← Chapters

မွေးရာပါမိစ္ဆာအထုံပါသူ ချန်စန့်ထျန်

Vol. 2 Ch. 26

မွေးရာပါမိစ္ဆာအထုံပါသူ ချန်စန့်ထျန်

Vol. 2 Ch. 26

အခန်း (၂၆) မွေးရာပါမိစ္ဆာအထုံပါသူ ချန်စန့်ထျန်

‘ကံတရားအထောက်အပံ့ပါသူလား?’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါ့ဂူနားကို တစ်ယောက်ယောက် ရောက်လာတာလား?’ ဟန်ကျွယ်ဟာ မူလဇစ်မြစ်ကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။

[ချန်စန့်ထျန်သည် မွေးရာပါ မိစ္ဆာအထုံပါသူဖြစ်၏၊ သူသည် မွေးဖွားကတည်းက မိစ္ဆာကျင့်စဉ်များအပေါ်တွင် ထက်မြက်သော အထုံပါ၏၊ ငယ်ငယ်တုန်းက မိဘများနှင့် လျှောက်သွားနေစဉ် မိဘများသည် ဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၍ သူ၏မိစ္ဆာစွမ်းအားသည် နိုးကြားလာခဲ့သည်၊ အသက် ၇နှစ်သာရှိသေးသော်လည်း ဓားပြတစ်ရာကျော်ကို သတ်ဖြတ်ပစ်ခဲ့သည်၊ ထိုအချိန်မှစ၍ သူသည် သတ်ဖြတ်ခြင်းကို ခုံမင်နှစ်သက်သွား၏၊ ထို့နောက် ချင်မင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်၍ ကျင့်ကြံအားထုတ်ရာ များမကြာမီပင် အဓိကတပည့် ဖြစ်သွား၏၊ ယခုလက်ရှိ၌ သူသည် ချင်မင်ဂိုဏ်း၏ အကြီးဆုံးအဓိကတပည့်ဖြစ်၏။]

‘ထင်တဲ့အတိုင်းပဲ ချင်မင်ဂိုဏ်းက လူကိုး! နောက်ပြီး သာမန်လူမဟုတ်ဘူး... အဓိကတပည့်ပဲ! ဒါပေမဲ့ သူက အကြီးအကဲအဆင့်တော့ မရောက်သေးဘူး!’

ချင်မင်ဂိုဏ်းနဲ့ ယွီဂျင်ဂိုဏ်းက အင်အားချင်းညီတူမျှတူလို့ ဟန်ကျွယ် သိထားပါတယ်၊ ဒါကြောင့် ချန်စန့်ထျန်ရဲ့ ကျင့်ကြံခြင်းက အများဆုံးရှိမှ ရွှေဓာတ်လုံး နဝမအဆင့်လို့ ကောက်ချက် ချလိုက်ပါတယ်။

“သူက ယွီဂျင်ဂိုဏ်းကို ဘာလာလုပ်တာလဲ? သူက တစ်ယောက်တည်းလား ဒါမှမဟုတ် အဖော်တွေပါသေးလား?” ဟန်ကျွယ်ဟာ ထိုင်ရာကနေထပြီး လိုဏ်ဂူဝကို ဂရုတစိုက် လျှောက်သွားပါတယ်။

ဟန်ကျွယ်ဟာ သစ်တောကြားထဲမှာ လမ်းလျှောက်နေတဲ့ အနက်ရောင်လူကို တွေ့လိုက်ရပါတယ်။ ဒီလူက တော်တော်လေး သံသယဝင်စရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟန်ကျွယ်ဟာ ဒီလူရဲ့အခြေအနေကို အာရုံခံစားလို့ မရပါဘူး။ မျက်စိနဲ့သာ မကြည့်ဘူးဆိုရင် ဟန်ကျွယ်ဟာ ဒီလူကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ဘေးဘီကို သေချာကြည့်လိုက်တဲ့အခါမှာ ချန်စန့်ထျန်ကလွဲလို ဘယ်သူမရှိတာကို တွေ့လိုက်ရပါတယ်။ ချန်စန့်ထျန်ဟာ လိုဏ်ဂူဝင်ပေါက်ဆီ ရောက်လာပြီး တောင်နံရံမှာထွင်းထားတဲ့ စာလုံးတွေကို ကြည့်လိုက်ပါတယ်။

“ယနေ့သည်းခံ၊ မနက်ဖြန် လွတ်လပ်မည်... ဘယ်လောက် ရယ်ဖို့ကောင်းလိုက်လဲ၊ ယွီဂျင်ဂိုဏ်းက လူတွေက တကယ့်ကို သူရဲဘောကြောင်တာပဲ!” ချန်စန့်ထျန်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။

လိုဏ်ခေါင်းထဲမှာရှိနေတဲ့ ဟန်ကျွယ်ဟာ အတော်လေး မကျေမနပ် ဖြစ်သွားပါတယ် ‘ဒီကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ!’

