← Chapters

နှိမ့်ချချင်ယောင်ဆောင် ပြောတယ်ဆိုတာ ဘာကိုပြောတာလဲ။

Vol. 22 Ch. 317

နှိမ့်ချချင်ယောင်ဆောင် ပြောတယ်ဆိုတာ ဘာကိုပြောတာလဲ။

Vol. 22 Ch. 317

ဆိုင်ခန်းအား ၀ယ်ယူပြီးသည့်နောက် ကျီကျောက်သည် ဆိုင်ခန်းပုံစံသစ်အား ရေးဆွဲ၍ အသစ်ပြန်လည်ပြုပြင်ရန် စတင်ပေသည်။

သူမကိုယ်သူမ နှစ်ရက်ခန့်လောက် အိမ်ခန်းအတွင်းပိတ်နေခဲ့ကာ နှစ်ညအတွင်း ဆိုင်ခန်းပုံစံသစ်အား ရေးဆွဲပြီးခဲ့သည်။

“တာ့ဒါ….”

သူမသည် ရေးဆွဲထားသည့် ပုံစံသစ်အား ရှန်းယောင်သို့ အဖိုးတန်ရတနာအား လက်ဆောင်ပေးသကဲ့သို့ လှမ်းပေးခဲ့သည်။ ကျီကျောက်သည် သူမ၏ မျက်ခုံးများအား ဘ၀င်ခိုက်စွာ ပင့်လိုက်ပြီး ပြောသည်။

“မြန်မြန် ကျွန်မ ရေးဆွဲထားတဲ့ ဆိုင်ခန်းပုံစံကို ကြည့်ပါဦး ရှင်သေချာပေါက် အထင်ကြီးသွားလိမ့်မယ်။”

ရှန်းယောင်သည် သူ့လက်ထဲမှ စာအုပ်အား ချလိုက်ပြီး ခဏလောက် လေးနက်စွာ ကြည့်လိုက်သည်။

ရေးဆွဲထားပုံအဆင့်ဆင့်မှာ အနည်းငယ် ခက်ခဲလှသော်ငြား အသေးစိတ်ပုံစံကြမ်းကိုတော့ နားလည်နိုင်သေးပေသည်။

“ဆိုင်ရဲ့ ဒုတိယအထပ်ကို သီးခန့်ခန်းတွေအဖြစ် ပြောင်းဖို့ စီစဉ်နေတာလား၊ ပထမထပ်ကရော ဘယ်လိုလုပ်မှာလဲ၊ ဒီထူးဆန်းတဲ့အမှတ်တွေကရော ဘာတွေလဲ” ရှန်းယောင်သည် ပုံစံစာရွက်ကြမ်းပေါ်မှ မည်းနက်နေသည့် အစက်တစ်ခုအား ထိုးပြ၍ သိချင်စိတ်ဖြင့် မေးသည်။

“ဒါက ၀င်ပေါက်လေ…. ကြည့် ဘေးဖက်မှာလဲ အစက်တွေရှိတယ်၊ ရွှေငါးကန်တစ်ခု ဆောက်ဖို့ စီစဉ်နေတာပါ၊ ရေရှင်ကသာ ငွေတွေကို ဖိတ်ခေါ်လိုက်နိုင်တာလေ၊ ပထမထပ်ကို ဧည့်သည်တွေ တည်းခိုဖို့ မသုံးဘူး၊ ဒီအခန်းလေးခန်းကို နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဆိုပြီး ဆိုလိုရင်း လေးမျိုး ခွဲခြားထားတယ်”

