← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အပိုင်း ၄၀

အဆင့်မြင့်တင်ခြင်း

ကျောက်ယောင် အဲလီဇဘက်၏ စွမ်းရည်အသစ်နှစ်မျိုးကို မြင်သောအခါတွင် ယခင်စွမ်းရည်များနှင့် နှိုင်းယှဥ်ကြည့်လိုက်သည်...” လက်ရှိ အဲလီဇဘက်ရဲ့ ပုံရိပ်ယောင် လုပ်ဆောင်နိုင်စွမ်းက အမြင်အာရုံနှင့် အကြားအာရုံ သက်ရောက်မှုတွေကိုပဲ ဖန်တီးနိုင်တယ်။ အဲ့ဒါတွေ လက်ခံနိုင်လောက်စရာ ရှိပုံရပေမဲ့ အလွယ်တကူ ပေါ်ပေါက်သွားနိုင်တယ်။ အကယ်၍ အာရုံငါးပါးလုံးကို အောင်မြင်သွားခဲ့မယ်ဆိုရင် ပုံရိပ်ယောင်နဲ့ အစစ်အမှန်ရဲ့ အကြားမှာ ကွာခြားချက်ရှိမှာ မဟုတ်တော့ဘူး။ တစ်ခုတည်းသော အပြစ်အနာအဆာကတော့ ငါရလာမဲ့ အာရုံခံစားမှုက ကျပန်းဖြစ်နေတာပဲ “

အကြားအာရုံနှင့် အမြင်အာရုံများအပြင် အနံ့ခံအာရုံ ၊ အရသာခံအာရုံ ၊ အထိအတွေ့အာရုံတို့က ပုံရိပ်ယောင်အတွက် အရေးအကြီးဆုံး ထိတွေ့မှုများဖြစ်သော်လဲ ကျပန်းရွေးချယ်ခြင်းကမူ မည်သည့်အာရုံကို ရွေးချယ်ရမည်ဟု အာမခံချက်မရှိပေ။

“ အဝေးကထိန်းချုပ်တာကလဲ အတော်လေး အစွမ်းထက်ပေမဲ့ ငါ့အတွက် အသုံးဝင်ပုံမရဘူး “ ကျောက်ယောင် အနည်းငယ်မျှ စဥ်းစားပြီးသည့်နောက်တွင် ကံအပေါ်ပုံချကာ အာရုံငါးပါးထဲမှ တစ်ခုကို ကျပန်းရွေးချယ်လိုက်လေသည်။

သူ အာရုံငါးပါးထဲမှ ရွေးချယ်လိုက်လေရာ အနံ့ခံအာရုံကို ရွေးချယ်မိသွားခဲ့သည်။

“ ဟူး... ငါ အထိအတွေ့အာရုံကို မရခဲ့ဘူးပဲ “ ကျောက်ယောင် ဆူပွပွလုပ်ကာ ဆိုသည်...” ဒါပေမဲ့ အနံ့ခံအာရုံကလဲ မဆိုးလှပါဘူး။ အခုဆိုရင် ဒီဟာက အဲလီဇဘက်ရဲ့ ပုံရိပ်ယောင်ကို ပိုပြီးတော့ ယုံကြည်လာစေပြီးတော့ စစ်မှန်လာအောင် လုပ်ပေးနိုင်ပြီ “

စာအုပ် : အဆင့် ၂ (၆၆/၁၀၀၀)

စိန် : ၇

အိမ်မွေးတိရိစ္ဆာန် (၁/၂) : လီဟွား

အဆင့် : အဆင့် ၃ (၀/၁၀၀၀)

သစ္စာရှိမှုအဆင့် : ၁၀၀

စွမ်းရည် : ယာယီ အချိန်ရပ်ခြင်း။ ကြာချိန် ခြောက်စက္ကန့် ၊ အားပြန်ဖြည့်ချိန် ခြောက်စက္ကန့်။

အိမ်မွေးတိရိစ္ဆာန် (၂/၂) : အဲလီဇဘက်

အဆင့် : အဆင့် ၃ (၀/၁၀၀၀)

သစ္စာရှိမှုအဆင့် : ၆၅

စွမ်းရည် : ပုံရိပ်ယောင်အလင်း ၊ အသံပုံရိပ်ယောင် ဖန်တီးခြင်း။ အမြင်အာရုံ အသုံးပြုကာ ခန္ဓာကိုယ်အား ထိန်းချုပ်ခြင်း။ အသုံးပြုသူ၏ခန္ဓာကိုယ် သို့မဟုတ် ပစ်မှတ်၏ခန္ဓာကိုယ် ထိခိုက်မိလျှင် ထိုစွမ်းရည် ပျက်ပြယ်သွားမည်။

ဤကာလတစ်လျှောက် အတူရှိခဲ့ပေသောကြောင့် အဲလီဇဘက်၏ သစ္စာရှိမှုက ၆၅ သို့ ရောက်ရှိသွားခဲ့သည်။ ထိုစဥ်တွင် QR ကုတ်ထံမှ မက်ဆေ့တစ်စောင် ရောက်ရှိလာသည်။

“ ဟားဟားဟား... သားလေး... ငါ့ကို ဖေဖေလို့ ခေါ်စမ်း။ ပြီးရင် ဖေဖေက သားလေးအတွက် Rank တိုက်ပေးမယ် “ ဝကစ်ကစ် လုပ်ကြံသူလုပန်းက ဆိုလိုက်သည်။

အသန်မာဆုံးလုပန်းက ဆိုလေ၏...” ကြောက်ပြီး မပြေးနဲ့လေ။ သုံးပွဲမှာ နှစ်ပွဲနိုင်ရမယ်။ ဘယ်သူပဲ ရှုံးပါစေ ဖေဖေလို့ မခေါ်တဲ့သူက ခွေးမသားပဲ။ မင်း ငါစိန်ခေါ်တာကို လက်ခံရဲလား “

“ ဒါက နည်းနည်းများတယ် “ မြောင်ဂစ်ဆွန်က အကြံပြုလိုက်သည်...” မင်းတို့တွေ တစ်ဖွဲ့ဖွဲ့ပြီး တိုက်ကြလို့မရဘူးလား “

ဝကစ်ကစ် လုပ်ကြံသူလုပန်းက ဆိုသည်...” ဟဲဟဲ... ငါ ရှုံးခဲ့မယ်ဆိုရင် ချက်ချင်း ချီးစားပြမယ် “

အသန်မာဆုံးလုပန်းက တုန့်ပြန်လိုက်လေ၏...” ငါ ရှုံးခဲ့မယ်ဆိုရင် ဇောက်ထိုး ချီးစားပြမယ် “

ဝကစ်ကစ် လုပ်ကြံသူလုပန်းက ချေပပြောဆိုသည်...” ငါက တစ်လလုံး ချီးစားပြမယ် “

အရှုံးမပေးလိုသည့် အသန်မာဆုံးလုပန်းကလဲ တုန့်ပြန်လေသည်...” ငါက ကင်းမြီးကောက်ထောင်ပြီး ချီးပါပြီးတော့ ဇောက်ထိုးအတိုင်း ချီးစားပြမယ် “

“ ချကြ... ချကြ... ချကြ “ နံပါတ်တစ် ငါးခြောက်ပြားက အားရဝမ်းသာ ဆိုလေသည်။

ကျားသစ်ခေါင်းက...” ဒီအသစ်လေးက တကယ်ကို ကြမ်းတမ်းတာပဲ “

မြောင်ဂစ်ဆွန်က...” မင်းတို့တွေက ဘာကြောင့်မလို့ ချီးစားတာ မပြိုင်ကြတာလဲ “

ကျောက်ယောင်က အပြန်အလှန်စကားများကို ဖတ်ရင်း နှုတ်ခမ်းမဲ့လိုက်လေပြီး လီဟွား၏နံဘေးတွင် ထိုင်ကာ ထိုနှစ်ကောင် ဘိုင်ဝမ်းဆွဲနေကြသည်ကို ကြည့်နေလေသည်။

ထို့နောက် သူသည် ဟီးရိုးနှစ်ယောက်ဖြစ်သည့် လုပန်းနှင့် လီယွမ်ဖန်းတို့ လှည့်လည်သွားလာနေသည်ကို ကြည့်နေခဲ့လေပြီး အခြေခံတိုက်ခိုက်မှုများမှလွဲ၍ မည်သူကမျှ အခြားတစ်ယောက်ကို စကေးထိမှန်အောင် တိုက်ခိုက်နိုင်ကြခြင်း မရှိပေ။

လီဟွားက ဆိုသည်...” ချီးပဲ... ဒီကောင့်ရဲ့ လှုပ်ရှားမှုတွေက အတော်ကြီးကို မှန်းရမလွယ်ဘူး။ ဒီကောင် ဘယ်ကိုဆက်သွားမယ်ဆိုတာကို ငါ လုံးဝမမှန်းတတ်ဘူး “

