ကောင်းကင်ကြယ်တာရာ ရွှေခန္ဓာကိုယ်
Vol. 2 Ch. 21
အခန်း (၂၁) ကောင်းကင်ကြယ်တာရာ ရွှေခန္ဓာကိုယ်
“ကျုပ် ဆရာသခင်ကို ဒီအကြောင်းပြောဖို့ လုပ်တယ်၊ လူကြီမင်းလုပ်နေတာတွေက ကျွန်တော့်လို တပည်တွေကို အကြောက်လွန်ပြီး သေအောင်လုပ်နေတာပဲ” ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် ‘သန်းခေါင်ယံမှာ နတ်သိုင်းလေ့ကျင့်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ လှုပ်ရှားတယ်! ကံကောင်းပေလို့ နို့မဟုတ်ရင် ဒီမဟာအကြီးအကဲရဲ့ စိတ်ဝိညာဉ်က ငါ့လက်ချက်နဲ့ ကိစ္စတုံးသွားမှာ၊ ဒီလိုဆိုင်ရင် ငါပြဿနာကြီးကြီး တက်ပြီ!’
“မပြောနဲ့... မပြောနဲ့... မပြောနဲ့! ငါက တစ်ခဏ အပျင်းပြေ လမ်းလျှောက်ထွက်တာပါ၊ ဒီကိစ္စအတွက် ငါမင်းကို တောင်းပန်ပါတယ်” မဟာအကြီးအကဲက ချက်ချင်းပဲ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သဘောကျသွားပြီး မေးလိုက်ပါတယ် “ခင်ဗျားက ကျုပ်ဆရာသခင်ကို သိတာလား?”
“အဟွတ်... အဟွတ်၊ သိတာပေါ့၊ တကယ်တော့ မင်းဆရာသခင်က ငါ့တပည့်ပဲ၊ အခုလက်ရှိဂိုဏ်းချုပ်ကလည်း ငါ့တပည့်ပဲ” မဟာအကြီးအကဲဟာ ခေါင်းမော့ပြီး ဝင့်ဝင့်ကြွားကြွား ပြောလိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ရဲ့ မျက်နှာအမူအရာဟာ ပြောင်းလဲခြင်း မရှိတဲ့အတွက် မဟာအကြီးအကဲ့ရဲ့ မျက်နှာပေါ်က အပြုံးဟာ တစ်ခဏချင်း ပျောက်ကွယ်သွားပါတယ် ‘ဒီကောင်လေးက ငါ့ကို မယုံဘူးလား?’
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အဲဒါဆိုရင် ဒီည ဘာမှမဖြစ်ခဲ့ဘူးလို့ ကျုပ်သဘောထားလိုက်မယ်၊ ခင်ဗျား သွားလို့ရပြီ”
“တကယ်လား?”
“တကယ်ပါ”
မဟာအကြီးအကဲဟာ ချက်ချင်းပဲ လှည့်ပြီး ထွက်ခွာသွားပါတယ်၊ ခြေလှမ်း လေးငါးလှမ်းပဲ လျှောက်ရပါသေးတယ်၊ မဟာအကြီးအကဲဟာ ရုတ်တရုက် ပြန်လှည့်ပြီး ဟန်ကျွယ်ကို မေးလိုက်ပါတယ် “ကောင်လေး... မင်းရဲ့ အရည်အချင်းက မဆိုးဘူး၊ ငါ့အမွေအနှစ်ကို ဆက်ခံချင်လား?”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်ပြီး မေးလိုက်ပါတယ် “ဘာအမွေအနှစ်လဲ?”
“ငါမင်းကို ကောင်းကင်ကြယ်တာရာ ရွှေခန္ဓာကိုယ်လို့ အမည်ရတဲ့ ပြိုင်ဘက်ကင်းကျင့်စဉ်ကို သင်ပေးမယ်၊ မင်းလိုချင်လား? ယွီဂျင်ဂိုဏ်းတစ်ခုလုံးမှာ ငါနဲ့ ဂိုဏ်းချုပ်ပဲ ဒီကျင့်စဉ်ကို သိတာ”
‘ကောင်းကင်ကြယ်တာရာ ရွှေခန္ဓာကိုယ်? နာမည်ကတော့ လန်းသားပဲ!’ ဟန်ကျွယ် မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ်၊ ဒါပေမဲ့ တစ်စုံတစ်ရာကို တွေးမိတာကြောင့် ဟန်ကျွယ်ဟာ တုံ့ဆိုင်းသွားပါတယ် ‘ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက စိတ်ကျေနပ်စရာကောင်းတဲ့ တွေ့ဆုံမှုမျိုး မဟုတ်ဘူး၊ ဒီအဘိုးကြီးက ငါ့ကို ဘာလို့ ဒီကျင့်စဉ် သင်ပေးချင်ရတာလဲ?’
