ဧကရာဇ် ကျူးလုံ ပြန်လာပြီ
Vol. 86-89 Ch. 1323
*ဒါ လုံးဝကို မဖြစ်နိုင်ဘူး*
*မဟာ ဧကရာဇ် ကျူးလုံ နတ်ရွာစံသွားတာ နှစ်ဘယ်နှစ်ထောင်လောက် ရှိနေပြီလဲ၊ ဘယ်လိုလုပ် ပြန်မွေးဖွား လာနိုင်မှာလဲ*
*ဒါ အဓိပ္ပာယ် မရှိဘူး*
အဓိက အချက်မှာ သူ လက်မခံရဲခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထျဲမူထား ပြောသော စကားက အမှန် ဖြစ်နေခဲ့လျင် သမိုင်း၌ လေးစားလောက်စရာ မှတ်တမ်း ချန်ရစ်ခဲ့သော ပုဂ္ဂိုလ်နှင့် သူ ရင်ဆိုင်နိုင်သည့် အခွင့်အရေး ရှိပါဦးမည်လော။
ယန်လောင်ရှီ၏ အမူအရာကို ကြည့်ပြီး လူတိုင်း မှင်တက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယန်လောင်ရှီ၏ မျက်နှာပေါ်မှ ကြောက်စိတ်နှင့် စိုးရိမ်စိတ်ကို သူတို့ အထင်သား မြင်နေရသောကြောင့်ပင်။
*သူ ဘာကို မြင်သွားတာလဲ၊ ဘာလို့ ဒီလို ကြောက်လန့်နေရတာလဲ*
ထိုအခိုက်တွင် ယဲ့ဖန်က အစီအစဉ် တင်ဆက်သူထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားနေသည်။ အစီအစဉ် တင်ဆက်သူ ရုတ်တရက် ခေါင်းမွေးထောင်သွားပြီး ကြောက်လန့်တကြား ပြောလိုက်သည်။
“မင်း ဘာလုပ်ချင်တာလဲ၊ ပြဿနာ မရှာနဲ့နော်”
“မင်း ငါ့လက်အောက်ငယ်သားကို နှိပ်စက်ရလို့ သိပ်ဂုဏ်ယူနေတာ မဟုတ်လား”
ယဲ့ဖန်က အစီအစဉ် တင်ဆက်သူကို စိုက်ကြည့်၍ အေးစက်စွာ မေးလိုက်သည်။ သူ ဒေါသထွက်နေပုံ ရသည်။
“ကျုပ် …”
အစီအစဉ် တင်ဆက်သူ ချက်ချင်း စဉ်းစားမရ ဖြစ်လာကာ ကြောက်လန့်၍ ကျင်ငယ်ရည် ထွက်ကျမတတ် ဖြစ်လာသည်။
“အုန်း”
ပြင်းထန်သော ခွန်အားပါဝင်သော လက်သီးတစ်လုံးဖြင့် အစီအစဉ် တင်ဆက်သူကို ထိုးနှက်လိုက်သောကြောင့် ထိုလူ နံရံထံ လွင့်ထွက်သွားပြီး ဖျစ်ညှစ်ခံလိုက်ရသော ခရမ်းချဉ်သီးတစ်လုံးသဖွယ် ဖြစ်သွားပြီး သွေးများ စင်ထွက် လာသည်။
“ဖြောင်း”
သံလှောင်အိမ်သည် ယဲ့ဖန်၏ လက်များကြောင့် တစ်စစီ ပျက်ဆီးသွားပြီး ထျဲမူထားအား ချုပ်နှောင်ခံထားရမှ ဖြည်ပြီးလိုက်ပြီးနောက် ထျဲမူထား၏ ခန္ဓာကိုယ်ထဲသို့ ဘုံကိုးပါး ယန်စွမ်းအင် ထည့်သွင်းပေးလိုက်သည်။
ထိုအခိုက်တွင် ထျဲမူထားသည် သူ၏ ယန်စွမ်းအင်များ လျင်မြန်စွာ ပြည့်လာသည်ဟု ခံစားမိကာ ခန္ဓာကိုယ် တစ်ခုလုံး စွမ်းအင်များ ပေါက်ကွဲထွက်တော့မည်ဟု ထင်မှတ်လာရသည်။