“ ငါကတော့ မင်းတို့နှစ်ကောင်လုံး လှုပ်ရှားမှုတွေကို လုံးဝမခန့်မှန်းတတ်ဘူး “ ကျောက်ယောင်က လီဟွား၏ခေါင်းကို ပုတ်လိုက်ပြီး မျက်ဖြူလန်ပြကာ ဆိုသည်... “ ရွှေအဆင့်နဲ့ အောက်မှာရှိတဲ့ ကစားပွဲတွေက ဒီလိုပါပဲကွာ။ မင်းအနေနဲ့ ရန်သူ ဘာဆက်လုပ်မယ်ဆိုတာကို လုံးဝခန့်မှန်းနိုင်မှာမဟုတ်ဘူး “

ကျောက်ယောင်၏အမြင်တွင် နှစ်ဖက်စလုံး၏ လှုပ်ရှားမှုများက အတူတူသာဖြစ်သော်လဲ လီဟွားကမူ သူကိုယ်၌က အားနည်းသည့်အနေအထားတွင် ရှိနေကြောင်းကို တွေ့မြင်လာခဲ့သည်။

ထို့နောက်တွင် လီဟွားက ကျောက်ယောင်၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်ကာ ဆိုလိုက်သည်...” ကျောက်ယောင်...ကျောက်ယောင်... ကျေးဇူးပြုပြီး ငါ့နေရာမှာ ကစားပေးစမ်းပါ။ ငါ ရှုံးနေပြီ “

“ ဒါပေမဲ့ အဲ့ဒါက လှည့်စားတာလေကွာ “ ကျောက်ယောင် ခေါင်းယမ်းကာ...” မင်းက ငါ့ကို အဲ့ဒီလိုလူစားမျိုးလို့ ထင်နေတာလား “

ထို့နောက် လီဟွားက ဖုန်းကိုကိုင်ကာ ကျောက်ယောင်၏ ဦးခေါင်းအား မှီလိုက်လေပြီး...” ငါ ရှုံးသွားမယ်ဆိုရင် ကင်းမြီးကောက်ထောင်ပြီး ဇောက်ထိုး ချီးစားပြရမှာနော်။ အဲ့ဒီကိစ္စကို မင်းရဲ့အိမ်ထဲမှာ လုပ်စေချင်တာ သေချာပြီလား “

လီဟွားသာ အမှန်တကယ်ပင် ဇောက်ထိုးချီးပါချခဲ့ပါက သူ့အဖို့ အညစ်အကျေးများကို တစ်အိမ်လုံးအနှံ့ ရှင်းလင်းရတော့မည်ဖြစ်ကြောင်း တွေးမိသွားကာ ကျောက်ယောင် ကျောရိုးများ စိမ့်တက်သွားရလေ၏။

“ ဖုန်းပေး “ ကျောက်ယောင်က ဖုန်းကို ဆွဲလုလိုက်လေသည်။

ထို့နောက်တွင် လုပန်းသည် မြေပုံပေါ်တွင် ကြမ်းရမ်းလာခဲ့ပြီး ရုတ်တရက်ပင် ဖျတ်လတ်တက်ကြွလာကာ ကျွမ်းကျင်လှသော ကစားကွက်မျိုးစုံ ပြသလာပြီး တိကျသော သတ်ကွက်များ ဆက်တိုက်ထုတ်ဖော်လာခဲ့သည်။ သူသည် ကစားပွဲကို လုံးဝပင် ပြောင်းပြန်လှန်ပစ်ခဲ့ကာ ရုတ်တရက်အတွင်းမှာပင် ရန်သူကို ခံစစ်အနေအထားသို့ တွန်းပို့ပစ်ခဲ့လေသည်။

သို့သော် ကျောက်ယောင် အနိုင်ရလုဆဲဆဲ အနေအထားတွင် ရန်သူသည် ရုတ်တရက်ပင် လိုင်းပြတ်တောက်သွားခဲ့ချေ၏။

ထို့နောက်တွင်မူ ဝကစ်ကစ် လုပ်ကြံသူလုပန်းက ဂရုချက်ထဲတွင် ပြောလာသည်...” ငါတို့အိမ်က ခွေးက အင်တာနက် ပြတ်တောက်သွားအောင် လုပ်ပစ်ခဲ့တယ်။ ဒီပွဲကို ထည့်မတွက်ဘူး “

အသန်မာဆုံးလုပန်းက တုန့်ပြန်လာသည်...” မင်း ငါ့ကို မနိုင်တော့တာကြောင့် တမင်လိုင်းပြတ်သွားတာမလား။ ကောင်းပြီလေ မင်း ပြန်ဆော့ရဲလား “

“ မင်း ဘာပြောလိုက်တာလဲ။ ငါ မင်းရဲ့စာတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ငါတို့အိမ်က အင်တာနက်လိုင်းက ဆိုးရွားနေတယ်။ ဟိုခွေးစုတ်က ကေဘယ်တွေကို ထပ်ပြီးတော့ ကိုက်လိုက်ပြန်ပြီ “

အသန်မာဆုံးလုပန်းက ဆိုသည်... “ ငလူးကောင်... မင်း ငါ့ကို ငတုံးလို့ ထင်နေတာလား။ မင်း ငါ့ရဲ့စာတွေကို ရှင်းရှင်းလင်းလင်း မြင်ရဖို့အတွက် ဘယ်လိုင်းနဲ့မှ အဆင်ပြေမှာလဲ “

“ ငါ ဆက်မဆော့နိုင်တော့ဘူး။ ငါ မင်းရဲ့ပုံကိုတောင် ရှင်းအောင်မမြင်ရဘူး။ ဟိုခွေးစုတ်က ကေဘယ်တစ်ခုလုံးကို ကိုက်ပစ်လိုက်တဲ့ပုံပဲ။ ငါ အဲ့ဒီခွေးစုတ်ကို ကယ်ဖို့အတွက် မိလ္လာတူးသမားတွေကို ခေါ်ရဦးမယ်။ ငါ အရင်ဆုံး လိုင်းဆင်းပြီနော် “

“ ခွေးကောင်... မင်း အခုပြန်လာပြီး ငါ့ကို ဖေဖေလို့ခေါ်စမ်း “

ကျောက်ယောင် အပြန်အလှန်စကားများနှင့် ဆိုဖာပေါ်တွင် ပေါက်ကွဲနေကာ ခုန်ဆွခုန်ဆွဖြစ်နေသည့် လီဟွားအား ကြည့်ကာ မျက်ဖြူလန်လိုက်လေ၏။

ထိုစဥ်တွင် ပြတင်းပေါက်နံဘေးမှ အဲလီဇဘက်က မျက်မှောင်ကုတ်ကာ...” ကျောက်ယောင်... ဟမ်းဖုန်း “

“ အေးပါ...အေးပါ...ငါ သိပါတယ်။ ငါ မင်းကို ဖုန်းအသစ်တစ်လုံး ဝယ်ပေးမယ် “ ထို့နောက် သူက ကွန်ပြူတာဖွင့်ကာ အဲလီဇဘက်အတွက် ဖုန်းအသစ်တစ်လုံးဝယ်ရန် စီစဥ်လိုက်လေသည်။

သို့သော် သူ ခန်းမထဲသို့ လျှောက်သွားချိန်တွင် ကျယ်လောင်သော ကျို့ထိုးသံတစ်ခုကြောင့် လှည့်ကြည့်မိလိုက်လေ၏။ ဝတုတ်က နံရံထောင့်နားတွင် လဲလျောင်းနေလျက်ရှိပြီး သူ၏လက်သည်းနှစ်ဖက်က ပါးစပ်အား တင်းကျပ်စွာ ပိတ်ထားပေသည်။ သူ၏နံဘေးတွင် အာလူးခြောက်ကြော် အိတ်ခွံတစ်ခု ရှိနေလေပြီး သူက ကျောက်ယောင်ကို ရှက်ကိုးရှက်ကန်ဟန်ဖြင့် ကြည့်လိုက်လေသည်။ အမှန်တကယ်တွင် သူက ကြောင်စာအနည်းငယ်ခန့် စားခဲ့လေပြီး မြေပြင်အား သူ၏ခြေသည်းများနှင့်တူးကာ ကြောင်စာများကို မကျေမနပ်ဟန်ဖြင့် မြုပ်နှံထားပေသည်။

ကြောင်ရိုင်းများက ၎င်းတို့၏အစာများကို ချွေတာရန်အလို့ငှာ မြေပြင်တွင် မြုပ်နှံထားတတ်ကြပြီး ၎င်းတို့ ဆာလောင်လာချိန်တွင် ပြန်လည်တူးဖော်ကာ စားတတ်ကြပေသည်။ အိမ်မွေးကြောင်များကလဲ သူတို့ ဗိုက်ပြည့်သွားချိန် သို့မဟုတ် မကြိုက်သော အစားအစာများကို စားရချိန်မျိုးများတွင် ထိုကဲ့သို့သာ လုပ်ဆောင်ကြပေသည်။

ဝတုတ်က မြေမြုပ်ပြီးသည့်နောက် ကျောက်ယောင် ကြည့်မနေချိန်တွင် ကျောက်ယောင်၏ မုန့်များဆီသို့ အပြေးသွားကာ ဖောက်စားခဲ့ပေ၏။