“ကြည့်…. ကျွန်မက ပထမထပ်နဲ့ ဒုတိယထပ်ကြားကို လှေကားအဝိုက်ပုံစံလေး ဆောက်ပြီးတော့ ဒုတိယထပ်ရဲ့ အခန်းလေးခန်းကို ဧည့်သည်တွေကို စိတ်အပန်းဖြေရအောင် သုံးမလို့လေ၊ သီးသန့်ခန်းလေးခန်းမှာဆိုရင် ကုချင်တူရိယာ တီးခတ်ခန်း၊ ကျားကွက်ထိုးတဲ့အခန်း၊ လက်ရေးလှလေ့ကျင့်ရေးသားခြင်းအခန်းနဲ့ ပန်းချီခန်းအဖြစ် အသုံးပြုချင်လို့လေ၊ အခန်း လေးခန်းလုံးက ခြားနားပြီးတော့ ဆက်နွယ်မှုလဲ မရှိနေဘူးလေ”

“ဒီလို ပုံစံရေးဆွဲရတဲ့ ကျောက်ကျောက်ရဲ့ ရည်ရွယ်ချက်က ဘာများလဲ” ရှန်းယောင်သည် သိချင်စိတ်ဖြင့် မေးသည်။

“အစကတော့ ကျွန်မက ရိုးရိုးစားသောက်ဆိုင်ငယ်လေးတစ်ခု ဖွင့်ချင်ခဲ့တာပါ၊ ဒါပေမယ့် ဆိုင်ရှင်ချန်နဲ့ စကားပြောပြီးနောက်တော့ မြို့တော်မှာရှိတဲ့ စားသောက်ဆိုင်တိုင်းက သူတို့ရဲ့ ကိုယ်ပိုင် ထူးခြားတဲ့လက္ခဏာ ရှိကြတယ်၊ ဥပမာဆို ထျန်ရှန်းစားသောက်ဆိုင်ဆို အဆင့်အတန်းမြင့်တဲ့ပုံစံရှိပြီးတော့ ကောင်းရှန်းစားသောက်ဆိုင်ဆို နက်ရှိုင်းတဲ့ အဓိပ္ပါယ်ရှိနေတယ်၊ ကျွန်မရဲ့ ချွင်းဖုန့်ဆိုင်ကလဲ ဘယ်လိုဧည့်သည်မျိုးတွေကို ဆွဲဆောင်နိုင်မလဲဆိုတာ စတင်တွေးမိလာတယ်…. နောက်တော့ အိမ်ထောင်ရှင် အမျိုးသမီးတွေနဲ့ ချမ်းသာတဲ့အိမ်တော်ကနေ အပြင်မထွက်ခဲတဲ့ မိန်းကလေးငယ်လေးတွေကို တွေးမိသွားတယ်”

“ချွင်းဖုန့်ဆိုင်ဆိုတာ ဒီလိုလူတွေအတွက် ပုံစံရေးဆွဲထားတာပါပဲ၊ အဓိက အသားပေးချက်ကတော့ ခပ်လျှိုလျှိုနေပြီး အဆင့်မြင့်နေဖို့ပါဘဲ၊ ဆန်းကြယ်တဲ့ပုံစံနဲ့ ကျက်သရေရှိနေရမယ်၊ အရေးအကြီးဆုံးအချက်ကတော့ နွေဦးလေပြေက အစားအသောက်တွေက သူမတူ ထူးကဲသာလွန်နေရမယ်”

“အရိုးရှင်းဆုံးနဲ့ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ အဆင့်မြင့်ဟင်းလျာ ဖြစ်ရမယ်”

သူမ၏ စိတ်အားထက်သန်လှသည့် မိတ်ဆက်စကားများအား နားထောင်ပြီးနောက် ရှန်းယောင် ဘာပြောရမှန်းမသိ ကြောင်အသွားမိသည်။

အဆင့်မြင့် စိတ်ကြိုက်ပြင်ဆင်မှုဆိုသည့် စကားအား သေချာ နားမလည်သော်ငြား သူ့ဇနီးလေး၏ ဟင်းချက်စွမ်းရည်မှာ တကယ့်ကို သူမတူ ထူးခြားလှသည်အား ခံစားရသည်။

