← Chapters

ကျွန်မလည်း ထူးဆန်းတယ်လို့ ထင်တယ်။

Vol. 22 Ch. 322

ကျွန်မလည်း ထူးဆန်းတယ်လို့ ထင်တယ်။

Vol. 22 Ch. 322

ကျီကျောက်၏ လေသံမှာ ညင်သာပေမဲ့လည်း သူမရှေ့ရှိကောင်ငယ်လေးမှာ ကြောက်လန့်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုနောက်တွင် သူသည် သူ့လည်ပင်းအား ကျုံ့လိုက်ကာ သူ၏ မဲမှောင်နေသည့် မျက်လုံးလေးများမှာ ကျားဂူထဲသို့ တိုး၀င်မိသည့် ဖြူစင်လှသည့် သမင်ငယ်လေးတစ်ကောင်ကဲ့သို့ ရွှန်းစိုနေပေသည်။

“မကြောက်နဲ့နော်” ကျီကျောက်သည် သူမ အသံအား လျှော့လိုက်ကာ တိုးတိုးလေး ထပ်မေးသည်။

“မင်း ၀က်နံရိုးစွပ်ပြုတ်တွေ အကုန်လုံး သောက်လိုက်တယ်ဆိုရင်တောင် ကိစ္စမရှိဘူး၊ တို့မင်းကို အပြစ်မတင်ပါဘူကွယ်၊ တို့က ဒီတိုင်း နည်းနည်းလေးသိချင်လို့ပါ၊ တစ်လျှောက်လုံး ခန်းမထဲမှာဘဲ မင်း ထိုင်နေခဲ့ပြီး မီးဖိုချောင်ထဲ မသွားခဲ့ဘူး၊ ဒါကို ဘယ်လိုလုပ်ပြီး စွပ်ပြုတ်တွေ အများကြီး သောက်ခဲ့နိုင်တာလဲ”

ကျီကျောက်ရဲ့ စိတ်ထဲမှာ ရဲရင့်တဲ့ ခန့်မှန်းချက်တစ်ခု စိတ်ထဲပေါ်လာခဲ့ပေမဲ့ သူမကတော့ ဒီအကြောင်းကို ဆက်မတွေးရဲဘူး။

ခုံတန်းရှည်ပေါ်မှာ ရိုကျိုးစွာ ထိုင်နေသည့် ကောင်ငယ်လေးသည် သူမအား ဗလာမျက်၀န်းများဖြင့် ကူရာမဲ့စွာ ကြည့်နေပြီး အဆုံးမှာတော့ ညင်သာစွာ ခေါင်းညိမ့်ပြသည်။

သူလိုချင်နေသမျှ ချက်ချင်းပဲ သူရနိုင်ပေသည်။

ဒီအကြောင်းအရင်းက သူ့အား လျှို့ဝှက်ခန်းထဲ၌ အချိန်ကြာရှည်စွာ ပိတ်လှောင်ခံခဲ့ရသော်လည်း အသက်ရှင်လွတ်မြောက်စေခဲ့သည်။

ကျီကျောက်သည် အနည်းငယ် မှင်သက်သွားမိသည်။ ဒီကောင်ငယ်လေးမှာ တကယ်ပဲ အဝေးကို ထိန်းချုပ်နိုင်သည့် စိတ်စွမ်းအား ရှိနေတာများလား။

သူသည်သည် မယုံနိုင်မှုဖြင့် တိတ်ဆိတ်နေသည့် ရှန်းယောင်အား နောက်လှည့်ကြည့်လိုက်သည်။ သူတို့ တစ်ဦးနှင့် တစ်ဦး အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့စုံတွဲမှာ ဘာပြောရမည်မှန်း မသိကြပေ။

ဒီလိုစွမ်းအင်မျိုးက ရှားပါးလှပေသည်။

“တို့မှတ်မိသလောက် မီးဖိုချောင်ထဲမှာ ဘန်းမုန့်တချို့ ကျန်သေးတယ်၊ မင်း စားချင်လား”

ကျီကျောက် စကားဆုံးသည်နှင့် ကောင်ငယ်လေး ရှောင်ကျူးသည် နာခံစွာ ခေါင်းညိမ့်ပြလာပြီး သူ့မျက်လုံးတွေက မျှော်လင့်ချက်တွေနှင့် ပြည့်နှက်နေသည်။

