘယ်လို ဖြစ်နိုင်မှာလဲ”

“ဘာလို့ ဒီလောက်အထိ ငါက ကံဆိုးရတာလဲ။ သေစမ်း”

“မြန်မြန်လာ မြန်မြန်လာ အသက်ကယ်လှေကို ရှာပေး။ ကုမ္မဏီကိုလည်း ချက်ချင်းဆက်သွယ်လိုက်။ ဒီမှာ ဆီက ယိုဖိမ့်နေပြီ”

“ငါတော့ သွားပြီ”

437 04

သူသည်လည်း ကြုံ့တွေ့ရမည့် ကြီးမားသော အကျိုးဆက်များကို တွေးမိသောအခါ မော်ရေး၏ ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ခွေ့ကျသွားကာ သင်္ဘောဦီးပိုင်းသို့ တိုက်ရိုက်လဲကျသည်။

သင်္ဘောကြီးတစ်စီးလုံးက ဝရုန်းသုန်းကား ဖြစ်နေသေးသည်။ အဖွဲ့ဝင်တိုင်းက ထိတ်လန့်နေကြ၏။

ဘယ်သူကမှလည်း လဲကျနေသည့် ခေါင်းဆောင်ကိုပင် ဂရုမစိုက်ကြတော့ပေ။

…

“အိုး”

ကမ်းစပ်မှ ပင်လယ်ဖျံက ရုတ်တရက် မြေပြင်ပေါ်မှ ကုန်းထသည်။ သူသည် နဖူးကို ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီးနောက် အဝေးမှ ကောက်ကွေးနေသော ဆီတန်ကာကို ကြည့်ကာ အော်သည်။

ဘုရားရေ လူတွေ လာနေပြီ။

ထွက်ပြေးရမယ်။

“ဟမ်”

ပင်လယ်ဖျံက ပင်လယ်ထဲသို့ ကုန်းသွားတော့မည့်အချိန်တွင်ပင် နံဘေးကို တစ်ချက်ကြည့်ပြီးနောက် ရုတ်တရက် တောင့်ခဲသွားသည်။

ဒီလူက ဘာဖြစ်တာလဲ။

ဘာလို့ သူရဲ့နံဘးမှာ ဒီပင်လယ်အခွံ့မာအကောင် အခွံ့အပုံလိုက် ရှိနေတာလဲ။

ဒါက သိပ္ပံနည်းမကျတော့ဘူးနော်။

ပင်လယ်ဂဏန်းဆိုရင်တော့ သူ ကုန်းလာတာ ဖြစ်နိုင်တယ်။ သူ့နဖူးကိုလည်း တောက်လို့ ရတယ်။ ဒါပေမဲ့ ဒီအခွံ့မာသတ္တဝါက သူ့ဘာသာသူ ကမ်းပေါ်တက်လို့လား။

သူသည် နည်းနည်းနေသေးသည့် နဖူးကို တစ်ချက် ပွတ်လိုက်ပြီးနောက် အတွေးနက်သွားသည်။

သူသည် မျက်လုံးကို ခပ်ကြမ်းကြမ်း ပွတ်သည်။ သူ မြင်နေရသောအရာက မှန်ကန်နေကြောင်း သိလိုက်ရသည်။

ဖြစ်နိုင်တာက သူ့မှာ ထူးခြားတဲ့ စွမ်းရည်များ ရှိနေတာလား။

သတိလစ်သွားတာနဲ့ စားစရာ ရတာမျိုးလေ။

“ဟစ်”

ဒီလောက် တော်တာလား။

******

438 01

အခန်း 438အမဲရောင် လူသတ်သမား

“အားယား…”

“ဘယ်လိုအနံ့ကြီးလဲ”

ပင်လယ်ရေပြင်ပေါ်တွင် လဲလျောင်းအနားယူနေကြသော ရေဖျံအုပ်စုသည် စူးရှသောအနံ့တစ်ခုရလိုက်သည်နှင့် တစ်ပြိုင်နက် လှုပ်ရှားနိုးထလာကြသည်။ လှည့်ပတ်ကြည့်ရှုပြီး အလန့်တကြား ထွက်ပြေးရန် ကြိုးစားကြသော်လည်း လှိုင်းလုံးများနှင့်အတူ ပင်လယ်ရေပြင်ပေါ်တွင် ပျံ့လွင့်နေသည့် ရေနံစိမ်းများက ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။ အနီးကပ်လာနေသည့် “အမဲရောင် လူသတ်သမား” ကို ကြည့်၍ ရေဖျံအုပ်စုသည် ဝိုင်းအုံနေကြရင်း အသံကုန် အော်ဟစ်မြည်တမ်းနေကြသည်။

“ဗွမ်း!”

