← Chapters

ပန်းမျိုးတစ်ရာ စားသောက်ဆိုင်။

Vol. 22 Ch. 327

ပန်းမျိုးတစ်ရာ စားသောက်ဆိုင်။

Vol. 22 Ch. 327

ရှန်းဟယ်ရွာ။

ကိုးလပိုင်းငါးရက်နေ့တွင် ထွက်ရှိခဲ့သည့် စာမေးပွဲရလဒ်မှာ ကိုးလပိုင်းဆယ်ရက်မြောက်နေ့မှသာ ရှန်းဟယ်ရွာဆီသို့ ရောက်ရှိခဲ့သည်။

ရွာသူကြီးရှန်းမုန့်ဟူသည် ရှန်းယောင် ကျဲ့ယွမ်အဆင့်ဖြင့် အောင်မြင်ကြောင်း ကြားသိရသည့်နှင့် အလွန်အမင်း ပျော်ရွှင်ခဲ့သည်။ သူသည် ရှန်းမိသားစု ဂူဗိမာန်ခန်းမဆောင်သို့ အရက်ကောင်း နှစ်အိုးအား ယူသွားခဲ့သည်။

ကိုးလပိုင်း၏ ဆယ်ရက်မြောက်နေ့တွင် ရာဇ၀တ်ရုံးတရားသူကြီးမင်းကျီသည် ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုလက်ဆောင်အား ပေးအပ်ခဲ့သည်။

ရှန်းတာ့ရှန်နှင့် ရှန်းယောင်တို့ အိမ်တော်တွင် မရှိကြသဖြင့် ရှန်းမုန့်ဟူမှ အရာရှိကျီဆီမှ လက်ဆောင်အား ကိုယ်စားလက်ခံခဲ့သည်။

ရှန်းမုန့်ဟူအား အပျော်ရွှင်‌စေဆုံးအရာမှာ မြို့တော် ရာဇ၀တ်တရားသူကြီးမင်းသည် ကျောင်းတော်တည်ဆောက်ဖို့ နေရာရွေးချယ်ရန် စီစဉ်ထားခြင်း ဖြစ်ပေသည်။ ရှန်းဟယ်ရွာသည် မြို့တော် ရာဇဝတ်တရားသူကြီးမင်းမှ ပထမဆုံး ယာထားသည့်နေရာ ဖြစ်သည်။

ထို့ကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ရှန်းမုန့်ဟူသည် ရွာထဲတွင် သင့်တော်မည့် နေရာအား ‌ရွေးချယ်ရာတွင် အလုပ်များနေခဲ့ပေသည်။

ရှန်းဟယ်ရွာတွင် ကျောင်းတော်တည်ဆောက်သည်နှင့် ရွာထဲရှိ ကလေးများအားလုံး စာသင်နိုင်မည် ဖြစ်သည်။ ပညာရေးထက် ဘယ်အရာမှ အရေးမကြီးလှပေ။

ရှန်မိန်ဟူသည် ဒီကိစ္စကောင်းမှာ ရှန်းယောင်ကြောင့်ဟု မှတ်ယူမိသည်။

ရှန်းယောင် အမြင့်ဆုံးအမှတ်ရသည့် သတင်းရောက်လာကတည်းမှ အဆုံးမသတ်နိုင်သည့်လူများမှာ နေ့စဉ်နေ့တိုင်း သူ့အား လာရောက် ဂုဏ်ပြုကြသည်။

မြို့တော်ရာဇ၀တ်တရားသူကြီးမင်းတောင်မှ ရှန်းယောင်အား မြင့်မြင့်တွေးထားပေသည်။ ထိုချမ်းသာသည့် သူဌေးများမှာ မြစ်ထဲတွင် ဖြတ်ကူးနေကြသည့် ငါးများကဲ့သို့ ရှန်းမိသားစု အိမ်တော်၀န်းထဲသို့ အပြေးရောက်လာကြပေသည်။

