← Chapters

ပြီးပြည့်စုံတယ်။

Vol. 22 Ch. 325

ပြီးပြည့်စုံတယ်။

Vol. 22 Ch. 325

ကျောက်လန်ဟွာသည် ချွင်းဖုန့်စားသောက်ဆိုင်မှ ပထမဆုံး အရောင်းအ၀ယ် သဘောတူညီချက် ရသဖြင့် အလွန်အမင်း ပျော်ရွှင်နေပေသည်။

ကျီကျောက်က ပထမ‌ဆုံးဧည့်သည်အား ငွေ ( ၂၇ ) လျန်းဖြင့် ပြင်ဆင်ပေးမည်အား သူမ ကြားလိုက်သည့်အခါ ကြက်သေသေသွားမိသည်။

“အာ့ထောင် အဲ့ဈေးနှုန်းက နဲနဲ အဓိပ္ပါယ် မရှိနေဘူးလားလို့လေ” ကျောက်လန်ဟွာသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ငွေ ( ၂၇ ) လျန်းနဲ့ဆို သိုးသားပေါင်မုန့်တွေ အများကြီး၀ယ်လို့ရတယ်”

ကျောက်လန်ဟွာသည် ထမင်းတစ်နပ်အတွက် ငွေ ( ၂၇ ) လျန်း သုံးစွဲခြင်းဟာ မတန်ဘူးလို့ ခံစားရပေသည်။

ဒီဈေးနှုန်းသာ ပျံ့နှံ့သွားရင် ချွင်းဖုန့်စားသောက်ဆိုင်ကို လာရောက်မည့် စားသုံးသူရှိပါဦးမလားဟု သူမ ပို၍ စိုးရိမ်မိပေသည်။

“အမေ စိတ်မပူပါနဲ့” ကျီကျောက်က ပြုံးလိုက်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

“ဆိုင်ရှင်လုနဲ့ သူ့ဇနီးသာ ဒီချစ်ခြင်းမေတ္တာစားသောက်ဝိုင်းကို သုံးဆောင်ပြီးကြရင် တန်လိုက်တာလို့ သူထင်သွားပါလိမ့်မယ်”

ကျောက်လန်ဟွာသည် နားလည်ရခက်ကြောင်း သိလိုက်ရသဖြင့် ထပ်ပြီး စဉ်းစားမနေဘဲ သူမသည် ရိုးရှင်းစွာဖြင့် ထိုအကြောင်း တွေးတောနေခြင်းအား ရပ်တန့်လိုက်ပေသည်။

ချင်အိမ်‌တော်။

သခင်မကြီးချင်သည် အထိန်းတော်ဝူဆီမှ မြို့တော်အတွင်း လတ်တလောသတင်းများ အကြောင်းကြားပြီးသည့်နောက် ရယ်မောလိုက်မိသည်။

“ဒီကောင်မလေး အာ့ထောင်ကတော့ တကယ်ကို ရဲရင့်ပါပေတယ်”

“သခင်မ…. ချွင်းဖုန့်စားသောက်ဆိုင်က ငွေရှာနိုင်မယ်လို့ ထင်လား” အထိန်းတော်ဝူသည် သူမ၏ ထိုကိစ္စနှင့် ပတ်သက်၍ သူမ၏ သံသယများအား ဖော်ပြလိုက်ပေသည်။

သခင်မလေးကျီ၏ ဟင်းချက်စွမ်းရည်မှာ အလွန်တရာ ထူးချွန်လှကြောင်း သူမ ၀န်ခံသော်ငြား စားသောက်ဆိုင်ဖွင့်ခြင်းမှာ အလှူလုပ်နေခြင်း မဟုတ်ပေ။ သူမ ဘယ်လိုများ ဒီအရာတွေကို အခမဲ့ဝေနိုင်ရတာလဲ။

“အာ့ထောင်က မတုံးအပါဘူးကွယ်’ သခင်မကြီးချင် ပြုံးလျက် သက်ပြင်းချသည်။

“သခင်မဖန်က ချင်မိသားစုရဲ့ အရှိန်အဝါကို အသုံးချပြီး သူမ သမီးကို လက်ထပ်ထိမ်းမြား ပေးချင်နေတာ မဟုတ်လား”

“အမှန်ပါပဲ” အထိန်းတော်ဝူသည် ‌အလျင်အမြန် ခေါင်းညိမ့်ပြသည်။

“ဖန်မိသားစုက အရင်သခင်မရဲ့ ဆွေမျိုးတွေပဲ၊ ဆယ်နှစ်ခန့်အကြာက အရင်သခင်မ ကွယ်လွန်သွားကထဲက ဖန်မိသားစုနဲ့ ချန်မိသားစုက အဆက်အဆံမရှိတာ ကြာပြီလေ၊ နောက်နှစ်ကျရင် ဖန်မိသားစုရဲ့ အကြီးဆုံးသမီးက ဆယ့်ခုနှစ်နှစ်ပြည့်ပြီမို့ ဖန်မိသားစုက လက်ထပ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေပြီလေ။”