အခြေအနေကို မြင်လိုက်ရသော ဆုပိုင်သည် သူ၏လက်နှစ်ဖက်ကို အားစိုက်ခါယမ်းကာ ရေဖျံများဆီသို့ အရှိန်အဟုန်ဖြင့် ကူးခတ်သွားသည်။ ခဏတာလေး ပင်လယ်ပိုးကောင်လေးများ စုဆောင်းနေချိန်တွင် အဝေးမှ ရေနံတင်သင်္ဘောတစ်စင်း ရေနံများ ယိုဖိတ်နေသည်ကို လုံးဝ မထင်မှတ်ခဲ့ပေ။

သူ၏ဘဝဟောင်းတွင်လည်း ဤကဲ့သို့သော ရေနံယိုဖိတ်မှုများ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးသည်။ အဆိုးဆုံးအခြေအနေမှာ ပင်လယ်ကြမ်းပြင်ရှိ ရေနံတွင်းတစ်တွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရေနံတွင်းကို ပိတ်ဆို့နိုင်ရန် ၈၇ ရက်အထိ အချိန်ယူခဲ့ရသည်။ ၈၇ ရက်တာကာလအတွင်း ရေနံတွင်းအနီးနားရှိ ပင်လယ်ပြင်တစ်ခုလုံးသည် “သေမင်းတမန်ဘုံ” အဖြစ် ပြောင်းလဲသွားခဲ့ပြီး ရေသတ္တဝါများသာမက ရေအောက်အပင်များပါ မကျန်ရှိခဲ့ပေ။

ဤသည်မှာ အဆိုးဆုံးအကျိုးဆက် မဟုတ်သေးပေ။ ယခုကဲ့သို့ ရေနံစိမ်းများ ပင်လယ်ရေပြင်ပေါ်တွင် ပျံ့လွင့်နေခြင်းသည် လှိုင်းလုံးများနှင့်အတူ နေရာအနှံ့ ရွေ့လျားသွားနိုင်ပြီး မည်သည့်ကုစားနည်းမှ မရှိပေ။ ဤကဲ့သို့သော ဘေးအန္တရာယ်မျိုးတွင် လူသားများ၏ စွမ်းအားမှာ အင်မတန် နည်းပါးသည်။ အချိန်ကြာလာသည်နှင့်အမျှ ရေနံစိမ်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားရန် စောင့်ဆိုင်းရုံသာရှိပြီး ထိုသို့ပျောက်ကွယ်ရန်မှာ အနည်းဆုံး ၁၅ နှစ်နှင့်အထက် အချိန်ယူရမည်ဖြစ်သည်။

“ဟူး…”

ရေပေါ် ပြန်တက်လာသော ဆုပိုင်သည် လေကို အားရပါးရ ရှူသွင်းလိုက်ပြီး ရေဖျံအုပ်စုဆီသို့ အမြန်ဆုံး ကူးခတ်သွားသည်။ ရေဖျံများ၏ အမွေးအမှင်များပေါ်တွင် ရေနံစိမ်းတစ်စက်လေး ကပ်ငြိသွားပါက ၎င်းတို့၏အကျိုးဆက်မှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ သေဆုံးခြင်း ဖြစ်သည်။

“အားယား…”

“မထွက်နိုင်တော့ဘူး၊ ဘယ်လိုလုပ်ရမလဲ!”

“ဘယ်လိုလုပ်ရမလဲ၊ ထွက်သွားလို့ရပါ့မလား!”

ရေဖျံများသည် အဆက်မပြတ် အော်ဟစ်နေကြသည်။ သူတို့၏ အမွေးအမှင်များ၏ ထူးခြားသော သဘာဝကြောင့် ရေနံစိမ်းများ ကပ်ငြိသွားပါက မည်သို့မျှ သန့်စင်နိုင်တော့မည် မဟုတ်ကြောင်းကိုလည်း ရေဖျံများ သိနေကြသည်။

“ပွက်!”

