← Chapters

မျက်နှာသာပေးမှုတိုးခြင်း၊ အကုန်လုံးကျွမ်းသော စီနီယာ

Vol. 2 Ch. 25

မျက်နှာသာပေးမှုတိုးခြင်း၊ အကုန်လုံးကျွမ်းသော စီနီယာ

Vol. 2 Ch. 25

အခန်း (၂၅) မျက်နှာသာပေးမှုတိုးခြင်း၊ အကုန်လုံးကျွမ်းသော စီနီယာ

နတ်မိမယ်ရှီရွှမ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ ပထမတော့ ဟန်ကျွယ်ဟာ သူ့ဆရာသခင် ရယ်စရာပြောနေတယ်လို့ ထင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ စာကြောင်းတွေဟာ သူ့မျက်စိရှေ့ ပေါ်လာပါတယ်။

[သင့်ဂိုဏ်းချုပ်သည် အန္တရာယ်ကြားထဲသို့ ကျရောက်နေသည်၊ သူ အသက်ရှင်နေသေးလား၊ သေသွားပြီလား ဆိုသည်ကို မည်သူမျှ မသိချေ၊ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ယွီဂျင်ဂိုဏ်းမှ ထွက်ခွာပြီး ကျင့်ကြံခြင်းလောကတွင် လေ့လွင့်ပါ၊ ချီစုဆောင်းခြင်းဆေးလုံး တစ်ပုလင်း ရရှိမည်။]

[၂။ ယွီဂျင်ဂိုဏ်းတွင် ယွီဂျင်ဂိုဏ်း ပျက်ဆီးသည်အထိ သို့မဟုတ် ချင်မင်ဂိုဏ်းက ယွီဂျင်ဂိုဏ်းကို မတိုက်ခိုက်တော့သည်အထိ နေထိုင်ပါ၊ ရတနာပစ္စည်းတစ်မျိုးနှင့် ရှားပါးစာအုပ်တစ်အုပ်ကို ရရှိမည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်၊ သူဟာ ပထမရွေးချယ်မှုကို ပြုလုပ်ပြီး အန္တရာယ်ကို ရှောင်ရှားဖို့ ပထမဆုံး‌ တွေးလိုက်ပါတယ်။ ဒါပေမဲ့ သူက ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံကို ဝတ်ဆင်ထားတာ သတိရသွားပြီး ကြောက်စရာမလိုဘူးလို့ တွေးလိုက်ပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဆရာသခင်ကရော ဘယ်လိုလုပ်မှာလဲ?”

နတ်မိမယ်ရှီရွမ်ဟာ တည်ကြည်တဲ့ မျက်နှာထားနဲ့ အဖြေပေးလိုက်ပါတယ် “သေသေရှင်ရှင် ယွီဂျင်ဂိုဏ်းမှာပဲ ငါနေမယ်”

ချန်ယွီအာသည် တစ်စုံတစ်ရာ ပြောချင်သေးသော်လည်း တုံဆိုင်းနေ၏။

ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “ဒါဆိုရင် ဆရာသခင်နောက်ကို ကျွန်တော် လိုက်ပါ့မယ်” ဟန်ကျွယ်ဟာ တစ်ခြားသူတွေ သူ့အပေါ်ထားတဲ့ မျက်နှာသာပေးမှုတိုးအောင် လုပ်နေတာပါ။

[နတ်မိမယ်ရှီရွှမ်ဟာ သင့်အပေါ် အကောင်းမြင်မှု တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်]

‘ကြယ်သုံးပွင့်! နောက်ထပ်ကြယ်တစ်ပွင့်ဆိုရင် သူက အလားအလာရှိတဲ့ လက်တွဲဖော် ဖြစ်လာနိုင်လား?’ ဟန်ကျွယ်က တွေးတောလိုက်ပါတယ် ‘မဖွယ်မရာတွေ ငါတွေးနေတာပဲ၊ ငါနှလုံးသားက တာအိုနောက်ပဲလိုက်မယ်၊ တစ်ခြားဟာတွေဆီ ယိမ်းယိုင်လို့ မဖြစ်ဘူး’

နတ်မိမယ်ရှီရွှမ်ဟာ မျက်နှာအမူအရာ မပျက်ဘဲ မေးလိုက်ပါတယ် “တကယ်လား? မင်းက သေမှာအရမ်းကြောက်တာ မဟုတ်ဘူးလား?”