“အား…”
ထျဲမူထား ကျယ်လောင်စွာ အော်ဟစ်လာသလို သူ့ကိုယ်ပေါ်မှ သံကြိုးများ တစစီ ပြတ်ထွက်သွားသည့်အပြင် တစ်ကိုယ်လုံးမှ ပြင်းထန်သော စွမ်းအင်အလွှာများ ထွက်ပေါ်လာ၏။ အရှိန်အဝါက အေးစက်လှသည်။
ထိုစဉ် ယဲ့ဖန်က နောက်ပြန်လှည့်လာပြီး ယန်လောင်ရှီကို စူးစိုက်ကြည့်လာသည်။
“ဒူးထောက်မှာလား မထောက်ဘူးလား”
ယဲ့ဖန်က သူ့ကို အထင်သေးစွာ ကြည့်နေသည်။ သူ့စကားသံက အေးစက်ကာ အပြုအမူက အထက်စီး ဆန်ပေသည်။
တစ်ဖက်တွင်မူ ယန်လောင်ရှီသည် တောင့်ခနဲ ဖြစ်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ပေ။ သူသည် စဉ်းစားရန် တုံ့ဆိုင်းနေပုံ ရပြီး သူ့ရှေ့မှ ထျဲမူထားက အစစ်အမှန် ဟုတ်လေသလားဟု တွေးတောနေသည်။
“ယန်လောင်ရှီ မင်း ငါ့ကို အရှက်ရအောင် လုပ်ခဲ့သမျှတိုင်းကို တစ်ခုချင်းဆီ ပြန်ပေးဆပ်ခိုင်းမယ်”
ထျဲမူထားက ပခုံးတွန့်၍ တစ်လုံးချင်းစီ ပြောလိုက်ပြီး ယန်လောင်ရှီအား ခက်ထန်သော မျက်လုံးများဖြင့် ကြည့်နေသည်။
ဒူးထောက်ခြင်းသည် ပထမအဆင့်မျှသာ ရှိပေသည်။ ထို့နောက်တွင် သူသည် ယန်လောင်ရှီအား ခွေးသဖွယ် အကျဉ်းချ၍ နှိပ်စက်ညှင်းပန်းပြီး ပြန်ရောင်းစားပစ်မည်။
ယန်လောင်ရှီ၏ အမူအရာက တောင့်တင်းနေပြီး ကြောက်လန့်ကာ နောင်တရနေ၏။ နီညိုရောင် စစ်သား၏ နောက်ကွယ်၌ ဤမျှ ကြောက်စရာကောင်းသော တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။
“သုံး၊ နှစ်၊ တစ် …”
ထိုစဉ် ယဲ့ဖန်က စတင်၍ ရေတွက်လာသည်။ သို့သော် ယန်လောင်ရှီက မလှုပ်သေးပေ။ အကြောင်းမှာ သူ၏ သူတော်စင်သခင်အဆင့်ဟူသော မာနကို လွှတ်မချနိုင်သောကြောင့်ပင်။ ထို့အတူ သူ လွယ်လင့်တကူ ဒူးမထောက် လိုပါ။
“တစ်”
ရေတွက်ခြင်း ပြီးဆုံးသွားချိန်တွင် ယဲ့ဖန်က ခေါင်းခါ၍ ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။
“ခင်ဗျားဆုံးဖြတ်ချက်ကို ခင်ဗျား ချခဲ့တာပဲ၊ ဒီလိုဆိုတော့လည်း သေလိုက်တော့”
“ဝှီး”