သူတို့သည် သူ့အား ဂုဏ်ပြုပေးရန် ရောက်လာကြသည်ဟု ဆို‌ကြသော်ငြား အမှန်တွင်တော့ သူ့အား လက်ဆောင်ပဏ္ဍာများပေးရန် ရောက်လာကြခြင်း ဖြစ်သည်။

သို့ပေမဲ့ ရှန်းတာ့လန်သည် ‌ဉာဏ်ကောင်းသောသူ ဖြစ်သဖြင့် ထိုလူများထံမှ လက်ဆောင်ပဏ္ဍာများမှ လက်မခံခဲ့ပေ။

ကျောက်ရှု၏ လက်ထဲတွင် သူ ဒုက္ခခံစားခဲ့ရ ကတည်းက ရှန်းတာ့လန်သည် သူ့အပြုအမူများပေါ်တွင် ပို၍ သတိကြီးကြီးထားလာခဲ့ပေသည်။

ထို့အပြင် ထိုလူများသည် လူသားပုံစံ ပေါ်သော်ငြား နောက်ကွယ်တွင် မကောင်းဆိုးဝါးတချို့ ဖြစ်နေမည်အား မည်သူက တွေးမိပါလိမ့်မလဲ။

ဒါပေါ့ ရှန်းတာ့လန်သည် လိုက်လျောညီထွေမှု မရှိသည့် လူမျိုး မဟုတ်ပေ။ သူသာ လူတိုင်း၏ ဂုဏ်ပြုလက်ဆောင်များအား ငြင်းပယ်ပါက ရှန်းယောင်သည် လူမှုရေးခေါင်းပါးသူအဖြစ် သတင်းဆိုး ထွက်သွားနိုင်ပေသည်။ ထို့အတွက် သူသည် အထိမ်းအမှတ်အဖြစ် မထင်မရှား လက်ဆောင်အသေးလေးများဖြစ်သည့် ကြက်ဥများ၊ ယိုမုန့်များနှင့် ပိုးထည်များအား လက်ခံခဲ့ပေသည်။

ဘယ်လိုပင်ဖြစ်ဖြစ် သူသည် ဖုန့်ချွင်းယန်အား သူ့ကို ပစ္စည်းစာရင်းများ ကူလုပ်ပေးရန် မေးခဲ့သေးသည်။

ထို့ကြောင့် ရှန်းယောင်ပြန်လာချိန်တွင် သူ့အစ်ကို၏ သင့်တော်လှသည့်လုပ်ရပ်များအား ချီးကျူးလျက် ဖော်ပြခဲ့သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး” ရှန်းယောင်သည် သူ့အစ်ကိုကြီးအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ခဲ့သည်။

“အစ်ကိုတို့တွေက ညီအကိုတွေပဲလေကွာ၊ ဘာလို့ အစ်ကို့ကို အရမ်းယဉ်ကျေးနေရတာလဲ” ရှန်းတာ့လန်သည် ပြုံးရင်း သူ့ပုခုံးအား ပုတ်လိုက်ကာ သူ့အပြုံးမှာ စစ်မှန်လှပေသည်။

“စန်းလန် မင်းက တကယ်ကို အလားအလာကောင်းတဲ့သူတစ်ယောက်ပါဘဲ၊ အစ်ကိုကြီး မင်းအတွက် ဂုဏ်ယူတယ်ကွာ”

ရှန်းမိသားစု၏ သက်၀င်တက်ကြွလှသည့် စကားဝိုင်းအပြီးတွင် ရှန်းတာ့ရှန်သည် သူ့သား သုံးယောက်လုံးအား အရှေ့ဖက်ဆင်ခြေဖုံးရှိ တောင်နောက်ဖက်သို့ ဘိုးဘေးများအား ဂါရ၀ပြုရန် ခေါ်သွားခဲ့သည်။

