အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အပိုင်း ၃၁
ပိုင်နက်
________________________________
" ဟေ့ အစေခံလေး... နင် ရူးသွားပြီလား "
" ဖက်တီး... ငါ့ကို မင်းရဲ့ထိန်းချုပ်မှုအောက် ရောက်သွားအောင် လုပ်ခဲ့တာက မင်းပဲလေ "
" နားထောင်စမ်း။ ငါက မဝဘူး။ ငါ့ရဲ့အမွေးတွေက နည်းနည်းလေး ပိုထူနေရုံတင်ပဲ "
" မဆိုးပါဘူး ဖက်တီးရာ... မင်းရဲ့ အလေးချိန်က ငါ့ထက် နှစ်ဆလောက်ရှိမယ်ဆိုတာ ငါလောင်းရဲတယ် "
လီဟွားနှင့် အဲလီဇဘက်တို့ ကြောင်တိုက်ပွဲ ဖြစ်အံ့ဆဲဆဲရှိနေသည်ကို သတိပြုမိသောအခါတွင် ကျောက်ယောင်က ကပျာကယာဆိုသည်..." တော်တော့ လီဟွား။ အဲလီဇဘက်ရဲ့စွမ်းရည်ကို သုံးလိုက်တဲ့သူက ငါပဲ "
ကြောင်နှစ်ကောင်လုံး ကျောက်ယောင်ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။ ၎င်းတို့က ရှင်းလင်းချက် တောင်းခံနေသည့်အလားပင်။
" ငါက မင်းရဲ့စွမ်းရည်ကို သုံးနိုင်တယ်မလား။ အဲ့ဒီလိုပဲ ငါက အဲလီဇဘက်ရဲ့စွမ်းရည်ကို တစ်နည်းနည်းနဲ့ ငှားရမ်းပြီးသုံးနိုင်တယ် "
ဇာတ်ရည်လည်သွားသည့် အဲလီဇဘက်က တအံ့တဩ ဆိုလေသည်..." ငါတို့မှာ တစ်ထပ်တည်းတူတဲ့ စွမ်းရည်တွေ ရှိနေတယ်လို့ ငါထင်နေမိခဲ့တာကို မအံ့ဩတော့ပါဘူး။ ဒါကြောင့်ကိုး "
" အိုး... သူ့ရဲ့စွမ်းရည်က ဘာအသုံးဝင်တာလဲ။ လီဟွားရဲ့ ဖြုံဖို့ကောင်းတဲ့ စွမ်းရည်နဲ့သာဆိုရင် ငါတို့ရဲ့လမ်းမှာ ဘယ်သူမှ ရှုပ်နိုင်မှာမဟုတ်ဘူး " လီဟွားက ခပ်ကြွားကြွားဆိုလိုက်သည်။
အဲလီဇဘက်က ထိုမှတ်ချက်စကားကို အရေးလုပ်ဟန်မရှိဘဲ လှည့်ထွက်သွားခဲ့သည်။
" စွမ်းရည်တိုင်းမှာ အကျိုးနဲ့အပြစ် ရှိတယ်။ ငါတို့ရဲ့ စွမ်းရည်တွေ ပိုများလေလေ ပိုကောင်းလေလေပဲ " ကျောက်ယောင်က ဆက်ပြောလေသည်..." ပြီးတော့ ငါကလဲ စွမ်းရည်တွေကို တိုးမြင့်ပေးနိုင်တဲ့ပုံပဲ "
ထိုစကားကြောင့် အဲလီဇဘက်က ကျောက်ယောင်ကို လှည့်ကြည့်ခဲ့လေပြီး သူမ၏မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပေသည်။
" တိုးမြင့်ပေးနိုင်တယ်လို့ နင် ပြောလိုက်တာလား "
" အင်း... လီဟွားရဲ့ စွမ်းရည်တွေလဲ ငါ့ကြောင့် တိုးတက်သွားခဲ့တာပဲလေ " ကျောက်ယောင် စကားပြောနေရင်းဖြင့် အဲလီဇဘက်၏ အတွေ့အကြုံဘောင်ကွက်ကို ကြည့်လိုက်လေပြီး စာအုပ်၏ အတွေ့အကြုံအမှတ် ဆယ်မှတ်ကို သူမဆီသို့ ချောမွေ့စွာပေါင်းထည့်ပေးလိုက်သည်။
စာအုပ် : အဆင့် ၂ (၄၀/၁၀၀၀)
စိန် : ၃
အိမ်မွေးတိရိစ္ဆာန် (၂/၂) : အဲလီဇဘက်
အဆင့် : အဆင့် ၂ (၀/၁၀၀)
သစ္စာရှိမှုအဆင့် : ၆၀
စွမ်းရည် : နတ်အလင်း - သူမ၏အသံနှင့်အတူ ပုံရိပ်ယောင်နှင့် အကြားအာရုံ ချောက်ချားမှုများ ဖန်တီးခြင်း။ သူမ၏အကြည့်နှင့် ထိန်းချုပ်နိုင်ခြင်း။ ပြင်းထန်သော သက်ရောက်မှုကို ခံစားရချိန်တွင် စွမ်းရည်ကို ပယ်ဖျက်နိုင်သည်။
အဲလီဇဘက်က မျက်တောင်တစ်ခတ်အတွင်း အဆင့် ၂ သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ကျောက်ယောင်က အတည်ပြုရန်အတွက် သူမ၏ စကေးစဥ်ကို ကြည့်လိုက်လေရာ အဲလီဇဘက်တွင် ရွေးချယ်ရန်အတွက် စကေးနှစ်ခု ရှိနေကြောင်းကို မြင်လိုက်ရသည်။
လျှို့ဝှက်ပိုင်နက် : လူတစ်ဦး၏ခန္ဓာကိုယ်ထံမှ သာမန်နည်းလမ်းများဖြင့် ထောက်လှမ်းနိုင်ခြင်းမရှိသည့် အသံလှိုင်းများ ထုတ်လွှတ်ပေးနိုင်သည့် စွမ်းရည်။ မီတာသုံးဆယ် ပတ်လည်အတွင်းမှ တိရိစ္ဆာန်များ၏ ကိုယ်တွင်းအင်္ဂါများကို ကုသပေးသော အာနိသင်ရှိပြီး ၎င်းတို့၏ အရိုးများ သိပ်သည်းကျစ်လျစ်မှုကိုလဲ တိုးမြင့်သွားစေသော အာနိသင်ရှိသည်။ ထို့အပြင် တိတစ်ကောင်၏ ခံစားချက်များကို ငြိမ်းအေးချမ်းမြေ့စေပြီး ၎င်း၏ကိုယ်တွင်းကျန်းမာရေး တိုးတက်လာစေခြင်းကြောင့် သက်တမ်းပိုတိုးလာနိုင်စေပေသည်။
မေထုန်အလင်း : သီးခြားဖြစ်နေသော ပစ်မှတ်နှစ်ခုကို တစ်ပြိုင်တည်း ထိန်းချုပ်နိုင်သည်။
စကေးဖော်ပြချက်များကို သေချာဖတ်ပြီးသည့်နောက်တွင် ကျောက်ယောင်က လျှို့ဝှက်ပိုင်နက်ကို ချက်ချင်းရွေးချယ်လိုက်သည်။ စကေး အသက်ဝင်လာခဲ့သည်နှင့် ကျောက်ယောင်အဖို့ အဲလီဇဘက်၏ နံဘေးတွင်နေကာ အလိုအလျောက်ပင် ခန္ဓာကိုယ် ပိုမိုသန်မာလာသည့် အကျိုးအမြတ်ကို ရိတ်သိမ်းနေရန်သာ လိုအပ်ပေသည်။
ထို့အပြင် ထိုစကေးကို သူ့အတွက်ပင် အသုံးပြု၍ရပေသည်။ ယင်းသည် သူ လျှို့ဝှက်နယ်မြေစကေးကို ရွေးချယ်လိုက်ရသည် အဓိကအတွေး ဖြစ်ပေ၏။ ထို့နောက်တွင် ကျောက်ယောင်က လျှို့ဝှက်နယ်မြေစကေးကို နှိုးဆွလိုက်လေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသည့် တုန်ခါမှုနှင့်အတူ သူ၏ခန္ဓာကိုယ် အနည်းငယ်ခန့် ကြွတက်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ တစ်ဆက်တည်းမှာပင် အခန်းထဲတွင် အသံလှိုင်းများ ပဲ့တင်ထပ်သွားလေ၏။