“ သောက်ခွေး “

ကျောက်ယောင်က အံ့ဩတကြီး ဆိုသည်...” မင်းက လူသားတွေရဲ့ အစားအစာတွေကို စားလို့မရဘူးဆိုတာ မသိဘူးလား “

လူသားများ၏ အစားအစာများက ကြာရှည်ခံအောင် လုပ်ဆောင်ထားခြင်းများနှင့် ပြည့်ဝနေလေပြီး ကြောင်များ အစာကြေရန် မလွယ်ကူကြောင်းကို သူ သိနေပေသောကြောင့် သူ၏မျက်နှာထက်တွင် စိတ်ပျက်ခြင်းများ ပြည့်နေပေသည်။

လူသားများ၏ အစားအစာများကို တရားလွန်စားမိပါက အသာ​ရောင်ရမ်းခြင်းများနှင့် ကျောက်ကပ် ပျက်စီးခြင်းများ ဖြစ်စေနိုင်ပေသည်။ ယင်းတို့က ကြောင်များအတွက် အန္တရာယ်ရှိပေသည်။

ဝတုတ်သည် ပါးစပ်ကို လက်သည်းများဖြင့်အုပ်ကာ ကျို့ထိုးနေရင်းဖြင့် ကြောက်လန့်တကြား ဆိုလေသည်...” ငါ့ကို မရိုက်ပါနဲ့။ တမင်လုပ်တာ မဟုတ်ပါဘူး။ လူသားတွေရဲ့ အစားအစာတွေက အရမ်းကို အရသာရှိတာကြောင့် ငါ့ကိုယ်ငါ မထိန်းနိုင်တော့တာပါ “

ဝတုတ်၏ ကြောက်လန့်နေသောအသွင်ကို မြင်သောအခါတွင် ကျောက်ယောင် စိတ်ပျက်လက်ပျက် သက်ပြင်းချကာ...” မင်းရဲ့ သခင်ဟောင်းက မင်းကို အတော်လေး ဖျက်ဆီးထားတာပဲ။ ဒီနေ့ကစပြီး မင်းက လူသားတွေရဲ့ အစားအစာတွေကို စားခွင့်မရှိဘူး “

ဝတုတ်၏ စိတ်ပျက်နေသောအသွင်ကို မြင်သောအခါတွင် ကျောက်ယောင်က ထိုကြောင်ကို ကောင်းစွာထိန်းကျောင်းပြီး လူသားအစာများ မစားစေရဟု ဆုံးဖြတ်လိုက်လေသည်။

…………

အခြားတစ်ဖက်တွင်မူ ကျောက်ယောင်၏အိမ်အနီးနားရှိ ကျေးရွာတစ်ခုထဲတွင် အလုပ်ဝတ်စုံနှင့် ဒေါက်မြင့်ဖိနပ်တို့ကို ဝတ်ဆင်ထားသည့် ရှောင်းရှီးယွီက လက်ထဲတွင် ကြောင်စာတစ်ထုပ် ကိုင်ထားလေပြီး...” မီ မီ မီ “

ပန်းခြံထောင့်တစ်နေရာမှ ကြောင်တစ်ကောင်၏ မြောင်အော်သံက သူမ၏အသံကို တုန့်ပြန်လာပေသောကြောင့် ရှောင်းရှီးယွီ ပျော်ရွှင်သွားကာ ထိုနေရာသို့ သွားလိုက်လေသည်။

လသားအရွယ် ကြောင်ပေါက်လေးတစ်ကောင်က သူမအား ခေါ်နေသည်ကို မြင်လိုက်ရပေသည်။ သူမတို့၏ နံဘေးတွင်မူ အရွယ်ရောက်ပြီးသော လေလွင့်ကြောင်အနည်းငယ်ခန့် လဲလျောင်းနေကြသည်။

ကြောင်များ၏ နံဘေးတွင်မူ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်ကို မြင်လိုက်ရပေသောကြောင့် သူမ လျှောက်သွားလိုက်လေ၏။

သူမ၏ခြေသံကြောင့် အသက်လတ်ပိုင်းလူ လှည့်ကြည့်လာခဲ့ပြီး ပြုံးကာမေးလေသည်...” မင်းလဲ ကြောင်စာကျွေးဖို့ ရောက်လာတာလား “

ထို့နောက် သူ၏လက်ထဲတွင် ကိုင်ထားသည့် ကြောင်စာထုပ်ကို မြောက်ပြလိုက်လေသည်။

အသက်လတ်ပိုင်းလူက ကြောင်များကို ကြင်နာရင်းနှီးစွာ အစာကျွေးနေသည်ကို မြင်နေရသောကြောင့် ရှောင်းရှီးယွီက ထိုသူကို ချက်ချင်းပင် ယုံကြည်မိသွားခဲ့သည်။

“ ဟုတ်တယ်။ ဒီကြောင်လေးတွေ မွေးလာတာ မကြာသေးဘူးလေ။ ကျွန်မက သူတို့အတွက် အစာအပို ကျွေးချင်တယ်လေ “

ကြောင်များထဲမှ အဖြူရောင်နှင့် လိမ္မော်ရောင်အစင်းကြောင်း အမွေးများရှိသည့် ကြောင်တစ်ကောင်သည် ရှောင်းရှီးယွီအား ပတ်ချာလည်လှည့်ကာ ခုန်ပေါက်နေလျက်ရှိပြီး ၎င်း၏မျက်ဝန်းများက တစ်ခုခုကို ပြောလိုနေသည့်ပမာ ရှိနေပေသည်။

“ ဘာဖြစ်လို့လဲ။ မင်းက ဘာကြောင့် မစားရသေးတာလဲ “

အသက်လတ်ပိုင်းလူက ရှောင်းရှီးယွီကိုကြည့်ကာ မေးလိုက်သည်...” မင်းလဲ ကြောင်ချစ်တတ်တာလား။ မင်းဘာသာပဲ ကြောင်တွေကို ကျွေးမွေးနေတာလား “

“ ဟုတ်တယ်။ သူတို့လေးတွေက အရမ်းကို ချစ်ဖို့ကောင်းတယ်လို့ ကျွန်မထင်တယ်။ ဒါပေမဲ့ ကျွန်မက ကြောင်တွေကို ဂရုစိုက်ပေးဖို့အတွက် အလုပ်အရမ်းများနေတယ်လေ။ ကျွန်မက ရွာထဲမှာရှိတဲ့ လေလွင့်ကြောင်တွေကို ပုံမှန်အစာကျွေးပါတယ် “

ဘေးပတ်လည်တွင် ကြောင်များ အတူစုရုံးကာ ဝန်းရံနေပေသောကြောင့် ရှောင်းရှီးယွီက ရင်းနှီးသားလူတစ်ဦးဖြစ်ကြောင်း ထင်ရှားပေသည်။

ကြောင်များကဲ့သို့ တိရိစ္ဆာန်များ ၊ အထူးသဖြင့် ပိုင်ရှင်မဲ့ တိရိစ္ဆာန်များက အလွန်တရာပင် သံသယများကာ ကြောက်တတ်ကြပေသည်။ လူစိမ်းတစ်ယောက်၏ လက်ထဲတွင် အစာများ ရှိနေလျှင်ပင် ၎င်းတို့ကိ​ု ခေါ်ရန်အတွက် အလွန်ခဲယဥ်းပေသည်။

ရှောင်းရှီးယွီအား ရင်းနှီးပြနေသည်ကို ကြည့်ရသည်မှာ သူမက ကြောင်များကို အစာကျွေးလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း သိသာပေသည်။

“ မင်းက အလုပ်များတာလား “ အသက်လတ်ပိုင်းလူက မေးလိုက်သည်။

ရှောင်းရှီးယွီသည် ကြောင်လေးများ ပျော်ရွှင်စွာ အစာစားနေကြသည်ကို ကြည့်နေရင်းဖြင့် သတိလွတ်သွားကာ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်...” ကျွန်မက အလုပ်များတာပေါ့။ ဒါက ကျန်းမန်မြို့လေ။ ကျွန်မရဲ့ အိမ်ငှားခ တစ်ခုတည်းကတင် နှစ်ထောင်လောက်ကုန်တာ ရှင်သိရဲ့လား။ စားသောက်စားရိတ် ၊ နေ့စဥ်အသုံးအဆောင်တွေ ၊ အဝတ်အစား ဝယ်ရတာတွေ ၊ မိတ်ကပ်နဲ့ ဖြည့်စွက်စာတွေ... ကျွန်မ သုံးစွဲနေရတာ အများကြီးရှိတာကြောင့် လစာတွေကို မစုမိသလောက်ပါလေ “

အသက်လတ်ပိုင်းလူက နွေးထွေးသောအပြုံးနှင့် ဆိုလေသည်...” မင်းရဲ့ ဇာတိမြို့ဟောင်းကရော ရှိသေးလား “