ဟန်ကျွယ်ဟာ အရိပ်သုံးပါးဓားသိုင်းကို ထုတ်သုံးလိုက်တဲ့အခါ သူ့နောက်မှာ အရိပ်ဓားသုံး‌ချောင်း ထွက်ပေါ်လာပြီး ချန်စန့်ထျန်ကို အချိန်မရွေးသတ်လို့ရအောင် ပြင်ဆင်ပြီးသား ဖြစ်သွားပါတယ်။

ဖော်မေရှင်းကြောင့် ချန်စန့်ထျန်ဟာ ဟန်ကျွယ်ကို မမြင်နိုင်သလို ဟန်ကျွယ်ရဲ့ ရောင်ဝါကိုလည်း အာရုံမခံနိုင်ပါဘူး၊ သူတို့နှစ်ဦးဟာ ခြေဆယ်လှမ်းခန့်ပဲ ဝေးကွာပါတယ်။ ချန်စန့်ထျန်ဟာ စာလုံးတွေကို စိုက်ကြည့်ရင်း မူမမှန်တာကို ခံစားလိုက်ရပါတယ်။

“ဒီဟာ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူလား?” ချန်စန့်ထျန်ဟာ မျက်လုံးကို ကျဉ်းလိုက်ပါတယ်။ အဲဒီနောက် ဓားဆွဲထုတ်ပြီး တောင်နံရံကို အသာအယာ ထိုးချလိုက်ပါတယ်။

“ဝှစ်... ဝှစ်... ဝှစ်...!”

ဓားအလင်းရောင်တွေ ထွက်ပေါ်လာတဲ့အတွက် ချန်စန့်ထျန်ဟာ မျက်စိစုံမှိတ်ပြီး နောက်ကို ခုန်ဆုတ်လိုက်ပါတယ်။ ဓါးအရိပ်သုံးချောင်းဟာ ချန့်စန်ထျန်ရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်ထွက်သွားတာကြောင့် သွေးတွေပျံကျဲသွားပါတယ်။ ချန်စန့်ထျန်ဟာ သဲအိတ်လို မီတာဒါဇင်ကျော် လွှင့်စဉ်သွားပြီး သစ်ပင်ကြီးတစ်ပင်နဲ့ သွားတိုက်တာကြောင့် သစ်ရွက်တွေဟာ မိုးအလား ကြွေကြလာပါတယ်။

“အား...” ချန်စန့်ထျန်အာ အံကြိတ်ပြီး အပေါ်ကို ကြည့်လိုက်တဲ့အခါမှာ သူ့ကို အချိန်မရွေး ပိုင်းဖြတ်နိုင်တဲ့ အရိပ်ဓားသုံးချောင်းက သူ့ခေါင်းပေါ်မှာ ဝဲပျံနေတာကို တွေ့လိုက်ရတာကြောင့် သေလောက်အောင် ကြောက်သွားပါတယ် ‘ဒါက ဘယ်လိုဓားပညာလဲ’

ချန်စန့်ထျန်ဟာ ချက်ချင်း အော်ပြောလိုက်ပါတယ် “လူကြီးမင်း ကျေးဇူးပြုပြီး ရပ်ပါ”

လိုဏ်ဂူဝမှာ မတ်တတ်ရပ်နေတဲ့ ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် ‘တော်တော်လေး ပျော့တာပဲ၊ တိုက်ကွက်တစ်ချက်တောင် မခံနိုင်ဘူး! ဒါမှမဟုတ် ငါရဲ့ အရိပ်ဓားသုံးပါးဓားပညာကပဲ အရမ်းအစွမ်းထက်နေလို့လား’ ဟန်ကျွယ်ဟာ မေးစေ့ကိုပွတ်ပြီး တွေးဆလိုက်ပါတယ်။