ရုတ်တရက်ဆိုသလို အမဲရောင်ဖြစ်နေသော ပင်လယ်ရေပြင်မှ လူသားတစ်ဦး၏ ခေါင်းသည် ရုတ်တရက် ပေါ်ထွက်လာသည်။ ရေဖျံအားလုံးက သူတို့ရှေ့တွင်ရှိနေသော ဆုပိုင်ကို ကြောက်လန့်တကြား စိုက်ကြည့်နေကြရင်း ခေတ္တမျှ မှင်တက်သွားကြသည်။ ဤလူသား၏ မျက်နှာတစ်ခုလုံးသည် အမဲရောင် ပြောင်းလဲသွားခဲ့ပြီး အမည်းရောင်အရည်များ ကပ်ညိနေသည်ကို တွေ့လိုက်ရသည်။

“မကြောက်ကြပါနဲ့!”

“ငါတို့ မင်းတို့ကို ကယ်ထုတ်ပေးမယ်!”

ဆုပိုင်သည် သူ၏လက်များကို ဖြန့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ သူ့မျက်နှာပေါ်မှ စေးကပ်ကပ်အရည်များကို သုတ်ပစ်လိုက်သည်။ ကံကောင်းစွာဖြင့် ပင်လယ်ရေနှင့် ရောနှောထားပြီးသောကြောင့်သာ ယခုအချိန်အထိ အဆိပ်မသင့်သေးခြင်းဖြစ်သည်။ သို့သော် အချိန်ပိုဆွဲ၍ မဖြစ်တော့ပေ။ အချိန်ကြာလာပါက ဤရေနံစိမ်းများသည် ရေဖျံအားလုံးကို လုံးဝ ဖုံးလွှမ်းသွားနိုင်သည်။

“သွားမယ်…”

ရေဖျံငယ်လေး နှစ်ကောင်ကို ပွေ့ချီပြီး ဆုပိုင်သည် ရေထဲသို့ အားသွန်ခွန်စိုက် ပြန်ဆင်းသွားခဲ့သည်။ ဤသည်မှာ ပထမဆုံးအဆင့်သာ ရှိသေးသည်။ ဤရေဖျံများအားလုံးကို ကမ်းပေါ်ရောက်အောင် ကယ်ဆယ်ပြီးနောက် သူတို့၏ ကိုယ်ပေါ်တွင် ကပ်နေသော စေးကပ်ကပ်အရည်များကို မည်သို့ သန့်စင်ပေးရမည်မှာ အခက်ခဲဆုံးအရာဖြစ်သည်။

438 02

“ဗုန်း... ဗုန်း…”

ဆုပိုင်သည် ရေဖျံငယ်လေး နှစ်ကောင်ကို မြေပြင်ပေါ်ချထားပြီးနောက် ခေါင်းတောင်မလှည့်နိုင်ဘဲ ရေထဲသို့ အလျင်အမြန် ပြန်ခုန်ဆင်းသွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူများသည် ဆုပိုင်၏ကိုယ်ပေါ်မှ ရေငုပ်ဝတ်စုံတစ်ခုလုံး ရေနံများ ပေကျံနေသည်ကို မြင်တွေ့လိုက်ရချိန်တွင် လက်သီးများကို တင်းတင်းဆုပ်မိလိုက်ကြသည်။

အဝေးမှ လက်ခြေတွေမသိမ်းတတ်အောင် ဖြစ်နေကြသော ရေဖျံအုပ်စုကို မြင်ရသောအခါ ပရိသတ်အားလုံး စိတ်မကောင်းဖြစ်နေကြသည်။ ဤကဲ့သို့ ဖြစ်ရပ်မျိုး ကြုံရလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ပေ။ ခဏတုန်းကပင် ရေဖျံများသည် အေးအေးဆေးဆေး အိပ်နေခဲ့ကြသေးသည်။ ယခုတော့ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီဖြစ်သည်။ ဤဖြစ်ရပ်သည် ဤနေရာတစ်နေရာတည်း၌သာ ဖြစ်ပွားခြင်းဆိုလျှင်ကော… ကျန်သောနေရာများတွင်ရော.. မည်သူမျှ ဆက်တွေးရဲကြတော့ပေ။

ဒေသခံလူထု၏ ကူညီကယ်ဆယ်မှုနှင့် ရင်နာစရာအဆုံးသတ်

【ရေနံတင်သင်္ဘောက ဒီနေရာမှာ ဘယ်လိုလုပ် ပြဿနာဖြစ်တာလဲ၊ ရေနံတွေ အများကြီး ယိုဖိတ်နေတာက တကယ့်ကို အန္တရာယ်များတယ်!】

