← Chapters

ကိုယ် ရနိုင်မလား

Vol. 22 Ch. 318

ကိုယ် ရနိုင်မလား

Vol. 22 Ch. 318

ကျီကျောက်သည် မသိစိတ်မှ သူမ၏ ပါးဖောင်းဖောင်းလေးအား ပွတ်လိုက်ရင်း ညင်သာစွာ မေးသည်။ “အမေ…. အသိသာကြီးကို သမီးဝိတ်တက်လာတယ်မလား”

“အဓိပ္ပါယ်မရှိတာ” ကျောက်လန်ဟွာသည် စိတ်ပူပင်စွာဖြင့် ထပ်ပြောသည်။

“စန်းလန်က ဒီရက်တွေထဲ သူ့စာမေးပွဲကြောင့် အလုပ်တွေ အရမ်းများနေတာ သမီးကို ဂရုစိုက်ဖို့အချိန် သေချာပေါက် မရှိဘူးဟုတ်၊ သမီး မြို့တော်မှာ ဆိုင်ခန်း၀ယ်ခဲ့တယ်လို့ အမေ ကြားမိသေးတယ်၊ သမီးမှာ သုံးစရာရော ကျန်သေးရဲ့လားကွယ့်”

“အမေ စိတ်မပူပါနဲ့…. ရှန်းယောင်နဲ့ သမီး အဆင်ပြေကြပါတယ်” ကျီကျောက်သည် အပြံးချိုချိုလေးဖြင့် စိတ်ရင်းနှင့် ပြောသည်။

စကားတချို့ပြောပြီးသည့်နောက် ကျီကျောက် ထိုခံစားချက်အား နောက်ဆုံးတော့ နားလည်သွားသည်။

ဝိတ်ကျသွားတာကြောင့် သူမအမေမှ စိတ်ပူနေသည်ဆိုသည့် ခံစားချက် အလွှာပါးပါးလေးအား ခံစားရပေသည်။

“အမေ…. ရှန်းယောင်က ထိပ်တန်းအဆင့် ၀င်ခဲ့တယ်၊ သမီးတို့တွေ အခမ်းအနားပွဲအတွက် စားပွဲတချို့ ပြင်ဆင်ကြရအောင်လား” ကျီကျောက်သည် အပြုံးလေးဖြင့် အကြံပြုသည်။

“ဒီကိစ္စကောင်းနဲ့ နောက်နှစ်ရက်နေရင် ချွင်းဖုန့်ဆိုင်လဲ ဖွင့်တော့မှာဆိုတော့ သမီးတို့မိသားစုမှာ နှစ်ထပ်ကွမ်းမင်္ဂလာ ကိစ္စကောင်းရှိတယ် ပြောလို့ရတာပါပဲ”

ရှန်းယောင် ကျဲ့ယွမ်အဆင့်ရသည့် သတင်းကောင်းပျံ့နှံ့သွားထဲက အဆုံးမသတ်နိုင်သည့် လူတန်းများမှာ သူ့အားဂုဏ်ပြုစကား လာပြောကြသည်။ ထို့အပြင် ချင်မင်ဟုန် ဖိတ်ခေါ်ထားသည့် ခြင်္သေ့အကအဖွဲ့မှာလည်း လွန်စွာ အသက်၀င်လှပေသည်။ ညရောက်သည့်အခါမှသာ ခြံ၀င်းအပြင်ရှိ ဆူညံသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်လာလေတော့သည်။

ညနေခင်းစောစောတွင် ကျောက်လန်ဟွာသည် ကျီကျောက်အား စားကောင်းသောက်ဖွယ်များ စားပွဲအပြည့် တည်ခင်းရာတွင် ကူညီခဲ့ပေသည်။ မွှေးကြိုင်လှသည့် ၀က်သားကင်ရဲရဲလေးအား အနံ့ခံလျက် ချင်မင်ဟုန်သည် တံတွေးမျိုချမိသည်။

“အခုတော့ပြောရမှာ အရှက်ရမိပေမဲ့ တကယ်တော့ ကိုယ့်အိမ်က စားဖိုမှူးရဲ့ လက်ရာက မဆိုးလှဘူးဆိုပေမဲ့လေ အာ့ထောင်လက်ရာမြည်းကြည့်ဖူးထဲက အခြားသူတွေလုပ်တဲ့ ဟင်းလျာတွေ စားမိရင် ဖယောင်းခဲ ဝါးနေရသလိုမျိုးပါပဲ”

