← Chapters

တကယ့်ကို ကိုယ့်အမှားပါကွာ

Vol. 22 Ch. 319

တကယ့်ကို ကိုယ့်အမှားပါကွာ

Vol. 22 Ch. 319

နောက်တစ်နေ့ မနက်နှောင်းပိုင်း၌ ကျီကျောက် သူမ၏ မျက်လုံးများအား ဖွင့်လိုက်ချိန်တွင် မနေ့ညကဖြစ်ပျက်ခဲ့သည့် အလွန်ပြင်းပြလှသည့် မြင်ကွင်းများမှာ သူမ စိတ်ထဲတွင် ပြန်လည်မြင်ယောင်လာခဲ့ပေသည်။ သတိလက်လွတ်ဖြင့် သူမ၏ ပါးများမှာ ရဲတွတ်လာခဲ့ပေသည်။ နွေအလင်းရောင်ကဲ့သို့ လှပခဲ့ပေသည်။

ခြေသံများအားကြားသည့်အခါ ကျီကျောက်သည် သူမဘေးရှိ စောင်ပါးတစ်ထည်အား အလျင်အမြန် ဆွဲခြုံလိုက်ကာ သူမ၏ မျက်နှာအား ကာလိုက်သည်။

သူမသည် စိတ်လှုပ်တရှားဖြင့် စောင်အားကိုက်လျက် သူမ၏ မျက်နှာတစ်ခုလုံးမှာ ရှက်ရွံ့မှုများဖြင့် ပြည့်နေခဲ့ပေသည်။

သူမ တကယ်ရူးသွားခဲ့တာပဲ။ ရှန်းယောင်ကို သောင်းကျန်းခွင့်ပြုပေးလိုက်မိတာပဲ ဖြစ်ပေသည်။

“မင်း နိုးပြီလား” ရှန်းယောင်သည် အိပ်ရာဘေးတွင် ထိုင်လိုက်ရင်း သူမ၏ ခေါင်းအား ကာထားသည့် စောင်ပါးလေးအား ညင်သာစွာ မတင်လိုက်ကာ မေးသည်။

“အမေက ပဲနီယာဂုလေး လုပ်ထားတယ်…. မင်း စားချင်လား”

“အမေ…. ပဲနီယာဂု….” ကျီကျောက်သည် ရုတ်တရက် စောင်အားမလိုက်ကာ တုံ့ပြန်လာပေသည်။

“ကျွန်မ အမေ့ကို ဘယ်လိုများ ချက်ခွင့်ပြုနိုင်ရတာလဲ…. မဖြစ်သေးပါဘူး အခု ဘယ်အချိန်ရှိနေပြီလဲ”

“နောက်ကျနေပြီ”

“ရှန်းယောင်….. ရှင်….. ဝူးဝူး…. “ ရုတ်တရက် ကျီကျောက်မျက်လုံးများမှာ နီရဲလာကာ သူ့အား နစ်နာသ ည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

သူမ ငိုနေသည်အား မြင်ရသည့်အခါ ရှန်းယောင် ထိတ်ထိတ်ပျာပျာ ဖြစ်မိသွားသည်။

“ဘာဖြစ်လို့လဲ”

ရှန်းယောင်သည် သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များအား အလျင်အမြန် သုတ်လိုက်ရင်း စိုးရိမ်တကြီး မေးသည်။ “ကျောက်ကျောက် ကိုယ် မင်းကို နာကျင်စေမိလို့လား”

“ရှင်….. ရှင်…. ပြောရဲသေးတယ်…. ပြောရဲသေးတယ်ပေါ့လေ” ကျီကျောက်သည် သူမဒေါသများအား လက်သီးဆုပ်အဖြစ် ပြောင်းလိုက်ကာ သူ့ရင်ဘတ်အား ပြင်းထန်စွာ ထုနှက်လိုက်ပေသည်။

“ဒါတွေအားလုံး ရှင့်အမှားတွေဘဲ”

“တကယ့်ကို ကိုယ့်အမှားတွေပါကွာ” ရှန်းယောင်သည် ပို၍ပင် စိုးရိမ်သောကရောက်ကာ သူမအား ညင်သာစွာ နှစ်သိမ့်လိုက်ပေသည်။

“ကျောက်ကျောက် ထပ်ပြီး မငိုနဲ့တော့ ဟုတ်ပြီလား”

ကျီကျောက်သည် သုန်မှုန်စွာဖြင့် တုံ့ပြန်လာကာ သူမ၏ မျက်လုံးထောင့်မှ အမှတ်တမဲ့ သူ့လည်ပင်းပေါ်ရှိ အမှတ်ရာအား ဖျတ်ခနဲကြည့်လိုက်မိကာ အံ့ဩမှုဖြင့် မေးသည်။

“ရှင့်လည်ပင်းက…..”

