← Chapters

မန်ဒရင်းငါးပုတ်နှပ်

Vol. 23 Ch. 330

မန်ဒရင်းငါးပုတ်နှပ်

Vol. 23 Ch. 330

ကျီကျောက်သည် ပုပ်စော်နံ့နေသည့် မန်ဒရင်းငါးအား စိုက်ကြည့်ကာ ခဏလောက် အလေးအနက် စဉ်းစားလိုက်သည်။ ထို့နောက် ဟွေ့ကျိုးရှိ နာမည်ကြီးငါးဟင်းအား တွေးလိုက်မိသည်။

မန်ဒရင်းငါးပုတ်နှပ်

ထိုဟွေ့ကျိုးရှိ နာမည်ကြီးငါးဟင်းမှာ အနည်းငယ် ပုပ်စော်နံသော်ငြား အရမ်းအရသာရှိလှပေသည်။

“ကျွန်မမှာ အကြံရှိတယ်” ကျီကျောက်သည် သူမ ဝတ်ရုံလက်အား လိပ်တင်လိုက်ကာ အပေါ်ဖုံးအေပရွန်အား ဝတ်ဆင်လိုက်သည်။ ထို့နောက် သူမသည် မီးဖိုချောင်သုံးဓားအား ကောက်ယူလိုက်ကာ ပုပ်စော်နံနေသည့် မန်ဒရင်းငါးအကြီး ခြောက်ကောင်အား စကိုင်လိုက်သည်။

သူမသည် မန်ဒရင်းငါးများအား ဆေးကြောလိုက်ပြီး ခြစ်လိုက်သည်။ ထို့နောက် ကျီကျောက်သည် ငါးအသားများအား ဆားဖြင့်နယ်၍ ငါးအူအား မထုတ်ခင် အမွှေးအကြိုင်များ သွပ်လိုက်သည်။

“အစ်မအထင် ဒီမန်ဒရင်းငါးအနံ့က ပိုဆိုးလာသလိုပဲနော်” ဒုတိယမရီးရှန်းသည် သူမ နှာခေါင်းအား ပွတ်လိုက်ကာ မေးသည်။

“အာ့ထောင် ဒီငါးက စားလို့ ရပါ့မလား၊၊ အစ်မ မင်းတို့ဒုတိယအစ်ကိုကို နောက်ထပ် ငါးတချို့ သွား၀ယ်ပေးဖို့ဘဲ မေးလိုက်ရမလား”

“အရမ်းနောက်ကျနေပြီလေ” ကျီကျောက်က အပြုံးဖြင့် ခေါင်းခါလိုက်သည်။

“ညီမတို့မိသားစု အခမ်းအနားပွဲက နေ့လယ်ကြ စမှာမလား၊ အခုပဲ ကိုးနာရီထိုးနေပြီလေ၊ ဒုတိယအစ်ကိုက လတ်လတ်ဆတ်ဆတ်ငါးတွေကို မြို့ထဲပြေး၀ယ်ရင်တောင် ညီမတို့

အချိန်မှီတော့မှာ မဟုတ်ဘူး”

ရှန်းဟယ်ရွာထဲတွင် ဓလေ့ထုံးတမ်းအရ စည်းမျဉ်းတစ်ခု ရှိပေသည်။ ဘယ်မိသားစုကဖြစ်ဖြစ် အလှူလုပ်လျှင် အကျွေးအမွေးပွဲတွင် ငါးဟင်း ရှိရပေမည်။ အစုံအလင်ရှိလှသည့် ငါးဟင်း ဖြစ်ရပေမည်။

ငါးဟင်းပါဝင်ခြင်းသည် ပိုလျှံသည့် စည်းစိမ်ဥစ္စာ ရှိခြင်းနှင့် ညီမျှပေသည်။ အဓိပ္ပါယ်မှာ သိသာထင်ရှားလှပေသည်။

ဒုတိယမရီးရှန်းနှင့် ထျန်ကွမ်းရှန့်တို့သည် မန်ဒရင်းငါးများအားလုံး သေဆုံးသွားသည်ကို တွေ့ရသောအခါ အလွန်စိတ်ပူနေရသည့် အကြောင်းရင်းဖြစ်သည်။

အခမ်းအနားပွဲတွင် ငါးမရှိပါက အခမ်းအနားကျင်းပသူသည် ပွဲအား ကျင်းပချင်စိတ်မရှိဘူးဟု ဆိုလိုပေသည်။