အဆိုပါ လှိုင်းများနှင့်အတူ ကျောက်ယောင်မှာ ခန္ဓာကိုယ်တစ်ခုလုံ တဖြည်းဖြည်းချင်း အညောင်းအညာပြေသွားသည်ဟု ခံစားလိုက်သည်။ ယင်းသည် သူ သို့မဟုတ် သူမက မြို့မှထွက်ခွာကာ မိခင်ရင်ခွင်အား ထွေးပွေ့လိုက်ရသော ခံစားချက်နှင့် ဆင်တူပေသည်။ သူ၏ခန္ဓာကိုယ် တစ်လက်မချင်းစီတိုင်း သက်တောင့်သက်သာ ဖြစ်နေပေသောကြောင့် ထို့ထက်ပို၍ ကောင်းသည့်အရာကို သူ မခံစားမိတော့ပေ။
သူ နတ်ပြည်ရောက်နေသည်ဟုပင် ခံစားမိသည်။
ကျောက်ယောင်နှင့် အတူရှိနေကြသည့် အဲလီဇဘက်နှင့် လီဟွားတို့မှာ သူတို့၏ခန္ဓာကိုယ်များမှ အပြောင်းအလဲများကို ခံစားမိသွားပြီး နှစ်ကောင်လုံး ကျောက်ယောင်ကို လှမ်းကြည့်ကာ ရေရွတ်လိုက်ကြသည်..." ဒါက ဘယ်လိုခံစားချက်လဲ "
ကျောက်ယောင်က ၎င်းတို့ကို ဝမ်းသာအားရပြုံးပြကာ လျှို့ဝှက်နယ်မြေ၏ အကျိုးသက်ရောက်ပုံအကြောင်း ရှင်းပြလိုက်သည်။
" အဲလီဇဘက်... အခုကစပြီး မင်းက အသံလှိုင်းကနေ ချောက်ချားမှုတွေကို ဖန်တီးနိုင်ရုံတင်မကဘူး အသံကို အသုံးပြုပြီးတော့ မင်းနဲ့ မင်းရဲ့အဖော်တွေရဲ့ ကြံ့ခိုင်မှုတွေကို တဖြည်းဖြည်းချင်း တိုးမြင့်ပေးလို့ ရသွားပြီ "
" အဲ့ဒီဖြစ်စဥ်က နှေးတယ်ဆိုပဲ လုံးဝကို အလိုအလျောက်ပဲ။ မင်းသာ နှစ်အနည်းငယ်လောက် ကြိုးစားလိုက်မယ်ဆိုရင် ငါတို့တွေရဲ့ ကြံ့ခိုင်မှုတွေ ကြီးကြီးမားမား တိုးတက်လာလိမ့်မယ်ဆိုတာ ငါသေချာတယ်။ ငါတို့တွေရဲ့ သက်တမ်းတွေလဲ တိုးလာမှာကို မေ့မထားနဲ့ဦး "
အဲလီဇဘက်က ကျောက်ယောင်ကို အထင်သေးစွာကြည့်ကာ ဆိုလေသည်..." အတော်ကို ပျင်းဖို့ကောင်းတဲ့ စွမ်းရည်ပဲ "
ထို့နောက်တွင် သူမက အမြီးကို ဘယ်ညာယမ်းကာ ထွက်ခွာသွားလေသည်။
အခြားတစ်ဖက်တွင် မိတ်ဆွေဟောင်းကြီး လီဟွားက ကြမ်းပြင်တွင် ခြေကားယားလက်ကားယာ ကျောခင်းကာ ရေရွတ်လိုက်သည်..." ဒါက ပီတိစင်စစ်ပဲ "
လီဟွား၏ နံဘေးတွင်ရှိသည့် သရက်သီးလေးက အဖော်ဖြစ်သူအား အတုခိုးကာ အခန်းထဲရှိ ကြွေပြားပေါ်တွင် သက်တောင့်သက်သာဟန်ဖြင့် မလှုပ်မယှက် လဲလျောင်းနေပေသည်။ သရက်သီးလေး၏မျက်နှာ ဝင်းပနေကာ အလွန်တရာပင် ကျေနပ်နေပေ၏။
ကျောက်ယောင်က လျှိို့ဝှက်နယ်မြေကို အသေးစိတ်ကျကျ စူးစမ်းလေ့လာနေရင်းဖြင့် ထိုစကေး၏ အကျိုးသက်ရောက်မှု အတိုင်းအတာကို ထိန်းချုပ်၍ရကြောင်း သိရှိသွားခဲ့သည်။ အကြိမ်များစွာ လေ့ကျင့်ပြီးနောက်တွင်မူ ကျောက်ယောင်သည် လျှို့ဝှက်နယ်မြေကို သူ၏အိမ်တစ်ခုလုံးစာ အတိုင်းအတာအထိ ထိန်းချုပ်နိုင်သွားခဲ့သည်။
ကျောက်ယောင် စွမ်းရည်အသစ်ကို ကြိုးစားနေစဥ်တွင် ပြဿနာအသစ်တစ်ခု တွေ့ရှိသွားခဲ့သည်။ ယင်းသည် သူ လီဟွားကို ပထမဆုံးအကြိမ် ထိန်းချုပ်အသုံးပြုရန် ကြိုးစားခဲ့ပြီး ကျရှုံးသွားချိန်တွင် ရင်ဆိုင်ခဲ့ရသော ပြဿနာနှင့် ဆင်တူပေသည်။
သူ အဲလီဇဘက်၏စွမ်းရည်ကို နှိုးဆွရန် ကြိုးပမ်းချိန်တိုင်းတွင် ကျရှုံးသွားနိုင်ခြေတစ်ခု ရှိနေပေသည်။
" နှိုးဆွဖို့အတွက် အောင်မြင်နိုင်ခြေက ၆၀% ..." ကျောက်ယောင် ရေရွတ်ကာ စာအုပ်၏ဖော်ပြချက်များကို ကြည့်နေခဲ့လေပြီး အဲလီဇဘက်၏ သစ္စာရှိမှုဘောင်ကွက်တွင် အကြည့်ရပ်သွားခဲ့သည်။ ဘောင်ကွက်နှင့် အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းတို့အား နှိုင်းယှဥ်ကြည့်ပြီးသည့်နောက် ကျောက်ယောင် အတွေးတစ်ခုရလာသည်။
" စကေးနှိုးဆွဖို့အတွက် အောင်မြင်နိုင်နှုန်းက အိမ်မွေးတိရိစ္ဆာန်ရဲ့ သစ္စာရှိမှုအဆင့်နဲ့ တိုက်ရိုက်အချိုးကျနေတာလား "
" ဒါကြောင့်ပဲ ငါက လီဟွားနဲ့ ပြဿနာမရှိခဲ့တာလား " ကျောက်ယောင် စဥ်းစားနေခဲ့သည်။
အနည်းငယ်ခန့် ကြိုးစားကြည့်ပြီးနောက် ကျောက်ယောင် ခပ်ဖွဖွဆိုလိုက်သည်..." လီဟွား "
ရုတ်ခြည်းမှာပင် စာအုပ်သည် လီဟွား၏ပရိုဖိုင်အဖြစ် ပြောင်းလဲသွားလေပြီး ကျောက်ယောင်အား အချိန်ရပ်စွမ်းရည် ပြန်လည်အသုံးပြုသွားနိုင်စေသည်။ လက်ရှိတွင် ကျောက်ယောင်၏ လျှို့ဝှက်နယ်မြေ ပျက်ပြယ်သွားခဲ့သည်။ အဲလီဇဘက်ထံမှ ထွက်ပေါ်နေသော လျှို့ဝှက်နယ်မြေထံမှ အသံလှိုင်းများကို ခံစားမိနိုင်လေပြီး ကျောက်ယောင်၏ ခန္ဓာကိုယ်တစ်ခုလုံး ဝန်းကျင်တွင် တုန်ခါနေပေသည်။
အသံလှိုင်းများကို ကျောက်ယောင်၏ မျက်စိဖြင့် မမြင်နိုင်သော်လဲ မကြာသေးမီက သူ လျှို့ဝှက်နယ်မြေကို နှိုးဆွခဲ့စဥ်ကသကဲ့သို့ တူညီသောခံစားချက်ကို ခံစားရပေသည်။
ပြတင်းပေါက်အား မျက်နှာမူကာ ခပ်အေးအေးရှိနေသည့် အဲလီဇဘက်ကို ကြည့်နေရင်းဖြင့် ကျောက်ယောင် မခိုးမခန့်ပြုံးကာ တွေးလိုက်သည်..." ရိုးသားတာက မထိခိုက်စေဘူးဆိုတာကို မင်းသိရဲ့လား။ မင်းရဲ့စွမ်းရည်အသစ်ကို သဘောကျနေတယ်ဆိုတာ ငါသိပါတယ်ကွာ "
ကျောက်ယောင်၏ ခန္ဓာကိုယ် သွေးကြောများထဲတွင် တုန်ခါနေခဲ့ခြင်းကြောင့် သူ နာရီပေါင်းများစွာ ကုတ်ရေးခဲ့ရခြင်းများမှ နွမ်းနယ်မှုများကို ခံစားမိလာသည်။ လျှို့ဝှက်နယ်မြေ အကူအညီကြောင့် သူ နာရီပေါင်းများစွာ အချိန်ပိုလုပ်ခဲ့ရကာ ထိခိုက်ခဲ့ရသည့် ကျန်းမာရေး အပါအဝင် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုများအားလုံး တဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့သည်။
