← Chapters

စိတ်ဝိညာဉ်ရတနာအား ရရှိခြင်း

Vol. 2 Ch. 22

စိတ်ဝိညာဉ်ရတနာအား ရရှိခြင်း

Vol. 2 Ch. 22

အခန်း (၂၂) စိတ်ဝိညာဉ်ရတနာအား ရရှိခြင်း

ကျိုးဖန်ရဲ့ ယုံကြည်မှုကို မြင်ရတာကြောင့် ဟန်ကျွယ်ဟာ လေးလေးနက်နက် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျိုးဖန်အစွမ်းမပြခင် သူ အနိုင်ယူမှသာ ဒီတိုက်ပွဲရဲ့ သက်ရောက်မှုက အနည်းဆုံး ဖြစ်မှာပါ။ ကျိုးဖန် အစွမ်းအကုန်ထုတ်ပြီးမှ သူအနိုင်ယူမယ်ဆိုရင် သူက အရမ်းအစွမ်းထက်ကြောင်း ပြသပြီးသား ဖြစ်သွားမှာပါ။ ဒီလိုသာဆိုရင် ဟန်ကျွယ်ဟာ ခပ်ကုပ်ကုပ်နေလို့ ရတော့မှာ မဟုတ်ပါဘူး။ ပွဲကြည့်ပရိတ်သတ်တွေ အများကြီးရှိတာကြောင့် သူတို့တွေ အကုန်လုံး ထွက်ခွာသွားဖို့က မဖြစ်နိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက် ချပြီးတာနဲ့ ကျိုးဖန်ဆီ လျှောက်သွားပါတယ်။

မော့ကျူက တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်ပါတယ် “ကျိုးဖန်ရဲ့ မွေးရာပါရတနာက အရမ်းစွမ်းအားကြီးတယ်၊ ဒီရတနာကြောင့် ဆရာသခင်က ခြွင်းချက်အနေနဲ့ သူ့ကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခဲ့တာ”

ချန်ယွီအာက  အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “သူက ဂျူနီယာဟန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး”

ရှင်းဟုန်ရွှမ်ကတော့ ဘာမှမပြောဘဲ ဟန်ကျွယ်ကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပါတယ်။

ကျိုးဖန်ဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိပေမဲ့ သူထံကို တန်းတန်းမတ်မတ် လျှောက်လာတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါမှာ အနည်းငယ် ပျာယာခတ်သွားပါတယ်။ ဒီလိုဖြစ်ရတာဟာ ဟန်ကျွယ်ကို ချီးမွမ်းခန်းဖွင့်တဲ့ မော့ဖူချိုရဲ့ စကားတွေကို မကြာခဏ ကြားခဲ့ရလို့ ဖြစ်ပါတယ်။ တစ်ခါနှစ်ခါ မသိသာပေမဲ့ အချိန်ကြာလာတဲ့အခါ ကျိုးဖန်ရဲ့ ရင်ထဲမှာ ဟန်ကျွယ်က အရမ်းအစွမ်းထက်တယ်လို့ မှတ်ယူသွားပါတယ်။

‘ဒီနေ့ ငါမင်းကို အနိုင်ယူပြီး ငါ့စွမ်းရည်ကို ပြသမယ်၊ သေချာကြည့်ထား၊ မင်းငါ့ကို အထင်သေးခဲ့တာအတွက် နောင်တရစေရမယ်’ ကျိုးဖန်က စိတ်ထဲမှာ တွေးလိုက်ပါတယ်၊ သူ့မျက်နှာက ပြုံးနေပေမဲ့ သူ့စိတ်ထဲမှာတော့ ယမ်းပုံမီးကျ ဖြစ်နေပါတယ်။

ကျိုးဖန်ဟာ အနက်ရောင်ခေါင်းလောင်းလေးကို မြှောက်လိုက်ပြီး သူ့အစွမ်းကို ထုတ်သုံးဖို့ ပြင်လိုက်ပါတယ်၊ သူ့မျက်နှာမှာလည်း ရူးသွပ်တဲ့ အပြုံးတစ်ခု ပေါ်လာပါတယ် ‘မင်းမှာအရည်ချင်းရှိတော့ ဘာဖြစ်လဲ! ဒီနေ့ ငါကျိုးဖန်က မင်းလိုပါရမီရှင်ကို အနိုင်ယူပြမယ်!’

“ဝှစ်!”