“ကျောက်ကျောက် မေ့သွားတာလား” ရှန်းယောင်သည် သူမ၏ အံ့ဩနေသည့် အကြည့်အား မြင်ပြီးနောက် ရယ်ရခက် ငိုရခက် ဖြစ်နေသည်။

ကျီကျောက်သည် တိတ်တဆိတ် သူမ၏ နှုတ်ခမ်းအား ကိုက်လိုက်ရင်း သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ရင်း သူမ မှတ်ဉာဏ်အား ပြန်ခေါ်လိုက်သည်။ အဆုံးမှာတော့ သူမ၏ မျက်နှာမှာ ပို၍ပင် နီရဲတွတ်လာခဲ့သည်။

မနေ့ညက ရှန်းယောင် တစ်ယောက်ထဲ ရူးသွပ်သွားတာ မဟုတ်ဘူးပဲ။

အဆုံးမှာတော့ ရှန်းယောင် လည်ပင်းပေါ်မှ ခြစ်ရာများမှာ သူမသည်လည်း တရားခံဖြစ်သည်ဆိုသည့် သက်သေများ ဖြစ်ပေသည်။

“အဟွတ် အဟွတ်” ကျီကျောက်သည် နှစ်ကြိမ်ခန့် ချောင်းဆိုးချင်ယောင်ဆောင်ကာ သူမအိပ်ရာထဲမှ ထထွက်ရန်လုပ်ခိုက် သူမ၏ ခြေထောက်များမှာ ပျော့ခွေကာ လဲကျလုနီးနီး ဖြစ်သွားသည်။

ရှန်းယောင်သည် အလျင်အမြန် သူမအား ဖမ်းထိန်းလိုက်ကာ ပြောသည်။

“ကိုယ် မီးဖိုချောင်ထဲသွားပြီး ပဲနီယာဂုလေး ယူလာခဲ့ပေးမယ်”

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ကျီကျောက်သည် ကျောက်လန်ဟွာ၏ မကျေမနပ် ဆူပူနေသည့် အသံများအား ကြားလိုက်ရပေသည်။

“မင်းကိုယ်မင်း ပြန်ကြည့်စမ်း….. မင်းကတော့လေ ကိုယ့်ဇနီးကို ဘယ်လိုချစ်မြတ်နိုးပေးရမယ် ဆိုတာ လုံး၀မသိတာပဲ၊ အာ့ထောင်က အများကြီးပိန်ကျသွားတာတောင် မင်းက သူမကို အနိုင်ကျင့်နေတုန်းပဲပေါ့လေ” ကျောက်လန်ဟွာသည် ရှန်းယောင်အား ပြင်းထန်စွာ စိုက်ကြည့်လျက် ဒေါသတကြီးဖြင့် သူမ၏ လက်အား နောက်ပစ်ထားသည်။

“အမေ…. အာ့ထောင်က ဗိုက်ဆာနေပြီလေ”

“ခဏစောင့်ဦး။ အမေ အာ့ထောင်ဖို့ နှမ်းကိတ် နှစ်ခု လုပ်လိုက်ဦးမယ်”

ရှန်းယောင်သည် ခေါင်းငိုက်စိုက်လျက် အခန်းထဲသို့ လင်ဗန်းတစ်ချပ်ဖြင့် လျှောက်လာခဲ့သည်။ ကျီကျောက်မှာ မရယ်ဘဲ မနေနိုင်စွာ ရယ်မောလိုက်မိသည်။

“ကိုယ့်ကို ရယ်ဖို့ အားကျန်သေးတယ်ပေါ့လေ” ရှန်းယောင်သည် သူမဆီသို့လျှောက်လာကာ စိတ်ဆိုးစွာဖြင့် သူမ၏ နှာခေါင်းထိပ်လေးအား တို့လိုက်သည်။

“ကျွန်မ မှားသွားပါတယ်ရှင်” ကျီကျောက်သည် ကြောက်လန့်သွားသဖြင့် နာခံစွာဖြင့် ယာဂုအား စားနေလိုက်သည်။

သူမသည် ရှန်းယောင်အား ထပ်ပြီး ရန်မစရဲပေ။ သူမ သူ့ကို ဒေါသထွက်မိလျှင် သူမအိပ်ရာထဲမှ ထွက်နိုင်တော့မည်မဟုတ်ပေ။

