သူက အစ်မခင်ပွန်းပါ။
Vol. 23 Ch. 338
ရှန်းယောင်က အပြုံးဖြင့် သူမ ခါးလေးအား ဖက်လိုက်ကာ သူ့လက်အားမြှောက်၍ သူမ နှာဖျားလေးအား ထိလိုက်ကာ ညင်သာစွာ ရှင်းပြသည်။
“ကိုယ်က အစ်ကိုချင်နဲ့အတူ အုပ်ချုပ်ရေးမှူးကျန်းဆီ အဖော်လိုက်လာတာလေ”
ချင်မင်ဟုန်သည် အရာရှိတစ်ယောက်ဖြစ်ရန် သူ့ရည်ရွယ်ချက်အား ဖော်ပြပြီးကတည်းက ချင်ချန်သည် သူ့သားအား ကူညီချင်ခဲ့သည်။ ထို့အပြင် ချင်မင်ဟုန်သည် ယန်ကျိုးသို့ သွားချင်သည့်အတွက် ချင်ချန်သည် သူ့အား ကျန်းအိမ်တော်သို့ ခေါ်ဆောင်လာခဲ့သည်။
ထို့အပြင် အုပ်ချုပ်ရေးမှူးကျန်း၏ မွေးရပ်မြေမှာ ယန်ကျိုးဇာတိဖြစ်ပြီး အုပ်ချုပ်ရေးမှူးကျန်း၏ အမျိုးတော်စပ်သူ ကျန်းရှန်းကျဲ့သည် လက်ရှိယန်ကျိုး၏ စစ်ဆေးရေးမှူး ဖြစ်သည်။
ထိုအချိန်တွင် ရှန်းယောင်သည် ချင်သားအဖမှ ကျန်းအိမ်တော်သို့ လည်ပတ်ရာတွင် အဖော်လိုက်ခဲ့သည်။
“တိုက်ဆိုင်လိုက်တာ” ကျီကျောက်သည် သူ့အား မော့ကြည့်၍ ချိုမြိန်စွာ ပြုံးပြသည်။
“ သခင်မကြီးချင်က သခင်မကျန်းဆီ အလည်ပတ်သွားဖို့ ကျွန်မကို ခေါ်လာတာလေ၊ စကားမစပ် ဒါက ရုန်ရုန်လေးလေ”
ကျန်းရုန်ရုန်သည် စိတ်လှုပ်ရှားစွာ ကျီကျောက်နောက်တွင် ပြုံးလိုက်မိသည်။ သူမ၏ လက်ချောင်းသေးသေးလေးများမှာ ကျီကျောက် ၀တ်ရုံစအား ဆုပ်ထားသည်။
“ မမအာ့ထောင် အဲဒီလူက ဘယ်သူလဲ…..”
“ရုန်ရုန် မကြောက်နဲ့နော်” ကျီကျောက်သည် ဖြည်းညှင်းစွာ ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ကာ ကျန်းရုန်ရုန်အား ပြုံးပြလိုက်သည်။
“သူ့နာမည်က ရှန်းယောင်လေ၊ အစ်မရဲ့ ခင်ပွန်းပါကွယ်”
ကျန်းရုန်ရုန်သည် အံ့အားသင့်စွာ သူမ ခေါင်းမော့လိုက်သည်။ ဒါဆို မမအာ့ထောင်က လက်ထပ်ပြီးပြီပေါ့။
“ဒါဆို မမအာ့ထောင်ကို ညီမရဲ့ အစ်ကိုလတ်နဲ့ လက်ထပ်လို့ မရတော့ဘူးပေါ့….” ကျန်းရုန်ရုန်သည် အနည်းငယ် ၀မ်းနည်းသွားကာ ငိုချင်စိတ်ပေါက်သွားသည်။
“ရုန်ရုန်…. အစ်မ ယုံတယ် သိလား ညီမရဲ့ အစ်ကိုလတ်က အနာဂတ်မှာ သူ့ကို သဘောကျတဲ့ မိန်းမကောင်းလေးနဲ့ သေချာပေါက် တွေ့ရမှာပါကွယ်” ကျီကျောက်သည် ကျန်းရုန်ရုန်၏ မျက်နှာမှ မျက်ရည်စလေးများအား ညင်သာစွာ သုတ်ပေးကာ အသံတိုးတိုးဖြင့် ရှင်းပြသည်။
“နောက်ရက်အနည်းငယ်နေရင် ရုန်ရုန်အတွက် အစ်မ အချိုမုန့်အသစ် တချို့ ယူလာပေးမယ် ဟုတ်ပြီလား”