သူ၏စာအုပ်ထဲတွင် အိမ်မွေးတိရိစ္ဆာန်ကို လီဟွားဟု ပြောင်းလဲပြီးနောက်တွင်မူ ကျောက်ယောင်က အချိန်ရပ်ခြင်းကို စမ်းသပ်စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူက အချိန်ရပ်ခြင်းကို ကျရှုံးမှုမရှိဘဲ အကြိမ်ပေါင်းများစွာ ထုတ်ဖော်နိုင်ခဲ့သည်။
ယင်းက သူ၏အဆိုပြုချက်ကို အတည်ပြုသွားနိုင်ခဲ့သည်။
" အိမ်မွေးတိရိစ္ဆာန်ရဲ့ သစ္စာရှိမှုအဆင့်က စကေးထုတ်ဖော်ချိန် အောင်မြင်နိုင်ခြေကို သက်ရောက်မှုရှိစေတာက အမှန်ပဲပေါ့။ တန်တော့ ငါ အဲလီဇဘက်ရဲ့ယုံကြည်မှု ရလာအောင်လို့ တဖြည်းဖြည်းချင်း လုပ်ရမဲ့ပုံပဲ "
ယနေ့ အဖြစ်အပျက်များအပြီးတွင် အဲလီဇဘက်အား ကျောက်ယောင်၏ စာအုပ်ထဲတွင် တရားဝင် စာရင်းသွင်းနိုင်ခဲ့သည်။ ယင်းသည် အဲလီဇဘက်အတွက် နေ့စဥ်အသုံးပြုရမည့် ကြောင်စာများအတွက် အတွေ့အကြုံအမှတ်များ ရရှိနေလိမ့်မည်ဟု ပြသနေခြင်းသာ ဖြစ်ပေသည်။
နောက်ရက်အနည်းငယ်တွင် နေ့ခင်းအချိန်၌ ကြောင်စာများ စမ်းသပ်လေ့လာခြင်းနှင့် အခြားလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ပြီး ညခင်းအချိန်တွင် သူ၏ပုံမှန်လုပ်ရိုးလုပ်စဥ်များ လုပ်ဆောင်ကာ အဲလီဇဘက် ၊ လီဟွားတို့နှင့်အတူ ပတ်ကင်းလှည့်မည်ဟု ကျောက်ယောင် ဆုံးဖြတ်လိုက်သည်။
အဲလီဇဘက်ကို စာအုပ်ထဲတွင် စာရင်းသွင်းထားခဲ့ပြီးဖြစ်၍ ကျောက်ယောင်အဖို့ သူမနှင့်အတူ တာဝန်ပြီးမြောက်စေရန် လုပ်ဆောင်ရနိုင်ခြေများလေပြီး မူလလက်ဟောင်းကြီး လီဟွားကို မကြာခဏ အနားပေးရပေတော့မည်။
အဲလီဇဘက်၏ ကိစ္စအတွက်ကမူ သူမသည် စကေးအသစ်ကို ရက်အနည်းငယ်အတွင်း ကျွမ်းကျင်သွားပေလိမ့်မည်။ သူမက လျှို့ဝှက်နယ်မြေ အာနိသင်သက်ရောက်နိုင်သည့် အတိုင်းအတာကို လိုအပ်သလောက် ကြိုးကိုင်ထားနိုင်မည်ဖြစ်ပြီး မလိုလားအပ်သော အာရုံစိုက်ခံရခြင်းအဆင့်ကို လျော့ချပေးနိုင်ပေလိမ့်မည်။
နေ့စဥ်တာဝန်အတွက်မူ နေ့စဥ်တိုင်းလိုပင် ဖြည့်ဆည်းပေးရမည်ဖြစ်သော်လဲ လျှို့ဝှက်နယ်မြေကို တစ်ချိန်လုံး ထိန်းချုပ်ထားရပေမည်။ သူ တစ်ရက်ထက်တစ်ရက် ပိုမိုသန်မာလာပြီး ပင်ပန်းနွမ်းနယ်မှုအဆင့်ကို လျော့ကျလာသည်ဟု ကျောက်ယောင် ခံစားရပေသည်။
ယနေ့ညတွင် ကင်းလှည့်တာဝန် ပြီးဆုံးပြီးသည့်နောက် ကျောက်ယောင်က Panamera ကို ကားပါကင်ဝန်းထဲသို့ ပြန်မောင်းလာခဲ့သည်။
ကားပါကင်ဝန်းထဲသို့ ရောက်သောအခါတွင် သူ ကားတံခါးဖွင့်ကာ အမွေးပွပွ အဲလီဇဘက်ကို အသာပွေ့ချီပြီးနောက် ဓာတ်လှေကားဆီသို့ ဦးတည်လိုက်လေ၏။ ကား ပါကင်ထိုးစဥ်ကတည်းကပင် မကောင်းစိတ်ပြည့်နေသည့် မျက်ဝန်းတစ်စုံက သူ၏ လှုပ်ရှားမှုများအားလုံးကို စောင့်ကြည့်နေခဲ့သည်အား သူ မသိခဲ့ပေ။
ပိုင်ချွမ်းသည် မြေအောက်ကားပါကင် အမှောင်ရိပ်တစ်နေရာတွင် ရပ်နေခဲ့ပြီး မျက်ဝန်းများကျဥ်းမြောင်းကာ ကျောက်ယောင်ကို အကဲခတ်နေခဲ့သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က သူ ရှောင်းရှီးယွီနှင့် ဆက်သွယ်ရန် ကြိုးပမ်းခဲ့ရာ အနည်းငယ်ခန့် အောင်မြင်ခဲ့ပေသည်။ သူမက ထွက်စာတင်ခဲ့သည်သာမက သူ၏ဖုန်းခေါ်ဆိုမှုကို ငြင်းပယ်ခဲ့လေပြီး သူ၏ WeChat အကောင့်ကိုပင် အမည်ပျက်စာရင်း သွင်းထားခဲ့ကာ သူနှင့် အဆက်အသွယ်များအားလုံး ဖြတ်တောက်ပစ်လိုခဲ့သည်။
ရလဒ်အနေဖြင် သူ၏ မုန်းတီးမှုများနှင့် ဒေါသများကို ကျောက်ယောင်ဆီသို့ တိုက်ရိုက်ပုံချပစ်ခဲ့သည်။
ပိုင်ချွမ်း၏အမြင်တွင် ကျောက်ယောင်က ရှီးယွီကို ဖြားယောင်းရန်အတွက် ချမ်းသာကြွယ်ဝမှုကို အသုံးပြုခဲ့ပေသောကြောင့် သူမ၏ ချစ်ခြင်းမေတ္တာများ ပြောင်းလဲသွားကာ သူ့အား စွန့်ခွာခဲ့ခြင်း ဖြစ်ပေသည်။
" မင်းမှာ ပိုက်ဆံရှိတော့ရော ဘာဖြစ်လဲ။ ဒီလောကကြီးက မင်း ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာကို ငါပြပေးမယ် " ပိုင်ချွမ်း ရေရွတ်ကာ အေးစက်စက်ရယ်လိုက်သည်။ ပိုင်ချွမ်း ကျောက်ယောင်ဆီသို့ စတင်ကာ သွားလိုက်လေသည်။ ပထမခြေလှမ်းတွင် သူ၏ခြေလက်များ ပျောက်ကွယ်သွားခဲ့လေပြီး ဒုတိယခြေလှမ်းတွင်မူ သူ လုံးဝပျောက်ကွယ်သွားခဲ့သည်။
အပိုင်း ၃၂
ချောင်းမြောင်းတိုက်ခိုက်ခြင်း
__________________________________
ကျောက်ယောင် အဲလီဇဘက်ကို ပခုံးပေါ်တွင်တင်ကာ ဓာတ်လှေကားဆီသို့ သွားနေစဥ်အတွင်း အိမ်ခြံမြေဈေးနှုန်းများကို ဖုန်းထဲတွင် ကြည့်နေခဲ့သည်။
" လာနောက်နေတာလား။ ငါ အိမ်ဝယ်ပြီးခါစပဲ ရှိသေးတာကို အိမ်ခြံမြေဈေးတွေ ကျသွားပြီတဲ့လား "
မကြာသေးမီက ကျန်းမန်မြို့တွင် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းသွားခဲ့ပြီး ကောလဟာလများ အတောမသတ်နိုင်အောင် ထွက်ပေါ်လာခဲ့သည်။