“မနက်ဖြန်က နေ့ကောင်းပဲ” ကျောက်လန်ဟွာသည် တရုတ်ပြက္ခဒိန်အား ကြည့်ပြီးနောက် ချက်ချင်း ဆုံးဖြတ်လိုက်ပေသည်။

“တို့မိသားစု မနက်ဖြန်နေ့လည်ကြရင် စားသောက်ပွဲကျင်းပကြပြီး ရွာသားတွေကို အစားအသောက် ကောင်းကောင်း ကျွေးမွေးဧည့်ခံကြရအောင်”

“အမေ့စကားကို သမီးတို့ နာခံပါ့မယ်”

ရှန်းမိသားစု၏ ချွေးမသုံးဦးစလုံးသည် ကျောက်လန်ဟွာ၏ ဆုံးဖြတ်ချက်အား သဘောတူခဲ့ကြပေသည်။

ကိုးလပိုင်းဆယ့်ငါးရက်နေ့မြောက်၌ မနက်အစောပိုင်းတွင် ကျီကျောက်သည် ရှန်းယောင်နှင့်အတူ မြို့ထဲသို့သွားခဲ့ကြသည်။

“လက်ဆောင်ပဏ္ဍာများအတွက် ကျေးဇူးပါ အရာရှိကျီ၊ ရှန်းယောင် လက်မခံဝံ့ပါဘူး” ရှန်းယောင်သည် သူ့အား စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်ခဲ့သည်။

ကျီထင်အန်းသည် သူ့အား အရင်နှစ် အင်ပါယာစာမေးပွဲ မေးခွန်းဟောင်းများ ပေးခဲ့ဖူးသည်။ သာမန်လူများမှာ မေးခွန်းအစုံလိုက်အား မရရှိနိုင်ကြပေ။

ရှန်းယောင်သည် ကျဲ့ယွမ်တစ်ယောက် ဖြစ်သော်ငြား ဘဝင်လေဟပ်ခြင်း မရှိပေ။ ထို့အပြင် သူသည် ပို၍ ရှုပ်ထွေးလှသည့် နွေဦးလ၀က်စာမေးပွဲအား ဖြေဆိုရန် ပြင်ဆင်ရဦးပေမည်။

နွေဦးလဝက်စာမေးပွဲတွင် သူ့အရည်အချင်းများကို ပြသနိုင်မှသာလျှင် အင်ပါယာနန်းတွင်းထဲ၌ မြင့်မြင့်မားမား ရပ်တည်နိုင်မည်ဖြစ်သည်။။

“ရပါတယ်ဗျာ” ကျီထင်အန်းသည် မထူးမခြားနားစွာဖြင့် သူ့လက်အား ဝှေ့ယမ်းပြလိုက်သည်။

“အရင်တစ်ခေါက်က ကျုပ်တို့တင်းယွမ်ကောင်တီမှာ ကျိုင်းကောင်ကပ်ဘေးကတည်းက မင်းတို့နှစ်ယောက် အများကြီး ကူညီပေးခဲ့တယ်လို့ ပြောလို့ရပါတယ်၊ ဒါ့အပြင် အဲ့ဒီမေးခွန်းတွေရဖို့ဆိုတာ ကျုပ်အတွက် မခက်လှပါဘူး”

“စကားမစပ် ကျုပ်ကြားမိတာတော့ မင်းတို့တွေမြို့တော်မှာ စားသောက်ဆိုင်ဖွင့်ထားကြတယ်ဆို” ကျီထင်အန်း၏ အကြည့်များသည် ကျီကျောက်မျက်နှာပေါ်သို့ ရောက်လျက် သိချင်စိတ်ဖြင့် မေးသည်။

“ယွမ်ချွမ်မြို့တော်မှာ စားသောက်ဆိုင်တွေအများကြီးရှိတယ်၊ မြို့တော်လိုနေရာမျိုးမှာ နေရာတစ်ခုရဖို့ဆိုတာ မင်းတို့အတွက် သေချာပေါက် လွယ်မှာ မဟုတ်ဘူး”

