သူမ ထပ်ပြီး အိမ်မက်မက်ပြန်ပြီ။
Vol. 23 Ch. 339
“ အမေမှန်ပါတယ် ဒါက ကျုပ်အမှားပါ” ကျန်းလီသည် ရုတ်တရက် ကျီကျောက်အား မော့ကြည့်ကာ သူ့လေသံမှာ အလွန်အမင်း စစ်မှန်သလို ပြောသည်။
“ကျုပ် အရမ်း အလျင်စလို ပြောလိုက်မိပါတယ်၊ ကျုပ် မရည်ရွယ်ခဲ့ပါဘူး၊ ဆိုင်ရှင်ကျီက ကျုပ်ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်ဗျ”
ကျီကျောက် ဘာမှ ပြန်မပြောခဲ့ပေ။ သူမပြောနိုင်တာက ကျန်းလီသည် စိတ်ရင်းအမှန်ဖြင့် တောင်းပန်ခြင်း မဟုတ်ပေ။
တကယ်တော့ သူက သူမကို ပို၍ပင် မုန်းတီးနေသည်။
“ခင်ပွန်း၊ ကျွန်မ ရုတ်တရက်ကြီး အနည်းငယ် မသက်မသာ ခံစားလာရလို့ အိမ်ပြန်ကြမလား”
အကြောင်းရင်းတချို့ကြောင့် ကျန်းလီ၏ အကြည့်နှင့် ထပ်မံဆုံတွေ့ပြီးနောက် ကျီကျောက် ရုတ်တရက် သူမ နှလုံးသားထဲမှ နာကျင်မှုအား ခံစားလိုက်ရသည်။
“ကောင်းပါပြီ၊ ကိုယ်တို့ အိမ်ပြန်ကြရအောင်” ရှန်းယောင်သည် ကျီကျောက်အား အလျင်အမြန် ဖက်လိုက်သည်။
“နှုတ်ဆက်ပါတယ်ဗျ”
ကျီကျောက် မက်မွန်ပွင့်အိမ်တော်အား ပြန်ရောက်လာသည့်အခါ သူမ တကယ်ကို နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။
သူမ နဖူးပြင်မှ ချွေးစက်လေးများအား ကြည့်ရင်း ရှန်းယောင် စိုးရိမ်တကြီး သူမ လက်လေးအား ကိုင်လိုက်ရင်း သူမဘေးတွင် စောင့်နေလိုက်သည်။
ထိုအချိန်တွင် ကျီကျောက်သည် သူမ မျက်လုံးများအား ဖွင့်လိုက်ချိန်၌ မျက်စိကျိန်းလောက်အောင် တောက်ပနေသည့် အဖြူရောင် ရောင်လျှံစက်၀န်းမှ ကြိုဆိုလာသည်။ သူမ မှင်သက်နေချိန်တွင် သူမ ရှေ့မှ မြင်ကွင်းအား ရှင်းလင်းစွာ မြင်လိုက်ရသည်။
သူမသည် သင်္ဘောကုန်းပတ်ပေါ်တွင် ချည်ထားခြင်းခံထားရသည်။ သူမကိုယ်ထဲတွင် မည်သည့်အားမှ မကျန်ရှိပေ။ သူမ စကားပြောရန် ပါးစပ်ဖွင့်လိုက်ပေမဲ့ သူမ လည်ချောင်းမှ စူးရှသည့် နာကျင်မှုအား ခံစားလိုက်ရသည်။ အဆုံးတွင်တော့ သူမ ပါးစပ်အပြည့် အနက်ရောင် သွေးတစ်လုပ်အား မထိန်းချုပ်နိုင်စွာ ထွေးထုတ်လိုက်မိသည်။