“ဒါဆို မင်းကိုယ်တိုင် ယူစားလိုက်လို့ဖြစ်လား” ကျီကျောက်က တွန့်ဆုတ်တွန့်ဆုတ်နှင့် မေးလိုက်သည်။ “မင်း ဒီမှာ ထိုင်နေရင်း လှမ်းယူလိုက်လို့ ဖြစ်တယ်မလား။”

ကောင်လေးက စကားမပြောဘူး။

ကျီကျောက်က လှည့်ပြီး ရှန်းယောင်ကို ထပ်ကြည့်လိုက်ပြန်သည်။

မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ ကောင်လေးရဲ့ လက်ထဲမှာ ဘန်းမုန့်တစ်ခု လေထဲကနေ ပေါ်လာခဲ့သည်။

“အခု လတ်တလောတော့ သူကို စစ်အန်းခန်းမဆောင်ဆီ ပို့လို့ မဖြစ်သေးဘူး” ရှန်းယောင်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မျက်မှောင်ကြုတ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “ဒီကလေးရဲ့ အရည်အချင်းကို ကိုယ်တို့ မသိသေးဘူး။ သူ့မှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိပုံရတယ်။ သူ့ကို စစ်အန်းခန်းမဆောင်ဆီ ပို့လိုက်ရင် ပြဿနာတက်နိုင်တယ်…”

“ဟုတ်တယ်” ရှန်းယောင်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျီကျောက် သဘောတူလိုက်သည်။

နှစ်ယောက်သား ဆွေးနေးပြီးနောက် ကောင်လေးကို သူတို့အိမ်မှာ ခဏထားဖို့ ဆုံးဖြတ်ခဲ့ကြသည်။

“မင်းနာမည်ကို မှတ်မိသေးလား” ကျီကျောက်က စိတ်မသက်မသာဖြစ်နေတဲ့ ကောင်လေးကို ငုံ့ကြည့်ပြီး နူးညံ့တဲ့အပြုံးနှင့် မေးလိုက်သည်။

ကောင်ငယ်လေးက ခေါင်းခါပြီး တိတ်တဆိတ် ရှိနေခဲ့သည်။

“မင်းကို ဝိုင်ဆိုင်ထဲမှာ ရှာတွေ့ခဲ့တာဆိုတော့ အခုကစပြီး မင်းကို ရှောင်ကျူးလို့ခေါ်ရင်ကောင်းမလား။”

[ 'ရှောင်’ ဆိုသည်မှာ ‘အသေးလေး’ ဟု ချစ်စနိုးဖြင့်ခေါ်ခြင်းဖြစ်ကာ ‘ကျူး’ ဆိုသည့် စာလုံးမှာ တရုတ်စာလုံး ‘အရက်’ ဆိုသည့် စာလုံးနှင့် သံတူကြောင်းကွဲ စာလုံးဖြစ်သည်]

ကျီကျောက် ထိုသို့ပြောပြီးသည်နှင့် ကောင်ငယ်လေး - မဟုတ်ဘူး၊ ရှောင်ကျူးလို့ခေါ်သင့်တယ် - က နာခံစွာ ခေါင်းညိတ်ပြသည်။

ရှောင်ကျူးအား နေစရာ နေရာ စီစဉ်‌ပေးပြီးနောက် ကျီကျောက်သည် သူမ အခန်းဆီသို့ ပြန်သွားသည်။ ထိုအချိန်တွင် ရှန်းယောင်သည် အိပ်ရာခင်းကျင်းပြီးနေပြီဖြစ်သည်။

“ရှောင်ကျူးရဲ့ နောက်ကြောင်းအမှန်နဲ့ ပတ်သက်ပြီး စဉ်းစားနေတုန်းပဲလား” ရှန်းယောင်သည် သူမ၏ စိုးရိမ်ပူပန်နေသည့် အမူအရာအား ကြည့်လျက် သူမ နောက်ကျောဖက်သို့ လျှောက်လာကာ သူမ၏ နားသယ်ဖျားလေးအား ပွတ်သပ်လိုက်ရင်း တိုးတိုးလေး မေးသည်။