“ဒါဆိုရင် များများစားပါ အစ်ကိုချင်” ကျီကျောက်သည် ပြုံးလျက်ပြောသည်။

“ဒါပေမယ့် အစ်ကိုချင်…. အစ်ကိုကြီး ကျွန်မကို မြှောက်တာနဲ့ပဲ ခြ‌င်္သေ့အကအဖွဲ့ကို ရှင်းပေးဖို့ ကျသင့်ငွေကို ကူမရှင်းပေးဘူးရှင့်။”

“ဟားဟားဟား”

ချင်မင်ဟုန်သည် အားပါးတရ ရယ်မောလိုက်မိသည်။

“အာ့ထောင် မင်းတို့ အစ်ကိုချင်က အဲ့လို သဘောထားသေးတဲ့လူမျိုးလားကွ”

“သတင်းကောင်း ရောက်လာတာနဲ့ ခြင်္သေ့အကအဖွဲ့လဲ ချက်ချင်း အပြေးရောက်လာတယ်”

ရှန်းယောင်သည် ဖြေးညင်းစွာ မျက်ခုံးပင့်လျက် ချင်မင်ဟုန်အား တည်ငြိမ်စွာ စိုက်ကြည့်လိုက်၍ သူ့နှုတ်ခမ်းအား ကွေးလိုက်မိသည်။

“အစ်ကိုချင်က အခြားသူတွေထက် သတင်းရတာ အမြဲ မြန်တယ်။”

“အဟွတ် အဟွတ်” ချင်မင်ဟုန်သည် ရှို့တိုးရှန်းတန်းပြုံးကာ စစ်မှန်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောသည်။

“အရင်က ကိုယ့်အဖေ ပြောဖူးတာ ကြားခဲ့မိရုံပါ၊ ဒီနှစ်တော်ဝင်စာမေးပွဲမေးခွန်းက နည်းနည်း မေးခွန်းလှည့်ထားတယ်ဆိုပေမဲ့ ရှန်းမျိုးရိုးစာမေးပွဲဖြေ‌ဆိုသူ့ရဲ့ အဖြေစာရွက်က ထူးချွန်ပြောင်မြောက်တယ်လို့ပြောလို့ရပြီးတော့ မင်းသားရှန်ကတောင် ချီးကျူးခဲ့တယ်တဲ့လေ”

“ကျွန်တော် သိပါပြီ” ရှန်းယောင်သည် ခေါင်းဖျော့ဖျော့ ညိမ့်ပြခဲ့သည်။

“ဒါဆို အစ်ကိုချင်က ရှန်းယောင် သေချာပေါက် ထိပ်တန်းအဆင့်၀င်မယ်‌ဆိုတာ သိထားပြီးသားလား” ကျီကျောက်သည် အနည်းငယ် အံ့အားသင့်သွားမိသည်။

“အင်း…. ရှန်းယောင်က ဗဟုသုတကြွယ်၀ပြီး ပါရမီပါတဲ့သူပဲလေ၊ ဘယ်လိုလုပ်ပြီး မပါဘဲ နေပါ့မလဲ၊ ကိုယ်က သူကျဲ့ယွမ်အဆင့် ရလိမ့်မယ်လို့ မထင်ထားခဲ့ရုံပါ” ချင်မင်ဟုန်သည် ခပ်ဖွဖွ ရယ်မောလိုက်ကာ ပြောသည်။

“လာ... ရှန်းယောင် တစ်ခွက်လောက် သောက်ကြရအောင်”

“ကျေးဇူး အများကြီး တင်ပါတယ်”

သုံးခွက်လောက် သောက်ပြီးနောက်မှာတော့ စိတ်ဓာတ်ကျနေသည့် ချင်မင်ဟုန်သည် အရက်မူးနိုင်မည့် အခွင့်အရေးအား ရပြီး နောက်ဆုံးတွင် သူ့အစေခံမှ ကူတွဲပြီး အိမ်ပြန်ပို့ခဲ့ရသည်။

နတ်ဆေးသမားတော် ရှန်းဟယ်သည် ခွက်ရေအနည်းငယ် သောက်ပြီးနောက် သူ့အခန်းထဲသို့ ပြန်နားခဲ့သည်။

ရှန်းမိသားစုရဲ့ လူကြီးနှစ်ယောက်နှင့် ရှန်းယောင်တို့လင်မယားသာ ခြံ၀န်းထဲတွင် ကျန်ခဲ့ကြပေသည်။

“အဖေ….. အမေ” ရှန်းယောင်သည် သူ့၀တ်ရုံအားမလျက် အကြီးနှစ်ယောက်ရှေ့တွင် လေးစားစွာ ဒူးထောက်ချလိုက်သည်။