အရိပ်ဓားသုံးချောင်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့အခါမှာ ချန်စန့်ထျန်ရဲ့ စိတ်ဝိညာဉ်ရောင်ဝါဟာ ထင်ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ချန်စန့်ထျန်ရဲ့ စိတ်ဝိညာဉ်ချီနဲ့ သူ့စိတ်ဝိညာဉ်ချီကို နှိုင်းယှဉ်ကြည့်ပြီး ချန်စန့်ထျန်ရဲ့ စိတ်ဝိညာဉ်ချီက သူ့လောက်နီးပါးရှိတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ချန်စန့်ထျန်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဟန်ကျွယ် မမြင်နိုင်ပါဘူး။

ဆိုလိုတာက ချန်စန့်ထျန်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဟန်ကျွယ်ထက် မြင့်မားပေမဲ့ စိတ်ဝိညာဉ်ချီမှာတော့ ဟန်ကျွယ်လောက် အင်အားမကောင်းပါဘူး။ ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ အစွမ်းကို ဒီနေရာမှာ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားတာကြောင့် ဆက်မတိုက်ခိုကတော့ဘဲ လေသံအေးအေးနဲ့ မေးလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းကို မင်း ဘာလာလုပ်တာလဲ?”

ချန်စန့်ထျန်က မဆိုင်းမတွ ပြန်ဖြေပါတယ် “ကျွန်တော်က ဒီနေရာကို ဖြတ်သွားတာပါ၊ ယွီဂျင်ဂိုဏ်းဆီ လာတာ မဟုတ်ပါဘူး”

‘မင်းက အလိမ်အညာတော့ တော်သားပဲ’ ဓားအရိပ်သုံးချောင်းဟာ ချန်စန့်ထျန်ကို ခုတ်ပိုင်းလိုက်ပါတယ်။

ကြောက်လန့်တုန်လှုပ်သွားတဲ့ ချန်စန့်ထျန်ဟာ ဘေးကို ချက်ချင်းခုန်ပြီး ရှောင်တိမ်းလိုက်ပေမဲ့ အလုံးစုံမလွတ်ဘဲ ညခြေထောက်ကို ဓားထိုးဖောက်ပြီး မြေကြီးနဲ့ သံမှိုရိုက်ခံလိုက်ရပါတယ်။ ချန်စန့်ထျန်ဟာ အရိုက်ခံရတဲ့ ခွေးတစ်ကောင်လို ပြုတ်ကျသွားပါတယ်။

“သေစမ်း...” ချန်စန့်ထျန်းဟာ ‌‌ဒေါသနဲ့ ကြောက်ရွံ့မှုကြောင့် အသားတွေ တဆတ်ဆတ် တုန်တက်သွားပါတယ်။ သူလို့ အဓိကတပည့်ကာ တစ်ချက်တောင်မရွေ့ရသေးဘဲ ချိုးနှိမ်ခံလိုက်ရလို့ ချန်စန့်ထျန်ဟာ ဟန်ကျွယ်ကို ကြောက်သွားပါတယ်။

အရိပ်ဓားသုံးချောင်းဟာ သရဲလိုပါပဲ၊ သူတို့တွေက ကြောက်မယ်ဖွယ် ကောင်းလောက်အောင်ကို လျင်မြန်လှပတယ်။ သူ့ခြေထောက်ကို သံမှိုစိုက်ထားတဲ့ အရိပ်ဓားကလည်း သူရဲ့စိတ်ဝိညာဉ်ချီတွေကို စုပ်ယူနေပါတယ်။

‘ဒါက ဘယ်လိုပညာမျိုးလဲ?’ ချန်စန့်ထျန်ဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။ သူဟာ ယွီဂျင်ဂိုဏ်းအကြောင်းကို စုံစမ်းသိရှိခဲ့ရသလောက် ယွီဂျင်ဂိုဏ်းက ဓားချည်းသက်သက် အသုံးပြုတဲ့ဂိုဏ်းဖြစ်ပါတယ်။ အကြီးအကဲတွေထဲမှာလည်း ဒီလောက်စွမ်းအားကြီးတဲ့ ဓားပညာရှိတယ်လို့ လုံးဝမကြားခဲ့ရပါဘူး။

‘ဒီလူက မဟာအကြီးအကဲများလား?’