“ဒုတိယမရီးရှန်း စိတ်မပူပါနဲ့၊ မန်ဒရင်းငါးပုတ်ဟင်းပွဲက အရမ်းအရသာရှိတယ်” ကျီကျောက်သည် ပြုံးပြီး ကတိပေးလိုက်သည်။

“ညီမ ဒီဟင်းကို ချက်ပြီးတဲ့အခါ အစ်မ သေချာပေါက်ကြိုက်မှာပါ”

ဒုတိယမရီးရှန်းသည် ကျီကျောက်၏ ဟင်းချက်စွမ်းရည်ပေါ်တွင် အပြည့်အဝ ယုံကြည်ပေသည်။

ထို့အပြင် ပုံမှန်ပါဝင်ပစ္စည်းတွေပင် ဖြစ်စေ ကျီကျောက်လက်ထဲသို့ ရောက်ရှိသွားပါက အလွန်အရသာရှိသည့် စားကောင်းသောက်ဖွယ် ဖြစ်လာပေလိမ့်မည်။

မန်ဒရင်းငါးအပုပ်အား ချက်ပြုတ်ရာတွင် အခက်ခဲဆုံးအရာမှာ အရက်ထဲတွင် နှပ်ခြင်း ဖြစ်သည်။ မန်ဒရင်းငါးအပုပ်အား နှပ်ထားခြင်းဖြင့်သာ အရသာရှိသည့်ဟင်းလျာကို ချက်ပြုတ်နိုင်ပေသည်။

ဟင်းချက်ရာတွင် အာရုံစိုက်ရမည့် အသေးစိတ်အချက်အလက်များရှိသည်။ သာဓကအနေဖြင့် ဆီပူးတစ်အိုး၊ ဆီမှာ ၇၀ ရာခိုင်နှုန်းလောက် ပူမှသာ ပြင်ဆင်ထားသည့် မန်ဒရင်းငါးအား အိုး၏ ဘေးဘက်မှ လျှောထည့်ရပေမည်။ ဒီနည်းလမ်းက ငါးအား လွယ်လွယ်နှင့် မကျွမ်းအောင် ချက်နိုင်သည်။

မန်ဒရင်းငါး၏ တစ်ဖက်တစ်ချက်စီသည် အနီရောင် ခပ်ဖျော့ဖျော့ သန်းနေစေရန် သကြားနှင့် အချဉ်ရည် အနည်းငယ် ထည့်လိုက်ပြီးနောက် ဟင်းအရောင်မှာ ပို၍ စွဲမက်ဖွယ် ကောင်းနေပေသည်။

ကျီကျောက်သည် ပဲငံပြာရည်အား ထည့်ရန် ပိုသဘောတွေ့ပေသည်။ ပဲငံပြာရည်ထဲမှ မန်ဒရင်းငါးပုတ်နှပ်မှာ ပဲငံပြာရည်အနံ့လေးဖြင့် သင်းကြိုင်ပေသည်။

ကျီကျောက်သည် မန်ဒရင်းငါးအပုပ်အား နှပ်ပြီးသည့်နောက် ဒုတိယမရီးရှန်းသည် အနားကပ်၍ ရှူလိုက်သည်။

“ညှီနံ့က အရင်လောက်တော့ သိပ်မသိ‌သာတော့ဘူးပဲ”

“ဒုတိယမရီးရှန်း မြည်းကြည့်ချင်လား” ကျီကျောက်သည် သူမ၏ တူအား ကိုင်လိုက်ကာ ဒုတိယမရီးရှန်း၏ နှုတ်ခမ်းများအနားသို့ မတေ့ပေးခင် ငါးအသားလွှာလေးအား ညင်သာစွာ ဆွလိုက်သည်။

ဒုတိယမရီးရှန်းသည် တုံ့တုံ့ဆိုင်းဆိုင်းဖြင့် သူမ ပါးစပ်အား ဖွင့်လိုက်သည်။ ငါးဟင်းအား ဂရုတစိုက် အရသာခံပြီးနောက် သူမ မျက်လုံးများ ကွေးတက်လာပေသည်။

“အာ့ထောင် ညီမက အရမ်းအစွမ်းထက်တာပဲကွယ်”

ဒုတိယမရီးရှန်းသည် မန်ဒရင်းငါးပုတ်နှပ်မှာ အလွန်အရသာရှိလိမ့်မည်ဟု မထင်ထားမိပေ။ အသားမှာ နူးအိကာ လျှာပေါ်တွင် ပျော်သွားကာ နူးညံ့လွန်းလှသည်။ ထို့အပြင် ပဲငံပြာရည်ရနံ့ဟာ သူမနှုတ်ခမ်းနှင့် သွားများ ကြားတွင် စွဲထင်နေပေသည်။