ဓားအလင်းတန်းတစ်ခုဟာ ဖျပ်ခနဲ လက်သွားတဲ့အတွက် ကျိုးဖန်ဟာ အလိုလို မျက်စိမှိတ်ပြီးသား ဖြစ်သွားပါတယ်။

“ဝုန်း...”

ကျိုးဖန်ဟာ သွေးအန်ထွက်ပြီး စင့်မြင်ပေါ်ကနေ ကြိုးပျက်စွန်လို လွှင့်စဉ်ထွက်သွားပါတယ်။

တိတ်ဆိတ်သွားပါတယ်! အချိန်ရပ်တန့်သွားသလို အရာအားလုံးက တိတ်ဆိတ်သွားပါတယ်။

လူတိုင်းဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး တော်တော်နဲ့ ပုံမှန်သတိပြန်မဝင်ပါဘူး ‘တိုက်ပွဲက ဒီလိုမြန်မြန်ဆန်ဆန် ပြီးသွားတာလား?’

ဒီတိုက်ပွဲကြောင့် အတွင်းဂိုဏ်းစမ်းသပ်မှုကို တာဝန်ယူကြီးကြပ်ရတဲ့ မိုးကြိုးအင်မော်တယ်တောင် မျက်လုံးပြူးသွားပါတယ်။

ဟန်ကျွယ်ဟာ သူ့သိုင်းကို အမြန်ပြန်ရုပ်လိုက်တဲ့အတွက် သူ့နောက်ကျော်က ဓားရိပ်တွေဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်၊ ဒီဓားရိပ်တွေဟာ တစ်စက္ကန့်ကျော်ပဲ ပေါ်လာပြီး ပြန်ပျောက်ကွယ်သွားတာပါ။

ဟန်ကျွယ်ဟာ မိုးကြိုးအင်မော်တယ်ဘက်လှည့်ပြီး သူ့လက်ကို ဆုပ်ကိုင်ကာ ဦးညွှတ်လိုက်ပါတယ်။

အဲဒီတော့မှာ မိုးကြိုးအင်မော်တယ်ဟာ သတိပြန်ဝင်လာပြီး ကြော်ငြာလိုက်ပါတယ် “ကျောက်အေးတောင်ထိပ်က ဟန်ကျွယ် အနိုင်ရပါတယ်”

“ဝိုး...”

လူအုပ်ကြီးဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်သွားပါတယ်၊ အမျိုးသားကျင့်ကြံသူတွေက အချင်းချင်း ဆွေးနွေးကြသလို အမျိုးသမီးကျင့်ကြံသူတွေကလည်း ဟန်ကျွယ်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်ကြပါတယ်။

“မြန်လှချည်လား?”

“တွေ့ပြီလား၊ ကျိုးဖန်က သာမန်ပါပဲဆို!”

“ဟန်ကျွယ်က စွမ်းလှချည်းလား!”

“ဟန်ကျွယ်က ဘယ်သူလဲ? ကျောက်အေးတောင်ထိပ်မှာ ဒီလိုပါရမီရှင်မျိုး ဘယ်တုန်းက ရှိသွားတာလဲ?”

“သူက အရမ်းချောတာပဲ၊ သူက အမျိုးသမီးကျင့်ကြံသူတွေ မကြာခဏပြောနေကြတဲ့ တစ်ယောက်များလား?”

…

ဟန်ကျွယ်ဟာ စင်မြင့်ပေါ်ကနေ အမြန်ဆုံးဆင်းလိုက်ပြီး လူအုပ်ကြားထဲတိုးဝင် ပျောက်ကွယ်သွားပါတယ်။ ပြိုင်ကွင်းက ဖျက်ဆီးမခံရတဲ့အတွက် ဒုတိယတိုက်ပွဲကို သိပ်မကြာခင် ဆက်ကျင်းပမှာ ဖြစ်ပါတယ်။

ကျိုးဖန်ဟာ ကောင်းကင်မိုးကြိုးတောင်ထိပ်က တပည့်တွေရဲ့ အကူအညီနဲ့ လူအုပ်အပြင်ဘက်ကို ထွက်လိုက်ပါတယ်။ သူ့ပါးစပ်ထောင့်နားမှာ သွေးတွေပေကျံနေပြီး သူ့မျက်နှာက ဖြူဖတ်ဖြူရောက် ဖြစ်နေပါတယ်။ သူ့မျက်လုံးတွေက ဝိညာဉ်ဆုံးရှုံးသွားသလို အသက်မဲ့နေပါတယ်။