“မိစ္ဆာကျင့်ကြံသူ ချန်စန့်ထျန်၊ ချင်မင်ဂိုဏ်းရဲ့ အကြီးဆုံးအဓိကတပည့်၊ ငါ မင်းကို ယွီဂျင်ဂိုဏ်း လက်ထဲအပ်လိုက်ရင် မင်းဘာဖြစ်သွားမယ်လို့ထင်လဲ?” ဟန်ကျွယ်အသံက အေးအေးလေလေး ဖြစ်ပေမဲ့ ချန်စန့်ထျန်နားထဲမှာတော့ မိုးကြိုးပစ်ချလိုက်သလိုပါပဲ။

ချန်စန့်ထျန်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ရင်ထဲမှာ ဗလောင်ဆူသွားပါတယ် ‘ဒီလူက ဘယ်လိုလုပ်ပြီး ငါ့သရုပ်မှန်ကို သိနေရတာလဲ?’

ချန်စန့်ထျန်ဟာ ပျာယာခတ်သွားပြီး လိုဏ်ဂူဝရှိရာကို ရှိခိုးကာ ကြောက်ကြောက်ရွံ့ရွံ့နဲ့ တောင်းပန်ပါတယ် “လူကြီးမင်း... ကျွန်တော်မှားပါတယ်! ကျွန်တော်မှားပါတယ်! ကျွန်တော့်ကို အခွင့်အရေးတစ်ကြိမ်လောက် ပေးပါ၊ ယွီဂျင်ဂိုဏ်းတပည့် တစ်ယောက်ကိုမှ ကျွန်တော် မသတ်ဖူးပါဘူး”

ဟန်ကျွယ်ဟာ ချန်စန့်ထျန်ကို သတ်ရင်ကောင်းမလား မသတ်ရင်ကောင်းမလား ဝေခွဲမရ ဖြစ်သွားပါတယ်။

ရှန်းရှဝတ္ထုတွေကို သူဖတ်ခဲ့ရသလောက် ဇာတ်လိုက်တစ်ယောက်က ဒီလိုပါရမီရှင်ကို သတ်လိုက်ရင် အသတ်ခံရတဲ့သူရဲ့ အကြီးအကဲက တစ်နည်းနည်းနဲ့ သိသွားပြီး ဇာတ်လိုက်ကို လိုက်သတ်မှာပါ၊ ဇာတ်လိုက်က အဲဒီအကြီးအကဲကို သတ်လိုက်ရင် နောက်ထိပ်ပိုကြီးတဲ့ မဟာအကြီးကဲရောက်လာပါတယ်၊ အဲဒီမဟာအကြီးအကဲကို သတ်လိုက်ရင် အကြီးအကဲချုပ် ရောက်လာပါတယ်၊ အဲဒီအကြီးအကဲချုပ်ကို သတ်လိုက်ရင် ကောင်းကင်ကနေ ပိုကြီးတဲ့ကောင် ရောက်လာပါတယ်။

“ငါသူ့ကို ဘာလို့ မဖမ်းထားရမှာလဲ? ဂိုဏ်းချုပ်ကို သူတို့တွေ ဖမ်းမိသွားရင် အလဲအလှယ်လုပ်လို့ ရတာပေါ့၊ ဟုတ်တယ်မလား?” ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံကို ဝတ်ဆင်ထားတာဖြစ်တဲ့အတွက် ချန်စန့်ထျန် အငိုက်ဖမ်းပြီး လုပ်ကြံမှာကို လုံးဝမကြောက်ပါဘူး။ ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်တဲ့အခါ အရိပ်ဓားသုံးချောင်းဟာ လေထဲမှာ ပျောက်ကွယ်သွားပါတယ်။

ချန်စန့်ထျန်ဟာ ထွက်မပြေးရဲတဲ့အတွက် မြေကြီးပေါ်မှာ တုန်ယင်စွာ ဒူးထောက်နေပါတယ်။ သူဟာ ပြင်းထန်စွာ ဒဏ်ရာရထားပြီးပြီမို့ အကောင်းဆုံးကြိုးစားပြီး ထွက်ပြေးရင်တောင် ဟန်ကျွယ်ကနေ လွတ်မှာမဟုတ်ပါဘူး။