ကျီကျောက်သည် အပြုံးဖျော့ဖျော့ ပြုံးလိုက်ကာ ပျော်ရွှင်စွာ သူမ နှုတ်ခမ်းအား ကွေးညွှတ်လိုက်သည်။

သူမသည် တော်၀င်စားဖိုမှူး မျိုးဆက်တစ်ယောက် ဖြစ်သည်။ မန်ဒရင်းငါးပုပ်ဟင်းပွဲက ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။

မန်ဒရင်းငါးပုတ်နှပ်အပြင် ထျန်ကွမ်းရှန့်သည် ခေါင်းဆောင်စားဖိုမှူး‌အနေနှင့် ဟင်းပွဲ ရှစ်မျိုးအား ပြင်ဆင်ခဲ့သည်။

ဟင်းပွဲရှစ်မျိုးပြင်ဆင်သည့် နည်းလမ်းမှာ အရံဟင်းလျာများနှင့် အထူးဟင်းလျာများအဖြစ် ခွဲခြားထားပေသည်။

အထူးဟင်းလျာ ရှစ်မျိုးထဲတွင် ငါးအသားလွှာ၊ ပုစွန်နှပ်၊ ပင်လယ်စာစွပ်ပြုတ်၊ ကွေ့ဟွားသေရည်စိမ် ငါးအရိုးနှပ်၊ ငါးကောင်လုံးနှပ်၊ စီချွမ်အရသာ ၀က်သားမွှကြော်၊ စီချွမ်အရသာ ကြက်သားလုံးကြော်နဲ့ ၀က်သားမွှကြော်အချိုကြော်တို့ ဖြစ်သည်။

အရံဟင်းလျာ ရှစ်မျိုးထဲတွင် ပုစွန်ထုပ်ကြော်၊ ကြက်မွှကြော်၊ ငါးဥကြက်ဥပေါင်း၊ ပင်လယ်မျှော့အသားလုံးကြော်၊ ၀က်အသားလွှာကင်၊ ကြက်စွပ်ပြုတ်၊ ကြက်သားနှပ်နှင့် အိမ်ချက်ဂဏန်းဟင်းလျာတို့ ဖြစ်သည်။

ထျန်ကွမ်းရှန့် ပြုလုပ်ထားသည့် ဟင်းပွဲရှစ်မျိုးမှာ တတိယအမျိုးအစားဖြစ်သည့် အရံဟင်းနှင့် အထူးဟင်းလျာ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ပုစွန်ထုပ်ကြော်၊ ကြက်သားနှပ်၊ စီချွမ်အရသာ အသားမွှကြော်၊ အသားလုံးကြော်၊ ငါးဥကြက်ဥပေါင်း၊ ၀က်သားလွှာကင်၊ ကြက်စွပ်ပြုတ်နှင့် ဂဏန်းကင် ဖြစ်သည်။

အတိုချုပ်ပြောရလျှင် ဟင်းလျာရှစ်မျိုးအား ကျွေးမွေးလာချိန်တွင် ရှန်းယောင်ရွာသားများမှာ အလွန်၀မ်းမြောက်မိကြပေသည်။

ရှန်းမိသားစု၏ အခမ်းအနားပွဲမှာ အကောင်းဆုံးထဲက တစ်ခုဟု ပြောနိုင်ပေသည်။

စားကောင်းသောက်ဖွယ်များအပြင် ရှန်းတာ့ရှန်သည် ကောက်ညှင်းဆန်အရက် ဆယ်အိုးအား တစ်ယောက်ယောက်အား ယူလာခိုင်းလိုက်သည်။

ရှန်းယောင်အတွက်တော့ ကျဲ့ယွမ်အသစ်တစ်ဦးအနေဖြင့် အရက်ခွက် အနည်းငယ် သောက်ရန် ရွာသားများမှ တောင်းဆိုကြသည်။

ပွဲကျင်းပချိန်အလယ်တွင် အိမ်တော်၀န်းထဲမှ ဆူညံသံများမှာ တဖြေးဖြေး ငြိမ်သက်လာသည်။

ကျီကျောက်သည် အသိရှိစွာ မီးဖိုချောင်ထဲသို့ သန့်ရှင်းရေးကူလုပ်ရန် သွားလိုက်ပေမဲ့ ကျောက်လန်ဟွာသည် သူမအား လှမ်းဆွဲလိုက်သည်။