ပစိဖိတ်သမုဒ္ဒရာထဲရှိ မီးတောင်ပေါက်ကွဲမှု ရလဒ်ကြောင့် ငလျင်ကြီးတစ်ခု ဖြစ်ပေါ်လာမည်ဟု လူအချို့က ဟောကိန်းထုတ်ပြောဆိုခဲ့ကြသည်။ အချို့ကမူ ပင်လယ်ရေအောက်ထဲတွင် လျှို့ဝှက်လက်နက်များ စမ်းသပ်နေကြသည့် နိုင်ငံကြောင့်ဟု ပြောဆိုကြပေသည်။
ရေထဲတွင် ပင်လယ်မွန်းစတားတစ်ကောင် လှုပ်ရှားမှုကြောင့် ငလျင်များ ဖြစ်လာရသည်ဟူသော ယုံကြည်လောက်ဖွယ်ရာမရှိသည့် ကောလဟာလတစ်ခုပင် ရှိခဲ့ပေသည်။
အတိုချုံးဆိုရသော် ကောလဟာလမျိုးစုံ ပျံ့နှံ့ဖြစ်ပေါ်နေပေ၏။ အစိုးရ ဝင်ပါမည်ဆိုလျှင်ပင် အိမ်ခြေမြေဈေးနှုန်းများ ကျဆင်းသွားသည်ကို ကာကွယ်ရန်အတွက် ခက်ခဲပေလိမ့်မည်။
သို့သော် ကျောက်ယောင်မှာ ကံမကောင်းခဲ့လေဘဲ အိမ်ခြံမြေဈေးနှုန်းများ အမြင့်ဆုံးအချိန်တွင် အိမ်တစ်လုံး ဝယ်မိသွားခဲ့ပေသည်။ နောက်ပိုင်းတွင် သူက ဈေးနှုန်းများ ဆက်လက်ကျဆင်းနေသည်ကို မဖြစ်မနေပင် ကြုံတွေ့ခံစားရပေတော့မည်။ ဈေးနှုန်းများ ကျဆင်းသွားသည့် အချိန်တိုင်းတွင် သူ့အဖို့ နှလုံးသွေး ယိုစိမ့်သည့်ပမာ ခံစားရပေတော့မည်။
ထိုစဥ်တွင် အဲလီဇဘက်က နှာတရှုတ်ရှုတ်ဖြစ်သွားကာ ကပျာကယာပင် ခေါင်းထောင်လာခဲ့လေ၏။
" ဟမ်..." ကျောက်ယောင်သည်လဲ တုန့်ပြန်လာသည်။ လီဟွား၏စွမ်းအားက ၎င်း၏ ထိုးထွင်းသိမြင်နိုင်စွမ်းရည်ကို မြင့်မားစွာတိုးတက်စေပြီး အရာများကို ရှင်းလင်းစေပေသောကြောင့် ကျောက်ယောင်၏ ထိုးထွင်းသိမြင် လေ့လာအကဲဖြတ်နိုင်စွမ်းများကလဲ ယခုအခါတွင် ကြောင်လူသားတစ်ဦးပမာ ဖြစ်နေပေသည်။
ထိုစဥ် ကျောဘက်ထံ၌ မြေပြင်နှင့် ထိခတ်မိသော အသံသဲ့သဲ့ကို သူ ကြားလိုက်ရလေသည်။ မရင်းနှီးသော အနံ့အသက်တစ်ခုက သူ၏နှာခေါင်းဝသို့ ရောက်ရှိလာသည်ကို သူ အနံ့ခံမိသွားလေသည်။
ကျောက်ယောင် ချက်ချင်းပင် တုန့်ပြန်ခဲ့သည်။ အဘယ့်ကြောင့်မှန်းမသိဘဲ တစ်စုံတစ်ယောက်က သူ့အား နောက်ယောင်ခံလိုက်နေပုံ ရှိပေသည်။ သို့သော် သူ လှည့်ကြည့်ချိန်တွင်မူ မည်သည့်အရိပ်အယောင်မျှ မမြင်ရပေ။
မည်သို့ပင်ဆိုစေကာမူ ကိုယ်ပျောက်အနေအထား ရှိနေပြီး ကျောက်ယောင်၏နောက် မီတာအနည်းငယ်ခန့်အကွာမှ လိုက်နေသည့် ပိုင်ချွမ်းက ခြေလှမ်းများ ရပ်တန့်လိုက်သည်။ ရှေ့တွင်ရှိနေသည့် ကျောက်ယောင်က နောက်သို့လှည့်ကာ ကြည့်လာပေသောကြောင့် သူ သတိလက်လွတ်ဖြစ်ကာ အနည်းငယ်ခန့် မှင်တက်မိသွားသည်။
" အိုး... တုန့်ပြန်မှုက ထူးခြားပေမဲ့ အသုံးမဝင်သေးဘူး " ပိုင်ချွမ်း ရယ်လိုက်လေသည်။ သူသည် ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုကာ လက်ဝတ်ရတနာများ ၊ ငွေများ ၊ အခြားသော တန်ဖိုးကြီးပစ္စည်းအချို့ကို ခိုးယူထားဖူးခဲ့ပြီး ဖြစ်ပေသည်။ လုံခြုံရေး ဆယ်ယောက်ခန့်ကိုပင် သူတစ်ကိုယ်တည်း အမှောက်သိပ်ထားနိုင်ခဲ့ဖူးသည်။
သူ၏ ထူးခြားသော ကိုယ်ပျောက်စွမ်းရည်နှင့်ဆိုလျှင် ခန္ဓာကိုယ်နှင့် အဝတ်အစားများ အားလုံးကို ကိုယ်ပျောက်အနေအထားဖြင့် ဖုံးကွယ်ထားနိုင်မည် ဖြစ်ပေသည်။
သို့သော် သူ ကိုယ်ပျောက်အနေအထားဖြင့် ရှိနေချိန်တွင် အသက်အောင့်ထားရန် လိုအပ်သည်။ သူ အသက်ရှုလိုက်သည်နှင့် လူလုံးပြမိသွားပေလိမ့်မည်။ ယင်းအချက်မှလွဲ၍ ကိုယ်ပျောက်စွမ်းရည်က အလွန်အားကောင်းသော စွမ်းရည်ပုံစံ ဖြစ်နေသည်မှာ ငြင်းချက်ထုတ်၍ မရပေ။ ထို့ကြောင့် ကျောက်ယောင်က ရှေ့တွင်ရှိနေသည့်တိုင်အောင် သူ့အဖို သတိထားနေရန် မလိုအပ်ပေ။
" ဟဲဟဲ... ဒီကောင့်ကို ခြောက်လှန့်ပြီး ဒီရပ်ကွက်ငယ်ထဲက ပြောင်းပြေးသွားအောင် လုပ်ရမယ် " ပိုင်ချွမ်း တစ်ခဏမျှတွေးကာ ကျောက်ယောင်ဆီသို့ လက်ဆန့်လိုက်ပြီး ပခုံးအား ထိလိုက်သည်။
လက်ရှိတွင် ကျောက်ယောင်၏ သတိရှိမှု ၊ အာရုံထက်မြက်မှုနှင့် လျင်မြန်သွက်လက်မှုတို့က ယခင်က သူကိုယ်၌ထက် များစွာသာလွန်နေပေပြီ။ အထူးသဖြင့် လီဟွားကို သူ့ထံတွင် စွမ်းအားပေါင်းစည်းပေးထားပြီး အဲလီဇဘက်အား ကြောင်တစ်ကောင်အဖြစ် ထပ်ပေါင်းနိုင်ခဲ့ချိန်မျိုးတွင် ဖြစ်ပေသည်။
ပိုင်ချွမ်း၏လက်ဝါးက ပခုံးကို ထိတော့မည့်အချိန်တွင် ကျောက်ယောင်၏ခန္ဓာကိုယ် လျင်မြန်စွာ ရွေ့လျားသွားကာ ထိတွေ့မှုကို ရှောင်တိမ်သွားခဲ့သည်။
" ဟေး... ခုနတုန်းက တစ်ယောက်ယောက် လာနေတာကို ငါ ခံစားမိခဲ့တယ်။ မင်း အဲ့ဒါကို မြင်လိုက်လား " ကျောက်ယောင်က အဲလီဇဘက်ကို အတွေးဖြင့်စကားပြောကာ မေးလိုက်သည်။
အဲလီဇဘက်က နှာတရှုတ်ရှုတ်လုပ်ကာ ဆိုသည်..." ငါ လူစိမ်းတစ်ယောက်ရဲ့အနံ့ကို သေချာပေါက် အနံ့ခံမိခဲ့ပေမဲ့ ဘာကြောင့် အဲ့ဒီလူကို မတွေ့ရတာလဲ "
" ဖြစ်နိုင်ခြေက တစ်ခုပဲရှိတယ်။ အဲ့ဒီလူက စွမ်းအားတစ်ခု ရထားတာပဲ။ ငါတို့တွေက သူ့ကို မမြင်နိုင်အောင် ကာကွယ်ပေးတဲ့ စွမ်းရည်တစ်မျိုးကို သုံးထားတာပဲ။ ဒါမှမဟုတ် အဲ့ဒီလူက အခြားသူတစ်ယောက်ကို အဝေးကနေ လှမ်းထိပြီးတော့ တိုက်ခိုက်နိုင်တာပဲ " ကျောက်ယောင်က အသေးစိတ်ခွဲခြမ်းပြကာ တည်ငြိမ်စွာ ဖြေလိုက်သည်။