“လောကကြီးမှာ မလုပ်နိုင်ဘူးဆိုတဲ့အရာ ဘာမှမရှိပါဘူးရှင်” ကျီကျောက်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

“ဒါပေမယ့် အရာရှိကျီရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါရစေ၊ ချွင်းဖုန့်စားသောက်ဆိုင်ကို ဖွင့်တာ ရက်အနည်းငယ်ပဲရှိသေးတာမို့ အခုအချိန်မှာတော့ အမြတ်မရသေးပါဘူး၊ အချိန်ကျရင်တော့ ချွင်းဖုန့်စားသောက်ဆိုင်စီးပွားရေးက သေချာပေါက် ကြီးပွားတိုးတက်မှုရှိမယ်လို့ ကျွန်မ ယုံကြည်တယ်”

“ကောင်းတယ်”

ကျီထင်အန်း ကျီကျောက်အား သဘောကျရဆုံးအချက် တစ်ခုမှာ သူမ၏ အကြောက်အလန့်ကင်းသည့် သတ္တိနှင့် ယုံကြည်ချက်ပင် ဖြစ်သည်။

အရာရှိကျီအား နှုတ်ဆက်ပြီးသည့်နောက် သူတို့နှစ်ယောက်သားသည် ဟုန်ရှင်းစားသောက်ဆိုင်သို့ သွားကြသည်။ လက်ထောက်ဆိုင်ရှင်ယို့သည် ရှန်းယောင် အမြင့်ဆုံးအမှတ် ရသည်အား သိရှိပြီးဖြစ်တာကြောင့် ကျီကျောက်တို့လင်မယားရောက်လာချိန်တွင် သူသည် စိတ်လှုပ်ရှားပျော်ရွှင်မှုအား ဖော်ပြရန် ကျယ်လောင်သည့် မီးရှူးမီးပန်းအား ဖောက်လွှတ်ခဲ့သည်။

“ဒုတိယအစ်ကိုယို့…..” ကျီကျောက်သည် သူမနားများအား လက်နှစ်ဖက်ဖြင့် ပိတ်လိုက်ရင်း ရယ်ရခက်ငိုရခက် ဖြစ်မိသွားသည်။

ရှန်းယောင် ကျဲ့ယွမ်တစ်ယောက် ဖြစ်လာသည်ကိုပင် သူတို့သူငယ်ချင်းများနှင့် မိသားစုများမှာ ဤမျှ ပျော်ရွှင်နေကြပေသည်။ အကယ်၍ သူတို့သာ အနာဂတ်မှာ ရှန်းယောင်တစ်ယောက် တာ့ကျင်းမင်းဆက်၏ အဓိကအကြံပေးအမတ် ဖြစ်လာမည်ကို သိသွားကြရင် ပိုပြီးတော့ ရူးသွပ်သွားကြမလား။

“သွားကြစို့၊ သီးသန့်ခန်းထဲသွားပြီး တစ်ခွက်လောက် ကောင်းကောင်းသောက်ရအောင်” လက်ထောက်ဆိုင်ရှင်ယို့သည် သူတို့စုံတွဲအား မည်သည့် ရှင်းပြချက်မှ ပေးမနေပဲ ဒုတိယထပ်ရှိ သီးသန့်ခန်းထဲသို့ ဖိတ်ခေါ်လိုက်ပေသည်။

“ဒုတိယအစ်ကိုယို့ အခုက စားဖို့သောက်ဖို့ နဲနဲများ စောမနေဘူးလား” ကျီကျောက်သည် ပြတင်းပေါက် အပြင်ဖက်ရှိ ကောင်းကင်အား ထိုးပြလိုက်ရင်း ကူရာမဲ့စွာ ပြုံးရင်း ပြောသည်။

အခုမှ ဆယ်ချက်ထိုးပဲ ရှိသေးသဖြင့် နေ့လည်စာအား စောစော စားသောက်မည်ဆိုပါက အဓိပ္ပါယ်မရှိလှပေ။