“ကျွန်တော် သားသမီး၀တ္တရား မကျေပွန်ခဲ့ပါဘူး…. အဖေနဲ့ အမေကို စိတ်ပူအောင်လုပ်မိပါတယ်”

“စန်းလန် အမြန်ထပါကွယ်” ကျောက်လန်ဟွာသည် မထိန်းနိုင်စွာဖြင့် တရှိုက်ရှိုက်ငိုနေကာ ရှန်းယောင်အား မတ်တပ်ရပ်ရန် ကူပေးသည်။ သူမသည် ခံစားချက်များ ပြည့်နေသည့် လေသံဖြင့် ပြောသည်။

“ဆောင်းဦးအစောပိုင်း ရောက်နေပြီလေ။ ကြမ်းပြင်က အေးပါတယ်….. မြန်မြန်ထပါတော့ကွယ်”

ရှန်းတာ့ရှန်သည် သူ့ပုခုံးအား ပြင်းပြင်းလေးပုတ်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“မင်းအမေစကားကို နားထောင်ပြီး ထလိုက်ပါ”

“စန်းလန် အမေက မိန်းမရိုင်းကြီးပါကွယ်…. အမေ အတန်းပညာလည်း မသင်ခဲ့ရသလို အဲ့ဒီကောက်ကျစ်မှုတွေနဲ့ အလှည့်အပြောင်းတွေကိုလည်း နားမလည်ပါဘူး၊ သား နန်းတော်ထဲကို ပထမအဆင့်နဲ့ ၀င်ခွင့်ရတာ အမေ တကယ်ပျော်တယ်၊ ဒါပေမယ့် အမေ သားကို ပြောချင်တာလေး တချို့ရှိတယ်၊ ပထမဆုံး မင်းမိန်းမကို မင်း ကောင်းကောင်း ဂရုစိုက်ရမယ်၊ မိသားစုကောင်းက သားတွေက အာဏာနဲ့ ချမ်းသာကြွယ်၀မှုကြောင့် မျက်ကန်း ဖြစ်ကုန်ကြပြီး သူတို့ရဲ့ ဇနီးမယားတွေကို မထီမဲ့မြင်လုပ်ကြတယ်။ တော်၀င်မိသားစုက အဲ့ဒီချမ်းသာတဲ့သခင်မလေးတွေကို လက်ထပ်ယူကြတယ်တဲ့လေ၊ စိတ်မချမ်းသာစရာကို အရင်ပြောရမှာပဲ… မင်းသာ အဲ့လိုမျိုးအရာ တစ်ခုခု လုပ်ရဲရင် မင်းအဖေနဲ့အမေက မင်းရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်ရုံမကဘဲ မိသားစုထဲကနေပါ မင်းကို စွန့်လွှတ်ထုတ်ပစ်ရလိမ့်မယ်”

ဘေးမှာ ထိုင်နေသည့် ကျီကျောက်တစ်ယောက် မှင်သက်သွားမိသည်။ ကျောက်လန်ဟွာမှ ထိုသို့ တွေးနေလိမ့်မည်ဟု သူမမထင်ထားမိပေ။ ရှန်းယောင်အား သတိပေးသည့်အချက်များအားလုံးမှာ

သူမ အကျိုးအတွက်သာ ဖြစ်ပေသည်။

“အမေ…. သမီး ရှန်းယောင်ကို ယုံတယ်” ကျီကျောက်သည် အပြုံးချိုချိုလေးဖြင့် ခိုင်မာစွာ ပြောသည်။

“သမီး သူ့ကို ယုံပါတယ်”

ရှန်းယောင်သည် မသိစိတ်မှ ကျီကျောက်အား ကြည့်လိုက်ရင်း သူ့မျက်လုံးထဲမှ ချစ်မြတ်နိုးများမှာ အတိုင်းသား ထင်ဟပ်နေပေသည်။

“အမေ မစိုးရိမ်ပါနဲ့။ ကျောက်ကျောက်ကို နာကျင်နေမယ့် ဘယ်အရာကိုမှ ကျွန်တော် လုပ်မှာ မဟုတ်ပါဘူးဗျ”

ကျောက်လန်ဟွာသည် ထပ်ခါထပ်ခါ ခေါင်းညိမ့်ပြသည်။

“အမေ သိပါတယ်…. မင်းက အမေ့သားပဲလေ၊ မင်းရဲ့ စိတ်သဘောထားကို အမေ မသိဘဲ ဘယ်နေပါ့မလဲကွယ်၊ အမေကတော့ အမေ ပြောသင့်တာကို ပြောနေရတာပါ၊ အဘိုးကြီး…. ရှင့်သားကို ပြောစရာရှိတယ်လို့ ရှင်ပြောခဲ့တယ်မလား”