“သေခြင်းတရားက ရှောင်လွှဲလို့မရပါဘူး၊ အချိန်ရောက်လာရင် လူတစ်ယောက်က ကိုယ့်အတွက်ပဲလား သူများအကျိုးဆောင်မလားဆိုတာ ရွေးချယ်ရမှာပါ၊ ကျွန်တော်က ထာဝရအသက်ကို လိုချင်တယ်ဆိုပေမဲ့ ဆရာသခင်ကိုတော့ ပစ်မသွားပါဘူး”

“ငါက မင်းကို ဘာမှ သင်မပေးထားဘူး”

“ဟုတ်ပါတယ်၊ ဒါပေမဲ့ ဆရာသခင်ရဲ့ ကြင်နာမှုနဲ့ ဂရုစိုက်မှုက အလွန်ပဲ တန်ဖိုးကြီးမှားလှပါတယ်၊ ဒီအပြင်က ဆရာသခင်က ကျွန်တော်အတွက် အခွင့်အရေးတွေ ပေးသလို ပြဿနာအချို့ကိုလည်း ဖြေရှင်းပေးပါတယ်၊ ဒါတွေအားလုံးကို ကျွန်တော့်စိတ်ထဲမှာ စွဲနေအောင် မှတ်ထားပါတယ်။”

ဟန်ကျွယ်ရဲ့ ဒီစကားဟာ နှလုံးသားထဲကနေ လာတဲ့ စကားဖြစ်ပါတယ်။ ဒီဘဝမှာ ပြန်လည်မွေးဖွားပြီး ရှင်သန်လာတဲ့ အနှစ်ခြောက်ဆယ်ကျော်မှာ နတ်မိမယ်ရှီရွှမ်က သူ့ကို အကောင်းဆုံး ဆက်ဆံသူပါ၊ ရှင်းဟုန်ရွှမ်က သူ့ကို အကြိုက်ဆုံးဆိုပေမဲ့ တစ်ချိန်တုန်းက သူ့ကို ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

ဟန်ကျွယ် နတ်မိမယ်ရှီရွှမ်ဆီ ရောက်ကတည်းက နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို ခက်ခဲအောင် မလုပ်ဖူးပါဘူး၊ သူ့စကား နားမ‌ထောင်ရင်တောင် ဟန်ကျွယ်ကို အပြစ်မတင်ပါဘူး။

ဟန်ကျွယ်ဟာ ဒီလောက်ကောင်းတဲ့ ဆရာသခင်တစ်ယောက်ကို မသေစေချင်ပါဘူး။ ဒါပေမဲ့ အလွန်တရာ အင်အားကြီးမားတဲ့ရန်သူ ရောက်လာရင်တော့ ဟန်ကျွယ်ဟာ သူ့အသက်ကို အရင်ဆုံးကယ်မှာပါ ‘ဒီဘဝမှာ ငါ့အဓိက ရည်မှန်းချက်က ဘယ်တော့မှ မပြောင်းလဲဘူး!’

အသက်ရှည်ခြင်း!

အသက်ရှည်ခြင်း!

အသက်ရှည်ခြင်း!

နတ်မိမယ်ရှီရွှမ်ဟာ ရင်ထဲကလာတဲ့ ဟန်ကျွယ်ရဲ့စကားကို ကြားလိုက်ရတဲ့အခါမှာ သက်သာရာရသွားပြီး ပြုံးလိုက်ပါတယ်။

“ကျောက်အေးတောင်ထိပ်ရဲ့ တပည့်ကောင်း ပီသပါပေတယ်၊ ဒါပေမဲ့ ဂိုဏ်းအခြေအနေက အဲဒီလောက်ကြီး မဆိုးသေးပါဘူး၊ ဂိုဏ်းချုပ် ပျောက်သွားတယ်ဆိုရင်တောင် ငါတိုရဲ့ဖောင်ဒေးရှင်းက ရှိနေပါသေးတယ်၊ မင်းက သေမှာကြောက်မှန်းသိလို မင်းကို ဂိုဏ်းကနေထွက်မလားလို့ အရင်ခေါ်မေးတာ” နတ်မိမယ်ရှီရွှမ်က ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်က ခေါင်းညိတ်ပြီး မေးလိုက်ပါတယ် “ဂိုဏ်းချုပ်က ဘယ်အချိန်မှာ ပျောက်သွားတာလဲ?