“ဝင်လာခဲ့” လိုဏ်ဂူဝပေါ်လာပြီး ကျောက်တုံးတံခါးဟာ ပွင့်သွားပါတယ်။

ချန်စန့်ထျန်ဟာ ဟန်ကျွယ်ကို မြင်မြင်ချင်းပဲ ချောမောပြီး ငယ်ရွယ်တယ်လို့ တွေးမိလိုက်ပါတယ်။ ချန်စန့်ထျန်ဟာ ဟန်ကျွယ်က အဲဒီအကြီးအကဲရဲ့ တပည့်ပဲလို့ တွေးမိပြီး အံကြိတ်ကာ မတ်တတ်ရပ်လိုက်ပါတယ်။

ချန်စန့်ထျန် အထဲရောက်လာတဲ့အခါ ဟန်ကျွယ်က ဖော်မေးရှင်းကို အသက်သွင်းပြီး လိုဏ်ဂူတံခါးကို ပြန်ပိတ်လိုက်ပါတယ်။ အဲဒီနောက် လိုဏ်ဂူထဲကို လျှောက်သွားပါတယ်။

ချန်စန့်ထျန်ဟာ ဟန်ကျွယ်ကို ကောက်ကာငင်ကာ ဖမ်းလိုက်ပြီး လည်းပင်မှာ ဓားထောက်လိုက်ပါတယ်၊ အဲဒီနောက် လိုဏ်ဂူထဲကို အသံကျယ်ကျယ်နဲ့ လှမ်းအော်လိုက်ပါတယ် “အကြီးအကဲ ကျွန်တော့်ကို လွှတ်ပေးပါ၊ မလွှတ်ပေးရင် အကြီးအကဲရဲ့ တပည့်ကို သတ်လိုက်မယ်”

“…”

လိုဏ်ဂူတစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားပါတယ်။ ချန်စန့်ထျန်ဟာ ဘေးဘီဝန်းကျင်ကို မသက်မသာနဲ့ ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်က အသံအေးအေးနဲ့ ပြောလိုက်ပါတယ် “ငါ့မှာ တပည့်တစ်ယောက်မှ မရှိဘူး”

ချန်စန့်ထျန်ဟာ ဒီစကားကို ကြားလိုက်ရတဲ့အခါမှာ ရေခဲတိုက်ထဲ ရောက်သလို ခံစားလိုက်ရပါတယ်။

“ချွမ်”

ချန်စန့်ထျန် လက်ထဲကဓားဟာ အောက်ကိုလွတ်ကျသွားပါတယ်၊ အဲဒီနောက် ချက်ချင်းဒူးထောက်ပြီး ဟန်လုပ်ပြုံးလိုက်ပါတယ် “စီနီယာ... ကျွန်တော်က နောက်နေတာပါ...”

ချန်စန့်ထျန်ဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံနိုင်ပါတယ်။ အခြေခံအဆင့် နဝမတန်း။

‘မဖြစ်နိုင်ဘူး! ဒါ တမင်ဟန်လုပ်ထားတာပဲ၊ ငါ့လိုလူကိုတောင် တစ်ကွက်တည်းနဲ့ နှိပ်ကွပ်နိုင်တာ ဒီလူက ဆရာကြီးပဲ ဖြစ်ရမယ်’

ဟန်ကျွယ်ဟာ လိုဏ်ဂူထဲကို လျှောက်သွားပြီး ပြောလိုက်ပါတယ် “ငါ့နောက်လိုက်ခဲ့ချည်”

ချန်စန့်ထျန်ဟာ ချက်ချင်းပဲ နောက်ကနေ လိုက်သွားပါတယ်။

ဟန်ကျွယ်ဟာ သူရဲ့သစ်သားခုတင်မှာ ထိုင်လိုက်ပါတယ်၊ ချန်စန့်ထျန်ကတော့ သူ့ရှေ့မှာ တလေးတစား ပုံစံမျိုးနဲ့ ဒူးထောက်ကာ ထိုင်နေပါတယ်။

‘ဒီကောင်က တကယ်ပဲ ချင်မင်ဂိုဏ်းရဲ့ အကြီဆုံးအဓိကတပည့်လား?’ ဟန်ကျွယ်ဟာ ချန်စန့်ထျန်ကို နတ်မိမယ်ရှီရွှမ်ဆီ လက်လွှဲလိုက်ဖို့ စဉ်းစားပါသေးတယ်၊ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ချန်စန့်ထျန်က မရမက ထွက်ပြေးမှာ ကျိန်းသေပါတယ်။ သူ့အစွမ်းက ချန်စန့်ထျန်ကို အနိုင်ယူနိုင်ပေမဲ့ လိုသလိုကစားလို့ရတဲ့အထိတော့ မရောက်သေးပါဘူး။