“အင်း” ကျီကျောက်က ခေါင်းညိမ့်ပြသည်။

“ရှန်းယောင်….. ရှောက်ကျူးက ဘယ်သူဖြစ်မယ်လို့ ရှင်ထင်မိလဲ၊ သူက ချန်ချန်ထက် ငယ်တဲ့ပုံပေါ်ပေမဲ့ ဒီလိုမျိုး ထူးခြားတဲ့စွမ်းရည်လဲ ရှိတယ်၊ သူက စိတ်စွမ်းအားရှင် တစ်ယောက်ပဲ”

ကံဆိုးစွာနှင့် ရှောင်ကျူးက စကားမပြောတတ်ပေ။

“မနက်ဖြန်ကျရင် ကိုယ်တို့တွေ သူ့ကို ကူကြည့်ပေးဖို့ ဆရာကြီးကို မေးကြရအောင်လေ” ရှန်းယောင်က သူမအား ညင်သာစွာ နှစ်သိမ့်ပေးသည်။

“ကိုယ်‌တို့တွေ ရှောင်ကျုးကို ‌အရက်သိုလှောင်ခန်းထဲမှာ တွေ့ကတည်းက ကိုယ်တို့နဲ့ သူ့ကြားမှာ ရေစက်ရှိနေတာပဲလေ”

“အမှန်ပဲ” ကျီကျောက်သည် ချက်ချင်း ခေါင်းညိမ့်ပြသည်။ သူမ‌က ‌ကံကြမ္မာကို ယုံပေသည်။

ရေစက်ရှိတာကြောင့် သူမတို့တွေ ရှောင်ကျူးကို ကယ်ထုတ်နိုင်ခဲ့ကြတာ မဟုတ်ပါလား။

“စောစောအိပ်တော့” ရှန်းယောင်က ပြုံးရင်း တိုးတိုးလေး ပြောသည်။

“မနက်ဖြန်မနက်ကျရင် ကိုယ်တို့တွေ ချွင်းဖုန့်စားသောက်ဆိုင်ကို သွားရမယ်မဟုတ်လား”

“ဟုတ်တယ် ဟုတ်တယ်” ကျီကျောက်သည် အလျင်အမြန် ခေါင်းညိမ့်ပြသည်။

ချွင်းဖုန့်စားသောက်ဆိုင်မှာ ဖွင့်ခါနီးပြီ ဖြစ်သည်။ သူမ ဒီကိစ္စကို ပြင်ဆင်မှု ကောင်းကောင်း မလုပ်နိုင်သေးခင်ထိ သူမ အားအင်ကို ချွေတာထားရပေမည်။

သိပ်မကြာခင်မှာဘဲ ကျီကျောက် အိပ်ပျော်သွားသည်။

သူမ၏ ပုံမှန်ဖြစ်ပြီး ချိုမြိန်သည့် အသက်ရှူသံလေးအား နားထောင်လျက် ရှန်းယောင်သည် ကူရာမဲ့စွာဖြင့် မျက်ခုံးပင့်လိုက်မိသည်။

သူ့ဇနီးလေးမှာ တကယ်ကို ပွင့်လင်းလွန်းလှပေသည်။

ဒါက ကောင်းတယ်ဆိုပေမဲ့လည်း သူမ စိတ်ထဲမှာ အများကြီး သိမ်းထားမိရင် သူမကို ပင်ပန်းနွမ်းနယ်အောင် လုပ်နိုင်ပေသည်။

နောက်တစ်နေ့မနက်၌ နတ်ဆေးသမားတော် ရှန်းဟယ်သည် မက်မွန်ပွင့် အိမ်တော်ထဲသို့ ရောက်လာချိန်တွင် ပြင်းထန်လှသည့် မွှေးရနံ့တစ်ခုအား ရှူရှိုက်မိသည်။

မက်မွန်ပွင့်အိမ်တော်ဆိုသည်မှာ ရှန်းယောင်မှ သူနှင့် ကျီကျောက်တို့၏ အိမ်တော်ငယ်လေးအား အထူးတလည် အမည်မှည့်ခေါ်ထားခြင်း ဖြစ်သည်။ သူသည် အထူးတလည်အနေဖြင့် တံခါးမကြီး၏ ဘေးဖက်တွင် စတုရန်းပုံ ကျောက်ပြားငယ်လေးအား ထွင်းထုထားလိုက်သေးသည်။ ထိုကျောက်ပြားငယ်လေးပေါ်တွင် မက်မွန်ပွင့်အိမ်တော်ဟူ၍ ရေးထွင်းထားလျက် ထိုစာလုံးများမှာ ခမ်းနားထည်ဝါ၍ ဩဇာကြီးမားကာ အလွန်တရာမှ အမြင်ဖမ်းစားနိုင်ပေသည်။