အန္တရာယ် ရှိဟန်မပေါ်သည့် လက်သီးတစ်လုံးက ယန်လောင်ရှီထံသို့ ပစ်ခွင်းလာပြီး သူ့အား သတ်ဖြတ်ရန် ကြိုးစားလာ၏။ သို့သော် ထိုအခါတွင် ယန်လောင်ရှီ၏ မျက်လုံးများ ပြူးကျယ်လာပီဲး အလွန်အမင်း ကြောက်လန့် သွားဟန် ပေါ်လာကာ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထလာလေသည်။
မိုးမြေကိုပင် ဆန့်ကျင်နိုင်သည့် ထိပ်တန်း နတ်ဘုရား စွမ်းအင်တစ်ခုက သူ့ကို သတ်ဖြတ်ချင်နေပြီး များစွာသော ကြယ်တာရာများ သူ့ပေါ် တစ်ပြိုင်တည်း ကျရောက်လာသည်ဟု ခံစားမိနေသည်။
သေချာကြည့်မည်ဆိုလျင် ယန်လောင်ရှီ၏ ဘေးပတ်လည်မှ လေဟာနယ် ပုံပျက်လာပြီး ယန်စွမ်းအင် ချက်ချင်း ခမ်းခြောက်သွားသည်ကို မြင်နိုင်ပေ၏။ ထိုစွမ်းအင်က ဖိအားပြင်းလှသည်။
“ဝုန်း”
ကြောက်စရာကောင်းသော ဖိအားစွမ်းအင်သည် သူ့ပေါ် ကျရောက်လာလေတော့သည်။ ချက်ချင်းဆိုသလိုပင် သူ့အရေပြား စုတ်ပြဲလာပြီး အရိုးများ အက်ကွဲလာကာ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်သွားလေသည်။ ဖျစ်ညှစ်ခံလိုက်ရသလိုပင်။ သူ၏ ခန္ဓာကိုယ်က လက်ရှိတွင် အလွန် အဖြစ်ဆိုးနေ၏။
ယနေ့ ယန်လောင်ရှီသည် အက်နေသော ကြွေထည်တစ်ခုသဖွဘ် ဖြစ်နေပြီး အချိန်မရွေး ကွဲကြေမည့် အနေအထား ရှိနေသည်။ သူ၏ အမူအရာက လေးလံထိုင်းမှိုင်းနေပြီး သူ့လက်ကို မယုံနိုင်သလို ကြည့်နေလေသည်။
သူ၏ခန္ဓာကိုယ်က အပြင်းအထန် ဒဏ်ရာရနေပြီး သူ၏ အသက်ဓာတ်က လျင်မြန်စွာ ကျဆင်းလာသည်ကို ခံစားမိသည်။
*ရှုံးသွားပြီ*
*လုံးဝကို ရှုံးသွားပြီ*
ဤမြင်ကွင်းက ဘေးပတ်လည်မှ လူများအားလုံးကို မျှော်လင့်ချက် မဲ့သွားစေသည်။ ယန်လောင်ရှီက ယဲ့ဖန်နှင့် ရင်ဆိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့သော်လည်း ရက်စက်သော အမှန်တရားက ယန်လောင်ရှီက ယဲ့ဖန်၏ တိုက်ကွက်ကို မခုခံနိုင်ကြောင်း ပြသနေ၏။ သူတို့၏ မျက်လုံးထဲတွင် ယဲ့ဖန်က ရက်စက်သော သားရဲသဖွယ် အလွန်အမင်း ကြောက်စရာ ကောင်းလာသည်။
*သူတော်စင်သခင်အဆင့်ခြင်း အတူတူပဲကို၊ ဘာလို့ ဒီကောင်က ယန်လောင်ရှီကို လုံးဝ အနိုင်ယူနိုင်ရတာလဲ*
*ဒါ လက်မခံနိုင်စရာ ကောင်းလွန်းတယ်*
ယန်လောင်ရှီသာလျင် ဘာဖြစ်သွားလဲ သိလေသည်။ ထျဲမူထား မလိမ်ခဲ့ပေ။ သူ့ရှေ့မှ လူငယ်လေးသည် တကယ်ပင် ထိုပုဂ္ဂိုလ် ပြန်ဝင်စားသူ ဖြစ်ပေသည်။
*မဟာ ဧကရာဇ် ကျူးလုံ ပြန်လာပြီပဲ*
“ဒုန်း”