“ဆိုတော့ အရင်သခင်မနဲ့ ပတ်သက်ပြီး သူတို့ကို ထပ်ပြီး တို့ကူညီလိုက်ပါ့မယ်” သခင်မကြီးချင်သည် အပြုံးဖြင့် ပြောသည်။

“ဒီလက်ထပ်ပွဲကို တို့တွေ ချောချောမွေ့မွေ့နဲ့ ပြင်ဆင်နိုင်ရင် တို့တွေရဲ့ ကောင်းမှုကုသိုလ်ပဲပေါ့၊ ဖန်မိသားစုကို စာတစ်စောင်ပို့ပြီး ပြောလိုက်ပါ၊ တို့က ချွင်းဖုန့်စားသောက်ဆိုင်က ဆိုင်ရှင်သူဌေးမ ချက်ပြုတ်တဲ့ ဟင်းလျာတွေကို သုံးဆောင်ချင်တယ်လို့လေ”

အထိန်းတော်ဝူသည် ထိုအကြောင်းအား ဂရုတစိုက်တွေးတောပြီးသည့်နောက်မှာတော့ နားလည်သွားသည်။ သူမ သခင်မ တကယ်ကူညီပေးချင်သည်မှာ ဖန်မိသာစုကို မဟုတ်ဘဲ သခင်မလေး အာ့ထောင်ကို များလား။

“ဟုတ်ကဲ့” အထိန်းတော်ဝူသည် ချက်ချင်း ခေါင်းညိမ့်ပြသည်။

“ကျွန်မ ချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်ရှင့်”

သခင်မကြီးချင်၏ လျှို့ဝှက်အကူညီအား ကျီကျောက် လုံး၀ သတိမပြုမိခဲ့ပေ။

သူမသည် ဆိုင်ရှင်လုနှင့် သူ့ဇနီးတို့ ချစ်ခြင်းမေတ္တာစားသောက်ဝိုင်းအား စိတ်ကြိုက်အထူးပြင်ဆင်ရာတွင် ကူပေးနေသည်။

“အာ့ထောင် ဒီအမဲသားဟင်းလျာက အလုပ်ဖြစ်လောက်မလား” မနက်စောစောတွင် ရှန်းယောင်သည် တင်းယွမ်ကောင်တီတော်မှ သိပ်မဝေးသည့် လီဟွားကျေးရွာသို့ သွား၍ အလတ်ဆတ်ဆုံး အမဲသားကို ၀ယ်ယူခဲ့သည်။

တာ့ကျင်းမင်းဆက်သည် အရပ်သားများအား ကျွဲနွားများ သီးသန့်မွေးမြူသတ်ဖြတ်ခြင်း ခွင့်မပြုပေမဲ့ လီဟွားကျေးရွာသည် အထူးတည်ရှိမှုတစ်ရပ် ဖြစ်သည်။

လီဟွားကျေးရွာသည် ရွာကြီးတစ်ရွာဖြစ်ပြီး လူအများစုမှာ ကျွဲနွားမွေးမြူသည့် လယ်သမားများ ဖြစ်သည်။

ပိုပြီးအရေးကြီးသည်မှာ လီဟွားကျေးရွာတွင် ကျွဲနွားများနှင့် သိုးများအား မွေးမြူသတ်ဖြတ်ရောင်းချနိုင်ပေသည်။

ကျီကျောက်သည် ထိုကဲ့သို့သော နေရာအား တွေ့ရှိသည့်အခါ သူမ ထခုန်မတတ် ပျော်ရွှင်သွားမိသည်။

“ပြီးပြည့်စုံတယ်” ကျီကျောက်သည် သူ့အား လက်‌မထောင်ပြလိုက်ပြီး အပြုံးလေးဖြင့် ချီးကျူးလိုက်သည်။

သူမသည် ရှန်းယောင်အား နူးအိပြီး ပါးလွှာသည့် အမဲမိုးခိုသားအား ၀ယ်လာခိုင်းခဲ့သည်။

ခေတ်သစ်အသုံးနှုန်းအရဆိုလျှင် သူမ ပြုလုပ်မည့် အရာမှာ အမဲသားစတိ့ခ် ဖြစ်သည်။

“ကျောက်ကျောက် မင်းပြောခဲ့တဲ့ ချစ်ခြင်းမေတ္တာ စားသောက်ဝိုင်းဆိုတာ အမဲသားကင် နှစ်ပွဲထဲလား” ရှန်းယောင်သည် သူမ စိတ်လှုပ်ရှားနေသည့် အမူအရာအားကြည့်လျက် မေးလိုက်မိသည်။