ချန်စန့်ထျန် ထွက်မပြေးရဲတာက ဟန်ကျွယ်ရဲ့ အစွမ်းကို အထင်ကြီးလွန်းတာကြောင့်ပါ။

ဘာပဲဖြစ်ဖြစ် ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံက ကာကွယ်ထားတာကြောင့် ဟန်ကျွယ်ဟာ ချန်စန့်ထျန် အလစ်အငိုက်ဖမ်းပြီး လုပ်ကြံမှာကို လုံးဝမကြောက်ပါဘူး။ ဒီနတ်ဝတ်ရုံဟာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကိုသာ ခေါင်းကိုလည်း ကာကွယ်နိုင်ပါတယ်၊ ဒါကြောင့် ချန်စန့်ထျန်ဟာ သူ့ကို မြူတစ်မှုန်မျှ ထိခိုက်ဒဏ်ရာရအောင်တောင် မလုပ်နိုင်ပါဘူး။

ဟန်ကျွယ်က ညင်ညင်သာသာ ပြောလိုက်ပါတယ် “မင်းလက်နက်ကို ကောက်ကိုင်ပြီး ငါ့ကို အားကုန်ထိုးစမ်း”

ချန်စန့်ထျန်ဟာ တုန်တက်သွားပြီး ငိုသံပါကြီးနဲ့ ပြောလိုက်ပါတယ် “အကြီးအကဲ ကျွန်တော် အမှားကို နားလည်ပါပြီ၊ ကျွန်တော့်အပြုအမူက မှားမှန်းလည်း သိပါပြီ”

“လာစမ်းပါ၊ မင်း ဒီလိုမလုပ်ဘူးဆိုရင် ငါ့ကို လုပ်ကြံဖို့ တစ်ချိန်လုံး တွေးနေလိမ့်မယ်”

“ကျွန်တော် မလုပ်ရဲပါဘူး...”

“ငါ မင်းကို အပြစ်မယူပါဘူး၊ လုပ်မှာသာ လုပ်စမ်းပါ”

“အကြီးအကဲ ကျွန်တော် ရှိခိုးပါတယ်ဗျာ၊ ဒီလိုတော့ မလုပ်ခိုင်းပါနဲ့” ချန်စန့်ထျန်ဟာ ဟန်ကျွယ်ကို ချက်ချင်း ရှိခိုးလိုက်ပါတယ်။ ချန်စန့်ထျန်ဟာ ဟန်ကျွယ်က သူ့ကိုသတ်ဖို့ အကြောင်းရှာနေတယ်လို့ တွေးလိုက်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြင် သူလှုပ်ရှားလိုက်ရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးဆိုတာကို သူသိနေပါတယ်။

ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘ငါက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား?’ ဟန်ကျွယ်ဟာ ချန်စန့်ထျန်ရဲ့ အကြောင်းကို ဖတ်ခဲ့ရတာကြောင့် ဒီလူက အလွန်တရာရက်စက်ပြီး အရှုံးပေမဲ့အစား အသေခံမဲ့လူလို့ တွေးထင်ခဲ့တာပါ၊ အခုလောက်ထိ သူရဲဘောကြောင်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

“အခုအချိန်ကစလို့ မင်း ဒီလိုဏ်ဂူထဲမှာ နေပြီး ငါ့အတွက် စိတ်ဝိညာဉ်အပင်တွေကို ပြုစုပြိုးထောင် ပေးရမယ်၊ မင်းဘာသာ လေ့ကျင့်လို့လည်းရတယ်” ဟန်ကျွယ်က ညွှန်ကြားလိုက်ပါတယ်။

“ကောင်းပြီ... ဘယ်အချိန်ကျရင် ကျွန်တော်သွားလို့ ရပြီလဲ?”

“ဘာ?”

“ဘာမှမဟုတ်ပါဘူး၊ ဟောဒီပါးစပ်က မှားပြောမိတာပါ” ချန်စန့်ထျန်သည် သူ့ပါးစပ်ကိုသူ လက်ဝါးဖြင့် ပြန်ရိုက်လိုက်၏။

All Chapters