“ဒီမွှေးရနံ့က….. ဘယ်လိုစွပ်ပြုတ်မျိုးပါလိမ့်” လွန်ခဲ့သည့် တစ်နာရီခန့်အကြာက နတ်ဆေးသမားတော် ရှန်းဟယ်သည် နာမည်ကြီးလှသည့် ရှောင်မိသားစု ဖက်ထုပ်အား မြည်းစမ်းခဲ့ပြီး‌ပြီဖြစ်သည်။ သို့ပေမဲ့ ယခုအချိန်တွင်တော့ သူစားခဲ့သည့် ဖက်ထုပ်များမှာ အစာကြေသွားသလို ခံစားလိုက်ရပေသည်။ အဆုံးမှာတော့ သူ့နှာခေါင်းထဲသို့ ၀င်ရောက်လာသည့် မွှေးရနံ့မှာ အရမ်းကိုမှ ဖြား‌ယောင်းနိုင်လွန်းပေသည်။

“ဆရာ…. ရောက်ပြီလား” ရင်းနှီးနေသည့်အသံအား ကြားလိုက်ရသဖြင့် ကျီကျောက်သည် မီးဖိုချောင်ထဲမှ အလျင်အမြန် ထွက်လာကာ အပြုံးလေးဖြင့် သူ့အား နှုတ်ဆက်လိုက်ပေသည်။

“ဒီမနက်ပဲ အမေက ဈေးထဲသွားပြီး သိုးသား အရိုးတွေ ၀ယ်လာခဲ့တယ်၊ အခုပဲ အမေက သိုးစွပ်ပြုတ် လုပ်နေတာပါ၊ ဆရာ စားပြီးပြီလား…. မစားရသေးရင် တပည့် ခဏနေရင် သိုးစွပ်ပြုတ် တစ်ပန်းကန် ထည့်လာပေးမယ်”

နတ်ဆေးသမားတော် ရှန်းဟယ်သည် ချက်ချင်းပဲ ခေါင်းညိမ့်ပြသည်။ “အနံ့က အတော်လေး မွှေးတယ်၊ အပိုရှိမယ်ဆိုရင် ဆရာ့ကိုလဲ တစ်ပန်းကန်လောက် ထည့်ပေးပါဦးကွယ်”

“ကောင်းပါပြီ ဆရာ” ကျီကျောက်သည် တောက်ပစွာ ပြုံးလိုက်ရင်း သဘောတူလိုက်ပေသည်။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် နတ်ဆေးသမားတော် ရှန်းဟယ်သည် ရှောင်ကျူးအား ကြည့်နေရင်း တဖြေးဖြေး မျက်မှောင်ကြုတ်လိုက်သည်။

“မင်း ပါးစပ်ကို ဖွင့်လိုက်”

သို့ပေမဲ့ ရှောင်ကျူးသည် စိတ်လှုပ်ရှားစွာဖြင့် ‌ရှန်းယောင်၏ အနောက်တွင် ပုန်းနေသည်။ ထပ်ပြောရလျှင် ထူးဆန်းလှပေသည်။ မနေ့ကတင် ရှောင်ကျူးသည် ရှန်းယောင်နှင့် ကျီကျောက်အား မျက်နှာချင်းဆိုင်မိချိန်တွင် စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေခဲ့ပေမဲ့ ယခုမူ သူတို့အပေါ် မှီခိုအားကိုးလာပေသည်။

“ရှောင်ကျူး လိမ္မာစမ်းပါကွာ” ရှန်းယောင်သည် လျင်မြန်စွာ သူ့အား နှစ်သိမ့်ပေသည်။

“စိတ်မလှုပ်ရှားပါနဲ့…. ဆရာကြီးက အန္တရာယ်ပြုချင်တာမျိုး မရှိဘူး”

နောက်ဆုံးတော့ ရှောင်ကျူးသည် နာခံစွာဖြင့် သူ့ပါးစပ်အား ဖွင့်လာသည်။

ခဏကြာပြီးနောက် နတ်ဆေးသမားတော် ရှန်းဟယ်သည် လေးနက်သော အသံဖြင့် ပြောသည်။

“ဒီကလေးက အ,နေတာ မဟုတ်ဘူး….. သူက စကားကို ဘယ်လိုပြောရမယ်ဆိုတာ မသိရုံပဲ”