ကျီကျောက်သည် ရှန်းယောင်အား သူမ၏ မျက်လုံးထောင့်မှ လျှို့ဝှက်စွာ ချုံ့ကြည့်လိုက်ကာ သူမစိတ်ထဲ၌ မေးခွန်းများစွာ တန်းစီထွက်ပေါ်လာပေသည်။

ရှန်းယောင်ရဲ့ ပုံသဏ္ဍာန်မှာ အ၀တ်အစား၀တ်ထားလျှင် ကျစ်ကျစ်လျစ်လျစ်ရှိသော်ငြား အ၀တ်အောက်တွင် ကြွက်သားများဖြင့် တောင့်တင်းလှပေသည်။ သို့ပေမယ့် အပြင်ဖက်တွင် အားနည်းသည့် စာသင်ကျောင်းသားပုံသဏ္ဍာန်ရှိသည်မှာ အရှင်းအလင်း ဖြစ်ပေသည်။

“အ၀မကြည့်ဖူးလို့လား” ရှန်းယောင်သည် သူ့မျက်ခုံးများအားပင့်လိုက်မိကာ သူမ၏ မျက်လုံးထဲသို့ ကြည့်လိုက်ရင်း ခပ်ဖွဖွ ရယ်မောလိုက်မိသည်။

“ဘယ်သူက ရှင့်ကို ကြည့်လို့လဲရှင့်” ကျီကျောက်သည် အထက်စီးဆန်စွာဖြင့် သူမ၏ မျက်နှာအား အဝေးသို့လှည့်လိုက်ကာ ပဲကိတ်အား အားရပါးရစားနေလိုက်သည်။

ရှန်းယောင်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရင်း သူမ၏ နှုတ်ခမ်းထောင့်မှ ယာဂုများအား မြတ်နိုးစွာဖြင့် သုတ်ပေးသည်။

“ကိုယ်ကတော့လေ တကယ့်ကို ကိုယ့်ကျောက်ကျောက်လေးကို မြတ်နိုးလို့ မ၀ရပါဘူးဗျာ” ရှန်းယောင်သည် သူမ၏ ပါးလေးအား ညင်သာစွာနမ်းလိုက်ရင်း ပြုံးသည်။

“ဒါပေါ့….” ကျီကျောက်သည် ဘ၀င်ခိုက်စွာ ပြုံးလျက် ပြောသည်။

“နောက်ဆုံးတော့လည်း ကျွန်မလိုမျိုး ရုပ်ကလေးကလည်း ချော ဟင်းချက်တဲ့နေရာမှာလည်း ထူးချွန်လှတဲ့ ဇနီးမျိုးလေး ရှာတွေ့ဖို့ ခက်တယ်မလားရှင့်”

“ကျောက်ကျောက် ပြောတာ မှန်တယ်” ရှန်းယောင်သည် ပြုံးလျက် သူမ၏ ဆံပင်လေးအား ဖွလိုက်ကာ သူ့လေသံမှာ အလွန်တရာညင်သာလှပေသည်။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ကျီကျောက်သည် သူမအားအပြည့်ဖြင့် ပြန်ရှင်သန်လာသလို ခံစားရပေသည်။

“အမေ…. အမေနဲ့အဖေတို့ မြို့တော်ကို လာရခဲတာကို ဒီနေ့နေ့လယ်ကျရင်တော့ အိမ်မှာ မချက်စားကြရအောင်လေ၊ သမီးတို့တွေ ဒီနား၀န်းကျင် အေးအေးလူလူ လမ်းလျှောက်ထွက်ရင်း စားသောက်ဆိုင်သွားရင်း အစားကောင်း တစ်ခုခု သွားစားရအောင်လေ”

ကျီကျောက်သည် မီးဖိုချောင်ထဲသို့ ၀င်လာကာ အသီးအရွက်များအား ကောက်ကိုင်နေသည့် ကျောက်လန်ဟွာအား တားလျက် ပျော်ရွှင်စွာ အကြံပြုသည်။

“ဒါပေမဲ့…..” ကျောက်လန်ဟွာသည် တုံ့ဆိုင်းသွားပုံပေါ်ပေသည်။

“အမေ” ကျီကျောက်သည် သူမ၏ လက်မောင်းအား လှုပ်ယမ်းလိုက်ကာ မကျေနပ်မှုများ ပြည့်နေသည့်အသံဖြင့် ချွဲနွဲ့ကာ ပြောသည်။