“ အရမ်းလှတဲ့ ကောင်မလေးပဲ။ နှမျောဖို့ကောင်းလိုက်တာကွာ။”
“ဘယ်သူက သူမကို အကြီးဆုံးသခင်လေးကို အပြစ်ပြုဖို့ပြောလို့လဲ”
ရုတ်တရက် လူနှစ်ယောက် စကားပြောနေသည်အား သူမကြားလိုက်ရသည်။
“ဒါပေမယ့် ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်လေးက မရက်စက်လွန်းဘူးလား၊ သူက တကယ်ပဲ တစ်မိသားစုလုံးကို သတ်ခဲ့တာပဲ ကျစ်* ကျစ်*”
“ရှူး… မင်းသေချင်နေတာလား၊ အဓိပ္ပါယ်မရှိတာတွေ ဘယ်လို ပြောထွက်တာလဲကွ”
“ဘာကြောက်စရာလိုလို့လဲ၊ ငါတို့က အခု ပင်လယ်ထဲမှာလေ၊ ခဏနေ ဒီမိန်းကလေးကို ပင်လယ်ထဲ လွှတ်ပစ်ရမဲ့အချိန်ပဲ၊ ဒါပေမယ့် ဒီမိန်းကလေးက အတော်လေး မိုက်တယ်ကွ၊ ငါတို့တွေ အရင်ဆုံး ပျော်စရာလေးတချို့ ရှာကြရအောင်လား”
ချဉ်းကပ်လာသည့် ခြေသံများအား ကြားလိုက်ရသဖြင့် ကျီကျောက်တစ်ယောက် အလွန် စိတ်လှုပ်ရှားမိသွားတာကြောင့် အသက်ရှုရန်ပင် မေ့လျော့သွားမိသည်။
သူမ လျှာထိပ်အား ကိုက်လိုက်ရန် လုပ်နေခိုက်တွင် သူမ မျက်ခုံးနှစ်ခုကြားမှ စူးရှသည့် နာကျင်မှု ရုတ်တရက် ရောက်လာသည်။
“နိုးလာပြီလား” သူ့တပည့်လေးမှ တဖြည်းဖြည်း သူမ မျက်လုံးများအား ဖွင့်လာသည်ကို မြင်လိုက်ရသဖြင့် နတ်ဆေးသမားတော် ရှန်းဟယ်မှ စိတ်သက်သာရာရသွားသည်။
“ဆရာသခင်” ကျီကျောက်သည် သူမ ခေါင်းမှ ပို၍ နာကျင်လာသည်အား ခံစားလိုက်ရသည်။
သူမသည် အိပ်ရာပေါ်တွင် ထိုင်ရန် ရုန်းကန်လိုက်ရပြီးနောက် မည်သည့်အရာမှ မတုံ့ပြန်ခင် ဘေးပတ်၀န်းကျင်သို့ ကြည့်လိုက်မိသည်။ သူမထပ်ပြီး အိမ်မက်မက်ပြန်ပြီ။
“ မနေ့က ကိုယ် မင်းကို ကျန်းအိမ်တော်က ပြန်ခေါ်လာကတည်းက မင်းအိပ်ပျော်နေတာလေ၊ ဒါပေမယ့် မကြာပါဘူး မင်း အဖျားတွေ စတက်လာပြီး နဖူး တစ်ခုလုံး ပူခြစ်နေတာပဲ”
ရှန်းယောင်သည် သူ ချက်ပြုတ်ထားသည့် စွပ်ပြုတ်အား သူမကို လှမ်းပေးလိုက်သည်။
“ ကျောက်ကျောက် မသက်မသာ ခံစားနေရသေးလား”
ရှန်းယောင်၏ မျက်တွင်း ဟောက်ပတ်နေသည့် မျက်နှာအား မြင်လိုက်ရသဖြင့် ကျီကျောက် နှလုံးသားမှာ ယားယံလာသည်။ သူမသည် နာခံစွာ ခေါင်းညိမ့်ပြလိုက်ကာ ပြောသည်။