အခြားတစ်ဖက်တွင်မူ ပိုင်ချွမ်းသည် တစ်ဖက်သို့လှည့်လာကာ ပဟေဠိဖြစ်နေဟန်ရှိသည့် ကျောက်ယောင်ကို မျက်မှောင်ကုတ်၍ကြည့်ကာ ပြုံးလိုက်သည်။
" စိတ်ဝင်စားစရာပဲ... ဒီကောင်က အဲ့ဒါကို တကယ်ကြီးခံစားမိနေတာပဲ။ ဒီကောင့်ရဲ့ အာရုံခံနိုင်စွမ်းက ထက်မြက်လွန်းတာပဲ " ပိုင်ချွမ်း၏အကြည့်များ စူးရှသွားကာ ကျောက်ယောင်၏ ကျောဘက်ဆီသို့ ထပ်မံကာသွားလေသည်။ သူ ကျောက်ယောင်၏ လည်ပင်းဆီသို့ အသာတိုးကပ်သွားကာ လေတစ်ချက်မှုတ်လိုက်သည်။
ပိုင်ချွမ်း ရည်ရွယ်ရင်းသည် ကျောက်ယောင်ကို သင်ခန်းစာပေးကာ ဤနေရာတွင် ခြောက်လှန့်ရန် ဖြစ်ပေသည်။ ထို့နောက်တွင် သူက ဤရပ်ကွက်ငယ်နှင့် ထိုကောင့်၏ အိမ်တို့တွင် ခြောက်လှန့်မည်ဖြစ်ပြီး သို့မှသာလျှင် ထိုကောင်သည် အိမ်ပြောင်းရွှေ့သွားပြီး ရှောင်းရှီးယွီနှင့် ဝေးရာတွင် နေထိုင်ပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ ကျောက်ယောင်က တွေးနေပေသည်..." ငါ တစ်ဖက်လူကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးထားလို့ မဖြစ်ဘူး။ ဒီကောင် နောက်တစ်ကြိမ် တိုက်ခိုက်လာခဲ့ရင် ငါ ဒီကောင့်ကို ဖမ်းနိုင်မလားဆိုတာ ကြိုးစားကြည့်ရမယ် "
ပိုင်ချွမ်းက လေမှုတ်လိုက်ခြင်းကြောင့် ကျောက်ယောင် လေတိုးလာသည်ကို ခံစားလိုက်ရသည်။ သူ အချိန်ရပ်စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်လေ၏။
တစ်လောကလုံး ရပ်တန့်သွားချိန်တွင် သူသည် လေလှုပ်ခတ်မှု ခံစားရသည့် အရပ်ဆီသို့ လှည့်ကြည့်ကာ လက်ဆန့်ထုတ်ပြီး ဖမ်းယူကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် ပိုင်ချွမ်း၏ ရင်ဘက်မှ အင်္ကျီစကို ဆုတ်ကိုင်မိသွားခဲ့လေ၏။
" နင် ခန့်မှန်းတာ မှန်သွားပြီ "
" ကိုယ်ပျောက်လား။ အဲ့ဒါက ကြီးကျယ်တဲ့ စကေးတစ်ခု ဖြစ်တဲ့ပုံပဲ " ကျောက်ယောင်က တစ်စုံတစ်ယောက်ကို လက်ဖြင့် ဖမ်းဆုပ်မိသွားသည်ဟု ခံစားလိုက်ရချိန်၌ ရန်သူ၏စွမ်းအားကို ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
ထိုသူတွင်လဲ အဘယ့်ကြောင့် စွမ်းအားရှိနေရကြောင်းကို သူ မသိသည့်တိုင်အောင် ထိုသူ မည်သည့်အရာမျှ မလုပ်နိုင်မီတွင် အမှောက်သိပ်ရမည်ဟု ဆုံးဖြတ်ထားသည်။
ထို့ကြောင့် လောကကြီး ရပ်တန့်သွားသည်နှင့် ကျောက်ယောင်က တစ်ဖက်လူဆီသို့ ကြမ်းတမ်းသော လက်သီးတစ်ချက် ထိုးသွင်းလိုက်လေသည်။ ထို့နောက်တွင် ဒုတိယ ၊ တတိယနှင့် များစွာသော လက်သီးချက်များ ထိုးနှက်လေတော့၏။
ခြောက်စက္ကန့် ကုန်လွန်သွားချိန်တွင် သူက တစ်နေရာတည်းအား လက်သီးဆယ်ချက်ကျော် ထိုးနှက်မိခဲ့ပေသည်။
အချိန် ပြန်လည်လာချိန်တွင်မူ ပိုင်ချွမ်းမှာ ကျောက်ယောင်၏လည်ပင်းအား လေတစ်ချက် မှုတ်ပြီးသည့်နောက်တွင် ရုတ်တရက်ပင် သူ၏ဦးခေါင်း ချာချာလည် မူးဝေသွားရသည်။ ကျောက်ယောင်၏ခန္ဓာကိုယ်က သူနှင့် အလွန်နီးကပ်နေပေသည်။
ထို့နောက်တွင်မူ သူ၏ဝမ်းဗိုက်သည် နွားတစ်ကောင် အဝှေ့ခံလိုက်ရသည့်အလား စူးရှသောနာကျင်မှုကို ခံစားလိုက်ရလေ၏။ သူ ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ဆုတ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားပေသည်။
မူလက ကျောက်ယောင်၏စွမ်းအားသည် သာမန်ညောင်ညဟု ပြော၍ရပေသည်။ ကြောင်တစ်ကောင်တည်းဖြစ်သည့် လီဟွား၏စွမ်းအား ထည့်ပေါင်းပေးထားသည့်တိုင်အောင် ကျန်းမာရေး ကောင်းလာသည်ဆိုရုံလောက်သာဟု ယူဆ၍ရပေသည်။
သို့သော် လက်ရှိတွင်မူ နေရာတစ်ခုထဲတွင် လက်သီးချက်ဆယ်ချက် ဆက်တိုက်ကျရောက်သွားခဲ့ခြင်းသည် ဟဲဗီးဝိတ်တန်း လက်ဝှေ့သမားတစ်ဦး၏ လက်သီးချက်တစ်ချက်နှင့် တူညီပေသည်။ ပိုင်ချွမ်း မြေပြင်ပေါ်သို့ လဲကျသွားလေပြီး သူ၏ကလီစာများ ကွဲကြေသွားပြီဟု ခံစားလိုက်ရသည်။
ပိုင်ချွမ်း နာကျင်စွာဟစ်အော်ကာ အသက်ဝဝရှုနိုင်ရန် ကြိုးစားနေရသည်။ သို့သော် သူ၏ကိုယ်ပျောက်စွမ်းရည် ကျဆင်းသွားကာ ကိုယ်ထည်အစစ် ပေါ်လာခဲ့ပေသည်။
ရှေ့တွင် ပေါ်ထွက်လာခဲ့သူက အမှန်တကယ်ပင် ပိုင်ချွမ်း ဖြစ်နေပေသောကြောင့် ကျောက်ယောင်၏ မျက်ဝန်းများ တောက်ပသွားကာ အံ့အားသင့်သွားလေသည်။
" မင်း ဖြစ်နေပါ့လား " ကျောက်ယောင်က ဆိုလိုက်သည်။
ပိုင်ချွမ်း ထိတ်လန့်သွားကာ ကျောက်ယောက်ကိုကြည့်၍..." တည်နေရာကူးပြောင်းစွမ်းအား... ပြီးတော့ မင်း ငါ့အပေါ်မှာ အသုံးပြုလိုက်တဲ့ တိုက်ခိုက်မှုက စိတ်ဖတ်စွမ်းအားလား "
ကျောက်ယောင်က စကားမဆိုဘဲ အဲလီဇဘက်အား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်..." အဲလီဇဘက်... ဒီကောင့်ကို ထိန်းချုပ်လိုက်။ ဒါပေမဲ့ ဒီကောင် စကားပြောလို့ရအောင် လုပ်ထားပေး။ ငါ ဒီကောင့်ကို မေးစရာတွေရှိတယ် "