ကျီကျောက်သည် ချွင်းဖုန့်ဆိုင်အား ပြန်လည်ပြင်ဆင်မွမ်းမံမည့် အစီအစဉ်အား အဆုံးသတ်ပြီးနောက် စတင်ဆောက်လုပ်ရမည့်နေ့အတွက် ရက်ကောင်းရက်မြတ်အား ရွေးချယ်သည်။

သူမ၏ လက်ထဲမှ ငွေတုံးများမှာ ရေအလား မျောပါကုန်သည်အား ကြည့်လျက် သူမစိတ်ထဲ၌ ပူဆွေးသောကရောက်မိသည်။

“တကယ်လိုအပ်တဲ့အချိန်မှ ငွေအလုံအလောက် မရှိတာကို နောင်တရမိတယ်။”

“အာ့ထောင်မှာ ငွေနည်းနေတယ်ဆိုရင် ကိုယ့်ကိုလည်း ရင်းနှီးမြှုပ်နှံခွင့်ပြုပါလား”

ရှန်းယောင်နှင့် ဂိုကစားနေသည့် ချင်မင်ဟုန်မှ သူ့ခေါင်းအား အလျင်အမြန် မြှောက်၍ အကြံပြုလာသည်။

“တိုက်တိုက်ဆိုင်ဆိုင်နဲ့ဘဲ ကိုယ့်လက်ထဲမှ ငွေပို တချို့ ကျန်နေသေးတယ်၊ အများကြီးတော့ မဟုတ်ဘူး…. ငွေလျန်း ( ၈၀၀ ) ၀န်းကျင်လောက်ပါဘဲကွာ”

“အစ်ကိုချင် နှိမ့်ချချင်ယောင်ဆောင်ပြီး ပြောနေတာကို ရပ်ပေးနိုင်မလား” ကျီကျောက်သည် သူမ၏ မျက်လုံးအား လှိမ့်လိုက်ကာ ပြောသည်။

“နှိမ့်ချယောင်ဆောင်တယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ”

“တမင်ကြွားလုံးထုတ်တာကို ပြောတာပါ” ရှန်းယောင်သည် နောက်ထပ် စစ်တုရင်အပိုင်း တစ်ခုအား နေရာချပြီးချိန်၌ ရလဒ်မှာ သိသာထင်ရှားလာပေသည်။

ချင်မင်ဟုန်သည် ခံပြင်းစွာဖြင့် သူ့ခေါက်ယပ်တောင်အား ယမ်းကာ ပြောသည်။

“ပျင်းဖို့ ကောင်းလိုက်တာ။ ကိုယ် ထပ်ပြီး မကစားချင်တော့ဘူး”

သုံးပွဲဆက်တိုက် သူရှုံးပြီးပြီဖြစ်သဖြင့် ထပ်ပြီးရှုံးပြန်လျှင် သူ့မျက်နှာအား ထားစရာ နေရာ မရှိတော့ပေ။

“အစ်ကိုချင် ဘာလို့ အဲ့လို လုပ်ဖို့ လိုမှာလဲ” ကျီကျောက်သည် မေးထောက်လျက် ၀င့်ကြွားစွာပြောသည်။

“အစ်ကိုချင်က ကျွန်မတို့ရှန်းယောင်ရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ သိပြီးသားပဲကို ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံနေတာလဲ”

ချင်မင်ဟုန်သည် လက်ဖက်ရည်သုံးခွက်အား တစ်ပြိုင်တည်းသောက်လိုက်ရင်း သူ့ဒေါသအား တည်ငြိမ်စေပေသည်။ “အာ့ထောင် ချွင်းဖုန့်ဆိုင်ကို ဘယ်အချိန်ဖွင့်ဖို့ စီစဉ်ထားတာလဲ”

“အလျင်မလိုသေးပါဘူး” ကျီကျောက်သည် အပြုံးလေးဖြင့် ပြောသည်။

“အချိန်ကျလာတဲ့အချိန်ကျရင် သူ့အလိုလို ဖွင့်လှစ်သွားပါလိမ့်မယ်”