“တကယ်လား” ကျန်းရုန်ရုန်သည် အငိုမျက်လုံးမှ အပြုံးအဖြစ် တဖြေးဖြေး ပြောင်းလဲသွားသည်။
“ မမအာ့ထောင် ညီမလေးအိမ်ကို ဧည့်သည်အဖြစ် လာဦးမယ်မလား”
“ဒါပေါ့ကွယ်” ကျီကျောက်သည် ပြုံးလိုက်ရင်း သူမ ခေါင်းသေးသေးလေးအား ပွတ်ပေးလိုက်ကာ သူမ အသံမှာ ပို၍ ညင်သာလာသည်။
“ အစ်မတို့က သူငယ်ချင်းကောင်းတွေလေ၊ ဒါကြောင့် တို့တွေ မကြာခဏ အတူလာ အတူသွားလုပ်သင့်တာပေါ့”
“ကောင်းတယ်၊ ကောင်းတယ်” ကျန်းရုန်ရုန်သည် အလွန်အမင်း ပျော်ရွှင်သွားမိသည်။
မမအာ့ထောင်မှ သူမ၏ ယောင်းမ မဖြစ်လာနိုင်ရင်တောင် မမအာ့ထောင်မှ အိမ်တော်သို့လာရောက်၍ သူမအား လာတွေ့ပါက သူမ စိတ်ကျေနပ်မှုရသည်။
ရှန်းယောင်သည် သူ့ရှေ့ရှိ မိန်းကလေးငယ်လေးမှ သူ့ဇနီးလေးအား ပစ်မှတ်ထားမည်ဟု မထင်ထားမိပေ။ သူ အနည်းငယ် အကူအညီမဲ့သွားကာ နစ်နာသလို ခံစားလိုက်ရသည်။
သူ့ကျောက်ကျောက်ကတော့ အရမ်းဆွဲဆောင်နိုင်စွမ်းရှိလွန်းတာပဲ။
“ အစ်ကိုရှန်းကို အရင်ထဲက လက်ထပ်ပြီးသားလို့ ကျွန်တော်မထင်ထားခဲ့ဘူး”
မရင်းနှီးသည့် အသံ တစ်ခု ထွက်ပေါ်လာသည်။ ကျီကျောက်သည် ရှန်းယောင်နောက်မှ လူနှစ်ယောက်အား မြင်လိုက်ရသည်။
“ ကျောက်ကျောက်” ရှန်းယောင်သည် သူမ လက်အားကိုင်လျက် အခုလေးတင် စကားပြောလာသည့် ပုဂ္ဂိုလ်အား လှည့်ကြည့်လိုက်သည်။ ထိုသူသည် အနက်ရောင် ပန်းထိုးထားသည့် အစိမ်းရောင် ၀တ်ရုံရှည်အား ၀တ်ဆင်ထားသည်။
“ဒါက ဒုတိယသခင်လေးကျန်းလေ”
“နှုတ်ဆက်ပါတယ် ဒုတိယသခင်လေးရှင့်” ကျီကျောက်သည် ပြုံးလိုက်ကာ ပေါ့ပေါ့ပါးပါး ကိုယ်ကို ညွှတ်၍ နှုတ်ဆက်လိုက်သည်။
“တွေ့ရတာ၀မ်းသာပါတယ် မရီး ခင်ဗျ”
ကျန်းယွဲ့သည် အပြုံးလေးဖြင့် ပြန်ဖြေသည်။
အရွယ်ရောက်ကာစရှိသည့် ကျိုးယွဲ့သည် အရပ်အရမ်းရှည်သည်။ သို့ပေမဲ့ သူ့အသားအရေမှာ အနည်းငယ်ညိုကာ သူ့မျက်နှာအကျ အစိတ်အပိုင်းများမှာ ညီညာမှု ရှိသည်။ တစ်ခုတည်းသော ပြစ်ချက်မှာ သူ့မျက်ခမ်းစပ်မှ နှုတ်ခမ်းအထိ များပြားလှသည့် ပဲပုပ်ပမာဏ အနီရောင် အဖုအထစ်များပင် ဖြစ်သည်။
ထိုအဖုအထစ်များမှာ ဒုတိယသခင်လေးကျန်း၏ ရုပ်ရည်သွင်ပြင်အား သက်ရောက်မှု ရှိသည်။ ထို့ကြောင့် သခင်မကျန်းမှာ သူမ သား၏ လက်ထပ်ပွဲအတွက် စိုးရိမ်ကြောင့်ကြနေရခြင်း ဖြစ်သည်။
“ဒုတိယသခင်လေးကျန်းရှင့် ပြဒါးတွေ အများအပြား သုံးတာက ရှင့်ရဲ့ အသားအရေကို အလွန်တရာ ထိခိုက်စေနိုင်ပါတယ်”