အဲလီဇဘက်၏ မျက်လုံးနှစ်ခုကြားတွင် အနီရောင်အလင်းတစ်ခု တောက်ပသွားကာ ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့လေသည်။ ပိုင်ချွမ်းသည် သဏ္ဌာန်မဲ့သော စွမ်းအားတစ်ခုက သူ့အား ထိန်းချုပ်သွားသည်ဟု ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ် တောင့်တင်းသွားလေသည်။
" ဒါက... ထပ်ပြီးတော့ ဘယ်လိုစွမ်းအားမျိုးလဲ။ တည်နေရာကူးပြောင်းစွမ်းအား ၊ စိတ်ဖတ်စွမ်းအားနဲ့ ပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတဲ့ အဲ့ဒီစွမ်းအား။ အဲ့ဒါတွေက အမှောင်စွမ်းအားတွေလား။ မင်းက ဘယ်လိုဖြစ်ပြီး စွမ်းအားတွေ အများကြီးပိုင်ဆိုင်နေရတာလဲ " ပိုင်ချွမ်း တုန်လှုပ်စွာဖြင့် တွေးနေပေသည်။
သာမန်လူချမ်းသာ ဒုတိယမျိုးဆက် လူတစ်ဦးက စွမ်းအားများစွာကို တစ်ပြိုင်တည်း ပိုင်ဆိုင်ထားလိမ့်မည်ဟု ပိုင်ချွမ်း တစ်ခါမျှပင် မတွေးမိခဲ့ဖူးပေ။ သူက မှင်စာတစ်ကောင်ကို သတ်ရမည်ဟု ထင်မှတ်ထားချိန်တွင် ၎င်းက တဒင်္ဂအတွင်း၌ လူ့ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သော အဖြစ်မျိုးနှင့် ဆင်တူလုနီးပါးပင် ရှိနေပေသည်။
ကျောက်ယောင်သည် ပိုင်ချွမ်း၏ တအံ့တဩပြောဆိုသံကို ကြားလိုက်ရပြီး နှုတ်ခမ်းမဲ့ကာ ဆိုလိုက်သည်..." အခုကစပြီး ငါကမေးမယ် မင်းက ဖြေ "
လက်ရှိအချိန်၌ ကားပါကင်ဝန်းထဲတွင် ကားအချို့ ရွေ့လျားနေသော အသံများ ထွက်ပေါ်နေသည်။ ကျောက်ယောင် အတွေးကမ္ဘာထဲတွင် ရှိနေပြီးနောက် ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်လေသည်။
" အခြားတစ်ယောက်လဲ ရှိနေသေးတယ် " တစ်ချိန်တည်းမှာပင် ကျောက်ယောင်က အဲလီဇဘက်ကို ပြောလိုက်သည်..." ငါ အဲ့ဒီကောင်ကို အိမ်အထိ လိုက်ခွင့်ပေးလိုက်မယ် "
ထို့နောက်တွင် ပိုင်ချွမ်း ထိန်းချုပ်ခံရကာ နောက်မှ တစ်ပါတည်းလိုက်လာခဲ့သည်။ သူ့အား ဆယ့်ခုနစ်လွှာတွင်ရှိသည့် ကျောက်ယောင်၏အိမ်ဆီသို့ ခေါ်သွားခဲ့ပေသည်။
ပိုင်ချွမ်းမှာ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေသည်ဟု ခံစားနေရသည်။ ကျောက်ယောင်၏အိမ်သို့ သွားရာလမ်းတွင် ပိုင်ချွမ်းသည် ကျောက်ယောင်ကိုကြည့်ကာ တုန်လှုပ်ခြင်း ၊ မနာလိုခြင်းနှင့် လမ်းပျောက်ခြင်းတို့ကို ခံစားနေရပေသည်။ ဤလောကထဲတွင် စွမ်းအားများစွာကို ပိုင်ဆိုင်ထားသူတစ်ဦး ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှပင် ထင်မထားမိခဲ့ပေ။
အပိုင်း ၃၃
မစင်ဘေးဒုက္ခ
__________________________________
တည်နေရာကူးပြောင်းခြင်း ၊ စိတ်ဖတ်ခြင်းစွမ်းရည်နှင့် အခြားသူတစ်ဦးကို ရုပ်သေးပမာ ထိန်းချုပ်နိုင်သော စွမ်းရည်။ ပိုင်ချွမ်းသည် ကျောက်ယောင်၏ ကျောပြင်ကို ကြည့်ကာ တွေးလိုက်လေ၏..." တည်နေရာကူးပြောင်းစွမ်းရည် ရှိနေတာကတင် လုံလောက်အောင် အစွမ်းထက်နေပြီလေကွာ။ အခုတော့ ဒီကောင်က စိတ်ဖတ်နိုင်ပြီး အခြားသူတွေကိုလဲ ထိန်းချုပ်နိုင်နေသေးတယ် "
ကျောက်ယောင် အခန်းတံခါး ဖွင့်လိုက်သည့်အခိုက်တွင် ပုပ်ဟောင်စူးရှသော အနံ့တစ်ခု ထွက်ပေါ်လာကာ လူတိုင်းကို လွှမ်းခြုံသွားလေသည်။ ကျောက်ယောင် နှာခေါင်းနှင့်ပါးစပ်တို့ကို အမြန်ပိတ်ကာ ဒေါသတကြီး ဆိုလိုက်လေသည်..." ဘာဖြစ်တာလဲ။ ဒီမှာ ဘယ်သူက နောက်ဆုံး အညစ်အကျေးစွန့်သွားတာလဲ။ အနံ့က သည်းမခံနိုင်လောက်အောင်ပဲ "
အနံ့အသက်က ဆိုးရွားလှလေပြီး တစ်နှစ်ခန့် ပိတ်ထားခဲ့သည့် မစင်စက်ရုံတစ်ခုသည်ပင် ထိုမျှလောက်အထိ စူးရှသောအနံ့အသက်မျိုး မရှိနိုင်လောက်ကြောင်း ကျောက်ယောင် အတပ်ပြောနိုင်သည်။
လီဟွားက ခပ်ဖွဖွဟစ်အော်ကာ ကျောက်ယောင်ဆီသို့ ပြေးလာခဲ့ပြီး ဆိုလိုက်လေသည်..." ကျောက်ယောင်... အဲ့ဒါက သရက်သီးလေးပဲ။ သရက်သီးလေး မစင်စွန့်ပြီးတဲ့နောက်မှာ အလိုအလျောက် ကြောင်အိမ်သာလဲ မစင်ခြောက် ဖြစ်သွားခဲ့တယ် "
ကျောက်ယောင်က လီဟွား အနားသို့ ရောက်မလာမီတွင် တံခါးကိုပိတ်လိုက်လေရာ တံခါး၏အခြားတစ်ဖက်မှ လီဟွားက တံခါးကို အဆက်မပြတ်ပင် ထုရိုက်နေခဲ့ပေသည်။ သူက ဆိုသည်..." စိတ်မကောင်းပါဘူး လီဟွား။ ဒီအနံ့က ဆိုးရွားလွန်းတာကြောင့် လူတွေကို အန္တရာယ်ဖြစ်စေပြီး သတ်တောင်သတ်ပစ်နိုင်တယ် "
အလိုအလျောက် ကြောင်အိမ်သာသည် လျှပ်စစ်ကို အသုံးပြုပြီး ရေဖြန်းကာ မစင်များဆေးကြောပေးပြီး အပူချိန်တိုးမြင့်ကာ အိမ်သာခွက်ကို လေမှုတ်ခြောက်သွေ့စေရန် လုပ်ဆောင်ပေးသည်။ သို့သော် ကြောင်များ ဝမ်းလျောနေလျှင်မူ မစင်များကို ဖယ်ရှားပစ်ရန်အတွက် နည်းလမ်းမရှိပေ။ ယင်းသို့ ဝမ်းလျောခြင်းကြောင့် ရေဆေးခြင်း ၊ အပူချိန်တိုးခြင်း ၊ လေမှုတ်ခြောက်သွေ့စေခြင်း ရလဒ်များက အဆိုပါ မစင်ခြောက်ဖြစ်စဥ်ကို ဖြစ်ပေါ်စေခဲ့ပေသည်။
ကျောက်ယောင်၏ အိမ်တစ်ခုလုံး မစင်ခြောက် အနံ့အသက်များ ပြည့်နှက်နေပေသည်။ ဆိုးရွားလှသော အနံ့အသက်တစ်ခုတည်းကို တွေးမိလိုက်သည်နှင့်ပင် သူ ကူရာမဲ့ရသည်။
ကျောက်ယောင်က အဲလီဇဘက်ကို လှည့်ကြည့်ကာ ဆိုလိုက်လေသည်..." အဲလီဇဘက် ၊ မင်း..."