‘ဒါ ထောင်ချောင်ပဲ ဖြစ်ရမယ်! ငါ့ကို လှည့်ဖျားဖို့ ကြိုးစားနေတာပဲ?’ ဟန်ကျွယ်က ခေါင်းခါပြီး ပြောလိုက်ပါတယ် “စိတ်မရှိပါနဲ့၊ လူကြီးမင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
မဟာအကြီးအကဲရဲ့ မျက်နှာပေါ်က အပြုံးဟာ အေးခဲသွားပါတယ်၊ အဲဒီနောက် ဟွန်းခနဲ နှာခေါင်းရှုံလိုက်ပြီး သူ့အင်္ကျီလက်စကို ဝှေ့ယမ်းကာ ထွက်ခွာသွားပါတယ်။
တစ်နာရီကြာတဲ့အခါမှာ ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူထဲကနေ ထွက်ပြီး ကျောက်အေးတောင်ထိပ်ခန်းမဆီ ပျံသန်းသွားပါတယ်၊ သူဟာ ခန်းမရှေ့တံခါးမှာ ရပ်တန့်လိုက်ပြီး ဒူးထောက်လိုက်ပါတယ်၊ တစ်ခဏအကြာမှာ ခန်းမတံခါး ပွင့်သွားတဲ့အတွက် ဟန်ကျွယ်ဟာ ခပ်သုတ်သုတ် လမ်းလျှောက်ပြီး ခန်းမထဲ ဝင်လိုက်ပါတယ်။
“ဒီလောက်ညဉ့်နက်မှာ ဘာလာလုပ်တာလဲ?” နတ်မိမယ်ရှီရွှမ်က မျက်စိမဖွင့်ဘဲ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ဆရာသခင်ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး ဖြစ်ခဲ့သမျှ အကြောင်းစုံကို ရှင်းပြလိုက်ပါတယ်။
နတ်မိမယ်ရှီရွှမ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မကျေမနပ် ဖြစ်သွားတာကြောင့် မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ဒီအဘိုးကြီးကတော့ ထပ်ပြီး ဂနာမငြိမ် ဖြစ်ပြန်ပြီ’
“မင်းကို သတ်မိတော့မလို့ ဟုတ်လား?” နတ်မိမယ်ရှီရွှမ်ကို သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းကုတ်ပြီး ပြောလိုက်ပါတယ် “သူပြောတာတော့ နတ်သိုင်းကို လေ့ကျင်နေတာတဲ့၊ အဲဒါကြောင့် ကျွန်တော် ဟန့်တားနိုင်တာပါ၊ အဲတာက အရေးမကြီးပါဘူး၊ ဆရာသခင်... သူက ကျွန်တော့်ဆီ ထပ်လာပြီး နှောင့်ယှက်အုန်းမလား? ကျွန်တော်ညတိုင်း ကျီးလန့်စာစားပြီး မနေချင်ဘူး”
“မစိုးရိမ်ပါနဲ့၊ ငါမနက်ဖြန် သူ့ကို သွားရှာလိမ့်မယ်၊ သူထပ်လာရဲရင် ငါသူ့ကို ကြည့်ရှင်းလိုက်မယ်”
“ကျေးဇူးပါပဲ ဆရာသခင်”
“ရတယ်”
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပါတယ်၊ အခုမှပဲ သူ့ဟာ စိတ်ပြေလက်ပျောက် ဖြစ်သွားပါတယ်၊ ဟန်ကျွယ်ဟ သူ့လိုဏ်ဂူဆီ မပြန်ခင် သူသိချင်တာတစ်ခုကို မေးမြန်းလိုက်ပါတယ် “ဆရာသခင်... ကောင်းကင်ကြယ်တာရာ ရွှေခန္ဓာကိုယ်က စွမ်းအားကြီးလား? သူက ကျွန်တော့်ကို အဲဒီကျင့်စဉ် သင်ပေးချင်နေတယ်”
“ဟုတ်တယ်၊ အဲဒီကျင့်စဉ်က ယွီဂျင်ဂိုဏ်းမှာ အစွမ်အကြီးဆုံးပဲ၊ ကျောက်စိမ်းသိုင်းထက်တောင် ပိုပြီးစွမ်းအားကြီးတယ်၊ ဒါပေမဲ့ အဲဒါကို ကျင့်ကြံမယ်ဆိုရင် မကျင့်ကြံခင်မှာ အမြစ်ကို ဖြတ်ပစ်ရလိမ့်မယ်”
“ဘယ်အမြစ်လဲ?”