“ ကျွန်မ ဒီမှာနေရတာ ပိုကောင်းပါတယ်။ ကျွန်မရဲ့ ဇာတိမြို့ဟောင်းက ရွာငယ်လေးတစ်ခုပါပဲ။ ပြီးတော့ ကျွန်မရဲ့ မိဘတွေကလဲ ကျွန်မကို ကူညီမပေးနိုင်ဘူးလေ။ ကျန်းမန်မြို့ထဲမှ အလုပ်လုပ်ရတာက ကျွန်မအတွက် နိုင်နင်းဖို့ခက်ခဲပါတယ် “

ရှောင်းရှီးယွီက အသက်လတ်ပိုင်းလူကို ကြည့်ကာ...” ရှင်က မြို့ခံလား။ ကျွန်မတို့အတွက်က အိမ်တစ်လုံး ဝယ်နိုင်ဖို့တောင် ဆယ်စုနှစ်အနည်းငယ်လောက် ကြိုးစားရပေမဲ့ ရှင်တို့အတွက်ကတော့ အလွယ်လေး ဝယ်နိုင်ပါတယ်လေ “

“ မင်းက ဇာတိမြို့ဆီ ပြန်ဖို့ မစဥ်စားဘူးလား “ အသက်လတ်ပိုင်းလူက ထပ်မံကာမေးလိုက်သည်။

“ ပြန်ရမယ်တဲ့လား။ ကျွန်မက ပြန်ပြီး ဘာလုပ်ရမှာလဲ။ ကျွန်မ နှစ်တွေအများကြီး စာသင်ကြားလာတာကိုတောင် လယ်သမားတစ်ဦးဖြစ်ဖို့ ပြန်သွားသင့်လား “ ရှောင်းရှီးယွီ ခါးသက်သက်ပြုံးကာ ဆိုလိုက်သည်။

သူတို့နှစ်ဦး ဆယ်မိနစ်ခန့် စကားပြောပြီးသည့်နောက် ထွက်ခွာသွားသည့် ရှောင်းရှီးယွီ၏ ကျောပြင်ကို ကြည့်နေရင်းဖြင့် အသက်လတ်ပိုင်းလူ၏ အကြည့်များက ရှောင်းရှီးယွီအား လှည့်ပတ်နေခဲ့သည့် ကြောင်ဆီသို့ အကြည့်ရောက်သွားလေသည်။

ထိုကြောင်သည် ရှောင်းရှီးယွီကို တစ်စုံတစ်ခု ပြောလိုနေသည့်ပမာ အဆက်မပြတ် အော်နေပေသည်။

ထို့နောက်တွင် အသက်လတ်ပိုင်းလူက မျက်နှာထက်တွင် အပြုံးတစ်ခုနှင့်အတူ ထွက်ခွာသွားလေသည်။

တစ်အောင့်ခန့်အကြာတွင် ရှောင်းရှီးယွီနှင့် ရုပ်ဆင်တူသော်လဲ အသက်လတ်ပိုင်းလူ၏ အဝတ်အစားများ ဝတ်ဆင်ထားသည့် လူတစ်ဦးသည် ထိုကြောင်လေး၏ရှေ့တွင် ထိုင်လိုက်လေ၏။

“ ကောင်လေး... မင်းက ဘာကိုပြောချင်နေတာလဲ “

အပိုင်း ၄၁

ကြောင်စာ

ကြောင်လေးသည် မျက်စိရှေ့မှောက်ရှိ ရှောင်းရှီးယွီနှင့် အတိအကျတူညီနေသော လူကြီးအား မြင်သောအခါတွင် အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် ခေါင်းမော့ကာ ခပ်ပြင်းပြင်း နှာရှုံ့ကြည့်လိုက်လေသည်။ ကြောင်လေးက အနံ့ခံကြည့်ကာ အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးသည့်နောက် ချက်ချင်းပင် ရှေ့သို့တိုးသွားကာ ထိုသူ၏လက်ဖဝါးကို ဦးခေါင်းဖြင့် ထပ်တလဲလဲ ပွတ်သပ်လေတော့သည်။

“ ငါ...ငါ မင်းကို အဲ့ဒါပေးပါ့မယ် “

“ ငါ မင်းကို အဲ့ဒါပေးပါ့မယ် “

လူကြီးသည် ခေါင်းထဲတွင် ထွက်ပေါ်လာသည့်အသံကို ကြားရသောအခါ၌ ရယ်မောကာ...” ဒါနဲ့ မင်းက ငါ့ကို ဘာပေးမှာလဲ “

“ ငါ မင်းကို အဲ့ဒါပေးပါ့မယ် “

များမကြာမီတွင် လူကြီးသည် သူ၏လက်ဖဝါးနှင့် ကြောင်လေး၏ ဦးခေါင်းတို့မှ ဆက်သွယ်မှုမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ ကြီးမားအားအင်တစ်ခု ဝင်ရောက်လာကြောင်း ခံစားလိုက်ရသည်။ ထိုအားအင်က ညင်သာသော်လဲ ခိုင်မာမြဲမြံလှပြီး သူ၏ဦးနှောက်ဆီသို့ အဆက်မပြတ် တိုးဝင်နေသည့်ပမာ ခံစားနေရပေသည်။ သူသည် အကာအကွယ်မလုပ်ရန် ဆုံးဖြတ်လိုက်ပြီး အဆိုပါ ကြီးမားသောအားအင်ကို သူ၏ဦးနှောက်ဆီသို့ စီးဆင်းခွင့်ပြုလိုက်လေ၏။

“ ဒါက မင်းရဲ့စူပါစွမ်းအားပေါ့လေ “ သူ၏မျက်ဝန်းတွင် အံ့အားသင့်ဟန်များ ယှက်ထွေးနေသည်။

“ မြောင် “

ကြောင်လေးက အော်သံတစ်ချက်ပေးကာ လက်သည်းဆန့်လိုက်ပြီး လူကြီး၏လက်ပေါ်တွင် ကုတ်ရာတစ်ခု ချန်ထားခဲ့လိုက်လေ၏။

သို့သော် ထို့နောက်တွင်မူ ဒဏ်ရာသည် အလိုအလျောက်ပင် ပြန်လည်ပျောက်ကင်းသွားခဲ့လေ၏။

လူကြီးသည် ဒဏ်ရာထံမှ သွေးများကို သုတ်လိုက်ပြီးနောက် အမာရွတ်မရှိကြောင်း မြင်လိုက်ရချိန်တွင် ရယ်မောလိုက်လေပြီး...” ဒီစွမ်းရည်က တကယ်ကို ဩချလောက်စရာပါလားဟေ “

“ ထူးခြားတဲ့လူသားတိုင်းက ထူးခြားတဲ့စွမ်းရည်တစ်ခုကိုပဲ ငှားရမ်းအသုံးပြုနိုင်တယ်လို့ ငါ ကြားဖူးတယ်။ ဒါပေမဲ့ ငါ့လို ထူးခြားလှတဲ့ ဒီစွမ်းရည်တွေကို ငှားရမ်းနိုင်နေတာမျိုးကို ဘယ်လူသားတွေ လုပ်နိုင်လဲ “

“ အင်း... ဒါက ခန္ဓာကိုယ်နှစ်ခု ထိတွေ့မိသွားတာကြောင့်လဲ ဖြစ်နိုင်လောက်တယ် “

လူကြီးသည် သူ၏လက်အား ကြောင်လေးက ရင်းနှီးဟန်အချို့နှင့်အတူ ခေါင်းဖြင့်ပွတ်သပ်နေသည်ကို ကြည့်နေရင်းဖြင့် မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ...” ဒီစွမ်းရည်က မဆိုးလှပါဘူး... ဒါပေမဲ့...”

ထို့နောက်တွင်မူ သူ၏စိတ်ထဲ၌ ရှောင်းရှီးယွီ၏ပုံရိပ် ပေါ်ထွက်လာခဲ့သည်။

………………………..

ရက်အနည်းငယ်အတွင်း၌ ကျောက်ယောင်သည် လီဟွားနှင့် အဲလီဇဘက်တို့ ကြီးထွားလာသည်ကို စောင့်ကြည့်နေရင်းဖြင့် နံနက်ခင်းတွင် ကြောင်စာလုပ်ခြင်း ၊ စူပါစွမ်းအားများ လေ့ကျင့်ခြင်း ၊ နေ့စဥ်တာဝန်များ ဆောင်ရွက်ခြင်း ၊ ကျန်းမန်မြို့ထဲတွင် သဘာဝလွန် အဖြစ်အပျက်များ ရှိမရှိကို စစ်ဆေးခြင်းများကို နေ့စဥ်လုပ်ဆောင်ခဲ့သည်။

ကျောက်ယောင်သည် မီးဖိုချောင်ထဲသို့ မြန်နှုန်းမြင့်ကင်မရာတစ်ခု ယူလာခဲ့သည်ဖြစ်ပြီး လက်ထဲတွင် မီးဖိုချောင်သုံးဓား ကိုင်ထားကာ စဥ်းတီတုံးပေါ်ရှိ မုန်လာဥဖြူကို ချိန်လိုက်လေသည်။

ထို့နောက်တွင် အရာအားလုံးရပ်တန့်သွားဟန်ရှိကာ ကျောက်ယောင်က မုန်လာဥဖြူကို လှီးဖြတ်ရန်အတွက် လက်ဖျံကို အသုံးပြုလိုက်သည်။ သူ မူလအနေအထားသို့ ပြန်ရောက်သွားချိန်တွင် အချိန်များ ပြန်စီးဆင်းသွားခဲ့သည်။