ချင်မင်ဟုန်သည် ဘာကိုမှ မေးမရလိုက်သလို ခံစားလိုက်ရသဖြင့် ရှန်းယောင်အား ကြည့်လိုက်သည်။

“မနက်ဖြန် စာမေးပွဲအဆင့်တွေ ထွက်လာတော့မှာ၊ ဘယ်လိုခံစားနေရလဲ”

“ထွေထွေထူးထူး မခံစားရဘူး” ရှန်းယောင်သည် တည်ငြိမ်စွာပြောသည်။

“ဒါဆို လုံး၀ စိတ်မလှုပ်ရှားနေဘူးပေါ့”

“ပြန်လှည့်လို့ မရတော့သလို စိတ်လှုပ်ရှားမှုက ရလဒ်ကို ပြောင်းပေးနိုင်မှာမှ မဟုတ်တာမလား။”

ချင်မင်ဟုန်သည် တိတ်တဆိတ် သဘောတူသည့်အနေနှင့် ခေါင်းညိမ့်ပြသည်။

“ကိုယ့်အဖေဆီက ကြားရသလောက် ဒီနှစ်တော်ဝင်စာမေးပွဲ မေးခွန်းတွေက ဉာဏ်များလွန်းတယ်တဲ့လေ” ချင်မင်ဟုန်သည် မပြန်ခင် ရှန်းယောင်အား ကြည့်လျက်ပြောသည်။

“မင်း ကံကောင်းပါစေလို့ ကိုယ် ဆုတောင်းပေးပါတယ်”

“ကျေးဇူးပါ”

ကိုးလပိုင်း၏ ငါးရက်မြောက်နေ့တွင် တော်ဝင်စာမေးပွဲရလဒ်များ ထွက်လာခဲ့သည်။

အရုဏ်တက်မတိုင်ခင် စာမေးပွဲခန်းမအပြင်ဖက်တွင် များပြားလှသည့် စာမေးပွဲဖြေဆိုသူများ ရောက်‌နှင့်နေကြပေသည်။

ကျီကျောက်သည် သူမဘေးရှိ ရှန်းယောင်အား လှည့်ကြည့်၍ သူ့လက်ဖဝါးအား တိတ်တဆိတ် ကိုင်ထားလိုက်သည့်အတွက် ရှန်းယောင်သည် သူမအား ကြည့်ရင်း ပြန်ပြုံးပြလာသည်။

နေ့တ၀က်အကြာတွင် စာမေးပွဲခန်းမ တံခါးကြီးမှာ ဖြေးညင်းစွာ ပွင့်လာခဲ့သည်။

ခဏကြာပြီးနောက် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသားစာရင်းအား ဘုတ်ပြားအဖြူပေါ်တွင် ကပ်ထားပေသည်။

မြစ်ထဲမှာကူးခတ်သွားလာနေကြသည့် ငါးများကဲ့သို့ ဖြေဆိုသူကျောင်းသားများမှာ အရှေ့သို့ အတင်းအကြပ် တိုးဝှေ့ကြည့်ရှုနေကြပေသည်။

သူတို့၏ နာမည်အား ဘုတ်ပြားပေါ်တွင် မြင်လိုက်ရသည့် ကျောင်းသားများမှာ အလွန်အမင်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြပေသည်။

စိတ်ပျက်လက်ပျက်ဖြင့် ၀မ်းနည်းစွာ ငိုယိုနေကြသည့်သူများလည်း ရှိကြပေသည်။

ကျီကျောက်သည် ခြေဖျားထောက်လျက် နာမည်စာရင်းအား ကြည့်ရန် လုပ်ခဲ့ပေမဲ့ လူတွေ များလွန်းလှသဖြင့် မတိုးဝှေ့နိုင်ခဲ့ပေ။