နင်ကို ယောက်ျားဖြစ်စေတဲ့ဟာ”
“…” ဟန်ကျွယ်ဟာ ဆဲဆိုပစ်လိုက်ချင်စိတ် ပေါက်သွားပါတယ် ‘ငါ ထင်သားပဲ၊ ဒီအဘိုးကြီးက ဒီလောက် မကောင်းပါဘူးလို့၊ နေစမ်းပါအုန်း... ဒါဆိုရင် မဟာအကြီးအကဲနဲ့ ဂိုဏ်းချုပ်က သူတို့အမြစ်တွေကို ဖြတ်ပြီးပြီဆိုတော့...”
ဟန်ကျွယ်ဟာ အံဩမှင်သက်ဖွယ် အချက်တစ်ချက်ကို ရှာဖွေ့တွေ့ရှိသွားပြီး သူ့လောကအမြင်က အစိတ်စိတ်အမြွှာမြွှာ ကွဲကျေသွားတယ်လို့ ခံစားလိုက်ရပါတယ်။
“ဒီကိစ္စကို ပျံ့နှံ့လို့ မရဘူး” နတ်မိမယ်ရှီရွှမ်က လေးလေးနက်နက် ပြောလိုက်ပါတယ်။
“ကျွန်တော် နားလည်ပါတယ်” ဟန်ကျွယ်ဟာ ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။
…
သူ့လိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာ ဟန်ကျွယ်ဟာ ကောင်းကင်ကြယ်တာရာ ရွှေခန္ဓာကိုယ် ကျင့်စဉ်အကြောင်းကို တွေးတောလိုက်ပါတယ်၊ လီချင်းဇဲ့က နတ်မိမယ်ရှီရွှမ်ကို ချစ်မြတ်နိုးပေမဲ့ သူတို့နှစ်ယောက် လက်တွဲဖော်ဖြစ်မလာတာ အံဩစရာ မရှိတော့ပါဘူး။
“သူတို့က ငါထက်တောင် အစွန်းရောက်သေးတယ်၊ သူတို့နှစ်ယောက်က မိန်းမတွေနဲ့ အဝေးမှာနေဖို့ သူတို့အမြစ်ကို ကိုယ့်ဟာကိုယ် ဖြတ်လိုက်ကြတယ်...”