ရှန်းတာ့ရှန်သည် ဒီညမှာ သူအရမ်းပျော်သည့်အတွက် အတော်လေး သောက်ခဲ့ပေသည်။ အခုတော့ သူသည် မူးနေရင်းဖြင့် ရှန်းယောင်ပုခုံးအား ခပ်ပြင်းပြင်းလေး ပုတ်လျက် အလေးအနက်ပြောသည်။

“ငါ့သား…. မင်း ဒီထက်ပိုပြီး ကြိုးစားနိုင်ဖို့ အဖေ မျှော်လင့်တယ်ကွာ၊ နောက်နှစ် နွေဦး သုံးလပတ်ကာလ စာမေးပွဲကျရင်လည်း အဆင့်ကောင်းတွေရလိမ့်မယ်လို့ ယုံကြည်တယ်၊ အနာဂတ်မှာ အရာရှိကောင်းတစ်ယောက်ဖြစ်ပြီး တော်ဝင်နန်းတော်ကနေ လူတွေကို အကျိုးပြုနိုင်ရမယ်၊ မင်းနဲ့ အာ့ထောင်တို့ အဆင်ပြေပြေနေနိုင်ဖို့ မင်းအမေနဲ့ အဖေ မျှော်လင့်ပါတယ်၊၊ မင်းတို့နှစ်ယောက်သာ အဆင်ပြေနေကျရင် မင်းအမေနဲ့ အဖေတို့ စိတ်အေးရပါတယ်ကွာ”

“ကျေးဇူးပါ အဖေဗျ”

နွေးထွေးလှသည့် မိသားစုစကားဝိုင်းပြီးနောက် ကျောက်လန်ဟွာသည် ရှန်းတာ့ရှန်အား ဧည့်သည်ခန်းတွင် နားရန် ကူညီပေးခဲ့သည်။

ညနေခင်းစောစောတွင် ကျီကျောက်သည် အမူးပြေလက်ဖက်ရည်အား အပြုံးလေးဖြင့် ကမ်းပေးသည်။

“ပြီးတော့ ဒါက….”

“အရက်နာကျတာ သက်သာစေတဲ့ လက်ဖက်ရည်လေ” ကျီကျောက်သည် သူ့ဆီသို့ လျှောက်လာရင်း ပြုံးလျက်ပြောသည်။

“ပဲတီစိမ်းနဲ့ ဒုတ္ထလီပန်းရောထားတဲ့ အရက်နာကျတာ သက်သာစေတဲ့ လက်ဖက်ရည်လေ…. ချိုချိုလေးပဲ။”

“ကောင်းပါပြီ” ရှန်းယောင်သည် အပြုံးလေးဖြင့် ဖြေလိုက်ရင်း တစ်ငုံသောက်လိုက်သည်။

ထင်တဲ့အတိုင်းပဲ အရသာက ချိုချိုလေး ဖြစ်ပေသည်။

“ပဲတီစိမ်းတွေက အပူကိုဖယ်ရှားပေးပြီး အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်တဲ့ ပြင်းထန်တဲ့အကျိုးသက်ရောက်မှု ရှိတယ်” ကျီကျောက်သည် သူ့မျက်လုံးထဲသို့ကြည့်ကာ ညင်သာစွာပြောသည်။

“အရက်က အသည်းကို ထိခိုက်စေပြီး ဒုတ္ထလီပန်းက အသည်းရောင်ရောဂါကို ဖယ်ရှားပေးနိုင်သလို အသည်းနဲ့ သည်းခြေအိတ်ကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် ရှင် နာနာခံခံနဲ့ဘဲ ပန်းကန်လုံးအကြီး တစ်လုံးစာ သောက်ရမယ်”

“ကောင်းပါပြီ” ရှန်းယောင်သည် ဖြည်းညင်းစွာ ခေါင်းညိမ့်ပြလျက် ချက်ချင်းဘဲ လက်ဖက်ရည်ပန်းကန်အား တစ်ကြိတ်ထဲ မော့သောက်လိုက်သည်။

“အထူးအနေနဲ့ ကျွန်မ သကြားခဲနှစ်ခဲထည့်ထားတယ်…. အရမ်း ချိုနေလား” ကျီကျောက်သည် သူမျက်မှောင်ကြုတ်နေသည်အား မြင်ရသည့်အခါ စိတ်လှုပ်ရှားစွာ မေးသည်။