ထိုအခိုက်တွင် ယန်လောင်ရှီ အလျင်အမြန် ဒူးထောက်လိုက်ပြီး သွေးပျက်နေသော လေသံဖြင့် တုန်တုန်ယင်ယင် အသနားခံလေသည်။
“ကျေးဇူးပြုပြီး အရှင်မင်းကြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”
သူ မနိုင်နိုင်ပါ။ သူ မနိုင်နိုင်မှန်း သိလိုက်သည်။
ဤမြင်ကွင်းကိုမြင်သော် ဝမ်လေ့နှင့် အခြားသူများ မွန်းကြပ်လာပြီး အားလုံး အသက်ပင် မရှူနိုင်ဘဲ မျက်နှာ ဖြူရော်လာကာ မျက်လုံးတွင် ကြောက်စိတ်များ ပေါ်လာသည်။
*ဒူးထောက်တယ်*
*ယန်လောင်ရှီ တကယ် ဒူးထောက်တာပဲ*
*အညံ့ခံသွားတာပါလား*
သူတို့ မယုံနိုင်ပါ။ မာနကြီးသော ယန်လောင်ရှီက လက်လျှော့ရန် ရွေးချယ်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
*သူ့ရဲ့ သူတော်စင်သခင်ဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်ပစ်ပြီး ဒီနတ်ဆိုးရှေ့မှာ ဒူးထောက်လိုက်တယ်ပေါ့*
ရုတ်ချည်းဆိုသလိုပင် အော်ငိုသံများ ထွက်ပေါ်လာပြီး လူတိုင်း စိတ်ဓာတ်ကျသွားကြသည်။ အဘယ်ကြောင့် ဆိုသော် ယခု သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်က အရှုံးပေးသွားသဖြင့် သူတို့၏ မျှော်လင့်ချက်လည်း ပျက်စီးသွားလေပြီ။ သူတို့အားလုံး လုပ်နိုင်သည့်အရာဟူ၍ သေမည့်အချိန်ကို စောင့်နေရန်သာ တတ်နိုင်ပေသည်။
သို့သော် ထိုအချိန်၌ ယဲ့ဖန်က ခေါင်းခါလာ၏။
“မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ အခုမှ နောင်တရမယ်ဆိုရင် အရမ်း နောက်ကျသွားပြီ”
ယခု ယန်လောင်ရှီ ဒူးထောက်လျင်တောင်မှ အသုံးမဝင်တော့ပေ။ သူ သေကိုသေရပေမည်။ ယန်လောင်ရှီ မျက်မှောင်ကြုတ်သွားပြီး ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်လာသည်။ ယဲ့ဖန် သူ့ကို သတ်လိမ့်မည်ဟု လုံးဝ ထင်မထားမိပါ။ လူတိုင်း မှင်တက်သွားကြသည်။
*ယန်လောင်ရှီက ဒီလောက် ရိုကျိုးပြီး နှိမ့်ချနေတာတောင် ယဲ့ဖန်က သက်ညှာပေးဖို့ ငြင်းနေတုန်းပဲလား*
*မင်း လူကို သေတဲ့အထိ အရှက်ခွဲချင်နေတာလား*
“အရှင်မင်းမြတ်၊ ကျုပ်က သူတော်စင်သခင်အဆင့်ပါ၊ ကျုပ်ကိုသာ ခွင့်လွှတ်ပေးမယ်ဆိုရင် အရှင့်အတွက် မြင်းလိုနွားလို အမှုထမ်းနိုင်ပါတယ်”