ဟန်ကျွယ်ဟာ သူတို့နှစ်ဦးကို အထင်ကြီးလေးစားသွားသလို တစ်ချိန်တည်းမှာလည်း မဟာအကြီးအကဲကို မယုံကြည်ရသူအဖြစ် စာရင်းသွင်းလိုက်ပါတယ်။
နောက်နေ့မနက်ခင်းမှာ ဟန်ကျွယ်ဟာ အတွင်းဂိုဏ်းမြို့ကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။
အတွင်းဂိုဏ်း စမ်းသပ်မှုရဲ့ ထိပ်တန်းဆယ်ယောက်တိုက်ပွဲဟာ နေ့လည်းခင်းမှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
အတွင်းဂိုဏ်းစမ်းသပ်မှုနဲ့ အတွင်းဂိုဏ်းပြိုင်ပွဲဟာ မတူညီဘဲ ကွဲပြားခြားနားပါတယ်။ အတွင်းဂိုဏ်းစမ်းသပ်မှုက လက်ရွေးစင်တပည့်ဖြစ်လာဖို့ လမ်းကြောင်းဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် စာရင်းသွင်းလို့ရပါတယ်။ အတွင်းဂိုဏ်းပြိုင်ပွဲက တောင်ထိပ် ၁၈ ထိပ်ကြားက ယှဉ်ပြိုင်မှုဖြစ်ပြီး အဆင့်သတ်မှတ်တာက တောင်ထိပ်တိုင်းကို ကြိုးကြိုးစားစား အားထုတ်စေပါတယ်။
ပြိုင်ကွင်းကို မြို့လယ်ခေါင်မှာ စတုရန်းပုံ တည်ဆောက်ထားပြီး မီတာသုံးရာ ရှည်လျားပါတယ်။ ပြိုင်ကွင်းရဲ့ ပတ်လည်မှာ လူအုပ်ကြီး ဝိုင်းရံနေတာကို အဝေးကနေ လှမ်းမြင်နိုင်ပါတယ်။ တပည့်တော်တော်များများဟာ သူတို့ဓားတွေနဲ့ လေပေါ်မှာ ပျံဝဲနေကြပါတယ်၊ တကယ့်ကို အံမခန်းဖွယ်ရာ မြင်ကွင်းပါပဲ။
“ဂျူနီယာ... နောက်ဆုံးတော့ ရောက်လာပြီပေါ့” စိတ်လှုပ်ရှားနေတဲ့ ချန်ယွီအာဟာ ဟန်ကျွယ်ဆီ ချက်ချင်း ပြေးလာပါတယ်၊ ဘေးနားမှာရှိတဲ့ ကျောက်အေးတောင်ထိပ်က တပည့်ဆယ်ယောက်ကျော်ဟာ ဟန်ကျွယ်ကို ဝိုင်းပြီး ဩဘာပေးကြပါတယ်။
ဟန်ကျွယ်ဟာ လူအများကြီးကို တွေ့တဲ့အခါမှာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလောက်လူအများကြီး ရှိနေတာ ငါဘယ်လိုလုပ်ပြီး ကုပ်ကုပ်နေရပါ့မလ? သူတို့ကို တစ်ခါတည်း အနိုင်ယူလိုက်ရင် ကောင်းမလား?’ ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။
ရုတ်တရက် တစ်ယောက်ယောက်က သူ့ကို ကြည့်နေတယ်လို့ ခံစားလိုက်ရတဲ့အတွက် လှည့်ကြည့်လိုက်တဲ့အခါမှာ သူ့ကို စူးရှတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတဲ့ ကျိုးဖန်ကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဝေခွဲမရဖြစ်သွားပါတယ် ‘ငါဘယ်တုန်းက သူ့ကို ရန်စမိလို့လဲ?’
ကျိုးဖန်ဟာ မော့ဖူချိုရဲ့စကားကို ပြန်စဉ်းစားလိုက်ပါတယ် ‘ဒီအတွင်းဂိုဏ်းစမ်းသပ်မှုမှာ မင်းရဲ့ အကြီးမားဆုံးပြိုင်ဘက်က ဟန်ကျွယ်ပဲ၊ သူက သူ့အစွမ်းကို ဝှက်ထားတာ၊ သူသာအစွမ်းကုန် တိုက်ခိုက်မယ်ဆိုရင် လက်ရွေးစင်တပည့်တွေနဲ့ သိပ်ကွာမှာမဟုတ်ဘူး’ ဒီလိုပြောခဲ့တဲ့ မော့ဖူချိုရဲ့ စကားကြောင့် ကျိုးဖန်ဟာ ဟန်ကျွယ်ကို အကြီးမားဆုံး ပြိုင်ဘက်တစ်ယောက်အနေနဲ့ အမြဲတမ်း ဆက်ဆံနေတာပါ။
ကျိုးဖန်ဟာ ဟန်ကျွယ်ကို နားမလည်ပါဘူး၊ ဒီလောက်အရည်ချင်းရှိပြီး ပြိုင်ဘက်ကင်း ချောမောတာကို သူက ဘာကြောင့် ကုပ်ကုပ်လေးနေရတာလဲ? ကျိုးဖန် ကြားရသလောက် မော့ကျူက ဟန်ကျွယ်ကို ကြိုက်နေပေမဲ့ ဟန်ကျွယ်က မော့ကျူကို ရှောင်နေပါတယ်တဲ့၊ ဟန်ကျွယ်က ပိုပြီး ကုပ်ကုပ်နေလေ ကျိုးဖန်ဟာ ပိုပြီး စိတ်ခုလေလေပါပဲ။
‘ဘာပဲဖြစ်ဖြစ် အခုငါ့မှာ ဝှက်ဖဲရှိနေပြီပဲ၊ သူက ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး’ ကျိုးဖန်က သူ့ကိုယ်သူ အခိုင်အမာ ယုံကြည်ထားပါတယ်။
ဒီအချိန်မှာ မော့ကျူက ဟန်ကျွယ်ဘေးနားမှာ ရုတ်တရက် ပေါ်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “အစ်ကိုဟန်... အစ်ကို ပထမနေရာကို ရယူနိုင်လိမ့်မယ်လို့ ကျွန်မယုံတယ်”
ချန်ယွီအာက ဂရုတစိုက် မေးလိုက်ပါတယ် ‘နင်က ဘယ်သူလဲ?”