“ချင်မင်ဂိုဏ်းကို စုံစမ်းဖို့ ထွက်သွားကတည်းက”

“ကျွန်တော် နားလည်ပြီ” ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ်။ ဂိုဏ်းချုပ်သာ ယွီဂျင်ဂိုဏ်းမှာ အတိုက်ခံရတယ်ဆိုရင် ဒါက ‌တော်တော်လေး ကြောက်ဖို့ကောင်းမှာပါ။

ချင်မင်ဂိုဏ်းက လီချင်းဇဲ့ကို ဒါဇင်လောက် တိုက်ခိုက်ခဲ့ပေမဲ့ ပြင်းပြင်းထန်ထန်ပဲ ဒဏ်ရာရစေခဲ့တာက သူတို့ထဲမှာ ကနဦးဝိညာဉ်အဆင့်ကျင့်ကြံသူ မပါရှိလို့ပဲလို့ ဟန်ကျွယ်က ကောက်ချက်ချလိုက်ပါတယ်။

ဒါကြောင့် ဟန်ကျွယ်ဟာ သူ့လုံခြုံရေးအတွက် ပိုပြီးယုံကြည်မှု ရှိသွားပါတယ်။ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူက သူ့ကို လုံဝမသတ်နိုင်ပါဘူး။

“မင်းရဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ ပြဿနာတစ်စုံတရာရှိလား? နတ်မိမယ်ရှီရွှမ်က ငြင်သာတဲ့ မျက်လုံးတွေနဲ့ မေးလိုက်ပါတယ်။ ဒီအကြောင်းပြောရင် နတ်မိမယ်ရှီရွှမ်ဟာ အခုအချိန်ထိ ဟန်ကျွယ်ကို ဘာမှ မသင်ပေးရသေးပါဘူး။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “မရှိပါဘူး၊ ဆရာသခင် အလုပ်ရှုပ်နေပါလိမ့်မယ်” သူသာ နတ်မိမယ်ရှီရွှမ်နဲ့ လေ့ကျင့်ရင် သူ့ရွှေဓာတ်လုံးအဆင့်က ဖုံးကွယ်ထားလို့ရတော့မှာ မဟုတ်တော့ပါဘူး။ ဂိုဏ်းအကြီးအကဲတွေသာ ကြားသွားရင် သူဓာတ်ခွဲခန်းထဲ‌ ရောက်သွားဖို့က ၉၉ရာခိုင်နှုန်းပါပဲ။

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်စကားကို ကြားတဲ့အခါမှာ ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်ပါတယ် “ဒါဆိုလည်း သွားတော့”

“ဟုတ်ကဲ့ပါ ဆရာသခင်!” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ထွက်သွားပါတယ်။

ခန်းမထဲကနေ ဟန်ကျွယ်ထွက်သွားတဲ့အခါ နတ်မိမယ်ရှီရွှမ်ဟာ သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူပြီး ချန်ယွီအာကို မေးလိုက်ပါတယ် “မင်းရဲ့ဂျူနီယာမောင်လေးအတွက် ငါပြောသလို ကူညီပေးလိုက်” ချန်ယွီအာဟာ‌ ‌ခေါင်းညိတ်ပြီး စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပါတယ်။

…

ဟန်ကျွယ်ဟာ ကျောက်အေးတောင်ထိပ် အပြင်ဘက်ကို ပျံသန်းလိုက်တယ်ဆိုရင်ပဲ တဝီးဝီးအသံကို နောက်ကနေ ကြားလိုက်ရတဲ့အတွက် လှည့်ကြည့်လိုက်တဲ့အခါ ဓားပျံတစ်ချောင်းစီးပြီး သူ့နောက်ကို လိုက်လာတဲ့ ချန်ယွီအာကို တွေ့လိုက်ရပါတယ်။

“ဂျူနီယာဟန်... မမကို စောင့်အုန်း” ချန်ယွီအာဟာ ရွှင်ပျတဲ့အပြုံးနဲ့ လက်ဝှေ့ယမ်းပြီး ဟန်ကျွယ်ကို လှမ်းအော်ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး သူ့ဓားပျံကို ရပ်တန့်လိုက်ပါတယ်။