ယန်လောင်ရှီ အသနားခံလေသည်။ သူသည် သူတော်စင်သခင်အဆင့် တစ်ယောက် ဖြစ်ပြီး အင်ပါယာ တစ်ခုလုံး၌ သူတော်စင်သခင် အဆင့်က အနည်းငယ်မျှသာ ရှိသည်။
ယဲ့ဖန်သာ သူ့ကို အနားမှာ ထားလျင် နောင်တွင် သူ ကောင်းကောင်း အသုံးဝင်လာနိုင်ပေလိမ့်မည်။ သို့သော် ယဲ့ဖန်က လုံးဝ အရေးမစိုက်သလို သူ့အား အလေးအနက်လည်း မထားပေ။
“ငါ့လက်အောက်ငယ်သားတွေထဲမှာ လူရှားနေတယ်လို့ မင်း ထင်နေလား”
ယဲ့ဖန် လှောင်ရယ်လိုက်သည်။ သူသည် ဧကရာဇ်ကိုးပါးလုံး၏ ဝင်စားသူ ဖြစ်ပြီး ထိုဧကရာဇ် တစ်ပါးချင်းစီတွင် ခမ်းနားထည်ဝါသော အတိတ်များ ရှိကြပြီး မျိုးဆက်တိုင်း၏ လေးစားခြင်း ခံရလေသည်။ ထို့ကြောင့် သူက အဘယ်ကြောင့် ယန်လောင်ရှီကို အရေးစိုက်ရမည်နည်း။
ထိုစကားကို ကြားသော် ယန်လောင်ရှီ၏ အမူအရာက အေးခဲသွားပြီး သူ့မျက်လုံးတွင် ကြောက်စိတ်များ ထင်ဟပ် လာသည်။
*ယဲ့ဖန်က ငါ့ကို တကယ် အလွတ်မပေးဘူးပဲ*
ထို့နောက် သူသည် ဟွမ်ထျန်းချန်နှင့် ဟွမ်ယွီလင်းတို့အား ခက်ထန်သော မျက်နှာထားဖြင့် ဒေါသတကြီး လှမ်းကြည့်လေသည်။
“ဒီလိုဆိုမှတော့ ငါ သူတို့ကိုပါ အပါခေါ်သွားမယ်”
နံရံကို ခုန်ကျော်ချင်နေသော ခွေးပင်။ ယန်လောင်ရှီက နံရံကို ခုန်ကျော်ချင်နေသော ခွေးသဖွယ် ဖြစ်နေကြောင်း လူတိုင်း သတိထားမိသွားသည်။
“ဝုန်း ဝုန်း ဝုန်း”
လေဟာနယ် တုန်ယင်လာပြီး ဥပဒေသများနှင့် ရတနာများ ဆက်တိုက် ထွက်ပေါ်လာသည်။ ယန်လောင်ရှီက အမှန်တကယ် အစွမ်းကုန် ကြိုးစားနေ၏။ ဤတိုက်ခိုက်မှု၏ အစွမ်းက အမြင့်ဆုံးသို့ ရောက်နေစေရန်အတွက် သူ၏ အသက်ဓာတ်ကိုပင် စတေးထားသည်။
ဟွမ်မျိုးနွယ် သားအဖနှစ်ယောက်လုံး မှင်တက်သွားသည်။ ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ကြောက်စရာ ကောင်းသော အရှိန်အဝါ ထွက်ပေါ်လာ၏။ သူ၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီးနောက် ဟွမ်မျိုးနွယ် သားအဖရှေ့သို့ ချက်ချင်း ပေါ်လာသည်။
“ကောင်းကင်ဖြို မိစ္ဆာ”
အရာအားလုံးကို ဖျက်ဆီးနိုင်ပုံရသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။ ကြံ့ခိုင်သော ပုံရိပ်တစ်ခုက မားမားမတ်မတ် ရပ်နေပြီး အရာအားလုံးကို မိုး၍ ကြည့်နေသည်။ ၎င်းသည် ကောင်းကင်ကိုပင် ဖြိုနိုင်လောက်သည့် တိုက်ခိုက်မှုအား တားဆီး ပိတ်ဆို့လာ၏။