သူ့သွေးခုန်နှုန်းတွင် ပုံမှန်မဟုတ်မှုများ မရှိပေ။ သူ့လည်ချောင်းတွင်လည်း ထိခိုက်ထားသည့် လက္ခဏာမျိုး မပြပေ။

ဆိုလိုသည်မှာ သူက သေချာပေါက် အ,နေခြင်း မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ် ဆရာ”

ထိုအချိန်တွင် ကျီကျောက်သည် သိုးသားဂျုံခေါက်ဆွဲစွပ်ပြုတ်အား ယူဆောင်လာလျက် လျှောက်လာပေသည်။ သူမသည် နတ်ဆေးသမားတော် ရှန်းဟယ်အား ကျေးဇူးတင်စွာ ပြုံးပြသည်။

“ဆရာ အရင် စားလိုက်ပါဦး” ရှောင်ကျူးသည် ကျီကျောက် လက်ထဲမှ သိုးသားဂျုံခေါက်ဆွဲစွပ်ပြုတ်အား စိုက်ကြည့်လျက် တံတွေးမြိုချလိုက်မိသည်။

“စိတ်မပူပါနဲ့ကွယ်” ကျီကျောက်သည် ရှောင်ကျူးအား ကြည့်လိုက်ရင်း ပြုံးပြသည်။

“ခဏနေကျရင် တို့မင်းအတွက် ထည့်လာပေးမယ်”

သိုးသားစွပ်ပြုတ်သည် နှစ်နာရီခန့်ကြာအောင် တည်ထားခြင်း ဖြစ်သဖြင့် မွှေးရနံ့များ သင်းကြိုင်လှပေသည်။ ကန်စွန်းဥဂျုံခေါက်ဆွဲနှင့် တွဲစားရင် အရမ်းစိတ်ကျေနပ်စရာ ကောင်းပေသည်။

ကျီကျောက် ဆေးကြောသန့်စင်ထားသည့် သိုးသားမှာ မညှီသလို အသား၏ မူလမွှေးရနံ့အား ထိန်းသိမ်းထားပေသည်။ အပေါ်ယံတွင် ကြက်သွန်မြိတ်လေးအား ဖြူးထားသေးသဖြင့် ကြည့်လိုက်ရုံဖြင့်ပင် စားချင်စိတ်အား တိုးစေသည်။

ဖက်ထုပ်များ စားခဲ့ပြီးသည့် နတ်ဆေးသမားတော် ရှန်းဟယ်တောင် သိုးသားခေါက်ဆွဲစွပ်ပြုတ်အား နှစ်ပွဲ ဆက်တိုက် သုံးဆောင်ခဲ့ပေသည်။

နတ်ဆေးသမားတော် ရှန်းဟယ်သည် နှစ်ကြိမ် ဆက်တိုက် လေချဉ်တက်ပြီးနောက် စားလျက် ရှိနေသေးသည့် ရှောင်ကျူးအား ကြည့်လျက် အားကျစွာ ပြောသည်။

“ငယ်တာက ကောင်းလိုက်တာကွာ…. ဘယ်လိုပဲစားစား ဗိုက်ပြည့်တယ်လို့ကို မခံစားရဘူး”

သို့ပေမဲ့ သူ စကားဆုံးသည့်အချိန်တွင် တစ်ခုခု မှားနေသေးသည်အား သိလိုက်ရပေသည်။

“သူက လေးပွဲ ဆက်တိုက်တောင် စားပြီးပြီမလား၊ ဘာလို့ အခုထိ သူ ဗိုက်မပြည့်သေးတာလဲ” နတ်ဆေးသမားတော် ရှန်းဟယ်သည် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

“ဆရာ ရှောင်ကျူးက မနေ့ညကလဲ ၀က်နံရိုးစွပ်ပြုတ် တစ်အိုးလုံး ကုန်အောင် သောက်ခဲ့သေးတယ်” ကျီကျောက်က အလျင်အမြန် ပြောလိုက်သည်။

“တပည့်လဲ ထူးဆန်းတယ်လို့ ခံစားရတယ်”

***

All Chapters