ဒီနေ့တိုက်ပွဲက ကျိုးဖန်ကို တော်တော်လေး သက်ရောက်သွားပါတယ်။ သူဟာ ဘယ်လိုရှုံးလို့ ရှုံးမှန်းတောင် မသိလိုက်ပါဘူး။ ဟန်ကျွယ်ရဲ့ အရိပ်ဓား သူ့ကို တိုက်မိချိန်မှာ သေခြင်းတရားရဲ့ အငွေ့အသက်ကို ကျိုးဖန် ခံစားလိုက်ရါတယ်။

အဲဒါကြောင့် ဟန်ကျွယ်သာ သူ့ကိုသတ်ချင်တယ်ဆိုရင် သူ အသက်မရှင်နိုင်ဘူးဆိုတာ ကျိုးဖန် သိလိုက်ပါတယ်။ ကျိုးဖန်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေဟာ တစ်ခဏအတွင်းမှာပဲ နေလာနှင်းပျောက် ဖြစ်ကုန်ပါတယ်။ ကျိုးဖန်ဟာ ရှက်လွန်းတာကြောင့် တွင်းတစ်ခုတူးပြီး ဝင်ပုန်းပစ်ချင်စိတ် ပေါက်သွားပါတယ်။ သူဟာ ရယ်စရာတစ်ခု ဖြစ်သွားပြီမှန်း ကျိုးဖန် သိလိုက်ပါတယ်။

ချန်ယွီအာ၊ ရှင်းဟုန်ရွှမ်နဲ့ မော့ကျူတို့ဟာ ဟန်ကျွယ်ကို ကြိုးစားရှာဖွေပေမဲ့ လုံးဝရှာမတွေ့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ လူအုပ်ကြားထဲမှာ ပုန်းအောင်းပြီး သူတို့ကို တစ်နေရာကနေ တိတ်တဆိတ် ကြည့်နေလို့ပါပဲ။

နှစ်နာရီကြာတဲ့အခါ ထိပ်တန်းငါးယောက်ကို သတ်မှတ်လို့ ပြီးသွားပါတယ်၊ ဒီတပည့်ငါးယောက်ဟာ မဲနှိုက်ပြီးတော့ ထိပ်တန်းသုံးယောက်ကို မတိုက်ခိုက်ဘဲ ရောက်ရှိမဲ့သူကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒီကိစ္စအတွက် တပည့်တွေက ငြင်းဆန်ခြင်း မရှိကြပါဘူး၊ ဒီအချိန်မှာ သူတို့အစွမ်းတွေက တစ်ယောက်နဲ့ တစ်ယောက် သိပ်ကွာတာ မဟုတ်ပါဘူး၊ ဒါကြောင့် လူတိုင်းက ထိပ်တန်းသုံးယောက်စာရင်းကို ဝင်နိုင်ပါတယ်။

ကျင့်ကြံခြင်းလမ်းခရီးစဉ်မှာ ကံကောင်းတာကလည်း အင်အားတစ်မျိုးပါပဲ။

.

ဟန်ကျွယ်ဟာ ချက်ချင်းပဲ အတွေးတစ်ခုရသွားပါတယ် ‘ငါသာ ထိပ်တန်းသုံးယောက်ထဲကို မတိုက်ခိုက်ရဘဲ ရောက်သွားမယ်ဆိုရင် ဆက်မတိုက်တော့ဘဲ အရှုံးပေးလိုက်မယ်၊ ဘာပဲဖြစ်ဖြစ် ထိပ်တန်းသုံးယောက်က သဘာဝကျင့်ကြံခြင်းလိုဏ်ဂူ တစ်ဂူဆီတော့ ရမှာပဲ’

‘ဟုတ်ပြီ... ဒီအတိုင်းဆိုရင် ငါကျော်ကြားမှုက အနည်းဆုံး ဖြစ်မှာပဲ’ ဟန်ကျွယ်ဟာ တိတ်တဆိတ် ဆုတောင်းလိုက်ပါတယ်။

“ကျောက်အေးတောင်ထိပ်က ဟန်ကျွယ်ဟာ ထိပ်တန်းသုံးယောက်ကို တန်းရောက်သွားပါပြီ”