ကျန်းယွဲ့သည် မရီးရှန်းမှ တစ်ချက်ကြည့်ရုံဖြင့် သူ့မျက်နှာမှ အနီရောင် အဖုအထစ်များမှာ တစ်ခုခု မှားယွင်းနေကြောင်း မြင်နိုင်လိမ့်မည်ဟု မထင်ထားမိပေ။ သူပြန်ပြောခါနီးတွင် သူ့အစ်ကို၏ အသံအား ကြားလိုက်ရသည်။
“ဒီနေ့ ဥယျာဉ်က အရမ်းကို အသက်၀င် တက်ကြွနေပါလားဟေ့” အဖြူရောင်၀တ်ရုံ ၀တ်ဆင်ထားသည့် ကျန်းလီသည် လူအုပ်ရှေ့သို့ တင့်တယ်စွာ လျှောက်လာသည်။ သူ့မျက်နှာရှိ အပြုံးမှာ ဂရုမစိုက်မှု ၃၀ ရာခိုင်နှုန်း၊ အထင်သေးမှု ၃၀ ရာခိုင်နှုန်းနှင့် အေးစက်မှု ၃၀ ရာခိုင်နှုန်း ရှိသည်။
သူ့မျက်ခမ်းထောင့်မှ မတော်တဆ ရင်းနှီးနေသည့် မျက်နှာတစ်ခုအား မြင်လိုက်ရသဖြင့် ကျန်းလီ၏ မျက်၀န်းများမှာ ပို၍ နက်ရှိုင်းလာသည်။
“ အစ်ကိုကြီး” ကျန်းယွဲ့သည် နောက်သို့လှည့်ကာ အပြုံးလေးဖြင့် ခေါ်လိုက်သည်။
“ဒုတိယညီက ဒီနေ့ ကျောင်းမသွားဘူးလား” ကျန်းလီသည် သူ့မျက်ခုံးများအား အနည်းငယ်ပင့်ကာ တိုးတိုးလေး ပြောသည်။
“ဆရာက ခွင့်သုံးရက် ယူထားလို့ပါဗျ” ကျန်းယွဲ့သည် လေးလေးစားစား ရှင်းပြလာသည်။
“ အစ်ကိုကြီး ဒီနေ့ အိမ်တော်ကို ဧည့်သည်တချို့ ရောက်လာကြတယ်၊ ဒါက အစ်ကိုရှန်း၊ သိပ်မကြာသေးခင်က အစ်ကိုရှန်းက အင်ပါယာ၀င်ခွင့်စာမေးပွဲမှာ ပထမနေရာ ရထားတယ်၊ ဒါက မရီးရှန်း သူမက…..”
“ချွင်းဖုန့်စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ပေါ့” ကျန်းယွဲ့ စကားမဆုံးသေးခင် ကျန်းလီသည် ရုတ်တရက် ပြုံးလိုက်သည်။ သို့ပေမဲ့ သူ ကျီကျောက်အား ကြည့်နေချိန်တွင် သူ့မျက်၀န်းထဲတွင် လှောင်ပြောင်ရိပ်များ ပါဝင်နေသည်။
ကျီကျောက်သည် ထိုကဲ့သို့သော အငြိုးထားသည့် အကြည့်မျိုးအား မကြိုက်ပေ။
ရှန်းယောင်သည် တိတ်တဆိတ် သူ့ဇနီးလေးအား သူ့နောက် ပို့၍ ကာလိုက်သည်။ သူမျက်၀န်းများမှာ တဖြည်းဖြည်း အေးစက်လာကာ သူ၏ အေးစက်သည့် အကြည့်မှာ ကျန်းလီ၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။
ခဏတာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ကျန်းလီသည် အားပါတရ ရယ်မောလာသည်။
“ မင်းက ကျုပ်ကို အပြစ်ပြုမိမှာကို မကြောက်တာတောင် ဘာလို့ ကျန်းအိမ်တော်ထဲ ၀င်ရောက်လာတာလဲ၊ ဘာလဲ၊ အတော်လေး စဉ်းစားပြီးတော့ ကျုပ်ကို လူကိုယ်တိုင် အသနားခံ တောင်းပန်ချင်လို့လား”
ကျန်းလီသည် သဘောထားကြီးသည့်သူ မဟုတ်ပေ။ ပြောင်းပြန်အနေဖြင့် သူသည် အငြိုးကြီးသည့်သူ ဖြစ်သည်။