【ဒီကောင်လေးတွေက တကယ့်ကို သနားစရာကောင်းတယ်... ဒီလောက် ရေဖျံအများကြီးကို ဒါရိုက်တာဆုပိုင်တစ်ယောက်တည်း ကယ်နိုင်ပါ့မလား?】

【ဟုတ်တယ်၊ ဒီလောက် အဖြစ်ဆိုးကြီးဖြစ်နေတာ ကယ်ဆယ်ရေးအဖွဲ့တွေ ဘာလို့ မလာကြသေးတာလဲ!】

【ဒါက အခုမှ ကယ်ဆယ်ရေး စတင်တာ ဖြစ်နိုင်တယ်။ ငါ စာကြည့်တိုက်ထဲမှာ ဒီတိရစ္ဆာန်တွေရဲ့ အကျင့်စရိုက်ကို ရှာကြည့်လိုက်တာ သူတို့ရဲ့ အမွေးအမှင်တွေက အမြဲတမ်း သန့်ရှင်းနေမှဖြစ်မှာ၊ မဟုတ်ရင် အသက်အန္တရာယ် ရှိနိုင်တယ်!】

【အဲ့ဒါဆို ဘယ်လိုလုပ်မလဲ။ ဒီစေးကပ်ကပ် ရေနံတွေကို ဘယ်လိုသန့်စင်ရမလဲ?】

【ကြည့်ရတာ အရမ်းကို ရင်နာစရာကောင်းတယ်၊ သူတို့ သယ်ယူပို့ဆောင်တဲ့အချိန်မှာ ပြဿနာကို မတွေ့ခဲ့ကြဘူးလား】

【အနီးနားက မြို့လေးနဲ့လည်း မနီးဘူးလေ၊ ဒါရိုက်တာဆုပိုင်က ဒီရေဖျံတွေ အများကြီးကို ဘယ်လိုလုပ် ခေါ်သွားနိုင်မှာလဲ!】

...

“ပွက်!”

ဆုပိုင်သည် ရေဖျံနှစ်ကောင်ကို ကမ်းပေါ်သို့ ပစ်တင်လိုက်ပြီးနောက် မျက်နှာမှာ ပို၍ မည်းမှောင်လာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရေဖျံအများစုကို ကယ်တင်နိုင်ခဲ့သော်လည်း သူတို့အနက်မှ တော်တော်များများမှာ ကမ်းပေါ်တွင် ဒုက္ခဝေဒနာနှင့် အော်ဟစ်နေကြသည်။ တချို့ဆိုလျှင် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေကြပြီး သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်။

“ဒီကောင်တွေ!”

ဆုပိုင်သည် အသံတိုးတိုးဖြင့် ဆဲဆိုလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူ၏ကျောပိုးအိတ်ထဲမှ သုတ်ရန်သုံးသည့် မျက်နှာသုတ်ပုဝါတစ်ထည်ကို ထုတ်ပြီး သူ၏ရှေ့မှ လူးလွန့်နေသော ရေဖျံတစ်ကောင်၏ ကိုယ်ပေါ်တွင် ပွတ်တိုက်ပေးလိုက်သည်။

“အားယား... အားယား... အားယား!”

“ဝူး... ဝူး... ဝူး... အရမ်းခံရခက်တယ်... အရမ်းခံရခက်တယ်!”

“ဟို…”

ဆုပိုင် မျက်နှာသုတ်ပုဝါကို ပြန်ရုပ်လိုက်ချိန်တွင် ဤရေဖျံသည် လူးလွန့်ခြင်း ရပ်တန့်သွားပြီး အသံများလည်း တဖြည်းဖြည်း တိုးလာသည်။ မတ်တပ်ထောင်နေသော သူ၏ခေါင်းလေးသည်လည်း မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြန်လည်ကျဆင်းသွားသည်။

“ဟူး…”

ဆုပိုင် လေကို အားရပါးရ ရှူသွင်းလိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။ နည်းလမ်း မရှိတော့ပေ။ ရေဖျံများအားလုံး၏ ကိုယ်ပေါ်တွင် ရေနံများ ကပ်ညိနေပြီး ဤနေရာသည် မြို့ငယ်လေးနှင့် အလွန်ဝေးနေသည်။ သူ ပြန်မလာမီတွင် ဤရေဖျံများအားလုံး သေဆုံးကုန်နိုင်သည်ဟု တွေးလိုက်မိသည်။