ချန်ယွီအာဟာ ဟန်ကျွယ်ဘေးနားမှာ ရပ်တန့်လိုက်ပြီး သူ့လက်ထဲက သိုလှောင်အိတ်ကို လှုပ်ခါပြရင်း ပြောလိုက်ပါတယ် “ဒီထဲမှာ ဖော်မေးရှင်းတစ်စုံနဲ့ စိတ်ဝိညာဉ်ဆေးပင်အချို့ရှိတယ်၊ ဆရာသခင်က မမကို မောင်လေးရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူမှာ စိတ်ဝိညာဉ်ချီ ထူထပ်သိပ်သည်းလာဖို့အတွက် ဖော်မေးရှင်းစီရင်ခိုင်းပြီး စိတ်ဝိညာဉ်ဆေးပင်တွေ စိုက်ခိုင်းလိုက်တယ်”

ဒီစကားကို ကြားတဲ့အခါမှာ ဟန်ကျွယ်ရဲ့ မျက်မှောင်တွေဟာ ဖြေလျော့သွားပြီး သူ့လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်ပါတယ် “ဆရာသခင်ကို ကျေးဇူးတင်ပါတယ်၊ အစ်မကိုလည်း ကျေးဇူးတင်ပါတယ်”

ချန်ယွီအာက ပိုမိုပျော်ရွှင်စွာ ပြုံးလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ကျင့်ကြံခြင်းလိုဏ်ဂူဆီကို ပျံသန်းသွားပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူဝကို ရောက်တဲ့အခါမှာ ချန်ယွီအာဟာ ဝင်ပေါက်ပေါ်မှာ ထွင်းထားတဲ့ စာလုံးတွေကို တွေ့လိုက်ရပါတယ်။ ချန်ယွီအာဟာ ထူးဆန်းတဲ့ မျက်နှာထားနဲ့ ရေရွတ်လိုက်ပါတယ် “ယနေ့သည်းခံ မနက်ဖြန်လွတ်လပ်မည်၊ ဒီစကားလုံးတွေ...”

ဟန်ကျွယ်ဟာ လိုဏ်ဂူထဲကို ခံစားချက်မဲ့တဲ့မျက်နှာနဲ့ ဝင်သွားပါတယ်။ ချန်ယွီအာဟာလည်း သူ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားပါတယ်။ ချန်ယွီအာဟာ လိုဏ်ခေါင်းအဆုံးမှာ ရပ်တန့်လိုက်ပြီး ဖော်မေးရှင်းမှာ အသုံးပြုရမဲ့ ပစ္စည်းတွေထုတ်လိုက်ပြီး ဖော်မေးရှင်းကို စတင်စီရင်ပါတော့တယ်။

ဟန်ကျွယ်ဟာ နောက်ပြန်လှည့်ပြီး ချန်ယွီအာဘေးမှာရပ်ကာ အသေးစိတ် လေ့လာဆန်းစစ်ပါတယ်။ ဖော်မေးရှင်း ဘယ်လိုစီရင်ရမလဲဆိုတာကို လေ့လာတာက သူ့အတွက် အနာဂတ်မှာ အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်။

ချန်ယွီအာဟာ သူ့ဘေးနားမှာ ဟန်ကျွယ်ရပ်နေတာကို သတိထားမိတာကြောင့် ပိုပြီး လေးလေးနက်နက် ဖြစ်လာပါတယ်။ နှစ်နာရီကြာတဲ့အခါမှာတော့ ချန်ယွီအာဟာ ဖော်မေးရှင်းကို စီရင်လို့ ပြီးသွားပါတယ်။ ခလုတ်ကိုတော့ လိုဏ်ဂူနံရံမှာ ထွင်းပြီးထည့်ထားလိုက်ပါတယ်။ အဲဒီခလုတ်က ကျောက်စိမ်းတုံးတစ်တုံး ဖြစ်ပြီး စိတ်ဝိညာဉ်ချီ သွတ်သွင်းလိုက်တာနဲ့ အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ဒီဖော်မေးရှင်းဟာ လိုဏ်ဂူဝင်ပေါက်ကို ဝှက်ထားနိုင်ပြီး တစ်ခြားလူတစ်ယောက်က ဒီထဲကို အတင်းတိုးဝင်မယ်ဆိုရင် ပုံရိပ်ယောင်ထဲကျကာ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်က သက်ပြင်းချလိုက်ပါတယ် “အစ်မက ဖော်မေးရှင်းတွေကို စီရင်တက်လိမ့်မယ်လို့ ထင်မထားဘူး”