“အရင်တစ်ခေါက်ကလည်း ရှန်းယောင်ကို အေးအေးချမ်းချမ်း စာမေးပွဲအတွက် ပြင်ဆင်ရပါစေဆိုပြီး သမီးမှာ မြို့တော်တစ်ဝိုက် ကောင်းကောင်း လည်ပတ်မကြည့်နိုင်ခဲ့ပါဘူး၊ အမေ…. အမေက အကောင်းဆုံးပဲ၊ သမီးတို့နဲ့အတူ အဖော်ပြုပြီး လမ်းလျှောက်မထွက်ချင်ဘူးလား”

“ကောင်းပါပြီကွယ်”

ကျီကျောက်၏ ချစ်စရာကောင်းမှုဖြင့် တိုက်ခိုက်ခံရပြီးနောက် ကျောက်လန်ဟွာသည် တဖြည်းဖြည်း အညံ့ခံလိုက်ပေသည်။

“အာ့ထောင်…. ဒီမှာ ခဏ စောင့်နေပေးဦး…. အမေ အိမ်ထဲသွားပြီး ငွေထုပ်သွားယူလိုက်ဦးမယ်”

“အမေ…. မလိုပါဘူး၊ သမီးမှာ ငွေအလုံအလောက်ပါ ပါတယ်ရှင့်” ကျီကျောက်သည် အပြုံးလေးဖြင့် ပြောသည်။ နေ့လည်ခင်းချိန်တွင် ထျန်ရှန်းစားသောက်ဆိုင်၌ အဆုံးမရှိသည့် စားသောက်သူ လူတန်းကြီးဖြင့် ပြည့်နှက်နေပေသည်။

“မြို့တော်ကို အရမ်းစည်ကားသိုက်မြိုက် လိမ့်မယ်လို့ အမေ မထင်ထားမိဘူး”

စည်ကားလှသည့် လူအုပ်ကြီးကြားမှ လျှောက်ပြီးနောက် ကျောက်လန်ဟွာသည် စိတ်လှုပ်တရှားဖြင့် ကျီကျောက်၏ ၀တ်ရုံလက်အစအား ကိုင်လျက် နူးညံ့စွာ ပြောသည်။

“အာ့ထောင်…. အမေတို့တွေ တကယ်ဘဲ စားသောက်ဆိုင်မှာ သွားစားကြရမှာလား၊၊ ဒီက အစားအသောက်တွေက ဈေးမနည်းလောက်ဘူး မဟုတ်လား”

ပုံမှန်စားသောက်ဆိုင်တွေမှာ‌ဆို တံခါးမကြီး လေးခုပဲ ရှိပေမဲ့ သူမတို့ရှေ့ရှိ ထျန်ရှန်းစားသောက်ဆိုင်တွင်တော့ တံခါးမကြီး ရှစ်ခု ရှိပေသည်။

“အမေ” ကျီကျောက်သည် ခဏလောက် တွေးလိုက်ပြီးနောက် ကျောက်လန်ဟွာနားထဲသို့ တစ်စုံတစ်ခုအား တိုးတိုးလေး ကပ်ပြောသည်။ နောက်ဆုံးမှာတော့ ကျောက်လန်ဟွာသည် စားသောက်ဆိုင် ပင်မခန်းထဲသို့ တုန်ခါနေသည့် ရင်အစုံဖြင့် လျှောက်သွားသည်။

ရှန်းယောင်၏ မျက်လုံးထဲသို့ အံ့အားသင့်သွားသည့် အရိပ်ဖြတ်ပြေးသွားကာ သူသည် ကျီကျောက်အနားသို့ ကပ်လိုက်ရင်း တိုးတိုးလေး မေးသည်။

“အခုလေးတင် အမေ့ကို ကျောက်ကျောက် ဘာပြောလိုက်တာလဲ”

“တကယ်တော့ ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး” ကျီကျောက်သည် သူမ၏ နှုတ်ခမ်းအား စုဝိုင်းလိုက်ကာ အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။

“အရင်ဆုံး ထျန်ရှင်းစားသောက်ဆိုင်က ဟင်းလျာတွေကို မြည်းစမ်းကြရအောင်လေ၊ နောက်မှ ကျွန်မ ရှင့်ကို ပြောပြမယ်”

“ဧည့်သည်တော်များ…. ကျေးဇူးပြုပြီး အထဲကို၀င်ကြပါခင်ဗျ” စိတ်အားထက်သန်လှသည့် စားပွဲထိုးသည် ကျောက်လန်ဟွာနှင့် အခြားသူများအား ခန်းမထဲရှိ စားပွဲအလွတ်တစ်ခုသို့ အလျင်အမြန် လမ်းပြကာ အပြုံးလေးဖြင့် မိတ်ဆက်သည်။