“ ရှန်းယောင် ကျွန်မအဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့”
“အိမ်မက်ဆိုးထပ်မက်တာလား”
“ အင်း” ကျီကျောက်သည် ခေါင်းညိမ့်ပြကာ စိတ်ငြိမ်စွပ်ပြုတ်အား လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ပြီး အတွေးနက်ထဲ ကျရောက်သွားသည်။
အိမ်မက်ထဲတွင် သူမသည် သင်္ဘောကုန်းပတ်တွင် ကြိုးချည်ခံထားရသည်။
ထိုလူနှစ်ယောက်၏ စကားဝိုင်းမှတစ်ဆင့် ကျန်းလီမှာ သူမ အသက်အား လိုချင်နေသည်မှာ မခက်ခဲလှပေ။ ပိုပြီးအရေးကြီးတာက ကျန်းလီသည် ကျန်းမိသားစုတစ်ခုလုံးအား သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဒီလို နှလုံးသားမဲ့တဲ့ အရာမျိုး သူ ဘယ်လိုများ လုပ်နိုင်ရတာလဲ။
ကျန်းမိသားစုမှာ လုံခြုံအေးချမ်း နေသေးသော်ငြား သူမကိုယ်သူမနှင့် ကျန်းမိသားစုအတွက် ဒီပြဿနာ အရေးအခင်းမှ ကျော်လွှားနိုင်အောင် ဘာလုပ်ရမလဲ။
“ မင်းရဲ့ နှလုံးခုန်နှုန်းတွေကတော့ ပုံမှန်မဟုတ်သေးဘူး” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမ သွေးခုန်နှုန်းအား စစ်ဆေးနေသည့်လက်အား လွှတ်လိုက်ကာ စိုးရိမ်သည့်အကြည့်ဖြင့် မေးသည်။
“ဟုတ်ကဲ့” ကျီကျောက်သည် စိတ်အားငယ်စွာ ပြန်ဖြေသည်။
“တပည့် အရမ်းကြောက်စရာကောင်းတဲ့ အိမ်မက်မက်ခဲ့သလို ခံစားရပေမဲ့ နိုးလာရင် အဲ့အကြောင်း မေ့သွားပြန်ရော”
“ မင်းမေ့သွားတာ ကောင်းပါတယ်” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမ ခေါင်းအား ချစ်မြတ်နိုးစွာ ပွတ်ပေးလာသည်။
“အိပ်မရဘူးဆိုရင် လမ်းထလျှောက်ပြီးတော့ တောင့်တင်းနေတဲ့ကြွက်သားတွေ ဖြေလျှော့လိုက်နော်”
“ကျေးဇူးပါ ဆရာသခင်”
“တပည့်မိုက်လေး”
နတ်ဆေးသမားတော် ရှန်းဟယ် အခန်းထဲမှ ထွက်သွားပြီးနောက်တွင် ရှန်းယောင်သည် သူမဘေးသို့ လျှောက်လာကာ သူမ လက်ကလေးအား သူ့နှုတ်ခမ်းများဆီသို့ ညင်သာစွာ ဆွဲယူလိုက်ကာ အသံအက်ရှရှဖြင့် မေးသည်။
“ ကျောက်ကျောက်….”
