← Chapters

ပထမဆုံးဧည့်သည်။

Vol. 22 Ch. 324

ပထမဆုံးဧည့်သည်။

Vol. 22 Ch. 324

“တို့မြို့တော်မှာ စားသောက်ဆိုင်အသစ် ဖွင့်တယ်ဆိုတာ ကြားပြီးပြီလားဝေ့။”

“ယင်ချွမ်စားသောက်ဆိုင်နဲ့ ထောင့်ဖြတ် ဆန့်ကျင်ဖက်မှာ ရှိတာလေ”

“ဟုတ်တယ် ဟုတ်တယ် ချွင်းဖုန့်စားသောက်ဆိုင်လေ”

“ချွင်းဖုန့်စားသောက်ဆိုင်ရှင်ကတော့ ရူးသွပ်နေတာပါပဲ၊ ပထမဆုံးဆိုင်ဖွင့်တဲ့ နှစ်ရက်မှာ သူမက လူတိုင်းကို အစားအစာတွေ အခမဲ့မျှဝေပေးခဲ့တယ်”

“နင့်ကို လိမ်နေတာတဲ့လား…. ငါက ဘာလို့လိမ်ရမှာလဲ၊ ဒီမနက်က ငါ့အမေကို ၀က်နံရိုးစွပ်ပြုတ်ပွဲကြီး နှစ်ပွဲ သောက်ဖို့ ခေါ်သွားတယ်၊ အမေက ကံကောင်းတော့ ၀က်နံရိုးစွပ်ပြုတ် နှစ်ပွဲ မြည်းစမ်းနိုင်ခဲ့တယ်”

“၀က်နံရိုးစွပ်ပြုတ်ပဲမလား။ ဘာတွေက ကြီးကျယ်နေလို့လဲ”

“၀က်နံရိုးစွပ်ပြုတ်ပဲ မဟုတ်ဘူး၊ မနေ့က သိုးသားပေါင်မုန့်ကို အရမ်းအရသာရှိတာပဲ၊ စကားမစပ် မနက်ဖြန်ကျ ငါတို့တွေ ကိတ်မုန့်စားရမယ်လို့ ကြားခဲ့တယ်”

မက်မွန်ပွင့်အိမ်တော်။

ကျောက်လန်ဟွာသည် ကိတ်မုန့်များအား စိတ်လှုပ်တရှားလုပ်နေသည့် ကျီကျောက်အား ကြည့်လျက် တစ်ခုခု ပြောချင်ပေမဲ့ တုံ့ဆိုင်းနေမိသည်။

ကျီကျောက်သည် သူမ သုံးစွဲလိုက်သည့် ငွေများကြောင့် သူမ အမေ စိုးရိမ်နေသည်အား နားလည်ပေမဲ့ ခဏတာလောက် သူမအား မည်သို့ ရှင်းပြရမည်ကို မသိခဲ့ပေ။ တကယ်တော့ လွန်ခဲ့တဲ့နှစ်ရက်လုံး ဆုံးရှုံးမှုများစွာရှိပုံထင်ရပေမဲ့ အားလုံးမှာ သူမ ထိန်းချုပ်မှုအောက်‌တွင် ရှိနေပေသည်။

အခမဲ့‌အရာများအပေါ်ရှိ ဧည့်သည်များ၏ အားနည်းချက်အား အခွင့်ကောင်းယူ၍ ချွင်းဖုန့်စားသောက်ဆိုင်နာမည်အား အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပေသည်။

ဒါဟာ ကြော်ညာခြင်း၏ အကျိုးသက်ရောက်မှုပဲ ဖြစ်သည်။

ချွင်းဖုန့်စားသောက်ဆိုင်အား ဖွင့်လှစ်သည့် သုံးရက်လုံးတွင် စားကောင်းသောက်ဖွယ်များအား အခမဲ့ ဝေပေးခဲ့ပေမဲ့ စီးပွားရေးအတွက် မဖွင့်လှစ်ရသေးသည့်အတွက် လူတိုင်း၏ သိချင်စိတ်အား ဖမ်းဆုပ်နိုင်ခဲ့ပေသည်။

ထပ်ပေါင်းပြောရလျှင် သူမသည် စားသုံးသူများ၏ သိချင်စိတ်အား အသုံးချချင်၍ ချွင်းဖုန့်စားသောက်ဆိုင်မှ စားကောင်းသောက်ဖွယ်များအား လူတိုင်း၏ စိတ်ထဲတွင် စွဲမြဲစေချင်ပေသည်။