438 03

ဤကဲ့သို့ တွေးလိုက်ရင်း ဆုပိုင်သည် နာကျင်နေကြသော ရေဖျံများကို ကြည့်ပြီး မျက်လုံးများကို အားမလိုအားမရ မှိတ်ချလိုက်သည်။ ဤတစ်ကြိမ်တွင် သူ အစောဆုံး ကယ်တင်ခဲ့သော ရေဖျံတစ်ကောင်တည်းကိုသာ ကယ်နိုင်တော့မည်လောဟု စဉ်းစားမိသည်။ ရေဖျံအုပ်စုထဲတွင် ဆုပိုင်ကြောင့် ယခုအချိန်အထိ ရေနံစိမ်း မကပ်သေးသော ရေဖျံတစ်ကောင်တည်းသာ ရှိတော့သည်။ သို့သော် ဤရေဖျံလေးသည်လည်း ကြောက်ရွံ့ပြီး မှင်တက်နေသည်။ ကိုယ်တစ်ကိုယ်လုံး အမဲရောင်ဖြစ်နေသော အဖော်များကို ကြည့်ပြီး ဤရေဖျံသည် မြေပြင်ပေါ်တွင် ဝပ်နေရင်း လက်သည်းများကို ပါးစပ်ဖြင့် ပိတ်ကာ မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်။ “ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ”

“မြန်မြန်၊ ဒီမှာ!”

ဆုပိုင် စိတ်ပျက်အားငယ်နေချိန်တွင် အဝေးမှ ကျောက်ဆောင်နောက်ဘက်မှ မြို့ငယ်လေးမှ ဒေသခံများ အလျင်အမြန် ပြေးလာကြသည်။ မြေပြင်ပေါ်တွင် နာကျင်နေသော ရေဖျံများနှင့် ဒူးထောက်လဲကျနေသော လူငယ်ကို မြင်ရသောအခါ ဒေသခံများသည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

“သေချင်းဆိုးတွေ ဘယ်လိုလုပ် ရေနံတွေကို ဒီနေရာမှာ ယိုဖိတ်စေရတာလဲ!”

“အားလုံး မြန်မြန် ကားပေါ်ကနေ ပစ္စည်းတွေ သွားယူကြ၊ ဒီရေဖျံတွေက အချိန်ကြာကြာ မခံနိုင်တော့ဘူး၊ အမြန်သန့်စင်ပေးမှ ရမယ်၊ ကားပေါ်က ရေတွေ အကုန်လုံး သယ်လာခဲ့ကြ!”

“ဒီကောင်လေးက တစ်ယောက်တည်း လုပ်ခဲ့တာလား? အရမ်းတော်တာပဲ... သူက ဒီတိရစ္ဆာန်တွေကို ကယ်တင်ခဲ့တာ”

...

လူအုပ်စုသည် ထိုအခြေအနေကို မြင်ပြီး မျက်နှာများ ပြောင်းလဲသွားကြရင်း သူတို့၏ ကားများရှိရာဆီသို့ ပြေးသွားကြသည်။

“လူငယ်လေး၊ မင်းမျက်နှာပေါ်က အရာတွေကို အမြန်သုတ်ပစ်လိုက်ပါ၊ ရေနံစိမ်းက အဆိပ်အတောက် ဖြစ်စေနိုင်တယ်၊ အရေပြားပေါ်မှာ အကြာကြီး မထားသင့်ဘူး”

ဒိုလာက သူ၏ကိုယ်ပေါ်မှ တစ်ရှူးတစ်ထုပ်ကို ထုတ်ယူပြီး ဆုပိုင်၏ရှေ့သို့ ကမ်းပေးလိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။

“ငါတို့ ကားပေါ်မှာ သန့်ရှင်းရေးပစ္စည်းတွေ ပါလာတယ်။ ကျန်တဲ့ ရေဖျံတွေကို အကုန် ကယ်တင်နိုင်မှာပါ၊ မင်းကိုယ်ပေါ်က ရေနံတွေကို အမြန် သန့်စင်လိုက်ပါ!”