“ကျောက်ကျောက်” ရှန်းယောင်သည် သူမ ကိုယ်လေးအား သူ့လက်မောင်းထဲသို့ ဆွဲပွေ့လိုက်ချိန်တွင် သူမပြုံးမိသည်။

“မင်း အနိုင်ရတယ်”

တစ်နာရီခန့်ကြာပြီးနောက် အပြင်ဖက်ရှိ ဆိုင်းသံဗုံသံများအား နားထောင်နေရင်း ကျီကျောက်သည် သူမ၏ လက်ထဲမှ သတင်းကောင်းအားကြည့်လျက် အနည်းငယ် မှင်သက်နေမိသည်။

ရှန်းယောင်တစ်ယောက် ထိပ်တန်းအဆင့်၀င်မည်အား သူမ အစောထဲက သိနေခဲ့ပြီးဖြစ်ပေမဲ့ ပထမအဆင့်ဖြင့် အောင်မြင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

“အရမ်းပျော်လွန်းလို့ တုံးအသွားပြီလား” ရှန်းယောင်သည် သူမ၏ တွေဝေနေသည့် အမူအရာအား ကြည့်လျက် ကူကယ်ရာမဲ့စွာ ပြုံးလျက် သူမ၏ နှာခေါင်းထိပ်လေးအား မြတ်နိုးမှုဖြင့် တို့ထိလိုက်သည်။

“ကျွန်မ ငတုံး မဟုတ်ဘူးရှင့်” ကျီကျောက်သည် သတိပြန်၀င်လာပြီးနောက် သူ့အား တမင်တကာ မဲ့ပြလိုက်သည်။

“ဒီတိုင်း…. ကျွန်မက ရှင့်ကို ကျဲ့ယွမ်အဆင့်နဲ့ အောင်မြင်မယ်လို့ မထင်ထားမိရုံပါ။”

“ကျောက်ကျောက် ပျော်ရဲ့လား။”

“ဒါပေါ့ရှင့်” ကျီကျောက်သည် ရယ်မောလျက် သူ့လက်မောင်းထဲသို့ တိုး၀င်လိုက်သည်။

သူမသည် သူ၏ သန်မာလှသည့် ပုခုံးပေါ်သို့ သူမ၏ လက်များအားတင်လိုက်ကာ တောက်ပစွာ ပြုံးပြသည်။

“ကျွန်မယောက်ျားကတော့ တကယ့်ကို အံ့ဩဖို့ကောင်းလွန်းတယ်”

“ဒါဆိုရင် ဆုလဒ်တော်များ ရှိပါသလားဗျ” ရှန်းယောင်သည် သူ့ခေါင်းအား ငုံ့လိုက်ကာ သူမ နဖူးနားသို့ နီးကပ်အောင် တိုးကပ်လိုက်ရင်း တိုးတိုးလေး မေးသည်။

“ဘယ်လို ဆုလဒ်မျိုး လိုချင်လို့လဲ” ကျီကျောက်သည် ဖြေရမည့်အစား မေးလိုက်သည်။

“ဟုတ်တာပေါ့……”

ဖျောင်း‌ ဖျောင်း*

ရှန်းယောင်၏ စကားမဆုံးသေးခင် ခြံ၀န်းအပြင်ဖက်မှ မီးရှူးဖောက်သံများ ထပ်ကြားလိုက်ရပြန်သည်။

ချင်မင်ဟုန်သည် ကျီကျောက်တို့ ခြံ၀န်းတံခါးဆီသို့ ခြင်္သေ့အကသမားအုပ်စု တစ်စုအား ငှားရမ်းလိုက်ရင်း ခြင်္သေ့အကအား စတင်ကပြဖျော်ဖြေသည်။

“ဒီလောက် လူတန်းကြီးက နည်းနည်း ပုံကြီးချဲ့လွန်းမနေဘူးလား” ရှန်းယောင်သည် ခြံ၀န်းအပြင်ဖက်မှ မြင်ကွင်းအားကြည့်လျက် ကူရာမဲ့စွာဖြင့် သူ့နဖူး သူကိုင်လိုက်မိသည်။