“သေချာပေါက် ဒီထက် ပိုတာပေါ့ရှင်” သူမသည် အမဲသားကင်အား ဝိုင်ထဲတွင် နှပ်နေရင်း ရှင်းပြလာသည်။

“တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးအဓိပ္ပါယ်က လေးနက်လှတယ်ရှင့်၊ ဆိုင်ရှင်လုနဲ့ သူ့ဇနီးအတွက် ကျွန်မ ပုံဖော်ပေးချင်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ အစားအသောက်တင် မဟုတ်ဘဲ လေထုအနေအထားရောပေါ့ရှင့်”

“အချိန်ကျလာတဲ့အခါ ရှင်နားလည်လာမှာပါ”

အမဲသားကင်အပြင် ကျီကျောက်သည် အရက်ပမာဏ နည်းပါးသည့် စပျစ်ဝိုင်အား အထူးပြင်ဆင်ထားပေသည်။

တာ့ကျင်းမင်းဆက်တွင် စပျစ်ဝိုင်သည် တွေ့နေကြမျိုး မဟုတ်ပေ။ သူမသည် ချင်မင်ဟုန်၏ အကူညီဖြင့် ဝိုင်အသေးတစ်မျိုးအား ၀ယ်နိုင်ခဲ့ပေသည်။

ကျီကျောက်သည် အနည်းငယ် အရသာခံပြီးသည့်အခါ ချဉ်နေသေးသည်အား သူမ ခံစားရသေးသည်။

ကံကောင်းစွာဖြင့် သူမထံတွင် အနိုင်ရယူနိုင်မယ့် ဗျူဟာတစ်ခု ကျန်ရှိနေသေးပေသည်။

ကိုးလပိုင်းဆယ့်နှစ်ရက်မြောက်နေ့ ညနေဆည်းဆာချိန် နီးကပ်လာသည်။

ဆိုင်ရှင်လုသည် သခင်မလုအား ချွင်းဖုန့်စားသောက်ဆိုင်ထဲသို့ ခေါ်လာပေသည်။

သခင်မလု၏ မျက်နှာမှာ လွန်စွာ နူးညံ့သိမ်မွေလှကာ အထူးသဖြင့် မျက်ခုံးများမှာ ကော့စင်းနေပေသည်။ သူမသည် ထူးခြားလှသည့် သဘာ၀အလှရှိနေကာ သူမအား သနားစဖွယ် အသွင်အပြင်အား ပေးစွမ်းသည်။

တကယ်တော့ သခင်မလုသည် သူမ ယောက်ျား စိတ်ကြိုက်အမှာတင်ထားသည့် ညစာစားသောက်ဝိုင်းအား ငွေ ( ၂၇ ) လျန်း ပေး၍ ‌မှာခဲ့ကြောင်း ကြားသိသည့်အခါ အရမ်း‌ မပျော်ရွှင်ခဲ့ပေ။ ငွေဆိုတာ ကောင်းကင်ပေါ်မှ ကျလာခြင်း မဟုတ်ပေ။

သူမနှင့် ဆိုင်ရှင်လုသည် နှစ်နှစ်ဆယ်ကြာအောင် ဒီလိုကြီးမားသည့် မိသားစုစီးပွားရေးလုပ်ငန်း အခြေကျအောင် ကြိုးစားလုပ်ကိုင်ခဲ့ရပေသည်။ ပုံမှန်အားဖြင့် ကြေးပြားတစ်ပြားစီတိုင်းသည် လွယ်လွယ်နှင့် မရလာကြောင်း သူမ သိပေသည်။ သို့ပေမဲ့ သူမသည် သူမခင်ပွန်အား ရိုကျိုးသည့် အမျိုးသမီးငယ်တစ်ယောက် ဖြစ်တာကြောင့် သူမ စိတ်မကျေမနပ်ဖြစ်လျှင်တောင် သူမ မျက်နှာပေါ်တွင် မပြသပေ။ ဒါပေမဲ့လည်း သူမ စိတ်ဆုံးဖြတ်ထားပေသည်။ ဒီညစာစားပွဲကို စားပြီးနောက် သူမသည် သူမ မိသားစု သူမ၏ အပေါင်းအသင်း သူငယ်ချင်းများအား ဒီမတရားအမြတ်ကြီးစားသည့်ဆိုင်သို့ မလာရန် သေချာပေါက် ပြောရပေသည်။