အခြားသူများ၏အမြင်တွင်မူ သူ၏ခန္ဓာကိုယ် လှုပ်သည်ဆိုရုံသာရှိပြီး မုန်လာဥဖြူကို တစ်ချက်တည်းဖြင့် လှီးဖြတ်သွားခြင်းသာ ဖြစ်ပေသည်။ မုန်လာဥဖြူကို လှီးဖြတ်​ခဲ့သည့် ဖြစ်စဥ်တစ်ခုလုံး အချိန်ရပ်ခြင်းဖြင့် ပြီးပြည့်စုံစွာ ဖုံးကွယ်ထားခဲ့ပေသည်။

မြန်နှုန်းမြင့်ကင်မရာကို ကျောက်ယောင်ကို ရိုက်ကူးနေသည်ဖြစ်ပြီး မုန်လာဥဖြူကို ဓားဖြင့် ဖင်ပြန်ခေါင်းပြန် လှီးဖြတ်နေသည်မှာ အရာအားလုံး တုန်ခါနေသည့်အသွင်သာ ရှိနေပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မုန်လာဥဖြူသည် ​ပိုးသားပမာပင် အလွှာများစွာ လှီးဖြတ်ခံခဲ့ရသည်။

မုန်လာဥဖြူကို အပိုင်းပိုင်းဖြတ်ပြီးသည့်နောက်တွင် ကျောက်ယောင် သက်ပြင်းရှည်ကြီးချကာ နားထင်အား ပွတ်သပ်လိုက်သည်။

“ ထပ်ပြီး တိုးတက်လာတဲ့ပုံပဲ... ငါ ဆန္ဒရှိလာပြီဆိုရင် အချိန်ရပ်သွားချိန်မှာ လှုပ်ရှားမှုအမြန်နှုန်းတွေနဲ့ တွေးခေါ်စဥ်းစားပုံတွေက အဆပေါင်းများစွာ ကြီးမားလာခဲ့တယ်။ ဒါကြောင့် အခုလက်ရှိမှာ ငါက အချိန်နဲ့ဆက်စပ်မှုကို ပိုကောင်းအောင် ဖမ်းဆုပ်မိနေခဲ့ပြီလို့ ပြောလို့ရတယ် “

လက်ရှိတွင် ကျောက်ယောင်က ကြောင်စာလုပ်နေခြင်းဖြစ်ပြီး နေ့စဥ်တာဝန်များ ဆောင်ရွက်ကာ သူ၏စူပါစွမ်းအားများကို မြင့်တင်နေခြင်း ဖြစ်ပေသည်။

မုန်လာဥဖြူကို လှီးဖြတ်ပြီးသည့်နောက် ဘေးတွင်ချထားသည့် မြန်နှုန်းမြင့်ကင်မရာကို လှမ်းယူကာ ရိုက်ကူးထားသော ဗီဒီယိုကို ပြန်ကြည့်လိုက်လေ၏။

သူသည် မုန်လာဥဖြူကို လှီးဖြတ်နေသည့် တစ်ချက်ချင်းစီ၏ ကြာချိန်ကိုသာ အလေးထားသည်ဖြစ်ပြီး ၎င်းက သူ အချိန်ကို မည်မျှထိန်းချုပ်နိုင်ကြောင်း ကိုယ်စားပြုပေသည်။

“ 0.3 စက္ကန့်... 0.5 စက္ကန့်... 0.6 စက္ကန့် “

ကျောက်ယောင် မေးစေ့အားပွတ်ကာ...” တစ်စက္ကန့် အချိန်သတ်မှတ်ချက်ရဲ့ အောက်မှာဆိုရင် ငါ အချိန်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တာကို သေချာပေါက် ပြနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီဟာက အရမ်းအသုံးဝင်လာခဲ့မယ်ဆိုရင်တော့ အဆင်ပြေလောက်မှာပါ “

ကျောက်ယောင်၏ပန်းတိုင်က ၀.၅ စက္ကန့်အောက်မှ အချိန်အတိုင်းအတာအတွင်းကို ထိန်းချုပ်လိုခြင်း ဖြစ်ပေသည်။ ၎င်းက သူ အချိန်ရပ်ခြင်းကို ထပ်မံအသုံးပြုရန်အတွက် အားပြန်ဖြည့်ချိန် (cool down) ကို ကိုယ်စားပြုပေသည်။

သို့သော် အချိန်ရပ်နေစဥ်အတွင်း သူ၏အမြန်နှုန်းနှင့်ဆိုပါက လက်ထဲတွင် ဓားတစ်ချောင်း ကိုင်ထားလျှင် ၀.၅ စက္ကန့်သည် သေစေနိုင်သောအခါ ဖြစ်လာနိုင်ပေ၏။ ထို့ကြောင့် သူ၏ အချိန်အကန့်အသတ်ကို လျော့ချလိုသည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အားပြန်ပြည့်ချိန် အကန့်အသတ်ကိုလဲ လျော့ချလိုပေသည်။

အားပြန်ဖြည့်ချိန် ၀.၅ စက္ကန့်သည် အချိန်ရပ်ထားစဥ်အတွင်း၌ သူ၏လုံခြုံရေးကို ကြီးစွာမြင့်မားလာစေမည်ဖြစ်ပြီး ဟာကွက်များကိုလဲ လျော့နည်းသွားစေပေမည်။

“ ငါ့ရဲ့ အချိန်ရပ်စွမ်းရည်ကို အသုံးပြုနိုင်တဲ့ပုံစံနှုန်းထားနဲ့အတူ ဒီစွမ်းရည်ကို အသုံးပြု​နေချိန်မှာ အားပြန်ဖြည့်ချိန်ကို လျော့ချနိုင်ခဲ့မယ်ဆိုရင် ဒါက အရမ်းကို အသုံးဝင်လာလိမ့်မယ်။ အနီးကပ်တိုက်ခိုက်ရင် ငါက အသေသတ်အကွက် ထုတ်သုံးနိုင်လာလိမ့်မယ် “

“ ဒါဟာ ငါက အချိန်ထိန်းချုပ်တာကို ကောင်းကောင်းဖမ်းဆုပ်မိနေပြီလို့ ဆိုလိုနေတာပဲ “

ကျောက်ယောင် ဘေးဘက်သွားလိုက်ပြီး လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်လက် ကိုင်ထားကာ အမဲသားတစ်တုံးကို ချိန်ရွယ်လိုက်သည်။

တောက် တောက် တောက်...။

ဓားသွားသည် အဆက်မပြတ် ပိုင်းဖြတ်နေလျက်ရှိပြီး ကြီးမားသော အမဲသားတုံးမှာလဲ ကြိမ်ဖန်များစွာ ပိုင်းဖြတ်ခံနေရကာ ပါးလျသော အမဲသားလွှာများ ဖြစ်လာပေသည်။

“ အင်း... ဒီတစ်ခေါက်တော့ အာဟာရအမှုန့်ကို လျော့သုံးပြီးတော့ အစားအစာမှာပါတဲ့ အာဟာရကိုပဲ မှီခိုကြည့်ရမယ် “

သူ မီးဖိုချောင်ထဲရှိ ထပ်ခိုးကြောင်အိမ်အား လှမ်းကြည့်လိုက်သည်။ ထပ်ခိုးကြောင်အိမ်ထဲတွင် ကြက်သား ၊ ကြက်အသည်းအမြစ် ၊ အမဲသား ၊ ဆဲလ်မွန်ငါး စသည်အားဖြင့် ပါဝင်ပစ္စည်းမျိုးစုံ ရှိပေသည်။

“ အိမ်းးး...တိရိစ္ဆာန်အသားတွေက အသားဓာတ်နဲ့ ဝဖြိုးတာကို ဖြစ်စေတယ်။ အမဲသား ၊ အမဲအသည်း ၊ ကြက်မြစ်ကြက်သည်း ၊ ဆဲလ်မွန်ငါး ၊ ကင်းမွန်တို့မှာက တော်ရင်းတွေပါတယ် “

ဤကာလများအတွင်း၌ ကျောက်ယောင်သည် အင်တာနက် သတင်းအရင်းအ​မြစ်ပေါင်းစုံကို အသုံးပြုကာ အာဟာရပုံစံမျိုးစုံကို လေ့လာခဲ့သည်။ တော်ရင်းသည် ကြောင်များအတွက် အရေးအကြီးဆုံး အာဟာရပုံစံတစ်ခုဖြစ်ပြီး ကြောင်ပိုင်ရှင်များ မေ့လျော့ရန် အလွယ်ကူဆုံး အရာတစ်ခုလဲ ဖြစ်ပေသည်။ ကြောင်တစ်ကောင်သည် အူလမ်းကြောင်း၊ ခုခံအား ၊ အမြင်အာရုံနှင့် အခြားအရာများကို ထိန်းသိမ်းရန်အတွက် နေ့စဥ်လိုပင် တော်ရင်းများ လုံလောက်စွာမှီဝဲရန် လိုအပ်ပေသည်။