“ပုံကြီးချဲ့လွန်းတာလား” ကျီကျောက်သည် သူမ၏ ခေါင်းအား တိတ်တဆိတ်ခါလိုက်မိသည်။

“ကျွန်မတော့ အဲ့လိုမထင်ပါဘူး…. တကယ်တော့ ဒီထပ်ပိုပြီးတော့ ချဲ့ကားလှတဲ့အရာတွေ ရှိသေးတယ်”

“အမ်”

ကျောက်လန်ဟွာတစ်ယောက် အသံကျယ်ကျယ်ဖြင့် ရှန်းယောင်ဆီသို့ ရောက်လာချိန်မှသာ ကျီကျောက် ဆိုလိုတဲ့ ပိုပြီး ချဲ့ကားလှသည့် အရာဆိုသည်အား နားလည်သွားတော့သည်။

“စန်းလန်…. မင်း နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ။ ဝေး... ဟေး... အမေ အရမ်းပျော်တာပဲကွယ်။”

“အမေ” ရှန်းယောင်၏ မျက်လုံးများမှာ ရဲတွတ်လာပေသည်။

“အမေ့ကို စိုးရိမ်အောင်လုပ်မိပါပြီ”

တော်ဝင်စာမေးပွဲ၌ ရှန်းယောင် ပထမအဆင့်ရသည်ဆိုသည့် သတင်းမှာ မြို့တော်တစ်ခုလုံးရှိ လမ်းကြိုလမ်းကြားများကြားတွင် တဖြေးဖြေး ပျံ့နှံ့လာပေသည်။

ကျောက်လန်ဟွာနှင့် ရှန်းတာ့ရှန်တို့မှာ အလွန်အမင်းပျော်ရွှင်နေကြပေသည်။ သူတို့ဟာ ရှန်းဟယ်ကျေးရွာသို့ ပြန်ရောက်သည်နှင့် သူတို့မိတ်ဆွေကောင်းများအား ဖိတ်၍ ခမ်းနားကြီးကျယ်သည့် ဂုဏ်ပြုပွဲအား ကျင်းပရန် စီစဉ်ထားပေသည်။

“အမေ…. မြို့တော်ကိုရောက်လာပြီဆိုမှတော့ မြို့တော်အနှံ့ ကောင်းကောင်း လည်ပတ်ကြည့်ရှုသင့်ပါတယ်”

ကျီကျောက်သည် ကျောက်လန်ဟွာလက်အား ချက်ချင်းကိုင်လိုက်ရင်း အပြုံးလေးဖြင့် အကြံပြုသည်။

“မကြည့်တော့ပါဘူးကွယ်” ကျောက်လန်ဟွာသည် ပြုံးလျက် သူမ၏ ခေါင်းအား ခါလိုက်ရင်း ကျီကျောက် လက်ဖမိုးလေးအား ပုတ်လျက် နူးညံ့စွာပြောသည်။

“အိမ်မှာ မျောက်လောင်းလေး နှစ်ကောင် ကျန်နေခဲ့တယ်၊ မင်းတို့အဖေနဲ့ အမေတို့ ဒီရက်ထဲ အားနေတယ်ဆို မင်းတို့အစ်ကိုလတ်က ရက်အနည်းငယ် ခရီးထွက်နေလို့လေ၊ နှစ်ရက်အတွင်း အမေတို့ အမြန်ပြန်ရမယ်”

“ဒါပေမယ့် အာ့ထောင်….. သမီး အရမ်းပိန်သွားသလိုပဲကွယ်” ကျောက်လန်ဟွာသည် သူမ၏ မျက်လုံးလေးအား စိုးရိမ်ကြီးစွာဖြင့် ဆိတ်ဆွဲလိုက်သည်။

“အခုတလော အရမ်းပင်ပန်းနေလို့လားကွယ့်”

***

All Chapters