“သမီး ဒီနေ့ နေ့လယ်တုန်းက ပွဲအတွက် အဖိုးကိုလဲ ကူပေးထားရတာ ပင်ပန်းနေပါပြီကွယ်၊ နားသင့်နေပြီမလား၊ အခန်းပြန်နားလိုက်တော့နော်”

“အမေ သမီး တကယ် မပင်ပန်းသေးပါဘူး…” သူက ငိုရခက် ရယ်ရခက် ဖြစ်နေသော်ငြား ကျီကျောက်၏ နှလုံးသားမှာ နွေးထွေးသွားသည်။

“သမီး မပင်ပန်းဘူးဆိုရင်တောင် အခန်းပြန် နားလိုက်တော့နော်၊ မနက်ဖြန်မနက်ကျရင် မြို့တော်ကို ပြေးသွားရဦးမယ်” ကျောက်လန်ဟွာသည် သူမအား ရှင်းပြချက် မပေးနေတော့ဘဲ မီးဖိုချောင်ထဲမှ ဆွဲထုတ်လိုက်သည်။

“မြန်မြန် အခန်းပြန်နားလိုက်ပါတော့ကွယ်”

“စကားမစပ် စန်းလန်းကြည့်ရတာ တအားမူးနေပြီထင်တယ်၊ အာ့ထောင် ဒီအမူးပြေစွပ်ပြုတ်လေး အခန်းထဲပြန်ရင် ယူသွားဦးနော်”

“ဟုတ်ကဲ့ပါ အမေ”

ကျီကျောက်သည် အမူးပြေစွပ်ပြုတ်ဖြင့် အခန်းထဲသို့ ပြန်ရောက်ချိန်တွင် ရှန်းယောင်သည် သူ့မျက်လုံးများအား မှိတ်လျက် ကြိမ်ကုလားထိုင်ပေါ် မှီနေသည်။

ပြတင်းပေါက်အပြင်ဖက်ဆီမှ လေးအေးများ တိုက်ခတ်‌နေသည့်အတွက် သူ့ကိုယ်မှ အရက်နံ့များ တထောင်းထောင်း ထနေသည်။

“ရှင် ခေါင်းမူးပြီး မသက်မသာ ခံစားနေရလား” ကျီကျောက်သည် အမူးပြေစွပ်ပြုတ်အား ပြတင်းပေါက်အရှေ့ရှိ စားပွဲခုံပေါ်သို့ တင်၍ သူ့ဘေးသို့ လျှောက်လာသည်။ သူမသည် သူ့လက်ဖမိုးနှစ်ဖက်အား ညင်သာစွာ ဖိနှိပ်လိုက်ကာ တိုးတိုးလေး မေးသည်။

“သက်သာလာပြီလား”

“ဇနီးလေး….” ရှန်းယောင်သည် ရုတ်တရက် သူမ လက်အား ဖမ်းဆွဲလိုက်ကာ သူမကိုယ်လေးအား သူ့လက်မောင်းကြားသို့ ဆွဲသွင်းလိုက်သည်။

“ကိုယ့်ကို ဖက်ခွင့်ပေးပါဦးကွာ….”

အရက်မူးနေပြီးနောက် ရှန်းယောင်မှာ ကပ်လာသည်။

သူသည် ကျီကျောက်အား တင်းကြပ်စွာ ဖက်လိုက်ပြီး မလွှတ်ပေးခဲ့ပေ။ သူ့ခေါင်းအား သူမ လက်မောင်းများထဲသို့ မြှုပ်ထားကာ ချစ်စဖွယ်ကောင်းအောင် လုပ်ပြ‌နေပေသည်။

ကျီကျောက်သည် အလွန်ထူး‌ဆန်းနေသည်ကို တွေ့လိုက်ရသည်။ တာ့ကျင်းမင်းဆက်မှာ ဗီဒီယိုမှတ်တမ်းတင်ဆက် မရှိတာ နှမြောစရာပဲ။ မဟုတ်ရင် ရှန်းယောင်ရဲ့ လက်ရှိပုံစံကို သူမ သေချာပေါက် ရိုက်ကူးထားပေမည်။ အရက်မူးနေသည့် ရှန်းယောင်မှာ အလွန် ချစ်စရာကောင်းလှသည်။