မိုးကြိုးအင်မော်တယ်ရဲ့ ကြော်ငြာချက်ကို ကြားရတဲ့အခါမှာ တစ်ခြားတပည့်လေးယောက်ဟာ ဟန်ကျွယ်ကို မနာလိုဝန်တိုတဲ့အကြည့်နဲ့ ကြည့်လိုက်ကြပါတယ်။ သူတို့လေးယောက်လုံးဟာ ကျိုးဖန်ကို ဟန်ကျွယ် ဘယ်လိုအနိုင်ယူခဲ့လဲဆိုတောင် မျက်မြင်တွေ့ခဲ့ရသူတွေပါ ‘ဒီကောင်က ကျိုးဖန်ကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာ၊ သူ့စိတ်ဝိညာဉ်ချီက အမြင့်ဆုံးမှာပဲ ရှိနေသေးတယ်’

ဟန်ကျွယ်ဟာ ဝမ်းသာအားရ ဖြစ်သွားပြီး စင်မြင့်ပေါ်ကနေ တိတ်တဆိတ် ဆင်းလိုက်ပါတယ်၊ ဒါပေမဲ့ ချန်ယွီအာ၊ မော့ကျူနဲ့ ရှင်းဟုန်ရွှမ်ဟာ သူ့ကို ချက်ချင်းပဲ ဝိုင်းရံလိုက်တဲ့အတွက် ပြေးပေါက် ပိတ်သွားပါတယ်။

“ဂျူနီယာ... နင်မှာ ပထမရဖို့ အလားအလာ အများကြီးရှိတယ်” ချန်ယွီအာက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။ မော့ကျူနဲ့ ရှင်းဟုန်ရွှမ်ကလည်း အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။ သူတို့သုံးယောက်လုံးဟာ ဟန်ကျွယ်ကို လေးစားအားကျသူတွေမို့ ဟန်ကျွယ်ကျော်ကြားတာကို မြင်ချင်ကြပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ကျွန်တော် မရနိုင်ဘူး၊ ဒီအဆင့်ထိကိုပဲ မနည်းတက်ခဲ့ရတာ”

ဟန်ကျွယ်ဆီလာနေတဲ့ ကျိုးဖန်ဟာ ဟန်ကျွယ်ရဲ့စကားကြောင့် သတိလစ်လုနီး ဖြစ်သွားပါတယ်။ ကျိုးဖန်ဟာ ဟန်ကျွယ်က သူ့ကို ဘာအစွမ်းအသုံးပြုပြီး အနိုင်ယူလိုက်လဲဆိုတာ သိချင်တဲ့အတွက် ဟန်ကျွယ်ဆီ မေးမြန်းဖို့ လာနေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့စကားကြောင့် ကျိုးဖန်ဟာ ယမ်းပုံမီးကျဖြစ်ပြီး သွေးအန်သွားပါတယ်၊ သူ့ရှေ့ကတပည့်တစ်ဦးဟာ သွေးတွေပေကျံသွားပါတယ်။ ကျိုးဖန်ဟာ ဟန်ကျွယ်ဆီ မသွားတော့ဘဲ ထွက်ခွာသွားပါတယ်။

ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါမှာ ကျိုးဖန်ကို မတွေ့ရတော့ပါဘူး။

နောက်နှစ်ပွဲဟာ တော်တော်လေး ပြင်းထန်ပါတယ်၊ လက်နက်၊ မှော်ပညာပစ္စည်း၊ ကိုယ်ဖော့သိုင်း၊ လက်ဖွဲ့ စတာတွေ အကုန်လုံး ပါလာပါတယ်။ တပည့်လေးယောက်ဟာ အနိုင်အရှုံးကို ပဓာနမထားဘဲ တစ်ဦးနဲ့တစ်ဦး ပညာကုန် တိုက်ခိုက်ကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ထိပ်တန်းသုံးယောက် ထွက်ပေါ်လာပါတယ်။