ဆုပိုင်သည် နောက်လှည့်ကြည့်လိုက်ပြီး တစ်ရှူးကို ယူကာ သူ၏မျက်နှာပေါ်မှ အညစ်အကြေးများကို သုတ်ပစ်လိုက်သည်။ သူ၏လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး မြေပြင်ပေါ်မှ ရေဖျံငယ်လေးတစ်ကောင်ကို ပွေ့ချီကာ သူ၏ရင်ခွင်ထဲ၌ ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

“ခဏလေးနေရင် အဆင်ပြေသွားမှာပါ…”

“မကြောက်ပါနဲ့၊ မကြာခင် ကောင်းသွားမှာပါ…”

“မကြာခင်ပဲ!”

ဤရေဖျံငယ်လေး၏ မိခင်မှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ရေဖျံငယ်လေးကမူ သူ၏မိခင်၏ ဝမ်းဗိုက်ပေါ်တွင် အဆက်မပြတ် မြည်တမ်းနေသည်။

“ရောက်ပြီ!”

အဝေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး လူအုပ်စုသည် ရေပုံးများ သယ်လာကြသည်။ ဆုပိုင်က သန့်ရှင်းရေးပစ္စည်းများကို လှမ်းယူလိုက်ပြီး ရေဖျံငယ်လေး၏ ကိုယ်ပေါ်တွင် ချက်ချင်း လိမ်းပေးကာ အဆက်မပြတ် ပွတ်တိုက်ပေးလိုက်သည်။

“ပွက်…”

ရေသန့်ဖြင့် ဆေးကြောပြီးနောက် ကိုယ်ပေါ်တွင် အကြွင်းအကျန်များ ရှိနေသေးသော်လည်း ဤရေဖျံငယ်လေး၏ အသက်ကိုမူ ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ ဆုပိုင်သည် ရပ်မနေရဲဘဲ အခြားရေဖျံတစ်ကောင်ကိုလည်း အမြန်ဆုံး သန့်စင်ပေးရန် လုပ်ဆောင်နေသည်။

“မြန်မြန်၊ ဒီကောင်လေးတွေကို ထုပ်ပိုးလိုက်ကြ!”

ဒိုလာက သူ၏အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်ပြီး မြေပြင်ပေါ်မှ ရေဖျံငယ်လေးကို ရင်ခွင်ထဲ၌ ပွေ့ဖက်လိုက်ကာ ညင်သာစွာ ယမ်းခါနေသည်။ ဤအခြေအနေကို မြင်ရသော လူအုပ်စုသည်လည်း သူတို့၏အပေါ်ဝတ်အင်္ကျီများကို ချွတ်လိုက်ကြပြီး အေးစက်သော လေကို ဂရုမစိုက်နိုင်တော့ပေ။ တစ်ကောင်ပြီးတစ်ကောင် ရေဖျံများ၏ အမွေးအမှင်များကို သန့်ရှင်းပေးနေကြသည်။

သို့သော်…

လူတိုင်း အမြန်ဆုံး လုပ်ဆောင်ခဲ့ကြသော်လည်း အားလုံးကို သန့်စင်ပေးပြီးသောအချိန်တွင် ရေဖျံ အကောင် ၂၀ ကျော်ခန့် သေဆုံးခဲ့ကြသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းများကို မြင်ရသောအခါ အားလုံးသည် တိတ်ဆိတ်သွားကြသည်။ အလွန်လျင်မြန်လွန်းသောကြောင့် အားလုံးကို ကယ်တင်ရန် အချိန်ပင် မရလိုက်ပေ။ ဆုပိုင် သူတို့ကို ရေထဲမှ ကယ်ထုတ်ချိန်တွင်ပင် ရေဖျံအများစုမှာ မသေရုံတမယ်ဖြစ်နေခဲ့ကြပြီဖြစ်သည်။

438 04

“သေလိုက်တော့၊ ငါတို့က ဒီရေနံကုမ္ပဏီကို အလွယ်တကူ လက်ခံပေးမှာ မဟုတ်ဘူး”

“ဟုတ်တယ်၊ ဒီမြို့လေးတစ်ခုလုံးက ဒီပင်လယ်ပြင်ကိုပဲ အမှီပြုပြီး အသက်ရှင်နေကြတာ၊ ရေနံတွေ ယိုဖိတ်နေတာ ဒီလောက်ဖြစ်နေတာ ငါတို့မှာ အသက်ရှင်ဖို့ လမ်းရှိသေးလား”

“အခုချိန်ထိ အစိုးရဘက်က လူတွေ မရောက်လာသေးဘူး၊ ငါတို့ သတင်းပို့ရမယ်၊ ဒီအတိုင်း ဆက်ထားလို့ မဖြစ်ဘူး!”