“အာ့ထောင် သမီး အဖေနဲ့ အမေတို့ သဘက်ခါကြရင် ပြန်ကြတော့မလို့လေ” ကျောက်လန်ဟွာသည် မီးဖိုထဲသို့ မီးမွှေးပြီးနောက် တိုးတိုးလေး ပြောသည်။

“အခု‌တော့ သမီးနဲ့ စန်းလန်တို့ အဆင်ပြေပြေနေနေကြတာကို အမေတို့မြင်ရတာနဲ့တင် စိတ်သက်သာရာရသွားပါပြီ”

“အမေ မြို့တော်မှာ ရက်အနည်းငယ်ထပ်နေဖို့ အစီအစဉ်လုပ်ထားတယ် မဟုတ်ဘူးလား” ကျီကျောက်သည် အလျင်အမြန် ခေါင်းမော့လိုက်ကာ သူမ မျက်၀န်းများထဲတွင် သဘောမတူရိပ်များပြည့်လျက် မေးလိုက်သည်။

“အိမ်မှာ အမေတို့လယ်တွေ ရှိသေးတယ်ကွယ့်” ကျောက်လန်ဟွာသည် ပြုံးလျက် ရှင်းပြလာသည်။

“အာ့ထောင် အမေ့နှလုံးသား အောက်ခြေကနေ သမီးကို တစ်ခုလောက် ပြောခွင့်ပြုနော်၊ ချွင်းဖုန့်စားသောက်ဆိုင် ဖွင့်လှစ်တဲ့ သုံးရက်လုံး ဧည့်သည်တွေကို ကြိုဆိုဖို့ သမီး ဘာမှ မလုပ်ဘဲ အစားအသောက်တွေ ဝေနေတယ်ဆိုတာ အမေ သိပ်နားမလည်ဘူး။”

“အမေ…. သမီး….” ကျီကျောက် ရှင်းပြရန်လုပ်လိုက်ချိန်တွင် ကျောက်လန်ဟွာက ခေါင်းခါပြလာသည်။

“မစိုးရိမ်ပါနဲ့၊ ဒီလိုတွေ လုပ်ရတဲ့ အကြောင်းရင်း သမီးမှာ ရှိမယ်ဆိုတာ အမေသိပါတယ်၊ သမီး အမေ့ကို ရှင်းပြရင်တောင် အမေ နားလည်မှာ မဟုတ်တာကိုလည်း အမေ သိပါတယ်၊ ဒါကြောင့် အမေ ဒီကိစ္စကို ဒီတိုင်းပဲထားပြီး မမေးတော့ပါဘူး”

“အမေ….” ကျီကျောက်သည် ပြုံးလိုက်မိကာ သူမ၏ မျက်လုံးထောင့်စွန်းများမှာ သိသာထင်ရှားစွာ ရဲတက်လာပေသည်။

ကျောက်လန်ဟွာလို နားလည်မှုရှိပြီး ကျိုးကြောင်းဆီလျော်တဲ့ ယောက္ခမတစ်ယောက်ကို မီးအိမ်နဲ့တောင် ရှာရခက်တယ်။

“နောက်ပြီး ဆိုင်ရှင်ချန်က စားပွဲထိုးနှစ်ဦး ခန့်ထားပြီးပြီလို့ ပြောခဲ့တယ်မလား၊ အမေ ဒီမှာနေလဲ ဘာမှ သိပ်မကူနိုင်ဘူး၊ ဒါကြောင့် သမီးအဖေနဲ့ အမေတို့ သဘက်ခါမနက်ကျရင် တင်းယွမ်ကောင်တီကို ပြန်ကြတော့မလို့လေ”

“ဒါဆိုရင် နေ့လယ်ကြရင် အမေကိုအဖော်ပြုပြီး လမ်းလျှောက်ထွက်ကြမယ်၊ ဘာပဲဖြစ်ဖြစ် အမေတို့ မြို့တော်ကို ရောက်လာပြီဆိုမှတော့ အဖိုးနဲ့ ဒုတိယမရီးတို့အတွက် လက်ဆောင်‌ဖြစ်ဖြစ် ၀ယ်သွားရမယ်မလား” ကျီကျောက်က တောက်ပစွာပြုံးရင်း အကြံပြုလာသည်။