“ကျွန်တော်တို့မြို့တော်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာထင်ပါတယ်၊ ကျွန်တော်တို့ ထျန်ရှန်းစားသောက်ဆိုင်ဟာဆို မြို့တော်မှာ ပထမအဆင့် စားသောက်ဆိုင်ပါဗျ၊ အဓိကဟင်းလျာတွေဟာဆိုရင် ကြက်သားအကြွပ်ကြော်၊ ရတနာရှစ်ပါးဘဲသား၊ ငါးပေါင်းနဲ့ ဆန်မှုန့်၀က်သားပေါင်းတို့ဘဲ ဖြစ်ပါတယ်၊ ဘာများ သုံးဆောင်ချင်ပါသလဲ ဧည့်သည်တော်များဗျ”

ကျောက်လန်ဟွာသည် သူမဘေးရှိ ကျီကျောက်အား မသိစိတ်မှ ကြည့်လိုက်မိသည်။

“အာ့ထောင်…. အမေတို့ ဘာမှာကျရင် ကောင်းမလဲ”

“အရင်ဆုံး ကြက်အကြွပ်ကြော်ရယ် ငါးပေါင်းရယ် ကြက်သွန်ဖြူဆလပ်ရွက်ရယ် ပြောင်းဖူးပေါင်မုန့်ပြားရယ် မှာမယ်” ကျီကျောက်သည် ပုံမှန်အတိုင်း နံရံပေါ်ရှိ အစားအသောက်စာရင်းအား ကြည့်လျက် အလျင်အမြန် သူမစိတ်အား ပိုင်းဖြတ်လိုက်ပေသည်။

“အာ့ထောင် ဒီဟင်းလျာတွေက ဈေးမနည်းဘူး” အစားအသောက်စာရင်းအား ကြည့်ပြီးနောက် ကျောက်လန်ဟွာသည် ကျီကျောက်အား ပူဆွေးသောကရောက်စွာကြည့်လျက် နူးညံ့စွာ ညည်းညူပြောသည်။

“ဒီကြက်အကြွပ်ကြော်က ငွေ ( ၆ ) လျန်းတောင် ကုန်ကျမှာ အရမ်းဈေးမကြီးလွန်းဘူးလား”

ကျောက်လန်ဟွာသည် သူမ တစ်နှစ်ပတ်လုံး အပင်ပန်းခံ ကျွေးမွေးခဲ့ရသည့် ကြက်များမှာ နှစ်ကုန်တွင် အများဆုံးမှ ငွေ ( ၂ ) လျန်’သာ ရောင်းရပေသည်။

ကြက်အကြွပ်ကြော်အား စားပွဲပေါ်သို့ တည်ခင်းပြီးနောက်တွင် ကျောက်လန်ဟွာသည် ထိုအရာမှာ ပို၍ပင် မတန်သလို ခံစားရပေသည်။

“ဒီကြက်သားက အရမ်းမသေနေဘူးလား”

“အမေ အရင်မြည်းကြည့်ပါဦးရှင့်” ကျီကျောက်သည် ကြက်ပေါင်တစ်ချောင်းအား ကောက်ယူလျက် ကျောက်လန်ဟွာရှေ့ရှိ ပန်းကန်လုံးထဲသို့ အပြုံးလေးဖြင့် ထည့်လိုက်ပေသည်။

“အရင်မြည်းကြည့်ပါ ပြီးမှ ထျန်ရှန်းစားသောက်ဆိုင်ရဲ့ ဒီအထူးဟင်းလျာမှာ ဘာထူးခြားချက်ရှိတယ်ဆိုတာ ကြည့်ရအောင်လေ။”

ကျောက်လန်ဟွာသည် ခဏလောက် စဉ်းစားပြီးနောက် သူမ၏ ပါးစပ်အား ဖွင့်၍ တစ်ကိုက်ကိုက်လိုက်ပေသည်။

ဒီကြက်အကြွပ်ကြော်သည် တကယ်ကို မွှေးပျံ့ကာ ကြွပ်ရွလှပေသည် အထူးသဖြင့် ကြက်သား၏ အပြင်ဖက်အရေခွံမှာ ရွှေရောင်သန်းနေပြီး ကြွပ်ရွကာ နူးအိလှ၍ တကယ့်ကို အရသာရှိပေသည်။

***

All Chapters