...

မြို့ငယ်လေးမှ ဒေသခံအုပ်စုသည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ပြီး မျက်လုံးများ နီရဲလာကြကာ ဒေါသတကြီး အော်ဟစ်နေကြသည်။ သူတို့အားလုံးသည် အနီးနားရှိ မြို့ငယ်လေးမှ ဒေသခံများဖြစ်ကြပြီး ဤရေဖျံအုပ်စုကိုမူ ဤနေရာ၏ ရာသီဥတု သင့်တော်သောကြောင့် နိုင်ငံတော်မှ ခေါ်ယူထားရှိခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံးသည်လည်း ဤကောင်လေးများကို နေ့တိုင်းနီးပါး လာရောက်ကြည့်ရှုကြသည်။ ချဲ့ကားပြောရမည်ဆိုလျှင် ဤရေဖျံအုပ်စုကို သူတို့ကိုယ်တိုင် အခက်အခဲများကြားမှ တိုးပွားလာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

ဤနေ့တွင်တော့ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ကြုံရလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။ လူတစ်ဦးက ရေပေါ်တွင် ပြောင်းလဲလာသည်ကို မမြင်ခဲ့ပါက ဤကောင်လေးများအားလုံး ယနေ့တွင် သေဆုံးသွားမှာ သေချာသည်။

“သွား၊ ဒီကောင်လေးတွေကို မြို့ထဲ ခေါ်သွားကြ၊ ငါ့ရေကူးကန်ထဲမှာ အရင်ဆုံးထားကြမယ်!”

“ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး၊ သူတို့ကိုယ်ပေါ်က အရာတွေကိုလည်း နောက်ထပ် အကြိမ်အနည်းငယ် သန့်စင်ပေးမှ ရမယ်!”

ထိုအချိန်တွင် အလယ်အလတ်အရွယ် လူတစ်ဦးက သွားကိုက်ရင်း အားလုံးကို ပြောလိုက်ပြီး ရေဖျံနှစ်ကောင်ကို ပွေ့ချီကာ အဝေးရှိ ကားများဆီသို့ အမြန်ပြေးသွားသည်။ ကျန်သောလူများလည်း ဤအခြေအနေကို မြင်ရသောအခါ သူ့နောက်သို့ လိုက်သွားကြသည်။

“အားယား... အားယား!”

ဆုပိုင်သည် သူ၏ခြေရင်းမှ အစောဆုံး ကယ်တင်ခဲ့သော ရေဖျံလေးကို ငုံ့ကြည့်လိုက်သည်။ ရေဖျံလေးသည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ပြီး အဆက်မပြတ် အော်ဟစ်မြည်တမ်းနေသည်။ ဆုပိုင်သည် ဖြည်းညှင်းစွာ လျှောက်သွားပြီး ဤကောင်လေးကို ပွေ့ချီကာ သူ၏ခေါင်းလေးကို အဆက်မပြတ် ပွတ်သပ်ပေးလိုက်ရင်း လူအုပ်စုနှင့်အတူ ကားများရှိရာဆီသို့ လှည့်သွားလိုက်သည်။

သူသည် ပင်လယ်ရေပြင်ကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ ယခုအချိန်တွင်မူ ပြာလဲ့လဲ့ပင်လယ်ကြီးသည် ပုံစံတစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အမဲရောင်ရေနံစိမ်းများသည် စက်ဆုပ်ဖွယ်ကောင်းသော အမြှုပ်ဖြူများနှင့် ရောနှောနေပြီး လှိုင်းလုံးများဖြင့် ကမ်းစပ်မှ ကျောက်ဆောင်များကို အဆက်မပြတ် ရိုက်ခတ်နေသည်။ ကျောက်ဆောင်များပေါ်တွင်လည်း အမဲရောင်ရေနံများ ချက်ချင်းကပ်ညိသွားသည်။

ဤနေရာတစ်ခုလုံးသည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ရေဖျံများသာမက ဤနေရာတွင် နေထိုင်ကြသော ပင်လယ်သတ္တဝါများအားလုံးလည်း သေဆုံးသွားကြလိမ့်မည် ဖြစ်သည်။ ဤအကျိုးဆက်သည် တကယ့်ကို ကြီးမားလှသည်။

******

All Chapters