ချန်ယွီအာက ဂုဏ်ယူစွာ ပြုံးပြီး ပြောလိုက်ပါတယ် “မမက ဆရာသခင်နဲ့ တစ်ချိန်လုံးအတူနေပြီး ဘာတွေလေ့လာနေတယ်လို့ ထင်လဲ? မမရဲ့ ကျင့်ကြံခြင်းက မောင်လေးကို မမီပေမဲ့ မမက အဂ္ဂိတ်ရိတ်၊ လက်ဖွဲ့အဆာင်၊ ရုပ်ထု၊ ဖော်မေးရှင်း၊ ပယောဂစတဲ့ ပညာတွေ အများကြီးကို သိတယ်”

ဟန်ကျွယ်ဟာ ချန်ယွီအာကို အရင်ကထက် ပိုမိုလေးစားသွားပါတယ်။ ချန်ယွီအာဟာ လိုဏ်ဂူထဲကို ဝင်လိုက်ပြီး အလယ်မှာရှိတဲ့အိုင်ဘေးနားမှာ စိတ်ဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးပါတယ်။

“ကျွန်‌တော်သာ တစ်နေ့ အင်မော်တယ် ဖြစ်လာခဲ့ရင် အစ်မကို ကျွန်တော်ရဲ့ ဆေးဆရာလုပ်ခိုင်းမယ်၊ ဒါကြောင့် ဒီပညာတွေကို ကျွမ်းကျင်အောင် အစ်မ ကြိုးစားသင့်တယ်” ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ်။

ချန်ယွီအာဟာ ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်ပါတယ် “အိပ်မက်မက်မနေနဲ့! အစ်မက မောင်လေးရဲ့ စီနီယာနော်! အစ်မက တစ်ခုခုလုပ်ခိုင်းမယ်ဆိုရင် မင်းရဲ့... ခစ်. ခစ်!” ချန်ယွီအာဟာ ရုတ်တရက် ရယ်မောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆွံအနားမကြားသည့်အလား ဘာမှ ပြန်မပြောပါဘူး။

အဲဒီနောက် ချန်ယွီအာဟာ ဆေးပင်တွေကို ဆက်လက် စိုက်ပျိုးပါတယ်။ ဆယ်မိနစ်အကြာမှာတော့ ချန်ယွီအာဟာ ဆေးပင်တွေအားလုံးကို စိုက်ပျိုးလို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ ချန်ယွီအာကို ကျေးဇူးတင်စကား ချက်ချင်း ပြောလိုက်ပါတယ်။

“ပြီးသွားပြီ၊ မမ မင်းရဲ့ ကျင့်ကြံခြင်းကို မနှောင့်ယှက်တော့ပါဘူး၊ တစ်လနှစ်လကြာရင် မမ  မောင်လေးကို အ‌ဖော်ပြုဖို့အတွက် ဒီမှာလာပြီးနေမယ်လေ၊ မောင်လေး ဘယ်လိုသဘောရလဲ?” ချန်ယွီအာဟာ သူ့ပါးစပ်ကို လက်ဝါးဖြင့်ပိတ်ပြီး မျက်စိတ်တစ်ဖက်ပိတ်ကာ မေးလိုက်ခြင်း ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ သတိတရားဝင်သွားပြီး မေးလိုက်ပါတယ် “အစ်မက ကျွန်တော်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို အသာစီးယူမလို့လား?”

ချန်ယွီအာရဲ့ မျက်လုံများဟာ ဝိုင်းစက်သွားပြီး လိုဏ်ဂူထဲကနေ ဒေါသတကြီး ထွက်ခွာသွားပါတယ်။ လိုဏ်ဂူထဲကနေ သူထွက်သွားတော့မှာပဲ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့ရင်ဘက်ကို လက်နဲ့ပုတ်ပြီး ရေရွတ်လိုက်ပါတယ် “အို... ဟန်ကျွယ်၊ မင်းလူပျိုရည်ထိန်းဖို့ အတော်လေး ခက်ခဲပါ့လား!”