“ငါ့ရဲ့ ယောင်ချာချာခေါင်းကတော့ ကြည့်ပါဦး၊ အရမ်းပျော်မိသွားတာနဲ့ ရူးသွားပြီထင်ပါရဲ့” လက်ထောက်ဆိုင်ရှင်ယို့သည် ရုတ်တရက် သူ့ခေါင်းအား ပုတ်လိုက်ကာ ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။

“ ရှန်းယောင် အစ်ကို့မှာ ရဲတင်းတဲ့ တောင်းဆိုမှုလေး တစ်ခု ရှိတယ်ကွာ” လက်ထောက်ဆိုင်ရှင်ယို့သည် ရှန်းယောင်အားကြည့်ရင်း ရိုးရှင်း‌ဖြောင့်မတ်စွာ ပြုံးလျက် မေးသည်။

“အစ်ကို့အတွက် ပန်းချီကားဆွဲပေးနိုင်မလား‌ဗျ၊ တစ်ချိန်ကြရင် အစ်ကိုတို့ စားသောက်ဆိုင် ဧည့်ခန်းမအလယ်မှာ ချိတ်ထားချင်လို့လေ၊ ကျဲ့ယွမ် ရေးဆွဲထားတဲ့ ပန်းချီကားက သေချာပေါက် ဧည့်သည်တွေ အများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်”

“သေချာတာပေါ့ဗျာ” ရှန်းယောင်က ပျော်ရွှင်စွာ သဘောတူလိုက်သည်။

ထို့အပြင် လက်ထောက်ဆိုင်ရှင်ယို့နှင့် သူတို့ကြားရှိ ဆက်ဆံရေးအရ ပန်းချီကားတစ်ချပ်မှ ဘာမှ မဟုတ်ပေ။

တစ်ဖက်မှာတော့ ကျီကျောက်သည် လက်ထောက်ဆိုင်ရှင်ယို့၏ လေသံမှာ ထူးဆန်းနေကြောင်း သိလိုက်သည်။

“ဒုတိယအစ်ကိုယို့ ဟုန်ရှင်းစားသောက်ဆိုင်ကို တစ်ခုခုများဖြစ်သွားလို့လား”

လက်ထောက်ဆိုင်ရှင်ယို့သည် တခဏလောက် မှင်သက်သွားပြီး ခါးသီးသည့်အပြုံးဖြင့် ခေါင်းညိမ့်ပြလိုက်သည်။

“အာ့ထောင် ညီမက တကယ့်ကို အမြင်စူးရှတာပါပဲ”

“ဟုန်ရှင်းစားသောက်ဆိုင်က အခြေကျနေတာ ကြာပြီဖြစ်တဲ့ စားသောက်ဆိုင်တစ်ခုပါပဲ၊ အရင်တုန်းက ဒုတိယအစ်ကိုယို့က ဆိုင်စီးပွားရေးနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဖူးဘူး၊ ဒါပေမယ့် အခု အကိုက ရှန်းယောင်ကို ပန်းချီဆွဲစေချင်တယ်လို့ မေးတော့ တစ်ခုခုမှားနေတယ်လို့ ကျွန်မ ခံစားလိုက်ရတယ်”

“ဒါကြောင့်မို့ မင်းက အံ့ဩဖို့ကောင်းတယ်လို့ အကိုပြောတာပေါ့” ဒုတိယအစ်ကိုယို့၏ အပြုံးမှာ ပို၍ပင် ခါးသီးလာသည်။

“ညီမ လာတုန်းက သတိမထားမိမှာကိုတောင် အစ်ကိုက စိုးရိမ်နေတာ၊ အစ်ကိုတို့ ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ ညာဘက်မျက်နှာချင်းဆိုင်မှာ ပန်းမျိုးတစ်ရာစားသောက်ဆိုင်အသစ် ဖွင့်နေတယ်”