ကျောက်ယောင်သည် အဲလီဇဘက်ကို ပိုင်ချွမ်းအား ထိန်းချုပ်စေပြီး မစင်များကို ရှင်းလင်းခိုင်းမည်ဟု တွေးလိုက်သော်လဲ သူမက လုပ်ဆောင်ထားခဲ့ပြီးဖြစ်ကြောင်း သိရှိသွားခဲ့သည်။ အဲလီဇဘက်က ကြောင်စာစည်သွပ်ဘူး တစ်ခုလုံးကို စားသောက်ထားပြီး သူ၏ပခုံးထက်တွင် ခြေကားယား လက်ကားယား ဖြစ်နေပေသည်။
သူက ဆိုသည်..." မင်း တကယ်ပဲ အားနည်းနေပြီလား "
ထိုအချိန်တွင် ပိုင်ချွမ်းသည် ဆိုးရွားသောအနံ့ သက်ရောက်သည်ကို ခံနေရသည့်တိုင်အောင် သူ၏လှုပ်ရှားနိုင်စွမ်းများ ပြန်ရလာသည်ကို ချက်ချင်းသတိပြုမိသွားလေပြီး အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်သည်။ သူ တစ်ခဏမျှ အသက်အောင့်ကာ ကိုယ်ပျောက်အနေအထားသို့ ထပ်မံကာပြောင်းလိုက်လေ၏။
ကျောက်ယောင် အော်လိုက်သည်..." ဟေ့ကောင် "
ပိုင်ချွမ်းသည် ကျောက်ယောင် အော်လိုက်သည်ကို ကြည့်နေရင်းဖြင့် ကျိတ်ပြုံးလိုက်သည်။ ပိုင်ချွမ်း လှုပ်ရှားနိုင်ခြင်း မပြုနိုင်မီတွင် သဏ္ဌာန်မဲ့သော အရာတစ်ခုက သူ၏ရင်ဘက်အား ကြမ်းတမ်းစွာ ထိမှန်သွားသည်ကို ခံစားလိုက်ရပြီး လွင့်စဥ်သွားရကာ တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျသွားလေသည်။
ပိုင်ချွမ်း၏ရင်ဘက် ပြင်းပြစွာနာကျင်နေ၏။ သူ၏ရင်ဘက်တစ်ခုလုံး ပွင့်ထွက်သွားသည်ဟု ခံစားနေရလေပြီး အသက်ရှုချိန်တိုင်း လွန်စွာခက်ခဲနေရသည်။ သူ ကိုယ်ပျောက်အနေအထားတွင် မရှိတော့ဘဲ လူလုံးပေါ်လာခဲ့သည်မှာ ပြောစရာပင်မလိုပေ။
ထိုစဥ်တွင် ကျောက်ယောင်က ပိုင်ချွမ်းဆီသို့ အချိန်တစ်ခဏအတွင်း ခြေဆောင့်ကာ လာနေခဲ့ချေသည်။
ကျောက်ယောင် လာနေသည်ကို ကြည့်နေရင်းဖြင့် ပိုင်ချွမ်းက ဆိုလိုက်လေသည်..." အတော်အားကောင်းတဲ့ စွမ်းရည်တစ်ခုပဲ "
ကျောက်ယောင်က ပိုင်ချွမ်းကို လျစ်လျူရှုထားပြီး ပခုံးပေါ်တွင် ဝပ်နေသည့် အဲလီဇဘက်ကို တစ်ချက်ငဲ့ကြည့်ကာ သူမ၏အကြောင်းကို တွေးလိုက်သည်။
ထို့နောက်တွင် သူက အဲလီဇဘက်၏စွမ်းရည်ကို အသုံးပြုလိုက်သည်။ ကြမ်းပြင်ပေါ်မှ ပိုင်ချွမ်းကို ကြည့်နေရင်းဖြင့် သူ၏မျက်ဝန်းတွင် သိမ်မွေ့သော အနီရောင်အလင်းတစ်ခု တောက်ပသွားလေသည်။ သို့သော်...။
" ကျရှုံးတယ်... ဟူး... သစ္စာရှိမှု ၆၀ "
သူ နှစ်ကြိမ်ထပ်မံကြိုးစားခဲ့လေပြီး နောက်ဆုံးတွင် အောင်မြင်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူက လုံလောက်စွာ ကြမ်းတမ်းခဲ့ပေသောကြောင့် ကံကောင်းသွားခဲ့ပေ၏။ ပိုင်ချွမ်းမှာ ထနိုင်ခြင်းမရှိသလို အသက်အောင့်နိုင်ခြင်းလဲ မရှိပေ။ ပိုင်ချွမ်း တွေးနေသည်..." ထပ်ပြီးတော့ ဒီခံစားချက်ကြောင့်သာ မဟုတ်ခဲ့ရင် ဒီကောင်က ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို တကယ်ပဲ ထိန်းချုပ်နိုင်တယ်ဆိုတာ ငါ ယုံနိုင်မှာမဟုတ်ဘူး "
တစ်ဆက်တည်းမှာပင် ကျောက်ယောင်က ပိုင်ချွမ်း၏ မခံမရပ်နိုင်သော အကြည့်ကို ကြည့်နေလျက်ဖြင့်ပင် မစင်ခြောက်များရှိနေသည့် ကြောင်အိမ်သာကို သန့်ရှင်းရန်အတွက် ထိုကောင့်ကို ထိန်းချုပ်လိုက်လေသည်။
မိနစ်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် အဲလီဇဘက် ထနိုင်လာခဲ့သည်။ ပိုင်ချွမ်းသည် အခန်းထောင့်တစ်နေရာတွင် ပုန်းအောင်းနေသည့် ကြောင်နှစ်ကောင်နှင့် လူတစ်ယောက်ကို ကြည့်နေရင်းဖြင့် ပိုမိုကာ မခံမရပ်နိုင်ဖြစ်လာသည်။
ဗြိတိန်ကြောင်ပုမျိုးဖြစ်သည့် သရက်သီးလေးက နံဘေးတွင် သိလိုစွာဖြင့် ရပ်နေလျက်ရှိပြီး ထိုလူစိမ်းကို အမှန်တကယ် စိတ်ဝင်စားနေသည့်အလား မကြာခဏဆိုသလိုပင် ပိုင်ချွမ်း၏အနံ့ကို ရှုကြည့်နေလေသည်။ သူက မည်ကဲ့သို့ အရှုပ်ထုတ်ကို လုပ်မိခဲ့ကြောင်း မသိလေဘဲ တစ်အိမ်လုံးတွင် သူ၏အနံ့များ ပြည့်နေခဲ့ခြင်းအား အလွန်ကျေနပ်နေပေ၏။
ပိုင်ချွမ်းသည်လဲ အိမ်သာခွက်တွင် ကြွက်သေတစ်ကောင် ရှိနေသည့်အလား တစ်စုံတစ်ယောက် ဝမ်းလျောထားသည့် အနံ့ဆိုးကို ခံစားမိပေသည်။ ထို့နောက်တွင် သူက ကြောင်အိမ်သာ အစိတ်အပိုင်းအချို့ကို ဖြုတ်ယူလိုက်ပြီး ၎င်းတို့ကို ခွက်တစ်လုံးထဲတွင်ထည့်ကာ မိုက်ခရိုဝေ့မီးဖိုပေါ်တွင် ဆယ်မိနစ်ခန့် တင်ထားလိုက်လေသည်။ ယင်းသို့ လုပ်ရခြင်းကြောင့် သူ၏ကလီစာများ ပေါက်ကွဲသွားရလုမတတ် ခံစားနေရပေသည်။
အခြားတစ်ဖက်တွင်မူ ကျောက်ယောင် သက်ပြင်းချကာ..." အလိုအလျောက် ကြောင်အိမ်သာက ထင်သလောက်လဲ အလုပ်မဖြစ်ပါဘူး။ အဲ့ဒါက အညစ်အကျေးတွေကိုတောင် ပြောင်အောင်ဆေးမပစ်နိုင်ဘူး။ ကြောင်အိမ်သာက အညစ်အကျေးတွေကို ဖယ်ရှားဖို့ ခက်ခဲရုံတင်မကဘူး တစ်ခန်းလုံးမှာ အနံ့ဆိုးတွေ ပျံ့နှံ့သွားစေတဲ့ ရလဒ်ကိုတောင် ဖြစ်သွားစေသေးတယ် "