“ကျောက်ကျောက်” ရှန်းယောင်သည် လက်ဖက်ရည်ပန်းကန်အား အောက်ချလိုက်ကာ ရုတ်ခြည်း သူမအား သူ့လက်မောင်းထဲသို့ ဆွဲပွေ့လိုက်သည်။ သူမ နဖူးလေးအား သူ့နှုတ်ခမ်းဖြင့် ထိကပ်လိုက်ကာ သူ့အသံဩဩထဲတွင် ညင်သာမှုများ ပြည့်နေခဲ့သည်။

“ဒီအမူးပြေလက်ဖက်ရည်ကလေ မင်းလောက်တော့ မချိုနေဘူး” ထိုစကားအားကြားပြီးနောက် ကျီကျောက်သည် အရှက်သည်းစွာဖြင့် သူမ မျက်လွှာချလိုက်ပေသည်။

တိတ်ဆိတ်တဲ့ ညကောင်းကင်ယံတွင် လပြည့်၀န်းကြီး ထွက်လာကာ ညအလင်းရောင်မှာ မြေပြင်ပေါ်သို့ ညင်သာစွာ အလင်းရောင်ပေးနေသည်။

“ရှန်းယောင်”

“အင်း….”

“ကျွန်မအထင် ရှင်က တစ်နေ့တစ်ခြား အာသွက်လျှာသွက်နိုင်လာသလိုပဲ” ကျီကျောက်သည် မော့ကြည့်လိုက်ကာ သူ့နားသယ်ဖျားအား စိတ်ဆိုးစွာ ဆွဲဆိတ်လျက် အပြုံးလေးဖြင့် စနောက်လိုက်သည်။

“တကယ်လို့ ကျောက်ကျောက် မကြိုက်ဘူးဆိုရင် ကိုယ် ထပ်မပြောတော့ဘူး” ရှန်းယောင်သည် သူ့မျက်ခုံးများအား မဝံ့မရဲ ပင့်လိုက်သည်။

“ကျွန်မ မကြိုက်တာမျိုးတော့ မဟုတ်ပါဘူး…” ကျီကျောက်သည် သူ၏ စိတ်ရောကိုယ်ပါ တည့်တိုးဆန်ကာ ပြင်းပြလှသည့် အကြည့်အားရှောင်လျက် အရှက်ကြီးစွာဖြင့် အဝေးသို့ ကြည့်လိုက်မိသည်။

“ကျွန်မက ရှင် အခုလိုဖြစ်နေတာကို ကျင့်သားမရသေးရုံပါ”

“အချိန်တွေကြာနေတာတောင် ကျောက်ကျောက်က ကျင့်သားမရသေးဘူးပေါ့ ဟုတ်လား” ရှန်းယောင်သည် ရုတ်တရက် သူမအား ထွေးပွေ့လိုက်ရင်း နူးညံ့စွာပြောသည်။

“ကျောက်ကျောက် ဘ၀မှာ အကြီးကျယ်ဆုံး ကောင်းချီးမင်္ဂလာ လေးခုက ဘာလဲ‌ဆိုတာ သိလား”

ကျီကျောက်သည် သူမ မျက်လွှာချလိုက်ရင်း ညင်သာစွာ ပြောသည်။

“ကျွန်မ သိပါတယ်”

မိုးခေါင်ခြင်းပြီးနောက် မိုးရွာခြင်း၊ အဝေးတစ်နေရာမှ မိတ်ဆွေဟောင်းအား ပြန်တွေ့ဆုံရခြင်း၊ မင်္ဂလာဦးည၊ ပြီးတော့ အင်ပါယာစာမေးပွဲမှာ ထိပ်တန်းအဆင့်ဖြင့် အောင်မြင်ခြင်း။

“တစ်နေ့မှာ ဒီလို ကံကောင်းမှုတွေကို တွေ့ကြုံခံစားရဖို့ ကိုယ် အမြဲ မျှော်လင့်နေခဲ့ရတာ၊ အခုတော့ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့သူနဲ့အတူ တွေ့ကြုံနေရပြီလေ၊ မင်း ဘယ်လိုထင်လဲ”

သူ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို သိရှိသဘောပေါက်သွားသည့် အချိန်မှာတော့ ကျီကျောက်သည် အရှက်သည်းစွာဖြင့် ခေါင်းညိမ့်ပြသည်။

လရောင်မှာတောက်ပနေပြီ ဒီရေမှာ ထန်လှပေသည်။

အတွင်းဖက်မှာနက်ရှိုင်းလေ ပန်းပွင့်လေးမှာ တုန်ယင်နေပေသည်။

အချိန်တစ်ခုကြာသွားပြီးနောက်တွင် ကျီကျောက်သည် သူ့လက်မောင်းထဲသို့ မှီလိုက်ရင်း အိပ်ပျော်သွားသည်။

***

All Chapters