ထိုစဉ် ယန်လောင်ရှီက အနောက်ဘက်သို့ အမြန်ဆုံးနှင့် ပြန်လှည့်ပြေးလေသည်။ သူ့ကိုယ်သူ ယဲ့ဖန်နှင့် အလှမ်း ကွာအောင် ကြိုးစားနေပြီး ထွက်ပင် ပြေးချင်နေသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ထိုသားအဖကို သေချာပေါက် ကယ်မည်ဖြစ်ကြောင်း သူ သိနေသည်။ ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချ၍ ဤနေရာမှ ထွက်ပြေးလိုခြင်း ဖြစ်သည်။ သူ့အကြံ အောင်မြင်မလား၊ ကျဆုံးမလား မသိသေးပေ။
သို့သော် တစ်ခဏအကြာတွင် လမ်းတစ်ကမ်းအကွာလောက်မှနေ၍ ခပ်တိုးတိုးအသံတစ်သံက ယန်လောင်ရှီ၏ နားထဲသို့ ပဲ့တင်ထပ်၍ ဝင်ရောက်လာသည်။
“မင်း ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်နေလား”
ယန်လောင်ရှီ ထိတ်လန့်သွားပြီး မျက်လုံးတွင် ကြောက်စိတ်များ ထင်ဟပ်လာ၏။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သရဲတစ္ဆေသဖွယ် သူ့ရှေ့၌ ဝဲနေပြီး နတ်ဆိုးမျက်လုံးကဲ့သို့သော ကြောက်စရာကောင်းသည့် မျက်လုံး များဖြင့် သူ့ကို စိုက်ကြည့်နေသောကြောင့်ပင်။ ထိုမျက်လုံးတွင်း၌ ဖုံးကွယ်ထားသော ငရဲတစ်ခု ရှိနေပုံ ရသည်။
*မြန်လွန်းတယ်*
ထို့နောက် ကြီးမားသော လက်တစ်စုံက သူ့ပခုံးပေါ်သို့ အရှိန်ဖြင့် ကျရောက်လာ၏။
*မကောင်းတော့ဘူး*
ယန်လောင်ရှီ ခုခံရန် ပြင်လိုက်သော်လည်း နောက်ကျသွားလေပြီ။
“မင်း ဒီမှာ နေခဲ့ရမယ်”
“ဂျွတ်”
ပခုံးရိုးများ ချက်ချင်း ကြေမွသွားပြီး လေးလံသော ဖိအားတစ်ခုက ယန်လောက်ရှီပေါ်သို့ ဧဝရက်တောင်သဖွယ် ပိကျလာသဖြင့် ယန်လောင်ရှီ၏ ခန္ဓာကိုယ်က မြေကြီးထဲသို့ ကျွံဝင်သွားလေသည်။
“ဝုန်း”
ခြေထောက်နှစ်ဖက်လုံး နိမ့်ကျသွားပြီးနောက် ဖုန်မှုန့်များ တထောင်းထောင်း ထလာ၏။ ယန်လောင်ရှီ ခြေထောက် နှစ်ဖက်လုံး ကျိုးသွားကာ မြေကြီးပေါ်၌ ဒူးထောက်နေပြီး သူ၏ တိုက်ပွဲဝင်ခွန်အား ဆုံးရှုံးသွားသည်။
“အား…”
စူးရှသော နာကျင်သံတစ်သံ ထွက်ပေါ်လာပြီး ထိုဝေဒနာက သူ့အား မချိမဆံ့ နာကျင်စေပြီး အော်ဟစ်လာစေ၏။
*ဘယ်လိုဖြစ်ရတာလဲ*
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