အဲလီဇဘက်က ကျောက်ယောင်အား အကူအညီတောင်းလိုက်သည်..." ကျောက်ယောင်... အဲ့ဒီ အများသုံးအိမ်သာက ရွံဖို့ကောင်းလွန်းတယ်။ ဒီနေ့ကစပြီး နင် ငါ့အတွက် သီးသန့်အိမ်သာတစ်ခု စီစဥ်ပေးရမယ်။ ပြီးတော့ ငါက သီးသန့်အိပ်ခန်းတစ်ခုလဲ လိုချင်တယ် "
" ဟားဟား "
လီဟွားက ခပ်ရို့ရို့ပြုံးကာ..." အမွေးရှည် ဖက်တီးမ... မင်း နောက်ဆုံးအကြိမ် မစင်စွန့်ခဲ့တုန်းက မင်းရဲ့တင်ပါးမှာ မစင်စတွေ ကပ်နေခဲ့တာကို မေ့နေတာလား။ မင်းက သရက်သီးလေးကို အပြစ်ဖို့ပြီး အထင်သေးဝံ့နေတယ်ပေါ့လေ "
အဲလီဇဘက် မျက်ခုံးပင့်လိုက်၏။ အမွေးရှည် ကြောင်တစ်ကောင် ဖြစ်ရခြင်းသည် သူမ၏အမွေးများတွင် မစင်စများ ကပ်ငြိစေရန် အမှန်ပင်ပိုလွယ်သည်ဖြစ်ပြီး ယင်းအချက်ကြောင့် သူမကိုယ်သူမအား မုန်းတီးမိပေသည်။
လီဟွား၏စကားကို ကြားသောအခါတွင်မူ သူမ၏မျက်ဝန်းများ နီရဲသွားကာ သူမ၏စိတ်ထဲတွင် လီဟွား၏ပုံရိပ် စွဲထင်သွားလေသည်။ သူမက အော်လိုက်သည်..." လေသံပြင်လိုက်စမ်း ကျွန်စုတ်။ ပြီးတော့ ငါနဲ့ ဝေးဝေးမှာနေ။ နင့်တစ်ကိုယ်လုံးက -ျီးစော်နံတယ် "
လီဟွားက ခုခံပြောဆိုသည်..." အနည်းဆုံးတော့ ငါက အိမ်သာထဲကနေ -ျီးပေနေတဲ့ တင်ပါးကြီးနဲ့ ပြေးထွက်မလာပါဘူးလေ "
" တော်တော့... မင်းတို့နှစ်ကောင် ရန်သတ်နေတာ ရပ်လိုက်တော့ " ကျောက်ယောင်က ဆိုလိုက်သည်။
နာရီဝက်ကြာပြီးနောက်တွင် မစင်များ ရှင်းလင်းသွားခဲ့ပြီး တစ်ခန်းလုံးရှိ ပြတင်းပေါက်များကို ဖွင့်ထားကာ လေဝင်လေထွက်ကောင်းစေရန် လုပ်ထားခဲ့သည်။
ပိုင်ချွမ်းအား ထိန်းချုပ်ကာ ပြတင်းပေါက်ဆီသို့ ခေါ်လာပြီးနောက်တွင် မီတာအနည်းငယ်ခန့်အကွာတွင် ပုန်းအောင်းနေပြီး နှာခေါင်းအား လက်ဖြင့်ပိတ်ထားသည့် ကျောက်ယောင်က ချိုးနှိမ်သောလေသံဖြင့် ဆိုလေသည်..." ပြောစမ်း... မင်းရဲ့စွမ်းရည်ကို ဘယ်ကရလာတာလဲ။ ပြီးတော့ မင်း ငါ့ကို ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်ရတာလဲ "
ပိုင်ချွမ်း၏ခန္ဓာကိုယ်တွင် ကြောင်မစင်များ ပေကျံနေသော်လဲ ၎င်းက ထိုကဲ့အဖြစ်မျိုးနှင့် အသားကျနေဟန် ရှိနေပေသည်။ သူက ကျောက်ယောင်ကို မာထန်စွာကြည့်ကာ တုန့်ပြန်လိုက်သည်..." ငါ့ရဲ့စွမ်းရည်ကို ညီအစ်တော်များရဲ့ ငါတို့ဘုရားသခင်က ငါ့ကို ချီးမြင့်ပေးထားတာပဲ "
ကျောက်ယောင် မျက်ခုံးပင့်ကာ..." ညီအစ်ကိုတော်များတဲ့လား။ ကောင်းကျစ်မှာ သဘာဝလွန်စွမ်းရည် ရှိတာလား "
" ကောင်းကျစ်လို့ ဘယ်သူကပြောလဲ " ပိုင်ချွမ်းက ချေပပြောဆိုသည်..." အဲ့ဒါက အဖွဲ့အစည်းတစ်ခုပဲ။ ငါတို့က သန့်ရှင်းတဲ့ ဝိညာဥ်တော်ကို ဝတ်ပြုဆုတောင်းကြတယ် "
ကျောက်ယောင် ၊ လီဟွား ၊ အဲလီဇဘက်တို့မှာ စိတ်ပျက်သွားရပြီး ပြောစရာမဲ့သွားရသည်။ ပိုင်ချွမ်း၏စွမ်းရည်က အပိုင်မဟုတ်လေဘဲ ညီအစ်ကိုတော်များဟူသည့် အဖွဲ့အစည်းတစ်ခုထံမှ ဖြစ်ကြောင်းကို သူတို့ နားလည်သွားရသည်။
ပိုင်ချွမ်းအား ကြည့်သရွေ့အရ ညီအစ်ကိုတော်များအဖွဲ့သည် အလုပ်လက်မဲ့ လူပေါင်းများစွာကို အတူစုစည်းကာ ကိုးကွယ်ယုံကြည်စေသည့် ဆိုးညစ်သော မိစ္ဆာဒိဋ္ဌိ အဖွဲ့အစည်းတစ်ခု ဖြစ်ဟန်ရှိလေသည်။ ၎င်းတို့၏ဘုရားသခင်က ၎င်းတို့တစ်ဦးချင်းစီအား ပျော်ရွှင်မှုများ ချီးမြောက်ပေးလိမ့်မည်ဟု မျှော်လင့်ရင်းဖြင့် နေ့စဥ်လိုပင် ဝတ်ပြုဆုတောင်းကာ အပြန်အလှန် ဆက်ဆံမှုပြုကြပေသည်။
သို့သော် ညီအစ်ကိုတော်များအဖွဲ့နှင့် သာမန်ကိုးကွယ်သူများတို့၏ အကြားတွင်ရှိသည့် ကွာခြားချက်မှာမူ ထိုအဖွဲ့အစည်းထံမှ လူများမှာ အမှန်တကယ်ပင် ဆုလာဘ်များရရှိသည့် ဖြစ်ရပ်များ ရှိနေခြင်းဖြစ်သည်။ ဥပမာပြရသော် ပိုင်ချွမ်းသည် ကိုယ်ပျောက်အနေအထား စွမ်းရည်ကို သုံးနာရီအတိအကျ လက်ခံရရှိထားခြင်းမျိုး ဖြစ်ပေ၏။
ထိုစဥ်တွင် စာအုပ်၏ တာဝန်စာမျက်နှာ တုန်ခါသွားကာ တာဝန်အသစ် ပေါ်ထွက်လာပေ၏။
တာဝန်ဖော်ပြချက် - စွမ်းရည်ရှိသည့် ဆိုးညစ်သော ကြောင်များအကြား ဝရုန်းသုန်းကားဖြစ်စေရန် မည်သို့လုပ်မည်နည်း။
ရည်ရွယ်ချက်ပန်းတိုင် - ညီအစ်ကိုတော်အဖွဲ့ကို ရှင်းထုတ်ပစ်ပြီး ကန့်လန့်ကာနောက်ကွယ်မှ စွမ်းရည်ရှိသည့် စူပါကြောင်များကို ဖမ်းဆီးပါ။ ဆုလာဘ်အနေဖြင့် အတွေ့အကြုံအမှတ် ၂၀၀ ပေးအပ်မည်။
ကျောက်ယောင်သည် တာဝန်ကို ကြည့်နေရင်းဖြင့် မျက်မှောင်ကုတ်ကာ..." အတွေ့အကြုံအမှတ် ၂၀၀ ရဖို့ တကယ်ပဲ အဲ့ဒီလောက်အထိ ရိုးရှင်းတာလား။ ငါ့ရဲ့ အတွေ့အကြုံအမှတ်တွေက မြင့်လွန်းနေလို့လား။ ဒါမှမဟုတ် ဒီတာဝန်က တကယ်ကိုပဲ အရမ်းခက်ခဲနေတာကြောင့်လား "