ဤကြောင်စာအတွက်မူ ကျောက်ယောင်က တော်ရင်း ပါဝင်နေသည့် ပါဝင်ပစ္စည်းမျိုးစုံအား ပြင်ဆင်ထားပေသည်။ အစာ​​ချေစနစ်ကို တိုးမြင့်ရန်အတွက် ရွှေဖရုံသီးများ သင့်လျော်သောပမာဏနှင့် ဗီတာမင်များစွာ ပါဝင်ပေသည်။ သို့သော် ရွှေဖရုံသီးကို များစွာစားသုံးပါက ကာဗွန်ဟိုက်ဒရိတ်ပမာဏ အဝင်များခြင်းကြောင့် ဝမ်းပျက်ဝမ်းလျော ဖြစ်ပေါ်စေနိုင်ပေသည်။ သူသည် ထပ်ခိုးကြောင်အိမ်ထဲမှ ပါဝင်ပစ္စည်းများ ထုတ်ယူကာ ဖျော်စက်ထဲသို့ တစ်ခုပြီးတစ်ခု ထည့်လိုက်လေသည်။

“ တရုတ်နံနံနဲ့ ရွှေဖရုံသီးတို့လို့ အသီးအနှံတွေက မဂ္ဂနီဆီယမ် ၊ ကယ်စီယမ် ၊ ဖောစဖော့ရပ်တွေကို ထောက်ပံ့ပေးနိုင်တယ် “

ကျောက်ယောင်သည် အဆိုပါ ပါဝင်ပစ္စည်းများထဲတွင် ပါဝင်နေသည့် အာဟာရဓာတ်များကို မှတ်သားထားသည်ဖြစ်ပြီး ပါဝင်ပစ္စည်းများကို ဖျော်စက်ထဲသို့ တစ်ခုပြီးတစ်ခု ထည့်သွင်းကာ အတူရောမွှေလိုက်လေ၏။

ဖျော်ပြီးသည့်နောက်တွင် ကျောက်ယောင်သည် အသားအရောအနှောကို ခွက်တစ်လုံးထဲသို့ သွန်ထည့်ကာ ပေါင်းခံလိုက်သည်။ အဆိုပါ အသားအရောအနှေတွင် ဆီနှင့်ဆားတို့ မပါဝင်ပေသောကြောင့် ကြောင်တစ်ကောင်အတွက် ပိုမိုကာ ကျန်းမာရေးညီညွတ်စေပေလောက်သည်။

မီးဖိုချောင်၏ အပြင်ဘက်တွင်မူ လီဟွား ၊ အဲလီဇဘက် ၊ သရက်သီးလေးတို့မှာ စိတ်မရှည်နိုင်ဖြစ်လာကာ အော်ဟစ်နေကြသည်။

ဝတုတ်ကမူ မီးဖိုချောင်ထဲရှိ မြက်ခင်းကြမ်းပြင်တွဲ လဲလျောင်းနေလျက်ရှိပြီး သွားရည်များက ရေတံခွန်သဖွယ် စီးကျနေပေသည်။

ကျောက်ယောင် ကြောင်စာ ပြုလုပ်ပြီးနောက်တွင် မှတ်ချက်စကားကို ကြည့်လိုက်ပြီးနောက် အသာခေါင်းယမ်းကာ...” ထိပ်တန်းအဆင့် ကြောင်စာလို့ သတ်မှတ်လို့ရပေမဲ့ ချက်ဖို့အတွက် အရမ်းခက်လွန်းနေတယ် မဟုတ်ဘူးလား။ အာဟာရ အချိုးစားမညီတာလား။ ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေမှာ ပြဿနာရှိနေတာလား “

ကျောက်ယောင် ကြောင်စာကို မြည်းစမ်းကြည့်ခဲ့လေပြီး ကြောင်စာကောင်းတစ်ခု ဖန်တီးရသည်မှာ သူ ထင်ထားသည်ထက် များစွာပိုမိုကာ ခက်ခဲကြောင်းကို သိရှိသွားခဲ့ရသည်။

ကြောင်စာ၏ ပါဝင်ပစ္စည်းများက ကြောင်များ၏ အလေးချိန် ၊ အခြေအနေတို့နှင့် ကိုက်ညီနေရပေမည်။

ကျောက်ယောင် ခေါင်းကိုပြန်ရိုက်ကာ...” အနည်းဆုံးတော့ ငါက အာဟာရဓာတ်တွေအကြောင်း လေ့လာသင်ယူနိုင်ခဲ့ပါတယ်လေ။ အရည်အသွေးမြင့် ကြောင်စာတစ်ခု ဖန်တီးဖို့အတွက် ငါ အများကြီးပိုပြီး အားထုတ်ရလိမ့်မယ် “

သူ ကြောင်စာကို အပြင်ဘက်သို့ ပို့ပေးလိုက်လေရာ ကြောင်များက ခေါင်းများငုံ့၍ ပလုတ်ပလောင်း စားကြလေတော့သည်။

ဝတုတ်ကမူ သူ၏ သေးငယ်သော အစာခွက်ကို ကြည့်လိုက်ပြီးနောက် အဲလီဇဘက်နှင့် အခြားကြောင်များ၏ အစာခွက်များက ပိုမိုကြီးမားကြောင်း သတိပြုမိသွားကာ စောဒကတက်လိုက်သည်...” ဘာကြောင့် ငါ့ကို အစာနည်းနည်းလေးပဲ ပေးတာလဲ “

“ မင်းရဲ့ဗိုက်ကို ပြန်ကြည့်ဦး။ မင်း အစားလျော့ဖို့ မခံစားမိဘူးလား “

ကျောက်ယောင် မျက်နှာရှုံ့ကာ...” ငါသာ မင်းဆိုရင် စားဖို့ကို လုံးဝတွေးမှာမဟုတ်ဘူး “

ဝတုတ်သည် ကျောက်ယောင်ကို ဒေါသတကြီး တစ်ချက်ကြည့်ပြီးနောက် အစာများကို စိတ်ဆိုးစွာဖြင့် စားလိုက်လေတော့သည်။ သို့သော် သူ ကြောင်စာကို ဝါးလိုက်ချိန်တွင် ဖယောင်းများကို ဝါးနေရသည့်ပမာ ခံစားလိုက်ရသည်။

“ ကြောင်စာရဲ့အနံ့က အရမ်းကောင်းပေမဲ့ အရသာကတော့ သောက်ကျိုးနည်းကို ဆိုးလွန်းတယ် “ ဝတုတ်က အဲလီဇဘက်နှင့် အခြားကြောင်များ အာသာငမ်းငမ်း စားသောက်နေကြသည်ကို လှမ်းကြည့်လိုက်လေသည်။ သူ၏မျက်ဝန်းတွင် ဝမ်းနည်းဟန်အချို့ ပေါ်ထွက်လာကာ...” မင်းတို့တွေက ဒီလိုအမှိုက်သရိုက်မျိုးကိုတောင် ပျော်ပျော်ကြီး စားနိုင်ကြသေးတာလား။ ဟူး...အခုချိန်မှာ ငါ KFC လေး လိုချင်လိုက်တာကွာ။ ငါ KFC ရဲ့ မူလကြက်သားအရသားလေးကို မထိတွေ့ရတာ အတော်ကြာခဲ့ပြီ “

အခြားတစ်ဖက်တွင် ကျောက်ယောင်က လေလွင့်ကြောင်များ၏ အခန်းထဲတွင် အစာအပိုများ လိုက်ဖြည့်ပေးနေသည်။ ထိုစဥ်တွင် သူ၏ဖုန်း တုန်ခါလာခဲ့သည်။ သူ မက်ဆေ့ကို ကြည့်လိုက်ပြီးနောက် မျက်ဝန်းထဲတွင် တုန်လှုပ်ဟန်အချို့ ပေါ်ထွက်လာသည်။

“ အစ်ကိုဖေးဆီက ငါရလာတဲ့ သတင်းအရဆိုရင် ကြောင်လူသတ်သမားနဲ့ ဆက်စပ်နေတာပါ့လား.....”