“အမှန်ပဲ” ကျောက်လန်ဟွာသည် အလျင်အမြန် ခေါင်းညိမ့်ပြသည်။

“ဒါဆို သမီး စီစဉ်တာကို အမေ နာခံပါ့မယ်ကွယ်”

ကိုးလပိုင်းဆယ်ရက်နေ့ ချွင်းဖုန့်စားသောက်ဆိုင် ဖွင့်လှစ်ခြင်း တတိယမြောက်နေ့။

ကိတ်မုန့် ၆၆ခုအား ဝေပေးပြီးနောက်တွင်တော့ တစ်စုံတစ်ယောက်မှ စုံစမ်းမေးမြန်းလာသည်။

ကျီကျောက်သည် သူမ အထူးတလည် ရေးဆွဲထားသည့် အစားအသောက်စာရင်းနှင့် ဈေးနှုန်းများအား ပြလိုက်သည့်အခါ လာရောက်စုံစမ်းမေးမြန်းသည့် ဧည့်သည်များမှာ မှင်သက်သွားကြသည်။

ခန်းမ အကျယ်ကြီးမျိုး မရှိပေ။ သီးသန့်ခန်းများသာ ရှိပေသည်။

ဒီလိုစားသောက်ဆိုင်မျိုးဖွင့်သည့် တစ်စုံတစ်ယောက်အား တွေ့ရသည်မှာ ရှားပါးလှပေသည်။

ချွင်းဖုန့်စားသောက်ဆိုင်မှ မဖွင့်လှစ်ခင် သုံးရက်ဆက်တိုက် ဧည့်သည်တစ်ဦးမှ မရလိုက်ဘဲ ငွေ ဆယ်လျန်း သုံးခဲ့ပြီးသည်အား သိလိုက်ရပြီးနောက် ချင်မင်ဟုန်သည် ထိုင်မနေနိုင်တော့ပေ။ သူသည် မက်မွန်ပွင့်အိမ်တော်သို့ အလျင်အမြန် ပြေးလာပြီး ကျီကျောက်သည် အမူအရာမဲ့စွာ ကြည့်လိုက်မိသည်။

“အဟမ်း” ကျီကျောက်က ခပ်ဖျော့ဖျော့ ချောင်းဆိုးလိုက်မိသည်။

“အစ်ကိုကြီးချင် ကျွန်မကို ဒီလိုမျိုး ဆက်ပြီးစိုက်ကြည့်နေမယ်ဆို ရှန်းယောင် ပြန်လာရင် အစ်ကိုကြီးကို သေချာပေါက် ရိုက်နှက်လိမ့်မယ်”

“မီးက မင်းနဖူးကိုတောင် စလောင်ခါနီးနေပြီ၊ ကိုယ့်ကို စနောက်နိုင်တဲ့ စိတ်အခြေအနေ ရှိသေးတယ်ပေါ့” ချင်မင်ဟုန် တကယ် နားမလည်နိုင်ပေ။

“အာ့ထောင်…. အခက်အခဲ တစ်ခုခု ကြုံနေရတယ်ဆိုရင် ကိုယ့်ကို ပြောစမ်းပါကွာ”

“အစ်ကိုကြီးချင် ချွင်းဖုန့်စားသောက်ဆိုင်ကို စိုးရိမ်နေတာလား”

“ဘာများ ထပ်ရှိသေးလို့လဲ”

“အစ်ကိုကြီးချင် စိတ်မပူပါနဲ့” ကျီကျောက်က တည်ငြိမ်စွာဖြင့် ပဲနီစွပ်ပြုတ်ချိုချိုအား သောက်လိုက်ပြီး အပြုံးလေးဖြင့် ပြောသည်။

“စီးပွားရေးက ဖြစ်လာနေပါပြီ”

ချင်မင်ဟုန်သည် သူမအား ပို၍ ရှုပ်ထွေးနေသည့်အကြည့်ဖြင့် ကြည့်လာသည်။

“အစ်ကိုကြီးချင် တွေးကြည့်လိုက်ပါဦး၊ အစ်ကိုကြီး ကျွန်မနဲ့ စတွေ့တည်းက ဆုံးရှုံးမှုရှိ‌အောင် ကျွန်မ လုပ်ခဲ့မိဖူးလား”