ဟန်ကျွယ်ဟာ လိုဏ်ဂူဝကိုလျှောက်သွားပြီး ဖော်မေးရှင်းကို အသက်သွင်းလိုက်ပါတယ်၊ ပြီးမှ သစ်သားခုတင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ကာ စတင်ကျင့်ကြံပါတော့တယ်။ ရွှေဓာတ်လုံးအဆင့်က သူ့ကို မကျေနပ်စေပါဘူး။

ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ် ကျင့်စဉ်ရဲ့ တတိယအဆင့်ကို နားလည်တက်ကျွမ်းပြီးနောက်မှာ ဟန်ကျွယ်ရဲ့ ချီစုပ်ယူမှာဟာ နဂိုကထက် အများကြီး မြန်ဆန်လာပါတယ်။ ဒါ့အပြင် သဘာဝကျင့်ကြံခြင်းလိုဏ်ဂူရဲ့ သိပ်သည်းထူထပ်တဲ့ စိတ်ဝိညာဉ်ချီကြောင့် ဟန်ကျွယ်ဟာ ဝမ်းသာအားရ လေ့ကျင့်ပါတော့တယ်။

…

ငါးနှစ်တာ အချိန်ကာလာဟာ လျှပ်တစ်ပြက် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ရဲ့ မိုးကြိုးစွမ်းရည်ဟာ ရွှေဓာတ်လုံး တတိယအဆင့်ကို ရောက်ရှိသွားပြီး တစ်ခြားသော စွမ်းရည်တွေကိုတော့ လုံးဝမကျင့်ကြံရသေးပါဘူး။

ဟန်ကျွယ်ဟာ သူ့မိုးကြိုးစွမ်းရည်ကို ရွှေဓာတ်လုံး နဝမအဆင့်ထိရောက်အောင် ကျင့်ကြံပြီးမှ တစ်ခြားစွမ်းရည်တေါကို ကျင့်ကြံမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ ဒီလိုဆုံးဖြတ်ရတာက ချင်မင်ဂိုဏ်းက အချိန်မရွေး တိုက်ခိုက်နိုင်တာကြောင့်ပါ။

ဟန်ကျွယ်ရဲ့ သက်တမ်းကလည်း တဖြည်းဖြည်း ရှည်လျားလှပါတယ်၊ ကျင့်ကြံခြင်းလမ်းမှာ သက်တမ်းကို ရှည်လျားစေတဲ့ နည်လမ်းတွေက အများကြီးပါ။ ဆေးလုံး၊ သဘာဝရတနာ၊ ကျင့်ကြံခြင်းလမ်းစဉ် စသဖြင့် အစုံပါပဲ။ ဟန်ကျွယ်ရဲ့သက်တမ်းက သူရဲ့အခြေခံအကျဆုံးသက်တမ်းပါ၊ သူကျင့်ကြံခြင်းက အဆင့်မတက်နိုင်ခဲ့ရင် ဟန်ကျွယ်ဟာ တစ်ခြားနည်းလမ်းတွေကို အသုံးပြုပြီး သက်တမ်းကိုဆွဲဆန့်နိုင်ပါတယ်။

ဒီငါးနှစ်အတွင်းမှာ ကျောက်အေးတောင်ထိပ်က အေးအေးဆေးဆေးပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်လီချင်းဇဲ့ကတော့ မိစ္ဆာကျင့်ကြံသူတွေ တိုက်ခိုက်ခံရတာကြောင့် အမြဲတမ်း ပြင်းပြင်းထန်ထန် ဒဏ်ရာရတာချည်းပါပဲ။ မော့ဖူချိုနဲ့ ကျိုးဖန်ကလည်း မိစ္ဆာကျင့်ကြံသူတွေ တိုက်ခိုက်တာကို အမြဲလိုလိုခံရတာကြောင့် သူတို့ရဲ့စွန့်စားခရီးက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းမှာ ကျိန်းသေပါတယ်။

ဟန်ကျွယ်ဟာ မိစ္ဆာကျင့်ကြံသူတွေ တိုက်ခိုက်ခံရတဲ့ မော့ဖူချိုနဲ့ ကျိုးဖန်ရဲ့ သတင်းတွေကိုမြင်တိုင်း သူတို့နောက် လိုက်မသွားတာ ကံကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ် ကျင့်ကြံနေတုန်းမှာပဲ သူ့မျက်စိရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ကံတရားအထောက်အပံ့ပါသူက ရှာဖွေ့တွေ့ရှိထားသည်၊ မူလဇစ်မြစ်ကို စုံစမ်းနေသည်။]

All Chapters