အပိုင်း ၄၂

လူသတ်သမား

နောက်တစ်ရက် တူညီသောဟိုတယ်တွင် အစ်ကိုဖေးက ကျောက်ယောင်အား စာဖိုင်တစ်ထပ်ပေးကာ ဆိုသည်...” ဒီစာဖိုင်တွေထဲမှာပါတဲဘ အချက်အလက်တွေက ဖြစ်နိုင်ခြေမရှိဘူး။ မင်း အဲ့ဒါတွေကို ဖတ်ပြီးရင် ဖျက်ဆိးပစ်လိုက်ဖို့ ငါ အကြံပြုတယ် “

“ ရာထူးမြင့်ပိုင်းတွေက စောင့်ကြည့်နေကြတယ်။ တကယ်တော့ ဒီအမှုရဲ့ဖြစ်ပွားပုံ နက်နဲမှုက ငါတို့ ထင်ထားတာထက် ပိုနေတယ်။ မင်းအနေနဲ့ ဒီအမှုထဲမှာ ဝင်မပါသင့်ဘူး “ အစ်ကိုဖေးက လေးနက်သောအမူအရာဖြင့် ဆိုလိုက်လေသည်။

ကျောက်ယောင် အမှုအခြေအနေကို နားလည်သွားပြီးနောက် စာဖိုင်များကို အသာခေါက်လိုက်သည်။ ထင်ထားသကဲ့သို့ပင် စာဖိုင်သည် အစ်ကိုဖေး စုစည်းထားခဲ့ခြင့် သတင်းအချက်အလက်များသာ ဖြစ်ပေသည်။ တရားဝင်သေဆုံးမှု နှစ်မှု အပါအဝင် လူသတ်မှု ၁၂ ခုကို ကျူးလွန်ထားခဲ့သည်ဖြစ်ပြီး အမှုများကို ဖုံးဖိထားခဲ့သည့်တိုင်အောင် ဖုံးဖိ၍မရခဲ့တော့ပေ။ တုန်လှုပ်ဖွယ်ကောင်းသည်မှာ အဆိုပါ လူသတ်မှု ၁၂ ခုကို ကွင်းဆက်လူသတ်သမား တစ်ဦးတည်းက ကျူးလွန်ထားခဲ့ခြင်း မဟုတ်ပေသောကြောင့် ၎င်းအမှုများကို ဒုစရိုက်အဖွဲ့တစ်ခုက ကျူးလွန်နေခြင်းဖြစ်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်ပေသည်။ အခင်းဖြစ်ပွားရာ နေရာများတွင် တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးခြင်း မရှိသလို သေဆုံးသူများတွင် ခြေလက်များ ဖြတ်တောက်ခံထားရခြင်းနှင့် နှိပ်စက်ခံထားရခြင်းများ ရှိနေပေသောကြောင့် လူသတ်သမားသည် လက်စားခြေလိုခြင်းသာဖြစ်ကြောင်း ထင်ရှားပေသည်။

ကျောက်ယောင် စာဖိုင်များကို ဖတ်ပြီးသည့်နောက်တွင် စုန့်ဖေးသည် စာဖိုင်များကိုယူကာ ပြာဖြစ်သည်အထိ မီးရှို့ပစ်လိုက်လေ၏။ သူက ပြာများကိုကြည့်ကာ ဆိုလေသည်...” လက်ရှိအခြေအနေရဲ့ လေးနက်ပုံကို မင်း သဘောပေါက်ရဲ့လား “

ကျောက်ယောင် စကားမဆိုဘဲ တွေးလိုက်သည်...” အဲ့ဒီစူပါကြောင်က ဘာကိုလုပ်နိုင်တာလဲ။ လူသားတွေကို ထိန်းချုပ်တာလား။ ပုံရိပ်ယောင် ထုတ်လွှတ်တာလား။ အသွင်ပြောင်းလဲတာလား။ ဒီစူပါကြောင်က အန္တရာယ်များလွန်းတယ်။ ဒီကောင့်ကို အမြန်ဆုံး တားဆီးမှဖြစ်မယ် “

ရဲများထံမှ အကူအညီများ မရနိုင်ပေတော့သောကြောင့် ကျောင်ယောင်သည် စူပါကြောင်များ၏ အမှုအပေါ် အာရုံကူးပြောင်းလိုက်လေတော့၏။

စုန့်ဖေး ထွက်သွားပြီးနောက် ကျောက်ယောင်သည် WeChat ဖွင့်ကြည့်လိုက်ရာ စူပါကြောင် gp chat ထဲတွင် ရီရီ ဆိုသည့် အဖွဲ့ဝင်အသစ်တစ်ဦး ရောက်ရှိနေကြောင်း တွေ့လိုက်သည်။

“ ဒီကာလအတွင်းမှာ စူပါကြောင်တစ်ကောင်က ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ သတင်းအသစ်ကို တစ်ယောက်ယောက်များ သိကြလား “ ကျောက်ယောင်က chat ထဲတွင် မေးလိုက်သည်။

“ နောက်ဆုံးတော့ စာကို ဘယ်လိုရိုက်ရမလဲဆိုတာ သင်လာခဲ့ပြီပေါ့လေ “ ကျားသစ်ခေါင်းက ကျောက်ယောင်ကို သရော်လိုက်လေ၏...” မြောင် မြောင် မြောင်... လူသတ်သမား ကြောင်တစ်ကောင် သောင်းကျန်းနေတာလား။ အဲ့ဒါက တကယ်ပဲလား “

No.1 ငါးခြောက်ပြားက တုန့်ပြန်လာသည်...” အဲ့ဒါ မက်ဂီကြောင်တစ်ကောင်ပဲ (သားစပ်ထားခြင်းမရှိသောကြောင်) ဖြစ်လိမ့်မယ်။ အဲ့ဒီလူသတ်သမားတွေက စိတ်ဝေဒနာအပြင်းထန်ဆုံးနဲ့ ဒေါသထွက် အလွယ်ဆုံးတွေပဲ “

“ သားစပ်တာကို ဟာသမလုပ်စမ်းနဲ့ “ မြောင်ဂစ်ဆွန်က ဆိုသည်... “ ငါ ကြားဖူးတယ်လို့ ထင်တယ်။ မင်းက ဘာကြောင့် သိချင်ရတာလဲ “

ကျောက်ယောင် စာပြန်မည့်ဟန် ပြင်လိုက်သော်လဲ ဂရုထဲရှိ အခြားကြောင်များ စာပြန်လာမည်ကို စောင့်ဆိုင်းကာ ထိန်းထားလိုက်သည်။ သူက သတိချပ်ကာ စာပြန်လေသည်...” သူငယ်ချင်းတစ်ကောင်ဆီက ကြားလာခဲ့လို့ သိချင်ရုံလောက်ပါပဲ “

“ အဲ့ဒီကိစ္စကို အရေးစိုက်မနေနဲ့ “ မြောင်ဂစ်ဆွန်က တုန့်ပြန်လာသည်... “ အဲ့ဒီကြောင်တွေက သူတို့ အနိုင်ကျင့်ခံလာရတာတွေအတွက် လက်စားချေနေတာလို့ ငါကြားထားတယ် “

“ လူသားတွေက သန်မာကြပေမဲ့ လူအားလုံးက ဆိုးနေတာမဟုတ်ပါဘူး။ လူသတ်သမားကြောင်တွေရဲ့ လက်စားချေတဲ့ ကိစ္စတွေကို ငါတော့ အားမပေးဘူး”

မြောင်ဂစ်ဆွန်က ဆက်ပြောသည်...” ဒီထဲမှာရှိနေတဲ့သူတွေက အဲ့ဒီကြောင်တွေနဲ့ ဆုံလာခဲ့မယ်ဆိုရင် ဘက်မလိုက်ဘဲနေကြ။ အဲ့ဒီကြောင်တွေနဲ့ မရောကြနဲ့။ လူသားတွေနဲ့ စစ်ပွဲဖြစ်လာရင် ငါတို့တွေတင်မကဘူး အပြစ်ကင်းတဲ့ အခြားကြောင်တွေပါ ထိခိုက်ခံစားကြရလိမ့်မယ် “

ဝကစ်ကစ် လုပ်ကြံသူလုပန်းက ကြားဖြတ်ကာပြောလာသည်...” ငါကတော့ လူသားတွေကို မကြောက်ဘူး။ ငါဆို ပြည်သူ့ရင်ပြင်ထဲမှာ လူပေါင်းနှစ်ထောင်ကျော်လောက် သတ်ပြီးပြီ။ တန့်ခ်(tank) တွေတောင် ငါ့ကို တားမရဘူး။ ငါ ဗိုက်အောင့်နေလို့သာ မဟုတ်ခဲ့ရင် မြို့တော်ခန်းမထဲကိုတောင် ကျူးကျော်ပြီးလောက်ပြီ “

“ လေလုံးထွားနေတာ ရပ်စမ်း “ ကျားသစ်ခေါင်းက တုန့်ပြန်လာသည်... “ မင်း မနေ့တုန်းက ခွေးအိမ်ပေါ်မှာ တက်ထိုင်နေခဲ့တာ မဟုတ်ဘူးလား “

“ ငါက အဲ့ဒီလောက် ချစ်ဖို့ကောင်းပြီး ကစားတတ်တဲ့ ခွေးလေးတွေကို ဘယ်လိုလုပ်ပြီး သတ်ပစ်ရပ်မှာလဲဟ “ ဝကစ်ကစ် လုပ်ကြံသူလုပန်းက ခုခံပြောဆိုလိုက်သည်။

၎င်းတို့က စကားလမ်းကြောင်း ပြောင်းနေကြောင်းကို ကျောက်ယောင် သဘောပါက်သွားကာ ဖုန်းကိုပိတ်လိုက်လေပြီး စူပါကြောင်များ၏ အတွေးများနှင့် သတ်ဖြတ်နိုင်မည် အချိုးအဆများကို ခန့်မှန်းတွက်ချက်ကြည့်နေသည်။