“ကျွန်မ တကယ်အဆင်ပြေပါတယ် စိတ်မပူပါနဲ့” ကျီကျောက်သည် သူ့အား ပြုံးပြသည်။ သူမသည် ခဏလောက်စဉ်းစားလိုက်ကာ အိပ်ရာဘေးသို့ ရွေ့သွားလိုက်သည်။ ရှန်းယောင်ဘေးရှိ နေရာအလွတ်အား သူမ ပုတ်ပြလိုက်သည်။
“ ရှန်းယောင် ကျွန်မနဲ့အဖော်ပြုပေးအုံး”
“ကောင်းပါပြီ”
ရှန်းယောင်သည် သူမပုခုံးလေးအား ဖက်လိုက်ကာ သူတို့နှစ်ဦးလုံးမှာ နူးညံ့သည့် အိပ်ရာခင်းပေါ်တွင် လဲလျောင်းလိုက်ကြသည်။
ကျီကျောက်သည် သူမ ခေါင်းလေးအား သူ၏ ကျယ်ပြန့်ပြီး မာကျောသည့် ပုခုံးပေါ်သို့ ညင်သာစွာ မှီလိုက်ကာ သူမ မျက်လုံးများအား မှိတ်ထားလိုက်သည်။ “ ရှန်းယောင် ကျွန်မ နည်းနည်း ထပ်အိပ်ချင်နေသေးတယ်”
“ဟုတ်ပါပြီ”
ခဏကြာသည့်နောက် ကျီကျောက် ထပ်ပြီး အိမ်မက်မက်ပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ သူမ ကျန်းအိမ်တော်သို့ ရောက်နေခဲ့သည်။ လေထုထဲတွင် ပြည့်နှက်နေသည့် သွေးနံ့များမှာ ပျို့အန်ချင်စရာပင် ကောင်းလှသည်။
ကျန်းမိသားစု၏ ခမ်းနားထည်ဝါလှသည့် ခြံ၀န်းမှာ အခုတော့ ရဲတောက်နေသည့် သွေးများဖြင့် လွှမ်းခြုံနေသည်။ အစေခံများမှာ မြေပြင်ပေါ်တွင် လဲနေကြကာ အားလုံးမှာ အပြစ်မဲ့စွာ သေဆုံးနေကြသည်။
ကျီကျောက်သည် ၀မ်းနည်းကြီးစွာ သူမရင်ဘတ်အား ဆုပ်ကိုင်လိုက်ကာ ဧည့်ခန်းမထဲသို့ တစ်လှမ်းဆီ လျှောက်သွားလိုက်သည်။
သခင်မကျန်း၏ ခန္ဓာကိုယ်မှာ ရုပ်ပျက်ဆင်းပျက် အပိုင်းပိုင်း ခုတ်ဖြတ် ခံထားရကာ ဒုတိယသခင်လေးမှာ ဒဏ်ရာများနှင့်အပြည့်ဖြစ်နေပြီး ရုန်ရုန်မှာ သူမ မျက်လုံးများအား တင်းကြပ်စွာ မှိတ်လျက် ရှိနေသည်။
“ဘုရားရေ… အုပ်ချုပ်ရေးမှူးအိမ်တော်က လူတွေအားလုံး အသတ်ခံထားရတာပါလား”
“ကြားရသလောက် မီရှန်းက ဓားပြတွေ လုပ်တာတဲ့လေ”
“ အကြီးဆုံးသခင်လေးကျန်း လုပ်ခိုင်းတာလို့ မပြောခဲ့ကြဘူးလား”
“စကားမစပ် အကြီးဆုံးသခင်လေး လအစတုန်းက ခေါ်လာခဲ့တဲ့ မိန်းမလှလေးကို မှတ်မိသေးလား၊ ကြားရသလောက် သူမက မီရှန်းရဲ့ ဓားပြခေါင်းဆောင်တဲ့လေ”
“ဟုတ်တယ် ဟုတ်တယ် အကြီးဆုံးသခင်လေးကျန်း ဓားပြနဲ့ လက်ထပ်ပြီးကတည်းက ကျန်းမိသားစုကို ပြဿနာတွေ ဖြစ်လာတာပဲ မဟုတ်လား”
မီရှန်း…. အမျိုးသမီး…. ခေါင်းဆောင်။
ကျီကျောက်သည် ထိုစကားလုံးများအား မှတ်လိုက်မိသည်။ အဆုံးတွင် သူမရှေ့ရှိ အရာများမှာ ရုတ်တရက် မြူခိုးများအဖြစ်သို့ ပြောင်းသွားပြီး ပျောက်ကွယ်သွားသည်။