ကျီကျောက်သည် သူ့အား လူမြင်ကွင်းတွင် အရှက်ခွဲခဲ့သဖြင့် သူသည် ချွင်းဖုန့်စားသောက်ဆိုင်အား ကိုင်တွယ်ရန် အစီအစဉ်တစ်ခု စဉ်းစားထားပြီးပြီ ဖြစ်သည်။ အဆုံးမှာတော့ သူ့ဖက်မှ မလှုပ်ရှားရသေးခင် တစ်ဖက်လူမှ လာရောက် တောင်းပန်လာသည်။
ဒါက ရုတ်တရက် အတော်လေး ငြီးငွေ့ဖွယ်ကောင်းတယ်ဟု ကျန်းလီ ခံစားလိုက်ရသည်။
“အကြီးဆုံးသခင်လေး ပုံမှန်အချိန်တွေမှာဆိုရင် ၀တ္တုတွေ ဖတ်ရတာ ကြိုက်တာလားရှင့်” ကျီကျောက်က ရုတ်ခြည်း ပြုံးလိုက်သည်။ အကြီးဆုံးသခင်လေးရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက အတော်လေး ရူးနေတာပဲ။
တစ်ခုခု မှားနေသည်အား သိလိုက်ရသည့်အခါ ကျန်းလီသည် မသိစိတ်မှ သူ့မျက်၀န်းများအား ကျဉ်းမြောင်းလိုက်ကာ ကျီကျောက်အား ပို၍ ရက်စက်စွာ ကြည့်လိုက်သည်။
“ မင်း ဘာကို ဆိုလိုတာလဲ”
“ကျွန်မ ဒီကို လာတာ ရှင့်ကို တောင်းပန်ဖို့ မဟုတ်ပါဘူး၊ ဒါ့အပြင်….” ကျီကျောက်သည် ကျန်းလီအား ကြည့်ကာ မဲ့ပြုံး,ပြုံးပြလိုက်သည်။
“ကျွန်မ ရှင့်ကို တောင်းပန်ဖို့ မလိုအပ်ဘူးလို့ ထင်တယ်…. ဒါမှမဟုတ် ရှင် ကျွန်မကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာများလား”
“ မင်းက အာသွက်လျှာသွက်ရှိတာပဲ” ကျန်းလီသည် သူ့မျက်၀န်းများအား ကျဉ်းမြောင်းလိုက်ကာ လှောင်ရယ်လိုက်သည်။
“မင်းက ကျုပ်ကို အပြစ်ပြုပြီးတာတောင် မင်းရဲ့ စားသောက်ဆိုင်ကို ချောချောမွေ့မွေ့ လည်ပတ်နိုင်မယ်လို့ ထင်ရလောက်တဲ့ထိ တုံးအလွန်းမယ်လို့တော့ ကျုပ်ကို မပြောနဲ့နော်။”
သူသာ ဒီမိန်းမကို ကိုင်တွယ်ချင်ပါက ပုရွက်ဆိတ်တစ်ကောင်အား နင်းချေရတာထက်ပင် ပိုလွယ်ပေလိမ့်မည်။
ထို့အပြင် ဒီမိန်းမသည် သူမ အတွက် ဘယ်အရာက ကောင်းသည်အား မသိပေ။
“ဘာဖြစ်နေကြတာလဲ၊ ဘာလို့ မင်းတို့အားလုံး ဒီမှာ ရပ်နေကြတာတုန်းကွယ့်” ရုတ်ရုတ်သဲသဲ အသံများအား ကြားလိုက်ရသဖြင့် သခင်မကျန်းသည် ဥယျာဉ်သို့ ရုတ်ချည်း ရောက်လာကာ အလျင်စလို မေးသည်။
“ဘာဖြစ်ကြတာလဲကွယ့်”
ကျန်းလီ ပြန်ဖြေဖို့ လုပ်နေတုန်းမှာပင် ကျီကျောက်၏ အသံအား သူကြားလိုက်ရသည်။
“ သခင်မကျန်း အိမ်တော်ရဲ့ အကြီးဆုံးသခင်လေးမှ ကျွန်မကို ခြိမ်းခြောက်ခဲ့ပါတယ်၊ သခင်မ တစ်ခုခု အဆုံးအဖြတ် ပေးနိုင်မလားလို့ မေးပါရစေရှင့်”