ကျီကျောက်က သခင်မလု ဘာတွေ တွေးနေသည်အား မသိပေ။

ဆိုင်ရှင်လုနှင့် သူ့ဇနီးတို့မှာ ချွင်းဖုန့်စားသောက်ဆိုင်၏ ပထမဆုံးဧည့်သည်တော်များ ဖြစ်သည့်အတွက် ဆိုင်ရှင်အနေဖြင့် သူမသည် ပုံမှန်အားဖြင့် သူတို့အား နွေးထွေးပျူငှာစွာ ကြိုဆိုရပေသည်။

“ဧည့်သည်တော်များ ကျေးဇူးပြုပြီး ၀င်ကြပါရှင့်” ကျီကျောက်သည် နွေဦးဟု အမည်တပ်ထားသည့် သီးသန့်ခန်းတံခါးအား တွန်းဖွင့်လိုက်ကာ သူမ လက်များအား ဆန့်လိုက်ကာ နွေးထွေးစွာ ကြိုဆိုလိုက်ပေသည်။

ဆိုင်ရှင်လုသည် သခင်မလုအား အထဲသို့ ကူတွဲပေးလိုက်သည့်အခိုက်တွင် သူတို့၏ မျက်လုံးများမှာ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။

“လေးစားရပါသော ဧည့်သည်တော်ကြီးများရှင့်၊ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါနော်၊ ညစာ ချက်ချင်း ပြင်ပေးပါ့မယ်ရှင့်”

ကျီကျောက် အပြင်သို့ ထွက်သွားပြီးနောက် သခင်မလုသည် ဆိုင်ရှင်လု၏ ၀တ်ရုံလက်အား စိတ်လှုပ်တရှားဆွဲပြီး နူးညံ့စွာ မေးသည်။

“အချစ် ဒီစားသောက်ဆိုင်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားမနေတာ ရှင် သေချာရဲ့လား”

“အစ်ကိုချန်ရဲ့ အကျင့်စရိုက်ကို ရှင်မ မယုံဘူးလား” ဆိုင်ရှင်လုသည် သူမ လက်ဖမိုးလေးအား ပွတ်သပ်လိုက်ကာ အပြုံးလေးဖြင့် နှစ်သိမ့်သည်။

“စောင့်လိုက်ပါဦး၊ သခင်မရှန် ဘယ်လို စားကောင်းသောက်ဖွယ်တွေ လုပ်ထားမယ်ဆိုတာ ကိုယ်သိချင်သေးတယ်”

ဆိုင်ရှင်လု၏ နှစ်သိမ့်မှုဖြင့် သခင်မလုသည် စိတ်တည်ငြိမ်သွားသည်။

“ဒီသီးသန့်ခန်းထဲမှာ ‌မွှေးရနံ့ဖျော့ဖျော့လေး ရှိပုံရတယ်နော်”

ထို့နောက်မှသာ သခင်မလုသည် အခန်းအား စိတ်၀င်စားမှုဖြင့် စတင်ပတ်ကြည့်သည်။ သူမသည် ဂရုတစိုက် ပတ်ကြည့်ရင်း သိပ်မဝေးသည့်နေရာမှ ရှည်လျားသည့် ထောင့်မှန်စတုဂံပုံ စားပွဲအား တွေ့လိုက်သည်။

စားပွဲရှည်အလည်တွင် ရူကြွေထည်ပန်းအိုး ရှိနေပေသည်။ ထိုပန်းအိုးတွင် လှပသည့် နှင်းဆီပန်းပွင့်များနှင့် ပြည့်နေသည်။

နှင်းဆီပန်းပွင့်များအပြင် ထူးဆန်းသည့် ဖယောင်းတိုင်လေး တစ်တိုင်သည် စားပွဲရှည်အလည်တွင် ရှိနေပေသည်။

ဖယောင်းတိုင်မီးရောင်လေး ညင်သာစွာ မှိတ်တုတ်မှိတ်တုတ် လင်းလာသည့်အခါ သခင်မလု၏ စိတ်အခြေအနေမှာ ထိုအခိုက်အတန့်တွင် လုံး၀ စိတ်ပေါ့ပါးသွားသည်။

[ရူကြွေထည်ပန်းအိုးသည် စုန့်မင်းဆက် (၉၆၀-၁၂၇၉) ကာလအတွင်း ရူခန်မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရူခန်သည် စုန့်မင်းဆက်၏ နာမည်ကြီး ငါးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ထိုရာစုနှစ်၏ ကြွေထည်လောကတွင် အမြင့်ဆုံးဆုရသည့် ကြွေထည်ပစ္စည်းတချို့အား ပြုလုပ်ခဲ့ပေသည်။]

***

All Chapters