ကျီကျောက်သည် သူ၏ စိုးရိမ်နေသည့် အမူအရာအားကြည့်လျက် ထိရှသွားသည်။

ချင်မင်ဟုန်သည် စိတ်ရင်းမှန်ဖြင့် သူမအား မိတ်ဆွေကဲ့သို့ သဘောထားသဖြင့် ချွင်းဖုန့်စားသောက်ဆိုင်၏ စီးပွားရေးအား လွန်စွာ စိုးရိမ်နေခြင်းဖြစ်သည်။

သို့ပေမဲ့ ကျီကျောက်သည် သူမ ဘာလုပ်နေသည်အား သူမ သိပေသည်။

နေ့လယ်ခင်း နှောင်းပိုင်းတွင် ချွင်းဖုန့်စားသောက်ဆိုင်သည် ပထမဆုံးဧည့်သည့်အား ကြိုဆိုလိုက်သည်။

“သခင်မရှန် ဒါက ချင်းအန်ဆန်ဆိုင်က ဆိုင်ရှင်လုပါ” ယင်ချွမ်စားသောက်ဆိုင်မှ ဆိုင်ရှင်ချန်သည် သူမအား ကူညီမိတ်ဆက်ပေးသည်။

“ဆိုင်ရှင်လု ဒါက သခင်မရှန် ကျုပ်အရင်က ခင်ဗျားကိုပြောဖူးတဲ့သူပါ၊ ကျုပ်ရဲ့ အညတရအိမ်လေးမှာ ခင်ဗျား မြည်းခဲ့တဲ့ အမဲသားစင်းကောကို သခင်မရှန် ကိုယ်တိုင် ချက်ပြုတ်ထားတာလေ”

“မင်္ဂလာပါ ဆိုင်ရှင်လု” ကျီကျောက်က ရက်ရောစွာပြုံးပြီး ပျူငှာသည့်အသံဖြင့် ပြောသည်။

“ဘယ်လို စားပွဲမျိုးကို ဆိုင်ရှင်လုအနေနဲ့ ကြိုတင်အမှာစာတင်ချင်တယ်ဆိုတာ သိချင်ပါတယ်ရှင့်”

“သခင်မရှန်ကို အသက်ငယ်ငယ်နဲ့ ဒီလောက် အရသာရှိတဲ့ အမဲသားစင်းကော ချက်ပြုတ်နိုင်မယ်လို့ ကျုပ် မထင်ထားဘူးဗျာ” ဆိုင်ရှင်လုသည် ရိုးရှင်းပြီးဖြောင့်မတ်သည့် လေးထောင့်ပုံ မျက်နှာ ရှိပေသည်။ ဆိုင်ရှင်လုသည် မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့် သူ့မေးစေ့တွင် မုတ်ဆိတ်ပါးပါး ရှိပေသည်။ သတိထားမိဆုံးအချက်မှာ သူ့ဘယ်ဖက်ပါးပြင်တွင် အနက်ရောင် လက်‌သည်းအရွယ်ရှိ မှဲ့တစ်လုံး ရှိပေသည်။

သို့ပေမဲ့ ‌ဆိုင်ရှင်လု၏ မျက်လုံးများမှာ ကြည်လင်ကာ လေးထောင့်ကျပေသည်။

“ဒီလိုပါဗျာ…. နှစ်ရက်နေရင် ကျုပ်ဇနီးမွေးနေ့လေ” ဆိုင်ရှင်လုသည် သူ့ရည်ရွယ်ချက်အား ပွင့်ပွင့်လင်းလင်း ရှင်းပြလာသည်။

“ကျုပ်ဇနီးရဲ့မွေးနေ့ပွဲကို ကျင်းပဖို့အတွက် ကျုပ် ကြိုတင်အမှာတင်ချင်တာပါ၊ ဆိုင်ရှင်ချန်နဲ့ ကျုပ်က အိမ်နီးချင်းတွေပါ၊ ရက်အနည်းငယ်အကြာက ဆိုင်ရှင်ချန်က ကျုပ်ကို အမဲသားစင်းကောတစ်ပွဲ ပို့ပေးခဲ့တယ်၊ အဲ့တာ ကျုပ်မိန်းမက အရမ်းကြိုက်တာမို့ သခင်မရှန် စားသောက်ဆိုင်ဖွင့်တယ်ဆိုတာ ကြားမိတာကြောင့် ဆိုင်ရှင်ချန်ကို ကျုပ်ကို ဒီကိုခေါ်ပြီး ကြည့်ခိုင်းစေချင်တာပါ”