“မင်းတို့သုံးယောက် မတူညီတဲ့ပြိုင်ဘက်နဲ့ နောက်ထပ်နှစ်ကြိမ်စီ တိုက်ခိုက်ရမယ်၊ နှစ်ပွဲစလုံးမှာ အနိုင်ရတဲ့သူက ပထဖြစ်ပြီး၊ တစ်ပွဲနိုင်တစ်ပွဲရှုံးသူက ပထမပဲ၊ နှစ်ပွဲလုံးရှုံးတဲ့သူကတော့ တတိယပဲ” မိုးကြိုးအင်မော်တယ်က ပြိုင်ပွဲစည်းမျဉ်းတွေကို ရှင်းပြလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက် လက်မြှောက်ပြီး ပြောလိုက်ပါတယ် “အကြီးအကဲ၊ ကျွန်တော် အရှုံးပေးပါတယ်၊ စောစောကတိုက်ပွဲမှာ ပြိုင်ဘက်ကိုတစ်ချက်တည်းနဲ့ အနိုင်ယူဖို့အတွက် ကျွန်တော်အစွမ်းကုန် သုံးလိုက်ရတယ်၊ ကျွန်တော်ရဲ့ စိတ်ဝိညာဉ်ချီက အခုထိ ပြန်မပြည့်သေးပါဘူး၊ သူတို့နှစ်ယောက်ကိုသာ တိုက်ခိုက်ခိုင်းလိုက်ပါ၊ ကျွန်တော်က တတိယနေရကို ကျေနပ်ပါတယ်”

လူတိုင်းဟာ ကြက်သေသေသွားသလို ချန်ယွီအာ၊ မော့ကျူနဲ့ ရှင်းဟုန်ရွှမ်ဟာလည်း မျက်လုံးများ ပြူးကျယ်သွားကြပါတယ်။

ကျိုးဖန်ဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားရတဲ့အခါမှာ အံဩသွားပါတယ် ‘တကယ်ကြီးလား? သူက ငါ့ကိုအနိုင်ယူဖို့ အစွမ်းအကုန် သုံးလိုက်ရတာပဲ၊ ဒီလိုဆို ငါက အားအနည်းကြီး မဟုတ်သေးပါဘူး’

[ကျိုးဖန်၏ သင့်အပေါ်အကောင်းမြင်မှု တိုးလာပါပြီ၊ လက်ရှိမျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်]

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ စာကြောင်းကြောင့် စိတ်ထဲမှာ ပြောလိုက်ပါတယ် ‘ဒီကောင်က အရူးပဲ’

မိုးကြိုးအင်မော်တယ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်ပါတယ်၊ အဲဒီနောက် သူဟာ စည်းမျဉ်းကို ပြောင်းလိုက်ပြီး ဟန်ကျွယ်ကို တတိယနေရာ ပေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ စင်ပေါ်က ဆင်းသွားပါတယ်။ ဒီတိုက်ပွဲဟာ အရင်တိုက်ပွဲတွေလောက် စိတ်လှုပ်ရှားစရာ မကောင်းပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူနှစ်ယောက်လုံးက စိတ်ဝိညာဉ်ချီတွေ တော်တော်လေး ကုန်ခမ်းနေလို့ပါပဲ။ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး နှစ်ယောက်တစ်ယောက် ယှဉ်တိုက်ရင်တောင် အေးအေးဆေးဆေး သူ အနိုင်ယူနိုင်တယ်လို့ ခံစားလိုက်ရပါတယ်။

နောက်ဆုံးမှာ ထိပ်တန်းသုံးယောက်ကို သတ်မှတ်လို့ ပြီးစီးသွားတာကြောင့် အတွင်းဂိုဏ်းစမ်းသပ်မှုဟာ ပြီးဆုံးသွားပါတယ်၊ ထိပ်တန်းသုံးယောက်ဟာ မိုးကြိုးအင်မော်တယ်နဲ့အတူ အဓိကတောင်ထိပ်ကို ပျံသန်းသွားပါတယ်။ ပျံသန်းနေရင်းနဲ့ စာကြောင်းတစ်ကြောင်းဟာ ဟန်ကျွယ်ရှေ့မှာ ရုတ်တရက် ပေါ်လာပါတယ်။

[သင်သည် အတွင်းဂိုဏ်းစမ်းသပ်မှု၌ ကုပ်ကုပ်လေးဖြင့် ထိပ်တန်းသုံးနေရာသို့ ဝင်ရောက်ခဲ့သည်၊ စိတ်ဝိညာဉ်ရတနာကို သင်ရရှိပါမည်]

[အဆင့်ခုနစ်ရှိသည့် ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်]

[ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံ: အဆင့်ခုနစ်ရှိသည့် စိတ်ဝိညာဉ်ရတနာဖြစ်ပြီး ရန်သူ၏ တိုက်ခိုက်မှုကို အလိုလို ခုခံနိုင်သည်၊ ထိုဝတ်ရုံသည် စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိသည် ကျင့်ကြံသူတစ်ဦး၏ တိုက်ချက်တစ်ချက်ကို ခုခံနိုင်သည်၊ သင်သည် ထိုဝတ်ရုံထဲသို့ စိတ်ဝိညာဉ်ချီ ဖြည့်ပေးလျှင် ထိုဝတ်ရုံ၏ ခုခံနိုင်စွမ်းသည် တိုးလာမည် ဖြစ်၏။]

ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပါတယ်၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ချက်တစ်ချက်ကို ခုခံနိုင်တဲ့အတွက် တော်‌တော်လေး စွမ်းအားကြီးတယ်လို့ ပြောလို့ရပါတယ်။ ဒီစိတ်ဝိညာဉ်ရတနာဟာ တစ်ခြားရတနာတွေထက် အများကြီးပိုပြီး သန်မာပါတယ်။ အဆင့်ခုနစ်ရှိတဲ့ စိတ်ဝိညာဉ်ရတနာတောင် ဒီလောက်စွမ်းနေရင် အဆင့်ခြောက်၊ အဆင့်ငါး၊... အဆင့်တစ် စိတ်ဝိညာဉ်ရတနာတွေက တော်တော်လေး အစွမ်းထက်မယ်လို့ ဟန်ကျွယ်ဟာ တိတ်တဆိတ် ခန့်မှန်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ်၊ ဒီတစ်ခါ ရလဒ်ကို သူ့ကို တော်တော်လေး ကျေနပ်စေပါတယ်။ ဒီရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံကို ရလိုက်တဲ့အတွက် ဟန်ကျွယ်ဟာ အရမ်းပဲ လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။ နောက်ပြီး သူ့ဟာ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူကိုလည်း ရရှိမှာ ဖြစ်တဲအ့တွက် ဒီတစ်ခေါက် အတွင်းဂိုဏ်းစမ်းသပ်မှုက သူ့အတွက် တော်တော်လေး အထောက်အကူ ပြုသွားပါတယ်။

ဒီရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံကို သူ့ဝတ်ဆင်လိုက်တာနဲ့ ဟန်ကျွယ်ဟာ ချောင်းမြောင်း တိုက်ခိုက်ခံရမှာကို စိတ်ပူစရာမလိုဘဲ စိတ်ချလိုက်ချ ကျင့်ကြံနိုင်ပါပြီ။ ယွီဂျင်ဂိုဏ်းမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ရှိတဲ့ ကျင့်ကြံသူက နှစ်ရာချီမှ တစ်ယောက်တစ်လေ ပေါ်ထွက်တာပါ။

ဒါပေမဲ့ ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံက သူ့ကို အကာအကွယ်ပဲ ပေးနိုင်တာပါ၊ ဆိုလိုတာက ကနဦးဝိညာဉ်အဆင့်ရှိသူနဲ့ ဟန်ကျွယ် ရင်ဆိုင်တိုးမိခဲ့ရင် အဲဒီကျင့်ကြံသူက ဟန်ကျွယ်ကို မသတ်နိုင်သလို ဟန်ကျွယ်ကလည်း သူ့ကို သတ်နိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ မနေနိုင်ဘဲ ပြုံးလိုက်ပါတယ်။

“မင်းက တတိယနေရာရတာကို ဘာလို့ ဒီလောက်‌တောင် ပျော်နေရတာလဲ? နတ်မိမယ်ရှီရွှမ်က တတိယနေရာအတွက်ပဲ တိုက်ခိုက်ဖို့ ပြောထားလို့လား?” မိုးကြိုးအင်မော်တယ်က ကောက်ကာငင်ကာ မေးလိုက်ပါတယ်။

တစ်ခြားတပည့်နှစ်ဦးကလည်း ဟန်ကျွယ်ကို ထူးဆန်းတဲ့အမူအရာနဲ့ လှည့်ကြည့်လိုက်ကြပါတယ်။ သူတို့ဟာ ငတုံးငအတွေ မဟုတ်တဲ့အတွက် ဟန်ကျွယ်ရဲ့ အရှုံးပေးမှုက အရမ်းသံသယ ဝင်စရာကောင်းတယ်လို့ ခံစားလိုက်ရပါတယ်၊ ဒါပေမဲ့ ဒီဟာက သူတို့အတွက် သတင်းကောင်းမို့ အကြောင်းရင်းကို စုံစမ်းမေးမြန်းခြင်း မရှိပါဘူး။

All Chapters