သူ ရေရွတ်လိုက်သည်...” လက်ရှိမှာ ငါလုပ်နိုင်တာက အင်တာနက်ပေါ်မှာ စူပါကြောင်တွေနဲ့ ပတ်သတ်တာတွေ ရှိမလားဆိုတာ ဆက်တိုက်ရှာဖွေဖို့နဲ့ အဲ့ဒီနေရာဗွဆီ နေ့စဥ်ကင်းလှည့်ရင်း သဲလွန်စတွေစုဆောင်းဖို့ပဲ ရှိတော့တယ်လို့ ထင်တယ်။ ဒီလမ်းကြောင်းက ငါ့ကို စူ​ပါကြောင်တွေဆီ ပို့ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ “

ရုတ်တရက်ပင် ကျောက်ယောင်၏ဖုန်း မြည်လာခဲ့သည်။ ၎င်းက ရှောင်းရှီးယွီ ဖြစ်ပေ၏။

“ ဟယ်လို ဘာကိစ္စရှိလို့လဲ “ ကျောက်ယောင်က ဆိုသည်။

“ ကျောက်ယောင်... ပိုင်ချွမ်း ဘာဖြစ်နေတာလဲဆိုတာကို နင်သိလား “

“ ပိုင်ချွမ်းလား “ ကျောက်ယောင် စိုးရိမ်ဟန်ဖြစ်သွားကာ...” ဒီကောင်က မင်းကို တစ်ခုခုထပ်လုပ်ပြန်ပြီလား “

“ မလုပ်ပါဘူး “

ရှောင်းရှီးယွီ၏အသံ ပေါ်လာသည်... “ ဒီမနက်မှာ သူ ငါ့ဆီလာပြီး တောင်းပန်တယ်။ သူ ငါ့ကို ထပ်ပြီးမနှောင့်ယှက်တော့ဘူးလို့ ပြောပြီးတဲ့နောက်မှာ အလုပ်ထွက်သွားခဲ့တယ် “

“ အိုး...” ကျောက်ယောင် ပြုံးကာ...” အဲ့ဒါက ကောင်းတာပဲမဟုတ်လား “

“ ဒါပေမဲ့ ရုတ်တရက်ဆန်လွန်းနေတယ်လေ။ ဒါက သူ့ပုံစံ မဟုတ်ဘူး။ နင် လုပ်လိုက်တာများလား “

“ ငါ သူ့ကို စကားပြောခဲ့ပါတယ်။ သူက လူကောင်းတစ်ယောက်ပါ “ ကျောက်ယောင် ရယ်လိုက်သည်။

“ ဟယ်...ကျွန်မရဲ့ ကယ်တင်ရှင်လေး... ငါ နင့်ကို လိုက်ကျွေးရဦးမယ် “

“ သိပ်ကိုရတာပေါ့... ဘယ်အချိန်လဲ “

“ ဒီညဆိုရင်ရော ဘယ်လိုလဲ “ ရှောင်းရှီးယွီက ဆိုသည်...” ငါ့လို သာမန်မိန်းကလေးတစ်ဦးက နင့်ကို ဈေးကြီးတဲ့ အစားအစာတွေ ကျွေးနိုင်မှာမဟုတ်ဘူးနော်။ နင် စိတ်မရှိဖို့ ​ငါမျှော်လင့်ပါတယ် “

ကျောက်ယောင် ပြုံးကာ...” မင်း ဘယ်အချိန်မှာ အလုပ်ဆင်းမှာလဲ။ ငါ မင်းကို လာကြိုပေးမယ် “

အိမ်သို့ ပြန်ရောက်သွားချိန်တွင် လီဟွားက ဖုန်းနှင့်ကစားနေလျက်ရှိပြီး ဝတုတ်ကမူ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကာ ဘော်ဒွန်နှင့်သရက်သီး​​လေးတို့ ဧည့်ခန်းထဲတွင် ပြေးလွှားနေကြသည်ကို ကြည့်နေပေသည်။ ကျောက်ယောင် ပြတင်းပေါက်ဘောင်ဆီသို့ ကြည့်လိုက်လေရာ အဲလီဇဘက် ဖုန်းဆော့နေသည်ကို မြင်လိုက်ရသည်။ ယနေ့နံနက်ခင်းတွင် အဲလီဇဘက်က ဖုန်းအသစ် ရသွားခဲ့ကြောင်း ကျောက်ယောင် သိရှိသွားကာ အဲလီဇဘက်ကို ပြောလိုက်သည်...” WeChat အဖွဲ့ထဲက ရီရီက မင်းလား “

“ ဟုတ်တယ် ငါပဲ “ အဲလီဇဘက်က စိတ်လှုပ်ရှားစွာဆိုကာ ပြတင်းပေါက်ဘောင်ပေါ်မှ ခုန်ဆင်းလိုက်ရာ အမွေးဖွားဖွားများ ယိမ်းနွဲ့သွားပေသည်။

“ လူသတ်သမား စူပါကြောင်တွေနဲ့ ပတ်သတ်တာကို သိရပြီလား “

“ လက်ရှိမှာတော့ လူသတ်သမား စူပါကြောင်တွေရဲ့ တည်နေရာကို မသိရသေးဘူး။ ဒါပေမဲ့ ငါက အင်တာနက်တွေနဲ့ စူပါကြောင် WeChat ဂရုထဲကနေ သတင်းအချက်အလက်တွေ စုဆောင်းဖို့ ပြင်ဆင်ထားတယ်။ ပြီးတော့ ငါက သံသယဖြစ်ဖို့ကောင်းတဲ့ နေရာတွေကိုလဲ နေ့စဥ်ကင်းလှည့်မယ် “

အဲလီဇဘက်က ကျောက်ယောင်ကို သူမ၏ နီလာရောင်မျက်လုံးများနှင့် ကြည့်ကာ သိလိုစိတ်ကြီးစွာဖြင့် မေးလိုက်သည်...” ငါရော လိုက်လို့ရလား။ ငါလဲ ဒီရှာဖွေမှုမှာ အကျိုးဆောင်ချင်တယ် “

ကျောက်ယောင် ထုံးစံအတိုင်းပင် လုပ်ဆောင်ခဲ့လေပြီး ကြောင်စာပြင်ဆင်ကာ လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက်တွင်မူ သူသည် အွန်လိုင်းပေါ်တွင် သံသယဖြစ်ဖွယ်ရာ နေရာများကို ရှာဖွေခဲ့လေ၏။

ညဘက်တွင် သူသည် ညစာစားရန်အတွက် ရှောင်းရှီးယွီကို သွားကြိုချိန်တွင် အဲလီဇဘက်ကို ခေါ်ဆောင်သွားမည်ဖြစ်ပြီး ညစာစားပြီးချိန်တွင် သံသယဖြစ်ဖွယ်ရာ နေရာများကို လိုက်လံကြည့်ရှုမည်ဟု စီစဥ်ထားသည်ဖြစ်ပြီး စူပါကြောင်များ၏ သဲလွန်စများကို ရရှိနိုင်မည်ဟု မျှော်လင့်ထားပေသည်။

အိမ်မှထွက်ခွာချိန်တွင် လီဟွားနှင့် သရက်သီးလေးတို့က ၎င်းတို့၏ အစာများနှင့် မွေ့လျော်နေကြသော်လဲ ဝတုတ်ကမူ မွေ့လျော်နိုင်ခြင်းမရှိပေ။ သူ တွေးနေလေသည်...” ဒါက ဘယ်လိုဘဝမျိုးလဲ။ ဘယ်လိုဖြစ်ပြီး ငါက တူညီတဲ့အရာတွေကို နေ့တိုင်း စားနေရတာလဲ။ ဒါက ငရဲကျနေရသလိုပဲ။ ငါ ထပ်ပြီး သည်းမခံနိုင်တော့ဘူး “

မည်သူမျှ ကြည့်မ​နေကြောင်း သေချာစစ်ဆေးပြီးနောက် သူ ဖုန်းထုတ်ကာ Food Delivery ဆော့ဝဲလ်ကို ဖွင့်လိုက်လေသည်။

ထိုစဥ်တွင် လီဟွားသည် ဝတုတ်၏ကျောဘက်သို့ တိတ်တိတ်လေး ရောက်ရှိလာကာ မေးလိုက်လေသည်...” မင်း ဘာလုပ်နေတာလဲ “

ဝတုတ် အလန့်တကြားဖြစ်သွားကာ တောင်းပန်လေသည်...” တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ငါ Deliမှာဖို့ လုပ်နေတာ မဟုတ်ပါဘူး “

“ ဪ...Food Delivery လား “ လီဟွားက ဝတုတ်၏ဖုန်းကို ယူကာ အက်ပလီကေးရှင်းကို ကြည့်လိုက်လေပြီး...” အိုး...မင်းမှာ ပိုက်ဆံတွေ ရှိနေတာပါ့လား “

လီဟွားသည် ဝတုတ် ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါတွင် ဝတုတ်၏ဦးခေါင်းကို ဝင့်ကြွားစွာပုတ်လိုက်ပြီး ရှက်ကိုးရှက်ကန်ဆိုသည်...” ညီနောင်... မင်း Mobile Legends ဆော့ဖူးလား “

All Chapters