သူ့ရည်ရွယ်ချက်အား နားလည်ပြီးနောက် ကျီကျောက်က ပြုံးလိုက်ကာ စိတ်ရင်းဖြင့် မြှောက်လိုက်သည်။

“ဆိုင်ရှင်လုနဲ့ သခင်မလုတို့က တကယ့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာပဲနော်”

“ကျုပ်တို့က လင်မယားတွေဖြစ်ခဲ့တာ နှစ်သုံးဆယ်လောက်ကြာပြီလေ” ဆိုင်ရှင်လုသည် အပြုံးလေးဖြင့် ပြောသည်။

“ကျုပ်ဇနီးက အမဲသားစားရတာကြိုက်တယ်၊ ကျုပ်ကို ကူပြီး စီစဉ်နိုင်မလား”

“ပြဿနာ မရှိပါဘူးရှင့်” ကျီကျောက်က သဘောတူစွာပြုံးလိုက်ပြီး မေးသည်။

“ဆိုင်ရှင်လု မနက်ဖြန်ကျရင် ရှင်နဲ့ သခင်မလုတို့ပဲ ရှိမှာလား”

“ဟုတ်ကဲ့” ဆိုင်ရှင်လုသည် အလျင်အမြန် ခေါင်းညိမ့်ပြ‌လာသည်။

“ကျုပ် သူမကို ပျော်စေချင်တယ်”

“ဒါဆိုရင် စွဲမက်ဖွယ်ကောင်းတဲ့ ချစ်ခြင်းမေတ္တာ အစားအသောက်ဝိုင်းကို မှာဖို့ အကြံပြုပါရစေ”

ကျီကျောက်က အပြုံးဖြင့် အကြံပြုသည်။

“ဒီအ‌စားသောက်ဝိုင်းလေးက ငွေလျန်း ( ၃၀ ) ခန့် ကျသင့်ပါမယ်၊ ရှင်က ဆိုင်ရှင်ချန် မိတ်ဆက်ပေးထားတဲ့ ဧည့်သည်တော် ဖြစ်တာကြောင့် ဆယ်ရာခိုင်နှုန်းလျှော့ဈေး ပေးပါမယ် ရှင်ဘယ်လိုထင်လဲရှင့်”

ငွေလျန်း ( ၃၀ )၊ ဆယ်ရာခိုင်နှုန်း နှုတ်ပြီးတာတောင် ငွေ ( ၂၇ ) လျန်း ကျသင့်မှာ မဟုတ်လား။

ဆိုင်ရှင်လု တတ်နိုင်သည့် ငွေပမာဏဖြစ်သော်လည်း ဘယ်လိုဟင်းလျာမျိုးက ဒီလောက် ငွေအများကြီး ကုန်ကျသည်အား သူ အနည်းငယ် သိချင်မိသည်။

“ဆိုင်ရှင်လု…. ချွင်းဖုန့်စားသောက်ဆိုင်မှ ဟင်းလျာတွေနဲ့ ၀န်ဆောင်မှုက ရှင်တို့လင်မယားတွေ သေချာပေါက် စိတ်ကျေနပ်စေဖို့ ကျွန်မ တာ၀န်ယူရဲပါတယ်ရှင့်” ကျီကျောက်က ခိုင်မာတည်ကြည်စွာ ‌ကတိပေးသည်။

“ချစ်ခြင်းမေတ္တာစားသောက်ဝိုင်းကို သုံးဆောင်ပြီးတာတောင် ဒီဈေးနှုန်းက မတန်ဘူးလို့ ခံစားနေရသေးရင် ကျွန်မ ငွေတစ်၀က် ပြန်အမ်းပေးပါ့မယ်ရှင့်”

ထိုစကားလုံးများအား ကြားလိုက်ရပြီးနောက် ဆိုင်ရှင်လု၏ နှလုံးသားထဲမှ တုန့်ဆိုင်းမှုများအား လုံး၀ပျောက်ကွယ်သွားပေသည်။

“ကောင်းပြီလေ”

***

All Chapters