ကျီကျောက် နိုးလာချိန်တွင် ကိုးလပိုင်း၏ နောက်ဆုံးရက်ပင် ရောက်နေပြီဖြစ်သည်။
“ဗိုက်ဆာနေပြီလား” ရှန်းယောင်မှာ ပူဆွေးသောကရောက်နေရသည်။
“ မင်း နှစ်ရက်နဲ့ နှစ်ည လုံးလုံး ဘာမှ မစားရသေးဘူး”
“နည်းနည်းတော့ ဗိုက်ဆာတယ်” ကျီကျောက်သည် နာခံစွာဖြင့် သူမ ပါးစပ်အား ဖွင့်လိုက်ကာ ရှန်းယောင် ခွံ့ကျွေးလာသည့် ပဲနီယာဂုအား သောက်လိုက်ကာ ကျေနပ်အားရစွာ ပြုံးလိုက်သည်။
ပဲနီယာဂုပန်းကန်လုံးအကြီးတစ်ခုလုံး စားသောက်ပြီးနောက် ကျီကျောက် ပေါ့ပါးလာသလို ခံစားလာရသည်။
“ ကျောက်ကျောက်” ရှန်းယောင်သည် ရုတ်တရက် သူမအား ကြည့်လိုက်ကာ သူမျက်လုံးများမှာ ရဲတက်နေသည်။
“ မင်းအိမ်မက်ထဲမှာ ဖြစ်ခဲ့တာတွေက အရမ်း အန္တရာယ်များလား”
ကျောက်ကျောက်သည် ရွာမှာထဲက အိမ်မက်မက်ခဲ့သည်။
ထို့ကြောင့် ရှန်းယောင် အတော်လေး စိတ်ပူမိသည်။
“တကယ်တော့ နည်းနည်း အန္တရာယ်များပါတယ်” ရှန်းယောင်၏ စိတ်ပူနေသည့် မျက်၀န်းများအား ကြည့်လိုက်ကာ ကျီကျောက် အမှန်တိုင်းပြောလိုက်သည်။
“ဒါပေမယ့်ရှန်းယောင် စိတ်မပူပါနဲ့၊ ကျွန်မ သေချာပေါက် ကံဆိုးမှုကို ကံကောင်းမှုအဖြစ် ပြောင်းလဲပစ်မှာပါ”
ဘုရားသခင်၏ လျှို့ဝှက်အကာကွယ်ကြောင့် သူမသည် ကြိုတင်၍ အန္တရာယ်အား သိမြင်နိုင်သည်။
“ဆရာ အိမ်မှာ ရှိလား” ကျီကျောက်သည် ရုတ်တရက် တစ်ခုခုအား တွေးလိုက်မိကာ မျက်မှောင်ကြုတ်လိုက်သည်။
“ ရှန်းယောင် ကျွန်မ ဆရာနဲ့ တွေ့ချင်တယ်”
“ထူးဆန်တဲ့ မှော်အတတ်ပညာလား” နတ်ဆေးသမားတော် ရှန်းဟယ်သည် ကျီကျောက်မှ ရုတ်တရက် ဒီမေးခွန်းအား မေးလာလိမ့်မည်ဟု မထင်ထားသဖြင့် သူ အနည်းငယ် အံ့ဩမိသည်။
“ကမ္ဘာပေါ်မှာ ရေတွက်မရနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေအများကြီးပါ၊ မှော်အတတ်ပညာရှင်တွေလဲ ရှိကြပါတယ်၊ တို့တွေက ပုံမှန်လူတွေဖြစ်တာကြောင့် တို့ပတ်၀န်းကျင်မှာ မှော်အတတ်ပညာ အသုံးပြုနိုင်တဲ့ မှော်ဆရာတွေ မရှိရုံပါ၊ ဒါနဲ့ အာ့ထောင် ဘာလို့ ဒီလို မေးတာလဲကွယ့်”
“ဆရာ” ကျီကျောက်သည် အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
“တကယ်တော့ တပည့် အိမ်မက်ဆိုးမက်တိုင်း တကယ်တော့ အိမ်မက်ဆိုးသက်သက် မဟုတ်ပါဘူး၊ အိမ်မက်ထဲမှာ ဖြစ်ခဲ့သမျှတွေကို တပည့်ကိုယ်တိုင် တွေ့ကြုံခံစားရပြီး တချို့အရာတွေက အရင်က ဖြစ်ခဲ့ဖူးသလို တချို့အရာတွေက ဖြစ်လာမဲ့အရာတွေပါ….”
***