မော့ကျူဟာ ချန်ယွီအာကို လှည့်ကြည့်လိုက်ပါတယ်၊ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် မကျေမနပ် ဖြစ်သွားကြပါတယ်။
ဟန်ကျွယ်ဟာ သူတို့တွေ ရန်ဖြစ်တော့မှာကို မြင်လိုက်ရတဲ့အချိန်မှာ မသက်မသာ ခံစားချက်ကို ခံစားလိုက်ရပါတယ်။
“ယောက်ျား!”
ချိုသာတဲ့အသံကြောင့် ဘေးဘီကို ကြည့်လိုက်တဲ့အခါမှာ ရှင်းဟုန်ရွှမ်ကို တွေ့သွားပါတယ်။ ချန်ယွီအာနဲ့ မော့ကျူကလည်း အသံလာရာကို ကြည့်လိုက်တဲ့အခါမှာ ရှင်းဟုန်ရွှမ်အကြည့်နဲ့ ရင်ဆိုင်တိုးမိပြီး မားစ်ဂြိုဟ် ကမ္ဘာကိုဝင်တိုက်သလို ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ချာခနဲ လှည့်ထွက်လိုက်ပါတယ်၊ ဒီအန္တရာယ်ရှိတဲ့ အခြေအနေကနေ သူထွက်ခွာဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ချန်ယွီအာ၊ မော့ကျူနဲ့ ရှင်းဟုန်ရွှမ်တို့ဟာ သူ့နောက်ကို ဆက်မလိုက်လာပါဘူး၊ သူတို့သုံးဦးဟာ အတူတကွ လမ်းလျှောက်ရင်း တစ်ယောက်ကိုတစ်ယောက် နှိပ်ကွပ်ပါတော့တယ်။
ဘေးနားဝန်းကျင်က တပည့်တွေဟာ ဟန်ကျွယ်ကို တော်တော်လေး အားကျသွားပါတယ် ‘ဒီရုပ်ရည်က တော်တော်လေး ချောမောတာပဲ၊ ဒီလောက်လှပတဲ့ ဂျူနီယာတွေက သူ့ကို လေးစားချင်ခင်နေတာကို သူက ဂရုတောင်မစိုက်ဘူး၊ ဒါပြစ်မှုမြောက်တယ်’
…
နေ့လယ်ခင်းမှာ အတွင်းဂိုဏ်းရဲ့ စမ်းသပ်မှုကို စတင်လိုက်ပါတယ်။
ဒီစမ်းသပ်မှုကို ကြီးကြပ်သူကတော့ ကောင်းကင်မိုးကြိုးတောင်ထိပ်ရဲ့ တောင်ထိပ်အကြီးအကဲ မိုးကြိုးအင်မော်တယ်ပဲ ဖြစ်ပါတယ်။ တစ်ခြားတောင်ထိပ် ၁၇ခုက တောင်ထိပ်အကြီးအကဲတွေဟာ မလာရောက်ကြပါဘူး၊ သာမန်အကြီးအကဲတွေ စောင့်ကြပ်သူတွေ ခန်းမသခင်တွေသာ ဒီစမ်းသပ်မှုကို လာကြည့်ကြပါတယ်။ အတွင်းဂိုဏ်းက တပည့်နှစ်ထောင်ကျော်နဲ့ မော်တယ်ကျွန်တွေလည်း ပြိုင်ပွဲကြည့်ဖို့ ရောက်ရှိနေကြပါတယ်။
အတွင်းဂိုဏ်းတပည့်တွေက သိပ်မများပေမဲ့ အတွင်းဂိုဏ်းမြို့မှာ မော်တယ်ကျွန်တွေ အများကြီး ရှိပါတယ်။