*ဘယ်လိုလုပ် ဒီကောင်က ဒီလောက် မြန်နေရတာလဲ*
သူ သေချာပေါက် ယဲ့ဖန်နှင့် အလှမ်းဝေးနေခဲ့ပါသည်။ အဘယ်ကြောင့် ဤလူက သူ့ထံ ချက်ချင်း ရောက်လာရ သနည်း။
သူ့ပေါ်ကျရောက်လာသည့် ဖိအားကို မခုခံနိုင်ကြောင်း သူ သေချာ ခံစားမိနေသည်။ သူ့အရိုးများ ချက်ချင်း ကြေမွသွားပြီး ပြင်းထန်လှသည့် ဝေဒနာက သူ့အား သေသည်ထက် ဆိုးရွားနေစေသည်။
“ဂျွတ်”
ယဲ့ဖန်က သူ့မြီးညောင်းရိုးကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်၍ အားဖြင့် ဆွဲထုတ်လေသည်။ သွေးများ ပန်းထွက် လာကာ ယန်လောင်ရှီ နောက်ပြန်လဲကျကာ ခွေးသေတစ်ကောင်ကဲ့သို့ မလှုပ်တော့ပေ။
ယဲ့ဖန်က ကြောက်စရာကောင်းလောက်အောင် ပြုံးလိုက်သည်။
“အခု မင်း ထွက်ပြေးလို့ မရတော့ဘူး”
မြီးညောင်းရိုးကို ဆွဲထုတ်ပြီးနောက် ယန်လောင်ရှီသည် ခရုသဖွယ် ဖြစ်သွားပြီး မတ်တပ်ပင် မရပ်နိုင်တော့ချေ။ အစကတည်းက ကြောက်လန့်နေသော လူများသည် ပိုပို၍ ကြောက်စိတ် ပြင်းထန်လာ၏။
*ယဲ့ဖန် လက်ထဲမှာ သူတော်စင်သခင်အဆင့်တောင် ကြက်သတ်သလို အသတ်ခံလိုက်ရတာပါလား၊ တကယ် မယုံနိုင်စရာ ကောင်းလွန်းတယ်*
ယဲ့ဖန်ထံ၌ ယန်လောင်ရှီ အနိုင်ကျင့်ခံနေရသည်ကို မြင်ပြီး သူတို့၏ ကံတရားကို မြင်လိုက်ရသကဲ့သို့ တုန်ယင် သွားကြသည်။
“ငါ မင်းကို အခွင့်အရေး ပေးခဲ့ပင်မယ့် မင်း ငြင်းခဲ့တယ်၊ ငါ မင်းကို သေဖို့ အခွင့်အရေး ပေးတာကိုလည်း မင်း ငြင်းသေးတာပဲ”
ယဲ့ဖန်က သူ့အား တည်ငြိမ်၍ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ စကားလုံးတိုင်း၌ မှော်အသံများ ပါဝင်နေပုံ ရကာ လူတိုင်း တုန်ယင်နေကြသည်။
ယဲ့ဖန်၏ အသံကို ကြားသောအခါ ယန်လောင်ရှီ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထလာပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လိုက်သည်။
“မင်း ဘာလုပ်ချင်တာလဲ”
ယဲ့ဖန် ဘာလုပ်ချင်နေသလဲ သူ သတိထားမိသွားပြီး အသံက ကြောက်လန့်ဘက်သို့ ပြောင်းသွားသည်။ ထိုစဉ် ယဲ့ဖန်က လှုပ်ရှားလာသည်။ လက်ရှိတွင် သူသည် ကြောက်စရာကောင်းလောက်အောင် သွေးဆာနေပြီး လက်သည်းကဲ့သို့သော လက်အစုံဖြင့် ယန်လောင်ရှီအား တစစီ စုတ်ဖြဲလေတော့သည်။