“ ရှန်းယောင်” သူ့လက်မောင်းထဲသို့ မှီလိုက်ကာ ခက်ခက်ခဲခဲဖြင့် သူ့မျက်နှာဆီသို့ လက်လှမ်းလိုက်ကာ ညင်သာသည့် အပြုံးဖြင့် မေးသည်။

“ကျွန်မ ဘယ်သူလဲဆိုတာ ရှင် မှတ်မိသေးရဲ့လား”

“ဇနီးလေး…. ကိုယ့်ဇနီးလေးလေ….” ရှန်းယောင်သည် သူ့မျက်လုံးများအား မှိတ်လျက် ပြန်‌ဖြေသည်။ သူ့အသံမှာ အလွန် ချစ်စရာကောင်းပေသည်။

“ဒါဆိုရင် ရှင့်ဇနီးလေးနာမည်က ဘယ်သူလဲ” ကျီကျောက်က ထပ်မေးသည်။

“ ကျောက်ကျောက် ကိုယ့်ဇနီးလေးနာမည်က ကျီကျောက်လေ….”

သူ့အဖြေအား ကြားလိုက်ရသဖြင့် ကျီကျောက် နှုတ်ခမ်းများ ကွေးတက်သွားကာ အပြုံးဖျော့ဖျော့ ပြုံးလိုက်ပြီး သူမ မျက်လုံးထောင့်မှ ဆွဲဆောင်မှုပါးပါး ထုတ်လွှတ်နေပေသည်။

ရှန်းယောင်က အရမ်းကောင်းလွန်းတယ်။

သူ့နှလုံးသားထဲတွင် သူမသည် ကျီကျောက်သာလျှင် ဖြစ်သည်။ ကျီအာ့ထောင် မဟုတ်ပေ။

“အရူးလေး” ကျီကျောက်သည် ပြုံးလိုက်ရင်း သူ့မျက်နှာအား ဆိတ်လိုက်သည်။

ထိုအချိန်တွင် ရှန်းယောင်သည် ရုတ်တရက် သူ့မျက်လုံးများအား ဖွင့်လိုက်ပေသည်။

ထိုနက်ရှိုင်းလှသည့် မျက်စံနက်များမှာ မဟူရာကျောက်များကဲ့သို့ စူးရှတောက်ပနေပေသည်။ သူတို့ထံသို့ လူများအား နစ်မြုပ်သွားစေရန် ညှို့ယူဖမ်းစားနေပေသည်။

ရုတ်တရက် ကျီကျောက်သည် ရဲတင်းလှသည့် အကြံတစ်ခုရသွားကာ သူ့မျက်နှာအား သူမ လက်ခုပ်ထဲ ထည့်လိုက်ကာ သူ၏ မျက်ခုံးများအား နမ်းလိုက်သည်။ ထို့နောက် သူမသည် သူ့ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လိုက်သည်။

ကံမကောင်းစွာဖြင့် သူမသည် ရှန်းယောင်၏ လှုပ်ရှားနိုင်စွမ်းအား လျှော့တွက်မိခဲ့သည်။

“ကျောက်ကျောက်” ရှန်းယောင်သည် သူ့လက်မောင်းထဲမှ လူအား တင်းကြပ်စွာ ဖက်ထားပေသည်။ သူ၏ ညှို့ဓာတ်ပြင်းလှသည့် အသံဩဩမှာ မပြောပြနိုင်သည့် လိုအင်ဆန္ဒများဖြင့် ပြည့်နေသည်။

“ကိုယ် မင်းကို ချစ်တယ်”

အရက်မူးနေသည့် ရှန်းယောင်မှာ ရူးသွပ်လှပေသည်။

ကျီကျောက်သည် ထိုရူးသွပ်မှုအား အတင်းအကြပ် တွေ့ကြုံခံစားလိုက်ရသည်။

ရလဒ်အနေဖြင့် သူတို့သည် ချစ်စိတ်ပြင်းပြစွာဖြင့် တစ်ဦးကို တစ်ဦး မခွဲနိုင် မခွာနိုင် ပူးကပ်နေကြချိန်တွင် သူမ၏ ခြေသလုံးမှာ စတင် ကြွက်တက်လာခဲ့သည်။

အလွန်နာကျင်လွန်းလှသဖြင့် သူမသည် သက်ညှာပေးရန် တောင်းပန်တိုးလျှိုးကာ ဆက်တိုက်ငိုနေသည်။

သူမ မျက်ရည်များအား သတိထားမိသွားသဖြင့် ရှန်းယောင် လုံးလုံး နိုးလာခဲ့သည်။

***

All Chapters