ဟန်ကျွယ်ဟာ ပထမဦးဆုံးပွဲမှာ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်၊ သူ့နာမည်ခေါ်သံကို ကြားတာနဲ့ ဟန်ကျွယ်ဟာ စင်မြင့်ပေါ် တက်လိုက်ပါတယ်။
“ကျောက်အေးတောင်ထိပ်က ဟန်ကျွယ်နဲ့ ကောင်းကင်မိုးကြိုးတောင်ထိပ်က ကျိုးဖန်တို့ တိုက်ခိုက်မယ်”
“ဝှစ်”
ကျိုးဖန်နာမည်ကို ကြားတာနဲ့ ပွဲကြည့်ပရိသတ်တွေဟာ တအုန်းအုန်း ဖြစ်သွားကြပါတယ်။ ဒီရက်ပိုင်းမှာ ကျိုးဖန်နာမည်က အတွင်းဂိုဏ်းထဲမှာ အကျော်ကြားဆုံးပါပဲ၊ သူက ဒီစမ်းသပ်မှုမှာ အကြီးမားဆုံး မြင်းနက်ပါ၊ ကောလဟာတွေအရ သူ့ဝှက်ဖဲက ပြိုင်ဘက်ကို တစ်ခဏချင်း အနိုင်ယူနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သူဟာ တိုက်ပွဲတိုင်းမှာ အနိုင်ရပြီး တားဆီးမရ ဖြစ်နေပါတယ်။
ကျိုးဖန်က သူ့လက်ကို ဆုပ်ကိုင်၍ ပြုံးလိုက်ပါတယ် “အစ်ကိုဟန်... အကောင်းဆုံး ကြိုးစားပြီး တိုက်ခိုက်ပေးပါ”
ဟန်ကျွယ်ဟာ ခံစားချက်မဲ့စွာ မေးလိုက်ပါတယ် “တကယ်လား?”
“တကယ်ပါ!”
ကျိုးဖန်က သူ့လက်ကို မြှောက်လိုက်တဲ့အခါမှာ သူ့လက်ဖဝါးပေါ်မှာ အနက်ရောင်ခေါင်းလုံးတစ်လုံး ပေါ်လာပါတယ်၊ ဒီခေါင်းလောင်းဟာ တစ်ချက်ကြည့်ရုံနဲ့ ရင်ထိတ်စရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်တွေကို ပေးနေပါတယ်။
အနီးအနားအဆောင်က အကြီးအကဲတွေနဲ့ ကြီးကြပ်သူတွေဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်။ ကျိုးဖန်မှာ စွမ်းအားကြီးတဲ့ မွေးရာပါ နတ်လက်နက်ရှိတယ်လို့ သူတို့ကြားဖူးထားတာ ကြာပါပြီ။
မွေးရာပါနတ်လက်နက်? လူတစ်ဦးမွေးဖွားစဉ်မှာ ပေါ်ပေါက်လာတဲ့ ရတနာတစ်မျိုး ဖြစ်ပါတယ်၊ သူတို့တွေက ဘိုးဘေးတွေရဲ့ အမွေအနှစ်တွေပါ၊ ဒီလက်နက်ပိုင်ဆိုင်သူက နည်းနည်းပဲ အရည်အချင်းရှိတယ် ဆိုရင်တောင် သူပိုင်ဆိုင်တဲ့ လက်နက်ရဲ့အစွမ်းကြောင့် ကျိန်းသေပေါက် အောင်မြင်ကျော်ကြားလာမှာပါ။
ဒီလိုရတနာမျိုးကို မြင်လိုက်ရတဲ့အတွက် သူတို့အားလုံးအား အံဩမှင်သက်ကုန်ကြပါတယ်၊ ကျိုးဖန်က ဒီအတွင်းဂိုဏ်းစမ်းသပ်မှုမှာ ပထမရလိမ့်မယ်လို့ သူတို့အားလုံးက ယုံကြည်လိုက်ကြပါတယ်။