“ပန်းမျိုးတစ်ရာစားသောက်ဆိုင်လား” ကျီကျောက်သည် မသိစိတ်မှ မျက်မှောင်ကြုတ်မိသွားသည်။ ဒီနာမည်မှာ အနည်းငယ်ပုံမှန်မဟုတ်ပုံပေါ်သည်။

“အစ်ကိုကြားတာတော့ ပန်းမျိုးတစ်ရာစားသောက်ဆိုင်ပိုင်ရှင်က လေ့ရှန်းကောင်တီ ရာဇဝတ်လူကြီးမင်းစွင်းရဲ့ ယောက်ဖတဲ့လေ” လက်ထောက်ဆိုင်ရှင်ယို့သည် လှောင်ရယ်လိုက်ကာ ပြောသည်။

“ဒီလူက လေ့ရှန်းကောင်တီက ဖုန်ယွဲ့ပျော်တော်ဆက်ပိုင်ရှင်လဲ ဖြစ်တယ်”

လက်ထောက်ဆိုင်ရှင်ယို့၏ သတိပေးမှုပြီးနောက် ကျီကျောက်သည် အရင်ကဖြစ်ခဲ့ဖူးသည့် တစ်စုံတစ်ခုအား သတိရသွားသည်။

တင်းယွမ်ကောင်တီတော်သို့ ကျီထင်အန်း ရောက်လာပြီးနောက် ထိုဆောင်ကြာမြိုင်အားလုံးအား တင်းယွမ်ကောင်တီတွင် လုံးဝ မရှိစေရန် ပပျောက်အောင် ထိထိရောက်ရောက် နှိမ်နင်းခဲ့သည်။ သို့ပေမဲ့ လေ့ရှန်းကောင်တီတွင်တော့ မတူညီခဲ့ပေ။

စွင်းမိသားစုဘိုးဘေးဘီဘင်များမှာ လေ့ရှန်းကောင်တီမှ ဖြစ်သည်။ စွင်းမိသားစု၏ ဘိုးဘေးဘီဘင်ခန်းမသည် လေ့ရှန်းကောင်တီတွင် ရှိပေသည်။

စွင်းမိသားစု၏ အကာအကွယ်ပေးမှုဖြင့် လေ့ရှန်းကောင်တီ၏ ရာဇဝတ်လူကြီးမင်းမှာ ဘ၀င်လေဟပ်ကာ အပျော်အပါးလိုက်စားသည့်လူမျိုး ဖြစ်သည်။ သူက ဘယ်လိုမျိုးများ လူတွေရဲ့ အကျိုးစီးပွားကို အခွင့်ကောင်းယူနိုင်ရတာလဲ။

“အရာရှိကျီက တင်းယွမ်ကောင်တီမှာ ဖုန်ယွဲ့ပျော်တော်ဆက်ဖွင့်လှစ်တာကို ထိထိရောက်ရောက် ဟန့်တားနိုင်တာက ဖုန်ယွဲ့ပျော်တော်ဆက်က နာမည်ကြီး ဆောင်ကြာမြိုင်တစ်ခု ဖြစ်တာမို့လေ၊ တစ်ဖက်အဖွဲ့က သူတို့ရဲ့နည်းလမ်းကို ပြောင်းလဲပြီးတော့ ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာ ပန်းမျိုးတစ်ရာစားသောက်ဆိုင်ကို တိုက်ရိုက်ဖွင့်လှစ်မယ်လို့ ဘယ်သူကမှ တွေးမိမှာ မဟုတ်ဘူး၊ အပြင်ပိုင်းမှာတော့ တကယ့်ကို ပုံမှန်စားသောက်ဆိုင်တစ်ခုနဲ့ ဆင်တူပေမဲ့ ညနေတိုင်းမှာတော့ ပန်းမျိုးတစ်ရာစားသောက်ဆိုင်က အပျော်အပါးကျူးနေတဲ့ ဂီတသံတွေကို ကြားနေရတယ်”

***

All Chapters