“တကယ်ပဲ ဘာတွေဖြစ်ခဲ့ကြတာလဲကွယ့်” သခင်မကျန်း၏ အမူအရာမှာ ပို၍ပင် လေးနက်လာသည်။
ဆယ့်ငါးမိနစ်ခန့်အကြာတွင် ကျန်းလီသည် သူ့နှလုံးသားထဲမှ အမည်မသိ မီးတောက်အား ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သူ့မျက်၀န်းများအား နက်ရှိုင်းလာကာ ပြောသည်။
“အမေက ဒုတိယညီရဲ့ လက်ထပ်ပွဲနဲ့ ပတ်သက်ပြီး စိတ်သောကရောက်နေရတယ်ဆိုလို့ ကျုပ်က ချွင်းဖုန့်စားသောက်ဆိုင်ကို သွားပြီး ဆိုင်ရှင်ကျီကို သိုးသားအစာသွပ်ထားတဲ့ ဖက်ထုပ်ပေါင်းတချို့ လုပ်ပေးနိုင်မလားဆိုပြီး သွားရောက်တောင်းဆိုဖူးတယ်။ ကျုပ်က အမေ့ရဲ့ သောကတွေ လျော့ပါးအောင် ဖြေဖျောက်ပေးချင်တာပါ၊ ကျုပ် မထင်ထားမိတာက ဆိုင်ရှင်ကျီမှာ ဒီလိုမျိုး အထက်စီးဆန်တဲ့ စိတ်ဓာတ်မျိုး ရှိနေလိမ့်မယ် ဆိုတာကိုပါပဲ….”
“ အကြီးဆုံးသခင်လေးက အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေနဲ့ ကျွန်မကို အသေရေဖျက်ဖို့ လုပ်ကြံနေတာလားရှင့်” ကျီကျောက်က ရယ်မောလိုက်မိသည်။
“ချွင်းဖုန့်စားသောက်ဆိုင်ကို စဖွင့်ထဲက ကျွန်မ ကြေညာထားပြီးသားပါ၊ ချွင်းဖုန့်စားသောက်ဆိုင်က လူနှစ်ဦးထပ်ပိုတဲ့ စားပွဲတွေကိုပဲ လက်ခံစီစဉ်ပေးပြီးတော့ တစ်ယောက်စာ ဟင်းပွဲတွေကို မရောင်းချပေးဘူးလို့ပါ၊ အခုထိ ဆိုင်တံခါး၀မှာ အဲ့ဒီကြေညာဆိုင်းဘုတ် ရှိနေတုန်းပါဘဲ၊ ဒါမှမဟုတ် အကြီးဆုံးသခင်လေးက ကိုယ့်ကိုယ်ကိုယ် လူတိုင်းရဲ့ အထက်မှာ ရှိနေတယ်လို့ ထင်ပြီး အခြားသူတွေကို သခင်လေးရဲ့ စိတ်ကြိုက် ရောင်းခိုင်း ၀ယ်ခိုင်းဖို့ တွန်းအားပေးနိုင်မယ်လို့ ထင်နေတာလားရှင့်”
ကျီကျောက်သည် ကျန်းလီအား မကြိုက်သလို သူ့အား အပြစ်ပြုမိမည်ကိုလည်း မကြောက်ပေ။
သခင်မကျန်းသည် မျက်မှောင်ကြုတ်လိုက်ကာ ကျန်းလီအား ဝှေ့ကြည့်လိုက်သည်။
“ မင်းက ကျန်းမိသားစု၀င်ပဲဖြစ်ဖြစ် မဟုတ်ရင်ပဲဖြစ်ဖြစ် သူများတွေကို အနိုင်မကျင့်သင့်ဘူး”
ကျန်းလီသည် သူ့မျက်လုံးများအား အောက်စိုက်လိုက်ကာ ဘာမှမပြောပေမဲ့ သူ့မျက်၀န်းများထဲတွင် မထီမဲ့မြင်မှုများဖြင့် ပြည့်နေသည်။
သူသည် ကျန်းမိသားစု၏ အကြီးဆုံးသား ဖြစ်သော်ငြား သူသည် ကိုယ်လုပ်တော်၏ သား ဖြစ်သည်။ သူသည် သခင်မစွင်းအား အချိန်အတော်ကြာသိပေမဲ့ သခင်စွင်းသည် သူ့ဖက်မှ မရပ်တည်ပေးနိုင်သေးသဖြင့် အခုအချိန်သည် သူသည် ထိုလူများနှင့် စကားမများသင့်သေးပေ။
***